← Chapters

အခန်း (၅၇၂-၅၇၄)

Vol. 12 Ch. 572-574

အခန်း (၅၇၂-၅၇၄)

Vol. 12 Ch. 572-574

Chapter 572: ညဘက်မို့လို့ ချမ်းတယ်ဆိုပေမယ့် ကိုယ့်လက်မောင်းတွေထဲမှာနေရင် နွေးတယ်

လုလျန့်ဝေ ခေါင်းညိတ်ပြလိုက်ချိန်တွင် တံခါးခေါက်သံထွက်ပေါ်လာကာ ကျောက်ချန်၏အသံကိုပါ ကြားလိုက်ရသည်။

“အရှင်, ဧကရီအတွက် ဆေးအဆင်သင့် ဖြစ်ပါပြီ”

ကျောက်ချန်ပြောသံကြားမှ လုလျန့်ဝေ ဆေးသောက်ရမည်ကို လုံယန်သတိရသွားကာ ချက်ချင်းပြန်ဖြေလိုက်သည်။

“ယူလာခဲ့”

ကျောက်ချန် တံခါးတွန်းဖွင့်ကာ အထဲ၀င်လာ လိုက်သည်။ ထို့နောက် ဟိုဟိုဒီဒီ လျှောက် မကြည့်ပဲ လုံယန့်ထံ ဆေးခွက် ကမ်းပေး လိုက်သည်။

လုံယန်ကုတင်ပေါ်၌ထိုင်လျက်ရှိနေကာ ဆေးခွက်ကိုယူပြီး အပူချိန်စစ်ဆေးကြည့်ပြီး နောက် အနေတော်လောက်ပဲဆိုမှ လုလျန့်ဝေ ကို လက်တစ်ဖက်ဖြင့်ထူကာ ဆေးတိုက်လိုက် သည်။

“ဝေဝေ, လိမ္မာတယ် ဆေးသောက်လိုက်”

ကျောက်ချန် ထိုမြင်ကွင်းကို ခေါင်းမော့ မကြည့်ရဲပေမယ့် အရှင့်၏ချော့မြှူနေသည့် အသံကြောင့် သူတသိမ့်သိမ့်တုန်သွားရ သည်။

လုလျန့်ဝေ လုံယန်အားဆွံအစွာကြည့်ကာ နောက်တော့ သူမခပ်တိုးတိုးပြောလိုက်သည်

“ကျွန်မဘာသာသောက်လို့ရပါတယ်”

“ကောင်းပြီလေ”

ထို့နောက် ပြုံးလျက် သူမ အား ဆေးခွက်ကမ်းပေးလိုက်သည်။ ရုတ်တရက် သူတစ်စုံတစ်ရာကို သတိရသွား ကာ ကျောက်ချန်အားပြောလိုက်သည်။

“သစ်သီးသကြားလုံးတွေယူခဲ့လိုက်”

ကျယ်လောင်သည့်မျိုချသံကို ကြားလိုက်ရ တာကြောင့် ကျောက်ချန်လည်း သူပြောသည် ကိုနာခံလိုက်သည်။ လုလျန့်ဝေ ဆေးသောက် လို့ပြီးသွားပြီဖြစ်သည်။

“မယူပါနဲ့တော့ အထိန်းတော်ကျောက်”

ကျောက်ချန် သူမအားကြည့်လိုက်ရာ ခွက်ထဲရှိဆေးများကို တစ်စက်မကျန် သောက်ထားသည်ကိုမြင်တော့ သူမအား လက်မထောင်ပြလိုက်မိသည်။

“ဧကရီက တော်လိုက်တာ”

လုလျန့်ဝေ အော်ရယ်မိသွားရသည်။

“ဘာလို့အဲ့လိုကြီးပြောရတာလဲ အထိန်းတော် ကျောက်ရယ်။ ဒါဆေးတစ်ခွက်လေးပဲဟာ ကို”

သူမထံမှခွက်အလွတ်ကို ပြန်ယူလိုက်ကာ ကျောက်ရှန် အရှင့်ကိုတစ်ချက်ချောင်းကြည့် လိုက်သည်။ ထို့နောက် ပြုံးရုံသာပြုံးကာ ဘာမှအသေးစိတ်မရှင်းပြလိုက်ပေ။

