အသေးစားကောင်းကင်ကြယ်တာရာအစီအရင်။ကောင်းကင်လျှို့ဝှက်ချက်တန်ပြန်မှု
Vol. 21 Ch. 304
"ဒီလိုဆိုရင် ကျုပ်တို့ တခြားတစ်ဖက်ရဲ့ခြေရာကို သေချာပေါက်လွတ်သွားလိမ့်မယ်။"
"စုံစမ်း! ငါတို့ ဒါကိုစုံစမ်းရမယ်။"
"အင်အားကုန်သုံးကြစမ်း။"
"ငါတို့ အဲ့ဒီတာအိုကျင့်ကြံသူကို ရှာရမယ်။"
"ဒါငါတို့ရဲ့ အခွင့်အရေးဖြစ်သွားနိုင်တယ်။"
ကုစုန်နှင့်တခြားသူများက သတိဝင်လာတာနဲ့ သူတို့က ချက်ချင်းပဲ တခြားသူများကို အမိန့်ပေးလိုက်ကြသည်။သူတို့က ကျိလိန်တောင်တန်းပတ်ဝန်းကျင်ကိုပါ စတင်ရှာဖွေလာကြသည်။
ချီမင်က သဲလွန်စများကို ဖျောက်ထားပြီးပြီဖြစ်သည်။သူက လျှို့ဝှက်နက်နဲနည်းစနစ် ကြယ်ရွှေ့ပြောင်းခြင်းကိုသုံးကာ ကောင်းကင်လျှို့ဝှက်ချက်များကို ပြုပြင်ဖုံးကွယ်ထားသည်။
တခြားသူများအနေဖြင့် ချီမင်ကိုရှာတွေ့ရန် မဖြစ်နိုင်လုနီးပါးပင်။
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်လဝက်ကုန်သွားသည်။
ရှေးဟောင်းအင်မော်တယ်မြို့တော်ခြံဝန်းထဲတွင်
ဒီတစ်လျှောက်လုံးတွင် ချီမင်က အပြင်ကမ္ဘာကို အာရုံမထားပေ။သူက ခြံဝန်းထဲ၌ နေကာ ကျင့်ကြံနေခဲ့သည်။သူက နေတိုင်းအကျိုးအမြတ်များရရှိကာ ဓမ္မစွမ်းအားနှင့်အံ့ဖွယ်စွမ်းအားကလည်း ဖြေးညှင်းစွာတိုးတက်နေခဲ့သည်။
သူ့က အဆတစ်ထရီလီယံမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေခဲ့သည်။တစ်ချိန်တည်းမှာသူက ဖရိုဖရဲမဟာတာအိုကျမ်းနှင့် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကို တွက်ချက်နေခဲ့သည်။
"တာအိုကျင့်ကြံသူတစ်ယောက်ဆိုတဲ့အတိုင်းပဲ။"
တခြားတစ်ဖက်မှာတော့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ရွှေအင်မော်တယ်အဆင့်အကြီးအကဲကုစုန်က အသက်ပြင်းပြင်းရှုလိုက်သည်။သူက မျက်မှောင်ကြုံပြီး အလေးအနက်ထားပြောလိုက်သည်။"ငါတို့စုံစမ်းနေတာကြာပြီ။ဘာသတင်းမှကိုမရသေးဘူး။ငါတို့ တစ်ဖက်သူရဲ့တည်နေရာကို မသိရသေးဘူး။"
"တကယ်တော့"
ငွေတောင်ပံဘီလူးမျိုးနွယ်၏ရွှေအင်မော်တယ်အဆင့်အကြီးအကဲက ခေါင်းညိတ်လိုက်သည်။သူက အရမ်းကိုစိတ်လှုပ်ရှားနေဟန်ဖြင့်ပြောသည်။"ငါတို့ အံ့ဖွယ်စွမ်းအားသုံးပြီးတွက်ချက်တာတောင် ဘာသတင်းမှမရဘူး။ငါတို့အတည်ပြုလို့ရတာက တစ်ဖက်သူက ရှေးဟောင်းအင်မော်တယ်မြို့တော်ထဲမှာရှိတယ်ဆိုတာပဲ။"
"ရှေးဟောင်းအင်မော်တယ်မြို့တော်က အရမ်းကြီးတယ်။တစ်ဖက်ကို ရှာဖို့လွယ်မှာမဟုတ်ဘူး။"
