← Chapters

အခန်း (၅၆၆-၅၆၈)

Vol. 12 Ch. 566-568

အခန်း (၅၆၆-၅၆၈)

Vol. 12 Ch. 566-568

Chapter 566

လုလျန့်ဝေ သမားတော်ပြောသည်ကိုလိုက်နာကာ လက်တစ်ဖက်ထုတ်ပေးလိုက်လေသည်။

သမားတော်ချုပ်လင်းက ချက်ချင်းအရှေ့ကိုတိုးသွားလိုက်ကာ သူမ၏သွေးခုန်နှုန်းကိုစစ်ဆေးလိုက်သည်။

ထို့နောက် သူ့လက်ကိုပြန်ရုတ်လိုက်ကာ သမားတော်ဝူ သူမကိုဆက်ပြီးစစ်ဆေးရန်အတွက် အနောက်သို့ခြေလှမ်းအချို့ပြန်ဆုတ်လိုက်ချေသည်။

သမားတော်ချုပ်လင်းတစ်ယောက် အနည်းငယ် စိတ်ရှုပ်သွားရသည်။ မိဖုရား၏ ဆေးပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုက သေချာပေါက် သူ့ထက်မနိမ့်သော်ငြား အရှင်မင်းကြီး သူတို့ကိုခေါ်ခဲ့သေးသည်။ သူစစ်ဆေးကြည့်ရသည်အရတော့ မိဖုရားတွင် ကြီးကြီးမားမားကျန်းမာရေးပြဿနာမရှိပါချေ။ ထိုအဖုအပိမ့်များက အစားမှားခြင်းကြောင့် ပေါက်လာတာဖြစ်နိုင်သည်။

သူ ၎င်းကိုတွေးနေစဉ်မှာပင် အရှင်မင်းကြီး၏ စိတ်ပူပန်စွာမေးလာသည့်အသံကိုကြားလိုက်ရသည်။

“သမားတော်ချုပ်လင်း မိဖုရားရဲ့အခြေအနေကဘယ်လိုတဲ့လဲ”

သမားတော်ချုပ် လင်းကအသေအချာပြန်ဖြေပေးလိုက်သည်။

“ကျွန်တော်မျိုးရဲ့ ရှာဖွေမှုအရကတော့ မိဖုရားက ကြီးကြီးမားမား ကျန်းမာရေးပြဿနာမျိုးမရှိပါဘူး။ အဖုတွေပေါက်တာက ဖြစ်နိုင်တာတော့ မိဖုရားကြီးတစ်ခုခုအစားမှားသွားလို့ ပေါက်လာတာပါ”

လုံယန် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူက တစ်စုံတစ်ခုကိုအလေးအနက်တွေးနေပြီး စူးစူးစိုက်စိုက်ပြောလာခဲ့သည်။

“မိဖုရား ဒီနေ့ညစာကို ဆိတ်ငြိမ်နန်းတော်မှာ ပွဲတော်တည်ခဲ့တာ”

ထိုအရာကိုကြားလိုက်ရသောအခါ သမားတော်ချုပ်လင်း၏ မျက်နှာထက် ထိတ်လန့်သွားသည့် အရိပ်အယောင်တို့ပေါ်လာခဲ့ငြား ချက်ချင်း မျက်နှာပြန်တည်ခဲ့ရာ ခဏအတွင်းမှာပင်ပြန်ပျောက်ကွယ်သွားခဲ့တော့သည်။ သမားတော်ဝူ၏ ကျန်းမာရေးစစ်ဆေးခြင်းအလှည့်ပြီးဆုံးသွားသောအခါ သမားတော်ချုပ်လင်းက လုလျန့်ဝေအနားသို့ ပြန်သွားလိုက်ပြီး သွေးခုန်နှုန်းကိုတစ်ခေါက်ထပ်စစ်လိုက်ကာ သူမ၏မေးစေ့အနီးတဝိုက်တွင်ရှိသည့် အနီရောင်အဖုအပိမ့်တွေကိုပါ စစ်ဆေးလိုက်သေးသည်။

