အခန်း (၃၃၇)
Vol. 12 Ch. 337
---
[ဤအချိန်တွင်။]
[ယခင် ကျောက်မည်းကျောင်းတော် နေရာသည် ယခုအခါ ကောင်းကင်နဂါးချောက် ၏ ဂိုဏ်းမြေဖြစ်နေသည်။]
[ပတ်ဝန်းကျင်တစ်ခုလုံးကို ထောင်ပေါင်းများစွာသော အင်အားကြီး နတ်ဆိုးကျင့်ကြံသူများက ပြင်းထန်သောဆူနာမီလှိုင်းများ ကမ်းခြေကို ရိုက်ခတ်တော့မည့်အသွင်မျိုးဖြင့် ဝိုင်းရံထားသည်။]
[မြင်ကွင်းသည် လွန်ခဲ့သော နှစ်လ အကြာကနှင့် အလွန်ဆင်တူနေသည်။]
[ ကောင်းကင်နဂါးချောက် ၏ ဝိညာဉ်လှေတစ်ထောင်သည် ကျောက်မည်းကျောင်းတော် ကို ဝိုင်းရံတိုက်ခိုက်ခဲ့စဉ်ကအတိုင်းပင်။]
[သို့သော် ယခုအခါ တိုက်ခိုက်သူနှင့် ခုခံသူတို့၏ အခန်းကဏ္ဍများ ပြောင်းပြန်ဖြစ်နေသည်။]
[ ပူဟောက်ယန် ၏ အရေးပေါ်အစီရင်ခံစာကို လက်ခံရရှိပြီးနောက် ယဲ့ယွီ နှင့် ပိုင်ရှီချူ တို့သည် အချိန်မဆွဲဘဲ ဂိုဏ်း၏ဂိတ်များဆီသို့ အလျင်အမြန် သွားခဲ့ကြသည်။]
[သူတို့ကို ကြိုဆိုနေသည်က သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် တရှိန်းရှိန်းလက်ကာ ပြည့်နှက်နေသည့် မြင်ကွင်းတစ်ခုဖြစ်သည်။]
[ ကွန်ရှန်းတဲ ၊ ဒွမ်ကျားဂိုဏ်း ၊ ကောင်းကင်ပိတ်မျှော်စင် ၊ နှင်းဖျက်နန်းတော် ၊ သန့်စင်တွေးခေါ်ခန်းမ ၊ ဝိညာဉ်တစ်ရာဂိတ် ။]
[ဤဂိုဏ်း ခြောက်ခု သည် ပိုင်ယုံကျီ ၏ နယ်ပယ်အတွင်းတွင် ရှေးနှစ်ပေါင်းများစွာကတည်းက တည်ထောင်ထားသော နာမည်ကျော် အင်အားကြီးများ ဖြစ်ကြသည်။]
[ရှေးဟောင်းအမွေအနှစ်များနှင့် အင်အားကြီးမားသော ခွန်အားများဖြင့်။]
[၎င်းတို့ထဲမှ မည်သည့်ဂိုဏ်းမဆို တစ်ဂိုဏ်းတည်းနှင့်ပင် ကောင်းကင်နဂါးချောက် ကို လက်ရည်တူ ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။]
[ယခုမူ ဤဂိုဏ်း ခြောက်ခု သည် ပူးပေါင်းပြီး အတူတကွ ပေါ်လာခဲ့ကြသည်။]
[ရှင်းလင်းသည်မှာ သူတို့၏ ရည်ရွယ်ချက်များသည် မျှတသောတိုက်ပွဲ မဟုတ်ပေ။ကျူပင်ခုတ် ကျူငုတ်မကျန်သည်အထိ ရှင်းလင်းသုတ်သင်လိုခြင်းပင်ဖြစ်တော့သည်။]
[သို့သော်လည်း ပိုင်ရှီချူ သည် ရှုပ်ထွေးနေသည်။ သတင်းအချက်အလက်အရ ဤဂိုဏ်း ခြောက်ခု သည် နောက်ထပ် တစ်ရက် သို့မဟုတ် နှစ်ရက် အကြာတွင် ရောက်ရှိလာမည်ဟု မျှော်လင့်ထားသည်။]
[သူတို့သည် ဘာကြောင့် ဒီလောက်စောစော ရောက်ရှိလာရတာလဲ?]
