← Chapters

အခန်း (၃၂၉)

Vol. 12 Ch. 329

အခန်း (၃၂၉)

Vol. 12 Ch. 329

---

[ နောက်နှစ်လအတွင်းတွင် ]

ယဲ့ယွီ ၏ “ငါနာမည်ရွတ်လိုက်တာနဲ့ မင်းတို့ဂိုဏ်းကိုသိမ်းပီးပီလို့မှတ်ထားလိုက်”ဟူသော သိုင်းကွက် အောက်တွင် ကောင်းကင်နဂါးချောက် သည် ရက်စက်သော စစ်ဆင်ရေးကို ဆင်နွှဲခဲ့ပြီး စုစုပေါင်း ဂိုဏ်း ငါးဂိုဏ်း ကို ဖျက်ဆီးခဲ့သည်။ယဲ့ယွီ၏ နှုတ်ခမ်းများမှာ ဒတ်နုတ်စာအုပ်ထက်ပင် အစွမ်းထက်နေခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ပိုင်ရှီချူ ၏ ကြားဝင်စွက်ဖက်မှုမရှိဘဲ ကောင်းကင်နဂါးချောက် သည် အောင်ပွဲခံနိုင်ခဲ့သော်လည်း နတ်ဆိုးကျင့်ကြံသူ ရာနှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည်။

သို့သော်လည်း ယဲ့ယွီ အတွက်တော့ ဒါဟာ အရမ်းမျှော်လင့်နေခဲ့ရသော ရင်ခုန်ဖွယ် စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

သူသည် စနစ်တစ်ခုကို hack လုပ်နေသလို ခံစားရပြီး သူ့ကိုယ်သူ တက်လှမ်းခြင်းအဆင့်ရဲ့ ထိပ်ဆုံးသို့ တွန်းပို့လိုက်သည်။ ယခုအခါ သူသည် မြေနတ်ဆိုး အဆင့်နှင့် ဆံခြည်မျှင်စာမျှသာ ဝေးတော့သည်။

သူ၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သော ကျင့်ကြံမှုတိုးတက်မှုအပေါ် သံသယမဖြစ်စေရန်အတွက် ယဲ့ယွီ သည် ဖုံးကွယ်ဆေးလုံးများ၊ အသွင်ပြောင်းဝတ်ရုံနှင့် အသက်ရှူခြင်းကို ဖိနှိပ်ခြင်းနည်းစနစ် ကို ကျင့်ကြံရာတွင် စည်းစိမ်ဥစ္စာများစွာ သုံးစွဲခဲ့သည်။

သူ၏ စည်းမျဉ်းဖြစ်သော တိုက်ရိုက်မတိုက်ခိုက်ရ ဟူသည်ကို လိုက်နာခြင်းဖြင့် သူ၏ လျှို့ဝှက်ချက်ကို လုံခြုံစွာ ထိန်းသိမ်းနိုင်ခဲ့သည်။

သို့သော် မကြာမီ သူသည် နောက်ထပ် အကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်ရပြန်သည်။

ကောင်းကင်နဂါးချောက် ၏ စစ်ကိုကြိုက်သော ဂုဏ်သတင်းက အလွန်ကျယ်ပြန့်စွာ ပျံ့နှံ့နေပြီး သူတို့၏ အောင်ပွဲများကလည်း အလွန်ထင်ရှားလွန်းသည်။

ရလဒ်အနေဖြင့် တခြားဂိုဏ်းတိုင်းသည် ကြိုတင်လက်နက်ချ ကြသည်။

ကောင်းကင်နဂါးချောက် သည် ယခုအခါ နတ်ဆိုးသခင်မ ပိုင်ရှီချူ ၏ နယ်မြေအတွင်းတွင် မငြင်းနိုင်လောက်အောင် အခိုင်မာဆုံးဂိုဏ်း ဖြစ်နေပြီ။

ဤအချိန်တွင် ယဲ့ယွီ သည် စိတ်ပျက်အားငယ်စွာဖြင့် ရပ်တန့်နေသည်၊ ပုံဆောင်သဘောဖြင့် ပြောရလျှင် ဓားကို ကိုင်ထားသော်လည်း အရာအားလုံးက ဗလာဖြစ်နေသည်။