ခရမ်းအိမ်တော်ဂိုဏ်း၏ရွှေအင်မော်တယ်အဆင့်အကြီးအကဲက ဆိုလိုက်သည်။"ငါတို့သာ သူ့ကို ရူးရူးမိုက်မိုက်ဆက်ရှာနေရင် တာအိုကျင့်ကြံသူကို အပြစ်ပြုမိသလိုဖြစ်နေလိမ့်မယ်။"
"ငါတို့သာတကယ်လို့ တာအိုကျင့်ကြံသူကိုစော်ကားမိသွားရင် သူကြီးပြင်းလာတဲ့အခါ ငါတို့ကိုဖြေရှင်းဖို့ဆိုတာအလွယ်လေးပဲ။"
"ဟုတ်တယ်။"
ဖုန်းမျိုးနွယ်၏အကြီးအကဲက အနည်းငယ်ကြောက်လန့်သွားသည်။သူက ခဏလောက်စဉ်းစားလိုက်ကာဆိုသည်။"ငါတို့ လောလောဆယ်တော့ ဒီကိစ္စကို ဖယ်ထားတာပေါ့။နောက်မှဆက်ပြောမယ်။ပြီးတော့ တစ်ဖက်က တာအိုကျင့်ကြံသူတစ်ဦးမဟုတ်တာလည်းဖြစ်နိုင်တယ်။"
"ဒါ့အပြင်.."
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကလည်း သေချာပေါက် ဒီကိစ္စကို ဝင်စွက်ဖက်မှာပဲ။နောက်ဆုံးတော့ ဒါက တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်တယ်လေ။"
နောက်ထပ်လဝက်ကြာသွား၏။ရှေးဟောင်းအင်မော်တယ်မြို့တော်၏ပထမတန်းစားဂိုဏ်းလေးခုက အင်အားစုများကိုရုတ်သိမ်းကာ ရှာဖွေစုံစမ်းနေမှုကို ရပ်တန့် ခဲ့သည်။အရာအားလုံးက သာမန်အခြေအနေသို့ ပြန်ရောက်သွားဟန်ပင်။
အမှောင်ထဲမှာတော့ တာအိုကျင့်ကြံသူတစ်ဦးဖြစ်နိုင်ချေရှိသူကိုရှာတွေ့နိုင်မည့် အခွင့်အရေးကိုလက်မလျှော့ပေ။သို့ပေမယ့် သူတို့က ပြောင်ပြောင်တင်း တင်းလည်း မရှာရဲပေ။ထိုအစား အရိပ်ထဲ၌သာ ရှာနေကြသည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကလည်း ရှေးဟောင်းအင်မော်တယ်မြို့တော်နယ်နိမိတ်ထဲ၌ တာအိုကျင့်ကြံသူတစ်ဦးပေါ်ပေါက်လာသည့်သတင်းကို သိလိုက်ရသည်။သူတို့က အမှောင်အဖွဲ့နန်းတော်မှလျှို့ဝှက်အစောင့်များစေလွှတ်ကာ စုံစမ်းခိုင်းထားသည်။
ကံမကောင်းသည်က အမှောင်အဖွဲ့နန်းတော်က ချီမင်၏တည်နေရာကို မစုံစမ်းနိုင်ကြပေ။ချီမင်က အစောကြီးတည်းက ခြေရာလက်ရာများကို ဖုံးကွယ်ထားတာ မဟုတ်ပေလော။သူက မဟာအံ့ဖွယ်စွမ်းအားတောင်သုံးရင်း ကောင်းကင်လျှို့ဝှက်ချက်ကို ပြုပြင်ထားသည်။
ထိုသို့ဖြင့် တွက်ချက်ခြင်းနှင့်ကောင်းကင်လျှို့ဝှက်ချက်အံ့ဖွယ်စွမ်းအားကို ကျွမ်းကျင်သည့်မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ဦးသာ ကိုယ်တိုင်မတွက်ချက်ပါက သူတို့က ကြယ်ရွှေ့ပြောင်းခြင်းအံ့ဖွယ်စွမ်းအားကို ချိုးဖြတ်နိုင်မည်မဟုတ်ပေ။
မဟုတ်ရင်တော့....