သို့သော် သူဘယ်နှခေါက်ပဲ စစ်ဆေးစစ်ဆေး နောက်ဆုံးရလဒ်ကတော့အတူတူသာဖြစ်သည်။ သူမတွင် မည်သည့် အဆိပ်မိထားသည်ကိုညွှန်ပြနေသည့် လက္ခဏာမှမရှိပေ၊ သို့ဖြစ်ရာ သူ့လုပ်နိုင်သည်မှာ သမားတော်ဝူဆီသို့ လှည့်ကြည့်ရန်သာကျန်တော့သည်။

တော်ဝင်သမားတော်ဝူက သားဖွားမီးယပ်ရောဂါအထူးကုအတတ်ပညာအထူးပြုဖြစ်တာကြောင့် ကျောက်ချန်ကသူ့ကိုပါတစ်ပါတည်းခေါ်လာခဲ့ခြင်းဖြစ်သည်။

တော်ဝင်သမားတော်ဝူက အရှေ့ကိုထပ်ထွက်လာပြီး လုလျန့်ဝေအား ထပ်မံ စေ့စေ့စပ်စပ်စစ်ဆေးကြည့်ခဲ့သော်လည်း သူ၏ စစ်ဆေးမှုရလဒ်ကို ချက်ချင်းလက်ငင်းပြောမလာခဲ့။ အဲ့အစား သူက လုလျန့်ဝေကိုကြည့်လိုက်ပြီး ရိုသေစွာမေးလာခဲ့သည်။

လုလျန့်ဝေက ထိုကဲ့သို့ ရုတ်တရပ်ထမေးသည်ကိုဘာမှမဖြစ်သော်ငြား လုံယန်ကတော့ အနည်းငယ်ရှိုးတို့ရှန်းတန်းဖြစ်သွားခဲ့ပြီး အနည်းငယ်လည်းရှက်သွားပါသေးသည်။ သူသည် သူ၏အကြည့်များကိုသမားတော်ဝူထံ လှမ်းပစ်လိုက်သည်။ ဝေဝေရဲ့လက္ခဏာတွေနဲ့ သူမရဲ့ဓမ္မတာနဲ့ ဘယ်လိုဆက်စပ်သွားတာလဲ။

သမားတော်ဝူ၏ မေးခွန်းများနှင့် သူမ၏လက္ခဏာများမှာ ဘယ်လိုမှဆက်စပ်မှုမရှိသည်ကို လုလျန်ဝေသိသော်ငြား သူမခပ်တည်တည်နှင့်ပြန်ဖြေပေးလိုက်ပါသေးသည်။

“အဲ့ဒါက လအစတုန်းကလာသွားခဲ့တာပါ”

တော်ဝင်သမားတော်ဝူက ထိုအရာကိုကြားသောအခါ ခဏမျှတွေးနေခဲ့ပြီးနောက်

“အရှင်မရဲ့နောက်ဆုံးဓမ္မတာက ဒီလအစတုန်းကလာသွားခဲ့ဆိုရင် အရှင်မမှာအခုဖြစ်နေတဲ့လက္ခဏာတွေက ဓမ္မတာကြောင့်ဖြစ်တာမဟုတ်ပါဘူး။ တချို့အမျိုးသမီးတွေက ဓမ္မတာလာတဲ့အချိန်ရောက်ရင် ဒီလိုအဖုအပိမ့်မျိုးထွက်လာတတ်ကြတယ်။ ဒါကိုအခြေခံပြီးပြောရရင် အရှင်မမှာဖြစ်ပေါ်နေတဲ့ လက္ခဏာတွေက အရှင်မစားခဲ့တဲ့အစားအသောက်ကြောင့် ဖြစ်ပေါ်လာတာဖြစ်နိုင်ပါတယ်”

သမားတော်ချုပ်လင်း ခေါင်းညိတ်လိုက်ပြီး

“ခင်ဗျားရဲ့သုံးသပ်ချက်က ကျွန်တော်နဲ့ထူးမခြားနားပဲ”

ထို့နောက် သူက လုံယန်ရှိရာဘက်လို့လှည့်လိုက်ကာ

“အရှင်မင်းကြီး မိဖုရားဆီမှာ အဆိပ်မိထားတဲ့လက္ခဏာမျိုးမရှိပါဘူး။ အဲ့ဒါက သူမအစားမှားသွားလို့ဖြစ်လာတာမျိုးဖြစ်နိုင်ပါတယ်။ ကျွန်တော်.....”

