အနှောက်အယှက်
Vol. 019 Ch. 1817
မြေအောက်အရှင်ရပ်နေသည့်နေရာအောက်တွင် နေရာကျယ်ကြီးကိုဖြတ်၍ ကြက်သွေးနီရောင် အလင်းတန်းက ကျောက်တိုင်များနောက်မှ ထွက်ပေါ်လာသည်။ အလင်းရောင်သည် ပို၍တောက်ပသည်ထက် တောက်ပလာသည်။ မြေအောက်မှလာသည့် ပြင်းထန်သော တုန်ဟည်းသံကို ကြားနေရသည်။ ထိုကျောက်တိုင်များနောက်မှ ကြက်သွေးရင့်ရောင်အလင်းတန်းသည် ကောင်းကင်ယံထိ ထိုးထွက်လာသည်။
ခဏချင်းပင် ထိုအလင်းတန်းက ကောင်းကင်ယံအား ဖုံးလွှမ်းသွားလေသည်။
အရိပ်များသည် ကောင်းကင်ထက်သို့ခုန်တက်လိုက်သည်။ သူတို့အားလုံးသည် မိစ္ဆာဘုံမှ ထိပ်သီးပုဂ္ဂိုလ်များဖြစ်ကြသည်။ သူတို့သည် ကျောက်တိုင်များမှ အပြင်သို့စီးဆင်းလာသည့် စွမ်းအားများကိုစုပ်ယူနေပုံရသည်။ ကြက်သွေးရောင်အလင်းတန်းများသည် သူတို့အတွင်းရှိ ထိပ်သီးပုဂ္ဂိုလ်များကိုဖုံးအုပ်ထားသည်။ ယခုအခါ မိုင်ပေါင်းသောင်းချီသည့်မြေပြင်သည်ဖုံးလွှမ်းခံလိုက်ရပြီး ကြောက်မက်ဖွယ်နီညိုရောင်အလင်းတန်းများအောက်တွင် မြှုပ်နှံခြင်းခံလိုက်ရသည်။
ကောင်းကင်အထက်၌ပင် ကောင်းကင်ဒေသ၏စစ်တပ်သည် အလွန်ဆိုးရွားသည့်အရှိန်အဝါကိုခံစားခဲ့ရသည်။ ထိုကြောက်မက်ဖွယ်စွမ်းအားသည် သူတို့အား အထဲ၌ ဝါးမြိုပစ်လိုဟန်ပေါ်သည်။
မြေအောက်နတ်မီးလျှံသည် ကမ္ဘာ၏ထိုအပိုင်းအားပိတ်ဆို့လိုက်သည်။ ကောင်းကင်ထက်တွင်မရေတွက်နိုင်သောအနက်ရောင်ကြာပန်းများသည် ငရဲမီးတောက်များကဲ့သို့ပေါ်ထွက်လာသည်။
ထိုမရေတွက်နိုင်သည့်အနက်ရောင်ကြာပန်းများသည် ပျံထွက်လာသည်။ အထက်ကောင်းကင်ယံတွင် သူတို့သည် ကျင့်ကြံသူများကိုဝိုင်းထားလိုက်ပြီး သူတို့၏သေခြင်းပွင့်ဖက်များက ပွင့်လိုက်ပိတ်လိုက်ဖြစ်နေသည်။
"ငရဲပန်းတွေ ပွင့်ပြီ" မြေအောက်အရှင်သည်ထိုစကားများကိုပြောလိုက်သည်။ မြေအောက်ကမ္ဘာမှ ငရဲပန်းများသည် တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာပြီး လူအုပ်ကိုဖုံးလွှမ်းသွားသည်။
"ဂရုစိုက်ကြ..." တုယူသည် ထိတ်လန့်ဖွယ်အသိကိုခံစားရချိန်တွင် လူတိုင်းအားသတိပေးလိုက်သည်။ ကောင်းကင်ဒေသမှထိပ်သီးပုဂ္ဂိုလ်များသည် အာကာသခရီးသွားဝင်္ကပါရှိ များစွာသောကျင့်ကြံသူများထံသို့ ဦးတည်သွားနေသည်။ အာကာသခရီးသွားဝင်္ကပါ၏စွမ်းအားပေါ်မှီခိုပြီး ငရဲပန်းများအတွင်းရှိ နတ်မီးလျှံ၏အဖျက်စွမ်းအားသည် ပို၍စွမ်းအားကောင်းလာသည်။ ထိုသည်မှာ တစ်ချက်ထိရုံဖြင့်ပင် သေသွားနိုင်သကဲ့သို့ဖြစ်သည်။