ကြယ်ရွှေ့ပြောင်းခြင်းအံ့ဖွယ်စွမ်းအားနှင့်ဆင်တူသည့်မဟာအံ့ဖွယ်စွမ်းအားမျိုးကို နားလည်ဖမ်းဆုပ်ထားသည့် ရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူကတွက်ချက်ရင်လည်း ချီမင်၏တည်နေရာကို စုံစမ်းနိုင်မည်ဖြစ်သည်။
ချီမင်က မဟာတာအိုကျင့်ကြံထားပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ကာကွယ်မှုကို ရရှိထားသည်။သူ့တွင်သန့်စင်ရွှေခန္ဓာလိုမျိုးစွမ်းအားရှိသည့်အတွက် ရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူက ကြယ်ရွှေ့ပြောင်းခြင်အံ့ဖွယ်စွမ်းအားလိုမျိုးဆင်တူသည့်အရာကိုသုံးရင်တောင် ချီမင်၏တည်နေရာနှင့်အချက်အလက်များကို သိရှိသွားနိုင်ပေမယ့် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏တန်ပြန်မှုကို ခံစားရဦးမှာဖြစ်သည်။
ထိုသို့ဆိုလျှင် တစ်ဖက်ကသေရင်သေ မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရရှိဦးမှာဖြစ်သည်။
ရှေးဟောင်းအင်မော်တယ်မြို့တော်၏မြို့စွန်လေးတွင်တော့။
ခြံဝန်းထဲတွင်။
ချီမင်က ညာဘက်လက်ကို ဝေ့ယမ်းလိုက်သည်။သူက ခြံဝန်းထဲတွင် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကို တပ်ဆင်ထားသည်။သူက အစီအရင်စွမ်းအားကိုသုံးကာ ခြံဝန်းကိုကာကွယ်ထားပြီး သူ့အရှိန်အဝါကို ဖုံးကွယ်ထားသည်။
ထိုသို့ဖြင့် ခြံဝန်းထဲမှ ချီမင်၏ကျင့်ကြံရာမှထွက်ပေါ်လာသည့်လှုပ်ခါမှုများကို ရှာမတွေ့နိုင်တော့ပေ။ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်က ရှာတွေ့သွားနိုင်ချေကိုလည်း လျှော့ချပေးထားသည်။
ချီမင်က တာအိုကျင့်ကြံသူတစ်ဦးဖြစ်ကြောင်းပေါ်ပေါက်သွားရင် တခြားဂိုဏ်းများထက် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ပင် ထိုင်မနေနိုင်တော့ပေ။သူတို့ကိုလည်း တာအိုကျင့်ကြံသူတစ်ဦးကတည်ထောင်ထားတာဖြစ်သည်။
ယခု နှစ်တစ်ထရီလီယန်နှင့်ညီသည့် တစ်ခေတ်စာကြာသွားပြီဖြစ်သည်။
ဒုတိယမြောက်တာအိုကျင့်ကြံသူတစ်ဦးပေါ်လာသည်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက် ၏အုပ်ချုပ်မှုကို များစွာအကျိုးသက်ရောက်စေသည်။ထို့ပြင် ချီမင်က တိတ်တဆိတ်ကျင့်ကြံရင်း သူ့ကျင့်ကြံခြင်းအဆင့်ကို တိုးမြင့်သွားရတာနှစ်သက်သည်။သူက အပြည့်အဝလွတ်လပ်ချင်ပြီး အမြင့်ဆုံးအဆင့်ထိ တက်လှမ်းချင်သည်။
ထိုအချိန်ကျရင် သူ့ကျင့်ကြံခြင်းအဆင့်နှင့် ခွန်အားသာ လုံလောက်မြင့်မားနေသရွေ့ ပြသနာအားလုံးကိုဖြေရှင်းနိုင်လိမ့်မည်။
အထက်ကမ္ဘာဖြစ်စေ အဆင့်နိမ့်အောက်ကမ္ဘာများဖြစ်စေ သန်မာသူများသာ အလေးစားခံရမည်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ရာကုန်ဆုံးသွားသည်။
ယနေ့ နေ့လည်ခင်းမှာတော့