“အရှင်နဲ့ ဧကရီတို့ ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျောက်ချန်ပြန်ပါတော့မယ်”

လုံယန်ခေါင်းညိတ်ပြလိုက်ရင်း

“အင်း”

ကျောက်ချန်ထွက်သွားပြီးနောက် လုလျန့်ဝေ အတွေးတစ်ခုပေါ်လာကာ လုံယန်အား ကျီစယ်လိုဟန်ကြည့်လိုက်သည်။

“အရှင်, ဆေးသောက်ရတာကြောက်တာလား။”

“ဘယ်သူကအဲ့လိုပြောတာလဲ။”

လုံယန် သူမ ပါးပြင်အားဆွဲဆိတ်လိုက်သည်။

“ကျွန်မဘာသာခန့်မှန်းကြည့်တာလေ”

ကျောက်ချန်ထွက်မသွားခင်က သူ့ရဲ့ မပြတ် မသားအပြုံးကြီးနှင့် သူမ ဆေးသောက်နေ စဉ်က လုံယန်၏အမူအရာကို လုလျန့်ဝေ ပြန်သတိရသွားကာ ထိုသို့တွေးမိသွားခြင်း ဖြစ်သည်။

ဧကရာဇ်လိုလူက ဆေးသောက်ရတာ ကြောက်တယ်တဲ့။ မယုံနိုင်စရာကြီး။

အစောက သူမကိုကလေးတစ်ယောက်လို ချော့မော့ပြီးဆေး‌တိုက်နေတာ မထူးဆန်းတော့ပါဘူး။

သူဆေးသောက်ရတာကြောက်တာနဲ့ပဲ တခြားလူတွေကိုပါ ဆေးသောက်ရတာ ကြောက်တယ်လို့ ထင်နေတာလား။

“အရှင်က ခါးတာကိုကြောက်တာပဲ”

သူမ ထပ်ခန့်မှန်းလိုက်သည်။

“မင်းထင်တာမှားနေပြီ”

လုံယန် သူမအား အပြုံးတစ်ပွင့်ဖြင့်ကြည့်ကာ သူ၏ သွယ်လျ သည့်လက်ချောင်းတွေဖြင့် သူမနှုတ်ခမ်း ထောင့်စွန်းကိုသုတ်ပေးရင်း

“ကိုယ်မကြောက်ပါဘူး…”

ထို့နောက် သူမထံ ကိုင်းညွှတ်လာသည်။

တစ်အောင့်ကြာတော့ လုလျန့်ဝေ သူမ နှုတ်ခမ်းကိုပြန်ထိကာ ညည်းတွားလိုက်မိ သည်။

“မြင်ပြီလား၊ ကိုယ်အခါးမကြောက်ပါဘူး။ မင်းထင်တာမှားသွားပြီ”

လုံယန် သူမအား အားပါးတရပြုံးပြလာသည်။

လုလျန့်ဝေရှက်ရွံ့သွားရကာ သူအခါးကြောက်မကြောက်ကိုလည်း စိတ်မ၀င်စားတော့ပေ။

“တကယ်နောက်ကျနေပြီ။ အိပ်ကြစို့”

လုံယန် သူမကိုဖက်လျက် လှဲချလိုက်သည်။

“အင်း, ကောင်းသောညပါ အရှင်”

ထို့နောက် သူ့ပွေ့ဖက်ထားမှုထဲမှ ရုန်းထွက်လိုက်ကာ စောင်ဖြင့် သူမကိုယ်သူမပတ်လိုက်သည်။

လုံယန် သက်တောင့်သက်သာဖြင့် မျက်လုံးပိတ်ကာ အိပ်ရန်ပြင်နေသော မိန်းကလေးကိုကြည့်ရင်း

“ဝေဝေ, ဆောင်းဦးရောက်နေပြီဆိုတော့ ညဘက်တွေဆိုအအေးပိုလာပြီ။ ကိုယ့်လက်မောင်းထဲမှာနေရင် နွေးတယ်နော်။ စမ်းကြည့်ကြည့်ပါလား။”