[ထောက်လှမ်းရေးတွင် ပြဿနာရှိခဲ့တာလား?]
[ဒါပေမဲ့ ဤသတင်းအချက်အလက်ကို အကြီးကဲကြီး ကျူရွီကျုန်း က လျှို့ဝှက်စုံစမ်းခဲ့ခြင်း ဖြစ်သည်။]
[သို့သော် ယဲ့ယွီ ကတော့ ၎င်းကို စိတ်ထဲမထားခဲ့ပေ။ ရပါတယ်လာပါစေ တိုက်ခိုက်ကြစမ်းပါ သူ့စိတ်ထဲက ရေရွတ်နေမိသည်။]
[ဤမျှများပြားသော နတ်ဆိုးကျင့်ကြံသူများ စုဝေးနေသည်ကို မြင်သောအခါ သူ၏နှလုံးသားသည် ဝမ်းသာမှုဖြင့် လှိုက်လှိုက်လှဲလှဲ ဖြစ်နေသည်။]
[ထိုသို့သော အင်အားစုသည် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ကတိပေးနေသည်။]
[ဤနေရာတွင် ကောင်းကင်နဂါးချောက် ဌာနခွဲဂိုဏ်းတစ်ခုလုံး လုံးဝ သုတ်သင်ရှင်းလင်းခံရနိုင်သည့် ဖြစ်နိုင်ခြေပင် ရှိသည်။]
[ဘယ်လောက်တောင်… စိတ်လှုပ်ရှားစရာကောင်းလိုက်တဲ့ အတွေးလဲ!]
[ဤအရာပြီးနောက် သူ မည်မျှ ပိုမိုအားကောင်းလာမည်ကို ယဲ့ယွီ ပင် မတွေးနိုင်တော့ပေ။]
[“ဆရာ၊ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ?”]
[ ပူဟောက်ယန် က စိုးရိမ်မှုအပြည့်ဖြင့် ဒူးနဲနဲတုန်နေသော်လည်း ရဲရင့်သည့်ဟန်မပျက်စေရန်ထိန်းသိမ်းကာ ရှေ့သို့တိုးလာသည်။]
[သူသည် သဘာဝအားဖြင့် ရိုးသားသူဖြစ်သော်လည်း မိုက်မဲသူတော့ မဟုတ်ပေ။]
[ဂိုဏ်း ခြောက်ခု သည် သူတို့၏ ထိပ်တန်းစစ်သည်များကို စေလွှတ်ခဲ့ကြပြီး ဂိုဏ်းချုပ်အဆင့် နတ်ဆိုးကျင့်ကြံသူများက ဦးဆောင်နေသည်။]
[တစ်ဦးစီသည် အလွန်အင်အားကြီးမားသည်။]
[တိုက်ပွဲဖြစ်ပွားခဲ့လျှင် ပူဟောက်ယန် နှင့် အကြီးကဲကြီး ကျူရွီကျုန်း သာ ကောင်းကင်နတ်ဆိုး အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။]
[အောင်ပွဲရဖို့ အခွင့်အရေး မရှိပေ။]
[ဖြေရှင်းချက်တစ်ခုကို ချက်ချင်း ရှာဖွေရမည်။]
[ ယဲ့ယွီ သည် တိတ်ဆိတ်စွာ နေနေခဲ့သည်။]
[သူသည် ပူဟောက်ယန် ၏ ရင်းနှီးသောမျက်နှာကို နောက်လှည့်ကြည့်လိုက်သည်။]
[အရက်သောက်ခြင်းနှင့် စကားပြောခြင်းတို့၏ အမှတ်ရစရာများ သူ၏စိတ်ထဲတွင် ပေါ်လာသည်။]
[နောက်ဆုံးတွင် ယဲ့ယွီ သည် ဤရိုးသားစွာ သစ္စာရှိသော သူ၏ နှစ်ပေါင်းများစွာကတည်းက တိုက်ဖော်တိုက်ဖက်ကို ဤနေရာတွင် သေဆုံးစေမည် မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။]
[စိတ်ချင်းဆက်သွယ်သော မက်ဆေ့ချ်ဖြင့် သူက “ဂိုဏ်းချုပ်၊ အခြေအနေက ဆိုးရွားတယ်။ ခင်ဗျား ထွက်ပြေးရမယ်!” ဟု ပြောသည်။]
[“ရှင်သန်ခြင်းကသာ ပြန်လည်ထလာဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ မဆင်မခြင် မလုပ်နဲ့၊ နားလည်လား?”]
