← Chapters

အခန်း (၅၈၄-၅၈၆)

Vol. 12 Ch. 584-586

အခန်း (၅၈၄-၅၈၆)

Vol. 12 Ch. 584-586

အခန်း ၅၈၄ အနီးကပ်ကြည့်ရင် တကယ်စိတ်မပူပဲ လုပ်ကြံနေသလိုပဲ။

“လောကဝတ်တွေ မလိုပါဘူး။ထပါ”

လုံယန် ပြော၍ မတ်တပ်ရပ်ကြရန် လက်ယမ်းပြလိုက်သည်။ထို့နောက် လုလျန့်ဝေ၏ လက်ကိုကိုင်ကာ မြို့စားအိမ်တော်ထဲသို့ အမြန်ဝင်သွားသည်။

လုလျန့်ဝေမှာမူ လုဟယ့်ထျန်းအတွက် သောက ရောက်နေသဖြင့် သူတို့အား သတိမမူမိလိုက်ချေ။

မင်းကြီး နှင့် မိဖုရားတို့ မြို့စားအိမ်ထဲသို့ ဝင်သွားသည်ကို ကြည့်ကာ လုံချီ မျက်မှောင်ကြုတ်လိုက်သည်။

ဤအခြေအနေအား သူ့ဦးရီးတော်မှ စိတ်ထဲ တစ်မျိုးဖြစ်ပုံမပေါ်ပေ။

ဦးလေးနှင့် တူမှာ သမီးယောက်ဖများ ဖြစ်နေခဲ့သည်။တစ်ယောက်ယောက်ဆီမှသာ ဤအကြောင်း ကြားလျှင် ရယ်စရာကောင်းလိမ့်မည်ပင်။

လုလျန့်ဝေ သူမရှေ့မှဖြတ်၍ မြို့စားအိမ်ထဲသို့ ဝင်သွားသည်ကို ကြည့်ကာ လုယွင်ရွှမ်း မပျော်ရွှင်ဖြစ်သွားသည်။

‘သူလည်း သူ့အဖေကို စိုးရိမ်တာပဲလေ။

လုလျန့်ဝေ ဘယ်သူ့ကို လာစိုးရိမ်ပြနေတာလဲ။’

ထိုသို့တွေ့ကာ လုလျန့်ဝေအား အရှုံးမပေးရန် လုယွင်ရွှမ်း ဆုံးဖြတ်ပြီးနောက် လုံချီဖက်သို့ လှည့်ကာ

“ ဝင်ကြရအောင်ပါ အရှင့်သား။အဖေ့ဒဏ်ရာကို ကျွန်မစိုးရိမ်လို့”

“မြို့စားကတော်ဟောင်းရှင့် ဝေဝေလေး ရောက်နေပါပြီ”

လုလျန့်ဝေ အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်သဖြင့် မြို့စားကတော်ဟောင်းအား အဒေါ်လန်မှ အသိပေးလိုက်သည်။

“အဖွား။သူစိမ်းတွေမရှိပါဘူး။မလိုတဲ့ လောကဝတ်တွေ မပြုပါနဲ့”

မြို့စားကတော်ဟောင်း ခေါင်းညိတ်လိုက်ပြီး ဂါရဝပြုခြင်းကို ရပ်လိုက်သည်။သူမ လုလျန့်ဝေ မျက်နှာထက်ရှိ ဝမ်းနည်းရိပ်များကို မြင်လိုက်သဖြင့် လက်ကိုကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မပူပါနဲ့။မင်းအဖေ အခြေအနေကောင်းပါတယ်။သတိပြန်မလည်လာသေးတာပဲ ရှိတာ”

ထို့စကားကြားသောအခါ လုလျန့်ဝေ စိတ်အေးသွားသည်။

“အဖွား ထိုင်ပါဦး။ကျွန်မ အဖေ့သွေးကြော စမ်းကြည့်မလို့”

လုလျန့်ဝေ အိပ်ရာဘေးသို့ကပ်သွားကာ မေ့မျောနေသော သူမအဖေအား ကြည့်လိုက်သည်။သူမအဖေအား ထို့ကဲ့သို့ မြင်ရသောအခါ ဝမ်းနည်းစိတ်ဝင်လာခဲ့သည်။

