← Chapters

အခန်း (၅၅၇-၅၅၉)

Vol. 12 Ch. 557-559

အခန်း (၅၅၇-၅၅၉)

Vol. 12 Ch. 557-559

အခန်း ၅၅၇ ချောင်ပိတ်နေသော သူမ

ထိုသို့ပြောကာ လုလျန့်ဝေ လှည်းပေါ်မှ ဆင်းသွားသည်။

ကောင်မလေး နောက်လှည့်၍ပင်မကြည့်ပဲ ထွက်သွားသည်ကို ကြည့်ကာ လုံယန် သနားစဖွယ်ပြုံးလိုက်သည်။

ဤမျှ ကြမ်းတမ်းသည့် နည်းကို သုံးသွားသည်ဆိုလျှင် သူမ အလွန်စိတ်ဆိုးသွား၍ဖြစ်လိမ့်မည်။

လှည်းထဲမှ ထွက်လာပြီးနောက် ချူကျူ ဆန့်တန်းပေးထားသော လက်ကို ကိုင်ကာ လုလျန့်ဝေ ဆင်းသက်လိုက်သည်။

အနီးတွင်စောင့်နေသော ကျောက်ချန်မှာ သူ၏သခင် မဆင်းလာသေးသည်ကို မြင်ရသဖြင့်

“အရှင်မ၊မင်းကြီးရော မဆင်းလာသေးဘူးလား”

ဟု မေးလိုက်သည်။

ထိုစကားကြားသောအခါ ချူယိတစ်ယောက် နားများစွင့်ကာ ရောက်လာလေသည်။ချူကျီပင်လျှင် တစ်ချက်မျှ ထိုဖက်သို့ လှမ်းကြည့်လိုက်မိသည်။

လုလျန့်ဝေမှာ သူတို့အား လက်ရမ်းပြပြီးနောက် ရည်ရွယ်ချက်ရှိရှိ အသံနှိမ့်လိုက်ပြီး

“ရှင်တို့ရဲ့ အရှင်မြတ် သောက်တာ များသွားတယ်”

ထိုသို့ပြော၍ ခနမျှ ရပ်ကာ

“ရှင်တို့ ဒီလောက်သိချင်ရင် ကန့်လန့်ကာကို ဖွင့်ကြည့်လိုက်လေ”

ထို့သို့ပြောပြီးနောက် လုလျန့်ဝေသည် ကျူးယွီ နှင့် ချူကျူကို ဇာမဏီနန်းတော်သို့ ခေါ်ဆောင်သွားတော့သည်။ အခြား သုံးယောက်သားမှာမူ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ကြပေသည်။

မိဖုရားကြီးမှ သူမအား မင်းကြီးသည် လှည်းထဲတွင် မလျော်မကန်ပြုလိုက်သည် ကဲ့သို့သော တုန်လှုပ်စရာသတင်းပြောလိမ့်မည်ဟု ထင်ခဲ့ကြခြင်းဖြစ်သည်။

အချိန်ကြာနေပြီဖြစ်သော်လည်း မင်းကြီးထွက်မလာသေးသဖြင့် လှည်းထဲတွင် တစ်ခုခုဖြစ်ခဲ့သည်ကို သူတို့ ခန့်မှန်းမိသည်။

သုံးယောက်သားအကြည့်စုံပြီးနောက် မျက်နှာလွှဲလိုက်ကြသည်။

မင်းကြီး ခွင့်မပြုဘဲ ကန့်လန့်ကာ မ၍တင်ခြင်းသည် သေဒဏ်ထိုက်နိုင်သည်။

မတွေးရဲစရာ မြင်ကွင်းသာ မြင်လိုက်ရလျှင် ခေါင်းနှင့်ကိုယ် အိုးစားကွဲလိမ့်မည်ပင်။

ထိုသုံးယောက်မှာ တင်ရေး မတင်ရေး အကျပ်ရိုက်နေစဥ်မှာပင် ကန့်လန့်ကာအား မတင်၍ သူရသတ္တိ ပြည့်စုံ၍ တင့်တယ်ခန့်ညားသော မင်းကြီးမှာ လှည်းခြေနင်းတိုင်ပေါ်တွင် ရပ်တော်မူနေသည်ကို တွေ့လိုက်ရသည်။

