အခန်း (၅၆၀-၅၆၂)
Vol. 12 Ch. 560-562
အခန်း ၅၆၀ မျက်တောင်တစ်ချက် မခတ်ဘဲ ရန်တိုက်ပေးလိုက်တယ်
လုယွင်ရွှမ်းမှာ ပျော်ရွှင်နေသည်။လုလျန့်ဝေ ၏ ဇာတ်ထုပ်အား စောင့်ကြည့်အား မုန့်အကာသားအား ဖဲ့၍စားနေသည်။
မယ်တော်ကြီးစကားများကို နားထောင်ရင်း လုံယန် မျက်လုံးများ ကျဉ်းလိုက်သည်။
ဒီအဘွားကြီး ဝေဝေ့ကို ထေ့ငေါ့နေမှန်း သူနားလည်လိုက်သည်။
လုံယန့် အမူအရာမှာ ချက်ချင်းသုန်မှုန်သွားတော့သည်။သို့သော် သူ ဘာမျှ ပြန်မပြောနိုင်ခင် သူ့လက်ဖဝါးအား တစ်ယောက်ယောက်မှ လာခြစ်နေလေသည်။
ငုံကြည့်လိုက်သောအခါ လုလျန့်ဝေသည် သူ့မအင်္ကျီလက်ရှည်အား အကာဖြင့်သုံးကာ သူ့လက်ကို ကုတ်နေသည်အား တွေ့လိုက်ရသည်။
သူ့နှလုံးသားတွင် ယားယံသော ခံစားချက်လေး ပေါ်လာခဲ့ပြီး သူမလက်ချောင်းလေးအား ဖမ်းကိုင်လိုက်တော့သည်။
လုလျန့်ဝေမှာ သူထိုသို့လုပ်မည် မထင်သဖြင့် ရှက်သွားကာ ချက်ချင်းလက်ပြန်ရုတ်လိုက်သည်။
ထို့နောက် လုံယန့်အား သူမ ခေါင်းခါပြလိုက်သည်။သူမကြောင့် အရှင်နှင့် မယ်တော်ကြီးကြား ပြဿနာဖြစ်မည်ကို မလိုလားပါ။
လုံယန်မှာ မယ်တော်ကြီးနှင့် မည်သည့်အချိန်မဆို ရင်ဆိုင်ရဲပေသည်။
မယ်တော်ကြီးမှာ သွားလေသူ မင်းကြီး၏ နောက်ဆုံး ကျန်ရှိသော မိဖုရားဖြစ်၍သာ သူမအား သည်းခံနေခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သူမသာ ဤသည်ကို မေ့လျော့နေပါက သူဆက်သည်းခံနေတော့မည် မဟုတ်ပေ။
ဤသည်ကို ဝေဝေ့ဘာသာ သိသင့်သဖြင့် သူ ချုပ်တည်းထားခြင်းဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ယခု ဝေဝေ့အား ကစားခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ဝေဝေ မတတ်နိုင်မှသာ သူဝင်ကူညီလိုက်မည်ပင်။
လုံယန် သဘောတူသွားသည်ကို မြင်၍ လုလျန့်ဝေ စိတ်သက်သာရာ ရသွားသည်။
လုံယန်မှ မယ်တော်ကြီးအား ရင်ဆိုင်ရဲကြောင်း သူမ သိသော်လည်း ယနေ့တွင် သူမအား ကာကွယ်ပေးလိုက်လျှင် သူ၏သြဇာ ကျဆင်းနိုင်ကြောင်း သူမ နားလည်လိုက်သည်။
ထိုသို့ဖြစ်လျှင် မနက်ဖြန်ကျ ဧကရီ နန်းတော်ရာဝင်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း မယ်တော်ကြီး နှင့် မင်းကြီးအကြား သွေးခွဲလိုက်သည်ဟု တီးတိုးပြောဆိုကြကာ မင်းကြီးအား ပြုစားထားသည်ဟု ထင်ကြပေလိမ့်မည်။