“အရှင်မ အရှင်မမှာ အဲ့ဒါအတွက်ဆေးနည်းရှိပါသလား”

သူကသူမအတွက် သောက်သုံးရာဆေးအချို့ညွှန်ကြားချင်သော်ငြား သူမကိုယ်တိုင်သည်လည်း သူမတူသည့်ဆရာဝန်တစ်ယောက်ဖြစ်သည်ကိုသတိရသွားလေတော့ စကားပြောင်းပြောလိုက်ရလေသည်။

လုလျန့်ဝေ ခေါင်းခါလိုက်ကာ

“ လုပ်ဖို့လိုတာတွေဆက်လုပ်ပြီး ကျွန်မအတွက် ဆေးနည်းတချို့ညွှန်းခဲ့ပါ သမားတော်လင်း”

သူမခန္ဓာကိုယ်ပေါ်မှ အဖုအပိမ့်တွေဟာ လက္ခဏာအသေးစားလေးတွေမျှသာဖြစ်သည်။ သမားတော်လင်း၏ တတ်ကျွမ်းမှုနှင့်ဆိုလျှင် သူ၏ဆေးညွှန်းများမှာ အတော်အသင့်ကောင်းပေလိမ့်မည် ထို့အပြင် သူမက သူမကိုယ်တိုင်ဆေးညွှန်းလုပ်ဖို့ရာအတွက် အလွန်ပျင်းနေခဲ့သည်။

သမားတော်လင်း အကြောင်းပြန်လိုက်လေသည်။

“အရှင်မအတွက် ဆေးညွှန်းကို ကျနော်သင့်ပြင်ထားလိုက်ပါမယ်။ အရှင်မ ဆေးတစ်ခါသောက်လိုက်တာနဲ့ လက္ခဏာတွေကမနက်ဖြန်ဆိုသက်သာသွားပါလိမ့်မယ်။”

“ အပင်ပန်းခံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်သမားတော်လင်း”

လုလျန့်ဝေ ခေါင်းညိတ်လိုက်ရင်းပြောလိုက်သည်။

သမားတော်ချုပ်လင်း က သူမ၏ကျေးဇူးတင်စကားကိုမခံယူဝံ့စွာဖြင့်

“အရှင်မက သိပ်ကိုသဘောထားကြီးမားလှပါ‌တယ် မိဖုရား”

သမားတော်လင်းက ဆေးညွန့်ကိုရေးပေးလိုက်ပြီး လုလျန့်ဝေ ထံ ကမ်းပေးလိုက်သည်။

“ဒီဆေးညွှန်းက တကယ်ထိရောက်ပါ့မလားဆိုတာ အရှင်မတစ်ချက်စစ်ဆေးကြည့်ကြည့်ပါ”

လုလျန့်ဝေက ဆေးညွန့်ကိုမယူဘဲခေါင်းခါပြလိုက်ကာပြောလိုက်လေသည်။

“ ကျွန်မ အသင့်ရဲ့ကျွမ်းကျင်မှုကိုယုံပြီးသားပါ သမားတော်လင်း။ ဘာမှစစ်ကြည့်စရာမလိုပါဘူး။ ကျွန်မ အသင်နဲ့အတူ တော်ဝင်ဆေးပေးခန်းကနေ ဆေးသွားယူဖို့ လူတစ်ယောက်ထည့်ပေးလိုက်မယ်”

သမားတော်လင်း စိတ်သက်သာရာရ‌သွားခဲ့သည်။ သူ မိဖုရားက သူ့ဆေးညွှန်းကိုသဘောမကျမှာကိုစိုးရိမ်နေခဲ့ရတာ။

ကြည့်ရတာ သူဘာမဟုတ်တာလေးကိုစိတ်ပူနေခဲ့မိတာပဲ။

ကျူးယွီကို ဆေးသွားယူပေးဖို့ခိုင်းလိုက်ပြီးနောက် ခန်းမကြီးထဲတွင် ဘယ်သူမှမရှိတော့တာကို လုလျန့်ဝေ တွေ့လိုက်ရသည်။ ထိုအခါ သူမက လုံယန့်ဘက်သို့လှည့်လိုက်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီး ကျွန်မပြောသားပဲ ကျွန်မဘာမှမဖြစ်ပါဘူးလို့။ ရှင်စိတ်ပူမနေနဲ့တော့။ ကျွန်မဒီတိုင်း ဓာတ်မတည့်တဲ့အစားအစာတစ်ခုစားလိုက်မိရုံလေးပါ”

