အခန်း (၅၅၄-၅၅၆)
Vol. 12 Ch. 554-556
အခန်း ၅၅၄ သောက်တာများသွားလို့ အိမ်သာ သွားမလို့။
စည်ထဲတွင် ဝိုင်အများကြီး ရှိနေသော်လည်း မင်းကြီးမှ တစ်စက်မျှ မဖိတ်ကျပဲ အေးဆေးသက်သာစွာသောက်သုံးလိုက်သည်။သူကတော့ ပြိုင်၍ရှုံးမည်ကို စိုးရိမ်နေသဖြင့်အများကြီး ဖိတ်စဉ်သွားသည်။ယာယီအောင်မြင်မှု ရလိုစိတ်ကြောင့် သူရှုံးသွားရသည်။
ဝူဟောက်မင်သည် သူ့အရှုံးအပေါ်တွင် စိတ်မပျော်ရွှင်သော်လည်း လက်ခံရန်ဆုံးဖြတ်လိုက်သည်။အရက်သောက်ခြင်းကို သူအလွန်ခုံမင်၍ အရက်သောက်နိုင်သူများကိုလည်း လေးစားသည်။အစက မင်းကြီးအား မနှစ်မြို့ခဲ့သော်လည်း ယခုအသောက်ပြိုင်ပွဲအပြီးတွင် အမြင်ပြောင်းသွားခဲ့သည်။
မင်းကြီးက ဘယ်ဆိုးလို့တုန်း။
ထိုသို့တွေးကာ လုလျန့်ဝေအား လက်မထောင်ပြလိုက်သည်။
“ဝေဝေ အရွေးတော်လို့ ကံကောင်းရပြီ”
ထိုသို့ကြားသောအခါ လုလျန့်ဝေသည် လုံယန်အား ကြည့်လိုက်သည်။လုံယန်မှ သူမအား ပြန်ကြည့်နေသည်ကိုမြင်၍ ပြုံးလိုက်ပြီးနောက် အကြည့်လွှဲကာ စားပွဲခုံမှ လက်ဖက်ရည်ခွက်အားမြှောက်၍ ဝူဟောင်မင်အား
“အဲ့လိုပဲ ဖြစ်ပါစေ၊ဦးလေးဝူ။အရက်အစား လက်ဖက်ရည်ခွက်နဲ့ ဂုဏ်ပြုပါရစေ”
ဝူဟောက်မင်လည်း လက်ဖက်ရည်တစ်ခွက်အား အမြန်ကိုင်လိုက်သည်။
သူလက်ဖက်ရည် သောက်ပြီးချိန်တွင် လင်းလီဟွားမှ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒါဆိုလည်း ကိုယ့်ကိစ္စပဲ ကိုယ်အာရုံစိုက်တော့မယ်။ဖြစ်ရင် ရှင့်ခန္ဓာကိုယ်ဖြစ်မှာ”
ထိုသို့ပြော၍ မတ်တပ်ရပ်ကာ လုလျန့်ဝေနှင့် လုထင်ချန်းအား ပြောလိုက်သည်။
“အစောကြီး မပြန်နဲ့ဦး။ကိုယ့်အမေကို အဖော်ပြုပေးလိုက်ဦး။ငါသောက်တာများသွားလို့ ငါအရင် ပြန်တော့မယ်”
လုလျန့်ဝေနှင့် လုထင်ချန်းတို့ ထရပ်လိုက်ကာ သူ့အား နှုတ်ဆက်စကားပြောဆိုလိုက်သည်။
ဝူဟောက်မင် ခေါင်းညိတ်ပြကာ နီးစပ်ရာ အိမ်ထဲသို့ ဝင်သွားတော့သည်။
မောင်နှမနှစ်ယောက် အကြည့်ချင်းဖလှယ်ကာ ထိုင်ချရင်း တိတ်ဆိတ်သွားကြသည်။
သူတိုအမေနှင့် ဝူဟောက်မင် ကြားတွင် တစ်ခုခု ရှိပုံရသည်။
သူတို့အဖေ၏ အမေ့ပေါ်ကာလကြာ တစ်ဖက်သတ်အချစ်အား တွေးရင်း မောင်နှမ နှစ်ယောက်ခေါင်းကိုက်သွားသည်။
