← Chapters

အခန်း (၃၃၅)

Vol. 12 Ch. 335

အခန်း (၃၃၅)

Vol. 12 Ch. 335

---

[ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်သည် ဤနယ်မြေ၏ နတ်ဆိုးသခင် ပိုင်ယုံကျီ ပင် ဖြစ်သည်။]

သူသည် မြေပြင်ပေါ်ရှိ တိုက်ပွဲရုပ်ပုံကို စိတ်ဝင်စားစွာ ကြည့်ရှုနေပြီး အခြေအနေကို အတော်လေး ပျော်ရွှင်စရာကောင်းသည်ဟု ယူဆသည်။

“ကီလိုမီတာ သိန်းချီ ခရီးသွားပြီး သူတို့၏ ဂိုဏ်းတစ်ခုလုံးကို စုစည်းခဲ့တာ၊ ဒါတွေအားလုံးက တပည့်အနည်းငယ်အတွက် လက်စားချေဖို့လား?” ပိုင်ယုံကျီ က တွေးလိုက်သည်။ “အင်း၊ ကောင်းကင်နဂါးချောက် က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။”

ထိုအချိန်တွင် သုံးမီတာကျော် မြင့်ပြီး အနီရောင်အသားအရေရှိသော ခန္ဓာကိုယ်ကြီးတစ်ခုသည် ရှေ့သို့တိုးလာပြီး ဒူးတစ်ဖက်ဖြင့် ထိုင်ချလိုက်သည်။ “နတ်ဆိုးသခင်၊ လက်ရှိအခြေအနေအရ ကျောက်မည်းကျောင်းတော် က ကောင်းကင်နဂါးချောက် ၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ ကြားဝင်စွက်ဖက်သင့်လား?”

ရှီနွီ ဟုခေါ်သော ဤနတ်ဆိုးသည် ကောင်းကင်နတ်ဆိုး အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ပိုင်ယုံကျီ ၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ဖြစ်သည်။ သူသည် ကျောက်မည်းကျောင်းတော် ၏ ဂိုဏ်းချုပ် ဂယ်လင်ဖေး နှင့်လည်း ရင်းနှီးသော မိတ်ဆွေဖြစ်သည်။

ပိုင်ယုံကျီ သည် ရှီနွီ ကို တစ်ချက်ကြည့်လိုက်ရာ သူ၏အကြည့်က အေးစက်ပြီး အသက်များကိုတစက်မှတန်ဖိုးမထား လျစ်လျူရှုမှုများကိုဖော်ပြနေသည်။ သူသည် တိတ်ဆိတ်စွာပင် နေနေခဲ့သည်။

ရှီနွီ သည် ထိုအကြည့်အောက်တွင် တုန်ယင်သွားပြီး အလျင်အမြန် ထပ်လောင်းပြောသည်၊ “နတ်ဆိုးသခင်၊ ကျွန်တော်က ဂယ်လင်ဖေး ကို ကူညီဖို့ အကြံပြုနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်းကင်နဂါးချောက် က ပိုင်ရှီချူ ၏ နယ်မြေအောက်က ဂိုဏ်းတစ်ခုပါ။ သူတို့က ကျွန်တော်တို့ရဲ့ နယ်ပယ်ထဲကို ရမ်းကားစွာ ဝင်ရောက်ပြီး တခြားဂိုဏ်းကို တိုက်ခိုက်တာ—သူတို့က သူတို့ရဲ့ နယ်နိမိတ်ကို ကျော်လွန်သွားပြီလို့ မထင်ဘူးလား?”