သူ့စကားကြောင့် လုလျန့်ဝေမျက်တောင်တွေ တုန်ယင်သွားပေမယ့် သူမထိုအတိုင်းသာ နေမြဲ‌ဖြစ်ကာ

“မလိုပါဘူး ကျေးဇူးပါ။ ဒီတိုင်းလည်း မအေးပါဘူး”

လုံယန် ခဏတော့တိတ်ဆိတ်သွားပေမယ့် နောက်ဆုံး‌တွင်တော့ လက်ဆန့်ကာ ထိုမိန်းကလေးအား ဆွဲဖက်လိုက်မိတော့ သည်။ သူမမရုန်းနိုင်ခင်မှာ အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ကိုယ်အေးနေလို့ မင်းကို ဖက်ထားမယ်”

လုလျန့်ဝေ : “........”

သူမမျက်လုံးခပ်မှေးမှေးဖွင့်ကာ သူ့ကို ကြည့်လိုက်ပေမယ့် ဘာမှတော့ မပြောတော့ ပေ။ နောက်တော့ သက်တောင့်သက်သာဖြစ်စေ မယ့် အနေအထားကိုရှာတွေ့သွားကာ သူ့လက်မောင်းထဲတွင် ၀င်ကွေးလိုက်တော့ သည်။

ဧကရာဇ်ရဲ့လက်မောင်းတွေက တကယ် နွေးထွေးပြီး သက်တောင့်သက်သာရှိတာပဲ။

သူ့ကိုသာဖက်ပြီးအိပ်နေရရင် ဆောင်းတွင်း မှာဆိုရင်တောင် အေးနေမှာကို ကြောက်စရာ မလိုတော့ဘူး။

ကြောင်လေးတစ်ကောင်လို သူ့လက်မောင်းထဲ၌ ကွေးကွေးလေးနေနေသည့် မိန်းကလေးကို ကြည့်ကာ လုံယန် စိတ်ကျေနပ်သွားရသည်။

သို့သော် သူ့နဖူးထက်၌တော့ ချွေးပျံလာလေသည်။

Chapter 573: ဧကရာဇ်ဒီလောက်ထိ စိတ်ကြီးဝင်တတ်မယ်လို့ သူမ မထင်ခဲ့ဘူး

သူ့လက်မောင်းထဲ၌အိပ်နေသော မိန်းကလေး မှာ နူးညံ့စွာအသက်ရှူထုတ်နေပေမယ့် သူမ ခန္ဓာကိုယ်အပူချိန်က လုံယန့်ကို အိပ်မပျော်နိုင် ဖြစ်စေသည်။

လုံယန် မချိတင်ကဲဖြစ်စွာပြုံးလိုက်မိသည်။

ထိုမိန်းကလေးကတော့ လွယ်လွယ်လေး အိပ်ပျော်သွားပေမယ့် သူကတော့ …

နောက်တစ်နေ့၌။

အိပ်ရာကနိုးနိုးချင်း လုံယန် ပထမဆုံးပြုလုပ် မိသည်မှာ လုလျန့်ဝေခန္ဓာကိုယ်ပေါ်က အနီအပိမ့်တွေကို စစ်ဆေးခြင်းဖြစ်သည်။

သူမခန္ဓာကိုယ်ပေါ်က အနီအပိမ့်တွေ မပျောက်သေးတာကိုမြင်တော့ သူ စိုးရိမ်လာ ရသည်။

လုလျန့်ဝေနိုးလာချိန်၌ သူအ၀တ်ပြင်၀တ်နေ တုန်းပင်ရှိသေးသည်။

“အင်း”

ထိုသို့ပြန်ဖြေကာ သူမနဖူးအား နမ်းရှိုက်လိုက်ပြီး သူမမျက်နှာကို နူးညံ့စွာ ပွတ်သပ်လျက် ညင်သာစွာပြောလိုက်သည်။

“အစောကြီးပဲရှိသေးတယ်။ နည်းနည်းထပ် အိပ်လို့ရသေးတယ် အိပ်နေနော်”