အင်အားကြီးအသိများက သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူတို့အားဖုံးအုပ်သွားသည့် အကာအကွယ်စွမ်းအားဖြစ်လာသည်။
တောင်တန်းဘုံမှ များစွာသောကျင့်ကြံသူများသည် တိုးမြှင့်လာသည်။ ဗုဒ္ဓ၏အလင်းရောင်သည် တောက်ပလာပြီး များစွာသောဗုဒ္ဓများထွက်ပေါ်လာသည်။ ဗုဒ္ဓ၏စူးရှသောအလင်းတန်းသည် ကမ္ဘာမြေကိုသန့်ရှင်းလိုက်သည်။ သို့သော်ငရဲပန်းများရောက်လာသည့်အခါ ဗုဒ္ဓ၏အလင်းတန်းသည်လည်း အလားတူစုပ်ယူခံလိုက်ရသည်။ ငရဲပန်းများမှ ဝါးမြို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ငရဲပန်းများ၏ပွင့်ဖတ်များပွင့်လန်းလာကာသူတို့သည် ကြီးမားသည့် ယှဉ်ပြိုင်မှုဖြစ်လာသည်။ ပန်းပွင့်များသည် တောင်တန်းဘုံမှကျင့်ကြံသူများထံသို့ ဆက်လက်တိုးဝင်လာသည်။ ဖျက်ဆီးတတ်သောနတ်တစ္ဆေအဖွဲ့မှ နတ်မီးလျှံသည် အဆုံးသတ်ကာလမှ မီးလျှံများကဲ့သို့ဖြစ်လာပြီးဗုဒ္ဓ၏အလင်းရောင်ကို ကွယ်ပျောက်သွားစေသည်။
ဗုဒ္ဓ၏စွမ်းအားသည် ပင်ကိုယ်သဘာဝအားဖြင့် နတ်ဆိုးစွမ်းအားကို လျော့ချနိုင်သည်။ သို့သော်ယခုမူ ထိုအစား တစ်ဖက်အင်အားစု၏ ဖိနှိပ်ခြင်းကိုခံနေရသည်။ ဤသည်က တစ်ဖက်အဖွဲ့၏လမ်းစဉ်သည် မည်မျှပင်ကြောက်စရာကောင်းသည်အား သက်သေပြပြီးဖြစ်သည်။
အရိပ်ဘုံ၏ဗဟိုချက်တွင်ရှိသည့် နတ်ရတနာကိုမှီခိုပြီး အာကာသခရီးသွားဝင်္ကပါကိုအသုံးပြု၍ သူ၏စွမ်းအားကိုမြှင့်တင်ရန် အသုံးချခြင်းဖြင့် ငရဲပန်းများက ဆင့်ကဲပြောင်းလဲလာကာ ပို၍ပင်အားကောင်းလာသည်။ ကောင်းကင်တစ်ခုလုံးကို ငရဲပန်းများက ဖုံးလွှမ်းသွားသည်။
ရဟန်းများအားလုံးသည် လေးနက်သည့် အမူအရာများဖြစ်နေသည်။ ထျန်ရှန်းဘုရားကျောင်း၏ဆရာတော်သည် လက်ကိုစုစည်းလိုက်သည်။ အဆုံးမရှိသည့်ဗုဒ္ဓအလင်းတန်းများသည် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာသည်။ သူ၏နောက်ရှိ ထျန်ရှန်းဘုရားကျောင်းမှ အဖွဲ့ဝင်များသည်လည်း အလားတူပြုလုပ်လိုက်ကြသည်။ သူတို့သည် ဗုဒ္ဓတရားတော်များကိုရွတ်ဆိုလိုက်ကြသည်။ ဗုဒ္ဓများ၏အသံများသည် နေရာအား ချက်ချင်း စက်ဝိုင်းပုံ လွှမ်းခြုံသွားပြီး