← Chapters

အခန်း (၅၆၃-၅၆၅)

Vol. 12 Ch. 563-565

အခန်း (၅၆၃-၅၆၅)

Vol. 12 Ch. 563-565

Chapter 563

လုလျန့်ဝေ ၏ မျက်နှာလေးသည် နီရဲသွားကာ သူ၏လက်ကို ရိုက်ရန် လှမ်းဆွဲ၍

“ဒါဆို ဘုရင်မင်းမြတ်က ကျွန်မကို ကြောက်စေချင်တာလား မကြောက်စေချင်တာလား”

ဟု ပြန်မေးလိုက်သည်။

“ သေချာတာပေါ့ ကိုယ်က…”

လုံယန် က လွှတ်လိုက်ပြီး ခဏရပ်လိုက်လေသည်။

လုလျန့်ဝေ ၏နှာခေါင်းကို ပွတ်သပ်လိုက်သည့် လုပ်ရပ်သည် ရပ်တန့်သွားပြီး သူမသည် တောက်ပသော မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ သူ့အား ဆက်‌ေပြာရန် တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

လုံယန် သည် သူ့မျက်လုံးရှေ့ရှိ ဖီးနစ်နန်း‌ေဆာင်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် သူမကို လှမ်းဆွဲလိုက်သည်။ သူသည် နားရွက်နားကို ငုံ့ပြီး တိုးတိုးလေးပြောသည်။

လုလျန့်ဝေ သည်သူ့ ဒီလိုလှုပ်ရှားမှုမျိုးလုပ်လိမ့်မည်ဟု မမျှော်လင့်ထား‌ေသာကြောင့် သူမ၏ သဘာဝ တုံ့ပြန်မှုအတိုင်း သူမရဲ့ လက်တွေကို သူ၏လည်တိုင်၌ရစ်ပတ်ထားစေခဲ့သည်။ သူမကခပ်တိုးတိုးဖြင့် မေးသည်။

လုံယန် သည် သူမ၏ အကြည့်အား ပြန်စိုက်ကြည့်ကာ တဖြည်းဖြည်းနှင့် မှောင်မိုက်လာခဲ့သည်။ သူ စကားတစ်ခွန်းမှ မပြောဘဲ အိပ်ခန်းထဲသို့ အမြန်ဆွဲသွားလိုက်သည်။

သူတို့နှစ်ဦးသွားရာ နေရာတိုင်းတွင် နန်းတော်မှ အစေခံများသည် ရေစီးကဲ့သို့ ဆုတ်ခွာသွားကြသည်။ ကျူးယွီ နှင့် ချူကျူတို့သည်လည်း ကမန်းကတန်း ရှောင်ပေးကြသည်။

အိပ်ခန်းတံခါးကိုပိတ်ပြီးနောက်မှ အားလုံးပြန်ထွက်လာကြလေသည်။

အိပ်ခန်းအပြင်ဘက်က တံခါးတွင် စောင့်နေတဲ့ ကျောက်ချန် ကသာ ပုံမှန်အတိုင်း ပြုမူနေခဲ့သည်။

လုလျန့်ဝေ ၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး လုံယန် ၏ ခါးကို ပွေ့ဖက်ကာ

မိန်းကလေးသည်ပျော့ပျောင်းသောလက်များဖြင့် ဆုပ်ကိုင်ထားစဉ် လုံယန် ၏ ခန္ဓာကိုယ်သည် တောင့်တင်းကာ တင်းမာလာပြီး အလျင်အမြန် ငုံ့ကာ သူမကို နှုတ်ခမ်းကို ငုံထွေးလိုက်သည်။ သူမကို ကောက်ချီလိုက်ပြီး ရေချိုးခန်းဆီသို့ လျှောက်သွားပြန်သည်။

“ခဏလောက်ဟိုဘက် လှည့်ပေးပါလား အရှင်မင်းကြီး”

