ပန်းသုံးပွင့် ဖြတ်တောက်ခြင်း ကောင်းကင်လူသားကျဆင်းခြင်းငါးမျိုး
Vol. 21 Ch. 302
အစောပိုင်းအင်မော်တယ်အဆင့်ဂိမ်းမြေအောက်စခန်း:အင်မော်တယ်နတ်ဆိုးစစ်မြေပြင်တွင် ချီမင်က ဂိမ်းဇာတ်ကောင်နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်နိုင်လေသည်။ထိုဂိမ်းဇာတ်ကောင်နှစ်မျိုးက အင်မော်တယ်အမည်မဲ့နှင့် လောကနတ်ဆိုးဖြစ်လေ၏။
နာမည်အတိုင်းပင် အင်မော်တယ်အမည်မဲ့က အင်မော်တယ်တာအိုကို ကိုယ်စားပြုပြီး လောကနတ်ဆိုးကတော့ နတ်ဆိုးတာအိုကို ကိုယ်စားပြု၏။
အင်မော်တယ်နတ်ဆိုးစစ်မြေပြင်တွင်.....
အင်မော်တယ်တာအိုကို ကိုယ်စားပြုသည့် အင်မော်တယ်တာအိုမဟာမိတ်ကို ရှုတောင်ဓားသူတော်စင်က ဦးဆောင်ပြီး နတ်ဆိုးတာအိုကိုကိုယ်စားပြုသည့် နတ်ဆိုးမဟာမိတ်ကိုတော့ ချန်စစ်ဂိုဏ်းက ဦးဆောင်သည်။
အင်မော်တယ်နတ်ဆိုးစစ်ပွဲက စတင်နေခဲ့ပြီဖြစ်သည်။
ထိုအခိုက်တွင် ချီမင်က ရွေးချယ်မနေတော့ပေ။သူက ကျပန်းသာ ရွေးချယ်လိုက်တော့ လောကနတ်ဆိုးဖြစ်သွားပြီး ဂိမ်းမြေအောက်စခန်းထဲသို့ ဝင်လာ၏။
ချီမင်၏မြင်ကွင်ထဲသို့ ဝင်လာသည့် ဂိမ်းမြင်ကွင်းကတော့ အင်မော်တယ်နှင့်နတ်ဆိုးများကြားမှ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့်တိုက်ပွဲဖြစ်သည်။
တိုက်ပွဲဟစ်ကြွေးသံများ၊ပေါက်ကွဲသံများမှာ အဆက်မပြတ်ထွက်ပေါ်နေသည်။စွမ်းအားမျိုးစုံမှာ ထိပ်တိုက်ရင်ဆိုင်နေကြပြီး အင်မော်တယ်သိုင်းနည်းစနစ်တို့မှာ ရင်ဆိုင်တိုက်ခိုက်နေကြသည်။အံ့ဖွယ်စွမ်းအားများသုံးကာ တိုက်ခိုက်နေသောကြောင့် စစ်ပွဲ၏အနိဋ္ဌအာရုံမြင်ကွင်းများစွာထွက်ပေါ်နေသည်။
တကယ်တော့ စစ်မြေပြင်ပေါ်တွင် အသန်မာဆုံးကရွှေအင်မော်တယ်အဆင့်များဖြစ်ကြသည်။
အင်မတန် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းနေကြသည်။
ကောင်းကင်နှင့်မြေကြီးတခွင်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"တိုက်"
"အင်မော်တယ်တာအိုက ကျယ်ပြန့်ပြီး နတ်ဆိုးတာအိုက အဆုံးအစမဲ့တယ်။"
"သူ့ကို သတ်"
"ဟီးဟီး..."
"…"
စစ်မြေပြင်ပေါ်ဝယ် သတ်ဖြတ်သံများ ညံနေတော့သည်။
ယခု ချီမင်ပြောင်းလဲထားသည့်လောကနတ်ဆိုးက အင်မော်တယ်နတ်ဆိုးစစ်မြေပြင်သို့ ဝင်ရောက်လာသည်။သူက လောကနတ်ဆိုးဖြစ်သည့်အတွက် နတ်ဆိုးတာအိုကို ကိုယ်စားပြု၏။
ထို့သို့ဖြင့် ချီမင်က အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အင်မော်တယ်နတ်ဆိုးစစ်မြေပြင်ကို ရှင်းလင်းချင်ပါက သူက နတ်ဆိုးတာအိုဘက်ကို စစ်မြေပြင်တွင် အနိုင်ရအောင် လုပ်ပေးရ တော့မှာဖြစ်၏။
"တိုက်!"
