အခန်း (၅၈၁-၅၈၃)
Vol. 12 Ch. 581-583
အခန်း ၅၈၁ တစ်အိုးတည်းစား
ချူကျီမှာ ဤကိစ္စနှင့် ပတ်သက်၍ အပြစ်ရှိသကဲ့သို့ ခံစားနေရပြီး သူ့ဆီသို့ ချူယိ ဒေါသတကြီးဖြင့် လာနေသည်ကို တွေ့ရသောအခါ အနီးဆုံးတွင်ရှိသည့် လုံချီ ၏ အနောက်တွင် အလိုအလျောက် ဝင်ပုန်းလိုက်မိသည်။
လုံချီ သည် ထိုနေရာတွင် အချိန်အနည်းငယ်ကြာ ရပ်နေရသဖြင့် နဂိုကပင် စိတ်မကြည်ဖြစ်နေပြီဖြစ်သည်။ချီကျီကြောင့် သူ ပစ်မှတ်ဖြစ်သွားသည်ကို တွေ့ရသောအခါ ပို၍ပင် စိတ်မကြည်ဖြစ်လာတော့သည်။
ကံမကောင်းစွာဖြင့် ချူယိမှာ မည်သူမည်ဝါ ခွဲခြားမှတ်မိနိုင်စွမ်းအားနည်းပေသည်။ချူကျီ၏ ရှေ့တွင် မည်သူရှိသည်ကို မကြည့်မိဘဲ ဓားရှည်ကြီးကိုင်ကာ ပြေးလာခဲ့သည်။သူ့နဖူးပေါ်မှ အဖုအကြောင်းတွေးကာ ချူကျီအား အသေသတ်ချင်စိတ်များ ပေါက်နေတော့သည်။
ချုကျီဟူသော လူတေလူညစ်သည် သူ၏ကိုယ်ခံပညာက ပိုသာသည်ဟူသောအကြောင်းဖြင့် သူ့အား အထင်သေးအမြင်သေးနေသည်မှာ ကြာပြီဖြစ်သည်။ချူကျီ၏ ဘဝင်မြင့်နေခြင်းကို ယနေ့တွင် သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။
“ချူကျီ မင်းယောက်ျားဆို ပုန်းမနေနဲ့။ထွက်လာပြီး ငါ့ကို ရင်ဆိုင်လိုက်။”
လုံချီမှာ နားစည်ကွဲထွက်မတတ် နားအူသွားသော်လည်း ဒေါသမပေါက်ကွဲထွက်ရန် အတတ်နိုင်ဆုံး ထိန်းကာ ပြောလိုက်သည်။
ထိုအခါမှပင် သူ့အရှေ့တွင် ရှိနေသောသူမှာ အိမ်ရှေ့စံဖြစ်နေမှန်း ချူယိ သတိထားမိလိုက်သည်။ သူ အိမ်ရှေ့စံအား မပြေမပြစ်အရိုအသေပေး၍
ထိုနောက် လုံချီ ဘာမှမပြောသေးခင် ကိုယ်မတ်ကာ ဆက်ပြောလိုက်သည်။
“မင်းသား ဘေးဖယ်တော်မူပါ။ချူကျီ ကျုပ်ကို အကြောင်းမရှိ ဒဏ်ရာရအောင် လုပ်တယ်။ဒီကိစ္စ သူနဲ့ ရှင်းမလို့ပါ”
သူ့ဦးလေးတော်သာ ချူယိကို တန်ဖိုးမထားလျှင် ဤအပြုအမူမျိုးအား သူလုံးဝလက်ခံမည် မဟုတ်ပေ။
ထို့အပြင် ဤနေရာသည် ဇာမဏီနန်းတော် ဖြစ်သည့်အပြင် သူ့ရှေ့မှလူသည် ဦးရီးတော်၏ လူဖြစ်သည်။သူမကျေနပ်သော်လည်း ချူယိအတွက် နေရာဖယ်ပေးလိုက်လေသည်။