[ ပူဟောက်ယန် ၏ မျက်မှောင်အနည်းငယ် တွန့်သွားသည်။]
[ ယဲ့ယွီ ပင်လျှင် အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် နည်းလမ်းမရှိဟု ဝန်ခံခဲ့ပါက ယနေ့သည် တကယ်ကို ကံဆိုးမိုးမှောင်ကျမည့် နေ့တစ်နေ့ ဖြစ်ရမည်။]
[သူသည် အခြားရွေးချယ်စရာများကို တွေးတောခြင်း ရပ်လိုက်သည်။]
[အစားထိုးအနေဖြင့် သူက ရိုးသားစွာ ပြန်ဖြေသည်၊ “နားလည်ပါပြီ၊ ဆရာ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်က ဆရာရဲ့ လုံခြုံစွာ ထွက်ပြေးမှုကို သေချာအောင် လုပ်ပေးမယ်။”]
[ဒါကို ကြားသောအခါ ယဲ့ယွီ သည် စိတ်ပျက်မှုနှင့် ပျော်ရွှင်မှု ရောထွေးသော ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့။]
[ ပူဟောက်ယန် က တကယ်ကို အရူးပဲ—ဒီလိုအချိန်မျိုးမှာတောင် သူ့ကို ကာကွယ်ဖို့ တွေးနေသေးတာ။]
[ဒါကြောင့်ပဲ ယဲ့ယွီ က သူ့ကို ဒီတစ်ကြိမ် ချမ်းသာပေးဖို့ ဆုံးဖြတ်ခဲ့တာ အံ့ဩစရာ မဟုတ်ဘူး။]
[ဒါပေမဲ့ ထွက်ခွာခြင်းလား? ဒါကတော့ မဖြစ်နိုင်ဘူး!]
[ကျယ်ပြန့်သော စမ်းသပ်မှုများပြီးနောက် ယဲ့ယွီ သည် သူ၏ အိပ်မက်နယ်ပယ်စွမ်းရည်၊ အသင်းဖော်များကို စတေးခြင်း၊ အနန္တစွမ်းအား ၏ ကန့်သတ်ချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။]
[ပထမ၊ စွမ်းရည်၏ ထိရောက်မှုသည် စတေးခံရသော အသင်းဖော်များ၏ ခွန်အားအပေါ် မူတည်သည်။]
[ဒုတိယ၊ ၎င်းတွင် လျှို့ဝှက်ကန့်သတ်ချက်တစ်ခု ရှိသည်- အကွာအဝေး ။]
[အသင်းဖော်များက မိုင် ၁၀၀ ထက် ပိုဝေးသောနေရာတွင် သေဆုံးပါက ယဲ့ယွီ သည် သူတို့၏စွမ်းအားကို မစုပ်ယူနိုင်ပေ။]
[ဤအရာများသည် အိပ်မက်နယ်ပယ်စွမ်းရည်၏ ကန့်သတ်ချက် နှစ်ခု ဖြစ်သည်။]
[သူ ယခု ထွက်ခွာပါက ဤရွှေရောင်အခွင့်အရေးကို ဖြုန်းတီးပစ်ရာ ရောက်သွားလိမ့်မည်။]
[ ယဲ့ယွီ ကတော့ ၎င်းကို သဘောတူမည်မဟုတ်။]
[သူက ပူဟောက်ယန် ကို ပြောသည်၊ “ဂိုဏ်းချုပ်၊ အချိန်တန်တဲ့အခါ ခင်ဗျားဟာ ခင်ဗျား ထွက်သွားလိုက်ပါ။ ကျွန်တော့်အတွက် စိတ်မပူနဲ့—ကျွန်တော့်မှာ အစီအစဉ်တွေ ရှိတယ်။”]
[“ဘာပဲဖြစ်ဖြစ်၊ဂိုဏ်းချုပ် ခင်ဗျား အရင်သာပြေးလိုက် ၊ ကျွန်တော့်ရဲ့ ခမ်းနားတဲ့ အစီအစဉ်ကို မဖျက်ဆီးပါနဲ့!”]
