အခန်း (၅၆၉-၅၇၁)
Vol. 12 Ch. 569-571
အပိုင်း 569
လုလျန့်ဝေ မျက်နှာနီရဲသွားလေသည်။
“ရှင်ဘာကြည့်စရာရှိလို့လဲ”
ထို့အပြင် သူသည် သူမကို ဤနည်းဖြင့် စိုက်ကြည့်နေပါက သူမ မည်သို့ အိပ်နိုင်မည်နည်း။
ထိုသူသည် အဝေးကို ကြည့်နေကြောင်း သိလိုက်သောအခါ သူမနံရံကို မျက်နှာမူလိုက်တော့သည်။
လုံယန် က နှိမ့်ချစွာရယ်မောလိုက်ပြီးသူမ၏ နူးညံ့သိမ်မွေ့သော ပခုံးကို ဆုပ်ကိုင်ကာ သူ့ဘက်သို့ပြန်လှည့်လိုက်သည်။ သူ သူမကိုကြည့်ရင်း ပြုံးလိုက်မိသည်
“မင်း ကိုယ့်ဆီက ပုန်းနေတာလား”
လုလျန့်ဝေ သည် သူမ၏အဝတ်များမှတဆင့် သူ့လက်၏နွေးထွေးမှုကို ခံစားနိုင်သည်။ သူမတုန်လှုပ်သွားမိသည်။ သူမ သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း နှုတ်ဆိတ်နေခဲ့သည်။ သူမ မျက်နှာ နီမြန်းသွားတော့သည်။
အရှင်မင်းကြီးဒီလို ပြုမူတိုင်းသူမသည် လွန်စွာ ရှက်သွားေစသည်။ အကြောင်းတစ်ခုခုကြောင့် သူမကို အရှက်ကွဲသလိုခံစားရေစသည်။
ဒါကို သတိပြုမိသောအခါတွင် လုံယန် ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ်သွားသည်။သူ သူမကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ
လုလျန့်ဝေ က သူ့လက်ကို တွန်းဖယ်လိုက်ပြီး ဘာမှပြန်မပြောပေ။ သူမသည် စောင်အောက်ထဲသို့ ပို၍ နက်ရှိုင်းစွာ တိုးဝင်လိုက်သည်။
လုံယန်က ဒါကိုမြင်တော့ မရယ်နိုင်ေတာ့ေပ။ သူသည် သူမကို နောက်ကျောကို စောင်အပေါ်မှ ပွတ်သပ်ကာ ညင်သာစွာ ပွေ့ဖက်ထားလိုက်သည်။
“ အင်းပါ ကိုယ် မင်းကို မကြည့်တော့ဘူးနော် စောင်ထဲကနေထွက်ပါဦးကွာ”
လုလျန့်ဝေ ၏ ရှုပ်ယှက်ခတ်နေသော အသံသည် စောင်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် လုံယန် ၏ နားထဲတွင် စူးစူးရှရှ ဖြစ်နေပေသည် ။
ခပ်တိုးတိုးပြောရင်း သူ့နှလုံးသားမှာ တုန်ရင်သွားခဲ့သည်။
“တောင်းပန်ပါတယ် တခြားတစ်ယောက်နဲ့ အိပ်ယာကို သိပ်မမျှအိပ်ဖူးလို့ပါ”
လုံယန် က မျက်မှောင်ကြုတ်ပြီး သူမလက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
“ကိုယ်သိတယ် မင်းဘယ်လိုခံစားရလဲ ကိုယ်နားလည်တယ်ဒါပေမယ့် ကိုယ်တို့က လင်နဲ့မယားဖြစ်နေပြီအိပ်ရာပေါ်မှာ အတူတူအိပ်သင့်တယ် မင်းကဒါကိုကျင့်သားမရသေးပေမဲ့ ကိုယ်တို့ပိုရင်းနှီးလာရင် ပိုသဘာဝအတိုင်းဖြစ်လာမှာ ကိုယ့်ကိုယုံပါ ဟုတ်ပြီလား။”
