အခန်း (၃၂၆)
Vol. 12 Ch. 326
[ ထိုည ။]
ကောင်းကင်နဂါးချောက် မှ နတ်ဆိုးကျင့်ကြံသူများသည် ကျောက်မိုဂိတ် သို့ ရောက်ရှိပြီး ၎င်း၏ ကာကွယ်ရေးဂိုဏ်းဖွဲ့စည်းမှုအစီအရင်အား ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
ယဲ့ယွီ သည် လေထဲတွင် ငြိမ်သက်စွာ ပေါ်လောနေသည်၊ သူ့မျက်နှာအမူအရာက ရေခဲတုံးသဖွယ် တည်ငြိမ်သော်လည်း သူ့နှလုံးသားမှာ စိတ်လှုပ်ရှားမှုဖြင့် ပြင်းထန်စွာ ဗြောင်းဆန်အောင် ခုန်နေသည်။
ဒီတိုက်ပွဲအပြီးမှာ ကောင်းကင်နဂါးချောက် မှ ကျင့်ကြံသူများသည် အလွန်အကျူး ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိကြလိမ့်မည်။
လုံးဝ အသက်များ ပျက်စီးသွားခြင်း သုတ်သင်ခံရခြင်းပင် ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ကျောက်မိုဂိတ် ၏ ဂိုဏ်းခေါင်းဆောင်သည် ဆန်းကျယ်နတ်ဆိုး အဆင့် ဖြစ်ပြီး ကောင်းကင်နတ်ဆိုး အဆင့်ထက် တစ်ဆင့်မြင့်သည်။
ပူဟောက်ယန် က သူ့ကို ဖျက်ဆီးရန် လျှို့ဝှက်လက်နက် တစ်ခု ရှိသည်ဟု ဆိုသော်လည်း…
ယဲ့ယွီ က ဆန်းကျယ်နတ်ဆိုး အဆင့် ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် သူတို့၏ အဆင့်အတန်းကြောင့် သူတို့တွင်လည်း အင်အားပြင်းထန်သော ကိုယ်ပိုင် လျှို့ဝှက်လက်နက် များ ရှိရမည်ဟု ယုံကြည်သည်။
ကျောက်မိုဂိတ် မှ သက်ကြီးဘိုးဘေးဝိညာဉ်များ၏ ခွန်အား—သူတို့သည် ကောင်းကင်နဂါးချောက် မှ သက်ကြီးဘိုးဘေးဝိညာဉ်များထက် ပိုမိုထက်မြက်ကာခိုင်မာသည်—နှင့် ပေါင်းစပ်လိုက်လျှင် ဒီတိုက်ပွဲသည် မည်သို့ပင် ကြည့်စေကာမူ အနိုင်ရရန် မဖြစ်နိုင်ပေ။
ရလဒ်က ကြိုတင်ဆုံးဖြတ်ပြီးသား ဖြစ်သည်၊ သိပ်တွက်ချက်နေစရာပင် မလိုအပ်ပေ။
ကောင်းကင်နဂါးချောက် မှ ကျင့်ကြံသူများသည် ယဲ့ယွီ ၏ ပိုမိုကြီးမားသော စွမ်းအားလမ်းကြောင်းပေါ်တွင် ခြေနင်းခုံများ ဖြစ်လာလိမ့်မည်။
“အဖွဲ့ဖော်မဟာမိတ်တွေကို ပေးဆပ်ခိုင်း၊ အကန့်အသတ်မရှိ စွမ်းအားကိုရယူလိုက် !”