“ဘာဖြစ်တာတုန်း။နင်တို့နှစ်ယောက် ငြိမ်သွားလိုက်တာ ကြွက်တွေလိုပဲ”
သူမအမေ၏နုပျိုဆဲ ခန္ဓာကိုယ်အားကြည့်ကာ လုလျန့်ဝေ တုံ့ဆိုင်းနေသည်။
သူမဖြစ်အင်ကိုကြည့်၍ လင်းလီဟွား စိတ်မရှည်ဟန် ပြောလိုက်သည်။
သူတောင်းစားကြီးသည် ယခုပင် ထွက်သွားသော ဝူဟောက်မင်ကို ကြည့်နေကြသော သူတို့ပြုမူပုံကို ဆက်စပ်ကာ တစ်ခုခုကို တွေးမိသွားသည်။သို့ရာတွင် ထုတ်မပြောဘဲ
လုလျန့်ဝေ သက်ပြင်းချလိုက်ကာ သူမအမေအား တူဖြင့် ဟင်းအပုံလိုက် ထည့်ပေးလိုက်သည်။
လုလျန့်ဝေ ပြုံးလိုက်ကာ လုံယန်ဘက် လှည့်၍ အစားအသောက်များ ထည့်ပေးလိုက်သည်။
“အရှင်မင်းကြီးလည်း စားပါဦး။ခနက အရက်ပဲသောက်ထားတာ”
ကောင်မလေးမှ ပျူငှာမှုကြောင့် လုံယန် အကြည့်ပျော့သွားကာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။
လုံယန်သူမကို ကြည့်ပြီးနောက် ခါးကိုင်းလိုက်ကာ သူမနားသို့ကပ်၍ ပြောလိုက်သည်။
ထိုသို့ကြားသောအခါ လုလျန့်ဝေရှက်သွားကာ လက်ကိုလွှတ်လိုက်သည်။တစ်နေရာကို ညွှန်ပြကာ တီးတိုးပြောလိုက်သည်။
လုံယန် ထွက်သွားသည်ကို ကြည့်ရင်း လုလျန့်ဝေ ရှက်၍နီရဲနေသည်။
လုထင်ချန်း လက်ကျန် သမင်သားကို စားပြီးနောက် လုလျန့်ဝေ မျက်နှာနီရဲနေသည်ကို မြင်သဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။
အခန်း ၅၅၅ မင်းကို ထိန်းထားနိုင်ရင် ငါဘာမှ မဖြစ်ဘူးပေါ့။
လုလျန့်ဝေ မလုံမလဲ ဖြစ်ကာ အမြန်ဖုံးဖိလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။အစပ်စားမိလို့နေမှာပါ”
လင်းလီဟွားသည် အတွေးနှေးသော သူမသားအားကြည့်ပြီးနောက် ခဏမျှတွေးကာ လုလျန့်ဝေအား မေးလိုက်သည်။
“ဝပြီလား”
“စားပြီးပါပြီ”
လုလျန့်ဝေ ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ခဏလိုက်ခဲ့ဦး “
လင်းလီဟွားပြော၍ သူမသမီးလက်အား ဆွဲပြီး ထွက်သွားတော့သည်။
လုလျန့်ဝေမှာ ဝေခွဲမရဖြစ်ကာ လူနေဆောင်သို့ လိုက်ပါသွားသည်။
အဆောင်သို့ရောက်သောအခါ ဆွဲထားသောလက်အား လွှတ်လိုက်သည်။သူမသမီး၏ လက်ထပ်ဆံထုံးအားကြည့်ရင်း စိတ်ခံစားမှုများ ဖြစ်ပေါ်လာလေသည်။