လုံယန် သည် သူမ ရင်ခွင်ထဲတွင် တိတ်တိတ်ဆိတ်ဆိတ် နှင့် နာခံမှုရှိစွာ ဆုပ်ကိုင်ထားသည်ကို မြင်တွေ့ရသည့်အတွက် ကျေနပ်သင့်သည်ဟု ခံစားမိသော်လည်း ယခုမှပင် သူမတောင်းပန်လိုက် သည့် အတွေးက သူ့အတွက် ပျော်ရွှင်မှု နည်းပါးသွားစေသည်။
လုလျန့်ဝေ၏မျက်နှာ နီရဲလာပြီး အံ့သြစွာနှင့် အသံထွက်လိုက်မိသည် ။ သူမသည် လုံယန်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
သို့သော် မိန်းကလေး၏မျက်လုံးများတွင် မယုံကြည်နိုင်မှုဖြင့်စွပ်စွဲသောအကြည့်သည် သူ့အား ပြန်သတိလည်လာေစသည်။ သူသည် ချောင်းဆိုးလိုက်ပြီးအသံကျယ်ကျယ်နဲ့ ပြောလိုက်သည်
“မင်း မနာခံဘူးဆိုရင် မင်းနောက်ကျောကို ကိုယ်ရိုက်မယ်”
ထိုအတွေးကြောင့် သူမတစ်ကိုယ်လုံး အားနည်းသွားရသည်။ သူမခန္ဓာကိုယ်က သူမနဲ့ မသက်ဆိုင်တော့သလိုပင် ခံစားလိုက်ရပေသည်။
ထိုမိန်းကလေး၏ ဒေါသအမျက်ဒေါသသည် အလွန်အမင်း ငြင်သာစွာ ရောထွေးနေသော လုံယန်အား ရှေ့ကိုငုံ့ပြီး သူမကိုဖိကာ နမ်းရှိုက်ရန်စွဲဆောင်နေပေသည်။
လုလျန့်ဝေ တောင့်တင်းသွားပြီး နောက်ဆုံးတွင် သူမတုံ့ပြန်နိုင်ရန် အချိန်အတော်ကြာခဲ့သည်။ သူမတစ်ကိုယ်လုံးတွင် အဖုများပေါက်နေပြီး မေးစေ့အထိတောင် ပျံ့နှံ့နေခဲ့သည်။ မင်းကြီးသည် သူအလိုရှိရာကို မည်သို့ရှေ့ဆက်နိုင်မည်နည်း။
လုလျန့်ဝေ သည် သူမ၏ နီရဲနေသော နှုတ်ခမ်းများကို ဖိလိုက်ပြီး သူမ၏ မျက်နှာကို ထိုသူ့ရင်ဘတ်ထဲသို့ တိုက်ရိုက် မြုပ်နှံလိုက်တော့သည်။
လုံယန် က သူမနောက်ကျောကို သူ့လက်တွေကို ရစ်ပတ်ပြီး ခါးသီးသည့် အပြုံးလေးတစ်ခုပြံုးလိုက်သည်
ဝေဝေ ရဲ့ ခန္ဓာကိုယ်တွင်အဖုအပိမ့်တွေ ဖုံးလွှမ်းနေပေမယ့်လည်း သူမကို အခုချိန်ထိ လိုချင်နေသေးသည် ။
Chapter 570
သူမ၏ ပျော့ပျောင်းပြီး နွေးထွေးသော ခန္ဓာကိုယ်သည် သူ့အပေါ်ကို နီးကပ်စွာ ဖိထားလိုက်သောအခါ သူ့ရင်တွင်းရှိ ခံစားချက်မှာ ပို၍ ထင်ရှားလာခဲ့သည်။
သူသည် သူ့အတွင်း၌ စိမ့်ဝင်နေသော စိတ်ပျက်အားငယ်မှုကို နှိမ်နင်းရန် ရေခဲနှလုံးသားကို တိတ်တဆိတ် အသုံးပြုခဲ့ရသည်။