ချူယိမှာ ဒေါသတကြီးဖြင့် သူ့ဓားရှည်အား ကောက်ကိုင်လိုက်ပြီး ချူကျီကို ခုတ်ချလိုက်သည်။
ချူယိမှာ ပုန်းစရာမရှိတော့ဘဲ ဇာမဏီနန်းတော်မှ ထွက်ပြေးသွားသော ချူကျီထံ အာရုံရောက်နေသဖြင့် လုံချီပြောတာကို မကြားလိုက်ပေ။
ချူကျီအား သူ လွှတ်ပေးလိုက်မိသည်။ ထို့ကြောင့်သူ ကိုယ်ဖော့သိုင်းသုံးကာ အနောက်မှ လိုက်ဖမ်းတော့သည်။
ဇာမဏီနန်းတော်ကြီးတွင် သူ့ကြောင့် မငြိမ်သက်မှုများ ဖြစ်ကျန်ခဲ့သည်ကိုတော့ ချူယိ လုံဝ မသိဘဲ ခဲ့ပေ။
သူတို့သည် အိမ်ရှေ့စံအနီးတွင် ရပ်နေကြသဖြင့် ချူယိ၏ ဓားမှ ထွက်လာသော အေးစိမ့်နေသည့် ရောင်ဝါသည် သူတို့ဆီသို့လည်း သက်ရောက်သွားခဲ့သည်။
သူတို့သည် ကိုယ်ခံပညာ မတတ်ကျွမ်းသဖြင့် ဓားသွားမှ အနီးသို့ရောက်လာသောအခါ သူတို့ကိုယ်ရှိ သွေးများ လှိုင်းကဲ့သို့ လှုတ်ခတ်သွားသည်။သူတို့ကိုယ်တွင်းအင်္ဂါများပင် နေရာပြောင်းသွားသည်ဟု ခံစားလိုက်မိသည်။
ကိုယ်လုပ်တော်များမှာ ယခုဖြစ်ရပ်အား ပြန်တွေးကာ ကြောက်ရွံ့နေကြသည်။
“ဒီ အထိတ်တလန့် ဖြစ်စရာအတွက် တောင်းပန်ပါတယ် အရှင့်သား။ကျွန်တော်မျိုး မင်းကြီးဆီလျှောက်တင်ပြီး ချူကျီ နဲ့ ချူယိ ကို ထိုက်သင့်တဲ့ အပြစ် ပေးခိုင်းလိုက်ပါ့မယ်။တော်တော် အတင့်ရဲတဲ့ နှစ်ယောက်။အိမ်ရှေ့စံရှေ့မှာ ရန်ဖြစ်ရဲရတယ်လို့”
ကျောက်ချန်သည် ချူကျီ ၊ချူယိ တို့အပြင် အခြားသူများနှင့် တစ်အိုးတည်းစားတွေ ဖြစ်မှန်း လူတိုင်းသိသည်။သူတို့မှာ အလွန် ခင်မင်ကြသည်။
ကျောက်ချန် ကတိပေးသော်လည်း ထိုစကားထဲတွင် လေသာရှိသည်။လူတိုင်း ထွက်သွားသည်နှင့် ဤကိစ္စကို ပေါ့ပေါ့တန်တန် တွေးလိုက်မည်ဖြစ်သည်။
“မိန်းမစိုး ကျောက်ကို ဒုက္ခမပေးလိုပါဘူး။ဦးရီးတော် နဲ့ မိဖုရားကိုလည်း တွေ့ရဦးမှာဆိုတော့ ကိုယ်တိုင်ပဲ လျှောက်တင်လိုက်ပါ့မယ်”
အခန်း ၅၈၂ ဖြောင့်မတ် မှန်ကန်သော ဦးလေး
ထိုစကားကြားသောအခါ ကျောက်ချန်၏ မျက်နှာ၌ ပြောဆိုရန်ခက်ခဲနေပုံ ပေါ်လာသည်။
“ဒါပေမယ့် မင်းကြီးက...”