“အဖော်နတ်ဆိုးကျင့်ကြံသူတို့၊မိုးစက်မိုးပေါက်တွေ မြေပေါ်ကိုဆင်းသလိုမျိုး မကြောက်ဘဲ ရှေ့သို့ ချီတက်ကြပါ။ ငါ မင်းတို့အားလုံးအတွက် မရရအောင် လက်စားချေ ပေးမယ်။"
သို့သော် သူ၏ စိတ်လှုပ်ရှားမှုကြားတွင် မေးခွန်းတစ်ခု က ယဲ့ယွီ ကို အနှောင့်အယှက်ပေးနေသည်။
ဘာလို့ သူတို့ ကောင်းကင်နဂါးချောက်ဂိုဏ်း က ကျောက်မိုဂိတ် ကို ဒီလောက် အပြင်းအထန် တိုက်ခိုက် နေသော်လည်း၊ သူတို့၏ ကာကွယ်ရေးဂိုဏ်းအတားအဆီးကိုပင် ဖျက်ဆီးနေသော်လည်း…
ကျောက်မိုဂိတ် မှ တစ်ဦးတစ်ယောက်မျှ ပြန်လည်တိုက်ခိုက်ရန် ရှေ့သို့ မတက်လှမ်းခဲ့တာလဲ?
သူတို့၏ ကာကွယ်ရေးဖွဲ့စည်းမှုကို ဖျက်ဆီးခံရသည်ကို အချည်းနှီး ကြည့်နေကြတော့မလား?
ကျောက်မိုဂိတ် ၏ ရှေ့ဆုံးတွင် ပူဟောက်ယန် က သူ၏ လက်ဖြင့် ဟန်းဆိုင်း ပုံစံအမျိုးမျိုး ဖော်ဆောင်သည်။ သူ၏ နောက်ကွယ်တွင် ပေထောင်ချီမြင့်သော နတ်ဆိုးဘုရင် ၏ အရိပ်တစ်ခု ပေါ်လာသည်။
ခရမ်းရောင် နတ်ဆိုးပုံစံများက ၎င်း၏ ခန္ဓာကိုယ်တစ်လျှောက်တွင် ကောင်းကင်ဘုံကိုပင်ဝါးမျိုတော့မလားထင်ရအောင် တောက်ပနေသည်။
ပြင်းထန်သော ဟိန်းသံနှင့်အတူ အရိပ်သည် နားကွဲမတတ် အသံလှိုင်းများ ကို ထုတ်လွှတ်သည်၊ ၎င်းတို့သည် ကျောက်မိုဂိတ် ၏ ကာကွယ်ရေးဖွဲ့စည်းမှုတစ်လျှောက် ဆူနာမီရေလှိုင်းများပမာ ရိုက်ခတ်ကာ လှိုင်းထနေသည်။
ခဏအကြာတွင် နတ်ဆိုးဘုရင်အရိပ်၏ လက်သီးများသည် အလွန်တောက်ပသော အလင်း ကို စုစည်းသည်။
အားကုန် တိုက်ခိုက်လိုက်သည်နှင့်—
ဂိုဏ်း၏ ကာကွယ်ရေးဖွဲ့စည်းမှုသည် ချက်ချင်း ကြေမွသွားသည်။
နတ်ဆိုးဘုရင်၏ အရိပ်သည် လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ပူဟောက်ယန် ၏ မျက်နှာသည် သေမတတ် ဖြူဖျော့သွားသည်၊ တိုက်ခိုက်မှု၏ ပင်ပန်းနွမ်းနယ်မှု ကြောင့် သိသိသာသာ အားကုန်နေသည်။
သို့တိုင် ဒီအခြေအနေတွင် နားရန် အချိန်မရှိပေ။ သူ၏ လက်ကို မြှောက်တင်ပြီး ကျယ်လောင်စွာ အော်လိုက်သည်:
“ ကောင်းကင်နဂါးချောက် အတွက်!”
ဒါကို ကြားလိုက်သောအခါ ယဲ့ယွီ ၏ မျက်နှာအမူအရာက ထူးဆန်း သွားသည်။
“သီဟတင်စိုးကားကြည့်နေရသလိုပဲ ဒါကငါ့လူမျိုးအတွက် ဒါကငါ့မိန်းမအတွက်နဲ့?”