ပိုင်ယုံကျီ သည် ခဏတာ တိတ်ဆိတ်နေပြီးမှ ညင်သာစွာ ပြန်ဖြေသည်၊ “ဒီကိစ္စက ကျောက်မည်းကျောင်းတော် ရဲ့ လုပ်ရပ်ကနေ ပေါက်ဖွားလာတာ။ ကောင်းကင်နဂါးချောက် က သူတို့ရဲ့ ကျဆုံးသွားတဲ့ တပည့်တွေအတွက် တရားမျှတမှုကို ရှာဖွေတာဟာ မှန်ကန်တယ်။ နတ်ဆိုးသခင် တစ်ယောက်အနေနဲ့ ငါက ဂိုဏ်းတွေကြားက ပြဿနာတစ်ခုကို ဝင်ရောက်စွက်ဖက်ရင် သည်းခံမှုမရှိဘဲ သေးသိမ်တယ်လို့ စွပ်စွဲခံရလိမ့်မယ်။”

သူက ဆက်ပြောသည်၊ “ဒါ့အပြင် ကျောက်မည်းကျောင်းတော် က မင်းရဲ့ နာမည်ကို အသုံးပြုပြီး သူတို့ရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို နှစ်ပေါင်းများစွာ ဖုံးကွယ်ခဲ့တာ။ သူတို့ကို ဆုံးမဖို့ အချိန်တန်နေပါပြီ။”

ဒါကို ကြားသောအခါ ရှီနွီ သည် ပိုင်ယုံကျီ ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး ခေါင်းညွှတ်လိုက်သည်။ “ကျွန်တော် မဆင်မခြင် ဖြစ်သွားတယ်။ နတ်ဆိုးသခင်၊ ကျေးဇူးပြု၍ ကျွန်တော့်ကို အပြစ်ပေးပါ။”

ပိုင်ယုံကျီ သည် လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး တိုက်ပွဲရုပ်ပုံဆီသို့ သူ၏အာရုံကို ပြန်ပို့လိုက်သည်။ သူ၏အကြည့်က ယဲ့ယွီ အပေါ် ရပ်တန့်နေသည်။

ပဋိပက္ခ၏အစတွင် တရားမျှတမှု၏ အလံကို ရဲရဲဝံ့ဝံ့ မြှောက်ခဲ့သော ထိုလူငယ်နတ်ဆိုးကျင့်ကြံသူသည် ယခုအခါ ဝိညာဉ်လှေပေါ်တွင် ခွေခေါက်ထိုင်ကာ တရားထိုင်နေသည့် ဘုန်းကြီးတစ်ပါးလို မျက်လုံးများမှိတ်ထားပြီး တိုက်ပွဲ၏ ဆူညံသံများမှ လုံးဝမသက်ဆိုင်သလိုပြုမူနေခဲ့သည်။

“သူ ဘာကို စောင့်နေတာလဲ?” ဟု ပိုင်ယုံကျီ တွေးလိုက်သည်။

---

[ ကျောက်မည်းကျောင်းတော် ၏ ဂိတ်များတွင်။]

ယဲ့ယွီ သည် ဝိညာဉ်လှေပေါ်တွင် ထိုင်နေပြီး မျက်လုံးများမှိတ်ထားသည်။ သူ့ပတ်လည်ရှိ တိုက်ပွဲ၏အသံများသည် ထူးဆန်းသော သံစဥ်တစ်ခုကို ဖန်တီးနေသကဲ့သို့ ဖြစ်နေသည်။

ကောင်းကင်နဂါးချောက် မှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားသည်နှင့်အမျှ စွမ်းအင်စီးကြောင်းများသည် ယဲ့ယွီ ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။

အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းတွင် ယဲ့ယွီ သည် မြေနတ်ဆိုး အဆင့်သို့ ထိုးဖောက်သွားခဲ့သည်။

( မြေနတ်ဆိုး ၊ ကောင်းကင်နတ်ဆိုး ၊ ဆန်းကြယ်နတ်ဆိုး ၊ နတ်ဆိုးဘုရင် ၊ နတ်ဆိုးသခင် ၊ နတ်ဆိုးဧကရာဇ် ၊ နတ်ဆိုးအရှင် ၊ အမြင့်ဆုံးမဟာနတ်ဆိုးဧကရာဇ် ။

သတိပေးချက်၊ ယခင်အပိုင်းများကို ပြန်လှန်ကြည့်ရန် မလိုအောင် ရေးသားထားသည်။)

ယဲ့ယွီ ၏ နောက်တွင် ရပ်နေသော ပိုင်ရှီချူ သည် မျက်မှောင်အနည်းငယ် တွန့်သွားသည်။ သူမက သူ၏အစွမ်းသတ္တိသည် အံ့မခန်းသောနှုန်းဖြင့် တိုးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