နောက်ဆုံးတွင်တော့ လုံယန်မစိုးရိမ်ရတော့‌ပေ။ သူက သူမကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်၏။

ဘုရားသိကြားမလို့ သူမအဆိပ်တာမဟုတ်ဘူးပဲ။

Chapter 567

သူ သူမကိုဘယ်လောက် ဂရုစိုက်ကြောင်း လုလျန့်ဝေသိပြီး၊ မရေမရာသည့်ခံစားချက်တချို့ သူမ၏စိတ်နှလုံးအတွင်းပေါ်ထွက်လာလေသည်။ သူမက သူ့ကျောပြင်ကိုအနည်းငယ်ပုတ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်၏။

“ကျွန်မတကယ်အဆင်ပြေပါတယ်။ ဘာမှစိတ်ပူစရာမရှိတော့ဘူးနော် အရှင်မင်းကြီး”

၎င်းကိုကြားသည့်အခါ လုံယန် သူမကိုဖက်ထားသည်အား အနည်းငယ်လျှော့လိုက်သည်။ သူက သူမ၏ခေါင်းဆီလက်လှမ်းလိုက်ကာ ပွတ်သပ်လိုက်ပြီး ပြုံးလိုက်ကာ ပြောလိုက်လေသည်။

“ဟုတ်ပါပြီ။ မင်းဘာမှမဖြစ်တာတော်သေးတာပေါ့။ ကိုယ်တော်လည်း ထပ်ပြီးမစိုးရိမ်ရတော့ဘူးပေါ့”

လုလျန့်ဝေ ထိုအရာကိုကြားသောအခါ ယင်းကိုစိုက်ကြည့်လိုက်လေသည်။ သူမက သူ၏‌လက်မောင်းများကိုဖက်ထားလိုက်ရင်း ရယ်မောလိုက်။ သူမ သူ့ကိုပြောလိုက်သည်။

“အရှင်မင်းကြီး အရှင်မင်းကြီးဘာစီးတော်ဖိနပ်မှ မစွပ်ထားပါလား။ ကြမ်းပြင်ကမအေးဘူးလား”

သူက မျက်လွှာချထားလိုက်ကာ သူ၏လက်ချောင်းများဖြင့် သူ၏နှာသီးဖျားကို ခပ်ဖြည်းဖြည်းပွတ်လိုက်လေသည်။

“ကိုယ်တော်မင်းကို ဘယ်လောက်စိတ်ပူသွားတာလဲသိပြီလား။ နောင်ကျရင် မင်းပိုပြီးဂရုစိုက်ရမယ်နော်။ မင်းက အရွယ်ရောက်နေပြီ‌လေ။ ဘယ်အစားအစာကို တည့်တယ်မတည့်ဘူး‌တော့ သိသင့်ပြီပေါ့”

လုလျန့်ဝေ သူ့၏ နွေးထွေးကာ ချစ်ခင်ကြင်နာမှုတို့ဖြင်ပြည့်နှက်‌နေသော မျက်ဝန်းများအထဲကြည့်မိလိုက်လျှင် ရုတ်တရပ်အပြစ်ရှိစိတ်တို့ဖြစ်ပေါ်လာသကဲ့သို့ခံစားလိုက်ရလေသည်။

သူမက ဘယ်အစားအစာကိုမှ ဓာတ်မတည့်တာမျိုးမရှိပါချေ။ သူမခန္ဓာကိုယ်ပေါ်တွင် ရုတ်တရပ်အဖုအပိမ့်တွေပေါ်လာရခြင်း၏ တကယ့်အကြောင်းအရင်းဟာ သူမ အမေဖြစ်သူက လုံယန်ကိုစာမေးပွဲစစ်‌နေတာကြောင့်ဖြစ်သည်။ ထိုအဖုများ မယားသည်မှာကံကောင်းလို့ပင်၊ မဟုတ်ပါက လုလျန့်ဝေတစ်ယောက် တစ်ညလုံးငရဲပြည်ကိုအလည်သွားနေရတော့မှာပင်။

သို့သော် အရှင်မင်းကြီးမှာ သူမကိုယခုချိန်အထိ အလွန်စိုးရိမ်နေဆဲဖြစ်ရာ ၎င်းက သူမကို အနည်းငယ်အပြစ်ရှိစိတ်တို့ဝင်လာစေသည်။