သူသည် နောက်ထပ် ဘာလုပ်ရမည်ကို စဉ်းစားနေစဉ် အခန်းထဲသို့ ဖိနှိပ်ချုပ်ချယ်သော အရှိန်အဝါတစ်ခု ဝင်လာသည်။

ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ဆင်းသက်လာသည်။

ယဲ့ယွီ သည် လှည့်ကြည့်လိုက်ရာ ပဝါစောင်းထားသော အမျိုးသမီး တစ်ဦးကို သူ၏ရှေ့တွင် မြင်တွေ့ရသည်။

သူ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး ညင်သာစွာ မေးလိုက်သည်:

“ခင်ဗျား ဘယ်သူလဲ?”

သူမဆီမှ ထွက်ပေါ်လာသော နတ်ဆိုးစွမ်းအင်ကိုကြည့်ပြီး သူမသည် ကောင်းကင်နတ်ဆိုး အဆင့်ရှိသော ပူဟောက်ယန် ထက် အများကြီး ပိုအားကောင်းသည်။

ထိုသို့သော စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးက သူ့ဆီမှာ ဘာလိုချင်တာလဲ?

ယဲ့ယွီ သည် နက်နက်နဲနဲ ရှုပ်ထွေးနေသော်လည်း မည်သည့်အချိန်မဆို လုပ်ဆောင်ရန် အသင့်အနေအထားဖြင့် အပြည့်အဝ သတိရှိနေခဲ့သည်။

အမျိုးသမီးက လျစ်လျူရှုသည့် လေသံဖြင့် ပြန်ဖြေသည်:

“ ပိုင်ရှီချူ ။”

ဟုတ်တယ်၊ ဒီအမျိုးသမီးဟာ နတ်ဆိုးသခင်မ ပိုင်ရှီချူ ကိုယ်တိုင်ပဲ ဖြစ်သည်။

သူမ၏နာမည်က ယဲ့ယွီ အတွက် မစိမ်းပေ။

နတ်ဆိုးသခင်မ၊ သူမ၏ နယ်မြေအတွင်းတွင် မငြင်းနိုင်လောက်အောင် အင်အားအကြီးမားအခိုင်မာဆုံး နတ်ဆိုး။

ယဲ့ယွီ ၏ စိတ်ထဲတွင် အတွေးများ လှည့်ပတ်နေပြီး ရှုပ်ထွေးမှုက တစ်စက္ကန့်ချင်းစီ တိုးလာသည်။

သူသည် သူ၏လက်များကို ယှဉ်ကာ ပြောလိုက်သည်:

“နတ်ဆိုးသခင်မ ကိုယ်တိုင် လာရောက်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး။ ဘာကိစ္စ ရှိလို့လဲ?”

ပိုင်ရှီချူ သည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး ယဲ့ယွီ ကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် ပြောသည်:

“မင်းက တကယ်ကို ပုံမှန်မဟုတ်တဲ့ နတ်ဆိုးတစ်ပါးပဲ။ မင်းကို… အရမ်း စိတ်ဝင်စား စရာကောင်းတယ်လို့ ငါ ယူဆတယ်။”

ယဲ့ယွီ ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။

“နတ်ဆိုးသခင်မရဲ့ စိတ်ဝင်စားမှုကို ငါ ရလိုက်တာလား? တကယ်လား?"

“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ နတ်ဆိုးသခင်မတစ်ဦးအနေနဲ့ ဒီလောက် တိုက်ရိုက်တော့ မပြောနိုင်ဘူးမလား?"

“ခင်ဗျားက နတ်ဘုံရဲ့ ကျူလဲ့ နတ်မင်း လိုမျိုး အမျိုးသားအဖော်တွေ ထားရှိဖို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူလား?"

(နတ်ဘုံမှ ကျူလဲ့ နတ်မင်း ၊ ၃၀၀ ပေါင်အလေးချိန်ရှိပြီး အမျိုးသားအဖော်များထားရှိရန် ဝါသနာပါသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးကို ရည်ညွှန်းခြင်းဖြစ်သည်။တခါကယဲ့ယွီကိုစားရန်ကြံသော်လည့် သူ့အိပ်မက်ကိုအဆုံးသတ်ခါလွတ်မြောက်ခဲ့သည်။)

“ဒါတော့ မဖြစ်နိုင်ပါဘူး။”

ပိုင်ရှီချူ က အနက်ရောင် ပဝါစောင်းထားသော်လည်း သူမ၏ စွဲမက်ဖွယ်ကောင်းသော မျက်လုံး များနှင့် ကျစ်လျစ်လှပသော ခန္ဓာကိုယ် ကို ဖုံးကွယ်၍မရပေ။

“သူမရဲ့ ဆွဲဆောင်မှုနဲ့ဆို ဘယ်လိုအမျိုးသားမျိုးကို သူမ ရနိုင်မှာလဲ? ဘာလို့ ငါဖြစ်ရတာလဲ?"