သို့တိုင် ဒါက ထိရောက် တယ်။
ကောင်းကင်နဂါးချောက် မှ ကျင့်ကြံသူများသည် ကျောက်မိုဂိတ် ထဲသို့ ဝင်ရောက်တိုက်ခိုက်နေသည်ကို ကြည့်ရင်း ယဲ့ယွီ ၏ နှုတ်ခမ်းများ ကွေးညွှတ်ပြီး ပြုံးလိုက်သည်။
စိတ်ထဲတွင် သူသည် ဝင်ရောက်လာမည့် နတ်ဆိုးစွမ်းအင်ကို စုပ်ယူရန် ပြင်ဆင်ပြီးသား ဖြစ်သည်။
“လာပါ၊ မြန်မြန်သေကြပါတော့။"
သို့သော် မျှော်လင့်ထားသော စွမ်းအားလှိုင်းလုံးက မရောက်လာခဲ့ပေ။
အစားထိုးအနေဖြင့် ကောင်းကင်နဂါးချောက် မှ ကျင့်ကြံသူများသည် မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ ရှေ့သို့ ချီတက်သည်၊ သူတို့သွားရာလမ်းတစ်လျှောက် ရန်သူနတ်ဆိုးများကို လယ်သမားများ ကောက်ပင်ရိတ်သည့်ပမာ သတ်ဖြတ်ကြသည်။
တစ်ချိန်တစ်ခါက သူတို့သည် အစောင့်အရှောက်မဲ့ တောကြီး တစ်ခုထဲ အပျော်အမဲလိုက်ရင်း လျှောက်သွားနေသကဲ့သို့ ဖြစ်နေသည်။
ကျောက်မိုဂိတ် မှ တပည့်များသည် မည်သည့် ခုခံမှုမျှ မလုပ်နိုင်ကြ။
ဂိုဏ်း၏ တံခါးဝမှ ပင်မခန်းမသို့ ချီတက်မှုသည် အမွှေးတိုင်တစ်တိုင် မီးလောင်ရုံမျှ အချိန်သာ ကြာမြင့်ခဲ့သည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သေဆုံးနေသည့် အလောင်းများအားလုံးသည် ကျောက်မိုဂိတ် မှ ဖြစ်သည်။
ဒီမြင်ကွင်းက ယဲ့ယွီ ကို လုံးဝ မယုံနိုင်စရာ ဖြစ်စေသည်။
“အခိုင်မာဆုံးဂိုဏ်းဆိုတာ ဒီလောက် လွယ်လွယ်ကူကူ ကျဆုံးတာလား?”
“သူတို့ ငါ့ကိုမျက်ခွက်ပြောင်နေတာလား ?"
ဒါကို လက်မခံနိုင်ဘဲ ယဲ့ယွီ သည် သူ၏ အနေအထားကို ပြောင်းလဲပြီး ကျောက်မိုဂိတ် ထဲသို့ ဝင်ရောက်သွားသည်။
ခဏကြာ စောင့်ကြည့်ပြီးနောက် သူသည် ပြဿနာကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိလိုက်သည်။
ကျောက်မိုဂိတ် အတွင်းတွင် ဘေးဒဏ်ကို ကျော်လွှားခြင်း အဆင့်ထက် မြင့်သော နတ်ဆိုးကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
ကျန်ရှိနေသည်မှာ အဆင့်နိမ့် တပည့်များသာ ဖြစ်သည်။
ကောင်းကင်နဂါးချောက် မှ သက်ကြီးဘိုးဘေးဝိညာဉ်များ၏ တိုက်ခိုက်မှုအောက်တွင် သူတို့သည် မည်သည့် ထိရောက်သော ကာကွယ်မှုမျှ မလုပ်နိုင်ဘဲ ခြင်းထဲကကြက်များပမာ ထိတ်လန့်တကြား ထွက်ပြေးနေကြသည်။
ယဲ့ယွီ သည် သူ၏ မျက်ခုံးများကို နက်ရှိုင်းစွာ တွန့်လိုက်သည်။
“ဒီမှာ ဘာတွေဖြစ်နေတာလဲ?”