မိန်းမပျိုလေးက လက်ဦးမှုရယူကာ သူ၏လက်မောင်းပေါ်တွင် ခေါင်းတင်လာခဲ့သည်ကိုတွေ့ပြီးနောက် လုံယန်၏ နှုတ်ခမ်းများသည် သာယာကြည်နူးမှုကြောင့်ကော့တက်သွားခဲ့သည်။ သူကသူမကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ကာ လေးလေးနက်နက်ပြောလာခဲ့သည်။

“မင်း ကိုယ်တော့်ကို မင်းနဲ့မတည့်တဲ့အစားအစာမှန်သမျှအကုန်အသေးစိတ်ပြောပြရမယ်။ နောက်ကျရင် ကိုယ်တော် နန်းတွင်းစားဖိုဆောင်မှာ မင်းနဲ့မတည့်တဲ့အစားအသောက်တွေမပြင်ဖို့ အသိပေးထားလိုက်မယ်”

နွေးထွေးသည့်ခံစားချက်ဝတ်ရုံလွှာကလေးတစ်ခု လုလျန့်ဝေကိုပတ်ရံထားလိုက်သည်။

“အဲ့လောက်ကြီး ကရိကထများစရာမလိုပါဘူး။ ကျွန်မ နောက်ကျရင်အစားကိုသေချာဂရစိုက်စားလိုက်ပါမယ်ဆို”

လုလျန့်ဝေ အနည်းငယ် ခေါင်းကိုက်သွား သူမ၏နှုတ်ခမ်းများကိုကိုက်လိုက်ပြီး

“ကျွန်မ ကဏန်းတွေဓာတ်မတည့်တာဖြစ်နိုင်လောက်တယ်”

သူမ ယနေ့တွင် သူမ၏ ဇာတိချက်ကြွေမွေးရပ်မြေဆီသို့ ပြန်သွားခဲ့ချိန်တွင် မြို့စားကြီးအိမ်တော်၌ ကဏန်းခေါက်ဆီကိုစားခဲ့သည်။ ဆေးဆိုင်တွင်လည်း ထိုဟင်းပွဲကို တည်ခင်းဧည့်ခံခဲ့ကြသေးသည်။

သူမတွင် မစားချင်သောအစားအစာမရှိသော်ငြား အခြားသောအစားအစာများနှင့်နှိုင်းယှဉ်လျှင်တော့ ကဏန်းသည် သူမ,မကြိုက်ဆုံးအစားအစာဖြစ်၏။

သို့သော် သူမတွင် ကဏန်းကိုအာသီသဖြစ်မိသောရက်များလည်းရှိသည်။

လုလျန့်ဝေက သူမ၏လက်များကို သူ့၏ဝတ်ရုံလက်များနှင့်ချိတ်ထားလိုက်ကာ

လုံယန်က သူမ၏အဖြေကြောင့်နည်းနည်းစိတ်မကောင်းဖြစ်သွားရသည်။

“မင်းက ကဏန်းနဲ့ဓာတ်မတည့်ဘူးဆိုမှ‌ေတာ့ ဘလောက်ကြိုက်ကြိုက် ရှောင်ရမှာပေါ့။ အဖုတွေထပ်ပေါက်လာရင်ဘယ်လိုလုပ်မလဲ”

“ဟုတ်ပါပြီ နောက်ကျရင်လက်နဲ့တောင်မထိတော့ပါဘူး”

“ဒါပေမယ့် ကျွန်မ၏ ဓာတ်မတည့်တာကို ကုသနိုင်မဲ့ နည်းလမ်းတစ်ခုရှာရမယ်”

သူမရဲ့ သန္နိဌာန်တွေက အစားအသောက်နဲ့ပတ်သက်လာရင်တော့ တော်တော်လေးခိုင်မာပါတယ်။

သို့သော် သူမကတိပေးခဲ့ပြီးဖြစ်တာကြောင့် အခု လောလောဆယ်တွင် သူမ လုပ်နိုင်တာများများစားစားမရှိ‌သေးချေ။ သူမသာအမှန်တရားကိုဖုံးကွယ်ထားချင်လျှင် သူ့၏ရှေ့တွင် ကဏန်းကိုစားလို့မရတော့။