“ဒါက ရှေးခေတ်နတ်ဆိုးကျင့်ကြံမှုရဲ့ မရဏကျင့်ကြံမှုလမ်းကြောင်း လား? တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။”

ဒါ့အပြင် ယဲ့ယွီ သည် သူ၏ကျင့်ကြံမှုကို ဖုံးကွယ်ရန်အတွက် အလွန်မြင့်မားသော နည်းစနစ်ကို ပိုင်ဆိုင်ထားပုံရသည်။ သူ တက်မြောက်ခြင်း(ကောင်းကင်ဘုံတက်လှမ်းခြင်း) အဆင့်မှ လွတ်မြောက်ခဲ့ပြီးကတည်းက ပိုင်ရှီချူ ပင်လျှင် သူ၏အစွမ်းအစ အတိအကျကို ခွဲခြား၍မရတော့ပေ။

“ဒီကောင်လေးက လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲ” ဟု သူမ တွေးလိုက်သည်။ “ဒါပေမဲ့ သူ အသုံးဝင်နေသရွေ့ ဘာမှ အရေးမကြီးဘူး။”

အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်နဂါးချောက် သည် အသာစီးရလာသည်။ ဒေါသထွက်နေသော လှိုင်းလုံးတစ်ခုကဲ့သို့ သူတို့သည် ကျောက်မည်းကျောင်းတော် မှတဆင့် သွေးစွန်းသော လမ်းကြောင်းတစ်ခုကို ဖောက်ခဲ့သည်။ သူတို့သည် ဆုံးရှုံးမှုများရှိသော်လည်း ကျင့်ကြံသူများက နောက်သို့ မဆုတ်ခဲ့ပေ။

ဂိုဏ်းချုပ် ပူဟောက်ယန် နှင့် အကြီးကဲကြီး ကျူရွီကျုန်း တို့သည် ကျောက်မည်းကျောင်းတော် ၏ ဂိုဏ်းချုပ် ဂယ်လင်ဖေး ကို ပုရွက်ဆိတ်များထန်းညက်ခဲတွယ်သလို ဇွဲမလျှော့ဘဲ လိုက်လံတိုက်ခိုက်ခဲ့ကြသည်။

သူတို့သုံးဦးစလုံးသည် ကောင်းကင်နတ်ဆိုး အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် ဂယ်လင်ဖေး က ပြိုင်ဘက်နှစ်ဦးကို မယှဉ်နိုင်သောကြောင့် “ခနရပ်ကြပါဉီးဗျာ! ကျွန်တော်က အပြစ်ရှိသူတွေကို လက်ထဲအပ်ပြီး ခင်ဗျားတို့ရဲ့ ဆုံးရှုံးမှုတွေအတွက် ကောင်းကင်နဂါးချောက် ကို လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်။ ဒီကိစ္စကို အဆုံးသတ်လိုက်ရအောင်!” ဟု အော်လိုက်သည်။

ကျူရွီကျုန်း က ပူဟောက်ယန် ကို လှမ်းကြည့်ပြီး သူ၏တုံ့ပြန်မှုကို စောင့်နေသည်။ သို့သော် ပူဟောက်ယန် က ယဲ့ယွီ နှင့် မဟာဗျူဟာကို ကြိုတင်ဆွေးနွေးထားပြီးသား ဖြစ်သည်။

ကျောက်မည်းကျောင်းတော် ကို ဘယ်လို ကိုင်တွယ်ရမလဲဟု မေးသောအခါ ယဲ့ယွီ က တိုတိုတုတ်တုတ် ပြန်ဖြေသည်- “သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါ။ အင်အားအပြည့်အဝဖြင့် တိုက်ခိုက်ပြီး ကောင်းကင်နဂါးချောက် ၏ နာမည်ကို ထူထောင်ပါ။ ကောင်းကင်နဂါးချောက် ကို ရန်စတဲ့သူတွေဟာ ဘယ်လောက်ပဲ ဝေးဝေး၊ ဖျက်ဆီးခံရလိမ့်မယ်ဆိုတာ နတ်ဆိုးလောကတစ်ခုလုံး သိပါစေ။”

ဂိုဏ်းကို သုတ်သင်ရှင်းလင်းဖို့။

ဤမူကို စိတ်ထဲတွင်ထားရင်း ပူဟောက်ယန် က အေးစက်သော လေသံဖြင့် ပြန်ဖြေသည်၊ “ခင်ဗျားရဲ့ အသက်က လျော်ကြေး ဖြစ်လိမ့်မယ်!”

