ကျိလိန်တောင်တန်းမှ ထွက်ခွာခြင်း၊ ရှေးဟောင်းအင်မော်တယ်မြို့တော်၏ထိပ်သီးအင်အားစုလေးစု
Vol. 21 Ch. 303
ထိတ်လန့်တကြားကြောက်ရွံ့ဖွယ်အော်သံများကြားတွင် ကောင်းကင်လူသားကျဆင်းခြင်းငါးပါးသက်ဆင်းလာသည်။
သိမ်းငှက်နှာခေါင်းဖြင့် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အဓိကတပည့်က ဖုန်မှုန့်များဖြစ်သွားကာ ပျောက်ကွယ်သွားရတော့သည်။
"ကောင်းကင်လူသားကျဆင်းခြင်းငါးပါး"
"ဒါ....ဒါက.."
"ပြေး"
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏တခြားအဓိကတပည့်နှစ်ယောက်က ကြောက်ရွံ့နေပြီဖြစ်သည်။သူတို့ ထိုကဲ့သို့သောနည်းလမ်းမျိုးကို မမြင်ဘူးပေ။အတော်လေး ကြောက်မက်ဖွယ်ကောင်းပါ၏။
မည်သည့်အင်မော်တယ်အဆင့်မဆို အထက်ကမ္ဘာ၏အင်မော်တယ်ဘုရင်များတောင် ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကို ကြောက်ရွံ့ရသည်။မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များနှင့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်များတောင် ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကျရောက်လာရင် အသတ်ခံရမည်ဖြစ်သည်။
ယခု သူတို့က ပန်းသုံးပွင့်ကိုဖြတ်တောက်ပြီးကောင်းကင်လူသားကျဆင်းခြင်းငါးပါးကိုတောင်ဆင့်ခေါ်နိုင်သည့် အံ့ဖွယ်စွမ်းအားနည်းစနစ်ကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရပြီဖြစ်သည်။သူတို့မှာ အကြောက်တရားကြောင့်သွေးပျက်နေကြပြီး မျက်နှာများမှာ ဖြူလျော်သွားကြသည်။
"တာအိုသတ်ဖြတ်ခြင်းနည်းစနစ်"
ချီမင်၏အကြည့်က အေးစက်နေသည်။သူက ညာဘက်လက်ကိုဝေ့ယမ်းကာ ဓားလက်ချောင်းကို ထုတ်ဖော်လိုက်သည်။မမြင်နိုင်သည့်အင်အားတစ်ခုက လခြမ်းသဏ္ဍာန်ဓားချီတစ်ခုအဖြစ်သိပ်သည်းသွားကာ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အဓိကတပည့်နှစ်ယောက်၏ပန်းသုံးပွင့်ကို ဖြတ်တောက်သွားတော့သည်။
ကြောက်လန့်တကြားအော်ဟစ်သံများထွက်လာသည်။
သူတို့ကျင့်ကြံခြင်းအဆင့်က ကျဆင်းသွားပြီး အင်အားများဓမ္မစွမ်းအားများဆုံးရှုံးသွားကြသည်။ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ကိုသုံးကာ သူတို့ရဲ့ကံကြမ္မာကောင်းချီးကို ဖြတ်တောက်လိုက်သည်။
ကောင်းကင်လူသားကျဆင်းခြင်းငါးပါးဖြစ်လာပြန်သည်။
ချက်ချင်းဆိုသလို ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အဓိကတပည့်နှစ်ယောက်က ကြောက်လန့်တကြားအော်ဟစ်ကာ ဖုန်မှုန့်များဖြစ်သွားကြသည်။သူတို့က သေဆုံးသွားပြီးနောက်မှာ ဘာမှကို မကျန်ခဲ့တော့ပေ။
"မင်းတို့က သေလမ်းလာရှာတာကို။"ချီမင်က အေးစက်စွာပြောလိုက်သည်။
ချီမင်က အံ့ဖွယ်စွမ်းအားဖြင့်တွက်ချက်ကြည့်လိုက်တော့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အဓိကတပည့်အကြောင်းအချက်အလက်များရလိုက်သည်။ထို့နောက်သူက ရုပ်ခန္ဓာပြောင်းလဲခြင်းအံ့ဖွယ်စွမ်းအားကိုသုံးကာ သူ့အသွင်အပြင်နှင့်အရှိန်အဝါများကို သိမ်းငှက်နှာခေါင်းဖြင့်သူအတိုင်းပြောင်းလဲလိုက်သည်။
