← Chapters

အခန်း (၅၇၈-၅၈၀)

Vol. 12 Ch. 578-580

အခန်း (၅၇၈-၅၈၀)

Vol. 12 Ch. 578-580

Chapter 578: တစ်ခါပဲသစ္စာဖောက် မိရင်တောင် တစ်ဘ၀စာ ယုံကြည်မှု ဆုံးရှူံးသွားဖို့ လုံလောက်တယ်

လင်းလီဟွား၏အကြည့်တွေထဲ၌ နွေးထွေးမှု ကင်းမဲ့နေကာ သူမ၏နှင်းဆီရောင်နှုတ်ခမ်း ပါးနှစ်ခု အနည်းငယ်ခွဲသွားပြီး

“ရှင် အဲ့မိန်းမ ကြောင့် ကျွန်မကိုသစ္စာဖောက်ခဲ့တာဆိုတော့ အခုချက်ချင်း ရှင်သူ့ကိုသွားသတ်စေချင် တယ်”

လုဟယ့်ထျန်း ထိုသို့သော အခြေအနေကို လုံး၀မမျှော်လင့်ထားပေ။

အဲ့အချိန်တုန်းက မဒမ်ကျန်း သူ့ဆီကလေး တစ်ယောက်နှင့်ရောက်လာချိန်တွင် သူ အလွန်တုန်လှုပ်သွားခဲ့ရပြီး သူမအား တစ်ချက်ထဲနှင့်ရိုက်သတ်ပစ်ချင်ခဲ့ပေမယ့် လီဟွား သူ့ကိုတားခဲ့တာဖြစ်သည်။

သူတို့နှစ်ယောက်ကြားက ညီအစ်မ သံယောဇဉ်ကြောင့် သူမအတွက် စိတ်မကောင်းဖြစ်နေခဲ့တာလို့ သူထင်ခဲ့တာ ဖြစ်သည်။

အဲ့တုန်းကတော့ မဒမ်ကျန်းကို မသတ်ဖို့ တားခဲ့ပေမယ့် အခုတော့…

“ဘာလို့လဲ။ မလုပ်နိုင်ဘူးလား။”

သူ တုံ့ဆိုင်း နေတာမြင်တော့ လင်းလီဟွား သူ့အား သရော်ကြည့်ကြည့်လိုက်ကာ

လင်းလီဟွား လက်သီးဆုပ်မိသွားကာ ပုဝါပါး‌ အောက်ရှိသူမမျက်နှာမှာလည်း ပိုမို ခက်ထန် လာသည်။

တကယ်လည်း အဲ့တုန်းက လုဟယ့်ထျန်း သူမကို သတ်မယ်လုပ်တုန်းက သူမကိုယ်တိုင် ဝင်တားခဲ့တာဖြစ်သည်။

“ရှင်သူ့ကိုမကြိုက်ခဲ့ဘူးဆိုရင် ဘာလို့ သူ့ကို ထိခဲ့လဲ။ ရှင့်ကလေးကိုတောင် မွေးခိုင်းခဲ့သေးတယ်လေ။ ရှင်သူ့ကို တကယ် သတ်နိုင်ခဲ့မှာရော ဟုတ်လို့လား။ ကျွန်မရှေ့ မှာမို့ တမင်ဟန်လုပ်ပြနေခဲ့တာမလား။ တကယ်လို့ ကျွန်မသာရှင့်ကို မတားခဲ့ရင် ရှင်ကျွန်မကို တစ်သက်လုံး မုန်းတီးနေတော့ မှာလေ။ အဲ့တာအပြင် ဒီနှစ်တွေအတွင်း ရှင့်ဘေးမှာမဒမ်ကျန်းရှိနေခဲ့တဲ့အပြင် ရှင်သူ့ကိုနှင်မထုတ်ခဲ့ဘူးမလား။ ရှင်တကယ်ပဲ သူမအပေါ်ဘာခံစားချက်မှ မရှိဘူးဆိုရင် သူမကိုဘာလို့ဆယ်နှစ်လောက် ရှင့်အနားမှာထားထားရတာလဲ။”

သူမနှင့်သူ လက်ထပ်ပြီး‌အတူနေခဲ့ရတဲ့အချိန်က တိုတောင်းပေမယ့် သူမ သူ့ကိုကောင်းကောင်းသိသည်။