စကားမဆုံးခင် ပူဟောက်ယန် သည် တိုက်ခိုက်မှုအသစ်တစ်ခုကို စတင်လိုက်သည်။ ဒါကို မြင်သောအခါ ကျူရွီကျုန်း က မတွန့်ဆုတ်ဘဲ ပါဝင်ခဲ့သည်။

နှစ်နာရီ အကြာတွင် ကျောက်မည်းကျောင်းတော် သည် လုံးဝ ဖျက်ဆီးခံ သွားခဲ့သည်။ ဂိုဏ်းချုပ် ဂယ်လင်ဖေး သည် ထိုနေရာ၌ပင် သေဆုံးခဲ့သည်။

အောင်ပွဲသည် ကောင်းကင်နဂါးချောက် မှ အသက် တစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသော်လည်း အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မှ ကြေကွဲဝမ်းနည်းစွာ မညည်းညူခဲ့ပေ။ သူတို့သည် သူတို့၏ပန်းတိုင်ကို အောင်မြင်ခဲ့သည်- ဘယ်လောက်ပဲ ဝေးဝေး၊ဘယ်လောက်ပဲခက်ခက် တရားမျှတမှုကို ဖော်ဆောင်ခဲ့သည်။

သူ၏ ရဲဘော်များ ပို၍ပို၍ ကျဆုံးသွားသည်နှင့်အမျှ ယဲ့ယွီ သည် မြေနတ်ဆိုး အဆင့်၏ နှောင်းပိုင်းအဆင့် သို့ ရောက်ရှိသွားပြီး အဆင့်ကြီးတစ်ခုနီးပါး တိုးတက်လာခဲ့သည်။

သို့သော်လည်း သူသည် စိတ်ကျေနပ်မှုမရှိခြင်းကို အနည်းငယ် ခံစားမိသည်။ သေဆုံးသူအများစုမှာ အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်သောကြောင့် သူ စုပ်ယူနိုင်သော စွမ်းအားကို ကန့်သတ်ထားခဲ့သည်။

သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ယဲ့ယွီ က ကျူရွီကျုန်း ကို တစ်ချက်ကြည့်လိုက်သည်။ “ဒီအဘိုးကြီးက ကောင်းကင်နတ်ဆိုး အဆင့်ပဲ။ သူ့ကို ဖယ်ရှားလိုက်ရင် ငါ ဘယ်လောက်အစွမ်းရမလဲဆိုတာ တွေးမိတယ်… အတော်လေး များလိမ့်မယ်။”

ထိုအတွေးက သူ့ကို ခဏတာ သွေးဆောင် ခဲ့သည်။

တိုက်ပွဲပြီးနောက် ကောင်းကင်နဂါးချောက် သည် ကျောက်မည်းကျောင်းတော် ကို သိမ်းယူပြီး ထိုနေရာတွင် ဌာနခွဲဂိုဏ်း တစ်ခု တည်ထောင်ခဲ့သည်။

အရာရာ တည်ငြိမ်သွားသည်ကို ကြည့်ရှုပြီးနောက် ပိုင်ရှီချူ သည် ထွက်ခွာရန် ပြင်ဆင်သည်။ ယဲ့ယွီ က သူမ၏ ထွက်ခွာမှုကို စိတ်အားထက်သန်စွာ ထောက်ခံခဲ့သည်။

“နောက်ဆုံးတော့ အဲ့ဟာမလေး ထွက်သွားပြီ။ တကယ့်ကို သိပ်ကောင်းတဲ့ ကောင်းချီးမင်္ဂလာလေးပါပဲ!”