ပဲ့တင်သံများထွက်ပေါ်လာသည်။ သူတို့ပတ်လည်တွင် ကြီးမားသည့် ရွှေရောင်ရှေးဟောင်းဗုဒ္ဓများထွက်ပေါ်လာသည်။ ထိုရှေးဟောင်းဗုဒ္ဓများသည် အဖွဲ့ဝင်အားလုံးကို သူတို့အထဲတွင် ဖုံးအုပ်လိုက်ပြီး မပျက်စီးနိုင်သည် ရွှေရောင်ခန္ဓာကိုယ်များဖြစ်လာသည်။ ငရဲပန်းများက သူတို့ထံရောက်သည့်အခါ ရှေးဟောင်းဗုဒ္ဓများ၏ရွှေရောင်ခန္ဓာကိုယ်များအား ဖုံးလွှမ်းကာ သူတို့အားစုပ်ယူရန် ကြိုးပမ်းလေသည်။ သို့သော်ရွှေရောင်ခန္ဓာကိုယ်အားထိရုံမျှဖြင့်ငရဲပန်းများ၏စွမ်းအားသည် လျော့နည်းသွားပြီး သူတို့သည် ရွှေရောင်ခန္ဓာကိုယ်အား မပျက်စီးစနေိုင်တော့ပေ။
တခြားသောကျင့်ကြံသူများသည်လည်း အံအားသင့်ဖွယ်ကောင်းသည့် စွမ်းအားအမျိုးမျိုးကို ပြသနေကြသည်။ အင်ပါယာနန်၏ခန္ဓာကိုယ်သည် အစိမ်းရောင်နတ်အလင်းတန်းဖြင့်လင်းလက်သွားသည်။ သူ၏ဓားသည် သူ၏ရှေ့တွင်လည်နေသည်။ ဖျက်ဆီးခြင်းအစိမ်းရောင်နတ်အလင်းတန်းအောက်တွင် ငရဲပန်းများသည် သူ့အနီးကိုမချဉ်းကပ်နိုင်ပေ။ သို့သော် သူသည် တဖြည်းဖြည်းမျက်မှောင်ကြုတ်လိုက်သည်။ ထိုသူများသည် အရိပ်ဘုံ၏နတ်ရတနာစွမ်းအားကို လျင်မြန်စွာအသုံးချနိုင်လိမ့်မည်ဟု သူလုံးဝတွေးမထားခဲ့ပေ။
သူသည် အရိပ်ဘုံ၏အဓိကနတ်ရတနာအကြောင်းကို သိထားသည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက် ယိုယွဲ့နတ်နန်းတော်သည် သူတို့၏ကျင့်ကြံခြင်းတွင် ထိုနတ်ရတနာ၏စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုနိုင်သည်။ ယခု မှော်နက်တပ်ဖွဲ့များရောက်လာသောအခါ သူတို့က ချက်ချင်းပင် ထိုစွမ်းအားကိုပြင်ဆင်ပြီး အသုံးပြုနိုင်လေသည်။ ဤသည်က အလွန်အန္တရာယ်များပေသည်။ ထိုနှစ်တွေအတွင်း သူတို့သည် ပြင်ဆင်မှုများကိုပြုလုပ်ခဲ့ကြသည်မှာ သိသာလှသည်။ အရိပ်ဘုံအားကျူးကျော်ဝင်ရောက်ခြင်းသည် ချက်ချင်းလုပ်သည့်အစီအစဉ်မဟုတ်ပေ။
ပြိုင်ဘက်ထံသို့တိုးဝင်သွားသောကောင်းကင်ဒေသမှကျင့်ကြံသူများသည် ငရဲပန်းများအတွင်း ဖမ်းဆီးခံလိုက်ကြရသည်။ သူတို့ထဲမှ အများစုသည် တစ်ဖက်လူကို တိုက်ခိုက်ရန် မတတ်နိုင်ပေ။
ကောင်းကင်အထက်မှ တုယူသည် ဤမြင်ကွင်းကိုမြင်သည့်အခါ သူ၏ရွှေရောင်နတ်လှံကိုသုံးပြီး ရှေ့သို့တိုးလိုက်သည်။