သူက အေးစက်ပြီး အကြင်နာတရားကင်းမဲ့ပုံ ပေါ်ပေမယ့် တကယ်တမ်းတော့ နူးညံ့သော နှလုံးသားရှိသူဖြစ်သည်။

မဒမ်ကျန်းက ကိုယ်လုပ်တော်တစ်ယောက်ပဲ ဆိုပေမယ့် ဒီလောက်နှစ်တွေအကြာကြီး အတူနေခဲ့တာ သူ့နှလုံးသားကိုလည်း သိမ်းပိုက်ပြီးလောက်ပြီပေါ့။

ထိုသို့တွေးမိပြီး လင်းလီဟွား ပိုလို့ပင် အထင်သေးလာရသည်။

“မင်းကိုယ့်ကိုအထင်လွဲနေပြီ။ ကိုယ် သူ့ကို မင်းကြောင့်အနားမှာထားခဲ့တာ။ မင်း အဲ့တောင်စောင်းကနေ ခုန်ချသွားခဲ့ပေမယ့် မသေလောက်သေးဘူး ကိုယ့်ကိုပုန်း‌နေတာ ဆိုတဲ့ မျှော်လင့်ချက်ကို ကိုယ်အမြဲဆုပ်ကိုင် ထားခဲ့တာ။ အဲ့တာကြောင့် မင်းနဲ့ ဆက်နွှယ်တဲ့လူအားလုံးကို ကိုယ့်အနားမှာ ခေါ်ထားခဲ့တာ။ ဒီလိုဆို ‌တစ်နေ့ကျရင် မင်းကိုယ့်ဆီပြန်လာလောက်တယ်ဆိုတဲ့ စိတ်နဲ့”

လီဟွားနှင့် မဒမ်ကျန်းတို့က ညီအစ်မတွေလို ပင်။ မဒမ်ကျန်းက မိဘမဲ့တစ်ယောက်ဖြစ်ပြီး လီဟွားကျင့်ကြံရေးလောကထဲမှာ လျှောက်သွားစဉ်က ကယ်တင်ခဲ့တာဖြစ်သည် ။ မဒမ်ကျန်းတစ်ယောက်ထဲဖြစ်ပြီး အကူအညီမဲ့နေတာမြင်တော့ သူမ သူ့ကို‌ သွေးသောက်ညီအစ်မအဖြစ် လက်ခံခဲ့တာ ဖြစ်သည်။

“အဲ့တာတွေအကုန် စကားသက်သက်ပဲလေ။ နောက်ဆုံးမှာ ရှင်မဒမ်ကျန်းကို မသတ်နိုင်ဘူး မလား။”

လင်းလီဟွားကတော့ သူ၏ဘယ် စကားကိုမှ မတုန်လှုပ်ပေ။

“တစ်ခါသစ္စာဖောက်မိတာနဲ့ တစ်ဘ၀စာ ယုံကြည်မှုဆုံးရှုံးလိုက်ရပြီဆိုတာကို ကိုယ်သိပါတယ်။ ကိုယ်ဘယ်လောက် ရှင်းပြ ရှင်းပြ မင်းကိုယ့်ကိုယုံမှာမဟုတ်ဘူး။ ဒီလိုဆိုမှတော့ ကိုယ်အခုပဲ မဒမ်ကျန်းကို သွားသတ်ခဲ့မယ်။ မင်းကိုသာ စိတ်ကျေနပ် စေမယ်ဆိုရင် ကိုယ်သူ့ကို အပိုင်းပိုင်းတောင် ဆုတ်ဖြဲပစ်နိုင်တယ်”

“ကောင်းပြီ။ ရှင်တကယ် သူ့ကို သတ်နိုင် ခဲ့ရင် ကျွန်မလဲ အတိတ်ကဖြစ်ခဲ့တာတွေကို လက်လွှတ်ပေးမယ်”

သူမစကားကိုကြားတော့ လုဟယ့်ထျန်း ပျော်ရွှင်သွားကာ သူမကို တစ်ချက်ကြည့် လိုက်ပြီး လှည့်ထွက်လာခဲ့လိုက်သည်။

သူဆုံးဖြတ်ချက်ချပြီးဟန်လှည့်ထွက်သွား သည်ကိုကြည့်ရင်း လင်းလီဟွား၏ နှလုံးသားထဲ၌ ခံစားချက်များရောထွေးလာ ရသည်။

