အခန်း (၅၅၁-၅၅၃)
Vol. 12 Ch. 551-553
အခန်း ၅၅၁ မစားရတဲ့အမဲ သဲနဲ့ ပက်နေပြန်ပြီ။
သူ့နှာခေါင်းသူ လက်ညှိုးထိုးပြကာ သူမအား မယုံနိုင်စွာကြည့်လိုက်သည်။
“ဦးလေး”
လင်ချင်းယွမ် ရပ်တန့်၍ သူ့အား အကဲခတ်လိုက်သည်။
“မှားသွားလို့လားရှင့်။အသက်ဘယ်လောက်ရှိပြီလဲ မသိဘူး”
“နှစ်ဆယ့်ကိုး”
ချူယိရင်အုပ်ကို မြှင့်ကာ မျက်မှောင်ကြုတ်၍ ဖြေလိုက်သည်။
သူ ယခုနှစ်မှ ၂၉ ပြည့်မည်ဖြစ်ပြီး သူ့သခင်ထက် အလွန်ငယ်သည်။
မိဖုရားပင်လျှင် သူ့သခင်အား ဦးလေးဟု မခေါ်ခဲ့ဖူးပါ။ဒီမိန်းကလေးကျမှ သူ့ကို ရိုင်းပြနေသည်။
သူ့ကို အိုနေသလိုမျိုး ပြောဆိုနေပေသည်။
လင်ချင်းယွမ် မှ တုံ့ပြန်လိုက်သည်။
“ကျွန်မက ၁၅ နှစ်လေ။ဦးလေးက ၂၉ နှစ်ဆိုတော့...”
“ဦးလေး နဲ့ ကျွန်မ အကြား ၁၄ နှစ်ကွာတယ်ဆိုတော့ အဲ့လိုခေါ်တာ မမှားပါဘူး”
သူ ထိုသို့ပြောလိုက်သောအခါ အစားဘက် စိတ်ရောက်နေသော ချူကျီ နှင့် ချူကျူ ပင် သူ့အား အထင်သေးစိတ်များဖြင့် ကြည့်လိုက်သည်။
လင်ချင်းယွမ် နှုတ်ခမ်းတွန့်သွားသည်။
“ကျွန်မက သူများတွေကို ကိုကြီး လို့ ခေါ်တတ်တဲ့ အကျင့်မရှိပါဘူး။ပြီးတော့ ရှင့်အသက်အရွယ်နဲ့ဆို ကိုကြီးလို့ မခေါ်သင့်တော့ပါဘူး”
ချူယိ မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။သူ့ရင်ဘတ်အား ဆုပ်ကိုင်၍ သူမအား မျက်ထောင့်နီဖြင့်ကြည့်နေသော်လည်း မည့်သည့်စကားမျှ ဆက်မပြောပေ။
ထိုအရာကို လင်ချင်းယွမ်မြင်သောအခါ ယို့ယို့၏အခြားတစ်ဖက်ကို ရွှေ့ထိုင်လိုက်သည်။
“ဒီလူကြည့်ရတာ တစ်ခုခုမူမမှန်သလိုပဲ။ကြောက်စရာကြီး”
ဤသည်မှာ သူမ အမှန်တိုင်းပြောတာဖြစ်သည်။မုသားမပါပေ။
ချူယိမှာတော့ ချူကျီအား ပခုံးဖက်ကာ အလေးအနက်မေးနေသည်။
“ချူကျီ မှန်မှန်ပြောနော်။ ငါအဲ့လောက်အိုနေပြီလား”
ချူကျီမှ သူ့ကိုပင် မကြည့်ဘဲ တွန်းထုတ်လိုက်လေသည်။
ချူယိ သက်ပြင်းချ၍ ကျောက်ချန်ဘက်သို့လှည့်လိုက်သည်။
“တို့တွေ အသက်ကြီးနေပြီပဲကို ၊ ဝန်မခံနိုင်တာက သိပ်မသင့်တော်ဘူး”
ချူယိ : “...”