လုံယန် လှည်းပေါ်မှ ဆင်းလာပြီး သူ့လက်ထဲက ငွေအပ်နှစ်ချောင်းကို ကျောက်ချန် နှင့် ချူယိလက်ထဲသို့ စိုက်ထည့်လိုက်သည်။

သူ့တို့လက်ထဲမှ ငွေအပ်နှစ်ချောင်းအား ကြည့်ကာ ကျောက်ရှန် နှင့် ချူယိ နှစ်ယောက်သား ငိုသံပါပါ ကျေးဇူးတင်လိုက်သည်။

မင်းကြီးကြွသွားပြီးနောက် နှစ်ယောက်သား ကိုယ်ကိုမတ်ကာ ပစ်ကွင်းလွတ်သွားသော ချူကျီအား မနာလိုစွာကြည့်လိုက်ကြသည်။

“မင်းကြီး မတရားဘူး။ချူကျီကိုတော့ သွေးကြောမဖွင့်ခိုင်းဘူး”

ကျောက်ချန်က သူ့လက်ထဲမှ ငွေအပ်အား ဆွဲနှုတ်၍ ပြောလိုက်သည်။

“မင်းကြီးက အလုပ်များတယ်လေ။သူ့ကို မေ့သွားမှတော့ တို့ အရှင့်အစား ချူကျီကို သွေးကြောဖွင့်ပေးလိုက်ကြတာပေါ့”

ချူယိ လက်မှ အပ်အား ဆွဲထုတ်ကာ ချူကျီကို ခုန်အုပ်လိုက်သည်။

ချူကျီသည် ခပ်စိမ်းစိမ်းကြည့်၍ ရုတ်တရက် ခုန်ထကာ သူတို့ပုခုံးကို နင်း၍ ထွက်ပြေးသွားတော့သည်။

ကျောက်ချန်နှင့်ချူယိတို့က ချူကျီအားအော်ကာ နောက်မှလိုက်ဖမ်းကြသည်။

လုလျန့်ဝေထိုင်ချကာ ရေတစ်ခွက်သောက်နေစဥ် လုံယန် အခန်းထဲသို့ ဝင်လာခဲ့သည်။

ကျူးယွီ မင်းကြီးကို မြင်သော်အခါ အစေခံများကို အပြင်ထုတ်၍ သူမနောက်မှ တံခါးများကို ပိတ်လိုက်သည်။

လုလျန့်ဝေ ချက်ချင်းပင် စိတ်မသက်မသာ ခံစားလာရသည်။

သူမဆီ လျှောက်လာနေသူကို ကြည့်ကာ သန်းချင်ယောင်ဆောင်လိုက်ပြီး

“ကျွန်မ အိပ်ချင်နေပြီ။ မင်းကြီး နေသာသလိုနေပါ။ကျွန်မ သွားအိပ်လိုက်ပါဦးမယ်။အဖော်မပြုပေးနိုင်တာ ခွင့်လွှတ်ပါ။”

ထိုသို့ပြောကာ သူမ အတွင်းခန်းကို သုတ်သုတ်ပျာပျာ ပြေးသွားတော့သည်။

သို့သော် ခြေလှမ်း အနည်းငယ်ဖြင့်ပင် လုံယန်က မှီလာကာသူမအား ထောင့်သို့ကပ်လိုက်လေသည်။

“ခုနတုန်းကတော့ နန်းတော်ရောက်ရင် လုပ်ချင်သလိုလုပ်ပါဆိုပြီး ပြောသွားတာ ဘယ်သူတုန်း”

“အဲ့တာ ကျွန်မပါ မင်းကြီး။ဒါပေမယ့် မမှောင်သေးပါဘူး”