[ ပူဟောက်ယန် ၏ မျက်နှာအမူအရာ လေးနက်လာသည်။]
[“ခမ်းနားတဲ့ အစီအစဉ်? ဆရာမှာ လျှို့ဝှက်ဖဲချပ်တစ်ချပ် ရှိနေတာလား?”]
[“ငါသိတယ် သခင်ယဲ့က ငါ မျှော်လင့်ထားသလိုပဲ တကယ့်အံ့မခမ်းပဲ!”]
[ ယဲ့ယွီ သည် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ပြီး အကြီးကဲကြီး ကျူရွီကျုန်း သည် မဝေးသောနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။]
[သူ စိတ်အေးသွားသည်။]
[ ကောင်းကင်နဂါးချောက် တွင် ပူဟောက်ယန် အပြင် ကျူရွီကျုန်း က ကျင့်ကြံမှုအဆင့် အမြင့်ဆုံး ဖြစ်သည်။]
[ဒါ့အပြင် ထိုအဘိုးကြီးက အမြဲတမ်း ပရိယာယ်များပြီး မကောင်းမှုတစ်ခုခုကို လုပ်ဖို့ အမြဲအသင့်ဖြစ်နေသူ။]
[ဒီတစ်ကြိမ်မှာတော့ ယဲ့ယွီ က သူ့ကို စတေးဖို့ ဆုံးဖြတ်လိုက်သည်။]
[ဒီအတွေးနှင့်အတူ ယဲ့ယွီ က ပြတ်သားစွာ ပြောသည်၊ “ဂိုဏ်းချုပ်၊ အကြီးကဲကြီးကို ဒီမှာနေခိုင်းပါ။ သူ့အတွက် ကျွန်တော့်မှာ အစီအစဉ်တွေ ရှိတယ်။”]
[မယိမ်းမယိုင်သော သစ္စာရှိမှုကြောင့် ပူဟောက်ယန် က ချက်ချင်း ခေါင်းညိတ်လိုက်သည်။]
[ ယဲ့ယွီ နှင့် ပူဟောက်ယန် တို့ စိတ်ချင်းဆက်သွယ်နေစဉ်။]
[ ပိုင်ရှီချူ လည်း နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်းဝင်နေသည်။]
[အင်အားစုနှစ်ဖက်၏ တိုက်ခိုက်ရေးစွမ်းရည်ကို နှိုင်းယှဉ်ပါက ကောင်းကင်နဂါးချောက် တွင် အောင်ပွဲရဖို့ ၁၀% ပင် မရှိပေ။]
[တိုက်ပွဲဖြစ်ပွားပါက ၎င်းသည် မလွဲမသွေ အသက်ဆုံးရှုံးရသော တိုက်ပွဲတစ်ရပ်သာ ဖြစ်လာလိမ့်မည်။]
[အခြေအနေကို ပြောင်းပြန်လှန်ရန် ပိုင်ရှီချူ က ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ရလိမ့်မည်။]
[ နတ်ဆိုးသခင်မ တစ်ဦးအနေဖြင့် သူမက သူမ၏စွမ်းအားကို ထုတ်ဖော်လိုက်ပါက ဖြစ်ပေါ်လာမည့် နတ်ဆိုးစွမ်းအင် မြင့်တက်မှုသည် ပိုင်ယုံကျီ ၏ အာရုံကို ဆွဲဆောင်လိမ့်မည်။]
[ဒါက သူ့ရဲ့နယ်မြေပဲ ဖြစ်သည်။]
[နတ်ဆိုးသခင်နှစ်ဦး ဤနေရာတွင် တိုက်ခိုက်ပါက သူမသည် အားနည်းချက်ရှိနေလိမ့်မည်။]
[အများကြီး စဉ်းစားပြီးနောက် ပိုင်ရှီချူ သည် ဤအခြေအနေက မျှော်လင့်ချက်မဲ့ကြောင်း ကောက်ချက်ချလိုက်သည်။]
[သူမ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ကိုင်စွဲပြီး ဝိုင်းရံမှုမှ ထိုးဖောက်ထွက်မှသာ မျှော်လင့်ချက် အနည်းငယ် ရှိနိုင်သည်။]
[ ယဲ့ယွီ သည် ရှားပါးသော အရည်အချင်းရှိသူဖြစ်ပြီး ဤနေရာတွင် သေဆုံးခွင့် မရှိပေ။]
[ ပိုင်ရှီချူ က ကျူရွီကျုန်း ဆီသို့ စိတ်ချင်းဆက်သွယ်သော မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်- “ ယဲ့ယွီ ကို ခေါ်ပြီး ထွက်သွား—အမြန်!”]
