← Chapters

အခန်း (၃၄၀)

Vol. 12 Ch. 340

အခန်း (၃၄၀)

Vol. 12 Ch. 340

---

[အရှိန်အဟုန်ပြင်းသော ကောင်းကင်မိုးကြိုးများ မိုးသီးမိုးပေါက်များသဖွယ် စဉ်ဆက်မပြတ် ရွာကျနေသည်။]

[ဧရိယာတစ်ခုလုံးသည် နေခုနစ်စင်းထွက်သော နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်။]

[ဖျက်ဆီးခြင်း၏ လွှမ်းမိုးသော အရှိန်ဝါ တစ်ခု လေထဲတွင် အသူရာဧကရာဇ်ရောက်ရှိလာသည်ံ့နှယ် ပျံ့နှံ့နေသည်။]

[အနီးအနားမှ ကြည့်နေသော ပိုင်ရှီချူ ပင်လျှင် စိတ်မသက်မသာ လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။]

[သူမ ကိုယ့်ကိုယ်ကို ရိုးသားစွာ မေးခွန်းထုတ်လိုက်သည်။]

[ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် သူမပင် ရှင်သန်နိုင်ပါ့မလား?]

[“ခဏလေး… ဒီလောက် ပြင်းထန်တဲ့ နတ်ဆိုးစွမ်းအင် လှုပ်ရှားမှုတွေ…”]

[ ယဲ့ယွီ သည် ဘယ်တုန်းက ကောင်းကင်နတ်ဆိုး အဆင့်ကို ရောက်သွားတာလဲ?]

[ခဏအကြာတွင် မိုးကြိုးများ ရပ်တန့်သွားသည်။]

[ ယဲ့ယွီ သည် စစ်မြေပြင်၏ အလယ်ဗဟိုတွင် တဖျတ်ဖျတ်လှုပ်ခါနေသော လေမြေနှင့်ကောင်းးကင်တို့အကြား အန္တရာယ်ကင်းစွာ ရပ်နေသည်။]

[သူ့ပတ်လည်ရှိ မိုင် တစ်ရာ အချင်းရှိသော ဧရိယာသည် ဉက္ကာခဲ မျာစွာကျဆင်းထားသလို ချိုင့်ခွက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။]

[မြေပြင်သည် ရံဖန်ရံခါ ကျန်ရှိနေသေးသော ကောင်းကင်မိုးကြိုးများဖြင့် တချိန်းချိန်းမြည်နေဆဲဖြစ်သလို ပတ်ဝန်းကျင်တခုလုံးကလဲ ဓာတ်လိုက်နေသလို တဖျောက်ဖျောက် မြည်နေသေးသည်။]

[ဒါက ဒီဖျက်ဆီးနိုင်စွမ်းရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို သက်သေပြနေတာပဲ။]

[ ယဲ့ယွီ သည် ၎င်း နတ်ဆိုးသခင်ကို သုတ်သင်နိုင်ခဲ့ပြီး တိုက်ပွဲ ပြီးဆုံးသွားပြီဟု အစပိုင်းတွင် ယုံကြည်ခဲ့သည်။]

[သူ ထွက်ခွာရန် ပြင်ဆင်နေချိန်မှာပင်။]

[သွေးစိမ်းရေကန်တစ်ခု ရှေ့မြေပြင်မှပန်းကာ တိုးထွက်လာသည်။]

[သွေးများသည် ဖြည်းဖြည်းချင်း လူပုံစံအဖြစ် စုစည်းသွားသည်။]

[၎င်းသည် မည်သူမည်ဝါဖြစ်သည်ကို သံသယဖြစ်ဖွယ်မရှိ ပိုင်ယုံကျီ ပင် ဖြစ်သည်။]

[ကောင်းကင်မိုးကြိုးသည် သူ့ကို သိသိသာသာ ထိခိုက်စေခဲ့သည်။]

[သူ၏ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများဖြင့် ပြည့်နေသည်။]

[သူသည် လုံးဝ ကြောက်စရာကောင်းပုံ ပေါ်နေသည်။]

[ ပိုင်ယုံကျီ ၏ ပုံစံ နှစ်ခု သည် တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားသည်။]

[အသက်ကို ပြင်းပြင်းရှူရင်း သူက “ငါ မင်းကို လျှော့တွက်လိုက်မိတယ်။ ဘာမှမဟုတ်တဲ့ ကောင်းကင်နတ်ဆိုး တစ်ဦးက ငါ့ အသက်ကို ရယူလုနီးပါးဖြစ်သွားပါလားဟ !” ဟု အော်ဟစ်လိုက်သည်။]

[“ဒါပေမဲ့ ဒါပဲ မင်းလုပ်နိုင်တာ။”]

[“မင်းက ဒီအရာနဲ့ ငါ့ကို သတ်နိုင်မယ်လို့ တွေးနေတာ… မင်းရဲ့ စိတ်ကူးယဉ်မှုပဲလို့သိထားလိုက်!”]