လုလျန့်ဝေ သည် သူမကို နမ်းပြီးလျှင် နောက်ဆက်တွဲ မရှိတော့ဘူးဆိုတာ သိလိုက်ရေသာေကြာင့်ပိုသက်တောင့်သက်သာ ခံစားလိုက်ရသည်။သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး
“အရှင်မင်းကြီး ကျွန်မတို့မင်္ဂလာပွဲအတွက် ဆောင်ရွက်မယ့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး မြို့စား ချန်မိသားစုကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာလား”
လုံယန် သည် ဆေးဆိုင်တွင် လင်ချင်းယွမ် နှင့် တွေ့ခဲ့ဖူးကြောင်း ချက်ချင်း သတိရမိသွားသည်။
တစ်စုံတစ်ဦးသည် ထိုသို့မေးမြန်းမှုပြုလုပ်ရန် ဝေဝေ ၏အကူအညီကို တောင်းခဲ့သည့်ပုံပင်။
လုံယန် သူမကို ချက်ချင်းမဖြေဘဲ မေးခွန်းတစ်ခုပြန်မေးလိုက်သည်။
“ လင်ချင်းယွမ် ပေးခဲ့တဲ့လက်ဆောင်ကို မင်းတကယ်ကြိုက်တာလား “
လုလျန့်ဝေ သည် သူ့အား ဤမေးခွန်းမေးရန် မမျှော်လင့်ထားပေမယ့် သူမကတော့ ရိုးရိုးသားသားပဲ ဖြေလိုက်သည်။
ဒီအကြောင်းကို သူမ သိသောအခါသူမ အနည်းငယ် အံ့သြသွားမိသည်။
လင်ချင်းယွမ် သည် လိမ္မာသောလက်တစ်စုံရှိသည်။ လုလျန့်ဝေ သည် သူမ၏ ဒေါသကြောင့် လင်ချင်းယွမ်သိမ်မွေ့စွာ ပန်းထိုးကျွမ်းကျင်နိုင်မည်ဟု ဘယ်သောအခါမှ မထင်ထားခဲ့ပေ။
ချန်ကျူပင်း သည် လုယွင်ရွမ်း အတွက် လင်ချင်းယွမ်အား စွန့်လွှတ်လိုက်ရခြင်းကို အမှန်တကယ် နောင်တရနေတော့ပငါ။ ကံမကောင်းစွာပဲ နောင်တတွေကို ဖယ်ရှားရန် အချိန်ကို နောက်ပြန်လှည့်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ပေ။
စွန့်စားပြီးတာနဲ့ ပြန်မရနိုင်တဲ့ ဘဝမှာ လူတချို့ ရှိခဲ့သေးသည်။
“အရှင်မင်းကြီး စောင်အဖုံးကို မြင်ရင် ရှင်လည်း စိတ်ပြောင်းလိမ့်မယ် တကယ်တော့ အရေးကြီးဆုံးက လင်ချင်းယွမ် ရဲ့ ရိုးသားမှုပါပဲလေ ကျွန်မမှာ သူငယ်ချင်းအများကြီးမရှိဘူးသူမကို သူတို့ထဲက တစ်ယောက်လို့ ယူဆနိုင်ပါတယ် တောင်းဆိုမှုတစ်ခုနဲ့ သူကျွန်မကို ချဉ်းကပ်လာတဲ့အတွက် ကျွန်မလျစ်လျူရှုလို့မရဘူး အရှင်မင်းကြီး မြို့စားချန် မိသားစုအတွက် ရှင့်မှာရှိထားတဲ့ အစီအစဉ်တွေကို ကျွန်မကို ပြောပြပေးနိုင်မလားဟင်”
လုံယန် က သူမကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေခဲ့ပြီး
“မင်း ဒီကိစ္စကိုမေးဖို့ ကိုယ့်ကို အရမ်းပွင့်လင်းနေတာပဲ ကိုယ်မင်းကို ဘာမှ မပြောရင်ရော ကိုယ် မင်းကို စိတ်ပျက်သွားမှာ မဟုတ်ဘူးလား”