[ရင်းနှီးသောအသံကို ကြားသောအခါ ကျူရွီကျုန်း သည် တုန်လှုပ်သွားသည်။]
[သူသည် ပိုင်ရှီချူ အနီးအနားတွင် ရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။]
[သူမသည် ကျောက်မည်းကျောင်းတော် ကို အောင်ပွဲခံပြီးနောက် ယဲ့ယွီ ၏ဘေးတွင် ပြန်ပေါ်လာသည့် အစေခံမ ဖြစ်နိုင်သည်။]
[ ကျူရွီကျုန်း က သေသေချာချာ သတိထားပြီး ကြည့်ရှုခဲ့သည်။]
[အစေခံမသည် ကျောက်မည်း တိုက်ပွဲပြီးနောက် ပျောက်ကွယ်သွားပြီး ယခုမှ ပိုင်ရှီချူ ၏ အသံနှင့်အတူ ပြန်ပေါ်လာသည်။]
[ဒါက တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်။]
[“နတ်ဆိုးသခင်မ၊ ဒါဆို ခင်ဗျား ရောက်လာခဲ့ပြီပဲ!”]
[ ကျူရွီကျုန်း ၏ မျက်လုံးများတွင် ဝမ်းနည်းမှု အနည်းငယ် ပေါ်လာသည်။]
[နောက်တစ်ခဏတွင် သူသည် ယဲ့ယွီ ၏ ဘေးသို့ ရောက်လာပြီး လက်တစ်ဖက်ဖြင့် နေရာလုံခြုံရေးတံဆိပ်ကို ဖျက်ဆီးလိုက်ရာ နှစ်ဦးစလုံး ပျောက်ကွယ်သွားသည်။]
[သူတို့ ပြန်ပေါ်လာသောအခါ ကောင်းကင်ပိတ်မျှော်စင် နှင့် နှင်းဖျက်နန်းတော် တို့၏ ဂိုဏ်းချုပ်များ၏ ဘေးတွင် ရောက်ရှိနေကြသည်။]
[ရုတ်တရက် ပေါ်ပေါက်လာသော အခြေအနေသည် ပိုင်ရှီချူ နှင့် ကောင်းကင်နဂါးချောက် ဂိုဏ်းတစ်ခုလုံးကို ရှုပ်ထွေးစေခဲ့သည်။]
[ဘာတွေဖြစ်နေတာလဲ?]
[တိုက်ပွဲမစခင်လေးမှာပဲ ဘာလို့ အကြီးကဲကြီးက တခြားတစ်ဖက်ကို ကူးသွားရတာလဲ?]
[ဒါက အရေးပေါ်လှုပ်ရှားမှုတစ်မျိုးလား?]
[ ယဲ့ယွီ ပင်လျှင် ရှုပ်ထွေးနေပြီး ကျူရွီကျုန်း ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်နေသည်။]
[ ကျူရွီကျုန်း က ရုတ်တရက် လှည့်လိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ အော်ဟစ်လိုက်သည်၊ “ဤလက်အောက်ငယ်သားက နတ်ဆိုးသခင် ရောက်ရှိလာခြင်းကို ကြိုဆိုပါတယ်!”]
[ဤလုပ်ရပ်နှင့်အတူ ကွန်ရှန်းတဲ ၊ ဒွမ်ကျားဂိုဏ်း နှင့် တခြားဂိုဏ်းလေးခု၏ ဂိုဏ်းချုပ်များလည်း လှည့်ပြီး ဦးညွှတ်လိုက်ကာ “ကျွန်တော်တို့က နတ်ဆိုးသခင် ရောက်ရှိလာခြင်းကို ကြိုဆိုပါတယ်!” ဟု တစ်ညီတည်း ပြောသည်။]
"ဟင် ဘာလဲဟ"
[မကြာမီ အရှေ့ဘက်မှ ခရမ်းရောင်စွမ်းအင်လှိုင်းတစ်ခု ဝင်ရောက်လာသည်။]
၃၃၈ ဆက်ရန်