“ကိုယ် အိုတယ်ထင်ရင် ကိုယ့်ဘာသာဝန်ခံလေ။ကျုပ်ကိုတော့ ဆွဲမထည့်ပါနဲ့။ကျုပ် နဲ့ ခင်ဗျားက တူတာမဟုတ်ဘူး။ကျေးဇူးတင်တယ်”
ကျောက်ချန် စိတ်ကွက်ခြင်းမရှိပဲ
“သိပါတယ်။ မင်း ဇနီးတစ်ယောက်ရှာနေမှန်း။မပူနဲ့။တို့ပြန်ရောက်ရင် အရှင့်ကို ငါ့မင်းရဲ့ကောင်းစကားတွေ ပြောပေးမယ်”
သူ ကျောက်ချန်ကို ကြည့်ပြီးနောက် တောင်းတစိတ်များပေါ်လာသည်။
ဇနီးသည်လေးတစ်ယောက် လိုချင်တာကို ဘာလို့ ခက်ခဲနေရတာလဲ။
ချူယိ ထိုသို့တွေးနေရင်း သုန်မှုန်စွာဖြင့် အရက်တစ်ခွက်ပြီးတစ်ခွက် သောက်နေတော့သည်။
လင်ချင်းယွမ်သည် ချူကျူကို တံတောင်ဖြင့်တိုက်၍ ချူယိဘက်မေးငေါ့ပြကာ မေးလိုက်သည်။
“ဒီလူ တစ်ခုခုခေါင်းထိထားတာလား”
ချူကျူသည် ချူယိဘက် တစ်ချက်ကြည့်၍ ခေါင်းညိမ့်လိုက်သည်။
“ဟုတ်တယ်လေ”
ထိုသို့ပြောကာ ထထွက်သွားတော့သည်။
ဤသည်ကို မြင်သောအခါ လင်ချင်းယွမ်လည်း သူမ တူကိုချက်ချင်းချလိုက်သည်။
“ချူကျူ ၊ငါ့ကိုစောင့်အုန်း”
ချူယိ သူတို့နှစ်ယောက်စလုံးကို ကြည့်လိုက်သည်။သူနားလေးနေသည်ဟု ထင်နေကြ၍လား။ဘာကြောင့် ဤအကြောင်းအား ကျယ်ကျယ်လောင်လောင် ပြောရသနည်း။
“သူတို့ကမှ ကျပ်မပြည့်တာ အသိသာကြီး။မိန်းကလေးချင်းချင်း ဘာလို့အဲ့လောက်ချစ်ခင်နေရတာလဲ။ကြည့်ပါဦး။ပခုံးတွေပေါ် လက်တွေတင်လို့။အမြင်မတော်တာတွေ”
ကျောက်ချန် နှုတ်ခမ်းတွန့်သွားသည်။
“မစားရတဲ့ အမဲ သဲနဲ့ ပက်နေပြန်ပြီ။သူတို့က ဘာဖြစ်လို့တုန်း။ငါမြင်တာတော့ ပုံမှန်ပါပဲ။မင်းနှာခေါင်းနဲ့တွေးတိုင်း သူတို့နှစ်ယောက်ကို နှာခေါင်းကိစ္စ ဖြစ်နေတယ် မထင်နဲ့”
“ကောင်းပြီ ၊ကောင်းပြီ၊ ငါဘာမှမပြောလိုက်ဘူးပဲ မှတ်လိုက်တော့။ပြောလက်စနဲ့ ချူကျူလည်း မငယ်တော့ဘူးနော်။သူ့အတွက်လည်း လင်ကောင်းသားကောင်းရှာပေးလိုက်ဦး။မင်းက သူ့ခေါင်းကိုင်အဖေလေ”
ထိုစကားကြားရသောအခါ ကျောက်ချန်စိတ်ပူသွားရသည်။
အမျိုးသမီးများသည် အမျိုးသားများနှင့်မတူ။ချူကျူမှာ ယခုနှစ်ဆို ၁၈ နှစ်ပြည့်ပြီ ဖြစ်သည်။သူမသည် သတို့သမီးကောင်းအရွယ်ကို ကျော်နေပြီပင်။မကြာခင် လက်မထပ်ပါက လင်ကောင်းသားကောင်း ရရန် ခက်ခဲပေလိမ့်မည်။