သူမ အာရုံစူးစိုက်ရန် ခေတ္တမျှ အသက်ရှူလိုက်သည်။ ထို့နောက် သွေးကြောစမ်းရန် သူမ ငုံ့လိုက်သည်။သူ၏သွေးခုန်နှုန်း အားနည်းနေကာ မတည်ငြိမ်ကြောင်း တွေ့လိုက်ရသည်။ အကြောင်းရင်းမှာ သွေးထွက်လွန်ခြင်း ဖြစ်နိုင်သည်။သူ၏လည်ပင်းတစ်ဝိုက်ပတ်ထားသော ပတ်တီးများအား ကြည့်ကာ သူမရင်ထဲ တင်းကျပ်သွားရသည်။

သူမအဖေသည် လည်ပင်းတွင် ပြင်းထန်သောဒဏ်ရာ ရထားပုံရသည်။

‘အကောင်းကြီး ရှိနေတာကို ဘယ်လိုဖြစ်ပြီး လည်ပင်းဒဏ်ရာ ရရတာလဲ’

သွေးခုန်နှုန်းအရ ဒဏ်ရာမှာ အလွန်ပြင်းထန်ထားပုံရသည်။

လုလျန့်ဝေ သူမအဖေလက်အားလွှတ်ကာ မြို့စားကတော်ဟောင်းကို မေးခွန်းမေးလိုဟန်ဖြင့် ကြည့်လိုက်သည်။

မြို့စားကတော်ဟောင်း တစ်ခုခုပြောရန် ပြင်လိုက်စဉ် ဒေါ်လေး လင်း မှ အသိပေးလိုက်သည်။

မြို့စားကတော်ဟောင်း မျက်မှောင်ကြုတ်၍ ပြောမည့်စကားကို ရပ်ကာ ထရပ်လိုက်သည်။

လုယွင်ရွှမ်း ပြောသော်လည်း အိပ်ရာပေါ်တွင် သတိမေ့နေသော လုဟယ့်ထျန်းအား တစ်ချက်မျှ လှည့်မကြည့်ခဲ့ပေ။သူမ ပထမဆုံးမေးသူမှာ မြို့စားကတော်ဟောင်းဖြစ်၍ သူမမျက်နှာတွင် စိုးရိမ်ဟန်ပေါ်နေသည်။

မြို့စားကတော်ဟောင်းက လုယွင်ရွှမ်းသည် သူမအဖေအား ကြည့်ပင်မကြည့်ဘဲ အခွင့်အရေးရသည်နှင့် သူမကိုသာ မေးမြန်းနေသည်ကို မြင်လိုက်ရသည်။အပေါ်ယံတွင်မူ လူဟယ့်ထျန်းဒဏ်ရာအတွက် စိုးရိမ်နေပုံပေါ်သော်လည်း သေချာကြည့်ပါက အမှန်တကယ် စိုးရိမ်သည်ထက် ဟန်ဆောင်နေသည်က ပိုများသည်။

ထိုစကားကြားသောအခါ လုယွင်ရွှမ်း သက်ပြင်းချလိုက်ပြီး

ထိုအခါမှသာ သူမ အိပ်ရာဆီသို့ ကပ်သွားကာ မေ့မျောနေသော လုဟယ့်ထျန်းအားကြည့်၍ စတင်ငိုလိုက်သည်။

မြို့စားကတော်ဟောင်း ပြန်မပြောခင် ခေတ္တမျှ ရပ်နေသည်။

“အဖေ့ကို အနာတရဖြစ်အောင် လုပ်ရဲတယ်ဆိုတာ တော်တော်မျက်နှာပြောင်တိုက်တဲ့ လုပ်ကြံသူပဲနေမှာ။မရဘူး။ရအောင်ကို ဖမ်းမှဖြစ်မယ်”

“မင်းကြီး၊ အဖေ့အတွက် တရားမျှတမှုရဖို့ လုပ်ကြံသူဖမ်းဆီးရေး ပြန်တမ်းထုတ်ပေးပါရှင့်”

“ဒီကိစ္စကို ကျုပ်သင့်တော်သလို စီမံပါ့မယ်။အိမ်ရှေ့စံမင်းသမီး စိုးရိမ်စရာမလိုပါဘူး”

အခန်း ၅၈၅ ပြောပြပြီးရင် အဖွား စိတ်မဆိုးနဲ့နော်

လုံယန်မှ သူမအား စိတ်မပူရန် ပြောလိုက်ခြင်းသည် လုယွင်ရွှမ်းအား ရိုက်နှိုးလိုက်သကဲ့ သို့ ဖြစ်သွားသည်။