လုံယန် က သူပြောတဲ့အတိုင်း မလုပ်ချင်ပေမယ့် ညတာသည် ရှည်လျားပြီး သူ့တွင် အခွင့်အရေးတွေ အများကြီးရှိသေးပေသည်။ ထိုအရာအား စိတ်ထဲမှာပဲ ထားပြီး သူမပြောတဲ့အတိုင်း သူသည် ပြုံးပြပြီး နောက်လှည့်လိုက်သည်။

ဒါကိုမြင်တော့ လုလျန့်ဝေ သည် သူမ၏အဝတ်အစားများကို လျင်မြန်စွာ ချွတ်လိုက်ပြီး သူမရဲ့ အတွင်းခံအဝတ်အစားကိုသာ ဝတ်ထားကာရေကူးကန်ထဲသို့ ၀င်သွားခဲ့သည်

ရေကန်ထဲရှိ ရေသည် သူမခန္ဓာကိုယ်ကို ကျော်လွန်ပြီးမှသာ

လုလျန့်ဝေ ၏ မျက်တောင်များ လှုပ်သွားပြီး သူမ ခေါင်းကို အမြန်တစ်ခြားဘက်သို့လှည့်လိုက်သည်။

လုလျန့်ဝေ သည် လမ်းလျှောက်သံကိုကြားလိုက်သည်နှင့် ခေါင်းပြန်လှည့်ခဲ့သော်လည်း သူမ မော့မကြည့်ဝံ့ဘဲ ရေကိုသာ ငေးကြည့်နေမိသည်။

လုံယန်က သူမဘေးမှာထိုင်ကာ သူမအဝတ်အစားဝတ်ထားဆဲဖြစ်သည်ကို မြင်သောအခါ သူ့မျက်လုံးများ အနည်းငယ်‌‌ေမှးမှိန်သွားသည်။ ရုတ်တရက်ပင် သူမကို ဖက်တွယ်လိုက်သည်။

လုလျန့်ဝေ သည်သူ့ရည်ရွယ်ချက်ကို သတိပြုမိပြီး သူ့လက်ကို အမြန်ဆွဲလိုက်ကာ

သူမ တုန်လှုပ်နေတဲ့ လေသံနှင့် ပြောပြီးနောက် သူ၏လက်တွေသည် သူမ၏နောက်ကျောတွင် ရှိနေသလို ခံစားလိုက်ရသည် သူမနဖူးသည် စိုစွတ်နေပြီး နက်မှောင်သော အကြည့်များဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။

လုံယန် ၏ ခန္ဓာကိုယ်သည် တင်းမာနေပြီး သူ့လက်အောက်ရှိ ချောမွေ့သော အသားအရေကိုဆုတ်ခွာရန် ဝန်လေး‌ေနသည်။ ထို့နောက် စိုစွတ်ပြီး နက်မှောင်သော မျက်လုံးများကို သူတွေ့ပြီး နောက်

“ဝေဝေ့ခါးစည်းကို နောက်ကျောမှာ ချည်ထားတယ် မင်းအတွက် အဆင်မပြေဖြစ်မှာစိုးလို့ ကိုယ်ကူညီပါရစေ”

သူ့စကားတွေသည် လေးနက်တဲ့ပုံစံနဲ့ ပြောနေသော်လည်း ကွဲအက်နေသောအသံသည် သူ့ရဲ့ လက်ရှိခံစားချက်တွေကို ပျောက်ကွယ်သွားစေခဲ့သည်။

သူတို့နှစ်ယောက်လုံး မင်္ဂလာဦးညကို တွေးပြီး တစ်ညတာ အတူတူနေခဲ့ကြသည်။

လုလျန့်ဝေ ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏ မျက်နှာသည် ပူလောင်သွားသလိုပင်။