သူမအတွေးများ ချုပ်တည်းကာ မယ်တော်ကြီးအား ပြုံးပြလိုက်သည်။
“မယ်တော်ကြီး မှန်ပါတယ်။အိမ်ရှေ့မင်းသမီးက ကျွန်မနဲ့ ညီအစ်မပေမယ့် သူက ချီးကျူးစရာကောင်းတယ်။သူက အရင်ကတည်းက လိမ္မာပြီး ရင့်ကျက်တဲ့သူလေ။ဒီနေရာမှာတော့ ကျွန်မတို့ သူ့ကို လိုက်မမှီနိုင်သေးပါဘူး။အိမ်ရှေ့မင်းသားက မင်းသမီးကို လက်ထပ်လိုက်နိုင်တာ ကောင်းချီးပေးခံရတာပါပဲ။သူမက တခြားမိန်းမပျိုတွေထက်ကို ပိုပြီးတော့ ကျက်သရေရှိပြီး အကျင့်ကောင်းမွန်ပါတယ်။သူ့ထက် တစ်နှစ်ကြီးတဲ့ အမျိုးသမီးလှချင်းတောင် သူမဘေးဝင်ထိုင်ရင် သူမလောက် ရင့်ကျက်မှာ မဟုတ်ဘူးလို့ ထင်မိပါတယ်”
လုယွင်ရွှမ်း၏ ပျော်နေသောမျက်နှာမှာ ရုတ်တရက် ပျက်သွားပြီး မုန့်အကာသားမှာ တစ်စစီကြေသွားတော့သည်။
လုလျန့်ဝေမှ သူမအလှတရားအား ရင့်ကျက်သည်ဟု သုံးနှုန်းလိုက်သည်။ သူမ ဒေါသထွက်နေရင်းပင် အိမ်ရှေ့စံမှ သူမကို ကြည့်နေမှန်း သတိပြုမိလိုက်သည်။ သူမထိတ်လန့်သွားပြီး အိမ်ရှေ့စံ၏အကြည့်မှ စက်ဆုပ်မှုအနည်းငယ် ကို မြင်လိုက်ရပေသည်။
လုယွင်ရွှမ်းမှာ ဒေါသကြောင့် တုန်လှုပ်နေသဖြင့် လက်သီးကိုသာ တင်းတင်းဆုပ်လိုက်မိတော့သည်။
ချန်ချူးယွီ သည် လုယွင်ရွှမ်းအား အလွန်မုန်းတီးကာ သူမအား နှိမ်ရန်အခွင့်အရေးမှန်သမျှကို လက်မလွှတ်တတ်ပေ။
“မယ်တော်ကြီး ပြောတာမှန်တယ်။အိမ်ရှေ့မင်းသမီးက ကျွန်မတို့ထက် ပိုပြီးရင့်ကျက်တယ်လေ။ပြောရရင် အရှေ့နန်းဆောင်ကြီးလို နေရာကြီးကို စီမံခန့်ခွဲဖို့ဆို ရင့်ကျက်ပြီး အတွေ့အကြုံရှိမယ့်သူမျိုးကို လိုမှာ”
ထိုသို့ပြောကာ သူမဗိုက်ကို အလိုအလျောက် ပွတ်သပ်လိုက်သည်။
သူမအပြုအမူကြောင့် လုယွင်ရွှမ်း အလွန်ဒေါသထွက်သွားရသည်။
“မိန်းမပျိုချန်က နှိမ့်ချတတ်တာပဲ။ ကျွန်မတို့က အိမ်ရှေ့မင်းသမီးလောက် မရင့်ကျက်ပေမယ့် ကျွန်မအထင်တော့ မိန်းမပျိုချန် ကံကောင်းပါတယ်။ ကိုယ်ဝန်ဆောင်ထားရတယ်လို့ ကျွန်မ ကြားမိတယ်။ကောင်းကောင်းအနားယူပြီး ဂရုစိုက်လိုက်ပါဦးနော်”