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကို အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် တွက်ချက်ခဲ့ပါတယ်။ အသေးစား ကောင်းကင်ကြယ်တာရာအစီအရင်ဖြစ်လာပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်ကျေနပ်သွားတော့သည်။"ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကို တွက်ချက်လိုက်တာ အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ဖြစ်သွားပြီ။ဒီလိုဆို ငါ့ရဲ့လုံခြုံမှုကို အာမခံလို့ရသွားပြီး တည်နေရာကိုလည်း ဖုံးကွယ်ပေးနိုင်သွားပြီ။"
ထို့နောက် ချီမင်က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို တိုက်ရိုက်လက်ခံလိုက်သည်။သက်ဆိုင်ရာ အချက်အလက်များက သူ့စိတ်ထဲကိုတိုးဝင်လာပြီး သူကအလျင်အမြန်ပဲ အလွတ်ရသွားကာ နားလည်သွားတော့၏။
သိပ်မကြာလိုက်ခင်မှာပဲ ချီမင်က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို နားလည်ဖမ်းဆုပ်နိုင်သွားတော့သည်။
"အရမ်းကောင်းတယ်။"
ချီမင်က အတွေးတစ်ချက်ဖြင့် ပစ္စည်းစာရင်းကိုဖွင့်ကာ ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူလိုက်သည်။သူက တင်ပျဉ်ခွေချိတ်ထိုင်ကာ အစီအရင်အခြေခံနှင့် သက်ဆိုင်ရာ အစီအရင်အမြူတေများကို စတင်သန့်စင်တော့သည်။
ခုနစ်ရက်ကြာပြီးတော့ ချီမင်က သန့်စင်တာအောင်မြင်သွားတော့သည်။
"မြင့်တက်"
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ အလင်းတစ်ချက်ထွက်ပေါ်လာသည်။ကောင်းကင်ယံ၌ ကြယ်တာရာများထွန်းလင်းလာသည့်အတိုင်းပင်။
အသေးစားကောင်းကင်ကြယ်တာရာအစီအရင်တွင် ဒုတိယအဆင့်အစီအရင်အခြေခံ(၁၂၉,၆၀၀)၊အဓိကအစီအရင်အခြေခံ(၁၄,၈၀၀)၊ဒုတိယတန်းစားအစီအရင်အမြူတေ(၃၆၅)နှင့် အဓိကအစီအရင်အမြူတေ(၁၀၈)ခုပါဝင်သည်။
အဓိကအစီအရင်ကားချက်ကတော့ တစ်ခုသာရှိသည်။
"အစီအရင် မြင့်တက်။"
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ အဓိကအစီအရင်အမြူတေက လွင့်မြောလာသည်။ဒုတိယအစီအရင်အမြူတေများအခြေခံများလည်းမြင့်တက်လာပြီး မူရင်းကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကို လျင်မြန်စွာ ဖုံးအုပ်သွားတော့သည်။
အလင်းရောင်များ လင်းလက်သွားသည်။
အစီအရင်အခြေခံနှစ်ခုက ပေါင်းစပ်သွားပြီး ပိုပြီးတောင် သန်မာလာသည်။ချီမင်၏ခြံဝန်းက စကြဝဠာကြီးထဲမှ ကြယ်ရောင်စုံကောင်းကင်အကြီးအလားဖြစ်သွားသည်။
ချီမင်သည် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပါတော့သည်။အစီအရင်၏ထူးခြားဖြစ်စဉ်လည်းပျောက်ကွယ်သွားတော့သည်။အစီအရင်နှစ်ခု၏ကာကွယ်မှုကြောင့် သူကပိုပြီးသက်တောင့်သက်သာရှိသွားသည်။
တစ်ချိန်တည်းနီးပါးမှာပဲ ရှေးဟောင်းအင်မော်တယ်မြို့တော်၌ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အခွဲ အမှောင်အဖွဲ့နန်းတော်တွင်
(၉၉)လွှာမြင့်သည့် အဆောက်အဦးတစ်ခုရှိသည်။
ထိပ်ဆုံးက လျှို့ဝှက်ခန်းထဲတွင်။