ထိုယောက်ျား၏ ချောမောသော မျက်နှာကို မော့ကြည့်ရင်း သူမသည် ရေကန်၏ အေးစက်နေသော နံရံနှင့် နောက်ကျောကို ဖိမိသွားသည်အထိ အလျင်အမြန် နောက်သို့ မှောက်လျက် လှဲနေလိုက်သည်။ မေးရိုးပြုတ်ကျသွားသည့်အတိုင်း သူမ တုန်တက်သွားရသည်။

အပိုင်း-၅၆၄

လုလျန့်ဝေသည် သူက အားအင်ကုန်ခမ်းကာ အင်အားချည့်နဲ့နေသည်ကို ခံစားလိုက်ရသည်။ သူမ၏ဦးခေါင်းတစ်ခုလုံးမှာချာချာလည်နေပြီး တစ်စုံတစ်ယောက်ရဲ့ကြိုးဆွဲမှုအောက်က ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ခံစားနေရချေသည်။ ယခုအချိန်တွင်သူမသည် ထိုလူ့ထံမှီခိုလိုက်ရုံသာတတ်နိုင်တော့သည်။

အချိန်ဘယ်လောက်များကုန်ဆုံးသွားပြီလဲဆိုတာကို သူမသိချင်မိသည်။ သူမသည် ရေအိုင်တစ်ခုထဲသို့ပျော်ကျတော့မည်ဟုသူမခံစားနေစဉ်တွင်ပင် လုံယန်သည် ရုတ်တရပ် သူမကိုရေကန်အပြင်ဘက်သို့ချီမသွားလိုက်ပြီး အိပ်ရာဆီသို့ခပ်မြန်မြန်လျှောက်သွားလိုက်လေသည်။

လုလျန့်ဝေသည် အိပ်ရာပေါ်တွင်လဲလျောင်းနေကာ သူမသည် သူမ၏ကိုယ်ပေါ်သို့စောင်ဆွဲခြုံလိုက်ချင်သော်ငြား၊ သူမသည် သူမ၏ကိုယ်ခန္ဓာမှာအိပ်ရာထဲသို့ ရုတ်ခြည်းနစ်ဝင်သွားသည်ကိုသိလိုက်ရသည်။ အနှီယောင်္ကျားပျိုမှာ သူမ၏အပေါ်တွင်ရောက်နေလေချေပြီ။

သူမ၏ သေးသွယ်သောလက်ချောင်းများမှာ သူ၏ရှည်လျားသောလက်ချောင်းများနှင့် လိမ်ယှက်နေလျက်ရှိပြီး သူမ၏ကိုယ်ခန္ဓာမှာ အိပ်ရာပေါ်တွင်အဖိခံထားရလေသည်။ သူ(မ)၏ စိတ်တွေရှုပ်ထွေးနေခဲ့၏။ သူမ၏မျက်တောင်များမှာ တဖျပ်ဖျပ်ခတ်ရင်း ထိုသူ့ကိုကူကယ်ရာမဲ့စွာ မော်ကြည့်နေခဲ့သည်။

လုံယန်၏ နဖူးပြင်သည် ချွေးများစို့လာခဲ့ပြီး သူ သူမထံတိုးဝင်သွားရန်ပြင်နေစဉ်မှာပင် သူ၏ မျက်နှာအမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ သူသည် သူမကိုစောင်ခြုံပေးလိုက်ပြီး၊ သူကတော့ သူ၏အပေါ်ဝတ်ရုံကိုဝတ်ကာ အိပ်ရာပေါ်မှဆင်းသွားခဲ့သည်။ သူ အခန်းအပြင်သို့ ရုတ်ခြည်းဆိုသလိုပြေးထွက်သွားခဲ့သည်မှာ ခြေဖဝါးတွင်ပင်ဖိနပ်မပါသွားခဲ့။

“တစ်ယောက်ယောက် တော်ဝင်သမားတော်ကိုခေါ်လိုက်စမ်းဟေ့...”