ဧကာရာဇ်သည် သူမအား နယ်မကျွံရန် သတိပေးနေခြင်းဖြစ်သည်။

သူမသည် တိတ်ဆိတ်နေသော လုလျန့်ဝေကို ကြည့်အား အနည်းငယ် ဝမ်းနည်းသွားရသည်။

သူမသည် သူမအဖေကို စိုးရိမ်သဖြင့် အလောတကြီးပြုမိခြင်းဖြစ်သည်။သူမမှာ အမှန်တကယ် ခံစားနေရခြင်းဖြစ်ပြီး လုလျန့်ဝေမှာ မိဖုရားဂုဏ်မောက်ပြီး ယခုတစ်ချိန်လုံး တိတ်ဆိတ်နေခြင်းဖြစ်သည်။

လုလျန့်ဝေသည် သူမကိုချစ်မြတ်နိုးသော ဖခင်ကို မစောင့်ရှောက်နိုင်ခဲ့သဖြင့် ဖခင်ဒဏ်ရာရသည်ကို မိဖုရားဂုဏ်ဟန် ပြနေသည်။

“ဟုတ်ကဲ့ပါ၊ မင်းကြီး”

လုယွင်ရွှမ်း မည်မျှပင် မပျော်ရွှင်ဖြစ်နေသော်လည်း မင်းကြီးရှေ့တွင် နာခံဟန် ဆောင်သင့်သေးသည်။

လုံချီ သူမအား စိတ်ညစ်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

ယခုရှိနေသော လုလျန့်ဝေမှာ သူမထက် နန်းဂုဏ်မြင့်သည်။အရိပ်အကဲ မသိဘဲ သူမ အပေါ်အာရုံရောက်စေရန် ကြိုးစားနေသည်မှာ ရူးမိုက်သောအလုပ်သောအလုပ်ပင်။

လုယွင်ရွှမ်း သူမအဖေပေါ် ဟန်ဆောင်ပြနေတာကို လူမမြင်မှာ စိုးရိမ်နေတာလား။

လုံချီမှာ သူမအား အနည်းငယ် စိတ်ညစ်မိသော်လည်း သတိပေးရန် မသင့်တော်သော ကာလ ဖြစ်သဖြင့် သူမထိုကဲ့သို့ ရူးမိုက်သောအလုပ်များ မလုပ်ရန်သာ မျှော်လင့်နေရသည်။

လုံယန် ပြောလိုက်သည်။မြို့စားကတော်ဟောင်းမှ တစ်ခုခုပြောချင်နေသော်လည်း လုံချီ နှင့် လုယွင်ရွှမ်း ရှိနေသဖြင့် ပြောမထွက်ပုံပေါ်နေသည်။

လုလျန့်ဝေ တုန်လှုပ်သွားသော်လည်း တစ်ခုခုကိုတွေးမိလိုက်သဖြင့် နားလည်သွားသည်။သူမ မျက်မှောင်ကြုတ်ကာ မနှစ်သက်ဟန် ပြောလိုက်သည်။

“အဖေက တော်တော်အလျင်စလိုလုပ်တာပဲ”

လုလျန့်ဝေ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူမ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာရသည်။

“မင်းအဖေက သူမိန်းမကွယ်လွန်သွားပြီလို့ ထင်နေခဲ့တာ။ဒါကြောင့် မင်းအပေါ်ကိုပဲ ပုံပြီးချစ်ခဲ့တာ။မင်းကို အရမ်းချစ်ပြီး အလိုလိုက်ခဲ့တာတွေက သူစိတ်ဖြေရာပဲလေ။အခု မင်းအမေ ပြန်ရောက်လာတဲ့အခါကျတော့ သူ့အပေါ်မှာရှိတဲ့ အချစ်ကို မျိုသိပ်မထားနိုင်တော့ဘူး။ဒါပေမယ့် မင်းအမေက သူ့ကို အူလှိုက်သည်းလှိုက် မုန်းတာဆိုတော့ သူ့မှာ တော်တော်ကြီး ခံစားနေရတာ။သူ ဒီနေ့ အဆုံးထိသေကြောင်းကြံတာ။သူသာ သေရင် မင်းအမေရဲ့ အမုန်းတွေ ပျောက်သွားမလားဆိုပြီးတော့”

ထိုသို့ပြောကာ အိပ်ရာပေါ်မှ မေ့မျော်နေသော လုဟယ့်ထျန်းကိုကြည့်၍ လုလျန့်ဝေ အလွန်တရာမှ ဝမ်းနည်းလာမိသည်။