လုလျန့်ဝေ သူ့အင်္ကျီအရှေ့ကော်လံကို ဆုပ်ကိုင်ကာ ခေါင်းယမ်းပြလိုက်ရင်း

သို့သော် လုံယန် သူမကို ပုခုံးမှပြန်တွန်းချ လိုက်ကာ သူမအား ချစ်မြတ်နိုးစွာကြည့်ရင်း

“မလိုပါဘူးကွာ၊ ကိုယ့်ဘာသာ၀တ်လိုက်မယ် မင်းကနည်းနည်းလောက်ထပ်အိပ်လိုက်ဦး။ လိမ္မာတယ်နော်”

ထိုအခါမှ လုလျန့်ဝေ သူ့အားလွှတ်ပေးလိုက် ကာ အိပ်ရာပေါ်ပြန်လှဲလိုက်ပြီး ခေါင်းညိတ် ပြလိုက်သည်။

လုံယန် သူမဦးခေါင်းကို ပွတ်သပ်ပေးပြီး နောက် အိပ်ရာထဲမှထွက်လာလိုက်သည်။

လုလျန့်ဝေ အိပ်ရာထောင့်စွန်း၌လှဲနေရင်း သူမျက်နှာသစ်ကာ ရုံးတော်၀တ်ရုံ၀တ်ဆင် နေသည်ကို ကြည့်နေလိုက်သည်။

သူ့ကိုယ်သူသန့်စင်ပြီးနောက် လုံယန် သူမဘက် ပြန်လှည့်လာကာ အပြုံးတစ်ပွင့် ဖြင့်

“ထပ်အိပ်လိုက်ဦးလေ။ ကိုယ်စောစော ပြန်လာခဲ့မယ်။ ကိုယ်တို့မနက်စာအတူစား ကြတာပေါ့”

လုံယန့်အပြုအမူတွေမှာ ညင်သာနေဆဲဖြစ် သော်လည်း ရုံးတော်၀တ်စုံ၀တ်ထားတာ ကြောင့် တည်ငြိမ်ကာခြိမ်းခြောက်လိုသော လေထုကိုထုတ်လွှတ်ထားသလိုဖြစ်နေသည်။

ထိုခြိမ်းခြောက်ဟန်အပြည့်ရှိနေသောလေထု မှာ မွေးရာပါဖြစ်ပြီး လူတိုင်းကို အလိုလို အရှုံးပေးလာစေသည်။

လုံယန်ရုံးတော်၀တ်စုံ၀တ်ထားသည်ကို သူမ ပထမဆုံးအကြိမ်မြင်ဖူးတာ မဟုတ်ပေမယ့် လည်း သူ့အရှိန်အဝါကြောင့် သူမ မှင်သက်‌ နေရဆဲဖြစ်ကာ သူ့အား‌တမေ့တမောငေးနေ မိသည်။

သူမ သူ့အားဗလာသက်သက်ငေးကြည့်နေ သည်ကိုမြင်တော့ လုံယန့်မျက်လုံးထဲ၌ အပြုံး တစ်စဖြတ်ပြေးသွားသည်။

ထိုအခါမှလုလျန့်ဝေအသိပြန်၀င်လာကာ သူ့အား တောက်ပစွာကြည့်လိုက်ရင်း ခေါင်း အသာယမ်းပြ၍

“ဘာမှမဟုတ်ပါဘူး။ ရုံးတော်၀တ်စုံနဲ့ဆို အရှင်က အရမ်း တည်ကြည်တာပဲလို့တွေးနေတာ”

“တော်ပြီ။ ပြန်အိပ်တော့။ ကိုယ်လဲ ရုံးတော် သွားတော့မယ်”

လုံယန် တစ်ချက်ပြုံးကာ နောက်တော့ လှည့်ထွက်သွားတော့သည်။

အခန်းအပြင်ကိုခြေချလိုက်သည်နှင့် သူ့မျက်နှာထက်ကနွေးထွေးမှုမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ခံ့ညားကာ မြင်သူတကာ ရှိန်လောက်သော မျက်နှာထား မျိုး ပြောင်းလဲသွားတော့သည်။ ထို့နောက် ကျောက်ချန်၊ ချူကျီတို့နှင့်အတူ အစည်းအဝေးခန်းမသို့ ထွက်လာလိုက်သည်။