ကျောက်ချန် သည် စင်္ကြမှတိုင်တစ်လုံးအားမှီ၍ တစ်မှေးအိပ်နေစဉ် အရှင်မင်းကြီး၏ အော်သံကိုကြားလိုက်ရသည်။ သူက အလန့်တကြားနိုးလာခဲ့ပြီး ချက်ချင်းကိုခေါင်းရှင်းသွားလေတော့သည်။

သူသည်တစ်ဖက်သို့လှည့်လိုက်သော် သူ့သခင်ဖြစ်သူမှာဖရိုဖရဲဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

သူ့သရှင်မှာ စီးတော်ဖိနပ်လေးတောင်ပါမလာဘူးပဲ။ ကျောက်ချန် တုန်လှုပ်သွားခဲ့သည်။ ဘာတွေဖြစ်နေသလဲဆိုတာကိုသူမသိလျှင်တောင် သူမနှောင့်နှေးရဲပေ၊ သူသည်ချက်ချင်းပင် ကိုယ်ဖော့စွမ်းရည်ကိုအသုံးပြုပြီး တော်ဝင်ဆေးခန်းဆီသို့အသော့နှင်ရတော့သည်။

လုလျန့်ဝေသည် အိပ်ရာပေါ်တွင် အနည်းငယ်စိတ်ရှုပ်နေဟန်ဖြင့်လဲလျောင်းနေခဲ့သည်; သူဘာလုပ်ရမလဲဆိုတာကိုလုံးဝမသိပါချေ။

ဘာလို့သူက ရုတ်တရပ်ကြီးတော်ဝင်သမားတော်ပင့်ခိုင်းရတာလဲ။

သူမက အနည်းငယ်မူးဝေနေဆဲဖြစ်ရာ နှောင့်နှေးခြင်းမရှိဘဲ မတုံ့ပြန်နိုင်ပါချေ။ ထို့နောက်တွင် လုံယန်ပြန်လှည့်လာခဲ့သည်။ သူသည် သူမကိုစောင်နှင့်ထုပ်ကာ သူ၏ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ချေသည်။ သူ၏မေးစေ့မှာ သူမ၏နဖူးပြင်ကိုထိနေပြီး ညင်သာစွာဆိုလိုက်သည်။

“အားလုံးအဆင်ပြေသွားမှာ။ ဘာမှကြောက်ဖို့မလိုဘူးနော်။ ခဏနေရင် တော်ဝင်သမားတော်ရောက်လာတော့မှာပါ”

လုံယန် တည်ငြိမ်စွာ ပြေနေသော်လည်း သူ့အသံကတော့ သူ၏အကြောက်တရားတို့နှင့် စိုးရိမ်နေမှုတို့ ပေါ်လွင်နေပေသည်။

လုလျန့်ဝေ ပိုလို့တောင်စိတ်ရှုပ်ထွေးသွားရပြီး တစ်ဖက်သို့လှည့်လိုက်လျှင် သူ၏ပူပင်နေသောမျက်ဝန်းများနှင့်ဆုံတွေ့လိုက်ရသည်။ သူမ ရင်ထဲတွင်တင်းကြပ်သွားပြီး

အရင်တစ်ခေါက်တွင် အနှီလူမည်ကဲ့သို့အဆိပ်မိသွားသည်ကိုပြန်တွေးမိကာ သူမသည် စောင်ထဲမှလက်ကိုအပြင်ထုတ်လိုက်ပြီး သူ့၏သွေးခုန်နှုန်းကိုစမ်းကြည့်လိုက်သည်။

လုံယန်၏အကြည့်တို့မှာ သူမ၏ ပြောင်ရှင်းနေသည့်လက်မောင်းထံကျရောက်သွားပြီး သူသည် ရုတ်တရပ်တစ်စုံတစ်ခုကိုတွေးမိသွားခဲ့သည်။ သူသည် နံဘေးမှအတွင်းဝတ်ရုံတစ်ထည်ကိုအမြန်ဆွဲယူလိုက်ပြီး သူမကိုဝတ်ပေးဖို့ပြင်၏။