လုံယန် သူမဖြစ်နေပုံကို ပျော်ရွှင်စွာကြည့်ရင်း လက်ကလေးများကို ကိုင်၍ ပြောလိုက်သည်။

“ကိုယ်ဘာလုပ်မယ်လို့ ထင်လို့လဲ”

အခန်း ၅၅၈ ဝတ်ရုံ ချွတ်ပေးပါရစေ မိဖုရားကြီး။

လုလျန့်ဝေ မျက်တောင်ခတ်ကာ ခေါင်းခါပြလိုက်သည်။သူမ သိလျှင်တောင် ပါးစပ်မှမပြောရဲပေ။

“မင်းကြီးရဲ့ ထက်မြက်တဲ့ အတွေးတွေကို ဖတ်ဖို့ ကျွန်မ အရမ်းတုံးအလှပါတယ်”

လုံယန် နှုတ်ခမ်းများ တွန့်သွားကာ သူမလက်အားဆွဲ၍ အိပ်ရာဖက်သို့ ခေါ်သွားသည်။

“ကိုယ်လည်း အိပ်ချင်နေတာနဲ့ အတော်ပဲ။အတူတူအိပ်ကြမလား”

လုလျန့်ဝေ မငြင်းရဲပေ။ထို့ပြင် ခုနကပင် သူမ အိပ်ရာဝင်မည်ဟု ပြောထားသဖြင့် ခေါင်းသာ ညိတ်နိုင်သည်။

“ဟုတ်ကဲ့”

အိပ်ရာထဲသို့ရောက်သောအခါ လုလျန့်ဝေ ခဏမျှတွေးကာ သူ၏ဝတ်ရုံတော်အားကူ၍ ချွတ်ပေးလိုက်သည်။

လုံယန် ရပ်လိုက်၍ သူမအား ငုံ့ကြည့်ကာ စိတ်ကြိုက်ပြုခွင့်ပေးလိုက်သည်။

ဝတ်ရုံတော်အား ကြိုးစား၍ချွတ်လိုက်ပြီးနောက် ခါးပတ်အားချွတ်ပေးရန် သူမ ခေါင်းငုံ့လိုက်သည်။

ခါးပတ် ချွတ်ပြီးချိန်တွင် သူမနဖူး၌ ချွေးများကျနေပြီဖြစ်သည်။

ခါးပတ်အား လိုက်ကာချပ်ပေါ်သို့ တင်လိုက်ရင်း လုလျန့်ဝေ အသက်တဝရှူလိုက်သည်။

နောက်တစ်ခါ ဒီလိုပင်ပန်းသည့်အလုပ်မျိုးကို အစေခံများကိုပဲ ခိုင်းလိုက်တော့မယ်။

ရယ်ပြုံးသံပါနေသော ထိုသူအသံအား သူမခေါင်းပေါ်မှ ကြားလိုက်ရသောအခါ အသက်ရှူမြန်သွားရသည်။

“ကိုယ့်မိဖုရားကြီးက ဒီလောက် ခင်ပွန်းအပေါ်ကောင်းပေးတာကို ကိုယ်ကလည်းပြန် ဂရုစိုက်ပေးရမှာပေါ့။မင်းဝတ်ရုံကို ချွတ်ပေးမယ်လေ မိဖုရားကြီး”

လုလျန့်ဝေ ငြင်းဆိုရန် ပြင်ဆင်မှာပင် ထိုသူ၏ လက်ချောင်းများက သူမခါးပတ်အား ကျွမ်းကျင်စွာ ဖြုတ်ပြီးဖြစ်နေသည်။

သူမ၏ ရှည်လျားနက်မှောင်သော မျက်တောင်များ လှုပ်ခတ်သွားကာ လုံယန်အား တားရန် ပြင်လိုက်သော်လည်း အဆုံးတွင် အရှုံးပေးလိုက်ရတော့သည်။

ရုတ်တရက် သူမကိုယ် တောင့်တင်းသွားသဖြင့် လုံယန် သက်ပြင်းချလိုက်သည်။

“အဲ့လောက် မကြောက်ပါနဲ့။မင်းမကြိုက်ရင် ကိုယ်အတင်းမလုပ်ယူပါဘူး”