လုလျန့်ဝေ အိပ်ရာပေါ်၌ ခဏလှဲနေလိုက် သည်။ မနေ့ညက ကောင်းကောင်းအိပ်ပျော် ခဲ့တာကြောင့်ဖြစ်မည် သူမ မအိပ်ချင်တော့ ပေ။ လုံယန် ထွက်မသွားခင်က သူမကို ပြောခဲ့တာကိုသတိရသွားတော့ သူမ အိပ်ရာထရန်ဆုံးဖြတ်လိုက်သည်။

သူမကိုယ်တိုင် မနက်စာချက်ချင်ပေမယ့် နန်းတော်ထဲ၌ တော်၀င်စားဖိုမှုးတွေရှိသည့် အပြင် သူတို့လက်ရာက သူမထက် ပိုကောင်း မှာဖြစ်တာကြောင့် ထိုအကြံကိုတော့ သူမ လက်လျှော့လိုက်သည်။

သူမပျင်းနေသည်ကိုမြင်တော့ ချူကျူ တစ်ခု အကြံပြုလိုက်သည်။

သူမစကားကိုကြားတော့ လုလျန့်ဝေ သူမအား အံ့ဩတကြီးကြည့်လိုက်မိသည်။

သူမထိုစကားပြောပြီးပြီးချင်း ကျူးယွီ ဘက်တံတွေယူရင်း ၀င်လာလေသည်။ ထို့နောက် ထိုအရာတို့အား လုလျန့်ဝေထံ ရတနာတစ်ပါးကဲ့သို့ ကမ်းပေးလိုက်ကာ

“သခင်မလေး၊ ကျွန်မဘယ်လောက်တော်လဲ ကြည့်ပါဦး။ သခင်မလေး နန်းတော်ထဲမှာ ပျင်းနေမယ်ဆိုတာကိုကြိုသိလို့ အိတ်ထဲကို ဘက်တံတွေထည့်ထားပြီး မင်္ဂလာပွဲနေ့တုန်း က ယူလာခဲ့တာ။ အခုသခင်မလေးပျင်းနေ တော့ ဒါဆော့လို့ရပြီ”

“ဟုတ်တယ်။ နင်က တကယ်အမြော်အမြင်ရှိတာပဲ။ ခဏနေမှ ငါနင့်ကို‌ဆုချမယ်”

“ဒါဆို အဲ့အတွက် ကြိုပြီးကျေးဇူးတင်ပါ တယ် သခင်မလေး”

“ငါ့အထင်တော့ နင်ဆုလိုချင်လို့ တမင်တကာ လုပ်နေသလိုပဲ..”

Chapter 574: အဆောင်ပြန်ပြီး ဧကရီနဲ့မြန်မြန်တွေ့ချင်နေပြီ

ကျူးယွီ သူမအားတအံ့တဩပြန်ကြည့်လိုက် မိကာ

“သခင်မလေး, တကယ်ကြီး ကျွန်မ ရည်ရွယ်ချက်ကိုသိသွားတာပဲ။တော်လိုက် တာ”

ကျူးယွီ၏မြှောက်ပင့်မှုမှာ ပိုပိုလာသည်ကို မြင်တော့ လုလျန်ဝေ အံ့ဩတကြီးမေးလိုက် မိသည်။

“နင်အခုတစ်လော အထိန်းတော် ကျောက်နဲ့ အနေများတာလား။”

ဤတစ်ကြိမ်တွင်တော့ ကျူးယွီ တကယ် အံ့ဩသွားတာဖြစ်သည်။

“သခင်မလေး ဘယ်လိုသိတာလဲ။”

“နင့်ရဲ့မြှောက်ပင့်တဲ့စကေးက အရင်ကထက် ပိုတက်လာတယ်လေ။ အထိန်းတော်ကျောက် ရဲ့ ကျေးဇူးကြောင့်ပဲနေမှာ”

သူမပြောတာကိုကြားတော့ ကျူးယွီခြေဆောင့်လိုက်မိသည်။

“ငါသိပါတယ် နင်ပြောလိုက်တဲ့ မြှောက်ပင့်လုံးတိုင်းက နှလုံးသားထဲက လာတယ်ဆိုတာ”