သိမ်းငှက်နှာခေါင်းဖြင့်သူကို ဟန်လီပင်းဟုခေါ်သည်။
ချက်ချင်းပဲ ချီမင်ကဟန်လီပင်း၏အထောက်အထားကိုသုံးကာ ကျိလိန်တောင်တန်းမှထွက်လာလိုက်သည်။သူ တောင်ထဲကထွက်လာတော့ သံသယဝင်မခံရတော့ပေ။သူက တိတ်ဆိတ်တဲ့နေရာတစ်ခုရှာကာ ကြယ်ရွှေ့ပြောင်းခြင်းအံ့ဖွယ်စွမ်းအားကိုသုံးကာ သူ့ရဲ့အသွင်အပြင်ကို ပြန်ပြောင်းလိုက်သည်။
ချီမင်က ဟူးခနဲသက်ပြင်းချကာ စိတ်သက်သာရာရသွား၏။"အချိန်ကျလာပြီ"
သူက ရှေးဟောင်းအင်မော်တယ်မြို့တော်၏ခြံဝန်းငယ် လေးထံသို့အလျင်အမြန်ပြန်လာလိုက်သည်။
"ပြန်လည် ကြိုဆိုပါတယ် သခင်။"
"ဂုဏ်ပြုပါတယ်သခင်။ သခင့်ရဲ့ကျင့်ကြံခြင်းအဆင့်က အတော်လေးတိုးတက်လာတာပဲ။"
“…”
ခြံဝန်းထဲတွင် အစေခံများက ဂုဏ်ပြုနေကြသည်။
ချီမင်က တုန့်ပြန်သည့်အနေဖြင့် ခေါင်းအနည်းငယ်ညိတ်လိုက်သည်။
အချိန်များကုန်ဆုံးသွားသည်။
ဆယ်ရက်ကြာပြီးနောက်မှာ။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အင်မော်တယ်နတ်ဆိုးစစ်မြေပြင်တွင် ဆယ်ရက်ကြာ ရှင်းလင်းခဲ့ပါတယ်။သင်ဂိမ်းမြေအောက်စခန်းကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။သင် ရှုတောင်စစ်မှန်ဓားအင်မော်တယ်အမွေအနှစ်၊အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက်တစ်ထရီလီယန်တို့ကို ရရှိပါတယ်။"
အသိပေးချက်တစ်ခုတက်လာသည်။
ပစ္စည်း:ရှုတောင်စစ်မှန်ဓားအင်မော်တယ်အမွေအနှစ်
ဖော်ပြချက်:အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အင်မော်တယ်နတ်ဆိုးစစ်မြေပြင်မှရရှိသော ပစ္စည်းဖြစ်သည်။သင့်တော်သည့်သားရဲကို အဆင့်မြင့်ပေးနိုင်ပါသည်။
ချီမင်က အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
"မဆိုးဘူး။"သူက ခေါင်းအသာညိတ်လိုက်သည်။ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ အလင်းစီးကြောင်းတစ်ခုပျံသန်းလာသည်။ထိုသူက ဟော့ချန်ချင်းဖြစ်သည်။သူက ချီမင်ကို လေးစားစွာဦးညွှတ်လိုက်သည်။"ဒါက မင်းအတွက်ပဲ။"
"ကျေးဇူးတင်ပါတယ်သခင်။"ဟော့ချန်ချင်းက လေးလေးစားစားလက်ခံလိုက်သည်။
ရှုတောင်စစ်မှန်ဓားအင်မော်တယ်အမွေအနှစ်က ကျောက်စိမ်းစလစ်တစ်ခုပုံစံဖြစ်ကာ ဟော့ချန်ချင်း၏ကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။သင်္ကေတများက လင်းလက်လာပြီး ဓားချီကလည်ပတ်လာကာ အရှိန်အဝါက ခမ်းနားထည်ဝါလာသည်။
"ဝိညာဉ်သားရဲနေရာထဲကို ပြန်ပြီး ကြီးထွားလိုက်တော့။"
အဖြူရောင်အလင်းတစ်ချက်က သူ့ရှေ့မှာပဲလင်းလက်လာသည်။
ဟော့ချန်ချင်းက လေထဲကနေ ပျောက်ကွယ်သွားသည်။
"ငါ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်း ထည့်သွင်းမယ်။"
ချီမင်က ပြောလိုက်သည်။"ဟော့ချန်ချင်းကို အလိုအလျောက်ကျင့်ကြံမယ်။"
တင်း!