အနှီလူ့ထံမှ စောင်ထဲတွင်အထုပ်ခံထားရသည့်လုလျန့်ဝေမှာ သူ့အား အနှီလူအဝတ်ဝတ်ပေးရန်ပြင်နေသည်ကိုတွေ့သောအခါ အလျင်အမြင်ပြောလိုက်လေသည်။

လုံယန်မျက်မှောင်ကြုတ်လိုက်သည်။ သူမပြောသည်ကို သူလက်မခံခဲ့။ အဲ့အစားသူသည် သူမအားဝတ်ရုံကို အသာအယာဖြင့် လုံလုံခြုံခြုံဝတ်ဆင်ပေးသည့်နောက် သူမကိုအိပ်ရာပေါ်တွင်ထပ်မံလဲလျောင်းစေလိုက်သည်။

လုလျန့်ဝေမှာ ပိုလို့တောင်သံသယများလာရတော့ချေသည်။

ထိုစဉ်တွင်ပင် ကျိုးယွီ နှင့် ချူကျူ တို့အခန်းထဲသို့ဝင်လာခဲ့သည်။ သူတို့ဟာ အိပ်ရာပေါ်တွင်လှဲလျောင်းနေသူမှာ ဧကရီဖြစ်ကြောင်းသိလိုက်ရချိန်တွင် သူတို့၏မျက်နှာအမူအရာများပြောင်းလဲသွားခဲ့ကြသည်။ ကျိုးယွီ က ချက်ချင်း နံဘေးတွင်ဒူးထောက်လိုက်လေသည်။

သူမ၏လေသံ၌ ငိုသံများပါနေကာ ချက်ချင်းပင်ငိုချတော့မတတ်ဖြစ်နေတော့သည်။

လုလျန့်ဝေမျက်မှောင်ကြုတ်လိုက်သည်။ သူမ တစ်ခုခုပြောရန်ပြင်နေချိန်မှာပဲ လုံယန်ကသူမအား မှန်တစ်ချပ်ကမ်းခဲ့လာသည်။

လုလျန့်ဝေသည်သူ့ဆီမှ ချက်ချင်းယူကြည့်လိုက်ရာ သူမ၏လည်ပင်းတစ်ဝိုက်တွင် ဝက်သက်ကဲ့သို့အစက်အပြောက်များ ဟိုတစ်စုဒီတစ်စုပြန့်ကျဲ့နေသည်ကိုမြင်တွေ့လိုက်ရလေသည်။ ထိတ်လန့်သွားကာ သူမသည် သူမ၏အင်္ကျီကော်လံကိုဆွဲချွတ်ကြည့်လိုက်လျှင် သူမ၏ညှပ်ရိုးအောက်မှာပင် ဆင်တူသည့်အစက်များပေါ်နေသည်ကိုတွေ့လိုက်ရသည်။ သူမငြိမ်သက်သွားခဲ့သည်။

သို့သော် သူမ၏တိတ်ဆိတ်သွားမှုသည် ခန်းမအတွင်းလူများကို ပို၍သာစိုးရိမ်လာခဲ့စေသည်။

လုံယန် သူမလက်ထဲမှမှန်ကိုချက်ချင်းပြန်ယူလိုက်ပြီး သူမနံဘေးတွင်ပစ်လှဲလိုက်သည်။

“အားလုံးအဆင်ပြေသွားမှာပါ။ ကျောက်ချန် က အခုသမားတော်ချုပ် လင်း ကိုသွားခေါ်နေပြီ။ မင်းခဏနေရင်ပြန်ကောင်းသွားမှာ”

သူသည် သူမကိုနှစ်သိမ့်ရန်အကောင်းဆုံးကြိုးစားနေပြီး သူမကြောက်နေမှာကို သူစိုးရိမ်နေပေသည်။ သူ၏မျက်လုံးများထဲတွင် လူသတ်ချင်နေသည့်အငွေ့အသက်များပေါ်ထွက်လာခဲ့သည်။