လောကနတ်ဆိုးက ကျယ်လောင်စွာရယ်မောလိုက်သည်။ဓမ္မစွမ်းအာများက တဟုန်ထိုးတက်လာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားထွက်လာသည်။ထိုအရာက အရပ်မျက်နှာအနှံ့ကို ဖြတ်ကျော်သွားပြီး အင်မော်တယ်များကို သတ်ဖြတ်လိုက်သည်။
နတ်ဆိုးတစ်ကောင်က အသက်ဝင်လာပြီး ကြောက်မက်ဖွယ်ရာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်တော့မည့်အတိုင်းပင်။
"နတ်ဆိုး!"
"မဟာနတ်ဆိုး မြန်မြန်သေလိုက်တော့။"
"သေလိုက်တော့"
"တိုက်"
ချီမင်ရွေးချယ်ထားသည့် လောကနတ်ဆိုးက အင်မော်တယ်မဟာမိတ်ဘက်မှ အင်မော်တယ်အရေအတွက်အတော်များများကို သတ်ဖြတ်နေခဲ့သည်။ထိုအခြင်းအရာက အင်မော်တယ်မဟာမိတ်ဘက်မှကျွမ်းကျင်သူများကို အာရုံစိုက်လာစေပြီး သူ့နားကို ဝိုင်းလာသည်။
မဟာဆန်းကြယ်အင်မော်တယ်သုံးပါးဖြစ်ပါ၏။
"ဟားဟားဟား..."
လောကနတ်ဆိုးက ကျယ်လောင်စွာရယ်မောလိုက်သည်။သူ့ရဲ့တိုက်ခိုက်လိုစိတ်က မြင့်တက်နေပြီး သူက အင်မတန်သန်မာသည့်ခွန်အားကို ထုတ်ပြလိုက်သည်။သူက အံ့ဖွယ်စွမ်းအားမျိုးစုံကို လည်ပတ်ကာ သတ်ဖြတ်လိုက်သည်။
အတွေးတစ်ချက်ဖြင့် ချီမင်ကဂိမ်းမြင်ကွင်းကို ပိတ်လိုက်ပြီး အာရုံထပ်စိုက်မနေတော့ပေ။သူက ကျိလိန်အင်မော်တယ်တောင်သို့ ဝင်ရောက်လာသည့် ဂိုဏ်းအဖွဲ့အစည်းများစွာကို အာရုံခံမိသွားသည်။
အင်မော်တယ်များစွာက ချီမင်၏တည်နေရာသို့ ဦးတည်လာနေကြသည်။
"ပြန်လာတော့"
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းကာ သူ့နောက်ကကောင်းကင်အင်မော်တယ်ဂူစံအိမ်ကို ပြန်သိမ်းလိုက်သည်။သူက ပစ္စည်းစာရင်းထဲသို့ ပြန်ထည့်လိုက်သည်။သူ့အကြည့်က လှုပ်ခတ်သွားကာ လျှို့ဝှက်နက်နဲနည်းစနစ် ကြယ်ရွှေ့ပြောင်းခြင်းကိုသုံးပြီးပတ်ဝန်းကျင်အခြေအနေကိုပြောင်းလဲကာ သူ၏တည်နေရာကို ဖုံးကွယ်လိုက်သည်။
သူကျင့်ကြံခြင်းအဆင့်ချိုးဖြတ်တုန်းက အရှိန်အဝါအနည်းငယ်ကို ထုတ်ဖော်လိုက်မိသည့်အတွက် ထူးခြားဖြစ်စဉ်ဖြစ်ပေါ်လာရသည်။မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များနှင့် ရွှေအင်မော်တယ်များက ချီမင်၏တည်နေရာကိုမဖော်ထုတ်နိုင်ပေမယ့် ကျိလိန်တောင်တန်းတွင်ရှိကြောင်း အတည်ပြုနိုင်သည်။
ရှေးဟောင်းအင်မော်တယ်မြို့တော်မှဂိုဏ်းအဖွဲ့အစည်းများက ကျိလိန်အင်မော်တယ်တောင်သို့ အဖွဲ့ဝင်များ စေလွှတ်ကာ စုံစမ်းရန်ရောက်ရှိလာကြသည်။ သူတို့က တောင်တန်းတစ်ခုလုံးကို ချိတ်ပိတ်ထားသည်။
ထိုအခြေအနေအောက်တွင် ကျိလိန်တောင်တန်းမှထွက်ချင်သည့်သူများက သေချာပေါက်ကို စစ်ဆေးမေးမြန်းခံရမှာဖြစ်သည်။