“ ကျောက်မိုဂိတ် မှ အဓိက ကျင့်ကြံသူများအားလုံး ဘယ်ရောက်သွားကြတာလဲ?"
သူတို့ ပူဟောက်ယန် နှင့် တိုက်ခိုက်ခဲ့စဉ်က ထိုသက်ကြီးဘိုးဘေးဝိညာဉ်များအားလုံးသည် ကြီးမားသော စွမ်းအား ဖြင့် တိုက်ခိုက်ခဲ့ကြသည်။
ဘာလို့ သူတို့သည် ယခု ကြောက်တတ်သူများ ကဲ့သို့ ပုန်းနေကြတာလဲ?
သူတို့သည် ပုန်းအောင်းနေပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်နေတာလား?
ထိုအတွေးသည် သူ၏ စိတ်ထဲသို့ ဖြတ်သန်းသွားသည်နှင့် ယဲ့ယွီ သည် ၎င်းကို ချက်ချင်း ပယ်ချလိုက်သည်။
လွှမ်းမိုးသော ခွန်အားကို ဆန့်ကျင်လျှင် အစီရင် ပုံစံများ၊ လှည့်ကွက်များအားလုံးသည် အဓိပ္ပာယ်မဲ့ သည်။
ထို့အပြင် ကျောက်မိုဂိတ် တွင် ကောင်းကင်နဂါးချောက် ကို လုံးဝ ချေမှုန်းနိုင်သော စွမ်းအားရှိသည်။
ဘာလို့ ဒီလို တွန့်ဆုတ်ခြင်း နှင့် အချိန်ကုန်ခံနေရတာလဲ?
ဒါက အဓိပ္ပာယ်မရှိ ဘူး!
တစ်နာရီ အကြာတွင်။
ကျောက်မိုဂိတ် သည် လုံးဝ သိမ်းပိုက်ခံလိုက်ရသည်။
ကောင်းကင်နဂါးချောက် မှ ကျင့်ကြံသူများသည် ဝမ်းမြောက်စွာ အော်ဟစ်နေကြသည်။
သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ကျောက်မိုဂိတ် ကို ဒီလောက် လွယ်ကူသော အောင်ပွဲ ကို မမျှော်လင့်ခဲ့ကြပေ။
သူတို့၏ နှလုံးသားများသည် အောင်ပွဲခံခြင်း၏ ပျော်ရွှင်မှု ဖြင့် ပြည့်နှက်နေသည်။
ပူဟောက်ယန် အနေဖြင့် သူသည် ကျောက်မိုဂိတ် ၏ ပင်မခန်းမရှေ့တွင် ရပ်နေသည်၊ ကြီးကျယ်ခမ်းနားမှု ခံစားချက်က တိုးလာပြီး လုံးဝ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။
ထိုအချိန်တွင် သူသည် နောက်ဆုံးတွင် အပြစ်ကင်းစင်ကြောင်း ခံစားလိုက်ရသည်။
တစ်ချိန်တည်းတွင် ယဲ့ယွီ သည် နောက်ပိုင်း ဝိညာဉ်ပုံသဏ္ဌာန်(ဝိညာဉ်သန္ဓေတည်) အဆင့်မှ ဝိညာဉ်ပုံသဏ္ဌာန် ထိပ်ဆုံး အဆင့်သို့ ထိုးဖောက်သွားခဲ့သည်။
အကြောင်းရင်းလား? ကံမကောင်းသော ကောင်းကင်နဂါးချောက် မှ ကျင့်ကြံသူအနည်းငယ်သည် ရန်ပွဲအတွင်း သေဆုံးခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒါက အသေးအဖွဲ အကျိုးအမြတ် ဖြစ်သည်။
သို့တိုင် ဒီသေးငယ်သော တိုးတက်မှုက သူ၏ မျှော်လင့်ချက်များနှင့် ဝေးကွာနေသေးသည်။
စိတ်ပျက်လက်ပျက်ဖြင့် ယဲ့ယွီ သည် ဖမ်းမိထားသော ကျောက်မိုဂိတ် တပည့်တစ်ဦးထံ ချဉ်းကပ်ပြီး ပြင်းပြင်းထန်ထန် တောင်းဆိုသည်:
“မင်းတို့ဂိုဏ်းရဲ့ ဘေးဒဏ်ကို ကျော်လွှားခြင်း(ကပ်ဘေးကျော်ဖြတ်ခြင်း) အဆင့် ကျင့်ကြံသူတွေ ဘယ်မှာလဲ? ဘာလို့ တစ်ဦးတစ်ယောက်မျှ မတွေ့ရတာလဲ?”