အကယ်၍ ဝေဝေသာတစ်ခုခုထိခိုက်သွားခဲ့ရင် မယ်တော်ကြီးရှောင်ကျင်း သူ့ဘဝတစ်ခုလုံးနဲ့ပြန်ပေးဆပ်ရစေမယ်။

လုလျန့်ဝေသည် သူမ၏အတွေးများကိုစုစည်းလိုက်ရင်း စောင်ကိုတိတ်တဆိတ်ဆွဲခြုံလိုက်တော့သည်။ ထိုသူ၏မျက်နှာပေါ်တွင် ထင်ဟပ်နေသောစိုးရိမ်ပူပန်မှုများကိုတွေ့လိုက်ရရာ သူမစကားစပြောရန် တွန့်ဆုတ်နေတော့သည်။

Chapter 565

သူမ မိမိ၏အခြေအနေကို သေသေချာချာနားလည်ပါ၏။

အစပထမတွင် သူမက ကိုယ့်ကိုယ်ကိုယ်စစ်ဆေးကြည့်ရာ မည်သည့်ထူးခြားသောအရာမှမတွေ့ရသဖြင့် သူဒီတိုင်း အစိုးရိမ်လွန်ခဲ့သည်ဟူ၍ ထင်ခဲ့သည်။ ထို့အပြင် တစ်ရက်ကြာပြီးသည့်ချိန်တွင် ဘာမှဖြစ်မလာခဲ့ရာ သူမ ထိုအကြောင်းကို လုံးလုံးမေ့လျော့သွားခဲ့လေသည်။

သူမနှင့်အရှင်မင်းကြီးနီးစပ်သွားခဲ့လုနီးပါးဖြစ်ခဲ့သည်ကို ပြန်တွေးကြည့်လိုက်လျှင်... သူမ၏သေးသွယ်သောမျက်နှာလေးထက် ကြက်သွေးရောင်ပါးပါးတို့ထင်ဟပ်လာကာ ရှက်သွေးဖြန်းသွားရသည်။ သူမရဲ့လက်ရှိရောဂါလက္ခဏာများကြောင့်သာမဟုတ်လျှင် သူမသည်......

သူမ အနည်းငယ်ရှက်ရွံ့သွားမိသည်။

သို့သော်ငြား အရှင်မင်းကြီးကအလွန်စိတ်ပူပန်နေပုံပေါ်နေသည်။ သူမက သူ့ရဲ့ဝတ်ရုံလက်ကိုဆွဲကိုင်လိုက်ကာ သူ့ကို နှစ်သိမ့်ပေးရန်ကြိုးစားလေသည်။

“အရှင်မင်းကြီး ကျွန်မအဆင်ပြေပါတယ်။ ဘာမှစိတ်ပူစရာမရှိပါဘူး”

လုံယန်က သူမနံဘေးတွင်ထိုင်နေပြီး သူမကိုသူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ကာ

“ဟုတ်ပြီ ကိုယ်တော်စိတ်မပူပါဘူး။ မင်းလည်းဘာမှမကြောက်နဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်တော်ကမင်းအနားမှာအမြဲရှိနေမယ်နော်”

သူ့ရဲ့ အကြည့်တွေဟာသူမ၏မေးစေ့ပေါ်တွင်ကျရောက်နေ၏။ ဒါအတွက်သူ့တွင်ကြီးကြီးမားမားတာဝန်ရှိသည်ကို သူသိပါသည်။

မယ်တော်ကြီးရှောင်ကျင်းက အပေါ်ယံတွင်သာသဘောကောင်းမလိုဟန်နှင့် အတွင်းထဲတွင် အဆိပ်ပြင်းသည့်အကြောင်း သူကောင်းကောင်းသိသည်၊ ဒါတောင် ဝေဝေ့ကိုငြိမ်းအေးနန်းတော်ထဲသွားဖို့ခွင့်ပြုလိုက်မိသေးသည်။ သူမသာ တစ်ခုခုဖြစ်သွားခဲ့ရင်....