သူ၏ဝိုင်ခွက်ကိုယူကာ ချူယိ၏ခွက်နှင့် တိုက်လိုက်၍ တစ်ကျိုက်တည်း ကုန်အောင် သသောက်ချလိုက်သည်
အခန်း ၅၅၂ သူမ ရင်ပူနေတာကို ငြှိမ်းလိုက်ရတယ်
“ချူယိရေ အဲ့ကိစ္စအတွက်တော့ မင်းရှိနေတာ ငါဝမ်းသာတယ်။ချူကျူကို ကြည့်ပါဦး။ရုပ်လည်းချော ကိုယ်လုံးလည်းလှတယ်။ပြီးတော့ သာမန်မိန်းမတွေလို ပျော့ပျော့ညံ့ညံ့လည်း မဟုတ်ဘူး။တိုက်ရည်ခိုက်ရည်ရော အချက်အပြုတ်ပါ ကောင်းတယ်။မင်းသာ သူ့ကို လက်ထပ်မယ်ဆို မယားကောင်းရတာပဲ”
ကျောက်ချန် ခွက်ကို ချလိုက်ကာ ချူယိအား အလေးအနက် ပြောလိုက်သည်။
အဟွတ်။
ချူယိ အစာနင်ချင်သွားသည်။
သူ ကျောက်ချန်ကို ကြည့်ကာ မည်သို့ပြောရမည်မှန်း မသိ ဖြစ်နေသည်။
“ချူကျူက တိုက်ရည်ခိုက်ရည်ကောင်းတယ်ဆိုပြီး ကြော်ငြာနေတာက ဟုတ်ပါပြီ။ဒါပေမယ့် သူက အချက်အပြုတ်ကောင်းတယ်။ ချူကျူ့ကို လင်ကောင်းသားကောင်းရစေချင်တယ်ဆိုရင်တောင် အဲ့လို အလိမ်အညာတွေ လျှောက်ပြောတာချည်းတော့ မလုပ်ပါနဲ့”
ကျောက်ချန်မှာ မခံမရပ်နိုင်ဖြစ်ကာ
“အခုတော့ အချက်အပြုတ် မကောင်းသေးဘူးပေါ့လေ။လက်ထပ်ပြီးရင်တော့ သင်လို့ရတာပဲမလား”
ချူယိ သူ့ကို မသိချင်ယောင်ဆောင်နေလိုက်တော့သည်။
ချူယိ အလွန် မိန်းမယူချင်နေသည် ဆိုဦးတော့။ယောက်ျားလျာတစ်ယောက်ကိုတော့ လက်ထပ်ဖို့ သူ မစဥ်းစားဖူးပါ။သူ အဲ့လောက်တော့ အောက်တန်းမကျပါ။
ချူယိ မည်သို့မျှ နားဝင်မည်မဟုတ်မှန်း ကျောက်ချန်နားလည်သွားသဖြင့် ချူကျီဆီသို့ အာရုံစိုက်လိုက်သည်။ချူကျီစားသောက်နေသေးသည်ကို မြင်သဖြင့် အသားလုံးကြော်တစ်ခုအား တူဖြင့်ယူလိုက်၍ ချူကျီအား စေတနာဖြင့် ကြည့်လိုက်သည်။
ချူကျီသည် ကျောက်ချန်ထည့်ပေးသော အသားလုံးကို ဖယ်ထုတ်လိုက်ပြီး ကျောက်ချန်အား ခဏတာ စူးစိုက်ကြည့်လိုက်သည်။
“မင်း ဘာမှမသိပဲနဲ့၊ကောင်လေးရ။ချူကျူက မင်းထက် အသက်နည်းနည်းကြီးတယ်ဆိုပေမယ့် သူ့ကိုသာ မင်းလက်ထပ်မယ်ဆို ပျော်စရာအိမ်ထောင်ဘဝကို ပိုင်ဆိုင်...”