[ဤစကားများကို အော်ဟစ်လိုက်ခြင်း ဖြစ်သည်။]

[အမှန်တကယ်တော့ သူ လိမ်ပြောနေခြင်း မဟုတ်ပေ။]

[စစ်မှန်သော သွေးနတ်ဆိုး တစ်ဦးအနေဖြင့်။]

[သူ၏ အနှစ်သာရသွေးတစ်စက် ကျန်နေသရွေ့။]

[သူသည် စွမ်းအင်များကို စုပ်ယူခြင်းဖြင့် အကန့်အသတ်မရှိ ပြန်လည်မွေးဖွားနိုင်စွမ်းရှိသည်။]

[ထို့ကြောင့် “ ကောင်းကင်မိုးကြိုး သုတ်သင်ခြင်းအစီရင်” ပင်လျှင် ပိုင်ယုံကျီ ကို သတ်ရန် မလုံလောက်ခဲ့ပေ။]

[ ပိုင်ရှီချူ က ဤအရာကို ကောင်းစွာ သိသည်။]

[ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်သလဲ!]

[ထိုတိုက်ခိုက်မှုက သူ့ကို အပြီးသတ်မသတ်နိုင်ခဲ့လျှင်။]

[ သွေးနတ်ဆိုး ၏ မယုံနိုင်လောက်သော ပြန်လည်မွေးဖွားနိုင်စွမ်းနှင့်အတူ။]

[ ပိုင်ယုံကျီ က သူမနှင့် ယဲ့ယွီ ကို အင်အားကုန်စေနိုင်ဖွယ်ရှိသည်။]

[ ပိုင်ရှီချူ သည် ရွေးချယ်စရာ နှစ်ခု နှင့် ရင်ဆိုင်နေရသည်။]

[ပထမ၊ ပိုင်ယုံကျီ ၏ အာရုံစိုက်မှုအားလုံး ယဲ့ယွီ အပေါ် လုံးဝ စူးစိုက်နေချိန်တွင်။]

[သူမသည် အခွင့်အရေးကို အသုံးချပြီး ထွက်ပြေးနိုင်သည်။]

[သို့သော် သူမ ထိုသို့လုပ်လျှင် ယဲ့ယွီ သည် သေဆုံးလိမ့်မည်မှာ သေချာသည်။]

[ဒုတိယ၊ သူမသည် ယဲ့ယွီ နှင့်အတူ အင်အားစုပေါင်းနိုင်သည်။]

[သို့သော် အမှန်တကယ် ပြောရလျှင် သူတို့ ပူးပေါင်းခဲ့ရင်တောင်။]

[သူတို့သည် ပိုင်ယုံကျီ နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပေ။]

[နှောင်းပိုင်းအဆင့် နက်နဲသောနတ်ဆိုး တစ်ဦးအဖြစ် သူမ၏ ခွန်အားသည် အကောင်းဆုံးမှာ အားကိုးမရပေ။]

[သူမသည် ယဲ့ယွီ ကို အကူအညီများစွာ မပေးနိုင်ပေ။]

[ရလဒ်သည် သူတို့၏သေဆုံးမှု ဖြစ်နိုင်ဖွယ်ရှိသည်။]

[ထို့အပြင် သူတို့ ဤနေရာတွင် ကြာကြာနေလေလေ။]

[ ပိုင်ယုံကျီ ၏ လက်အောက်ငယ်သားများ ရောက်ရှိလာနိုင်ခြေ ပိုများလေလေဖြစ်သည်။]

[ဘယ်ရှုထောင့်ကနေ ကြည့်ကြည့် ပထမရွေးချယ်စရာသည် အကောင်းဆုံး ဖြစ်သည်။]

[ ပိုင်ရှီချူ သည် ယဲ့ယွီ ကို တစ်ချက်ကြည့်လိုက်သည်။]

[ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် သူမ ကိုယ့်ကိုယ်ကို သရော်သော ရယ်သံတစ်ခု ထွက်လာသည်။]