လုလျန့်ဝေ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးထဲတွင် စိတ်ရှည်မှု အပြည့် မြင်လိုက်ရသဖြင့် သူမှ စိတ်သက်သာရာရသွားသည်။

လုံယန် သူမဝတ်ရုံကို ချွတ်ပေးကာ အနီးရှိ လိုက်ကာချပ်ပေါ်သို့ တင်ပြီးနောက် သူမအား ဖက်ကာ လှဲချလိုက်သည်။

ကောင်မလေးက ကြောင်မလေးကဲ့သို့ သူ၏လက်ထဲတွင် ခွေခွေကလေး အိပ်နေသည်ကို မြင်ရသောအခါ သူမအား ယုယစွာ ထွေးပွေ့လိုက်တော့သည်။

ထိုအချိန်တွင် သူ့၏အတွေးအားလုံး လွင့်ပြယ်သွားကာ သူမအားဖက်၍ အိပ်ချင်စိတ်သာ ကျန်ရှိတော့သည်။

လုလျန့်ဝေ ကိုယ်မှာ ပျော့ပျောင်းလာကာ မျက်တောင်များ စဥ်းလာပြီး တဖြည်းဖြည်း အိပ်မောကျသွားလေသည်။

သူမ နိုးလာသောအခါ ညအချိန်ပင်ရောက်နေပြီး လုံယန်မှာ အိပ်ခန်းထဲတွင် မရှိတော့ချေ။

သူမ ထထိုင်လိုက်ချိန်တွင် အခန်းတံခါးပွင့်ကာ ကျူးယွီ ဝင်လာခဲ့သည်။

ကျူးယွီ အနီးသို့ရောက်သောအခါ သူမ ငိုင်နေသည်ကို မြင်၍ စိုးရိမ်စိတ်ဖြင့် မရဲတရဲမေးလိုက်သည်။

သူမ အဆင်ပြေသည်ကို ကျူးယွီမြင်ရ၍ စိတ်အေးသွားကာ အကြောင်းပြန်လိုက်သည်။

“သခင်မလေး အိပ်နေတုန်း မိဖုရားခေါင်ကြီး ရဲ့ အမိန့်တော်အရ အမျိုးသမီးချန် ရောက်လာပြီး အေးငြိမ်းနန်းဆောင်မှာ ညစာသုံးဆောင်ဖို့ လာဖိတ်သွားပါတယ်။”

လုလျန့်ဝေ မျက်မှောင်ကြုတ်လိုက်သော်လည်း မငြင်းလိုက်ပါ။

“ဟုတ်ပြီ။ ငါ့ကို နည်းနည်း လန်းဆန်းအောင် လုပ်ပေးပါဦး”

ကိုယ်လက်သန့်စင်ပြီးနောက် လုလျန့်ဝေသည် မိုးပြာရောင် ဝတ်စုံ အားဝတ်ဆင်၍ ကျူးယွီနှင့် ချူကျူတို့ ခြံရံကာ ဇာမဏီ နန်းတော်မှ ထွက်ခွာလာခဲ့သည်။

သို့သော် သူမ နန်းတော်မှ ထွက်လာစဥ်တွင် ကျောက်ချန် အပြေးရောက်လာသည်ကို တွေ့လိုက်ရသည်။

ကျောက်ချန်မှာ လေကို တဝရှူလိုက်ပြီးနောက် လျှောက်တင်လိုက်သည်။

“မင်းကြီး လွှတ်လိုက်တာပါ။မင်းကြီးကိုစောင့်ပြီး သူနဲ့အတူ အေးငြိမ်းနန်းဆောင်ကို သွားဖို့ မှာလိုက်ပါတယ်။မင်းကြီး တော်ဝင်စာကြည့်တိုက်မှာ ရောက်နေလို့ ခဏနေ ကြွလာပါလိမ့်မယ်။”