“မိဖုရား စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်။ကျွန်မ ကောင်းကောင်း ဂရုစိုက်ပါ့မယ်”
ထိုသို့ပြောကာ လုယွင်ရွှမ်းကို တုန်တုန်ရင်ရင်ဖြင့်ကြည့်၍ သူမဗိုက်ပေါ်သို့ လက်တင်၍ ကာကွယ်ဟန်ပြုလိုက်သည်။
လုယွင်ရွှမ်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီခွေးမရဲ့ အပြောနဲ့ အလုပ်က ဘာကိုဆိုလိုချင်တာလဲ။သူ့ရင်သွေး မျိုးမစစ်အား သူမ ရန်ရှာလိမ့်မည်ဟု ထင်နေပုံပေါ်ပင်။
သူမတွေးနေစဥ်မှာပင် မယ်တော်ကြီးနှင့် အိမ်ရှေ့စံမှ သူမအား ကြည့်လိုက်သည်ကို မြင်လိုက်ရသည်။
အမှန်မှာ သူမသည် ချန်ချူးယွီဗိုက်ထဲမှ ကလေးအား သေစေချင်သော်လည်း အကြံကောင်းမရှိ ဖြစ်နေပေသည်။ထို့ပြင် ချန်ချူးယွီ ပြုမူလိုက်ပုံကြောင့် သူတို့နှစ်ယောက်အား ရန်ရှာရန် ပိုခက်သွားတော့သည်။။
ချန်ချူးယွီ နင် ခွေးမ။
မယ်တော်ကြီးက ထိုင်ခုံနောက်သို့ မှီလိုက်လေသည်။ သူမအပြုံးများလည်း ပျောက်သွားခဲ့သည်။ သူမ လုယွင်ရွှမ်းအား စိုက်ကြည့်ပြီးနောက် လုလျန့်ဝေအား ခိုးကြည့်လိုက်သည်။
လုမိသားစုမှ အကဲခတ်မရသော ဤမိန်းကလေးအား သူမ အထင်သေးလိုက်မိတာပင်။
မျက်တောင် တစ်ချက်မျှ မခတ်ဘဲ သူမထေ့လုံးအား လုယွင်ရွှမ်းဆီ ပြန်လှည့်ကာ သူမနှင့် ချန်ချူးယွီကြားတွင် ရန်မီးမွှေးပေးလိုက်နိုင်သည်။
တော်တော် စကားပြောတော်တဲ့ မိန်းကလေးပဲ။
Chapter 561
မယ်တော်ကြီး ရှောင်ကျင်း သည် သူမ၏ မကျေနပ်မှုကို ထိန်းထားပြီး အမျိုးသမီးချန်အားမေးလိုက်သည်။
“ညစာအတွက် ပြင်ဆင်ပြီးပြီလား”
“ညစာအဆင်သင့်ဖြစ်ပါပြီ မယ်တော်ကြီး”
“ဒါဆို ညစာစားမယ်”
မယ်တော်ကြီး ရှောင်ကျင်း က အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
အမျိုးသမီးချန် က ပြန်ပြောပြီး အောက်သို့ဆင်းသွားလေသည်။
ခဏအကြာနန်းတော်မှ အစေခံများသည် အစားအသောက်များကို လက်ထဲ၌ကိုင်ပြီး ဖြည်းဖြည်းချင်း လျှောက်လာသည်။
ထမင်းစားပြီးနောက် မယ်တော်ကြီး ရှောင်ကျင်း သည် အမျိုးသမီးချန် ၏လက်ထဲမှ ဘရိုကိတ်သေတ္တာတစ်ဘူးကိုယူကာ လုလျန့်ဝေ အား ကြင်နာစွာပြောသည်
လုလျန့်ဝေ ခေတ္တရပ်လိုက်ပြီး သူမ၏ အပြုအမူမှ သူမ၏ ရည်ရွယ်ချက်ကို ယောင်ဝါးဝါး ခန့်မှန်းနိုင်ခဲ့သည်။ သူမသည်ထပြီး လမ်းလျှောက်သွားတယ်။