[ကိုယ့်ဘာသာ ရေရွတ်လိုက်သည်၊ “ကောင်းပြီ၊ ဒါကို မင်းကို ငါ ပေးရမယ့် အကြွေးတစ်ခုလို့ သတ်မှတ်လိုက်ပါ။”]

[နောက်တစ်ခဏတွင်။]

[ ပိုင်ရှီချူ သည် ယဲ့ယွီ ၏ ဘေးတွင် ချက်ချင်း ပေါ်လာသည်။]

[သူမသည် လုံးဝ မမျှော်လင့်ထားသော စကားလုံးအချို့ကို ပျားရည်ဆမ်းသော အီချွဲနေသော အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။]

[“အခုကစပြီး နောင်လာမယ့် နှစ်တွေအားလုံးမှာ မင်းက ငါ့ကိုပဲ သဘောကျရမယ်၊ ချစ်ရမယ်၊ ဘယ်တော့မှ သစ္စာမဖောက်ရဘူး။”]

[“မဟုတ်ရင် ငါ မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး!”]

[သူမ၏အသံက ညင်သာပြီး ချစ်သူတစ်ဦး၏ ကတိသစ္စာကဲ့သို့ ဖြစ်သည်။]

[သို့သော် ယဲ့ယွီ သည် လုံးဝ ရှုပ်ထွေးနေသည်။]

[“ဘာလို့ သူမက ရုတ်တရက် ဝန်ခံနေတာလဲ?”]

[ ပိုင်ရှီချူ သည် ယဲ့ယွီ ၏ ရှုပ်ထွေးမှုကို ရှင်းပြခြင်းမရှိပေ။]

[အစားထိုးအနေဖြင့် သူမသည် သူမ၏မျက်နှာကို ဖုံးထားသော မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။]

[ ပိုင်မျောင်လန် နှင့် အလွန်ဆင်တူသော အလွန်လှပသော မျက်နှာသွင်ပြင်တစ်ခု ထွက်ပေါ်လာသည်။]

[ ယဲ့ယွီ ၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားသည်။]

[“ခဏလေး… ဘာလို့ သူတို့က ဒီလောက်တောင် ဆင်တူနေရတာလဲ?”]

[နှစ်ယောက်ကို ခွဲခြားရခက်သည်။]

[ထို့နောက် ပိုင်ရှီချူ သည် သူမ၏လက်များကို အလွန်လျင်မြန်စွာလှုပ်ရှားကာ ဟန်းဆိုင်း တံဆိပ်တစ်ခု ဖန်တီးလိုက်ပြီး ယဲ့ယွီ ၏ ရင်ဘတ်ကို ညင်သာစွာ ဖိလိုက်သည်။]

[ ယဲ့ယွီ ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။]

[သူသည် သူ့ကိုယ်သူနှင့် ပိုင်ရှီချူ တို့ကြားတွင် ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။]

[သူမ၏ စွမ်းအားမြင့် နတ်ဆိုးစွမ်းအင်သည် သူ့ထဲသို့ မယုံနိုင်လောက်သော အရှိန်ဖြင့် စီးဆင်းဝင်ရောက်လာသည်။]

[ရူရှိုက်သံ နှစ်ခု အတွင်း။]

[ ယဲ့ယွီ သည် နက်နဲသောနတ်ဆိုး အဆင့်၏ အစောပိုင်းအဆင့်သို့ တိုးတက်သွားခဲ့သည်။]

[ထိုအချိန်တွင် ပိုင်ရှီချူ ၏ ကျင့်ကြံမှုသည် မြေနတ်ဆိုး အဆင့်၏ နှောင်းပိုင်းအဆင့်သို့ ကျဆင်းသွားသည်။]

[သူမသည် အဆင့်ကြီး နှစ်ခု လုံးကို စတေးခဲ့သည်။]

[သူမ၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး သူမ၏ကိုယ်ခန္ဓာ အားနည်းသွားကာ ယဲ့ယွီ ၏ လက်မောင်းများထဲသို့ ပျော့ခွေကာ ပြိုကျသွားသည်။]

[ ယဲ့ယွီ က သူမ၏ကိုယ်လေးကိုဆီးဖက်ကာ အိစက်မှုကို ဆွေမျိုးမေ့မတတ်ခံစားရင်း အလျင်အမြန် မေးသည်၊ “မင်း ဘာဖြစ်တာလဲ?”]