"သာမန်အင်မော်တယ်သားရဲ:ရှုတောင်ဓားအင်မော်တယ်က အဆတစ်ထရီလီယန်အောက်တွင် ကြီးထွားနေပါတယ်။သာမန်အင်မော်တယ်သားရဲ:ရှုတောင်ဓားအင်မော်တယ်ကို ရှုတောင်စစ်မှန်ဓားအင်မော်တယ်အမွေအနှစ်နှင့်ပေါင်းစပ်နေပါတယ်။ကျေးဇူးပြုပြီး စိတ်ရှည်ရှည် စောင့်ဆိုင်းပေးပါ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
တစ်ရက်ကြာပြီးနောက်...
တင်း!
"သာမန်အင်မော်တယ်သားရဲ:ရှုတောင်ဓားအင်မော်တယ်ကို အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ကြီးထွားနေပါတယ်။ရှုတောင်စစ်မှန်ဓားအင်မော်တယ်အမွေအနှစ်ကို အောင်မြင်စွာပေါင်းစပ်နိုင်သွားပြီး သာမန်အင်မော်တယ်သားရဲ:ရှုတောင်စစ်မှန်ဓားအင်မော်တယ်ဖြစ်လာပါတယ်။သူ့ရဲ့ကြီးထွားနိုင်စွမ်းအလားအလာက တိုးမြှင့်သွားပါပြီ။"
အသိပေးချက်တစ်ခု တက်လာသည်။
သာမန်အင်မော််သားရဲ:ရှုတောင်စစ်မှန်ဓားအင်မော်တယ်
အမည်:ဟော့ချန်ချင်း
ကျင့်ကြံခြင်းအဆင့်:အင်မော်တယ်နှောင်းပိုင်းအဆင့်
ကျင့်ကြံခြင်းအမျိုးအစား:ဥပဒေသ
ဖော်ပြချက်:မူလက ဂိမ်းမြေအောက်စခန်းရှုတောင်ရှေးဟောင်းလမ်းမှ ရှုတောင်တပည့်ဖြစ်သည်။များစွာတိုးတက်လာပြီး အကန့်အသတ်များကို ကျော်လွန်ခဲ့သည်။ယခု သာမန်အင်မော်တယ်သားရဲ:ရှုတောင်စစ်မှန်ဓားအင်မော်တယ်ဖြစ်လာပါပြီ။သူက ဓားတာအိုဥပဒေသ၊ထိုက်ချီဥပဒေသ၊ယင်ယန်ဥပဒေသများကို နားလည်သွားပြီး ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်အထိ တက်ရောက်နိုင်သွားပါပြီ။
ချီမင်က ဟော့ချန်ချင်း၏ကြီးထွားမှုအခြေအနေကို စစ်ဆေးလိုက်သည်။
"မဆိုးဘူး။"
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။"သာမန်အင်မော််တယ်သားရဲတစ်ကောင်ဆိုပေမယ့် အခုတော့ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ကိုတက်နိုင်သွားပြီ။အနာဂတ်မှာလည်း ဆက်တိုးတက်နိုင်သွားပြီ။"
မြင်ကွင်းပြောင်းလဲသွားသည်။
ကျိလိန်အင်မော်တယ်တောင်တန်းတွင်
ရှေးဟောင်းအင်မော်တယ်မြို့တော်၏နယ်မြေထဲတွင်တော့...
ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက အသန်မားဆုံးဂိုဏ်းဖြစ်သည်။ဂိုဏ်းထဲတွင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်များ၏ ကျောထောက်နောက် ခံရှိ၏။ထိုဂိုဏ်းက ပထမအထက်ကမ္ဘာ:ပြည်နယ်ကိုးလောကတွင် နှစ်သောင်းပေါင်းများစွာ အထွတ်အ ထိပ်တွင် ရပ်တည်လာကြသည်။
ရှေးဟောင်းအင်မော်တယ်ဂိုဏ်းအပြင် တခြားပထမတန်းစားဂိုဏ်းသုံးခုလည်းရှိသေးသည်။ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်းနှင့်ဖုန်းမျိုးနွယ်တို့ဖြစ်ကြသည်။
ငွေတောင်ပံဘီလူးမျိုးနွယ်က ပထမအထက်ကမ္ဘာမှဆင်းသက်လာသည့် ပထမတန်းစားမျိုးနွယ်ဖြစ်သည်။သူတို့က စွမ်းအားကြီးနည်းလမ်းများကို နားလည်ဆုပ်ကိုင်ထားကြပြီး ငွေရောင်အဆောင်များကိုသုံးကာ ရန်သူကို ဖျက်ဆီးသတ်ဖြတ်နိုင်ကြသည်။
ဖုန်းမျိုးနွယ်က ရှေးဟောင်းအင်မော်တယ်မြို့တော်နယ်မြေထဲမှ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်မျိုးနွယ်ဖြစ်သည်။ထိုမျိုးနွယ်ကို မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ဖုန်းတျန်းရှို့ကတည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူ့အင်အားနဲ့လွှမ်းမိုးနိုင်စွမ်းက အတော်လေးထည်ဝါသည်။
ခရမ်းအိမ်တော်ဂိုဏ်းကလည်း ပထမတန်းစားဂိုဏ်းတစ်ခုဖြစ်ကာ ရှိန်လောက်စရာအံ့ဖွယ်စွမ်းအားနည်းစနစ်ကို နားလည်ဆုပ်ကိုင်ထားကြသည်။သူတို့၏မျက်ခုံးအလယ်မှာ ခရမ်းအိမ်တော်တစ်ခုကို တည်ဆောက်နိုင်ပြီး ပြင်းထန်သည့်စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်းရှိကြသည်။
ငွေတောင်ပံဘီလူးမျိုးနွယ်ဖြစ်စေ၊ခရမ်းအိမ်တော်ဂိုဏ်းဖြစ်စေ ဖုန်းမျိုးနွယ်ဖြစ်စေ သူတို့မှာ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါးသာရှိပြီး ရှေးဟောင်းအင်မော်တယ်ဂိုဏ်းကိုတော့ မယှဉ်နိုင်ပေ။
ဂိုဏ်းသုံးခုပူးပေါင်းထားမှသာ သူတို့ကရှေးဟောင်းအင်မော်တယ်ဂိုဏ်းကို ခုခံနိုင်မှာဖြစ်သည်။
ထိုလေးဂိုဏ်းအပြင် ရွှေအင်မော်တယ်အဆင့်များစောက်ရှောက်ပေးထားသည့် ဒုတိယတန်းစားဂိုဏ်းပေါင်းများစွာရှိသည်။သူတို့ထဲက အများစုမှာတော့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၊ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်းနှင့်ဖုန်းမျိုးနွယ်တို့၏နောက်လိုက်များဖြစ်ကြသည်။
မရေမတွက်နိုင်လောက်သောတတိယတန်းစားဂိုဏ်းများနှင့် အဆင့်မဲ့ဂိုဏ်းများလည်းရှိသေး၏။
"ဆယ်ရက်ကျော်တောင်ကြာသွားပြီ။ဘာသတင်းမှမရသေးဘူး။"