"မင်းသမီးကို ကာကွယ်ကြ" တုယူသည်သူ၏နောက်ရှိတပ်ဖွဲ့ကိုပြောလိုက်သည်။ သူ၏ဘေးမှ နတ္ထိအင်ပါယာနန်းတော်အရှင်သည်လည်း မင်းသမီးဒွန်ဟောင်ဘေးတွင်ကာကွယ်ပြီးရပ်နေသည်။ သူမသည် အရှင်ဒွန်ဟောင်၏တစ်ဦးတည်းသောသမီးဖြစ်သည်။ သူမ၏လုံခြုံရေးသည်အရေးအကြီးဆုံးဖြစ်သည်။ မှော်နက်တပ်ဖွဲ့သည်ပင်လျှင် သူမကိုမတိုက်ခိုက်ရဲသော်လည်း သူတို့သည် အစောင့်အကြပ်ကိုမလျှော့ချနိုင်ပေ။
"ကောင်းပြီ" နတ္ထိအင်ပါယာနန်းတော်အရှင်သည် ခေါင်းငြိမ့်ပြီးတုံ့ပြန်လိုက်သည်။ တုယူသည်ရှေ့သို့တိုးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှတောက်ပသည့်သုံးဖက်မြင်ပုံစံသည် ပို၍ပို၍တောက်ပလာသည်။ ထိုခဏမှာပင် ၎င်းသည် ကောင်းကင်နှင့်နေကို ပိတ်ဆို့လိုက်သည်။ သူ၏ခန္ဓာကိုယ်အားဗဟိုပြုပြီးကျယ်ပြောသည့်ကောင်းကင်ကိုဖြတ်ကာ ကြီးမားသည့်ပုံစံတစ်ခုပေါ်လာသည်။ ထိုသည်မှာ အစီအရင်တစ်ခု ဖြစ်ပုံရသည်။ ထိုအတွင်းမှ မဟာလမ်းစဉ်၏မတူညီသည့်စွမ်းအားများထွက်ပေါ်လာသည်။
သူသည် သူ၏လက်ထဲမှလှံကိုရှေ့သို့ထုတ်လိုက်သည်။ ချက်ချင်းပင် ပုံစံအတွင်းမှ မရေတွက်နိုင်သည့်ရွှေလှံများသည် ကောင်းကင်သို့ပျံ့သွားပြီး အစုလိုက်အပြုံလိုက်ကျဆင်းသွားသည်။ လှံများသည် မိုးရွာသကဲ့သို့ ကောင်းကင်အထက်မှကျဆင်းလာကြသည်။ နတ်လှံတစ်ခုစီတိုင်းတွင် ကျင့်ကြံသူများအပေါ် ကျဆင်းနေသည့် အဖျက်စွမ်းအားများပါရှိသည်။
မှော်နက်တပ်ဖွဲ့မှ ထိပ်သီးပုဂ္ဂိုလ်များသည် ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်နေကြသည်။ အရှင်ဒွန်ဟောင်၏တပည့်ဖြစ်သူ လှံအင်ပါယာတုယူသည် အက်ကြောင်းမဲ့ နဝမတန်းစားနတ်ဝင်ရိုးပိုင်ဆိုင်သည်။ သူသည် မည်မျှအားကောင်းလေသနည်း။
လွန်ခဲ့သောတိုက်ပွဲတွင် အင်ပါယာအတုဖြစ်လာသည့် မြေအောက်အရှင်ပင်လျှင် တုယူကိုအကောင်းဆုံးတိုက်ရန်ခက်ခဲသည်။
"သတိထား... မင်းတို့အားလုံးနောက်ဆုတ်ကြ" မှော်နက်တပ်ဖွဲ့မှ ထိပ်သီးပုဂ္ဂိုလ်အချို့သည် သူတို့၏ဂျူနီယာများကို ကျယ်လောင်စွာအော်ပြောလိုက်သည်။
တောက်ပသည့်သင်္ကေတများထွင်းထားသော နတ်လှံတစ်ချောင်းသည် ကောင်းကင်မှ ကျဆင်းလာသည်။ ကျယ်လောင်သည့်မြည်ဟီးသံနှင့်အတူ ကျောက်လှံကိုချက်ချင်းထိုးဖောက်လိုက်ပြီး ကျောက်လှံသည် ဖုန်မှုန့်အဖြစ်ပြောင်းသွားသည်။
ဝုန်း ဝုန်း ဝုန်း...