တစ်အောင့်နေတော့ သူမအထုပ်သိမ်းနေ သည်ကို ဝူဟောက်မင်မြင်လိုက်ရသည်။

“မြို့စွန်မှာ ကျွန်မကိုစောင့်နေ။ မထွက်သွားခင် ဝေဝေနဲ့ ချန်ကို နှုတ်ဆက် စကားသွားပြောလိုက်ဦးမယ်”

Chapter 579: သူမတစ်ကိုယ်လုံးကို သူ့အပေါ်မှီထား

ဝူဟောက်မင် ခေါင်းညိတ်ပြလိုက်ကာ

“ကောင်းပြီ ဒါပေမယ့် ဂရုစိုက်ဦးနော်”

“အင်း”

ထိုအချိန်တွင် ရုတ်တရက် သူမခေါင်းထဲ အတွေးတစ်ခု၀င်လာကာ သူမ မေးရန်ပြင် လိုက်ချိန်မှာပဲ ယို့ယို့ သူမထံ အထိတ်တလန့် ပြေးလာသည်ကို မြင်လိုက်ရသည်။

“အန်တီလင်း၊ မြို့စားမင်း သတိလစ်သွားလို့”

လင်းလီဟွားကတော့ ဘာမှမတုံ့ပြန်လာပေ။

“သူသတိမေ့သွားတာ ဘာစိုးရိမ်စရာရှိလို့လဲ။ သေသွားတာမှမဟုတ်တာ”

ယို့ယို့ : “.......”

အန်တီလင်းနှင့်မြို့စားမင်းတို့ကြားထဲ ဘယ်လိုဇာတ်လမ်းတွေရှိခဲ့သလဲ သူ မသိပေမယ့် တစ်ချိန်တုန်းက သူတို့နှစ်ဦး အကြင်လင်မယားဖြစ်ခဲ့တာတော့ သူသိသည်။ ထို့နောက် သွေးချင်းချင်းနီကာ လဲကျသွားသော မြို့စားမင်းကို စိတ်ပူလာရ ကာ

“အသက်တော့ရှူနေသေးပေမယ့် အချိန်မီ မကုသမိရင် ကျွန်တော်စိုးရိမ်တာက… မြို့စားမင်းသာ တစ်ခုခုဖြစ်သွားရင် အစ်မတော်ဧကရီလည်း အရမ်း အရမ်း ၀မ်းနည်းရမှာ။ ဆက်ခံသူသခင်လေးလုရော ပဲ ၀မ်းနည်း‌နေရတော့မှာ”

ထိုစကားကိုကြားတော့ လင်းလီဟွား အနည်းငယ်တုံ့ဆိုင်းသွားရသည်။

သူမအနေနှင့် လုဟယ့်ထျန်းကို မြန်မြန်သေစေ ချင်နေပြီဆိုပေမယ့် ဝေဝေနှင့်ချန်ချန်ကတော့ မတူပေ။ သူတို့မောင်နှမနှစ်ယောက်လုံးက အဖေကိုအရမ်းချစ်ကြသည်။ သူသာ ဒီလို သေသွားရင် မောင်နှမနှစ်ယောက်လုံး သူမကို အပြစ်တင်နေကြလိမ့်မည်။

ထိုသို့တွေးမိပြီး သက်ပြင်းချကာ နောက်ဆုံး၌ ဆေးဆိုင်သို့ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။

သူမ ပြန်သွားနေသည်ကိုမြင်မှ ယို့ယို့ သက်ပြင်းချလိုက်ကာ သူမနောက်မှ အမြန် လိုက်လာလိုက်သည်။

ဝူဟောက်မင်ကတော့ ခြံ၀န်းထဲ၌သာ သူ့လက်ထဲရှိ အ၀တ်ထုပ်ကိုကြည့်ရင်း မတ်တပ်ရပ်လျက် ကျန်နေခဲ့သည်။ သူအခု ထွက်သွားလို့မရဘူးဆိုတာကို သူသိလိုက် သည်။

ထို့ကြောင့် ခါးသက်သက်ပြုံး၍ အ၀တ်ထုပ် ထဲရှိ အ၀တ်အစားတွေကို ပြန်ထုတ်ကာ အရင်နေရာတွင်ပြန်ထားလိုက်တော့သည်။

သူမလေးရဲ့လက်ထဲကဟာက ဘက်တံ မလား။ ထိုအရာက လေထဲမှာ ဟိုဘက်ဒီဘက်ကို ရိုက်ထုတ်နေသည့်တစ်ခုက ဘဲမွှေးနဲ့လုပ်ထားတဲ့ ကြက်တောင် တစ်ခုထင်တယ်။