လုလျန့်ဝေ သည် သူ့လက်ရုံကို ဆွဲကိုင်ရင်း အနည်းငယ်ရှက်သွားသလို ခံစားလိုက်ရသည်။ သူမ လေသံလျော့သွားကာ
“ ကျွန်မရှင့်ကို ဒီကိစ္စနဲ့ ပတ်သက်ဘာမှမပြောခဲ့ဘူးလို့သာ ထားလိုက်ပါတော့ လင်ချင်းယွမ် ကို ကျွန်တကယ်ကူညီချင်ပေမဲ့ ရှင့်ကိုဒုက္ခမပေးချင်ဘူး”
လုံယန် ၏ မြင့်မြတ်သော နှလုံးသားသည် သူမ၏ စကားအား လုံး၀ ကြည်နူးနေပါေတာ့သည်။
“ကိုယ်ဧကရီလေးက ကိုယ့်အတွက် အခုလို ဂရုစိုက်ပေးတာကို အရမ်းပျော်တယ်”
လုလျန့်ဝေ သည် စဉ်းစားပြီး ပေးထားသည့် အခြေအနေအတိုင်း လုပ်ဆောင်နိုင်သူသည် အမြဲတမ်း အောင်နိုင်သူဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။
ထိုစကားကိုပြောရင်း ခေါင်းမော့ကာ လုံယန့်အား ချိုသာစွာ ကြည့်လိုက်သည် ။
လုံယန်၏ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများနှင့်သေးသွယ်သော လက်ချောင်းများသည် သူမ၏ နုပျိုသော ပန်းနုရောင် ပါးပြင်ကို ပွတ်သပ်လိုက်ပြီး အနည်းငယ် မှောင်မိုက်သွားရသည်။
သူ၏အကြည့်များသည် အဆုံးတွင် နှင်းဆီရောင်နှုတ်ခမ်းများပေါ်သို့ ကျဆင်းသွားပြီး သူ၏လက်ချောင်းများက သူတို့ကို ညင်သာစွာထိလိုက်ကာ
“ကိုယ့်ကို နမ်း ဝေဝေ ပြီးရင်မြို့စား ချန် မိသားစုအတွက် ကိုယ့်ဆုံးဖြတ်ချက်ကို ပြောပြမယ်”
လုလျန့်ဝေ သည် ထိုစကားကိုကြားသောအခါ အနည်းငယ် အံ့အားသင့်စွာဖြင့် သူ့ကို စိုက်ကြည့်နေသည်။
လုံယန် သည် သူမစိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ သိလိုက်သဖြင့် သူက
“အနမ်းက အရင်ကနဲ့မတူဘူး… ဝေဝေ ကို ပထမဆုံး လှုပ်ရှားစေချင်တယ်”
လုလျန့်ဝေ ၏ မျက်နှာမှာ နီရဲသွားတော့သည်။ ထိုသူသည် အနမ်းကို ပထမဆုံး လှုပ်ရှားခဲ့သူ ဖြစ်ခဲ့သည်မှာ အမှန်ပင်။ ယခင်က သူ့ကို နမ်းရန် သူမဘက်မှ အစပြုခဲ့ခြင်း မရှိခဲ့ပေ။ လုလျန်ဝေ သူ့ကို အသက်ပြန်ရှင်အောင်ကယ်တုန်းက အချိန်ကိုတော့ ထည့်မတွက်တော့။
တစ်ချက်ကြည့်လိုက်ပြီး သူမ အတွေးထဲမှာ ဗလာနေပြီဖြစ်သည်။
အရှင်မင်း၏ နှုတ်ခမ်းများသည် အလွန်လှပသော ပုံသဏ္ဍန်ရှိသည်။ သူ့နှုတ်ခမ်းအရောင်သည် အလွန်တောက်ပသည်မဟုတ်သော်လည်း စစ်မှန်သောအရောင်သာဖြစ်သည်။ အလွန်ထူပြီး မသေးပေ...