ကျောက်ချန် စကားမဆုံးခင်မှာပင် အသံကျယ်တစ်သံနှင့်အတူ ချူကျီ သူ့တူအား စားပွဲပေါ် ရိုက်ချလိုက်ကာ ခုံမှ ထသွားသည်။
သူတို့ရှေ့မှာ ပစ္စည်းကောင်းချပေးတာတောင် ယူရကောင်းမှန်း မသိတဲ့ နှစ်ယောက်ပဲ။
ထိုစဥ် လုလျန့်ဝေ ထိုင်နေသောခုံတွင် လုံယန်သည် အရက်စည်အား ကုန်စင်အောင် သောက်လိုက်ကာ ခုံပေါ်သို့ တင်လိုက်သည်။ သူသည် အရက်စည်ကို အလောတကြီးသောက်နေသော ဝူဟောက်မင်ကိုပင် စကားပြောလိုက်သေးသည်။
“ဖြေးဖြေးသောက်ပါ လူကြီးမင်းဝူရဲ့ ။အဲ့လောက်လောစရာမလိုပါဘူး”
ထိုစကားကြားသောအခါ ဝူဟောက်မင်ခဏရပ်သွားသော်လည်း မည်သို့မျှ ပြန်မပြောပဲ ဆက်၍သောက်နေလေသည်။
လုလျန့်ဝေ သူ့အား ဆွဲ၍ကြည့်လိုက်သည်။သူ့ကို ကြည့်ရသည်မှာ ဝိုင်တစ်စည် မသောက်ရသေးခင်က အတိုင်းပင် ရုပ်တည်ဖြင့် ရှိနေသည်။သူသောက်လိုက်သည်မှာ ဝိုင်မဟုတ်ဘဲ ရေ ဟု ထင်ရသည့်အလား ငြိမ်သက်နေပေသည်။လုလျန့်ဝေ သူ့ကို အနည်းငယ် အထင်ကြီးမိသွားသည်။
မင်းကြီး အရက်အလွန်သောက်နိုင်သည်ဟု သူမ အစ်ကိုပြောခဲ့သည်မှာ အပိုစကားမဟုတ်မှန်း သူမ နားလည်သွားသည်။
ထို့အပြင် သူသောက်နေစဥ်တွင်လည်း အရက်တစ်စက်မျှ မဖိတ်ကျမှန်း သူမ သတိထားမိသေးသည်။သူသောက်နေပုံမှာ အလွယ်ကလေးနှင့် ကျက်သရေပင် ရှိနေသည်။ဦးလေးဝူမှာမူ နှစ်နှစ်ခြိုက်ခြိုက် သောက်နေသော်လည်း အလျင်စလိုဖြင့် မနည်းသောက်နေရဟန် ပေါ်သည်။
လုလျန့်ဝေ လန့်သွားသော်လည်း ထိုသူ့ပါးစပ်တွင် ဝိုင်းအစွန်းအထင်းများ ပေကျံနေသဖြင့် သူမ လက်ကိုင်ပဝါကလေးဖြင့် သုတ်ပေးလိုက်သည်။သူမ လေသံတိုးကာ ငြီးလိုက်သည်။
“ဘာလို့ ကိုယ့်ကိုယ်ကို ဂရုမစိုက်တာလဲ။အဲ့လောက် အများကြီးသောက်ရင် ကျန်းမာရေး ထိခိုက်တာကို”
သူမ အလိုအလျောက် ပြောဆို ပြုမူလိုက်သော်လည်း သူမ အပြုအမူမှာ မည်မျှပင် ကြင်နာဟန်ပေါ်နေသည်ကို ဂရုမပြုမိလိုက်ပါ။
လုံယန်၏မျက်လုံးများထဲတွင် ပျော်ရွှင်ရိပ်ကလေးများ သန်းသွားသည်။သူ့စိတ်အလွန်ကောင်းမွန်သွားကာ သူ့နှုတ်ခမ်းတွင် အပြုံးပေါ်လာသည်။သူ့အရှေ့မှာ မိန်းကလေးအားကြည့်ကာ သူမပေါင်ပေါ်မှ လက်ကလေးအား ဆွဲယူလိုက်သည်။သူ အသံပျော့ကာ မေးလိုက်သည်။
လုံယန်၏နှုတ်ခမ်းမှာ ပြုံးနေကာ သူမအား ခဏမျှ အလွန်စူးစိုက်ကာ ကြည့်နေပြီးနောက် သူ့မျက်လုံးများကို လွှဲလိုက်တော့သည်။
“မင်းကြီး ရဲ့ အရက်သောက်နိုင်စွမ်းကို ကျွန်တော်မျိုး အလွန်အံ့သြ ချိီးကျူးမိပါတယ်။မင်းကြီး တစ်ခွက်လောက် သောက်တော်မူနိုင်ပါသေးလား”