သူအလျင်လိုနေပုံကို ကြည့်ကာ လုလျန့်ဝေ အနည်းငယ်ရိပ်မိသွားသဖြင့် မေးလိုက်သည်။

“မင်းကြီးလည်း အခုမှ မိဖုရားခေါင်ကြီး ဖိတ်ကြားထားကို သိတာပါ

အခန်း ၅၅၉ ပြည်တန်သော လှခြင်း

လုလျန့်ဝေ မျက်မှောင်ကြုတ်လိုက်သည်။

မယ်တော်ကြီး ရှောင်ကျင်းရဲ့ အပြုအမူက ဘာလဲ။

မင်းကြီးကို မဖိတ်ဘဲ သူမကိုပဲ ညစာ စားဖို့ ဖိတ်ကြားပြီးတော့ ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ။

ဒါကို လုံယန် သိသည်နှင့် ကျောက်ချန်အား အမြန်လွှတ်ကာ သူနှင့်အတူသွားရန် စကားပါးခိုင်းလိုက်သည်။သူမ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေပုံပင်။

လုလျန့်ဝေ နွေးထွေးသွားရသည်။

ခဏအကြာတွင် လုံယန်ရောက်လာကာ သူမအားကြည့်၍ ပြုံးလိုက်သည်။ထို့နောက် ရှေ့တိုးကာ သူမလက်အားကိုင်၍ ညှင်သာစွာဖြင့်

“သွားရအောင်”

“ဟုတ်ကဲ့”

အေးငြိမ်းနန်းတော် ၏ အပြင်ဘက်သို့ရောက်သောအခါ လုံယန် ဆုပ်ကိုင်ထားသည်ကို လွှတ်ရန် လုလျန့်ဝေ ကြိုးစားလိုက်သည်။

“မင်းကြီး”

လုံယန် သူမကို နားလည်မှုဖြင့် ကြည့်လိုက်သည်။သူ သူမကို အတင်းမပြုမူဘဲ လွှတ်ပေးလိုက်သည်။

လုလျန့်ဝေသည် သူမ မေးစေ့ဖြင့် ရှေ့ဘက်သို့ညွှန်ပြကာ ပြောလိုက်သည်။

အေးငြိမ်းနန်းဆောင်ထဲသို့ ဝင်လိုက်သောအခါ မယ်တော်ကြီးမှ သူမကိုသာမက အရှေ့နန်းဆောင်ရှိ သူများအားလုံးကို ဖိတ်ထားကြောင်း အံ့အားသင့်စွာ တွေ့လိုက်ရသည်။အဖိတ်မခံရသည်မှာ လုံယန် တစ်ယောက်တည်းသာဖြစ်သည်။

“ဘယ်လောက်အလုပ်များများ မယ်တော်ကြီးနဲ့ ညစာစားဖို့ကတော့ အချိန်ပေးရမှာပေါ့”

လုံယန် ပြတ်ပြတ်ပြောလိုက်သည်။သူသည် လုလျန့်ဝေ၏လက်ကိုဆွဲ၍ မယ်တော်ကြီး၏ဘေးရှိ ပင်တိုင်ခုံနေရာတွင် ဝင်ထိုင်လိုက်သည်။

ထိုအခါမှသာ မယ်တော်ကြီး ရှောင်ကျင်းမှ သူမအား ကြည့်လိုက်သည်။သူမ ရပ်၍ လုလျန့်ဝေအား ဒူးထောက်ခိုင်းထားစေချင်သော်လည်း မင်းကြီးရှိနေသဖြင့်

ထိုသို့ပြော၍ လုလျန့်ဝေ ကိုယ်မတ်လိုက်ကာ လုံယန်ဘေးတွင် ဝင်ထိုင်လိုက်သည်။

မယ်တော်ကြီးအား မနှစ်မြို့သော်လည်း လောကဝတ်တော့ ပြုသင့်သေးသည်။သူမသာ မလေးမစားလုပ်ပုံကို မြင်သွားလျှင် သူမက မလျော်ကန်သူဟု မြင်သွားကြနိုင်သည်။