သူမ ဝေဝေ့ အရွယ်တွင် သိုင်းလောက၌ ကျင်လည်ဆဲ ရှိသေးသည်။သို့ရာတွင် သူမသမီးမှာ အိမ်ထောင်ပင် ကျပြီးနေပြီဖြစ်သည်။
သမီးအတွက် အသည်းနာရသည်။ အိမ်ထောင်စောကျခြင်းသည် အမျိုးသမီးများအတွက် မကောင်းဟု သူမ ယုံကြည်ခဲ့သည်။
အမျိုးသမီးများ လွတ်လပ်မှုကို အစောကြီး ဆုံးရှုံးရန်မသင့် ဟု သူမ ယူဆသည်။
လုလျန့်ဝေသည် သူမ အမေအား ပြန်လည်ဖက်လိုက်ရင်း အမေနှင့် ဝူဟောက်မင်တို့ အကြောင်း မေးချင်သော်လည်း မမေးရန် ဆုံးဖြတ်လိုက်လေသည်။
သူမအဖေအတွက် စိတ်မကောင်းဖြစ်သော်လည်း သူမသာ အမေ့နေရာတွင်ဆိုရင် အမေကဲ့သို့ ဆုံးဖြတ်နိုင်စွမ်းနှင့် သတ္တိရှိလိမ့်မည်ဟု မထင်ပေ။
ခဏအကြာတွင် လုလျန့်ဝေကို လွှတ်လိုက်ကာ လင်းလီဟွားမှ မေးလိုက်သည်။
မေးကာ လင်းလီဟွား ရုတ်တရက် သူမအင်္ကျီကော်လာအား ဆွဲချလိုက်သည်။
ခဏ ကြက်သေသေသွားကာ လုလျန့်ဝေ ပါးနီရဲလျက် သူမ အင်္ကျီအား ပြန်ဆွဲတင်လိုက်သည်။
လင်းလီဟွား သူမ ရင်ညှပ်ရိုးသို့ကြည့်လိုက်သောအခါ အနီစက်တစ်စက်တွေ့ရသည်။
အနီစက်မှာ ပျောက်ခါနီးဖြစ်နေသော်လည်း အနည်းငယ်မျှ မြင်ရသေးသည်။
သူမ မျက်မှောင်ကြုတ်လိုက်သည်။လုံယန် တော်တော်လွန်တာပဲ။
မင်းကြီးနဲ့ ပထမဆုံးအကြိမ် အိပ်ရာဝင်ရခြင်း ဖြစ်သည့်အပြင် သူမကိုယ်မှာ နူးညံ့လွန်းလှသဖြင့် သူမ ခံနိုင်မည်မဟုတ်ပါ။
အတွေးလွန်နေရင်း သူမလုပ်ထားသော ဆေးမှုန့်များကို လုလျန့်ဝေအပေါ် ဖြူးချလိုက်သည်။
လုလျန့်ဝေမှ သူမအမေအကြည့်ကြောင့် ရှက်ကိုးရှက်ကန်းဖြစ်ကာ ခေါင်းငုံ့ထားသည်။
သူမ မည်မျှပင် ပွင့်လင်းသည်ဆိုသော်လည်း သူမအမေနှင့်တော့ ဤကိစ္စများကို မဆွေးနွေးရဲပါ။
“အဲ့လိုဆို ပြီးတာပဲ။သွားရအောင်။သူတို့စောင့်နေကြမှာ”
သူမအမေမှ အထဲသို့ခေါ်၍ တစ်ခုခုမေးမည် ထင်ခဲ့သော်လည်း မင်းကြီး အနိုင်ကျင့်သလားဟုသာ မေးချင်ခြင်းဖြစ်သည်။
လုလျန့်ဝေနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လင်းလီဟွား ဆေးဆိုင်ထဲသို့ ပြန်လှည့်ဝင်သွားသည်။
ဝေဝေအား သူမ ဆေးမှုန့်အနည်းငယ်ဖြူးပေးလိုက်သည်။ထိုဆေးမှုန့်များမှာ အန္တရာယ်မရှိဘဲ သူမ ရက်အနည်းငယ် အနားယူနိုင်စေလိမ့်မည်။