ကျောက်စာတိုင်များသည် ပြိုကျပြီး ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားသည်။ ထိုသည်သာမကပဲ မရေတွက်နိုင်သည့်နတ်လှံများသည် မြေပြင်ရှိ အာကာသခရီးသွားဝင်္ကပါထဲကိုထိုးဖောက်ဝင်ရောက်ကာ ခရီးသွားဝင်္ကပါ၏အခြေခံအုတ်မြစ်များကို ဖျက်ဆီးလိုက်သည်။ မြေပြင်သို့ထိုးဖောက်သည့်နတ်လှံများသည် ပဲ့တင်သံအချို့ကိုထုတ်လွှတ်ပေးပြီးတောက်ပသည့်အလင်းရောင်ကိုထုတ်ပေးသည်။ မြေပြင်သည်ကွဲလာပြီ အက်ကြောင်းများပေါ်လာသည်။ အာကာသခရီးသွားဝင်္ကပါသည် ပျက်စီးသွားသည်။
တုယူကိုယ်တိုင်ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ နောက်အခိုက်အတန့်တွင် သူ၏ပုံရိပ်သည် သူ၏နေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။ လူအုပ်သည်လေဟာပြင်ကိုထိုးဖောက်ဝင်ရောက်ပြီး ကောင်းကင်သို့ စူးရှတောက်ပနေသည့် ရွှေရောင်နတ်အလင်းတန်းကိုသာမြင်လိုက်ရသည်။ ပွင့်လန်းနေသောငရဲပန်းများသည် အစိတ်အစိတ်အမွှာမွှာဖြစ်သွားပြီး လုံးဝပျောက်ကွယ်သွားလေသည်။
နတ်လှံသည် အောက်သို့ ကျဆင်းလာသည်။ ရွှေရောင်နတ်လှံအောက်တွင် နတ်အလင်းတန်းသည် လေဟာပြင်ကိုဖြိုခွင်းလိုက်သည်။ ကြောက်မက်ဖွယ်ရာအက်ကြောင်းများထွက်ပေါ်လာသည်။ လှံ၏ထိပ်ဖျားတွင် မတူညီသောအဖျက်စွမ်းအားများဖြင့်ချည်နှောင်ထားသည်။
ဘန်း...
အနက်ရောင်လေများတိုက်ခတ်လာသည်။ မြေအောက်အရှင်သည် လှံကိုမရရှိခဲ့ပေ။ အမှန်တော့ သူသည် လှံအားရှောင်တိမ်းလိုက်သည်။ ဤတွင် အနက်ရောင်လေသည် နောက်ကိုဆုတ်သွားသည်။ နတ်လှံသည် လေထုတွင်းသို့ထိုးဖောက်ဝင်သွားသည်။
ဘန်း...
ကြီးမားသည့်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ နတ်လှံသည် မြေပြင်အားထိလိုက်သည်နှင့် ဖျက်ဆီးတတ်သည့်အက်ကွဲကြောင်းများသည် အပြင်ဘက်သို့ပျံ့နှံ့သွားသည်။ မြေအောက်အရှင်သည် လက်ဝါးကိုမြှောက်လိုက်ပြီး အာကာပြင်ကို ဆုတ်ဖြဲနိုင်သည့်ကြောက်မက်ဖွယ်စွမ်းအားကို တားဆီးလိုက်သည်။
မြေပြင်သည် အလွန်အမင်းကွဲထွက်သွားပြီး အက်ကွဲကြောင်းများသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာသည်။ ကမ္ဘာမြေသည် ပျက်စီးသွားသကဲ့သို့ဖြစ်သွား၏။
တုယူ၏လှုပ်ရှားမှုများသည် ရပ်တန့်ခြင်းမရှိပေ။ သူ၏လက်မောင်းကိုဆန့်ထုတ်လိုက်သည်နှင့် နတ်လှံသည်ချက်ချင်းပင်အောက်သို့ကျသွား၏။ ၎င်း၏အရှိန်သည်အလွန်မြန်သည်။ လှံကိုပစ်လွှတ်ပြီးနောက် ချက်ချင်းပင် လှံပုံရိပ်များက လေဟာပြင်ကိုဝါးမြိုလိုက်သည်။ ထိုအရာက မြေအောက်အရှင်၏ပုံရိပ်ကိုမြိုချရန် သူ၏ကြီးမားသွေးစွန်းနေသည့်ပါးစပ်ကို ဖွင့်လိုက်သကဲ့သို့ပင်ဖြစ်သည်။