တုန်ရီစွာဖြင့် ကျောက်မိုဂိတ် တပည့်က ထစ်ထစ်ငေါ့ငေါ့ဖြင့်:
“ကျွန်တော်—ကျွန်တော် မသိဘူး။ နှစ်ရက် အကြာက ဂိုဏ်းခေါင်းဆောင်၊ ဒုတိယဂိုဏ်းခေါင်းဆောင်နဲ့ သက်ကြီးဝိညာဉ် ဆယ်ဂဏန်းကျော်က ဂိုဏ်းကနေ အတူတူ ထွက်သွားကြတယ်” ဟု ပြောလိုက်သည်။
“သူတို့ ဘယ်သွားကြလဲဆိုတာ ကျွန်တော် ဘာမှ မသိဘူး။ အဲဒီနောက်ပိုင်း သူတို့ လုံးဝ တိတ်ဆိတ် နေကြတယ်”
“ဒါသာ မဟုတ်ရင် ငါတို့ ဒီလောက် မြန်မြန် ကျဆုံးမှာ မဟုတ်ဘူး!”
---
ဒါကို ကြားလိုက်သောအခါ ယဲ့ယွီ သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
အဆင့်မြင့် နတ်ဆိုးကျင့်ကြံသူများအားလုံး ပျောက်ဆုံးနေတာလား? ဘာတွေဖြစ်နေတာလဲ?
သူ တစ်ဦးတည်းသာ ရှုပ်ထွေးနေသည် မဟုတ်— ပူဟောက်ယန် နှင့် ကောင်းကင်နဂါးချောက် မှ သက်ကြီးဘိုးဘေးဝိညာဉ်များသည်လည်း အလားတူ ရှုပ်ထွေးနေကြသည်။
တိုက်ပွဲက ဘာလို့ ဒီလောက် လွယ်ကူရတာလဲဆိုတာ အံ့သြစရာမရှိဘူး၊ ဒါဟာ ထိပ်တန်းအဆင့် ကျင့်ကြံသူတွေ မရှိတာကြောင့်ပဲ။
ဒါပေမဲ့ ဒါက ဘာကို ဆိုလိုတာလဲ?
ဒီအချိန်မှာ သက်ကြီးအကြီးကဲကြီး ကျူရွီကျုန်း က ရှေ့သို့ တက်လာပြီး ပြောသည်:
“ဂိုဏ်းဆရာ၊ သူတို့မရှိခြင်းရဲ့ အကြောင်းရင်း ဘာပဲဖြစ်ဖြစ်၊ ဒီနေ့ဟာ ကောင်းကင်နဂါးချောက် အတွက် သမိုင်းတွင်မဲ့အောင်ပွဲပဲ၊ ဂုဏ်ကျက်သရေတိုးတက်မှုကြီးမားစွာရှိတဲ့ နေ့တစ်နေ့ပဲ” ဟု ပြောလိုက်သည်။
“ငါတို့ရဲ့ လက်စားချေမှုက ပြီးစီးပြီ၊ ငါတို့ရဲ့ နာမည်က ကမ္ဘာတစ်ဝှမ်းမှာ ပဲ့တင်ထပ်လိမ့်မယ်။ ဒါက လုံလောက်တာထက် ပိုပါပြီ”
“ငါတို့ ဒီမှာ ကြာကြာမနေကြဖို့ အကြံပြုပါတယ်။ ကျောက်မိုဂိတ် က တန်ဖိုးရှိတာမှန်သမျှ ယူပြီး အောင်ပွဲခံပြန်ကြရအောင်။"
ကျူရွီကျုန်း ၏ စကားများသည် ချက်ချင်းပင် သဘောတူညီမှု ကို ရရှိခဲ့သည်။
ပူဟောက်ယန် ပင် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
အစကတည်းက သူ့ရဲ့ ရည်မှန်းချက်က ကောင်းကင်နဂါးချောက် အတွက် ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းဖို့ ဖြစ်သည်၊ အရှက်ရမှုနဲ့ ဒဏ်ရာတွေ ပေးဆပ်မှုအဖြစ် ပေးရရင်တောင်မှပဲ။
အခု ရလဒ်က ရရှိပြီးပြီဆိုတော့ ဘာထပ်တောင်းဆိုစရာ ရှိသေးလဲ?