လုံယန်သည် လုလျန့်ဝေဆီမှ လက်ဖက်ရည်ခွက်ကို ယူ၍ လုထင်ချန်းဆီ မြှောက်ကာ ပြုံးရယ်ရင်း ပြောလိုက်သည်။
“သင်ကိုယ်တိုင်လည်း အသောက်ကောင်းသူပါပဲ။ဒါပေမယ့် ဒီနေ့တော့ ကျုပ် အသောက်များသွားပြီ။နောက်နေ့ ဆက်ကြတာပေါ့”
“မင်းကြီး ဘယ်ဆိုးလို့လဲ ။အတော်လေး သောက်နိုင်တယ်။ မထင်ခဲ့ဘူး”
လုံယန်မှ ယောက္ခမတော်ဟု ခေါ်လိုက်၍ လင်းလီဟွား အနည်းငယ်ရှက်သွားသည်။သူမ ချောင်းဟန့်လိုက်၍
လုထင်ချန်းမှာ သူ့အမေမှ လုလျန့်ဝေကိုသာ အာရုံစိုက်နေသဖြင့် မကျေနပ်ဖြစ်နေသည်။ညီမဖြစ်သူအား မနာလိုဖြစ်ကာ သူ့အမေရှေ့သို့ ပန်းကန်ပေးလိုက်သည်။
“အမေကလည်း ကျွန်တော့်ကိုလည်း ပေးပါဦး”
အခန်း ၅၅၃ ညဘက်တော့ နှာခေါင်းသွေးလျှံတော့မှာပဲ။
လင်းလီဟွားသည် သူမ၏ သားခန့်ချောကြီးအား ရပ်၍ကြည့်လိုက်သည်။ခဏမျှတွေးပြီးနောက် သူမတူဖြင့် သမင်သားတစ်ဖတ် ထည့်ပေးလိုက်သည်။
“သမင်သားက မင့်အတွက်ကောင်းတယ်။စား”
လုထင်ချန်းသည် သူပန်းကန်လုံးထဲမှ သမင်သားကို တူဖြင့်တို့ကာ နားမလည်ဟန် မေးလိုက်သည်။
“ဘာလို့ သားအတွက် သမင်သားက ကောင်းရတာလဲ”
“ယောက်ျားလေးမို့လို့လေ”
ဟုဆိုကာ လင်းလီဟွား ပြုံးပြလိုက်သည်။
လုထင်ချန်းလည်း သူမ၏အပြုံးနောက်တွင် တစ်ခုခု မူမမှန်သည်ကို သတိထားမိလိုက်သည်။
လုလျန့်ဝေ ဘေးတွင် ထိုင်နေသော ဧကရာဇ်အား ကြည့်ကာ တူအသစ်တစ်ချောင်းကို ယူ၍ သမင်သားတစ်ဖတ် ထည့်ပေးလိုက်သည်။
“မင်းကြီး၊အမေ့ပြောတာက သမင်သားက ယောက်ျားတွေအတွက် ကောင်းတယ်တဲ့ ။မင်းကြီးလည်း သုံးဆောင်ပါဦး”
လုံယန်နှုတ်ခမ်းစွန်းများ တွန့်သွားသော်လည်း သူမငြင်းလိုက်ပါ။
သို့ရာတွင် လုထင်ချန်း သမင်သားယူရန်ပြင်ချိန်တွင် အတားခံလိုက်ရသည်။
သူ့တူကို ဟန့်တားသူမှာ သူ့အမေဖြစ်နေ၍ အံ့အားသင့်သွားကာ မေးလိုက်သည်။
လင်းလီဟွား လည်ချောင်းရှင်းကာ အလေးအနက် ပြောလိုက်သည်။
“မင်းကြီးက ကျန်းမာရေးကောင်းပြီးသားဆိုတော့ ဘာဖြည့်စွက်စာမှ မလိုဘူး။သမင်သားစားလိုက်ရင် တန်ဆေး လွန်ဘေး ဖြစ်သွားလိမ့်မယ်။မင်းသာ များများစား”
ထိုသို့ပြောကာ သမင်သားပန်းကန်အား လုထင်ချန်းထဲသို့ ထည့်ပေးလိုက်သည်။
“ငါ့သားက ကြည့်တော့ သန်မာတာ ကိုယ်တွင်းမှာ အားနည်းနေတယ်။အဲ့တော့ မင်းပဲ သမင်သားစားလိုက်”
လုလျန့်ဝေမှာ သူ့အမေစကားကြားသောအခါ ကြက်သားနင်သွားသည်။