လုံယန် နားလည်ဟန်ဖြင့် သူမလက်ချောင်းလေးများကို ဆုပ်ကိုင်လိုက်သည်။

ထိုအခါမှ လုံချီ၊လုယွင်ရွှမ်း နှင့် ချန်ချူးယွီတို့ အသိဝင်လာကာ လုံယန် နှင့် လုလျန့်ဝေကို ထ၍ အရိုအသေပြုလာကြသည်။

သုံးယောက်စလုံး ကိုယ်ကို မတ်လိုက်သော်လည်း မထိုင်ရဲကြသေးပေ။

“ဒါ မိသားစု ညစာစားပွဲကို ဒီလောက် မလေးနက်ကြပါနဲ့။မင်းကြီးက ဗွေမယူပါဘူး။ဟုတ်တယ်မလား မင်းကြီး”

မယ်တော်ကြီး ရှောင်ကျင်း၏ အကြည့်မှာ လုလျန့်ဝေပေါ်သို့ ထပ်ကျလာကာ ပြုံး၍ ပြောလိုက်သည်။

“မိဖုရားကြီး အလှကိုတော့ ကြားဖူးနေတာ တွေ့ခွင့်မရခဲ့ဘူး။အခုလိုတွေ့လိုက်ရတော့မှ ပဲ မိဖုရားကြီးရဲ့ လှပမှုက ပြည်တန်တယ်လို့ အသေအချာကို ပြောနိုင်တယ်”

လုလျန့်ဝေ သူမ ထေ့လုံးအား မသိချင်ယောင်ဆောင်ကာ ပြုံးလိုက်သည်။

“ဒါတွေက အပြင်က ကောလဟာလတွေပါ။မိဖုရားကြီး မယုံပါနဲ့။ကျွန်မအလှက သင့်တင့်ယုံပါပဲ။ပြည်မတန်ရပါဘူး”

သူမ အလှသည် တိုင်းပြည်တစ်ပြည် တန်သည် ဆိုခြင်းမှာ သူမကြောင့် တိုင်းပြည် တစ်ပြည်ပျက်နိုင်သည်ဟု ဆိုခြင်းဖြစ်သည်။

ထို့နောက် မယ်တော်ကြီး ပြောသမျှတိုင်းသည် သူမ၏အလှတရားအကြောင်းသာ ဖြစ်သည်။လုံယန်သည် သူမအလှကို မက်၍သာ လက်ထပ်ခြင်းဖြစ်သည်ဟု ဆိုလိုနေခြင်းပင်။

မယ်တော်ကြီးသည် သူမမှ ပြန်လည်ပြောဆိုလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ထို့အပြင် အပြင်သတင်းများကို ယုံနေသဖြင့် သူမကို ပြောတိုင်းယုံသူဟုလည်း သွယ်ဝိုက် ပြောဆိုလိုက်သေးသည်။

သူမ မကျေနပ်ဟန်ဖြင့် မျက်လုံးမှေးလိုက်သော်လည်း ခဏအကြားတွင် နွေးထွေးကြင်နာတတ်သော အမယ်အို တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

“စကားစပ်ရင်းနဲ့ မင်းနဲ့ အိမ်ရှေ့စံမင်းသမီးက ညီအစ်မတွေမလား။ဒါပေမယ့် လှပုံချင်း မတူကြဘူးနော်။အိမ်ရှေ့စံမင်းသမီးက တင့်တယ်ပေမယ့် မင်းလောက်တော့ မလှဘူး”

ထိုစကားကို လုယွင်ရွှမ်း ကြားသောအခါ ဝမ်းမနည်းသွားခဲ့ပေ။

မယ်တော်ကြီးက သူမသည် တင့်တယ်ပြီး လုလျန့်ဝေမှာ အလွန်လှသော်လည်း မတင့်တယ်ဟု ဆိုလိုနေခြင်းသာဖြစ်သည်။

All Chapters