ကြောက်မက်ဖွယ်အာကာပြင်အက်ကွဲကြောင်းထွက်ပေါ်လာပြီး သူ့ပြိုင်ဘက်၏လွတ်မြောက်ရာလမ်းကြောင်းကို ပိတ်ဆို့ထားပုံရသည်။
လှံအင်ပါယာ၏တိုက်ခိုက်မှုသည် ပြိုင်ဘက်ကင်းပေသည်။ သူ၏လှံရှည်သည် နဂါးကဲ့သို့ သူ၏ရှေ့သို့ပိုင်းချလိုက်သည်။အံ့ဩစရာအရှိန်အဟုန်ဖြင့် လှံသွားရာလမ်းတစ်လျှောက်လုံး ပျက်စီးသွားခဲ့သည်။ သူတို့သည် မည်မျှအားကောင်းနေစေကာမူ တုယူ၏နတ်လှံနှင့်လုံးဝရင်မဆိုင်ချင်ကြပေ။
တုယူ၏လှုပ်ရှားမှုများကို မျက်ခြေမပြတ်အကဲခတ်နေသော မြေအောက်အရှင်၏အကြည့်များသည် ထိတ်လန့်သွားသည်။ အတွေးတစ်ချက်ဖြင့် မြေအောက်ကမ္ဘာ၏မိစ္ဆာဘုံသည် ထွက်ပေါ်လာသည်။ မြေအောက်အရှင်၏ပုံရိပ်သည် သီးသန့်အာကာပြင်တစ်ခုအဖြစ် တိုက်ရိုက်ပြောင်းသွားသည်။ သူ၏ပုံရိပ်သည် လမ်းစဉ်ခန္ဓာဖြစ်လာသည်။ သူသည် အရှိန်အဝါကြီးမားသော မြေအောက်ကမ္ဘာ၏ နတ်ဘုရားတပါးသဖွယ်ပုံရိပ်ယောင်တစ်ခု ဖြစ်လာသည်။ ကြောက်မက်ဖွယ်ဦးခေါင်းကြီးက တုယူကိုတိုက်ရိုက်မြိုချရန်ကြိုးပမ်းလေ၏။
တုယူသည် သူ၏လှံရှည်ကို အလျားလိုက်ဝှေ့ယမ်းလိုက်သည်။ ဤတွင် ရွှေရောင်နတ်အလင်းတန်းသည် အပြင်သို့ထွက်လာပြီး ဦးခေါင်းသည်ပေါက်ကွဲသွားသည်။ သို့သော် လေဟာပြင်တွင် မျက်နှာများစွာပေါ်ထွက်လာသည်။ သူတို့အားလုံးသည်မြေအောက်အရှင်၏မျက်နှာပုံများဖြစ်ကြသည်။
"တုယူ... မင်းဆီမှာ အက်ကြောင်းမဲ့နတ်ဝင်ရိုးရှိပေမယ့် ငါက ရန်ဟောင်အဆင့်ကို နှစ်ပေါင်းများစွာကတည်းက ကျော်ဖြတ်ခဲ့တာ။မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး" အသံများသည် ကောင်းကင်နှင့်ကမ္ဘာမြေတွင်ပြည့်လျှံသွားသည်။ သူတို့သည်နေရာတိုင်းတွင်ရှိနေသကဲ့သို့ဖြစ်သည်။ သူသည် ဤအာကာပြင်၏အရှင်ဖြစ်သည်။ သူသည်လမ်းစဉ်ခန္ဓာတစ်ခုရှိပြီး ဤအာကာပြင်နေရာတိုင်းတွင်ရှိသည်။
တုယူက မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းသည်တိုက်ခိုက်ရေးစွမ်းရည်ယှဉ်ပြိုင်မှုသက်သက်သာဆိုလျှင် မြေအောက်အရှင်သည် သူ၏နတ်လှံနှင့် လုံးဝယှဉ်နိုင်မည်မဟုတ်ကြောင်းသူ သေချာသိသည်။ သို့သော်မြေအောက်အရှင်သည် အင်ပါယာအတုအဆင့်တွင် နှစ်ပေါင်းများစွာနေခဲ့သည်။ သူ့တွင် လမ်းစဉ်ခန္ဓာတစ်ခုရှိပြီး ၎င်းသည် ကိုင်တွယ်ရန်အလွန်ခက်ခဲသည်။ သူ့အား သတ်ဖြတ်ရန်မှာ အလွန်ပင်ခက်ခဲပေလိမ့်မည်။