[အခြေအနေကို သူ အပြည့်အဝ နားမလည်ခဲ့သော်လည်း။]

[ ယဲ့ယွီ က သူ၏ရုတ်တရက် ကျင့်ကြံမှုအဆင့် တိုးတက်မှုသည် ပိုင်ရှီချူ ၏ အကူအညီကြောင့်ဖြစ်ကြောင်း အသေအချာ ပြောနိုင်ခဲ့သည်။]

[ယခု သူမသည် အလွန်အားနည်းနေသောကြောင့် သူက သူမကို သဘာဝအတိုင်း ထောက်ပံ့ပေးခဲ့သည်။]

[မဝေးသောနေရာတွင် ပိုင်ယုံကျီ ၏ မျက်နှာအမူအရာသည် ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုနှင့် ရှုပ်ထွေးမှုတို့၏ ပြပွဲတစ်ခုဖြစ်သည်။]

[သူ၏စိတ်တခုလုံးရှုပ်ထွေးနေပုံကို ပြောပြရလျှင် သုံးပုံတစ်ပုံ အံ့သြမှု၊ သုံးပုံတစ်ပုံ နားမလည်နိုင်မှု၊ သုံးပုံတစ်ပုံ သံသယနှင့် တစ်ပုံတစ်ပုံ စိတ်ရှုပ်ထွေးမှုတို့ ဖြစ်သည်။]

[သူက “ ပိုင်ရှီချူ ၊ မင်း ရူးသွားပြီလား?” ဟု အော်ဟစ်လိုက်သည်။]

[“မင်းက ရမက်နတ်ဆိုး ဗီဇအမှတ်အသား (နတ်ဆိုးမအမှတ်အသား) ကို ဒီနိမ့်ကျတဲ့နတ်ဆိုးကို ဘယ်လိုပေးလိုက်ရတာလဲ?”]

[ဤအော်ဟစ်မှုမှ ယဲ့ယွီ သည် ရမက်နတ်ဆိုးဗီဇအမှတ်အသား ဟူသော စကားလုံးကို ရှင်းရှင်းလင်းလင်း ဖမ်းဆုပ်လိုက်သည်။]

[“အဲ့ဒါ ဘာလဲ?”]

[ ပိုင်ရှီချူ သည် အလွန်အားနည်းနေသော်လည်း ပိုင်ယုံကျီ ကို ပြတ်သားလှသောမျက်လုံးဝိုင်းများဖြင့် ခိုင်မာစွာ ကြည့်ပြီး သူ့ကို ညွှန်ပြသည်။]

[“သူ့ကို သတ်!” ဟု သူမ ညင်သာစွာ ပြောသည်။]

[“သွေးတစ်စက်လေးတောင် မချန်ခဲ့နဲ့၊ မဟုတ်ရင် သူ ပြန်လည်မွေးဖွားလိမ့်မယ်။”]

[ ယဲ့ယွီ က ခေါင်းညိတ်လိုက်သည်။]

[သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ပိုင်ရှီချူ ကိုအားရပါးရပွေ့ဖက်ထားကာ နောက်လက်တစ်ဖက်ဖြင့် ပိုင်ယုံကျီ ကို ဦးတည်လိုက်သည်။]

[ထိတ်လန့်မှု လှိုင်းလုံးတစ်ခု ပိုင်ယုံကျီ ၏ နှလုံးသားထဲတွင် ရိုက်ခတ်သွားသည်။]

[ ယဲ့ယွီ သည် “ ကောင်းကင်မိုးကြိုး သုတ်သင်ခြင်းအစီရင်” ကို ပြန်သုံးတော့မည်ဟု သူ ယူဆခဲ့သည်။]

[အလိုလိုနေရင်း သူသည် သူ၏ သွေးနတ်ဆိုး ပုံစံသို့ ပြန်ပြောင်းသွားပြီး မိုးကြိုး၏ ထိခိုက်မှုကို လျှော့ချရန် သူ့ကိုယ်သူ သွေးရေကန်ကြီးလို ပျံ့နှံ့စေခဲ့သည်။]

[သို့သော် ဒီတစ်ကြိမ်မှာတော့။]

[ ယဲ့ယွီ သည် ဖွဲ့စည်းမှုကို အသုံးမပြုခဲ့။]

[အစားထိုးအနေဖြင့် သူသည် တားမြစ်ထားသော “ သွေးမီးကောင်းကင်မီးတောက် ” ကို တစ်ဖန် ပြန်လည်အသက်သွင်းလိုက်သည်။]

[ ပိုင်ယုံကျီ ၏ အော်ဟစ်သံများ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။]