ချီမင်၏ပုံရိပ်က ကောင်းကင်ပေါ်သို့ ခုန်တက်သွားပြီး ကျိလိန်တောင်တန်းမှ ထွက်ခွာသွားသည်။သို့ပေသော်လည်း သူပျံမထွက်ခင်မှာပဲ ပြီးပြည့်စုံခြင်းအင်မော်တယ်တချို့က သူ့ကို တားဆီးလိုက်သည်။
"ရပ်လိုက်"
"မင်း ဘယ်သွားချင်တာတုန်း။"
"အဲ့မှာပဲ ရပ်လိုက်။"
ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့် အင်မော်တယ်သုံးယောက်က တူညီသည့်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။သူတို့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အဓိကတပည့်များ ဖြစ်ကြ၏။ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတွင် ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်သာ အဓိကတပည့်ဖြစ်နိုင်၏။
"အရှင် ပြီးပြည့်စုံခြင်းအင်မော်တယ်တို့"
ချီမင်က ရပ်တန်လိုက်သည်။သူက လောလောဆယ်တော့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းနှင့် ရန်ညိုးမထားချင်သေးပေ။ထို့ကြောင့် သူကလေးစားစွာဖြင့်ဦးညွှတ်လိုက်၏။"ဘာလို့ ကျွန်တော့်ကိုတားတာပါလဲခင်ဗျာ။"
"မိုးမြေထူးခြားဖြစ်စဉ်တွေက ကျိလိန်တောင်တန်းမှာပေါ်လာတယ်။ဂိုဏ်းအသီးသီးရဲ့ အရေးကြီးအဖွဲ့ဝင်တွေက ကျိလိန်တောင်တန်းကို မျက်ခြေမပြတ်စောင့်ကြည့်နေကြပြီး ချိတ်ပိတ်ထားတယ်။"
လေးထောင်မျက်နှာနှင့်အဓိကတပည့်တစ်ယောက်က လေသံခပ်နိမ့်နိမ့်ဖြင့်ပြောသည်။"ကျိလိန်တောင်ထဲက ထွက်ချင်တဲ့ဘယ်သူမဆို စစ်ဆေးခံဖို့လိုတယ်။"
"ပြီးတော့.."
"ငါတို့က မင်းအလျှင်လိုနေတာကိုတွေ့ရတယ်။အဲ့ဒါက တော်တော်သံသယဝင်စရာကောင်းနေတယ်။"
"မင်းရဲ့သိုလှောင်အိတ်ကို ပြစမ်း။"
"ဟုတ်တယ်။"
"မင်းရဲ့သိုလှောင်အိတ်ကို ထုတ်ပေးစမ်း။ငါတို့ကျိန်း သေပေါက်စစ်ဆေးရမယ်။ပြဿနာမရှိဘူးဆိုရင်တော့ မင်းသွားလို့ရတယ်။မဟုတ်ရင်တော့ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်။"
"အရှင်တို့သုံးယောက်က အရမ်းလေးနက်နေပါပြီ။"
ချီမင်က သူတို့ကို မငြင်းဆန်ပေ။သူက ပစ္စည်းစာရင်းထဲကနေ သိုလှောင်အိတ်တစ်အိတ်ကို သာမန်ကာလျှံကာ ထုတ်ယူလိုက်သည်။အရေးမပါ တန်ဖိုးမကြီးသည့် ပစ္စည်းအချို့သာရှိသည်။သူက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အဓိကတပည့်သုံးယောက်ထံသို့ လွှဲပေးလိုက်သည်။"ဒါက ကျွန်တော်ရဲ့သိုလှောင်အိတ်ပါ။ စစ်ရလောက်တဲ့အထိတန်ဖိုးကြီးတာမရှိပါဘူး။"
"စစ်ကြည့်ဖို့ တန်မတန်က ငါတို့နဲ့ပဲဆိုင်တယ်။"
လေးထောင့်မျက်နှာဖြင့် အဓိကတပည့်က ချီမင်၏လက်ထဲမှသိုလှောင်အိတ်ကို ယူလိုက်သည်။ သူ၏ တန်ခိုးစွမ်းအားဖြင့် အိတ်ကိုစစ်ဆေးကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။"မင်းမှာ ဒါပဲရှိတာလား"
"ထားလိုက်တော့။"