သူသည် ကျောက်မိုဂိတ် ကို တန်ဖိုးရှိတာတွေ အားလုံး ရှင်းပစ်ပြီး အောင်ပွဲခံ ဆုတ်ခွာရန် ချက်ချင်း အမိန့်ထုတ်ပြန်လိုက်သည်။
ရွှင်မြူးဖွယ်ရာ အော်ဟစ်သံများကြားတွင် ကျင့်ကြံသူများသည် နှောင့်နှေးခြင်းမရှိဘဲ အလုပ်စလုပ်ကြသည်။
တစ်ချိန်တည်းတွင် ယဲ့ယွီ သည် ကျူရွီကျုန်း ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဒီလူဟာ ဒီဖြစ်ရပ်တစ်ခုလုံးမှာ မယုံနိုင်စရာကောင်းလောက်အောင် တည်ငြိမ် နေခဲ့တယ်။
“သူ့မှာ တစ်ခုခု ထူးဆန်းတာ ရှိနေတာ သေချာတယ်။"
---
ထိုနေ့တွင် ကျောက်မိုဂိတ် သည် ပျက်စီးယိုယွင်း သွားခဲ့သည်။
ဒီအဖြစ်အပျက်ရဲ့ သတင်းက ပျံ့နှံ့သွားပြီး နတ်ဆိုးလောကမှာ ဆူညံသံ တစ်ခုကို ဖြစ်စေခဲ့သည်။
ကောင်းကင်နဂါးချောက် လို မထင်ရှားတဲ့ ဂိုဏ်းတစ်ခုက ကျောက်မိုဂိတ် ကို ဖြိုချနိုင်လိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြဘူး။
ဒါက လုံးဝ နားမလည်နိုင်စရာ ပဲ။
မကြာခင်မှာပဲ နတ်ဆိုးကျင့်ကြံသူ အများအပြားဟာ ကောင်းကင်နဂါးချောက် ဆီကို အာရုံစိုက်လာကြတယ်၊ အခုတော့ ဒဏ္ဍာရီလာ ဂိုဏ်း တစ်ခု ဖြစ်နေပြီ။
ဟုတ်ပါတယ်၊ ဘယ်သူမှ ဒီအောင်ပွဲဟာ ကျောက်မိုဂိတ် ရဲ့ ထိပ်တန်းအဆင့် ကျင့်ကြံသူတွေ မရှိတာကြောင့်ဆိုတာ မသိကြဘူး။
ဒါပေမဲ့ ဒါက သူတို့အတွက် လုံးဝ အရေးမကြီး ဘူး။
အနိုင်ရသူ တွေက သမိုင်းကို ရေးပြီး၊ နောက်ဆုံးမှာတော့ အနိုင်ရသူ ကသာ အထွဋ်အထိပ် ဖြစ်တယ်။
ရှုံးနိမ့်သူတွေ ဘာလို့ ရှုံးလဲဆိုတာ ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ဒါက ရိုးရိုးလေး လက်တွေ့ကျ တဲ့ အရာပဲ။
### အခန်း ၃၂၇ ဆက်ရန်