“သခင်မလေး…”

ကျူးယွီ ရှက်သွားရသည်။

“ဟုတ်ပါပြီ။ ငါမစတော့ဘူး။ ငါ ကျူ့နဲ့ ကြက်တောင်သွားရိုက်မလို့”

ထိုသို့ပြောကာ ခြံ၀န်းထဲရှိ နေရာလွတ်ကို ချူကျူနှင့်အတူ ထွက်လာလိုက်သည်။

ရုံးတော်အရာရှိများကြားတွင် တန့်ကျွယ်နှင့် ပက်သပ်၍ ဆွေးနွေးမှုများမှာ အကွဲကွဲ အပြားပြားဖြစ်နေသည်။

တစ်ချို့က ငြိမ်းချမ်းရေးလိုလားကြပေမယ့် တစ်ချို့က စစ်တပ်ကိုစေလွှတ်စေချင် နေကြသည်။

“ငြိမ်းချမ်းရေးယူပြီး ဘာလုပ်မှာလဲ။ အရှင် မင်းသမီး တန့်ကျွယ်ကို လက်ထပ်ဖို့သွားခဲ့ ရတာ ဘယ်နှနှစ်တောင်လဲ။ နောက်ဆုံးကျ‌ တော့ အဲ့၀မ်ယန်ကျင်းက တန့်ကျွယ် မင်းသား ဆုံးသွားတာနဲ့ ရှန်ပြည်ထောင်ကို တိုက်ဖို့ကြိုးစားခဲ့တာပဲ မဟုတ်လား။ တန့်ကျွယ်ကလူတွေက အမြဲရည်မှန်းချက် ကြီးတယ်။ အဲ့တာကိုတစ်ကြိမ်ထဲနဲ့ အဆုံးသတ်နိုင်ဖို့ဆို သူတို့ကို ငါတို့ဆီက စစ်တပ်နဲ့ဖိနှိပ်ပြီး ရှန်ပြည်ထောင်ကို အညံ့ခံ လာအောင်လုပ်ရမှာ”

“ပြောတာတော့လွယ်တာပေါ့။ တန့်ကျွယ်က လူတွေက မွေးကထဲက သန်မာတယ်။ သူတို့ကို အညံ့ခံလာအောင်လုပ်ဖို့က အဲ့လောက်မရိုးရှင်းဘူး”

“သူတို့လူတွေသတ္တိရှိတယ်ဆိုပေမယ့် ငါတို့ စစ်တပ်ကလည်း လက်နက်ပစ္စည်းအပြည့်နဲ့ သေချာလေ့ကျင့်ပေးထားတာ။ ဒီနှစ်တွေမှာ သက်တောင့်သက်သာနေခဲ့ရတော့ မင်းရဲ့ စိတ်ဝိဉာဉ်တွေလည်း ဆုတ်ယုတ်လာပြီ ထင်တယ်။ တစ်နေ့ သူတို့ဘက်ကစပြီး ငါတို့ကိုတိုက်ခိုက်လာတော့မှ နောင်တရနေ ရင်တော့ နောက်ကျသွားပြီ”

“ဟုတ်တယ်။ သူတို့လုပ်သမျှခံနေမယ့်အစား ငါတို့ဘက်ကအရင်စတိုက်သင့်တယ်။ ငါကြား‌တာတော့ ၀မ်ယန်ကျင်းက စစ်သားတွေစုဆောင်းပြီး ငါတို့ပြည်ထောင်ရဲ့ ရှေ့တန်းကို တိုက်ဖို့ပြင်နေတယ်တဲ့။ ငါတို့ သူတို့လာတိုက်မယ့်အချိန်ကိုစောင့်နေရင် ငါတို့ဘက်ကစတိုက်နိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးသွားရလိမ့်မယ်”

ခန်းမထဲ၌ ခဏတိတ်ကျသွားသည်။ ထို့နောက် ငြိမ်းချမ်းရေးလိုလားသူများက မျက်မှောင်ကြုတ်ကာ ပြောလာသည်။