“ဦးရီးတော် ဘာဖြစ်လို့လဲ”
လုံချီ အမြန်မေးလိုက်သည်။
“မင်းကြီးနဲ့ မိဖုရားက မနက်စာသုံးဆောင်ပြီးပါပြီ။ဒါပေမယ့် မင်းကြီးက မိဖုရားနဲ့ အတူ အိပ်စက်ဆောင်ကို ပြန်ကြွသွားပါတယ်။သူ့ကို စောင့်မနေကြဖို့ ကျွန်တော်မျိုးကို မှာခိုင်းလိုက်ပါတယ်။အားလုံး ပြန်ကြွနိုင်ပါပြီ။”
ထိုသို့ ပြောပြီးနောက် ပြောရခက်နေဟန်ဖြင့် ကျောက်ချန်ချောင်းဟန့်လိုက်သည်။
အမှန်မှာ လုံယန် မနက်စာ စားပြီးသောအခါ လုလျန့်ဝေ ဆေးသောက်ရမည့် အချိန် ဖြစ်သည်ကို မှတ်မိသွားသဖြင့် သူမအား အခန်းထဲကို ခေါ်သွားခြင်းဖြစ်သည်။သူမ၏ အဖုအပိမ့်များကိုလည်း ပျောက်မပျောက် ကြည့်ချင်သဖြင့် သူအားစောင့်နေသည့် သူများ ရှိကြောင်းကို မေ့သွားခြင်းဖြစ်သည်။
သို့ရာတွင် ကျောက်ချန်၏ စကားအသုံးအနှုန်း နှင့် အမူအရာမှာ အဓိပ္ပာယ်တစ်မျိုးပါနေသဖြင့် တခြားသူများမှ တွေးတောနေမိသည်။
သူ၏ ဖြောင့်မှန်သော ဂုဏ်ရှင် ဦးလေးတော်သည် ထိုကဲ့သို့သော စိတ်မရှည်သည့် တဏှာရူး ဖြစ်နေမှန်း မထင်ခဲ့၍ ဖြစ်သည်။
သူတို့ တုန်လှုပ်နေသလို အလွန် မနာလိုလည်း ဖြစ်နေကြသည်။
မင်းကြီးက ဒီလောက်ထိ လုလျန်ဝေကို စွဲလမ်းနေတာလား။
သူမသည် အတွေ့အကြုံမရှိသော မုန်းစရာ ကောင်မလေးသာဖြစ်သည်။အလွန်လှပသော်လည်း အသက်မှာ ငယ်ရွယ်သေးသည်။
ကိုယ်လုပ်တော် သုံးယောက်စလုံးတွင် စိတ်ခံစားချက် အဖုံဖုံ ပေါ်လာခဲ့သည်။သူတို့၏ စိတ်ခံစားချက်အမျိုးမျိုးတွင် အမုန်းတရားနှင့် မနာလိုစိတ်များလည်း ပါဝင်နေသည်။
ကျီလင်းဟွေ့မှာ ထိုထဲတွင် အဆိုးဆုံးဖြစ်သည်။သူမမျက်လုံးထဲရှိ အမုန်းဆိပ်မှာ ဖွက်မရအောင်ပင် ဖြစ်နေသည်။
သူမ လက်ကိုင်ပုဝါကို အားဖြင့် ဆွဲဆုတ်လိုက်သည်။သူမ၏ရူးသွပ်ဖွယ် မနာလိုစိတ်မှာ သူမ၏ သိမ်မွေ့လှပသော မျက်နှာအား ရိုင်းစိုင်းဟန် ပေါ်သွားစေသည်။
တောက်ပကျော့ရှင်း နန်းဆောင်ထဲသို့ ပြန်ရောက်သည်နှင့် ကျီလင်းဟွေ့သည် ငွေအပ်များကို ဆွဲယူ၍ ရှောင်းရှ၏ အသားထဲသို့ စိုက်လိုက်သည်။
ရှောင်ရှမှာ နာကျင်မှုကြောင့် တွန့်လိမ်သွားသော်လည်း အသံမထွက်ရဲပေ။
“ရှုလေး ဆိုတဲ့တစ်ယောက် ဘာတွေလုပ်နေတာလဲ။သူပြောတော့ အဲ့အပျက်မ လုလျန်ဝေ နန်းတော်ထဲ မဝင်နိုင်အောင်လုပ်မယ်ဆိုပြီး ကတိပေးထားပြီး အခုကျကြည့်ဦး”
ရှောင်ရှ ထွက်သွားသည်နှင့် သူမကိုယ်တွင် စွမ်းအင်မရှိတော့သည့်အလား ကျီလင်းဟွေ အိပ်ရာပေါ်သို့ ပုံကျသွားသည်။
သို့ရာတွင် သူမနှလုံးသားမှာ ဝမ်းနည်းမှု၊မုန်းတီးမှု နှင့် ကလဲ့စားတို့ဖြင့် ပြည့်နေသည်။
လုလျန့်ဝေကိုတော့ မြတ်နိုးပြီး သူမကိုတော့ အဘယ်ကြောင့် မမြတ်နိုးရသနည်း။
