အခန်း (၃၃၂)
Vol. 12 Ch. 332
[ နောက်တစ်နေ့တွင် ။]
ပူဟောက်ယန် က ကျောက်မည်းကျောင်းတော် သည် ရက်စက်ယုတ်မာစွာ လွန်လွန်ကျူးကျူး ပြုမူခဲ့ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။
“သူတို့က ကျွန်တော့်တပည့်တွေ ပိုင်ဆိုင်ပြီးသား ကောင်းကင်ဘုံရတနာ ဖြစ်တဲ့ ဝိညာဉ်ဆွဲဆောင်မြက် ကို လုယူရုံသာမက သက်သေတွေကို သတ်ပြီး ဖုံးကွယ်ဖို့လည်း ကြိုးစားခဲ့တယ်။”
သူက နှုတ်ခမ်းများတုန်ကာ အရမ်းခံစားပြနေရင်း ထပ်လောင်းပြောသည်၊ “ရတနာကို ယူသွားရုံပဲဆိုရင်တော့ ကျွန်တော် သည်းခံလိုက်မယ်၊ —ဘာပဲဖြစ်ဖြစ် ရတနာတွေက အားကောင်းသူတွေရဲ့ ပိုင်ဆိုင်မှုပဲ။ ဒါပေမဲ့ ကျွန်တော့်တပည့်တွေကို သတ်ဖြတ်တာလား? ဒါ....ဒါကတော့ လွန်ကဲလွန်း သွားပြီ!”
“ ကောင်းကင်နဂါးချောက် ရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ကျွန်တော် လက်ပိုက်ကြည့်နေလို့ မရဘူး။”
“ဒီနေ့ကစပြီး ကောင်းကင်နဂါးချောက် က ကျောက်မည်းကျောင်းတော် ကို အမြစ်ပြတ်ချေမှုန်းမဲ့အကြောင်း တရားဝင် စစ်ကြေညာလိုက်တယ်!”
“ဘယ်လောက်ပဲ ဝေးဝေး၊ သူတို့ကို ကျွန်တော်တို့ ကျူပင်ခုတ် ကျူငုတ်မကျန်တော့တဲ့အထိ အပြစ်ပေး ရလိမ့်မယ်!”
အစပိုင်းတွင် ကျောက်မည်းကျောင်းတော် ၏ ဂိုဏ်းချုပ် ဂယ်လင်ဖေး သည် လုံးဝ စိတ်ရှုပ်ထွေး နေသည်။
“ဒီ အဓိပ္ပာယ်မရှိတာ တွေက ဘာတွေလဲ?”
ဂိုဏ်းနှစ်ခုက မိုင်ပေါင်း သိန်းချီ ကွာဝေးနေတာ။ ငါတို့ ဂိုဏ်းသားတွေက ဘယ်လိုလုပ် တစ်ခုခုကို လုယူနိုင်မှာလဲ၊ ဒါမှမဟုတ် ဘယ်လိုများသူတို့တပည့်တွေကို သွားသတ်လိုက်တာလဲ?
“ဒီလိုမျိုး လိမ်လည်တာ တွေကို ဒီလိုပဲ လုပ်ရသလား?” ဂယ်လင်ဖေး က လှောင်ပြုံးပြုံးလိုက်သည်။
“တပည့်လေးနဲနဲ သေတာပဲလေ။ လိုအပ်ရင် ထပ်စုဆောင်းလို့ ရတာပဲ၊ ဘယ်ဂိုဏ်းချုပ်က အဲ့လောက် ထိခိုက်ကြေကွဲပြနေတာလဲ” ဟု တွေးလိုက်သည်။
ဂယ်လင်ဖေး က ဒီကြေညာချက်ကို လျော်ကြေးရဖို့အတွက် အကြောင်းပြချက် တစ်ခုအဖြစ် ရှုမြင်ခဲ့သည်။ ဒါပေမဲ့ သူက ဘယ်သူ့ကိုမှ ခယပြီးတောင်းပန်နေမှာ မဟုတ်ဘူး။
“မင်းတို့က စစ်ကြေညာလိုက်တာနဲ့ ငါကတောင်းပန်ပြီး ရတနာတွေ လာဆက်သပေးရမှာလား? အိပ်မက်မက် နေလိုက် !”