ကျိလိန်တောင်တန်းထဲတွင် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ ရွှေအင်မော်တယ်အဆင့် အကြီးအကဲကုစုန်က မျက်မှောင်ကြုံနေသည်။သူက ကျိလိန်တောင်ကို ကြည့်ကာ လက်ချောင်းများဖြင့်တွက်ချက်ကြည့်ပေမယ့် ဘယ်အရာမှကို မသိလိုက်ရပေ။မြူတစ်လွှာက ဖုံးလွှမ်းနေသည်။သူက တွက်ချက်နေတုန်းကောင်းကင်လျှို့ဝှက်ချက်ထံမှတောင် တန်ပြန်မှုကို ခံစားလိုက်ရသေးသည်။သို့ပေမယ့် သိပ်မပြင်းထန်သည့်အတွက် အလွယ်တကူဖြေရှင်းနိုင်လိုက်ပါ၏။
"ဒီထူးခြားဖြစ်စဉ်က ဘာသတိပေးချက်မှမရှိဘဲ ပေါ်လာတာ။တည်နေရာအတိအကျက ကျိလိန်တောင်တန်းထဲမှာပဲ။ဒါပေမယ့် ဆယ်ရက်ကျော်သွားပြီ။ကျိလိန်တောင်ထဲက သက်ရှိတိုင်းကို ဂရုတစိုက်စစ်ဆေးကြည့်ပြီးပြီ။"
ငွေတောင်ပံဘီလူးမျိုးနွယ်၏ရွှေအင်မော်တယ်အဆင့်အကြီးအကဲက အသံနက်ကြီးဖြင့်ပြော၏။"ရှုထောင့်တိုင်းကနေ ဂရုတစိုက်စစ်ဆေးပြီးပြီ။ငါတို့ ကျိလိန်အင်မော်တယ်တောင်တန်းတစ်ခုလုံးကို နေရာလွတ်မကျန်စစ်ဆေးပြီးပြီ။"
"အခု ငါတို့အတည်ပြုနိုင်တာက ဒီတစ်ခေါက်ထူးခြားဖြစ်စဉ်ပေါ်လာတာက ရတနာတစ်ပါးပေါ်လာလို့မဟုတ်ဘူး။ဖြစ်နိုင်ချေအများဆုံးကတော့ ငါတို့ရဲ့ရှေးဟောင်းအင်မော်တယ်မြို့မှာ တာအိုကျင့်ကြံသူတစ်ဦးပေါ်လာတာပဲဖြစ်ရမယ်။"
"တာအိုကျင့်ကြံသူ"
ဖုန်းမျိုးနွယ်ရွှေအင်မော်တယ်အဆင့်အကြီးအကဲက အတွေးနက်နေသည်။သူက လက်နှစ်ဖက်ကို နောက်ပို့ထားကာ ကျိလိန်အင်မော်တယ်တောင်တန်းကို စစ်ဆေးနေသည်။သူက ဖြေးညှင်းစွာ ပြောလိုက်သည်။"ကြာလှပြီ။ငါဒီအကြောင်းကို မကြားရတာ ကြာနေပြီ။"
"ငါမှတ်မိတာသာမမှားရင် ပြည်နယ်ကိုးလောကမှာ တာအိုကျင့်ကြံသူတစ်ယောက် ပေါ်လာတာနောက်ဆုံးခေတ်ကပဲ။"
ခရမ်းအိမ်တော်ဂိုဏ်း၏ရွှေအင်မော်တယ်အဆင့်အကြီးအကဲက ခေါင်းအသာညိတ်လိုက်ပြီး တိတ်ဆိတ်သွားတော့သည်။"ဒါတကယ့်ကို နောက်ဆုံးခေတ်ကာလကပဲ"
ခေတ်....
ထိုအရာ အချိန်အတိုင်းအတာပမာဏဖြစ်သည်။
အဆင့်နိမ့်ကမ္ဘာများမှာတော့ အချိန်များကို နှစ်ဖြင့်စတင်သည်။
တစ်နှစ် နှစ်တစ်ရာ နှစ်တစ်ထောင်၊ အစ၊မူလအစ၊ကပ်ဘေးဒုက္ခ
အထက်ကမ္ဘာတွင်တော့ အသုံးများတာက ထိုအရာများမဟုတ်ပေ။
ခေတ်ဆိုသည်က ကပ်ဘေးဒုက္ခအထက်မှဖြစ်သည်။
ခေတ်တစ်ခုက တစ်ထရီလီယန်နှင့်ညီမျှသည်။
ပြည်နယ်ကိုးလောကတွင် လွန်ခဲ့သည့်နှစ်တစ်ထရီလီယန်က တာအိုကျင့်ကြံသူတစ်ဦးပေါ်လာခဲ့တာဖြစ်သည်။
တာအိုကျင့်ကြံသူပေါ်လာတော့ ထိုသူက ပြည်နယ်ကိုးလောက၏အာဏာကို ပြန်လည်ဖွဲ့စည်းပြီး ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို တည်ထောင်ခဲ့သည်။ယခု ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်သည် ပြည်နယ်ကိုးလောက၏ထိပ်တွင်ရပ်တည်လာသည်မှာ နှစ်တစ်ထရီလီယန် ကြာခဲ့ပြီဖြစ်သည်။
လွန်ခဲ့တဲ့ခေတ်က ပေါ်လာသည့်တာအိုကျင့်ကြံသူက အင်မော်တယ်အဆင့်ကို ကျော်လွန်ပြီး ပြည်နယ်ကိုးလောကမှ ထွက်သွားတာကြာပြီဖြစ်၏။