“ဖျော့…”
ရွှေရောင်ဆံပင်ဖြင့်အမျိုးသားတစ်ဦးတင်ပျဉ်ခွေချိတ်ထိုင်နေသည်။ပါ့ကွားကလည်ပတ်လာပြီး ယင်နှင့်ယန်ကပေါင်းစပ်ကာ သူ့ကိုဝန်းရံလျက်ရှိသည်။သင်္ကေတများလင်းလက်လာပြီး ကောင်းကင်လျှို့ဝှက်ချက်ကလည်ပတ်လာသည်။သို့ပေသော်လည်း သူ့မျက်နှာကရွှေရောင်ပြောင်းသွားပြီး မျက်လုံများပြူးကျယ်သွားကာ သွေးအန်ထုတ်လိုက်ရတော့သည်။
သူကထိတ်လန့်တကြားအော်ဟစ်လိုက်သည်။"မဖြစ်နိုင်ဘူး။"
ထို့နောက်သူက ဖျော့တော့သွားတော့သည်။
သူရဲ့မူလရွှေရောင်ဆံပင်က အချိန်တိုလေးအတွင်းမှာချက်ချင်းကိုဖြူသွားသည်။ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကျရောက်လာတော့မည့်အတိုင်း သူ့ခန္ဓာကိုယ်က အနံဆိုးများထွက်ပေါ်လာသည်။
"တာအိုဆရာ ရွှေဖားပြုတ်"
လျှို့ဝှက်အခန်းရဲ့တံခါးကပွင့်လာသည်။
အမှောင်အဖွဲ့နန်းတော်၏ရွှေအဆင့်အင်မော်တယ်နှစ်ယောက်က ပြေးဝင်လာသည်။သူတို့က တာအိုဆရာ ရွှေဖားပြုတ်၏အခြေအနေကိုမြင်တော့ ထိတ်လန့်သွားကြသည်။
"ဟူး....."
သူတို့ထဲက လေးထောင့်မျက်နှာဖြင့်ရွှေအင်မော်တယ်က သဘောပေါက်သွားသည်။"ဒါ...ဒါ..တာအိုဆရာရွှေဖားပြုတ်က ရွှေအင်မော်တယ်အဆင့်ပဲ။ပြီးတော့ သူက တွက်ချက်နိုင်တဲ့အံ့ဖွယ်စွမ်းအားမျိုးကိုနားလည်ထားတာ။ဒါတောင် ဒီလောက်ထိ ထိခိုက်သွားရတယ်။"
"တကယ် လန့်ဖို့ကောင်းတယ်။"တခြားရွှေအင်မော်တယ်အဆင့် ပိန်ပါးပါးအကြီးအကဲက ပြောလိုက်သည်။"တာအိုကျင့်ကြံသူက သေချာပေါက် စွမ်းအားကြီးတဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်ကို နားလည်ထားတာပဲ။မဟုတ်ရင် တာအိုဆရာ ရွှေဖားပြုတ်က ဒီလောက်ထိသနားစရာကောင်းတဲ့အခြေအနေထိဖြစ်နေမှာမဟုတ်ဘူး။"
တာအိုဆရာရွှေဖားပြုတ်က အမှောင်အဖွဲ့နန်းတော်က ရွှေအင်မော်တယ်အဆင့်ဖြစ်သည်။သူတို့က ချီမင်၏တည်နေရာကို ကူပြီးတွက်ချက်ပေးစေချင်တာဖြစ်သည်။မူလကတော့ တာအိုဆရာ ရွှေဖားပြုတ်က အချက်အလက်တချို့ရနေပြီဆိုပေမယ့် ချီမင်က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကိုတပ်ဆင်လိုက်တော့ သူက ကောင်းကင်နှင့်မြေကြီး၏တန်ပြန်မှုကို ခံစားလိုက်ရပြီး သူ၏ကံကြမ္မာကောင်းချီးများနှင့်ကုသိုလ်တစ်ဝက်ကျော် ပြုန်းတီးသွားသည်။
သုံးရက်ကြာပြီးသွားတော့ တာအိုဆရာရွှေဖားပြုတ်က နိုးထလာသည်။သူ့မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်များရှိနေဆဲဖြစ်သည်။သူက တန်ကြေးတစ်ခုသုံးကာ ကုသနိုင်လိုက်ပေမယ့် ဆက်ပြီးမတွက်ချက်ရဲတော့ပေ။
"တာအိုဆရာတို့...." တာအိုဆရာရွှေဖားပြုတ်က မှုန်ဝါးဝါးပြုံးလိုက်သည်။"မင်းတို့ တခြားတစ်ယောက်ရှာသင့်တယ်။တစ်ဖက်ရဲ့နောက်ခံက အရမ်းထူးခြားတယ်။ငါသာ ဆက်ပြီးတွက်ချက်နေရင် သေချာပေါက်သေသွားလိမ့်မယ်။"
"နှုတ်ဆက်ပါတယ်။"
တာအိုဆရာရွှေဖားပြုတ်က လှည့်ကာ ပျံထွက်သွားတော့သည်။
"ဒါဆို.."