ထို့ကြောင့် သူမက ကဏန်းကိုပြန်ပြီး ပွင့်ပွင့်လင်းလင်းစားနိုင်ဖို့ ဓာတ်မတည့်ခြင်းကိုကုသနိုင်မည့်နည်းလမ်းကိုရှာဖွေရန်လိုအပ်ပေသည်။

လုံယန် သူမအကြောင်းကိုကောင်းကောင်းသိသည်။ ဒီကောင်မလေးက အစားအသောက်အတွက်ဆို ဘာမ‌ဆိုလုပ်မည့်လူပင်။

ဟု သူ၏မျက်လုံးက သူမ၏လည်ပင်းပေါ်ရှိ အဖုကိုကြည့်ရင်း‌ပြောလိုက်သည်။ ထိုမြင်ကွင်းကြည့်နေရင်း သူမျက်မှောင်ကြုတ်မိသွားခဲ့သည်။

“အဲ့ဒါ‌တွေက နာလည်းမနာဘူး ယားလည်းမယားဘူး။ ရှင်သာအဲ့ဒါတွေအကြောင်းမပြောရင် ကျွန်မမှာ အဖုအပိမ့်‌ရှိနေတယ်ဆိုတာကို က သတိတောင်ထားမိမှာမဟုတ်ဘူး”

အဲ့တုန်းက အရှင်မင်းကြီးမှာ သူအဆိပ်မိထားသည်အထင်နှင့် အစိုးအရိမ်လွန်နေခဲ့တာ‌လေ.....

Chapter 568

ထိုသို့တွေးလိုက်မိသည်နှင့် သူမမေးလိုက်၏။

“အရှင်မင်းကြီးက ကျွန်မအဆိပ်မိထားတယ်လို့ထင်ခဲ့တာလား”

လုံယန် ခေတ္တဆိုင်းငံ့သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

“အင်း”

၎င်းကိုကြားသောအခါ လုလျန့်ဝေသူမ၏အသံကိုတိုးလိုက်ပြီး

“မယ်တော်ကြီးက ကျွန်မကိုအဆိပ်ခတ်ခဲ့တယ်လို့ထင်ခဲ့တာလား”

လုံယန်က သူမကိုလှမ်းကြည့်လိုက်သော်ငြား သူမ၏မေးခွန်းကိုတော့ပြန်မဖြေလာပါချေ။ အဲ့အစား သူကသူမ၏ဆံနွယ်များကို ပွတ်သပ်လိုက်ပြီး သူမကိုယတိပြတ်ညွန်ကြားလိုက်လေသည်။

“နောင်ကျရင် မယ်တော်ကြီး မင်းကိုအခစားဝင်ခိုင်းတိုင်း ကိုယ့်ကိုအသိပေးရမယ်။ မင်းကိုယ်နဲ့အတူရှိတဲ့အချိန်နှ သူ့ကိုအခစားဝင်လို့ရမယ်နော်။ မင်းကိုယ်မပါဘဲ သူမနဲ့မတွေ့သင့်ဘူး နားလည်လား”

လုလျန့်ဝေဟာ သူဘယ်လောက် အလေးအနက်ဖြစ်နေကာ စိုးရိမ်နေသည့်ပုံပေါ်နေသည်ကိုတွေ့လိုက်သောအခါ သူမအလိုအလျောက်ခေါင်းညိတ်ခဲ့လေသည်။

လုံယန်၏ အမူအရာတို့မှာနူးညံ့သွားကာ သူအရှေ့ကိုကိုင်းလိုက်ပြီး သူမ၏နဖူးပြင်ပေါ်သို့ အနမ်းပေးလိုက်လေသည်။

လုလျန့်ဝေ သူ့ကို ငေးကြောင်ကြောင်စိုက်ကြည့်နေခဲ့သည်။

သူက သူမရဲ့မေးခွန်းတွေကို တိုက်ရိုက်ပြန်‌မဖြေသွားခဲ့သော်ငြား သူမကိုယ်ပေါ်တွင် အဖုအပိန့်တွေစပေါက်လာသောအခါ မင်းကြီးမှာ မယ်တော်ကြီးကသူမကိုအဆိပ်ခတ်ခဲ့သည်ဟု ထင်နေခဲ့ကြောင်းသူမရိပ်မိပါ၏။