သူမ သူတို့ကို စိုက်ကြည့်ရင်း ပါးပြင်ပေါ်က နီရဲလာကာ ရုတ်တရက် ရှက်သွားသလို ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ သူမ ရရှိမည့်အရာကို တွေးကာ မျက်လုံးမှိတ်၍ နီရဲရဲ နှုတ်ခမ်းကို အသာအယာ နမ်းလိုက်တော့သည် ။
Chapter 571: ဝေဝေ လျှောက်မလှုပ်နဲ့တော့
အနမ်းတစ်ပွင့်ပေးပြီးနောက် သူမ ပြန်ဖယ်လိုက်သည်။
ထိုမိန်းကလေးငယ်ထံမှ ရနံ့ခပ်ဖျော့ဖျော့က လုံယန့်အား လွှမ်းခြုံသွားပေမယ့် ထိုရနံ့မှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ လုံယန် ငေးမောကာကျန်နေခဲ့ရသည်။
သူ သူမကိုတစ်ခုခုလုပ်ပစ်လိုက်ချင်ပေမယ့် သူမအရေပြားနီရဲနေခြင်းကြောင့် သူမအားခပ်တင်းတင်းပွေ့ဖက်ထားရုံသာ တတ်နိုင်သည်။
“အရှင်, အခုပြောပြလို့ရပြီလား။”
ထိုလူမျက်လုံးတွေမှိတ်လိုက်သည်ကို မြင်တော့ လုလျန့်ဝေ စိတ်ပူသွားရသည်။
အရှင်ဒီကိစ္စကိုလွယ်လွယ်လေး ဘေးချိတ်လိုက်တာလား။
ဒါဆို သူမသူ့ကိုနမ်းခဲ့တာဘာမှမဟုတ်တော့ ဘူးပေါ့။
သူမစိတ်ထဲထိုအတွေး၀င်လာချိန်တွင် လုံယန် ဖြေးညင်းစွာပြောလာသည်။
“ချန်ကျူပင်းကို ဒီရက်အနည်းငယ်အတွင်း စည်းကမ်း ထိန်းသိမ်းရေးဌာနက ကွပ်မျက်လိမ့်မယ်။ ချန်မြို့စားမိသားစုက တခြားလူတွေကို တော့ ချန်ကျူပင်းရဲ့လုပ်ရပ်တွေကို သူတို့ ဘာမှမသိခဲ့တာကြောင့် သေဒဏ်ကနေတော့ ကင်းလွတ်ခွင့်ပေးလိုက်မှာ။ ကိုယ်တို့ရဲ့ မင်္ဂလာပွဲကြောင့် တစ်ချို့ပြစ်မှုတွေကို လျော့ပေါ့ပေးခိုင်းထားတယ်။ ဒါပေမယ့် သူတို့ရဲ့ပြစ်မှုတွေအတွက် ပြည်နှင်ဒဏ် ပေးခံရပြီး မြို့တော်ကနေ နှင်ထုတ်ခံရလိမ့် မယ်။ သူတို့ရဲ့ကျန်ရှိတဲ့ဘ၀တစ်လျှောက်လုံး မြို့တော်ကို ပြန်လာနိုင်မှာမဟုတ်တော့ဘူး”
လုံယန်ပြောတာကိုကြားပြီးနောက် လုလျန့်ဝေ အနည်းငယ်စိတ်ပြေလျော့သွားသည်။
ချန်မြို့စားမိသားစုနဲ့သူမ ကောင်းစွာ မသိပေမယ့် ရှေးခေတ်က အပြစ်ကျူးလွန်တဲ့ သူတွေကို မျိုးရိုးစဉ်ဆက်ကွပ်မျက်တဲ့နည်း က အရမ်းရက်စက်လွန်းတယ်လို့ ခံစားရ သည်။ အဲ့တာအပြင် ချန်မြို့စားမိသားစုက အခြားသူများမှာ အပြစ်ကင်းကြသည်။ ချန်ကျူပင်းကြောင့်သာ အိမ်တော်တစ်ခုလုံး ကွပ်မျက်ခံရမယ်ဆိုလျှင် တကယ် မတရားတာပင်။
အခု သူတို့မြို့တော်ကနေပဲ နယ်နှင်ဒဏ် အပေးခံရမည်ဟုပြောလာသည်ဆိုတော့ ထိုအရာက ကောင်းတာပင်။ သူတို့ သေဒဏ်မှ ကင်းလွတ်သွားပေမယ့် အေးစက် ပြီးခါးသီးတဲ့မြေကိုတော့ ပြည်နှင်ဒဏ် အပေးခံလိုက်ရသည်။