ယဲ့ယွီ စဉ်းစားနေစဉ် ပိုင်ရှီချူ က ဆက်ပြောသည်:

“ ယဲ့ယွီ ၊ ဖန်ဟွန်းဂိတ် မှာ မွေးတယ်။ သာမန်နတ်ဆိုးမိဘတွေကနေ ပေါက်ဖွားခဲ့တာ။ ၁၈ နှစ်မှာ နတ်ဆိုးသားရဲတွေကို သတ်ဖို့အတွက် လူရာနဲ့ချီပါတဲ့ အမဲလိုက်အဖွဲ့ထဲ မင်း ဝင်ခဲ့တယ်။ ဒါပေမဲ့ မင်းက တစ်ဦးတည်း အသက်ရှင်ပြန်လာတယ်။ ကျန်တဲ့သူတွေအားလုံး၊ ခိုးယူခံရတဲ့ နတ်ဆိုးဝိညာဉ်မျောက် အပါအဝင်၊ လုံးဝ သေဆုံးခဲ့တယ်။”

“နောက်နှစ်ပေါင်း လေးဆယ်မှာ မင်းက နတ်ဆိုးကျောက်တွေ ရဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နယ်မြေအမျိုးမျိုးကို လှည့်လည်သွားလာခဲ့တယ်။ ဒါပေမဲ့ မင်းနဲ့အတူ ထွက်သွားတဲ့ နတ်ဆိုးတစ်ယောက်မှ အသက်ရှင်ပြန်မလာခဲ့ဘူး။”

“ဒါကြောင့် မင်းကို အဖွဲ့ဖော်တွေရဲ့ ကပ်ဆိုး ၊ မကောင်းဆိုးဝါးနတ်ဆိုး လို့ နာမည်ပြောင်တွေ ပေးခဲ့ကြတယ်။”

“ဒီဘွဲ့တွေကြောင့် မင်းက သင့်လျော်တဲ့ အဖော်တွေကို မရှာနိုင်ခဲ့ဘူး။”

ဒါကို ကြားလိုက်သောအခါ ယဲ့ယွီ ၏ မျက်နှာအမူအရာက အေးစက်သွားသည်။

“ငါလုပ်ခဲ့တာတွေ အားလုံးကို ပိုင်ရှီချူ က သိနေတယ်လို့ တွေးလိုက်တာ။”

“ဒါက နတ်ဆိုးသခင်မတစ်ဦးရဲ့ စွမ်းအားပဲ။ လုံလောက်တဲ့ ကြိုးစားမှုရှိရင် ဘာတစ်ခုမှ ဖုံးကွယ်ထားလို့မရဘူး။”

ဒါပေမဲ့ ပိုင်ရှီချူ က မပြီးသေးဘူး။ သူမက ဆက်ပြောသည်:

“တစ်နှစ်ကြာအောင် ခွဲထွက်နေပြီးနောက် မင်းက ကောင်းကင်နဂါးချောက် ကို အကြီးကဲတစ်ပါးအနေနဲ့ ပူးပေါင်းခဲ့တယ်။ ပြီးတော့ မင်းက ဂိုဏ်းချုပ် ပူဟောက်ယန် ကို အခိုင်မာဆုံးဂိုဏ်းဖြစ်တဲ့ ကျောက်မိုဂိတ် ကို တိုက်ခိုက်ဖို့အတွက် လှည့်ဖျား ခဲ့တယ်။”

“ယုတ္တိရှိရှိ စဉ်းစားမယ်ဆိုရင် ကောင်းကင်နဂါးချောက် က ကျောက်မိုဂိတ် ကို စိန်ခေါ်ဖို့ ကြိုးစားတာက ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတာနဲ့ တူတယ်—ဥတစ်ခုက ကျောက်တုံးကို ရိုက်ခွဲတာမျိုးပေါ့။ တစ်ခုမှားသွားရင် မင်းရဲ့ဂိုဏ်းက ဖျက်ဆီးခံရမှာ။”

“ရိုးရိုးသားသားပြောရရင် မင်းရဲ့ အဲဒီအချိန်က လုပ်ရပ်တွေက ငါ့အတွက် နားမလည်နိုင်စရာပဲ။ မင်းက သေခြင်းကို ရှာနေတာလား ?”