အလွန်နောက်ကျနေသဖြင့် လုလျန့်ဝေ ဆေးဆိုင်မှ ထွက်လာပြီးနောက် မြို့စားအိမ်တော်သို့ပြန်မသွားတော့ပါ။လုထင်ချန်းကို အသိပေးပြီးနောက် လုံယန်နှင့်အတူ နန်းတော်သို့ ပြန်လိုက်သွားခဲ့သည်။
လမ်းခရီးတွင် လုံယန်၏မျက်နှာမှာ ရဲနေကာ မျက်စိထောင့်တွင် မျက်နှာချေရောင်ကဲ့သို့ နီနေသည်ကိုတွေ့ရသည်။အရက်ကြောင့်ပေါ်လာသည့် လက္ခဏာများဖြစ်သည်။
လုံယန် လှည်းနံရံကိုမှီကာ သူမအားပြုံး၍ကြည့်လိုက်သည်။
လုံယန် ရယ်မောကာ သူမအား ပေါင်ပေါ်သို့ ရုတ်တရက် ဆွဲတင်လိုက်သည်။
“ဒါဆို ကြည့်ရအောင်။ မင်းကို တင်ထားနိုင်ရင်တော့ ကိုယ်တော်ဘာမှမဖြစ်ဘူး”
လုလျန့်ဝေမှာ မလှုပ်ရဲဘဲ ထိုအတိုင်းသာ နေလိုက်သည်။
ထိုသို့ပြောပြီး ထိုင်ခုံတွင် ပြန်ထိုင်ရန် ကြိုးပမ်းလိုက်သော်လည်း လုံယန်မှာ သူမခါးကို ဖက်လိုက်ကာ အနမ်းပေးရန် ငုံ့လိုက်သည်။
လှည်းပြင်ရှိ လူများကြောင့် လုလျန့်ဝေ ရှက်ရှက်ဖြင့် သူ့ရင်ဘတ်ပေါ်သို့ သူမလက်များတင်လိုက်သည်။
“အခု မသင့်တော်ဘူးနော် မင်းကြီး။ပြန်ရောက်တော့မှ...”
လုံယန် ရပ်လိုက်ကာ သူမ၏ပါးနီလေးများကို သူ့မျက်နှာဖြင့် ပွတ်ကာ မျက်ခုံးတစ်ဖက်ပင့်၍ ပြီတီတီဖြင့် ပြောလိုက်သည်။
“ပြန်ရောက်တော့မှ...”။
အခန်း ၅၅၆ ဝေဝေ ကိုယ့်ခြေထောက်တွေ ထုံနေတယ်
“ပြီးရင် မင်းကြီး ကြိုက်သလိုလုပ်ပါ”
လုလျန့်ဝေ ခေါင်းထဲသို့ အတွေးတစ်ခုဝင်လာကာ စနောက်လိုစိတ်ဖြင့် ပြုံးလိုက်သည်။
သူမ ပြောပြီးနောက် လုံယန် အသက်ရှူသံပြင်းလာကာ သူမ ခါးပတ်ပေါ်သို့ တင်ထားသော လက်များဖြင့် မချွတ်မိစေရန် အစွမ်းကုန် စိတ်ထိန်းထားရသည်။
သို့သော် သူမခါးလေးအား ဆွဲဆိတ်နေကာ သူမအား ပေါက်ထွက်မတတ် စိုက်ကြည့်နေသည်။
“အဲ့ကျရင် လိမ္မာမယ်မလား”
လုလျန့်ဝေ ခေါင်းညိတ်လိုက်သည်။
“ရွှေနဲ့ လဲမရအောင် လိမ္မာပါ့မယ်”
အရက်ကြောင့်ဟု မထင်သော်လည်း လုံယန် ယခုအခါ မူးချင်နေသည်။
လုလျန့်ဝေပုခုံးပေါ်သို့ သူ့ခေါင်းတင်လိုက်၍ မျက်စိမှိတ်ကာ စကားမပြောတော့ဘဲ နေလိုက်သည်။
ဆက်၍သာ စနောက်နေလျှင် သူစိတ်မထိန်းနိုင်ဘဲ သူမကို တစ်ခုခုပြုမိမည်ကို စိုးရိမ်နေသည်။