မည်သို့ပင်ဆိုစေကာမူ လုလျန့်ဝေသည် အရှင်မင်းကြီး မယ်တော်ကြီးကိုသံသယဝင်နေရသည့် အကြောင်းအရင်းတစ်ခုသတ်သတ်ရှိနေသေးသည်ဟု ထင်မိ၏။ ဤအခြေအနေတွေဟာ လုလျန့်ဝေ၏ကနဦး အတွေးများကဲ့သို့မရိုးရှင်းနိုင်။

သူမက သူမ၏နှုတ်ခမ်းများကိုကိုက်လိုက်ကာ မင်းကြီး၏ သူမရဲ့ အဖုတွေ ပေါ်လာချိန်တွင် ကြောက်ရွံ့စိုးရိမ်နေသည့်အမူအရာတို့ကို ပြန်လည်အမှတ်ရသွားခဲ့သည်။

သူက သူ့ရဲ့စီးတော်ဖိနပ်တောင်မပါဘဲ ပြေးထွက်သွားခဲ့တာ။

သူက သူ့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့ကိုတောင် စိတ်ထဲမထားနိုင်ခဲ့ဘဲ ပြေးထွက်သွားခဲ့တာ။

သူမသည် မင်းကြီးကို ပထမဆုံးတွေ့သည်ကတည်းက ဤကဲ့သို့ စိုးရိမ်မှုလွန်ကဲနေသည်ကို ပထမဦးဆုံးမြင်ဖူးခြင်းဖြစ်သည်။ ထိုအရာဟာ မင်းကြီး၏ ပုံမှန် တည်ငြိမ်ကာ ထိန်းထိန်းသိမ်းသိမ်းရှိသောအနေအထားနှင့် မတူပါချေ။

သူမ သူမ၏နဖူးပြင်ပေါ်သို့တစ်ခုခုလာထိသွားသည်ကို သတိပြုမိလိုက်‌၏။ သူမထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူ့၏မျက်နှာမှာ သူမ၏နဖူးနှင့် ထိမိတော့မည်တိုင်အောင်နီးကပ်နေလေသည်။

ဒါက အရမ်းကပ်လွန်းတယ်။ လုလျန်ဝေ၏ နှလုံးသားမှာ စည်းချက်တစ်ချက်လွဲသွားလေပြီး သူမခပ်မြန်မြန်ပင် အဝေးသို့မျက်နှာလွှဲလိုက်လေတော့သည်။

“အရှင်မင်းကြီး အချိန်ကနောက်ကျနေပါပြီ။ မင်းကြီးကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်သင့်ပါပြီ”

သူမက ကောင်းကင်ကိုကြည့်နေရင်း သူ့ကိုညင်သာစွာစေ့ဆော်လိုက်လေသည်။

သူထံမှ မျက်နှာလွှဲသွားသည့် သူမအားကြည့်ကာ လုံယန်၏မျက်နှာထက်တွင် အပြုံးရေးရေးလေးထင်ပေါ်လာခဲ့သည်။

လုလျန့်ဝေတစ်ယောက် သူမ၏ ဆံပင်ကို မျက်နှာဖုံးရန် ဆွဲချလိုက်ပြီး သူမ၏ရှက်စိတ်ကို ဖုံးဖိရန်ကြိုးစားလိုက်သည်။

“ကျွန်မဘယ်အချိန်တုန်းကများရှင်နဲ့အတူမအိပ်ချင်ခဲ့ဖူးလို့လဲ”

ဒီစကားပြောပြီးတာနဲ့ တစ်ခဏက သူတို့မပြီးသေးတဲ့ အမှတ်တရကို သူမရဲ့ စိတ်ထဲမှာ ပြန်ရောက်လာတယ်။ သူမရင်တွေထဲမှာ နီနီချွတ်နေပြီး သူ့ကို တွန်းလိုက်တယ်။

ထိုသို့ပြောပြီးသည်နှင့် တစ်ခဏက သူတို့မပြီးပြတ်ခဲ့သော အမှတ်တရတို့သူမစိတ်ထဲပြန်ပေါ်လာခဲ့သည်။ သူမမျက်နှာနီမြန်းသွားခဲ့ပြီး

လုံယန်ကလည်း ထိုမပြီးပြတ်သေးသည့် အမှတ်တရတို့ကို စဉ်းစားနေသောကြောင့် သူ့မျက်လုံးများမှောင်မိုက်လာသည်။ သူတံတွေးမျိုချလိုက်ပြီး အက်ကွဲစွာပြောလာခဲ့သည်။