လုလျန့်ဝေအား တိတ်တဆိတ်စောင့်ရှောက် ရန် သူလွှတ်ထားသည့် စစ်ရီ ထိုကစားနည်း အကြောင်းပြောပြဖူးပေမယ့် သူ အခုထိ ကိုယ်တိုင်မမြင်ခဲ့ဖူးပေ။

ချူကျူ သူလာနေသည်ကိုမြင်တော့ သူ့လက်ထဲရှိဘက်တံကို သူ့အား အမြန် ကမ်းပေးလိုက်သည်။

အဖြူရောင်ကြက်တောင် သူ့ထံ ပျံ့လွင့်လာ သည်ကိုမြင်တော့ သူ့လက်ထဲရှိဘက်တံကို တစ်ချက်ကြည့်ကာ လက်မြှောက်လျက် ထိုအရာကိုရိုက်ထုတ်လိုက်သည်။ ကြက်တောင်မှာ လာရာလမ်းအတိုင်း ပြန်လှည့်ပျံသွားသည်။

လုလျန့်ဝေမှာ ကြက်တောင်ကိုသာ ကြိုးစား ပမ်းစားရိုက်နေရာ တစ်ဖက်မှ ကစားသမား ပြောင်းလဲသွားသည်ကို သတိမထားမိပဲ ပျော်ပျော်ရွှင်ရွှင်နှင့် ဆက်ကစားနေခဲ့သည်။

သို့သော် အကြိမ်အနည်းငယ်ရိုက်ပြီးတော့ တစ်ခုခုလွဲနေတာကို သူမ သတိထားမိသွား သည်။

ချူကျူ့ရိုက်ချက်တွေက အရင်ကထက် ပိုမြန်လာသလို ပိုလည်းမြင့်လာသည်။ ထို့ကြောင့် သူမမှာ ကြက်တောင်ကိုလိုက်ဖမ်း ရန် ကွင်းဟိုဘက်သည်ဘက်လိုက်ပြေးနေရ သည်။

တစ်ဖက်ခြမ်းရှိလူကိုကြည့်လိုက်တော့ သူမ အသက်ရှူရပ်မတတ်ဖြစ်သွားရသည်။ သူမ သံသယတွေကို အတည်ပြုပေးလိုက်တာပင် – ချူကျူနေရာမှာ တစ်ခြားတစ်ယောက် ရောက်နေလေသည်။

တစ်ဖက်လူကလုံယန်ဖြစ်နေသည်ကိုမြင်တော့ သူမအတော်လေးအံ့ဩသွားရကာ

လုံယန် သူ့လက်ထဲရှိဘက်တံကိုဆန့်လိုက်ကာ အပြုံးတစ်ပွင့်ဖြင့်မေးလိုက်သည်။

လုလျန့်ဝေ ဘက်တံကိုင်ရင်း သူ့အနား လျှောက်သွားလိုက်ကာ လက်ယမ်းပြရင်း အသက်မရှူနိုင်စွာ ပြန်ဖြေလိုက်သည်။

“မဆော့နိုင်တော့ဘူး။ အရှင်နဲ့ဆော့လိုက်တာ ပင်ပန်းသွားပြီ”

သူမ၏မျက်နှာသေးသေးလေးမှာ ပင်ပန်းမှု ကြောင့် နီရဲနေ၏။ စကားပြောလိုက်တိုင်း အသက်ရှိုက်ရှုနေရကာ သူမ၏ချိုသာသော အသံလေးကို ပုံမှန်ထက်ပို၍ချိုမြိန်သွားစေ သည်။

လုံယန်ပြုံးကာ သူမအား ချစ်မြတ်နိုးစွာ ကြည့်ရင်း သူမအနားတိုးကပ်လာလိုက်သည် ။ ထို့နောက် သူမကို သူ့ခန္ဓာကိုယ်အား မှီစေလိုက်ရင်း အခြားလက်တစ်ဖက်ဖြင့် ကျူးယွီထံမှ တဘက်တစ်ထည်ယူကာ သူမ နဖူးထက်ရှိချွေးများအား သုတ်ပေးလိုက် သည်။

“ပင်ပန်းနေရင် ခဏနားလိုက်။ ခဏနေရင် ကိုယ်တို့မနက်စာစားကြမယ်”