အမှောင်အဖွဲ့နန်းတော်၏ရွှေအင်မော်တယ်အဆင့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းခါလိုက်သည်။သူတို့က အကူအညီမဲ့သွားသလိုခံစားလိုက်ရပေမယ့် တာအိုကျင့်ကြံသူတစ်ဦးပေါ်ပေါက်လာသည့်အကြောင်းကို ပိုပြီးပင်သေချာသွားတော့သည်။
"ဒီကိစ္စက မှန်တဲ့အကြောင်း သတင်းပို့လိုက်။အထက်ကလူတွေ ဘာလုပ်လုပ် ငါတို့နဲ့မဆိုင်ဘူး။ငါတို့သာ ခေါင်းမာပြီး တာအိုကျင့်ကြံသူကို စော်ကားမိရင် ကောင်းမှာမဟုတ်ဘူး။" လေးထောင့်မျက်နှာဖြင့် ရွှေအင်မော်တယ်က ပြောလိုက်သည်။
" ကောင်းပြီလေ။"အမှောင်အဖွဲ့နန်းတော်မှ ပိန်ပါးပါးရွှေအင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ရာကြာသွားသည်။
ယနေ့ မနက်ခင်းမှာတော့။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။သင် အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၂၀၀)ကြာကျင့်ကြံခဲ့ပါတယ်။သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က တိုးတက်သွားပါပြီ။သင်က အင်မော်တယ်အစောပိုင်းအဆင့်မှ အင်မော်တယ်အလယ်ပိုင်းအဆင့်သို့တိုးတက်သွားပါပြီ။"
အသိပေးချက်တစ်ခုတက်လာသည်။
ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။သူ့စိတ်ထဲကို ကောင်းကင်နှင့်မြေကြီးမဟာတာအိုကတိုးဝင်လာပြီး နက်နဲမှုအမျိုးမျိုးကို နားလည်နေသည်။
ထို့နောက် ချီမင်က တွင်းနက်ကြီးတစ်ခုသဖွယ်ပြောင်းသွားသည့်အလား။အထက်ကမ္ဘာအင်မော်တယ်ချီများကချီမင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။သူအင်မော်တယ်ချီများကို စုပ်ယူသန့်စင်လိုက်သည်။
ထိုသို့ဆိုရင်တောင် အထက်ကမ္ဘာအင်မော်တယ်ချီက ချီမင်အဆင့်ချိုးဖြတ်ဖို့မလုံလောက်ပေ။ဤအတိုင်းသာဆက်ဖြစ်နေရင် ချီမင်အဆင့်ချိုးဖြတ်မှုကြောင့် သူ့အနားတွင် အင်မော်ချီကင်းမဲ့သည့်လေဟာနယ်တစ်ခုဖြစ်တည်လာသည်။
ချီမင်ကညာဘက်လက်ကိုဝေ့ယမ်းကာ ပစ္စည်းစာရင်းကို ဖွင့်လိုက်သည်။သူက အင်မော်တယ်သလင်းကျောက်များစွာကိုထုတ်ကာ သန့်စင်ပြီးစုပ်ယူလိုက်တော့သည်။ထိုသို့လုပ်မှာသာလျှင် သူကအင်မော်တယ်ချီလုံလုံလောက်လောက်ရမှာဖြစ်ပြီး အဆင့်တက်နိုင်မှာဖြစ်သည်။