လုလျန့်ဝေ က သူရေချိုးခန်းထဲ သွားနေသည်ကို စောင့်ကြည့်ခဲ့ပြီး နောက်ဆုံးတွင်တော့ သူမအနည်းငယ်စိတ်သက်သာရရသွားခဲ့လေသည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အဖုအပိမ့်များနှင့် ဝက်သက်ကဲ့သို့ အစက်အပြောက်များဖြင့်ပြည့်နေသည်။

သူမ၏ အရေပြားကနီရဲနေကာ အမှန်တိုင်းပြောရလျှင် သူမ၏ အသွင်အပြင်က အတော်လေးအရုပ်ဆိုးနေ၏။

သူက သူမဒီလိုဖြစ်‌နေချိန်တွင်တော့ ထိုအရာတွင်စိတ်ပါဝင်စားမယ် မထင်ဘူး။

ထိုကဲ့သို့တွေးလိုက်သည့်အခါ လုလျန့်ဝေအနည်းငယ်စိတ်သက်သာရသွားခဲ့သည်။

သို့သော် သူမတစ်စုံတစ်ရာကိုသတိရသွားပြီး သူမအဝတ်ကိုလှန်လိုက်ကာ သူမအသားအရည်ကိုစစ်ဆေးလိုက်လေသည်။ သူမထင်ထားသည့်အတိုင်း အဖုအပိမ့်တွေပျောက်မသွားသေး။

ဒီအဖုအပိမ့်တွေက သူမအတွက် ပြဿနာတစ်ခုမဟုတ်ပေ။ ထိုအဖုအပိမ့်တွေကို ပျောက်စေဖို့ သူမကိုယ်တိုင် ဆေးဖော်ကာလိမ်းလိုက်လို့ရသည်။ သို့သော်.....

အခုကအရမ်းနောက်ကျနေပြီလေ။ ထိုအဖုတွေက သူမကိုများများစားစား မထိခိုက်စေတော့၊ သူမလောလောဆယ်တွင် ထိုအရာများကိုလှစ်လျူရှုလိုက်ရန်ဆုံးဖြတ်လိုက်သည်။

လုံယန် ကိုယ်လက်သန့်စင်လို့ပြီးသွားခဲ့ပြီး သူအိပ်ဆောင်အတွင်းသို့ပြန်ဝင်လာချိန်တွင် လုလျန့်ဝေက တကိုယ်လုံးကိုစောင်နဲ့ထုပ်ထားပြီး အိပ်ရာပေါ်တွင်လှဲနေသည်ကိုတွေ့ခဲ့ရသည်။

သူမက ပိုးတုံးလုံးလေးတစ်ကောင်နှင့်တူနေပြီး လုံယန် သူမကိုယ်သူမ ဘယ်လိုထုပ်ထားသည့်ပုံကိုကြည့်ပြီး သူ၏မျက်လုံးများထဲတွင် ပျော်ရွှင်ကြည်နူးမှုအရိပ်အယောင်တို့ထင်ဟပ်လာလေသည်။

လုံယန် အိပ်ရာနားသို့ လာပြီးထိုင်ကာ၊ နူးညံ့ပြီး သက်သောင့်သက်သာရှိနေသည့် မိန်းကလေးကို ကြည့်ရင်း သူ့နှလုံးသား၌ ပျော်ရွှင်မှုနှင့်ကျေနပ်မှုတို့ပြည့်နှက်လာခဲ့သည်။

လုလျန့်ဝေ၏ တောက်ပကာ အရည်ရွှမ်းသည့်စပျစ်သီးလေးများနှင့်တူသော မျက်ဝန်းများက သူ့ကိုပြန်ကြည့်လာသည်။ သူမက သူသူ့ကိုစူးစူးစိုက်စိုက်ကြည့်နေခဲ့သည်ကိုမြင်သည့်အခါ သူမကိုယ်သူမ သတိတကြီးထားကာ ခပ်ဖွဖွလေးချောင်းဟန့်လိုက်ပြီး

“ကိုယ်တော်မင်းကို နည်းနည်းထပ်ပြီးကြည့်ချင်သေးတယ် မင်းအရင်အိပ်နှင့်လေ.....”

All Chapters