တုယူ၏ခန္ဓာကိုယ်သည် ကောင်းကင်တွင် တဖြည်းဖြည်းလွင့်နေသည်။ သူ၏ခန္ဓာကိုယ်ရှိပုံစံများမှ ပို၍တောက်ပသည့်နတ်အလင်းတန်းများပင် ထွက်ပေါ်လာသည်။ သူ၏လက်ထဲရှိ နတ်လှံသည် ကောင်းကင်တွင်လွင့်မြောနေသည်။ တုယူသည် သူ၏လက်နှစ်ဖက်ဖြင့်သင်္ကေတတစ်ခုကို ဖန်တီးလိုက်သည်။ သူ၏နတ်ဝင်ရိုးပုံစံသည် အဆုံးမဲ့အလင်းဖြင့် ချက်ချင်းပေါက်ကွဲသွားသည်။
"သွားစမ်း"
သူသည်အော်ဟစ်လိုက်သည်။ ထိုအခိုက် များစွာသောရွှေရောင်နတ်လှံများသည် အရှိန်ဖြင့်ရှေ့သို့တိုးထွက်သွားပြီး ကြီးမားသည့်အက်ကွဲကြောင်းများကို ဆုတ်ဖြဲလိုက်သည်။ ထိုနတ်လှံများသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်လိုက်သည်။ မြေအောက်အရှင်သည် လမ်းစဉ်ခန္ဓာရှိလျှင်ပင် တုယူသည်ဖြိုခွင်းနိုင်ဆဲပင်ဖြစ်သည်။
အပြင်ဘက်တွင်ကြောက်မက်ဖွယ်တိုက်ပွဲသည် တခြားတိုက်ပွဲများကြားတွင်ဖြစ်ပေါ်လာသည်။ အဆုံးမဲ့လေဟာပြင်သည် ပြိုကွဲသွားသကဲ့သို့ဖြစ်သွားသည်။ မြေပြင်ရှိအက်ကွဲကြောင်းများသည် ပို၍ပို၍ထိတ်လန့်ဖွယ် ကြီးမားလာသည်။ ကျောက်တိုင်မှ ပေါက်ကွဲထွက်လာသည့်နတ်အလင်းရောင်သည်ပို၍ပို၍အားကောင်းလာသည်။
မြေပြင်သည် ထိုတိုက်ပွဲများမှတုန်ခါမှုများကို ခံနိုင်ရည်မရှိသကဲ့သို့ဖြစ်နေသည်။ ထိုတိုက်ပွဲများမှ စွမ်းအားများသည် ပို၍အားကောင်းလာသည်။ ကျယ်လောင်သည့်ထစ်ချုန်းသံများကိုပင်ကြားနိုင်သည်။ မိုင်ပေါင်းတစ်သောင်းအတွင်းတွင် ကျင့်ကြံသူအားလုံးသည် ကြောက်မက်ဖွယ်မြေငလျင်ကိုခံစားလိုက်ရသည်။
မှော်နက်တပ်ဖွဲ့မှ ကျင့်ကြံသူများသည် မြေပြင်တွင် မျက်မှောင်ကြုတ်ပြီးရပ်နေကြသည်။ ဘာတွေများဖြစ်နေတာလဲ။
ကောင်းကင်အထက်မှ မင်းသမီးဒွန်ဟောင်သည် မြေပြင်ကိုငုံ့ကြည့်နေသည်။ မြေပြင်ကိုအစပြုပြီးဖြစ်လာပုံရသည့် တုန်ခါမှုများကိုသူမသည်လည်းခံစားခဲ့ရသည်။ ထိုအခိုက် ကျောက်စာတိုင်များမှ ကြက်သွေးရင့်ရောင် နတ်အလင်းတန်းများက ပြင်းထန်စွာတောက်ပလာသည်။ ထိုသည်မှာ ထိတ်လန့်ဖွယ်မြင်ကွင်းဖြစ်သည်။ အရိပ်ဘုံမှပြင်းထန်သော စွမ်းအားများ ထွက်လာပြီး ကောင်းကင်တစ်ခုလုံး ပျံ့နှံ့သွားသည်။
နတ်ရတနာသည် နှောက်ယှက်ခြင်းခံခဲ့ရသည်လား။ မင်းသမီးဒွန်ဟောင်သည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုကဲ့သောကိစ္စရှိခဲ့လျှင် မြေငလျင်များက အရိပ်ဘုံတစ်ခုလုံးတွင် လှုပ်ခတ်လာပေလိမ့်မည်။
***