မယ်တော်ကြီးရှောင်ကျင်းသည် သူမ၏လက်ကို ကိုင်ကာ အပေါ်အောက် စေ့စေ့ကြည့်သည်။
“ မယ်တော်ကြီးက တစ်ကယ်ကိုလှတာပဲ ပိုနီးလာလေ လှလာလေပဲ”
ဘရိုကိတ်သေတ္တာကိုဖွင့်ရင်း သူမ သဘောကျစွာ ပြောလိုက်သည်။ သူမသည် ကျောက်စိမ်းလက်ကောက်ကို ထုတ်ယူကာ သူမ၏ လက်ကောက်ဝတ်တွင် ဝတ်ေပးရန် ရည်ရွယ်ထားသည်။
မယ်တော်ကြီးရှောင်ကျင်းသည် ထိုလက်ကောက်ကို မြင်သောအခါ အံ့အားသင့်သွားပြီး ပြောလိုက်သည်။
“မင်းကဒီလောက်ကောင်းတဲ့လက်ကောက်ကိုဝတ်ထားတော့မှ ငါပေးမယ့် လက်ကောက်ကတော်တော်သေးနေမှန်း သိလိုက်ရတယ် “
ထိုစကားကိုကြားသောအခါ မယ်တော်ကြီးရှောင်ကျင်း၌ မနာလိုမှုများ ပေါ်ပေါက်လာလေသည်။
သူမသည် ကွယ်လွန်သူဧကရာဇ်မင်းရှိစဉ်ကတည်းက ဖီးနစ်သွေးကျောက်စိမ်းကို မျက်စိကျနေခဲ့သော်ငြား နည်းလမ်းပေါင်းများစွာကြိုးစားပြီးသည့်တိုင် ထိုအရာကိုလက်၌မကိုင်နိုင်သေးပေ။ အခုတော့ သူမ လိုချင်ပေမယ့် မပိုင်ဆိုင်နိုင်တော့သည့်လက်ကောက်လေးသည် ဒီမိန်းကလေး၏ လက်ထဲ၌ ရှိနေသည်။
သူမသည် သူမလက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ထားပြီး လုလျန့်ဝေ ၏ လက်ကောက်ဝတ်ရှိ ဖီးနစ်သွေးကျောက်စိမ်းကို ဆွဲချွတ်ရန်ပင် ဆန္ဒရှိနေခဲ့သည်။
ခဏအကြာတွင် သူမသည် လုလျန့်ဝေ ကို ပြုံးပြလိုက်သည်။
“ အရှင်မင်းကြီးက တကယ့်ကို ရက်ရောတာပဲ မိဖုရားကြီးက ဖီးနစ်သွေးကျောက်စိမ်းကို မပျက်စီးအောင်သေချာ သတိထားရမယ်နော်”
အရှင်မင်းကြီး နတ်ရွာစံပြီးသည်နှင့် သူမသည် မုဆိုးမ လုလျန့်ဝေ ကို ချုပ်ကိုင်ထားမည်ဖြစ်ပြီး ထိုအခိုက်အတန့်တွင် ဖီးနစ်သွေးကျောက်စိမ်းကိုပါ သိမ်းပိုက်မည်ဖြစ်သည်။
လုလျန့်ဝေ သည် မိဖုရား သည်သူမ၏ လက်ကောက်ဝတ်ကို အဆက်မပြတ် စိုက်ကြည့်နေကြောင်း ခံစားလိုက်ရသည်။ သူမက အင်္ကျီလက်စကို အေးအေးဆေးဆေး ဆွဲချလိုက်ပြီး
“ဟုတ်ကဲ့ သေချာဂရုစိုက်ပါ့မယ် ဒီကျောက်စိမ်းလက်ကောက်က အဖိုးမတန်ရင်ေတာင် အရှင်မင်းကြီးပေးတာမလို့ဂရုစိုက်မှာပါ”
ထိုစကားကိုကြားပြီးနောက် မယ်တော်ကြီးရှောင်ကျင်း၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားကာ
“ မင်းပြောတာ မှန်ပါတယ် အရှင်မင်းကြီးဆိုတဲ့ ကောင်းကင်ဘုံရဲ့ သားတော် က ရိုးတယ်ထင်ရပေမဲ့သူပေးထားတာတွေက အရမ်းအရေးကြီးတယ် ဒီလိုတွေးတာ ကောင်းတယ်”
“ မယ်တော်ကြီးပေးတဲ့ လက်ဆောင်တွေလည်း တူတူပါပဲ။စျေးကြီးသည်ဖြစ်စေ မကြီးစေဖြစ်စေအဲဒါက အရမ်းအရေးကြီးပါတယ်”
လုလျန့်ဝေ က စကားေပြာပြီးသောအခါ သူမလက်ထဲရှိ လက်ဆွဲအိတ်ကို တည့်တည့်စိုက်ကြည့်မိသည်။
မယ်တော်ကြီး ရှောင်ကျင်း ၏ မျက်နှာသည်ရှုံ့တွသွားပြီး အဆုံးတွင် သူမသည် လက်ကောက်ကို ဘရိုကိတ်သေတ္တာထဲသို့ ပြန်ထည့်ကာ လုလျန့်ဝေ အား ပေးလိုက်သည်။
“ဖီးနစ်သွေးကျောက်စိမ်းလို အဖိုးတန်ပြီး ရှားပါးတဲ့ လက်ကောက်နဲ့နှိုင်းပြီး ငါ့ လက်ကောက်လေးကိုနှိမ့်ချမှာစိုးရိမ်ခဲ့တာ မင်းက မနှိမ့်ချခဲ့မှတော့ဒါကို ငါ့ရဲ့ လေးမြတ်မှုသင်္ကေတအဖြစ် သိမ်းထားလိုက်ပေါ့”
လုလျန့်ဝေ သည် ဝမ်းသာအားရ လက်ခံပြီး သူ့ရင်ခွင်ထဲ၌ ဆုပ်ကိုင်ကာ
“ လက်ဆောင်အတွက် မယ်တော်ကြီးကို ကျေးဇူးတင်ပါတယ် သေချာဂရုစိုက်ပါ့မယ်”
မယ်တော်ကြီး ရှောင်ကျင်း သည် သူမ၏ ရင်ဘတ်ရှိ ခံစားချက်များကို မလှုပ်နိုင်ချေ။
တကယ်တော့ လုလျန့်ဝေ သည် ညစာလာစားရန်ခွင့်တောင်းတုန်းက သူမအတွက် လက်ဆောင်မပြင်ဆင်ခဲ့ပေ သို့သော် အရှင်မင်းကြီးသည် သူမနှင့် အတူလိုက်ပါလာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
Chapter 562
ထို့ကြောင့် သူမသည် မိနစ်အနည်းငယ်အတွင်း လက်ဆောင်ပြင်ဆင်ပေးရန် အမျိုးသမီးချန် ကို တောင်းဆိုခဲ့သော်လည်း လုလျန့်ဝေ သည် ဖီးနစ်သွေးကျောက်စိမ်း ကို ၀တ်ဆင်ထားသည်ကို တွေ့ပြီးနောက် သူမအား လက်ဆောင်မပေးတော့ရန် အကြောင်းပြချက်ကို ရှာတွေ့ခဲ့သည်။
ဧကရာဇ်မင်းထံမှ ချီးမြှောက်သောလက်ဆောင်မှာ ရိုးစင်းလွန်းသည်မဟုတ်ပေ
သူမ၏ကျောက်စိမ်းလက်ကောက်သည် အဖိုးတန်ပြီး ရှားပါးသော ဖီးနစ်သွေးကျောက်စိမ်း နှင့် မယှဉ်နိုင်သော်လည်း သူမ၏ တန်ဖိုးကြီးသော ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့်ပေးစရာ မလိုဘူးဆိုလျှင် မပေးချင်ပေ