လုံယန် ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက် တယ်လို့ပြောတာကြောင့် လုလျန့်ဝေ အနည်းငယ်အံ့ဩတကြီးမေးလိုက်မိသည်။
“အဲ့တာကိုဘယ်ကကြားခဲ့တာလဲ။”
“ဘယ်ကကြားခဲ့လဲဆိုတာက အရေးမကြီးပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့မပြောပဲ ဘာလို့ ပြစ်ဒဏ် လျှော့ပေါ့ပေးလိုက်တယ်လို့ပြောတာလဲ။”
တီဗွီ၌လာသည့် ဒရာမာများထဲတွင် အမြဲ ထိုကဲ့သို့သော ပုံပြင်မျိုးပါလေ့ရှိသည်။ တော်၀င်မိသားစုက တစ်ယောက်ယောက် လက်ထပ်တာဖြစ်ဖြစ် မွေးနေ့ပွဲကျင်းပတာ ဖြစ်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးတတ်သည်။
“မင်းက ကိုယ့်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးစေချင်တာလား။”
“လွတ်ငြိမ်းချမ်းသာခွင့် မပေးတာက အကောင်းဆုံးဖြစ်လိမ့်မယ်”
“အရှင်သာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ လိုက်ရင် ကြီးမားတဲ့ပြစ်မှုကျူးလွန်ထားတဲ့ လူတွေပါ လွတ်သွားမှာမလား။ သူတို့လို ပြောင်းလဲလိုစိတ်မရှိတဲ့ အပြစ်သားတွေ လွတ်သွားရင်တောင် နောက်ထပ် ပြစ်မှုမကျူးလွန်လောက်ဘူးလို့ အာမခံလို့ မရသလို အရပ်သားတွေကိုတောင် လိုက်အန္တရာယ်ပေးနိုင်သေးတယ်မလား။”
“အဲ့တာကြောင့်ပဲ ကိုယ်လွတ်ငြိမ်းချမ်းသာခွင့် မထုတ်ပြန်တာလေ။ အဲ့အစား အကျင့်စာရိတ္တကောင်းပြီး သူတို့ကိုယ်သူတို့ ပြုပြင်လိုစိတ်ရှိတဲ့သူတွေကို ပြစ်ဒဏ် လျှော့ပေါ့ပေးလိုက်တာ”
“ဒါက ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ပါပဲ။ ဒီလို လုပ်လိုက်တာက ကိုယ့်ကိုယ်ကိုပြောင်းလဲပြီး ကောင်းတာတွေပဲလုပ်သွားချင်တဲ့လူတွေကို အားတက်စေတဲ့အပြင် တစ်ချိန်ထဲမှာပဲ သူတို့ကိုယ်သူတို့ပြောင်းလဲဖို့ဆန္ဒမရှိပဲ နောင်တလဲမရတဲ့သူတွေကို အပြစ်ပေးရာ ကျစေတယ်။ အဲ့လူဆိုးကောင်တွေက သူတို့ ဘ၀မှာကံကောင်းတယ်ဆိုတာကို မခံစားရ သင့်ဘူး”
“ကိုယ့်ဆုံးဖြတ်ချက်ကို ဒီလောက်တောင် ထောက်ခံတယ်ပေါ့။”
လုလျန့်ဝေက ယားလွယ်တဲ့သူဖြစ်တာ ကြောင့် ရယ်မောကာ ရှောင်တိမ်းဖို့ ကြိုးစား လိုက်ပေမယ့် သူ့လက်မောင်းတွေထဲ၌သာ အဖိခံလိုက်ရသည်။ လုံယန်၏အသံမှာ သူ့ဆန္ဒတွေကို အတင်းချိုးနှိမ်ထားရဟန် ဖြစ်နေသည်။
“ဝေဝေ လျှောက်မလှုပ်နဲ့တော့”
လုလျန့်ဝေ ချက်ချင်းဆိုသလို ငြိမ်ကျသွား ပေမယ့်
“ဒါဆို ရှင်လဲမလှုပ်နဲ့လေ”
ဟု ဗလုံး ဗထွေးပြောလိုက်သည်။
“ကျွန်မက ယားတတ်တယ်”
သူမ ထပ်ပေါင်း ပြောလိုက်သေးသည်။
လုံယန်
“ကောင်းပြီ.. အခု မင်းလိုချင်တဲ့ အဖြေလဲရပြီဆိုတော့ ကိုယ်တို့အိပ်လို့ ရပြီလား။”