[သူ၏သွေးအားလုံးသည် ကြောက်စရာကောင်းသောနှုန်းဖြင့် လောင်ကျွမ်းနေသည်။]

[သူ၏သွေး အရည်အသွေးသည် မယုံနိုင်လောက်အောင် မြင့်မားသည်မှာ ငြင်းမရပေ။]

[၎င်းကို တဝုန်းဝုန်းလောင်ကျွမ်းလိုက်သော မီးလျှံများသည် အနက်ရောင်မဟုတ်ဘဲ ထင်ရှားသော ခရမ်းရောင်ဖြစ်သည်။]

[မီးလျှံသည် ကောင်းကင်ယံသို့ တက်သွားပြီး ပြင်းပြင်းထန်ထန် တောက်လောင်နေသည်။]

[၎င်းသည် အရင်ကထက် ပိုမိုတောက်ပပြီး ပိုမိုကြာရှည်စွာ လောင်ကျွမ်းသည်။]

[“ သွေးမီးကောင်းကင်မီးတောက် ” သည် နှစ်နာရီကျော် ကြာပြီးမှ နောက်ဆုံးတွင် ငြိမ်သက်သွားသည်။]

[ထို့နောက် ယဲ့ယွီ သည် ချက်ချင်း ထွက်ခွာမသွားပေ။]

[အစားထိုးအနေဖြင့် သူသည် ပိုင်ယုံကျီ ၏ ခြေရာလက်ရာများ မကျန်တော့ကြောင်း သေချာစေရန် သူ၏ဝိညာဉ်အာရုံဖြင့် ဧရိယာကို အသေးစိတ် စူးစမ်းခဲ့သည်။]

[ ယဲ့ယွီ သည် ပေါ့ဆသူတစ်ဦး မဟုတ်ပေ။]

[သူ၏ဆောင်ပုဒ်: ပေါင်းပင်များကို ဖြတ်ပါက အမြစ်များကို ဖယ်ရှားပစ်ရမည်။ ကျူပင်ခုတ်ကျူငုတ်မကျန်စေနှင့် ]

[ ပိုင်ယုံကျီ ၊ သူ၏ အကြီးမားဆုံး ခြိမ်းခြောက်မှုသည် ယခု ဖယ်ရှားခံခဲ့ရပြီးနောက်။]

[ ယဲ့ယွီ သည် ပိုင်ရှီချူ ဆီသို့ ပြန်လှည့်လာသည်။]

[သူက သူမကို ထူပေးလိုက်ပြီး “ဒါဆို နတ်ဆိုးသခင်မ၊ အဲ့ဒါ ခုနက ကျနော့်ကိုချစ်တဲ့အချစ်တွေကို ဝန်ခံပီး ပရိုပို့စ်လုပ်လိုက်တာလား?” ဟု စနောက်လိုက်သည်။]

[ ပိုင်ရှီချူ ၏ ပါးပြင်များသည် နီရဲသွားသည်။]

[သူမ၏ အရင်က စကားများကို ပြန်တွေးလိုက်သောအခါ။]

[၎င်းတို့သည် တကယ်တမ်း ဝန်ခံတာလိုပဲ အသံထွက်နေသည်။]

[အဲ့ဒါက သူမ အမှန်တကယ် ခံစားခဲ့ရတဲ့ ခံစားချက်ပါပဲ။]

[ဒါပေမဲ့ သူမသည် မာနကြီးသော အမျိုးသမီးဖြစ်သောကြောင့် အလွယ်တကူ ဝန်ခံမည်မဟုတ်။]

[“မဟုတ်ဘူး” ဟု သူမက အမြန် ပြောလိုက်သည်။ “မင်း နားကြားမှားတာ ဖြစ်ရမယ်!”]

[ ယဲ့ယွီ သည် ရယ်မောလိုက်သည်။ “အိုး? နောက်ဆုံးအထိ ငြင်းနေတာလား?”]

[“ဒါဆို ငါ့ကို ပြောပြပါဦး၊ ရမက်နတ်ဆိုးဗီဇအမှတ်အသား ဆိုတာ ဘာလဲ?”]

[ ပိုင်ရှီချူ သည် သူ၏ ပြည့်ဖောင်းကာ နမ်းချင်စရာကောင်းသော နှုတ်ခမ်းနီတာရဲကို ကိုက်လိုက်ပြီး မျက်တောင်ကြီးများစင်းကာ သူ၏အကြည့်က လွှဲဖယ်နေသည်။]

၃၄၁ ဆက်ရန်

All Chapters