သူမအံ့အားသင့်သွားသည်မှာ လုလျန့်ဝေသည် လက်ဆောင်အား တကယ်ကြိုက်သလို ပြုမူခဲ့ပေသည်။ လုလျန့်ဝေ သည် ရူးပဲရူးသလား သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သလား သူမ မပြောနိုင်ပေ။ သူမအား မပေးသည်ကို ရိုင်းစိုင်းသည့်ပုံမပေါ်ဘဲ ရိုးသားသော စကားလုံးများကိုပင် ပြောခဲ့ေသးသည် ။
လက်ဆောင်ကို ပြန်ယူရန်အကြောင်းပြချက်မှာ မရှိတော့ချေ။
မယ်တော်ကြီးသည် ပြန်တွေးလိုက်တိုင်း သူမ နှလုံးသားအား နာကျင်စေသည်ကိုမထိန်းချုပ်နိုင်ချေ။
“နောက်ကျနေပြီအားလုံးပြန်ပြီး အနားယူကြရအောင်”
သူမလက်ထဲတွင် ဗုဒ္ဓအားဆုတောင်းသည့်ပုတီးစေ့များကို ပတ်ထားရင်း တုန်လှုပ်ေနမှုကို မထိန်းနိုင်သော်လည်း ကြင်နာသောမျက်နှာဖြင့် ပြောလိုက်သည်။
“ဒါဆိုရင် မယ်တော်ကြီးလည်း အနားယူသင့်ပြီဆိုတော့ ဧကရီကို အရင်ပြန်ခေါ်သွားလိုက်မယ်”
နှစ်ယောက်သား ထွက်သွားသည်နှင့် တပြိုင်နက် လုံချီနှင့် အခြားသူတို့လည်း တယောက်ပြီး တယောက် ထကြလာသည်။
ငြိမ်သက်နေသောနန်းတော်မှ ထွက်ခွာပြီးနောက် အဝေးရောက်နေသော နှစ်ယောက်ကို ကြည့်ရင်း လုံချီ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။
လုံချီ သူ၏အကြည့်ကို လွှဲလိုက်ပြီး စကားကို ရုတ်တရက် သတိရမိသည်။
သူ့မျက်လုံးများသည် သူမမျက်နှာပေါ်ကြွေဆင်းသွားခဲ့သည်။ ချန်ချူးယွီ လောက်မလှသလို ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အသွင်အပြင်သည်တကယ်ကို ခေတ်မဆန်ဟုရုတ်တရက် ခံစားလိုက်ရသည်။
“ဘာမှမဟုတ်ဘူးနောက်ကျနေပြီ မင်း စောစောပြန်သင့်ပြီ”
လို့ေပြာရင်း သူ့မျက်နှာသည် ဖြူဖျော့သွားသည် ထို့နောက် အရှေ့နန်းတော်သို့ လျှောက်သွား၏။
ချန်ချူးယွီ သည် သူ၏မျက်လုံးထဲတွင် မှောင်ရီနေသည်ကို မြင်လိုက်ရသဖြင့် လျှို့ဝှက်စွာ လှောင်ရယ်လိုက်သည်။
စိုးရိမ်စွာဖြင့် မေးလိုက်သည်
လုယွင်ရွှမ်း က သူမကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် နှုတ်ခမ်းကို ပြုံးပြလိုက်သည်။ သူ့အကြည့်တွေသည် ချပ်ကပ်နေေသာဗိုက်ပေါ် ရောက်သွားသည် ။
“ ကိုယ်လုပ်တော်ချန်က တကယ်ကို ကောင်းချီးပေးခံရတဲ့သူတစ်ယောက်ပဲ”
“ကျွန်မရဲ့ ကောင်းချီးတွေ အတွက် အိမ်ရှေ့ မင်းသမီးကို အားကိုးနေရတုန်းပါပဲရှင်”