ဒါ့အပြင် တကယ်တိုက်ခိုက်ရမယ်ဆိုရင်တောင် ဂယ်လင်ဖေး က ကျောက်မည်းကျောင်းတော် ဟာ ကောင်းကင်နဂါးချောက် ကို ကြောက်စရာမလိုဘူးလို့ ယုံကြည်ခဲ့သည်။
“သတ္တိသိပ်ကောင်းနေရင် လာပြီး စမ်းကြည့်လိုက်လေ!” ဟု သူက မာနကြီးစွာ တွေးလိုက်သည်။
သို့သော်လည်း သူ မသိလိုက်သည်မှာ ကောင်းကင်နဂါးချောက် မှ လက်ရွေးစင်ကျင့်ကြံသူ ၂,၀၀၀ သည် ဝိညာဉ်လှေများပေါ်သို့ တက်ပြီး ကျောက်မည်းကျောင်းတော် ဆီသို့ စစ်ခရာများမှုတ်ကာ ဘီလူးသဘက်များသဖွယ် ဦးတည်နေပြီ ဖြစ်သည်။ သူတို့၏ စွမ်းအားက မြစ်ကိုဖြတ်ကူးနေသည့် ဒေါသကြီးသော နဂါးတစ်ကောင်နှင့်တူသည်။
ဝိညာဉ်လှေတစ်စင်း၏ အတွင်းခန်းတွင် ယဲ့ယွီ သည် ထိုင်နေပြီး တချက်တချက် ခေါင်းကိုဟန်ပါပါရမ်းကာ သက်ပြင်းချနေသည်။
အခန်း၏ တစ်ဖက်တွင်တော့ ပိုင်ရှီချူ သည် ပဝါစောင်းထားပြီး အစေခံမိန်းကလေးတစ်ဦးကဲ့သို့ ဝတ်ဆင်ကာ စာအုပ်တစ်အုပ်ကို အေးဆေးစွာ ဖတ်နေသည်။ သူမသည် မော့မကြည့်ဘဲ “ဘာဖြစ်လို့လဲ? ငါ့ရဲ့ ရှိနေမှုက မင်းကို ဒီလောက် စိတ်မသက်မသာ ဖြစ်စေတာလား?” ဟု ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။
ယဲ့ယွီ သည် သူ၏ မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်လိုက်သည်။ “ခင်ဗျားက တကယ်ကို သိပ်ပီးတော့ မေးတတ်တာပဲနော်?”
“ငါ့မျက်နှာပေါ်မှာ ‘ငါ စိတ်မသက်မသာ ဖြစ်နေတယ်’ လို့ ရေးထားသလိုပဲ၊ဒီလောက် စိတ်ညစ်ပြနေတာကိုတောင် ထပ်မေးနေရသေးတယ်?” ဟု သူ တွေးလိုက်သည်။
မနေ့က ကောင်းကင်နဂါးချောက် အဖွဲ့ ထွက်ခွာရန် ပြင်ဆင်နေစဉ် ပိုင်ရှီချူ က ရုတ်တရက် ပေါ်လာပြီး ယဲ့ယွီ ၏ အစေခံမအဖြစ် အသွင်ပြောင်းကာ သူနှင့်အတူ ဝိညာဉ်လှေပေါ်သို့ တက်လာခဲ့သည်။
ယဲ့ယွီ သည် ချက်ချင်း စိတ်မသက်မသာ ဖြစ်သွားသည်။ သူက သူမ ဘာကြောင့် ဒီလိုလုပ်တာလဲဟု မေးခဲ့သည်။
ပိုင်ရှီချူ က ဒါဟာ ကောင်းကင်နဂါးချောက် ၏ တခြားနတ်ဆိုးသခင်ရဲ့ နယ်မြေထဲမှာ ပထမဆုံးတိုက်ပွဲဖြစ်တာကြောင့် သူမကိုယ်တိုင် နောက်ကွယ်ကနေ ကြီးကြပ်ရမယ်ဟု ပြန်ဖြေခဲ့သည်။
ယဲ့ယွီ က ဒေါသထွက်သွားသည်။ “ကြည့်ချင်ရင် လျှို့ဝှက်ပြီး ကြည့်ပေါ့! ဘာလို့ ရှေ့တန်းကို လိုက်လာတာလဲ?”