သူက သိုလှောင်အိတ်ထဲက ပစ္စည်းအားလုံးကို ယူလိုက်ပြီး သိုလှောင်အိတ်ကို အမှိုက်တစ်စအလားပြန်ပစ်ပေးလိုက်သည်။"မြန်မြန်ထွက်သွားတော့။ ငါရှေ့မှာ ထပ်မပေါ်လာနဲ့။"
ချီမင်က သိုလှောင်အိတ်ကို ဖမ်းလိုက်ကာ အနည်းငယ်မျက်မှောင်ကြုံ့လိုက်၏။သူက သိုလှောင်အိတ်ကို ဖမ်းလိုက်ပြီး ထိုသုံးယောက်ကို ထားကာ ထွက်သွားလိုက်သည်။
"နေဦး။"
ထိုအခိုက်တွင် သိမ်းငှက်နှာခေါင်းနှင့်ထိုလူက ချီမင်ကို အပြုံးတစ်ခုဖြင့် လှမ်းအော်လိုက်သည်။"ငါ မင်းရဲ့ပျံသန်းခြင်းနည်းစနစ်ကို အခုလေးတင် သတိထားလိုက်မိတယ်။ကြည့်ရတာ ငါပျောက်သွားတဲ့တစ်ခုနဲ့အရမ်းတူနေတယ်။မင်းရဲ့နည်းစနစ်ကို အမြန်ပြန်ပြောပြစမ်း။"
"ခင်ဗျားတို့တွေ စည်းကျော်နေပြီ။"ချီမင်က အသက်ပြင်းပြင်းရှုကာ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အဓိကတပည့်သုံးယောက်ကို အေးစက်စွာကြည့်လိုက်၏။"တခြားသူတွေကို အဆက်မပြတ်တွန်းအားပေးနေတာက ပြန်ခုခံချင်လာအောင်လုပ်နေတာပဲ။"
"ဟားဟားဟား..."
လေးထောင့်မျက်နှာနှင့်အဓိကတပည့်က လှောင်ပြောင်သည့်အမူအရာဖြင့် ကျယ်လောင်စွာရယ်မောလိုက်သည်။"တွန်းအားပေးတယ်?စည်းကျော်တယ်?မင်းက ငါတို့ အကြောင်းကိုပြောနေတာလား။"
"ငါတို့က ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့အဓိကတပည့်တွေပဲ။မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်အစောပိုင်းအဆင့်မှာလေ။ငါတို့အနိုင်ကျင့်တော့ရော ဘာဖြစ်လဲ။"
"မလိုတာတွေလုပ်မနေနဲ့။"သိမ်းငှက်နှာခေါင်းနဲ့လူက အသံနက်ကြီးဖြင့်ပြောလိုက်၏။"မြန်မြန်လုပ်။ ငါ့ကို မင်းရဲ့ပျံသန်းခြင်းနည်းစနစ်ကို ပြော။မဟုတ်ရင် မင်းသွားဖို့ကို စဉ်းစားမနေနဲ့တော့။"
"အဟွတ် အဟွတ်..."
နောက်ဆုံးအဓိကတပည့်က ချောင်းအနည်းငယ်ဟန့်ကာ ကြင်နာတတ်သည့်ဟန်ဖြင့် ပြောလာ၏။"မြန်မြန် ပြောလိုက်လေ။ရိုးရိုးသားသားပြောရရင် ဒါက မင်းကောင်းဖို့အတွက်ဘဲလေ။"
"ဘယ်လိုတောင်အံ့ဩဖို့ကောင်းတဲ့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းကအဓိကတပည့်လဲ။"
ချီမင်က စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။သူက ဒေါသမထွက်ပေ။သူ့မျက်လုံးထဲမှာတော့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အဓိကတပည့်သုံးယောက် သေသွားပြီဖြစ်သည်။
သူက ပြဿနာမတက်ချင်ပေမယ့် တခြားတစ်ဖက်ကတော့ သေဖို့တောင်းဆိုနေပြီဖြစ်သည်။ ချီမင်က ရွေးချယ်စရာ မရှိပေ။
" ရှေးဟောင်းအင်မော်တယ်မြို့တော်ရဲ့နယ်နိမိတ်ထဲမှာတော့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက ကြီးစိုးနေတာကြာပြီ။ခင်ဗျားတို့က တခြားဂိုဏ်းတွေအရေးမလုပ်တာနဲ့ပဲပိုပိုပြီး ရောင့်တက်လာတာပဲ။"
"ဟားဟား.."