လုလျန့်ဝေ သူမတစ်ကိုယ်လုံးကို လုံယန့်အပေါ်သို့ မှီထားလိုက်ကာ မတ်မတ်မရပ်တော့ပေ။

Chapter 580: ဧကရာဇ်နဲ့ ဧကရီတို့ရဲ့ လူရှေ့သူရှေ့မရှောင် ချစ်ပြမှု

လုံချီ လုယွင်ရွှမ်းနှင့်အတူ နှုတ်ဆက်ရန် လာချိန်တွင် ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရတော့သည်။

ယောကျာ်းလေးဖြစ်သူမှာ အရပ်အလွန်ရှည် တာကြောင့် သူ့ဘေးရှိမိန်း‌ကလေးကို အလွန် သေးငယ်သွားပုံပေါ်စေသည်။

ထိုအချိန်တွင် မိန်းကလေးဖြစ်သူမှာ သူမ တစ်ကိုယ်လုံးကို ယောကျာ်းလေးဖြစ်သူ အပေါ်မှီထားသည်ဖြစ်ရာ မြင်ကွင်းမှာ လုံချီ့အတွက်အတော်လေး၀မ်းနည်းစရာ ဖြစ်သည်။

ကိစ္စတွေဒီအခြေအနေအထိ ရောက်နေတာ တောင် လုလျန့်ဝေက ဘာလို့ဦးရီးတော်ကို ယုံကြည်နေရသေးတာလဲ။

ဦးရီးတော်မကြာခင်သေရတော့မှာကို သူ မသိဘူးလား။

သူမရဲ့မင်္ဂလာဦးညမှာတောင် အရှက်ကွဲခဲ့ လောက်မယ့်ဟာကို။

လုလျန့်ဝေက အဲ့တာကို လုံး၀စိတ်ထဲမထား ဘူးလား။

ဒါမှမဟုတ် သူ့ဆုံးဖြတ်ချက်ကို သူ နောင်တ ရနေပေမယ့် သူမရဲ့ဧကရီဆိုတဲ့ဂုဏ်သိက္ခာ ကို မထိခိုက်စေဖို့နဲ့ အရှက်မရစေဖို့ သူမရဲ့ ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားတာ လား။

သိပ်မကြာခင်မှာပဲ ကြင်ရာတော်ရှန်း၊ ကြင်ရာတော်ချွင်နှင့် ကြင်ရာတော် ကျင်ရှန့် တို့ရောက်လာကြသည်။

သူမတို့သုံးဦးဟာလည်း ဧကရာဇ်မှ ဧကရီ သေးသေးလေးကို ညင်သာစွာချွေးသုတ်ပေး နေသည့်မြင်ကွင်းကို မျက်မြင်တွေ့လိုက်ကြရ သည်။

ထိုမြင်ကွင်းမှာ အလွန်နွေးထွေးနူးညံ့ပေမယ့် မြင်လိုက်ရသည့်သူအနည်းငယ်ကိုတော့ လွန်စွာ၀မ်းနည်းသွားရစေသည်။

ဧကရာဇ်က ဧကရီလေးကိုဆက်ဆံတာ အခြားလူတွေကိုဆက်ဆံတာနဲ့မတူဘူးဆိုတာ ကို သူတို့အားလုံးသိကြပေမယ့် ဒီလောက် အထိ သူမကိုအလိုလိုက်လိမ့်မယ်လို့တော့ သူတို့မထင်ထားခဲ့ကြပေ။

အဲ့တာကို ဒီမှာတော့ လူကြားထဲမှာ တစ်စက္ကန့် တောင်မတွေးပဲ လုလျန့်ဝေကို ချွေးသုတ်ပေး နေတယ်။ ဘယ်သူက မနာလိုမဖြစ်ပဲနေမှာလဲ။

“အရှင်၊ ဧကရီ၊ အိမ်ရှေ့စံ၊ အိမ်ရှေ့စံမယ်မယ်နဲ့ ကြင်ရာတော်တွေရောက်ရှိနေပါပြီ”

ကျောက်ချန်စကားကိုကြားတော့ လုံယန့် လက်မောင်းထဲ၌မှီနေသည့်လုလျန့်ဝေ ချက်ချင်းလှည့်ကြည့်လိုက်မိသည်။ ကြင်ရာတော်ရှန်းနှင့် အခြားလူများ တကယ် ရောက်နေကြပြီဖြစ်တာကြောင့် သူမအမြန် မတ်မတ်ရပ်လိုက်သည်။