လုယွင်ရွှမ်း က သူမကို မှိုင်းညို့စွာစိုက်ကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားသည်။
သူမကြုံတွေ့ခဲ့ရတဲ့ အရှက်ခွဲခံရမှုေတွကို သူမတစ်ယောက်ချင်းဆီပြန်ပေးဆပ်ခိုင်းပစ်မယ်
လုံယန် သည် လုလျန့်ဝေ ၏လက်ကို ကိုင်ထားရင်း ဖီးနစ် နန်းဆောင်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားခဲ့သည်။
ထိုည၏ ရှုခင်းတွေသည် သာယာပြီး နန်းတော်မှ အစေခံတွေကလည်း နောက်ကနေ တိတ်တဆိတ် လိုက်လာကြတယ်။
လုံယန်က ခေါင်းကို တစ်ဖက်လှည့်ပြီး သူ့ဘေးနာမှကောင်မလေးအား ကြည့်လိုက်သည်။
သူမလက်ထဲတွင် ဘရိုကိတ်သေတ္တာကို ဆုပ်ကိုင်ထားဆဲဖြစ်သည်ကို သတိပြုမိပြီးနောက်
“မင်းမိဖုရားပေးတဲ့လက်ကောက်ကို ဒီလောက်တောင် သဘောကျတာလား”
ဟု ရယ်မောစွာ မေးလိုက်သည်။
လုလျန့်ဝေ က သူ့လက်ထဲရှိ ဘရိုကိတ်သေတ္တာကို လှုပ်ပြီး အပျော်သဘော ပြုံးကာ
“အမှန်အတိုင်းပြောရရင် ကျွန်မ သိပ်မကြိုက်ဘူး မိဖုရားပေးခဲ့တဲ့ လက်ကောက်က ရှင်ပေးခဲ့တဲ့ဖီးနစ်သွေးကျောက်စိမ်းနဲ့မယှဉ်နိုင် ပေမဲ့လို့ မိဖုရားဆီကရတာလေ ဒါကကျေးဇူးတင်ထိုက်တဲ့ သကေတတစ်ခုပဲ ကျွန်မသာငြင်းလိုက်ရင်သူ့ကိုမလေစားရာရောက်သွားလိမ့်မယ်”
“ ဟင် မဟုတ်ဘူး ရှင်ကျွန်မကိုဒီလိုစွပ်စွဲလို့မရဘူးနော်”
လုလျန့်ဝေ သည် သူမသည် မယ်တော်ကြီးရှောင်ကျင်း ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် လက်ကောက်ကို လိုချင်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
ခေါင်းယမ်းရင်း လုံယန် ၏ အပြုံးသည် မှိန်သွားလေသည်။
လုံယန် က သူမကိုစိတ်မချမ်းမြေ့စွာ ကြည့်ပြီး ရုတ်တရက် လေသံကိုနှိမ့်ကာ
လုလျန့်ဝေ က မျက်တောင်တောင်မခတ်ဘဲ ရွံရှာသည့်လေသံဖြင့်ပြောတယ်
လုံယန် သည် သူမကြောင့် ကူကယ်ရာမဲ့သော ခံစားချက်များဖြင့် သူ့မျက်ခုံးကြားရှိနေရာကို နှိပ်နယ်နေသည်။
သူ၏ ဧကရီလေးသည် သူ့ကို လုံးဝ မကြောက်ပါ၊ သူလည်း စိတ်ပျက်သွားရသည်။ သို့သော် ထိုထက်မက သူသည် သူမ၏ယုံကြည်မှုကို ခံစားနေရသည်။
သူသည် သူမ၏ နှာခေါင်းလှလှလေးကို ညှစ်ရန် လက်လှမ်းလိုက်ပြီး
“ မင်းကိုယ့်ကိုတစ်ကယ်မကြောက်တာလား”