“သို့သော်လည်း ကံကြမ္မာရဲ့ အလှည့်အပြောင်းနဲ့ မင်း အောင်မြင်ခဲ့တယ်။”

“မင်းကို လျှို့ဝှက်ချက်လေးတစ်ခု ပြောပြမယ်။ ကျောက်မိုဂိတ် ရဲ့ ထိပ်တန်းကျင့်ကြံသူတွေ ပျောက်ကွယ်သွားတဲ့ အကြောင်းရင်းက ငါ ဖယ်ရှားလိုက်လို့ပဲ။ မင်း ယင်ယန်ချိုင် ကို သွေးထွက်သံယိုမရှိဘဲ အနိုင်ရခဲ့တာလည်း ငါ ကြားဝင်စွက်ဖက် ခဲ့လို့ပဲ။”

“ငါ့ရဲ့ ရည်မှန်းချက်က ကောင်းကင်နဂါးချောက် ကို ငါ့ရဲ့ နယ်ပယ်အတွင်းမှာ အခိုင်မာဆုံးဂိုဏ်းဖြစ်အောင် မြှင့်တင်ဖို့ပဲ။”

“အစပိုင်းတုန်းက ငါ မင်းအတွက် အတားအဆီးတိုင်းကို ရှင်းလင်းပေးဖို့ ပြင်ဆင်ထားတယ်။”

“ဒါပေမဲ့ မင်းရဲ့ မှတ်ချက်တစ်ခုက ငါ့ရဲ့စိတ်ကို ပြောင်းလဲသွားစေတယ်—‘သွေးထွက်သံယိုမရှိ၊ အနစ်နာမခံရတဲ့ နတ်ဆိုးဂိုဏ်းတစ်ခုဟာ ကြာကြာမတည်တံ့နိုင်ဘူး။’”

(ဒါက အကြီးကဲကြီး ကျူရွီကျုန်း က ပိုင်ရှီချူ ကို ပြန်ပြောခဲ့တဲ့ မှတ်ချက်တစ်ခု ဖြစ်သည်။)

“အဲဒီအချိန်ကစပြီး ငါ မင်းရဲ့ ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှုမှာ ကြားဝင်စွက်ဖက်ခြင်း မပြုတော့ဘူး။ မင်းကို ချီးကျူးရမှာက မင်းက ဒီစိန်ခေါ်မှုကို တကယ်ပဲ ဖြတ်ကျော်နိုင်ခဲ့ပြီး အခိုင်မာဆုံးဂိုဏ်းဆိုတဲ့ ဘွဲ့ကို ရယူနိုင်ခဲ့တယ်။ ဂုဏ်ယူပါတယ်”

“ဘာလို့ ငါ မင်းကို လွန်ခဲ့တဲ့ နှစ်လက လာမရှာခဲ့ဘဲ အခုမှ လာတွေ့တယ်ဆိုတာ မင်း သိလား?”

“ဘာလို့လဲဆိုတော့ ငါက မင်းရဲ့ လျှို့ဝှက်ချက် ကို မကြာသေးမီကမှ ဖော်ထုတ်နိုင်ခဲ့လို့ပဲ!”

ပိုင်ရှီချူ သည် ပိုမိုနီးကပ်စွာ တက်လာပြီး သူတို့နှစ်ဦးကြားတွင် လက်တစ်ဆုပ်စာမျှသာ ကွာတော့သည်။

သူ၏ရှေ့တွင် ရှိနေသော ဒီ နားမလည်နိုင်လောက်အောင် အစွမ်းထက်သည့် နတ်ဆိုးသခင်မကို ကြည့်ပြီး ယဲ့ယွီ သည် စိတ်မအေးနိုင်ဖြစ်လာသည်။

“သူမ ငါ့ရဲ့ စွမ်းရည် ကို တွေ့သွားတာလား?"