သူတို့စီးနင်းနေသော လှည်းအပြင်တွင် လူများရှိနေသဖြင့် သူတစ်ခုခု ပြုမူလိုက်ပါက သူမအတွက် အရှက်ရစရာ ဖြစ်သွားနိုင်သည်။
လုလျန့်ဝေသည် သူမလည်ပင်းအား သူ့အသက်ရှူသံ လာရောက်ရိုက်ခတ်နေသည်ကို သတိထားမိလိုက်သည်။
ယားကျိကျိ ခံစားမှုမျိုးရသဖြင့် ငုံ့ကြည့်လိုက်သောအခါ လုံယန် မျက်လွှာချထားသည်ကို တွေ့ရသည်။အိပ်ပျော်နေပုံပေါ်ကာ အသက်ရှူသံ မျှင်းမျှင်းလေးသာ ကြားနေရသည်။
လုံယန် စက်တော်ခေါ်နေသည်ကို မနိုးစေချင်သဖြင့် သူမ မလှုပ်ရှားဘဲ နေနေလိုက်သည်။
မျက်စိဖွင့်ကြည့်သောအခါ ကောင်မလေးမှာ သူ့လက်ထဲတွင် ငြိမ်သက်စွာ ထိုင်နေသည်ကိုတွေ့ရသည်။သူ၏နှုတ်ခမ်းထောင့်စွန်းများ ကျေနပ်မှုကြောင့် အပေါ်တက်သွားကာ မျက်လုံးမှိတ်ပြီးနောက် ဆက်လက် အိပ်နေလိုက်သည်။
နန်းတော်မှာ အလှမ်းမဝေးသဖြင့် အချိန်မကြာလိုက်ဘဲ ရောက်သွားလေသည်။
မြင်းလှည်းမှာ ဇာမဏီနန်းတော်ကြီးဆီသို့ တည့်တည့်မတ်မတ် မောင်းနှင်သွားသည်။
ဇာမဏီနန်းတော်ကြီး၏ အဝင်ဝတွင် လှည်းရပ်သွားသောအခါ လုံယန် အိပ်ပျော်နေသေးသည်ကို မြင်သဖြင့် လုလျန့်ဝေ မနှိုးပဲ နေလိုက်သည်။
ခဏအကြာ လုံယန်နိုးလာကာ လုလျန့်ဝေ၏ လက်ကို ဆုပ်ကိုင်လာသည်။
သူ၏အသံမှာ အိပ်ငိုက်သံအပြင် နေရကျဉ်းသဖြင့် ပူအိုက်နေသံလည်း ပါနေသည်။
ထိုအသံကို လုလျန့်ဝေ မမျှော်လင့်လိုက်မိသဖြင့် သူမနှလုံးခုန်မြန်သွားသည်။
သူ၏အကြည့်မှာ စနောက်သည့်သဘောများပါနေသဖြင့် သူမ အမြန် စိတ်စုစည်းလိုက်သည်။
ထိုသို့ပြောကာ သူ့လက်မောင်းများကို တွန်းထုတ်လိုက်ပြီး အမြန်ထရပ်လိုက်သည်။အမြန်ဆင်းပြေးရန် ကြံစည်ချိန်တွင် သူမလက်များ ဆုပ်ယူခံလိုက်ရသည်ဟုခံစားလိုက်ရသည်။
မင်းကြီးထဲမှ ချုပ်တည်းထားသော အသံတိုးတိုးအား ကြားလိုက်ရသည်။
“ဝေဝေ၊ ကိုယ့်ခြေထောက်တွေ လှုပ်မရတော့ဘူး”
လုလျန်ဝေ လှည့်ကြည့်လိုက်ကာ အံ့အားသင့်သွားသည်။သတိပြန်လည်လာသောအခါ မိမိကိုယ်ကို ထိန်းချုပ်လိုက်ပြီး
“ချူကျီကို မင်းကြီးနန်းဆောင်ဆီ လိုက်ပို့ခိုင်းလိုက်ပါ့မယ်”
လုံယန် သူမလက်မောင်းအားဆွဲကာတောင်းပန်လိုက်သည်။
“မဟုတ်တာတွေ။ကိုယ်တော့်ကို နှိပ်ပေးပါလားဟင်”
လုလျန့်ဝေ နည်းနည်းတွန့်ဆုတ်နေသည်။
“ဒါပေမယ့်...”