ထို့ကြောင့်လည်း ပထမတန်းစားရှေးဟောင်းဂိုဏ်းလေးခုက ထိုမျှအရေးတကြီးလုပ်နေရခြင်းဖြစ်သည်။တာအိုကျင့်ကြံသူတစ်ဦးပေါ်လာတာဖြစ်ပါက ထိုအရာက ပြည်နယ်ကိုးလောကတစ်ခုလုံး၏အခြေအနေကို ပြောင်းလဲနိုင်သည်။
"အကြီးအကဲ ကုစုန်"
ငွေတောင်ပံဘီလူးမျိုးနွယ်၏အကြီးအကဲက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အကြီးအကဲကို လှမ်းပြောလိုက်သည်။"ကျုပ်ကြားတာတော့ ခင်ဗျားတို့ဂိုဏ်းရဲ့အမွေခံတပည့်သုံးယောက် ပျောက်သွားတယ်ဆို။"
ကုစုန်က ခေါင်းညိတ်လိုက်၏။"ခင်ဗျား ဒီကိစ္စကို မြန်မြန်ရှာတွေ့သွားတာပဲ။"
ငွေတောင်ပံဘီလူးမျိုးနွယ်၏အကြီးအကဲက ဆိုသည်။"ကျုပ်က ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့အဓိကတပည့်တွေအကြောင်းစဉ်းစားနေတာ။ရှေးဟောင်းအင်မော်တယ်မြို့တော်နယ်မြေထဲမှာ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့အဓိကတပည့်ကို သတ်ရဲတဲ့သူ အများကြီးရှိမှာမဟုတ်ဘူး။"
"ဟီးဟီး"ခရမ်းအိမ်တော်ဂိုဏ်း၏ရွှေအင်မော်တယ်အဆင့်အကြီးအကဲက နှာခေါင်းရှုံ့လိုက်သည်။
"ဟုတ်တယ်။"ဖုန်းမျိုးနွယ်ရွှေအင်မော်တယ်အဆင့်အကြီးအကဲက ပြောလိုက်သည်။"ခင်ဗျားတို့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက ကျုပ်တို့ကို အထင်သေးနေတာပဲ။ခင်ဗျားအောက်က အင်မော်တယ်အဆင့်တွေဆို ပိုပြီးတော့တောင် မောက်မာတယ်။"
"ကျုပ်လည်း ဒါကို အရမ်းသိချင်နေတာ။"ရှေးဟောင်းအင်မော်တယ်ဂိုဏ်းအကြီးအကဲက ခဏလောက်စဉ်းစားလိုက်သည်။"အဓိကတပည့်သုံးယောက် လျှို့ဝှက်ဆန်းကြယ်စွာနဲ့ပျောက်သွားတာ။ဂိုဏ်းထဲက သူတို့ရဲ့ဝိညာဉ်မီးအိမ်တွေက လောင်စာကုန်သွားပြီ။အဲ့ဒါကြောင့် အသက်ခံလိုက်ရပြီးသူတို့ရဲ့ဝိညာဉ်က ပျောက်ကွယ်သွားပြီ။"
"ရက်နည်းနည်းလောက်စုံစမ်းပြီးသွားတာတောင် ဘာတိုးတက်မှုမှမရသေးဘူး။ကျုပ်တို့ လူသတ်သမားကို အတည်ပြုလို့မရသေးဘူး။တကယ်တော့ကောင်းကင်လျှို့ဝှက်ချက်က ပြောင်းလဲခံထားရတယ်။"
"ကျုပ်မမျှော်လင့်ထားတာက တပည့်တစ်ယောက်က သူ ဟန်လီပင်းကို ကျိလိန်တောင်တန်းထဲကနေ ထွက်သွားတာကို သူ့မျက်စိနဲ့တပ်အပ် မြင်လိုက်ရတယ်ဆိုပြီးပြောလာတယ်။ဒါပေမယ့် သူပြောတဲ့အချိန်အရ ဟန်လီပင်းက သေသွားပြီ။သူထပ်ပေါ်လာဖို့ဆိုတာမဖြစ်နိုင်ဘူး။"
"ဖြစ်နိုင်တာက..."
ရုတ်တရက် ဖြစ်နိုင်ချေတစ်ခုကိုတွေးမိပြီး ကုစုန်၏စိတ်ထဲတွင် အတွေးတစ်ခုဖြတ်ခနဲပေါ်လာသည်။
"ဟ သွားပြီ။"
တခြား ရွှေအင်မော်တယ်အကြီးအကဲသုံးပါးက
လည်းလန့်သွားသည်။သူတို့ကလည်း အတွေးတစ်ခုကို တစ်ချိန်တည်းတွေးမိသွာသည်။"တခြားတစ်ဖက်က ခင်ဗျားရဲ့ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက အဓိကတပည့်တွေကို သတ်ပြီး ဟန်လီပင်းပုံစံနဲ့ ကျိလိန်တောင်တန်းထဲက ထွက်သွားတာဖြစ်ရမယ်။"