“သမားတော်ချုပ် လင်း ညွှန်ကြားတဲ့ အတိုင်း ဆေးကို တစ်နေ့နှစ်ခါသောက်တာပဲကို ဘာလို့ အဖုတွေက မပျောက်သေးတာလဲ။သမားတော်ချုပ်လင်း ပညာကျနေပြီထင်တယ်။ဒီလို အဖုအပိမ့်လေးတွေတောင် ပျောက်အောင် မကုနိုင်တာ။”
သမားတော်ချုပ်လင်း၏ အပြစ်မဟုတ်သော်လည်း ကဲ့ရဲ့ခံနေရသည်ကို ကြားလိုက်သောအခါ လုလျန့်ဝေ ချွေးပြန်သွားလေသည်။
“သမားတော်ချုပ်လင်းရဲ့ ဆေးစာက ဘာမှမဖြစ်ပါဘူး။ဒီအဖုမျိုးက လွယ်လွယ်နဲ့ မပျောက်တတ်တာပါ။အနည်းဆုံး နှစ်ရက်ကြာမှ ဒီလက္ခဏာတွေက ပျောက်တတ်တာ။အခုလည်း တော်တော်လေး လျော့သွားပါပြီ
အခန်း ၅၈၃ သူ့အကြည့်အနည်းငယ်မှိန်သွားသည်
“နှစ်ရက် အနည်းဆုံးလား”
လုံယန့် မျက်နှာသည် စိတ်ပျက်ဟန်ပေါ်နေသည်။
လုလျန့်ဝေ မှာ စိတ်ထဲ ပြုံးနေမိသည်။သမားတော်ချုပ် လင်း ပေးခဲ့သောဆေးမှာ အာနိသင်နည်းသည်ကို သူ့အား မပြောပြရန် ဆုံးဖြတ်လိုက်သည်။ဆေးအာနိသင်မှာ အတော်ပျော့သဖြင့် သူမ နေပြန်ကောင်းချိန်ကြာမည်မှာ ပုံမှန်ပင်ဖြစ်သည်။
ထို့အပြင် သူမကိုယ်ပေါ်မှ အဖုများသည် ယားယံခြင်း၊နာကျင်ခြင်းများ မရှိပေ။ သူမရုပ်ခန္ဓာပေါ် သက်ရောက်မှုမှာ မရှိသလောက်ဖြစ်သဖြင့် သူမ စိတ်ထဲမထားထားတော့။
“ဟုတ်တယ်။အဖုတွေ ပျောက်ဖို့က နှစ်ရက်အနည်းဆုံးကြာမှာ။ဒါတောင် ရက်လျှော့ပြီး တွက်ထားတာ။တကယ်က နှစ်ရက်နောက်ပိုင်းမှ သေချာသိရမှာ”
ထိုသို့ ပြောပြလိုက်သောအခါ သူ့မျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာသည်ကို သူမတွေ့ရသည်။သူမ တွေးတောပြီးနောက် သူ့အား နှစ်သိမ့်လိုက်သည်။
“အဖုတွေက နာလည်းမနာဘူး။ယားလည်းမယားဘူး။ကျွန်မ ဘယ်လိုမှ မနေပါဘူး။မစိုးရိမ်ပါနဲ့ မင်းကြီး။”
သူမစကားကိုကြားသောအခါ လုံယန် အနည်းငယ် စိတ်တိုသွားသော်လည်း သူမစကားများကို လက်ခံလိုက်သည်။
လုံယန် အခန်းထဲမှ ထွက်သွားမည့်ပုံမပေါ်သဖြင့် လုလျန်ဝေ ခဏမျှစောင့်ပြီး သူ့အား သတိပေးလိုက်သည်။
“မင်းကြီး၊တိုင်းပြည်ရေးရာတွေ ရှိသေးတယ်မလား။ဒီမှာမှ ဘာမှမဖြစ်တာ။စိတ်မပူဘဲ သွားစီမံပါ”
လုလျန့်ဝေမှ သူ့အား သွားရန် တိုက်တွန်းနေခြင်းဖြစ်သည်။
လုံယန်၏ နက်မှောင်၍ ခန့်မှန်းမရသော မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“မင်းက ကိုယ့်ကို ဒီမှာ မရှိနေစေချင်ဘူးလား”
လုလျန့်ဝေသည် သူ၏ခန့်ညားချောမောသော မျက်နှာအား ကြည့်ကာ ပြုံးလိုက်သည်။
“ဟင့်အင်း”
သူမသည် ကလေးမဟုတ်သကဲ့သို့ နန်းတော်ကြီးမှာလည်း ကြီးမားလှသဖြင့် လည်ပတ်စရာနေရာ အနည်းအကျဉ်းမကပေ။မဟုတ်ရင်လည်း စာဖတ်နိုင်သလို ဆေးညွှန်းများလည်း ဖော်စပ်နေနိုင်သည်။သူမအား သူအဖော်ပြုပေးရန် မလိုအပ်ပေ။