သူ အခု မယ်တော်ကြီးရှောင်ကျင်းကို ဘယ်တုန်းကမှမတွေးခဲ့တဲ့အတိုင်းအတာတစ်ခုအထိ နုတ်နုတ်စင်းပစ်လိုက်ချင်တယ်

လုလျန့်ဝေသည် သူ၏စကားလုံးများထဲမှ စိုးရိမ်နေမှုတို့ကို ရိပ်စားမိလေ၏။ သူမက သူ၏လက်ဖမိုးပေါ်သို့သူမ၏လက်ဖဝါးကိုထပ်တင်လိုက်ကာ သက်မချလိုက်လေပြီး

လုံယန်တစ်ဖက်ကိုလှည့်လာခဲ့ပြီး သူမအားကြည့်လာခဲ့သည်။

“ကျွန်မကိုယ်တိုင်လည်း သမားတော်တစ်ယောက်ဖြစ်တယ်ဆိုတာကို အရှင်မေ့နေပြီထင်တယ်”

ထိုသို့ပြောကာ သူ့အေရှ့တွင် သူမ၏သွေးခုန်နှုန်းကို စစ်ဆေးပြလိုက်သည်။

“ကျွန်မ တကယ်အဆင်ပြေပါတယ်။ ကျွန်မကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်ပြီးပြီ။ ကျွန်မတစ်ကိုယ်လုံးမှာ အဖုအပိမ့်တွေထွက်နေတာက ကျွန်မနဲ့သိပ်ပြီးဓါတ်မတည့်တဲ့ အစားအစာတစ်ခုခု စားမိလို့ထွက်လာတာရယ်။ ကျွန်မ ဆေးတစ်ချို့ကျိုပြီးသောက်လိုက်ရင် ပျောက်သွားမှာပါ”

လုံယန်က သူမ၏ လှုပ်ရှားမှုတို့ကို ကြည့်ပြီးနောက် သူမသည် သမားတော်တစ်ေယာက်ဖြစ်ကြောင်း ပြန်သတိရလာခဲ့သည်။

ကျူးယွီ နှင့် ချူကျူ တို့သည်လည်း ထိုစကားတွေကို ကြားပြီးနောက် စိုးရိမ်ပူပန်မှုတို့ အနည်းငယ်လျော့ပါးသွားကြသည်။

မိဖုရားကိုယ်တိုင်က သူအဆင်ပြေပါတယ်ပြောမှတော့ သူတကယ် အဆင်ပြေသွားလောက်မှာပါ။

ကျူးယွီ၏ မျက်နှာထက်တွင်အပြုံးလေးတစ်ပွင့်ပေါ်ထွန်းလာပြီး လုလျန့်ဝေ၏လက်များကိုဆုပ်ကိုင်လိုက်ကာ

“ကျွန်မရဲ့ချစ်လှစွာသော ကျူးယွီလေးကိုလန့်သွားစေလို့ တောင်းပန်ပါတယ်ရှင်”

ကျူးယွီနှင့် ချူကျူတို့ နောက်ဆုံးတွင်တော့ ၎င်းတို့၏ကျန်ရှိနေသေးသောစိုးရိမ်ပူပန်တို့ ပျောက်ကွယ်သွားတော့သည်။ အကယ်၍ မိဖုရားက ဟာသတွေပြောနိုင်နေလျှင် အဲ့ဒါက သူတကယ်ကိုနေရထိုင်ရအဆင်ပြေနေလို့ပဲဖြစ်ရမည်။

သူတို့က ထွက်မသွားခင်တွင် တချိန်လုံးတိတ်နေခဲ့သည့် လုံယန့်ကို စိုက်ကြည့်သွားခဲ့သေး၏။