ပိုဆိုးတာက ဘာလို့ အစေခံမအဖြစ် အသွင်ပြောင်းရတာလဲ?
“ဒါက ခင်ဗျားရဲ့ နတ်ဆိုးသခင်မ ရာထူးနဲ့ တကယ်ကို ကိုက်ညီရဲ့လား?” ဟု သူ မေးခဲ့သော်လည်း ပိုင်ရှီချူ က ပြုံးရုံသာ ပြုံးပြီး မဖြေခဲ့ပေ။ ထို့နောက် သူမသည် သူ၏အခန်းထဲတွင် ထိုင်ပြီး စာအုပ်ဖတ်စတင်ကာ ယဲ့ယွီ ကို အပြင်ထွက်ခွင့် ပိတ်ပင်ခဲ့သည်။
သူမက သူက အခန်းထဲမှာ ကျင့်ကြံမှုမလုပ်ဘဲ ဟိုဟိုဒီဒီ လျှောက်သွားနေရင် အမြင်စူးရှတဲ့သူတွေကြားမှာ သံသယဖြစ်ဖွယ်ရာ ဖြစ်လာနိုင်တယ်လို့ ရှင်းပြခဲ့သည်။
ဒါကြောင့် သူတို့နှစ်ဦးသား အဲဒီအခန်းထဲမှာ အတူထိုင်နေခဲ့ကြတာ ဖြစ်သည်။
ရိုးရိုးသားသားပြောရရင် ယဲ့ယွီ က အစေခံမတစ်ဦး ရှိတာကို စိတ်ထဲမထားပါဘူး။ ဒါပေမဲ့ နတ်ဆိုးသခင်မ တစ်ဦးက အစေခံမအဖြစ် ရှိနေတာလား? သူ မထိတွေ့နိုင်တဲ့ မကိုင်တွယ်နိုင်တဲ့ အစေခံမ?လက်ယားနေပြီး မကိုင်ရဘူးဆိုတော့ ဒါကတော့ လုံးဝ စိတ်မဝင်စားစရာပဲ။
ခဏစဉ်းစားပြီးနောက် ယဲ့ယွီ သည် ထရပ်ပြီး ညင်သာစွာ ပြောသည်၊ “ကျွန်တော် ကျောက်မည်းကျောင်းတော် ကို တိုက်ခိုက်မယ့် မဟာဗျူဟာကို ပူဟောက်ယန် နဲ့ ဆွေးနွေးလိုက်ဦးမယ်။ ခဏနေ ပြန်လာခဲ့မယ်။”
ဒါက သူ တွေးမိသမျှထဲမှာ အဆီလျော်ဆုံး အကြောင်းပြချက်ပဲ ဖြစ်သည်။
ပိုင်ရှီချူ က သူမရဲ့ စာအုပ်ကို ချလိုက်ပြီး လှောင်ပြောင်လိုက်သည်၊ “သူနဲ့ မဟာဗျူဟာ ဆွေးနွေးမယ်? သူ နားလည်မယ်လို့ မင်း ထင်နေတာလား?”
ယဲ့ယွီ သည် တံခါးဆီသို့ ဦးတည်သွားနေစဉ် နောက်သို့ မလှည့်ကြည့်ဘဲ “သူ နားမလည်ရင်လည်း ကျွန်တော်က အလွတ်ကျက်ခိုင်းလိုက်မယ်။ ဒါက အသုံးဝင်နေတုန်းပဲ။”
ထိုအချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။
ယဲ့ယွီ နှင့် ပိုင်ရှီချူ နှစ်ဦးစလုံး မျက်ခုံးပင့်လိုက်ကြသည်။ “ပြောနေတုန်းမှာ ပေါ်လာပါရောလား။”
သူ၏ အတွေးထဲမှာ နာမည်ပင် မပြီးဆုံးသေးခင် ပူဟောက်ယန် ကိုယ်တိုင်က တံခါးဝတွင် ခေတ်ဟောင်းမင်းသားကြီးအိုက်တင်ဖြင့် ပေါ်လာသည်။
ယဲ့ယွီ သည် သူ၏ စိတ်အနှောင့်အယှက်ဖြစ်မှု အထွတ်အထိပ်သို့ ရောက်သွားသည်။ “ငါ ထွက်သွားတော့မလို့ ရှိသေးတယ်၊ မင်းက လာပြီး လမ်းပိတ်နေတယ်?”