“ငါနိုးပဲ၊ ငါ့ရဲ့ မြန်ဆန်တဲ့ ကျင့်ကြံမှုတိုးတက်မှုက ငါ့ကို ပေါ်သွားစေတာ ဖြစ်ရမယ်။”

ပိုင်ရှီချူ က ညင်သာစွာ မေးသည်:

“မင်းရဲ့ ကျင့်ကြံမှုနည်းလမ်း—ဒါက သေခြင်းကနေ စွမ်းအားကို ဆွဲယူတာ မဟုတ်လား? နတ်ဆိုးတွေ ပိုများများသေလေ၊ မင်း ပိုပြီး အစွမ်းထက်လာလေပဲ။ ဒါကြောင့် မင်းက အမြဲတမ်း ပဋိပက္ခတွေကို လှုံ့ဆော် နေတာ။ ငါပြောတာ မှန်လား?”

ဒါကို ကြားလိုက်သောအခါ ယဲ့ယွီ သည် သက်သာရာရ သွားသည်။

“ဒီတော့ သူမက ဒါကို ကျင့်ကြံမှုနည်းလမ်းတစ်ခုလို့ ယူဆတယ်ပေါ့?"

“သိပ်မဆိုးတဲ့ ဇာတ်လမ်းပဲ။”

ဒါမရှိရင် သူ့ရဲ့ လုပ်ရပ်တွေကို နှစ်ပေါင်းများစွာ ရှင်းပြဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

အံ့အားသင့်ဟန်ဖြင့် ယဲ့ယွီ က ပြန်ဖြေသည်:

“ဘယ်လို… ဘယ်လိုလုပ် ခင်ဗျား သိတာလဲ?ဒါ.... ဒါက ဟိုလိုလေးလေ”

ယဲ့ယွီ ၏ အကယ်ဒမီမင်းသားရှုံးသော တုန်လှုပ်နေသည့် မျက်နှာအမူအရာကို မြင်တော့ ပိုင်ရှီချူ က သူမ၏ ယူဆချက်ကို အတည်ပြုနိုင်ခဲ့သလို အပိုင်ပြုံးလိုက်သည်။

ယဲ့ယွီ ၏ ဝန်ံခံချက်ကို ရရှိပြီးနောက် ပိုင်ရှီချူ သည် သူ့၏ ရည်ရွယ်ချက်များကို ပုံဖော်ရန်အတွက် အချိန်အများကြီး သုံးစွဲခဲ့သည်။

အဲဒီနောက် တစ်နေ့မှာ သူမသည် ရှေးဟောင်း နတ်ဆိုးကျင့်ကြံမှုနည်းလမ်း တစ်ခုဖြစ်တဲ့ သေခြင်းကျင့်ကြံမှု၏လမ်းကြောင်း ကို ဖော်ပြထားတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိလိုက်တယ်။

ဒီနည်းလမ်းက ကျင့်ကြံသူကို တခြားသူတွေရဲ့ သေခြင်းကနေ စွမ်းအားဆွဲယူဖို့ ခွင့်ပြုတယ်။

သို့သော်လည်း နောက်ပိုင်းအဆင့်တွေမှာ အကြီးအကျယ် ပြန်လှန်သက်ရောက်မှု ရှိပြီး ကောင်းကင်နတ်ဆိုး အဆင့်သို့ အသက်ရှင်လျှက် ရောက်ဖူးသူ တစ်ယောက်မှ မရှိခဲ့ဘူး။

ဒါကြောင့် ဒီနည်းစနစ်က တိမ်မြုပ်ပျောက်ကွယ်သွားခဲ့တယ်။

ပိုင်ရှီချူ က ယဲ့ယွီ သည် ဒီတားမြစ်ထားတဲ့ ကျင့်စဉ်ကို ကျင့်ကြံနေတာ ဖြစ်နိုင်တယ်လို့ ယူဆပြီး ဒါက ယဲ့ယွီဘာကြောင့်ဒီလိုတွေလုပ်နေရသလဲဆိုတာရဲ့ အကောင်းဆုံးအဖြေပင် ဖြစ်တော့သည်။

၃၃၀ ဆက်ရန်

All Chapters