သို့သော်လည်း သူမက လှည့်ထွက်သွားရန် ပြင်ဆင်နေစဉ် ပိုင်ရှီချူ သည် သူမ၏ လျှို့ဝှက်သတိပေးချက်ကို ယဲ့ယွီနားကပ်ပြီး နောက်တခါ ပြန်ပြောသည်၊ “ ကောင်းကင်နတ်ဆိုး အဆင့်ကို လွယ်လွယ်ကူကူ မတက်ပါနဲ့။”

ယဲ့ယွီ က ဘာကြောင့်လဲဟု မေးသောအခါ သူမသည် ရှင်းပြရန် ငြင်းဆိုခဲ့ပြီး နောက်ထပ်စကားတစ်ခွန်းမျှမဆိုဘဲ ထွက်ခွာသွားသည်။

“ဘယ်လောက် ဒေါသထွက်စရာကောင်း လိုက်သလဲ!” ဟု ယဲ့ယွီ တွေးလိုက်သည်။ မြေနတ်ဆိုး အဆင့်၏ နှောင်းပိုင်းအဆင့်တွင် ရောက်ရှိနေပြီဖြစ်သောကြောင့် သူသည် ကောင်းကင်နတ်ဆိုး သို့ ထိုးဖောက်ရန် နီးစပ်နေသည်။ ဒီအဆင့်မှာ ဘာထူးခြားချက်ရှိတာလဲ? ခင်ဗျားက ကျွန်တော့်ကို မလုပ်နဲ့လို့ ပြောလေလေ၊ ကျွန်တော်က ပိုပြီး သိချင်လေလေပဲ!

“ဘယ်လိုအန္တရာယ်ပဲရှိရှိ မြေနတ်ဆိုး အဆင့်မှာ ထာဝရနေရတာကတော့ ရွေးချယ်စရာတစ်ခု မဟုတ်ဘူး။”

---

[ သုံးရက် အကြာတွင် ကျောက်မည်းကျောင်းတော် ၏ ဖျက်ဆီးခံရသည့် သတင်းသည် ဒုံယောင်ပြည်နယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဘယ်သူမှ မယုံကြည်နိုင်ကြပေ။]

ကောင်းကင်နဂါးချောက် သည် ထိုမျှကြီးမားသော အကွာအဝေးကို ခရီးသွားပြီး ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်—ဒီအရာတွေအားလုံးက တပည့်အနည်းငယ် သေဆုံးမှုအတွက်သာ ဖြစ်သည်။

“သူတို့က ဒီလိုလုပ်ရပ်တစ်ခုရဲ့ ကုန်ကျစရိတ်ကို တကယ်ပဲ ထည့်သွင်းစဉ်းစားခဲ့သလား?” ဟု လူများက တွေးကြသည်။

သို့သော်လည်း ဤရဲရင့်သော လုပ်ရပ်သည် ကောင်းကင်နဂါးချောက် ၏ သစ္စာရှိမှုနှင့် ဂုဏ်သိက္ခာအတွက် ဂုဏ်သတင်းကို ခိုင်မာစေခဲ့သည်။ ဒုံယောင်ပြည်နယ် တွင် စကားအသစ်တစ်ခု စတင်ပျံ့နှံ့လာသည်:

“ ကောင်းကင်နဂါးချောက် ကို ပူးပေါင်းပါ၊ သင်၏ညီအစ်ကိုများသည် သင့်ကို အမြဲတမ်း နောက်ကွယ်ကနေ ကူညီလိမ့်မည်။”

ကျောက်မည်းကျောင်းတော် သည် အဓိကသာဓကတစ်ခု ဖြစ်လာပြီး နတ်ဆိုးကျင့်ကြံသူများသည် ကောင်းကင်နဂါးချောက် သို့ အလုံးအရင်းဖြင့် ရောက်ရှိလာကြသည်။ ဂိုဏ်း၏ သြဇာအာဏာသည် အလွန်မြင့်မားလာပြီး ပြည်နယ်ကို လွှမ်းမိုးသွားသည်။

၃၃၆ ဆက်ရ

All Chapters