တံခါးကို ဖွင့်ပြီး ယဲ့ယွီ က ပူဟောက်ယန် ကို ဆွဲခေါ်ဖို့ ကြိုးစားခဲ့သော်လည်း ထိုလူက အခန်းထဲသို့ ချော်ဝင်လာသည်။ သူသည် အခန်းကို သတိထားပြီး လှည့်ပတ်ကြည့်ရှုကာ ထောင့်တစ်နေရာရှိ ပိုင်ရှီချူ ကို တွေ့သောအခါ သူ၏မျက်နှာအမူအရာက သူ့ချစ်ချစ်ယဲ့ယွီနားတွင်နေခွင့်ရသော မိန်းကလေးအပေါ် ရန်လိုနေပြီး အနည်းငယ် မနာလိုစိတ် ပင် ပါဝင်နေသည်။
ယဲ့ယွီ က လန့်သွားသည်။ “ညီလေး၊ မင်း သေချင်နေတာ လား? ပိုင်ရှီချူ အပေါ် ရန်လိုတာကို ပြနေတာလား? မင်းကို ဂိုဏ်းချုပ်ရာထူးကနေ လွယ်လွယ်ကူကူ အစားထိုးလိုက်မယ်လို့ တကယ်ပဲ မထင်ဘူးလား?”
ပူဟောက်ယန် ၏ အာရုံကို လွှဲပြောင်းရန်အတွက် ယဲ့ယွီ က အလျင်အမြန် ပြောသည်၊ “ဂိုဏ်းချုပ်၊ ခင်ဗျား တစ်ခုခုလိုချင်လို့လား? အပြင်မှာ ဆွေးနွေးရအောင်—”
သူ စကားမဆုံးခင် ပိုင်ရှီချူ က ဖြတ်ပြောသည်၊ “ဂုဏ်ထူးဆောင်အကြီးကဲ ယဲ့၊ သခင်နဲ့ ဂိုဏ်းချုပ် ကျေးဇူးပြု၍ ထိုင်လိုက်ပါ။ ကျွန်မ ဝိညာဉ်လက်ဖက်ရည် ဖျော်ပေးမယ်။”
ယဲ့ယွီ သည် သူမကို တစ်ချက်လှည့်ကြည့်လိုက်ရာ သူ၏ဝိညာဉ်ကို ခိုးယူသွားမတတ် စူးရှလွန်းသော ထိုးဖောက် သော အကြည့်ဖြင့် ရင်ဆိုင်ခဲ့ရသည်။
သူမ၏ မျက်လုံးများက “မင်း ထွက်သွားဖို့ မကြိုးစားနဲ့” ဟု ပြောနေသကဲ့သို့ ဖြစ်သည်။
ယဲ့ယွီ သည် နက်နက်ရှိုင်းရှိုင်း စိတ်ပျက်အားငယ်ခဲ့သည်။ သူ့စိတ်ထဲတွင် သူသည် လုံးဝအင်အား ကို ရရှိသောအခါ ပိုင်ရှီချူ ကို ဒူးထောက်စေပြီး အရှုံးပေးစေမည်ဟု ကတိသစ္စာပြုလိုက်သည်။
သို့သော်လည်း ယခုအချိန်အတွက်မူ သူသည် လိုက်နာရုံသာ ရှိသည်။
ယဲ့ယွီ သည် မရိုးမရွဖြင့် ထိုင်လိုက်သည်။ ပူဟောက်ယန် ကတော့ လက်များကိုလေထဲမြှောက်ကာ အနည်းငယ် ဝမ်းနည်းဟန်ဖြင့် “ဆရာ၊ ကျွန်တော် ခင်ဗျားကို အပြည့်အဝ ဆယ့်နှစ်နာရီ လုံး မမြင်ရဘူး။ ကျွန်တော် လွမ်းနေခဲ့တယ်!”ဟုရင်ခေါင်းသံကြီးဖြင့်ပြောလိုက်သည်
ယဲ့ယွီ ၏ မျက်နှာက ချက်ချင်း မည်းမှောင် သွားသည်။ “မေနိုးကြီး အဲလေ ဂိုဏ်းချုပ်ကြီး ၊ ဒီလို အဓိပ္ပာယ်မရှိတာတွေကို မပြောပါနဲ့! ဒီမှာ တခြားတစ်ယောက် ရှိနေတယ်!”