“ငြိမ်းချမ်းရေးညှိနှိုင်းလို့ရရင် ညှိနှိုင်းကြည့် သင့်တယ်။ ငါတို့အဲ့လိုမလုပ်နိုင်ဘူးဆိုရင် တောင် အဲ့အချိန်ရောက်မှ စစ်တပ်ကို လွှတ်မယ်ဆိုလည်း နောက်မကျသေးပါဘူး”

သူပြောတာကိုကြားတော့ စစ်တပ်စေလွှတ် လိုသူက နှာမှုတ်လိုက်ကာ

“၀မ်ယန်းကျင်းက ငြိမ်းချမ်းရေးမလိုလားဘူးဆိုတာ ‌သိသာနေ တာပဲကို။ ငါတို့ကအဲ့အတွက် တွန်းအားပေး ရင်တောင် ငါတို့ပဲအရှက်ရမှာ။ နောက်ဆုံးကျ ရင်လက်နက်တွေကိုတောင် ဖြတ်နေရဦးမယ် ။ အဲ့လိုအဖြစ်ခံမယ့်အစား အခုချက်ချင်း စစ်တပ်ကိုစေလွှတ်ပြီး ၀မ်ယန်ကျင်းကို သူ့နေရာသူပြန်ထားရမယ်”

ငြိမ်းချမ်းရေးလိုလားသူတွေလည်း ထိုအရာကိုသတိပြုမိသည်။ လက်ရှိမှာ ထို ငမွှေထိုး ၀မ်ယန်ကျင်းက တန့်ကျွယ်ကို အုပ်ချုပ်နေတာဖြစ်တာကြောင့် ပြည်ထောင် နှစ်ခုစစ်ဖြစ်မည်မှာ မလွဲဧကန်ပင်။

သို့သော် စစ်ဖြစ်လာလျှင် ခံစားရမည်မှာ ပြည်သူများသာဖြစ်တာကြောင့် ငြိမ်းချမ်းရေး ညှိနှိုင်းလို့ရလျှင် ညှိနှိုင်းကြည့် ချင်တာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ ဆိုတာ တည်မြဲမှုနှင့်ငြိမ်းချမ်းမှု လိုအပ်လေ သည်။

စစ်တိုက်ဖို့သာ အခိုင်အမာပြောနေကြသူများ ဟာ စစ်တပ်ခေါင်းဆောင်များဖြစ်သည်။ သူတို့အမြင်မှာတော့ ၀မ်ယန်ကျင်းလို ရည်မှန်းချက်ကြီးတဲ့သူကို ရိုက်ချမထားရင် ပိုပြီးရောင့်တက်လာနိုင်သည်။ အနာဂတ်မှာ သူကပိုပြီးအထိန်းအကွပ်မဲ့လာနိုင်ကာ ရှန်ပြည်ထောင်ကို တစ်စက်မှလေးစားတော့ မည်မဟုတ်ပေ။

ထိုလူတွေ ငြင်းခုံနေကြသည်ကိုကြည့်ရင်း လုံယန် စိတ်မရှည်ဖြစ်လာရသည်။

သူ့စကားကြောင့် ငြင်းခုန်နေကြသော နှစ်ဖွဲ့ ချက်ချင်းတိတ်သွားကာ လုံချီပင် သူ့အား အံ့ဩတကြီးကြည့်လိုက်မိသည်။

ဦးရီးတော် ဘယ်တုန်းက ဒီလောက် စိတ်မရှည်ဖြစ်သွားရတာလဲ။

မနက်ခင်းညီလာခံစတာ ဘယ်လောက်မှ တောင်မရှိသေးဘူးလေ; ပုံမှန်ထက်တောင် ခဏလေးပဲရှိသေးတယ်။ ဦးရီးတော်က ဘာလို့ရပ်နားလိုက်တာလဲ။

တန့်ကျွယ်အရေးကိစ္စအတွက်လည်း ဆုံးဖြတ်ချက်မချရသေးပေ။

သူထိုစကားပြောပြီးသည်နှင့် လုံယန် ချက်ချင်းထရပ်ကာ ခန်းမထဲမှ ထွက်ခွာ သွားတော့သည်။

All Chapters