ကျောက်ချန်က သမားတော်နှစ်ယောက်ကိုခေါ်ဆောင်လာပြီး အပြင်တွင်စောင့်ဆိုင်းနေခဲ့သည်။ မိဖုရားက သူအဆင်ပြေပါတယ် ဟုပြောနေလျှင်တောင်မှ၊ သမားတော်နှစ်ယောက်က ဒီကိုရောက်နေပြီဖြစ်ရာ တစ်ခေါက်လောက်အပိုထပ်၍စစ်ဆေးကြည့်ခြင်းက မည်သူ့ကိုမှထိခိုက်နစ်နာသွားစေမည်မဟုတ်။ အဲ့ဒါက သူမ၏ကျန်းမာရေးအတွက်လည်း အပိုအာမခံချက်တစ်ခုဖြစ်တာကြောင့် ဘယ်သူကမှ ထိုအရာကိုမဝေဖန်ကြချေ။

သူမက အဆင်ပြေကြောင်းပြောနေသော်ငြား လုံယန်၏ အမူအရာတို့မှာ စိတ်ပူနေဟန်ရှိနေသေးကြောင်းသူမသတိပြုမိလေတော့ လုလျန့်ဝေ အနည်းငယ်ကူကယ်ရာမဲ့သွားသလို ခံစားရသည်။

သို့ဖြစ်ရာ သူမရဲ့အမေ သူမကိုဆေးခတ်ခဲ့သည့်အကြောင်း သူ့ကိုဘယ်တော့မှမပြောပြရန်သူမဆုံးဖြတ်လိုက်သည်။

သူ့အမေက အရှင်မင်းကြီးကိုတကယ် နောက်ချင်နေတာပါလား။ အနှီဆေးက အန္တရာယ်မရှိသော်ငြား အရှင်မင်းကြီးထိုအကြောင်းကိုသိသွားလျှင် သူ သူမအမေကိုမုန်းသွားနိုင်ချေရှိသည်။

သူမ တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။ သူ့အမေကတော့ မီးနဲ့ဆော့နေတာပဲဟေ့။

“အရှင်မင်းကြီး ကျွန်မရဲ့ဆေးပညာမှာကျွမ်းကျင်မှုကိုမယုံရင် သမားတော်ချုပ်လင်း နဲ့ တခြားသမားတော်တွေလည်းဒီကိုရောက်နေမှတော့ သူတို့ကို စစ်ဆေးကြည့်ခိုင်းလို့ရပါတယ်။ “

“ကိုယ်မင်းရဲ့အစွမ်းကို မယုံတာမဟုတ်ပါဘူး ဒါပေမဲ့ သမားတော်တွေဆိုတာက ကိုယ့်ခန္ဓာကိုယ်ကိုပြန်ပြီးစစ်ဆေးတဲ့အခါ အမှားအယွင်းတွေရှိတတ်တာပုံမှန်ပဲလေ။ မင်း သတိမမူမိလိုက်တာတစ်ခုခုရှိခဲ့နိုင်တယ်”

“သမားတော်ချုပ်လင်း ကျွန်မကိုစစ်ဆေးပေးဖို့ အပန်းမကြီးလောက်ဘူးထင်ပါတယ်”

သမားတော်ချုပ်လင်းနှင့် အခြားတော်ဝင်သမားတော်တစ်ယောက်ဖြစ်သည့် သမားတော်ဝူတို့ သူမအနီးသို့ချဉ်းကပ်လာကြသည်။ သူတို့က ဂါဝရပြုဦးညွှတ်တော့မည်အချိန်တွင် လုံယန်က လက်ကာပြလိုက်ပြီး

ထိုအရာကိုကြားလိုက်သောအခါ သမားတော်ချုပ်လင်းက ရှေ့သို့ခပ်မြန်မြန်သွားလိုက်ကာ ရိုသေလေးစားစွာဖြင့်

“ကျေးဇူးပြုပြီးလက်လေးထုတ်ပေးပါ မိဖုရား”

All Chapters