“မင်းထိုင်လို့ ခြေထောက်တွေ ထုံကုန်တာ...”
လုံယန် သူမအား သိစေလိုက်သည်။
လုလျန့်ဝေ ထိုသို့ကြားသောအခါ စိတ်ညစ်သွားရသည်။
“ထိုင်မယ်လို့လည်း မပြောခဲ့ပါဘူး..”
ထိုသို့ ထိုင်အောင် သူမအား သူအတင်းခေါ်ထားတာဖြစ်သည်။ မဟုတ်ပါက ထိုနေရာ၌ ရွှေဖြင့် ချထားလျှင်ပင် ထိုင်မည်မဟုတ်ပါ။
“ကိုယ်အိပ်ပျော်သွားတော့လည်း မထသွားဘူးလေ ဟုတ်တယ်မလား”
လုံယန် ပြုံးကာ မေးလိုက်သည်။
လုလျန့်ဝေ “ ...”
သူမ မထသည်မှာ သူ့အိပ်ရေးမပျက်စေချင်၍ ဖြစ်သည်။ထိုအချိန်ကသာ ကြိုသိခဲ့ပါက အဲ့လောက် သဘောကောင်းပေးမည် မဟုတ်ပေ။
သူမ သက်ပြင်းချ၍ ထိုင်ချလိုက်ကာ စိတ်ဆိုးဆိုးဖြင့် နှိပ်နယ်ပေးနေသည်။
“ဘာမှ မစားခဲ့ရဘူးလား”
လုံယန်ငုံ့ကြည့်သောအခါ သူ့ဘေးတွင် မျက်နှာပုပ်ကာ ထိုင်နေသော လုလျန့်ဝေကို မြင်လိုက်ရပြီး စချင်စိတ်များ ပိုတိုးလာတော့သည်။
လုလျန့်ဝေ သူ့အားစိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ အိတ်ထဲမှ အဝတ်တစ်ထည်ထုတ်၍ ငွေအပ်တစ်ချောင်းကို ဖြည်၍ထုတ်ကာ ပြောလိုက်သည်။
“ကျွန်မအားနည်းနေလို့ မင်းကြီးကျေနပ်အောင် နှိပ်ပေးနိုင်မှာ မဟုတ်ဘူး။ငွေအပ်နဲ့ ဖိအားနေရာတွေကို စိုက်လိုက်ရင်တော့ သွေးကြောပွင့်သွားလောက်ပါတယ်”
လုံယန် ပြန်မပြောနိုင်ခင်မှာပင် ငွေအပ်သည် အသားထဲသို့ စိုက်ဝင်သွားတော့သည်။
အငိုက်မိသွားသဖြင့် လုံယန်ဆီမှ ရှိုက်သံထွက်လာလေသည်။သူမ တကယ်လုပ်ရဲမည်ဟု မထင်ခဲ့သဖြင့် ခံလိုက်ရခြင်းဖြစ်သည်။
ထိုအသံကို လုလျန့်ဝေ မကြားဟန်ဆောင်၍ နောက်အပ်တစ်ချောင်းအား အခြားခြေထောက်ဆီ စိုက်ထည့်လိုက်ပြီးနောက် အဝတ်ကိုပြန်ယူ၍ ဖုန်ခါကာ မတ်တပ်ရပ်လိုက်သည်။
“ဒီမှာပဲ ခဏနေပါဦး မင်းကြီး။ မင်းကြီး ခြေထောက်မထုံတော့တဲ့ အခါကျရင် အပ်ကို ကိုယ်တိုင်ဆွဲထုတ်လိုက်တော်မူပါ”