သေချာသည်မှာ ပိုင်ရှီချူ ၏ မျက်နှာအမူအရာက ရယ်မောချင်နေပြီး သူမ၏ လက်ဖက်ရည်ဖျော်နေသော လုပ်ငန်းစဉ်က သိသိသာသာ နှေးကွေးသွားသည်။
ယဲ့ယွီ သည် လည်ချောင်းရှင်းလိုက်သည်။ “ဂိုဏ်းချုပ်၊ ကျွန်တော်တို့နှစ်ဦးစလုံးက အရွယ်ရောက်ပြီးသား အမျိုးသားတွေပဲ။ ဒီလိုမျိုး ဒရာမာတွေ မလိုအပ်ပါဘူး။ တစ်ရက်ပဲ ရှိသေးတာ—ကျွန်တော်လည်း နားဖို့ လိုသေးတာပဲ မဟုတ်လား?”
ပူဟောက်ယန် က နှုတ်ခမ်းဆူလိုက်ပြီး နောက်သို့ လှမ်းကြည့်လိုက်သည်။ ပိုင်ရှီချူ က သူမ၏ကျောကို လှည့်ထားပြီး အလုပ်များနေဟန် ဆောင်နေသောကြောင့် သူ့မျက်လုံးထဲရှိ နာလိုစိတ်ကို မမြင်ခဲ့ပေ။ မဟုတ်ရင် သူမသည် အခြေအနေကို ပိုပြီး နားလည်သွားနိုင်သည်။
အမှန်တရားမှာ ပူဟောက်ယန် သည် ပိုင်ရှီချူ ကို လုံးဝ မကြိုက်ပေ။ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် သူနှင့် ယဲ့ယွီ ကြားရှိ ညီအစ်ကိုသံယောဇဉ်ကို ပျက်ပြားအောင် လုပ်နေသည်ဟု သူ တွေးခဲ့သည်။
သူမ မရောက်လာခင် သူတို့သည် မကြာခဏ ဆုံတွေ့ကြသည်။ ဒါပေမဲ့ ဒီ “အစေခံမ” ရောက်လာကတည်းက ယဲ့ယွီ သည် တစ်နေကုန်လုံး အခန်းထဲမှာပဲ နေပြီး အပြင်မထွက်ခဲ့ပေ။
ပူဟောက်ယန် က သူမသည် ယဲ့ယွီ ၏ စွမ်းအင်ကို စုပ်ယူနေသော နတ်ဆိုးမ တစ်ဦးဖြစ်သည်ဟုပင် သံသယဝင်လာသည်။
ယဲ့ယွီ အနီးသို့ ပိုနီးကပ်စွာ တိုးလာပြီး သူက တိုးတိုးလေး ပြောသည်၊ “ဆရာ၊ ယောကျ်ားတစ်ယောက်အနေနဲ့ ခင်ဗျား ကိုယ့်ကိုယ်ကို ထိန်းချုပ်ရမယ် ။ ဒီအမျိုးသမီးကို ခင်ဗျားရဲ့ အနှစ်သာရ ကို မစုပ်ယူစေနဲ့!”(မပူပါနဲ့ စုပ်ချင်းစုပ်ရင် ယဲ့ယွီကပဲ
၃၃၃ ဆက်ရန်