လင်းလီဟွား မမြင်ချင်ယောင်ဆောင်ကာ သူမစိတ်ထဲ ရယ်လိုက်သည်။
ထိုသို့တွေးပြီးနောက် လုထင်ချန်းအား ကြင်နာစွာကြည့်ကာ သူ၏တောင့်တင်းသော ကျောကုန်းလေးများကို ပွတ်သပ်ပေးလိုက်ပြီး လေးနက်စွာ အကြံပေးလိုက်သည်။
“မင်းခန္ဓာက အားနည်းနေတယ်။အားသာမမွေးရင် နောက်ဆို ဘယ်မိန်းကလေးမှ မင်းကိုကြိုက်မှာ မဟုတ်ဘူး”
“အမေကလည်း အမေအထင်မှားနေတာနေမှာပါ။ကျွန်တော် အဲ့လောက် ကြံ့ခိုင်သန်မာနေတာကို”
လင်းလီဟွားသည် သူမသားအား သွေးကြောစမ်းဟန်ပြုကာ
“အထဲမှာ ဖြစ်နေတာဆိုတော့ အပြင်ကနေ ဘယ်မြင်ရပါ့မလဲ။မပူပါနဲ့ ။အမေ သားကို ပြုစုပေးမယ်”
ပြော၍ သမင်သားတစ်ပန်းကန်လုံးအား သူမသားထံပေးလိုက်သည်။
“ကုန်အောင်စားနော်။မဟုတ်ရင် အေးသွားပြီး နံကုန်လိမ့်မယ်”
လုထင်ချန်းမှာ အူတူတူဖြင့် သမင်သားကို စားနေသည်။သူ အဲ့လောက်ပင် အားနည်းနေသည်လား။
သူ့အမေပြောစကားကို တွေးရင်း သမင်သားနောက်တစ်ဖတ်ကို ပါးစပ်ထဲသို့ထည့်လိုက်သည်။
လုလျန့်ဝေ ရယ်ချင်စိတ်ကို မြိုသိပ်လိုက်ရသည်။သူမအစ်ကိုအား အမေက ထိုသို့စနောက်နေသည်မှာ ဖြစ်သင့်ပါရဲ့လား။
သူမအစ်ကိုအား သူမ သွေးကြောစမ်းဖူးသည်။သူမအစ်ကိုမှာ သူမအမေပြောသကဲ့သို့ ကိုယ်တွင်းအားနည်းမနေဘဲ အလွန် ကျန်းမာသူဖြစ်သည်။
သူမခေါင်းအားဝှက်၍ခါလိုက်သည်။အဲ့လောက်သမင်သား အစားများပြီး သူမအစ်ကို ညကျ နှာခေါင်းသွေးလျှံတော့မည်။
“ငါအိုနေတာ ငြင်းမရတော့ဘူး။နည်းနည်းပဲ သောက်ရသေးတယ်။ဆက်မသောက်နိုင်တော့ဘူး။ငါငယ်ငယ်ကလိုသာဆို အရက်နှစ်စည်ဆိုတာ မဆိုသလောက်ပဲ”
သမင်သားဝါးနေရင်းပင် လုထင်ချန်း ဗလုံးဗထွေး ပြောလိုက်သည်။
“ဦးလေးဝူရဲ့ အရက်သောက်နိုင်စွမ်းက ဒီလောက်ကောင်းပြီးသားကို။ဦးလေးကို နိုင်တဲ့သူ သိပ်မရှိဘူး”
“နောင်တစ်ချိန်ပေါ့ ဦးလေးရယ်။ကျွန်တော်မျှော်နေပါ့မယ်”
ဧကရာဇ်သည် ရုပ်သာချော၍ အသောက်မကောင်းသူဟု သူထင်ထားခဲ့သည်။
မင်းကြီးအား အရှက်ရစေချင်ခဲ့သော်လည်း အမှန် အရှက်ရသွားသူမှာ သူသာဖြစ်ခဲ့သည်။
လူတစ်ယောက် အရက်သောက်ပုံသည် ထိုသူ့၏စရိုက်အပေါ်တွင် မူတည်သည်။အရက်သောက်ခြင်းကို ဆင်ခြေပေးကာ ဝေဝေတစ်ယောက်နောင်တွင် အိမ်ထောင်ရေးအဆင်မပြေမည်ကို စိုး၍ မင်းကြီး၏ စရိုက်အစစ်မှန်အား စမ်းသပ်ခြင်းဖြစ်သည်။
သို့ရာတွင် အံ့အားသင့်စရာကောင်းစွာ မင်းကြီးမှာ အရက်သောက်နိုင်ရုံသာမက အရက်သောက်ရာတွင်လည်း ယဉ်ကျေးမှု ရှိကြောင်းတွေ့ရပေသည်။