သူမနှင့်လုံယန်နှစ်ဦးတည်းရှိနေချိန်မှာတော့ သူမတို့စိတ်ကြိုက်လုပ်လို့ရပေမယ့် အခြားလူ တွေအရှေ့မှာတော့ သူမဧကရီတစ်ပါးလို ပြုမူရပေမည်။ မဟုတ်ပါက လုံယန် အကျပ်အတည်းထဲကျရောက်ရလိမ့်မည်။

သို့သော် လုံယန်ပြဿနာဖြစ်မှာစိုးလို့ သူမ လုပ်လိုက်သည့်အပြုအမူက လုံယန့်အား အိမ်ရှေ့စံရှိနေတာကြောင့် ထိုသို့ပြုမူသည်ဟု အဓိပ္ပာယ်ကောက်မိသွားစေသည်။

ထို့ကြောင့် လုံယန်မျက်မှောင်ကြုတ်ကာ လုံချီ့ အားမပျော်မရွှင်ကြည့်လိုက်မိသည်။

လုံချီနှင့် လုယွင်ရွှမ်းတို့ ချက်ချင်း ရှေ့တက် ကာ နှုတ်ဆက်လာသည်။

ထို့နောက် ကိုယ်လုပ်တော်သုံးယောက်လည်း နှုတ်ဆက်လာကြသည်။

လုံယန် ဂရုမစိုက်ဟန် ဖြင့်ပြောရင်း လုလျန့်ဝေ၏လက်သေးသေး လေးကိုဆွဲကာ ထမင်းစားခန်းထဲ ၀င်သွား လိုက်သည်။

ဧကရာဇ်နှင့်ဧကရီတို့ထွက်သွားသည်ကို ကြည့်ရင်း လုံချီနှင့်အခြားလူများမှာ အနည်းငယ်စိတ်မချမ်းမသာဖြစ်သွားရသည်။

သူတို့လည်းပဲ ယခုထိ မနက်စာမစားရသေးပါ ချေ။ ဧကရာဇ်နဲ့ဧကရီကို သူတို့အဖော်လုပ် ပေးစရာမလိုတဲ့ဟာကို ဘာလို့ သူတို့ကို ပြန်ခွင့်မပြုရတာလဲ။

ထိုအကြောင်းတွေးမိပြီး သူတို့အားလုံး ၀မ်းနည်းသွားရပေမယ့် သူတို့တတ်နိုင်တာလဲ ဘာမှမရှိပေ။

ချူချီ ဘေး၌ကျန်ခဲ့သည့် ဘက်တံကို ကောက်ကာ တစ်ချက်ကြည့်လိုက်ပြီး ကြက်တောင်ကိုကိုင်ကာ တစ်ချက် ဖျစ်ညှစ် လိုက်သည်။ ထို့နောက် ဧကရာဇ်နှင့် ဧကရီတို့ ကစားသွားပုံကို ပြန်မြင်ယောင်ရင်း သူလဲ ထိုကစားနည်းကို အနည်းငယ်စိတ်၀င်စား လာရသည်။

ချူယိဟာတော့ သူ့ဓားပြားရှည်ကို ပုခုံးထက် တင်ရင်း လွတ်လွတ်လပ်လပ်လျှောက်သွား နေတာဖြစ်သည်။

ချူယိ သူ့ဓားရှည်ဖြင့် ထိုကြက်တောင်ကို ပိတ်ဆို့ရန်ကြံရွယ်လိုက်သည်။ သို့သော် ချူချီ အတွင်းအားထည့်ပြီးရိုက်လိုက်တာ ကြောင့် ၎င်းမှာ ချူယိထံ အလင်းအလျင်နှင့် ပျံသန်းလာကာ ချူယိမပိတ်ဆို့နိုင်ခင်မှာ ကြက်တောင်ဟာ သူ့နဖူးကိုရိုက်ခတ်သွား တော့သည်။

တစ်ခဏအတွင်းမှာပဲ ချူယိနဖူးအဖုကြီးထ ကာ ယောင်ကိုင်းလာတော့သည်။

“ချူကျီ၊ ငရှုပ်ကလေး။ မင်းအကြီးကို ရိုက်ရဲတယ်ပေါ့။ မင်းအဲ့မှာ ငါမိတဲ့ထိစောင့်နေ”

ထိုသို့ပြောကာ သူ့ဓားပြားရှည်ကြီးကို မ ရင်း ချူကျီ့ထံ ဒေါသတကြီး ဦးတည်လာတော့ သည်။

All Chapters