"အဲ့တော့ ဘာဖြစ်လဲ"
"အရေးမပါတာတွေမပြောနဲ့။ကြည့်ရတာ ငါတို့သင်ခန်းစာမပေးမချင်း ကိုယ်နေရာကိုယ်သိမယ်ထင်တယ်။"
သိမ်းငှက်နှာခေါင်းဖြင့်အမျိုးသားက ချီမင်ကို တိုက်ခိုက်လိုက်သည်။သူက ညာဘက်လက်ကိုဆန့်ထုတ်ကာ ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ဓမ္မစွမ်းအားများကို လည်ပတ်လိုက်သည်။သူ့ခေါင်းထက်မှာ ကောင်းကင်၊မြေကြီးနှင့်လူသားပန်းတို့ပေါ်လာသည်။
အတော်လေး စွမ်းအားကြီးပါ၏။
"သေချင်နေတာပဲ။"ချီမင်က ခေါင်းခါကာ အသံနိမ့်နိမ့်ဖြင့် ပြော၏။"မင်းတို့ရဲ့ကံကောင်းမှုတွေက ကုန်သွားပြီ။"
"တာအိုသတ်ဖြတ်ခြင်းနည်းစနစ်"
ချီမင်က လက်ဝေ့ယမ်းကာ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကို သုံးလိုက်သည်။သူက လက်ချောင်းများကို ဓားသဏ္ဍာန်အသုံးပြုလိုက်သည်။ထိုလက်ချောင်းနောက်မှ ကောင်းကင်နှင့်မြေကြီးမဟာတာအိုက တွဲလျက်လိုက်ပါလာသည်။
ဓားလက်ချောင်းများက ကောင်းကင်ကို ဖြတ်တောက်သွားသည်။
မမြင်နိုင်သည့် လှိုင်းဂယက်လေးတစ်ခု ထသွားသည်။
ချက်ချင်းပဲ သိမ်းငှက်နှာခေါင်းဖြင့်သူ၏ ခေါင်းပေါ်မှပန်းသုံးပွင့်က ထိုလှိုင်းဂယက်ကြောင့် ကြွေလွင့်သွားသည်။တခြား အဓိကတပည့်နှစ်ယောက်က ထိုအရာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
"မဟုတ်ဘူး။"
သိမ်းငှက်နှာခေါင်းဖြင့်သူက ကြောက်လန့်တကြားအော်၏။ထိုအခိုက်တွင် သူ့ရဲ့ဓမ္မစွမ်းအားက ကျောက်ကွယ်သွားပြီး ကျင့်ကြံခြင်းကလည်း ပျောက်ကွယ်သွားတော့သည်။
သူကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်မှ မဟာယနအဆင့်သို့ ကျဆင်းသွားတော့သည်။သူ၏ကောင်းကင်နှင့်မြေကြီးဥပဒေသနားလည်မှုများလည်း ဆုံးရှုံးသွားပြီး မမှတ်မိနိုင်တော့ပေ။
"မဟုတ် မဟုတ်ဘူး။"
သူက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။"ငါ့ရဲ့အင်အား၊ဓမ္မစွမ်းအား၊ကျင့်ကြံခြင်းတွေ။မဟုတ်ဘူး။မဖြစ်နိုင်ဘူ။ ဒါအမှန်မဟုတ်ဘူး။"
"မင်း..မင်း.."