လုံယန်မှာ အနည်းငယ်ပြောစရာမရှိဖြစ်နေသည်။သူ၏ မိဖုရားလေးမှ သူ့အား တည့်တိုး ငြင်းလိုက်ခြင်းဖြစ်သည်။အလွန် ဝမ်းနည်းဖွယ်ရာပင်။
“တကယ်ကြီး အဖော်ပြုပေးဖို့ မလိုဘူးလား”
သူမအား သူ ပြုံးရင်းကြည့်လိုက်သည်။
လုလျန့်ဝေ ခဏရပ်လိုက်ပြီး သူမ၏တောက်ပသော မျက်လုံးများမှာ လခြမ်းအသွင် ကွေးသွားသည်။
“တကယ်မလိုတာပါ။မင်းကြီးလည်း စီမံခန့်ခွဲရဦးမယ်လေ။ကျွန်မကြောင့် ကြန့်ကြာနေရင် မကောင်းဘူး။”
“ကြန့်ကြာပစေ”
သူ လုံးဝ ဂရုမစိုက်ပေ။သူမ မသိလိုက်ခင်မှာပင် သူ့မအား ပွေ့ချီကာ ပေါင်ပေါ်သို့ တင်လိုက်သည်။
သူ့အကြည့်သည် သူမ၏ အစိုဓာတ်ကျန်နေသေးသော နှုတ်ခမ်းနီစိုစိုလေးပေါ်သို့ ရောက်သွားသည်။သူမ ပါးစပ်မှ ဆေးနံ့ကိုပင် သူရနေသေးသည်။
သူအကြည့်မှေးသွား၍ ထိုနှုတ်ခမ်းလေးအား မြည်းစမ်းတော့မည့်အချိန်မှာပင် အပြင်မှ ကျောက်ရှန်၏ စိုးရိမ်တကြီး အသံကို ကြားလိုက်ရသည်။
“သခင်ကြီး၊အရှင်မ။ မြို့စားကတော်ဟောင်းဆီကနေ မြို့စားကြီး ဒဏ်ရာအပြင်းအထန်ရထားပြီး သတိမရသေးဘူးလို့ သတင်းပို့လာပါတယ်။”
ကျောက်ချန် ခေါင်းခါလိုက်ပြီး
“ကျွန်တော်လည်း သေချာမသိပါဘူး။ဒီမနက်ကတင် နန်းတွင်းညီလာခံမှာ မြို့စားကြီးကို တွေ့လိုက်ပါသေးတယ်။သူ့ကြည့်ရတာ အကောင်းကြီးပါ။”
သူမအဖေမှာ ကျန်းမာရေးကောင်းသူဖြစ်သည်။အဘယ်ကြောင့် ရုတ်တရက် ဒဏ်ရာရကာ မေ့မျောနေရသနည်း။
သူမ ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်ပါ။ယခုပင် နန်းတော်မှ ထွက်ခွာရမည်။
သူမအိပ်ခန်းဆီ ပြန်ကာ လုံယန်အား ပြောပြရန် ပြင်လိုက်စဥ် သူထွက်လာသည်ကို တွေ့ရသည်။
သူမ ပခုံးများကို ဆုပ်ကိုင်ကာ ကျောက်ချန်အား သူမှာကြားလိုက်သည်။
“မြင်းလှည်း ချက်ချင်းပြင်။ငါ မိဖုရားကြီး မြို့စားအိမ်ဆီ ကြွမှာကို လိုက်ပါတော်မူမယ်”
“အမိန့်အတိုင်းပါ မင်းကြီး”
ကျောက်ချန် ချက်ချင်းပင် ပြင်ဆင်ရန် ထွက်သွားသည်။
လုံယန် လုလျန့်ဝေဆီသို့ လှည့်ကြည့်လိုက်သည်။သူ သူမမျက်နှာ သွေးဆုတ်နေသည်ကို မြင်ရသဖြင့် မျက်မှောင်ကျုံ့သွားရသည်။သူမ လက်ကလေးအား ကိုင်ကာ နှစ်သိမ့်လိုက်ပြီး
လုလျန့်ဝေ ခေါင်းညိတ်လိုက်သော်လည်း အလွန်စိုးရိမ်နေသေးသည်။သူမအတောင်ပံများပေါက်ကာ သူမအဖေဆီ ပျံသန်းသွားလိုကြောင်းပင် ဆုတောင်းနေမိသည်။
မကြာခင်တွင်ပင် ကျောက်ချန်ခေါ်လာသော လှည်းအတွင်းသို့ လုလျန့်ဝေ နှင့်အတူ လုံယန် ဝင်လိုက်သည်။
လှည်းထဲမှ မင်းကြီးနှင့် မိဖုရားတို့ ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ဘေးသို့ရပ်ကာ ဂါရဝပြုလိုက်သည်