သူက ချီမင်ကို အလွန်အမင်းကြောက်ရွံ့စွာဖြင့်ကြည့်လိုက်သည်။"ဘာလဲ။မင်းဘာလုပ်လိုက်တာလဲ။"
သိမ်းငှက်နှာခေါင်းဖြင့်သူ၏ခေါင်းမှပန်းသုံးပွင့်က ကြွေလွင့်သွားတော့ သူက ဓမ္မစွမ်းအားများဆုံးရှုံးသွားပြီး ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်မှ မဟာယနအဆင့်သို့ ကျဆင်းသွားတော့သည်။
"ကျွန်တော်ပြောသားပဲ။ခင်ဗျားတို့ရဲ့ကံကောင်းမှုတွေ အဆုံးသတ်သွားပြီလို့။"
ချီမင်က လက်ဝေ့ယမ်းကာ မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို အသက်သွင်းလိုက်သည်။များပြားသည့် ကပ်ဘေးချီများ ထွက်လာသည်။ကောင်းကင်နှင့်မြေကြီးမဟာတာအို၏မြှင့်တင်မှုအောက်တွင် ထိုကပ်ဘေးချီက သိမ်းငှက်နှာခေါင်းဖြင့်သူကို ဖုံးအုပ်သွားသည်။
ထိုအခိုက်တွင် ကောင်းကင်လူသားကျဆင်းခြင်းငါးပါးထွက်လာသည်။
အင်မော််တယ်ခန္ဓာအတွင်းမှ ဓမ္မစွမ်းအားများထွက်လာသည်။
သူတို့ခန္ဓာကိုယ်တွေက သန့်စင်ပြီး အညစ်အကြေးကင်းစင်ပေမယ့် ကောင်းကင်လူသားကျဆင်းခြင်းငါးပါးရောက်လာတော့ သူတို့အဝတ်အစားတွေက အညစ်အကြေးများဖုံးလွှမ်းသွားပြီး ပြန်လည်သန့်စင်၍မရပေ။
ပထမကျဆင်းခြင်း:ညစ်ညမ်းခြင်း
အင်မော်တယ်များက မူလကသက်စောင့်စွမ်းအားများပြည့်နေတာဖြစ်၏။သူတို့ဆံပင်များက ချောမွေ့ပြီး ရုပ်ဆင်းအင်္ဂါက လှပကာ ခေါင်းကတောင် ရောင်ခြည်ထုတ်လွှတ်နိုင်သည်။သို့ပေသော်လည်း ကောင်းကင်လူသားကျဆင်းခြင်းငါးပါးရောက်လာရင် သူတို့ဆံပင်တွေက ဖြူလာသည်။ရောင်ခြည်များလည်း ပျောက်ကွယ်ကုန်သည်။
ဒုတိယကျဆင်းခြင်း:ဆံသားဖြူ
ထို့နောက် အတွင်းနတ်ဆိုးများမွေးဖွားလာသည်။သူတို့က စိတ်အနှောက်အယှက်ဖြစ်လာကာ သူတို့စိတ်များက အားနည်းချက်များပြည့်လာသည်။သူတို့က သတ်သေဖို့တောင်ဆန္ဒရှိလာကြသည်။
ထိုအရာက တတိယမြောက်ကျဆင်းခြင်း:စိတ်အားနည်းချက်ဖြစ်၏။
ချက်ချင်းပဲ သေမင်းချီနှင့်ညစ်ညမ်းချီက သူတို့ခန္ဓာကို ဖုံးအုပ်လာပြီး အသက်စွမ်းအင်များလည်း လျော့ကျလာသည်။သူ့ခန္ဓာက အသက်စွမ်းအင်ဆုံးရှုံးကာ ညိုးခြောက်နေသည့်အပင်တစ်ပင်၏မြင်ကွင်းအလားပင်။
ထိုအရာက လေးခုမြောက်ကျဆင်းခြင်း:ခန္ဓာဆွေးမြေ့ခြင်း
နောက်ဆုံးတော့ ငါးခုမြောက်ကျဆင်းခြင်းကျလာ၏။
ငါးခုမြောက်ကျဆင်းခြင်းရောက်လာရင် ရပ်တန့်လို့မရတော့ပေ။သေဖို့က ဧကန်မုချကိုဖြစ်မည်ဖြစ်၏။ကျဆင်းခြင်းအရှိန်အဝါများက သူ့ကိုဖုံးလွှမ်းပြီး မလွှတ်မြောက်နိုင်တော့ပေ။
ထိုအခိုက် ရုပ်ခန္ဓာ၊အနှစ်သာရဝိညာဉ်၊ဝိညာဉ်၊စစ်မှန်ဝိညာဉ်နှင့်အသိစိတ် အရာအားလုံးက ဖုန်မှုန့်ဖြစ်သွားတော့သည်။
ထိုအရာ ငါးခုမြောက် ကျဆင်းခြင်း:ဖျက်ဆီးခြင်းဖြစ်၏။
ကောင်းကင်လူသားကျဆင်းခြင်းငါးပါး...
ထိုအရာကငါးဆင့်ရှိကာ ကျရောက်လာပါက သေမိန့်အလားပင်။