သူမစိတ်ထဲ တစ်ခုခုပေါ်လာသဖြင့် မြို့စားကတော်ဟောင်းအား လှည့်၍ မေးလိုက်သည်။

“မင်းအမေက သူ့ကို ဒီပြန်ပို့လိုက်တာ။သူဘာမှ မပြောပေမယ့် ဘာဖြစ်မှန်း ငါသိတယ်။မင်းအဖေ သိုင်းစွမ်းအားက မင်းအမေနဲ့ အတူတူပဲ။သူသာ သေချင်စိတ်မရှိရင်သူ့ကို ရန်ပြုနိုင်တဲ့သူ မရှိသလောက်ပဲ။ပြီးတော့ ဒါက သေလောက်တဲ့ဒဏ်ရာလေ။သူ့ကို ဆေးကုပတ်တီးစီးပေးပြီးတာနဲ့ မင်းအမေ ပြန်ထွက်သွားတာပဲ”

မြို့စားကတော်ဟောင်း ထပ်မံ သက်ပြင်းချလိုက်မိသည်။

လုလျန့်ဝေ အတွေးထဲတွင် မျောနေပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

သူမ ခဏမျှရပ်ကာ မြို့စားကတော်ဟော်းလက်ကို ဆွဲကိုင်၍ တုံ့ဆိုင်းကာ ပြောလိုက်သည်။

“အဖွား ကျွန်မ သံသယရှိတာ တစ်ခု ရှိတယ်။ပြောပြပြီးရင် အဖွား စိတ်မဆိုးနဲ့နော်”

အခန်း ၅၈၆ မင်းအဖေမြတ်နိုးတဲ့ ပစ္စည်းတစ်ခုကို ထုတ်ပြခဲ့တယ်။

မြို့စားကတော်ဟောင်း ရယ်ပြုံးပြုံးလိုက်သည်။

“မင်းအဘွားကို အဲ့လောက်များ စိတ်တိုလွယ်တယ် ထင်နေတာလား။ပြောသာပြောပါ”

လုလျန့်ဝေသည် လုံယန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် မြို့စားကတော်ဟောင်းဘက် ပြန်လှည့်ကာ

“အဘွားပြောဖူးတာက ဒေါ်လေးကျန်းက ဟိုးအရင်တုန်းက အစ်မကို မီးဖွားပြီးတော့ အဖေ့ကို လာရှာပြီး သူကလေးဆိုပြီး လာပြောတယ်ဆို။အဲ့ကြားထဲမှာ အချိန်တော်တော်ကွာနေတာကို အစ်မက အဖေ့ရဲ့ကလေးမှန်း အဖွားတို့အားလုံး ဘယ်လိုသိကြတာလဲ။နည်းနည်းတောင် သံသယမဖြစ်ကြဘူးလား”

ဟု ပြောလိုက်သည်။

ထိုစကားကြားသောအခါ မြို့စားကတော်ဟောင်းမျက်နှာမှာ ပျော့ပြောင်းသွားသည်။

“ဘယ်သံသယမရှိဘဲ နေမလဲ။မင်းအဖေဆို ဒေါ်လေးကျန်း ကလေးပွေ့ပြီးရောက်လာပြီးတော့ သူ့ကလေးပါလို့ အသိအမှတ်ပြုစေချင်နေတော့ ရိုက်သတ်ပစ်ချင်စိတ်ပါပေါ်နေတာ။ရွှမ်းလေးက သူ့ကလေးမဟုတ်မှန်း အတင်းငြင်းပေမယ့် ဒေါ်လေးကျန်းက ဒါသူ့ကလေးဆ်ိုပြီးတော့ကို ပြောနေတာ။ပြီးတော့ မင်းအဖေနဲ့ သူရှိနေတဲ့အချိန်ရယ် ၊ရွှမ်းလေးမွေးတဲ့အချိန်ရယ်က ကိုက်နေတယ်။သက်သေအနေနဲ့ ဒေါ်လေးကျန်းက မင်းအဖေမြတ်နိုးတဲ့ ပစ္စည်းတစ်ခုကိုပါ ထုတ်ပြလိုက်တာ။မင်းအမေဆို အဲ့နေရာမှာတင် သွေးအန်မတတ် ဒေါသတွေထွက်တာဆိုတာ”

မြို့စားကတော်ဟောင်း သက်ပြင်းချလိုက်သည်။

“အဲ့နေ့က ဒေါ်လေးကျန်း ပြန်ရောက်လာတော့ အဝတ်တွေ ဆုတ်ပြဲနေပြီး အသားတွေကလည်း အစာရေစာပြတ်နေတော့ ဝါကျင့်နေတာ။ပိန်လွန်းလို့ သေတော့မလားတောင် ထင်ရတယ်။သူပြောပုံအရ မင်းမိဘတွေရဲ့ ဘဝကို မနှောင့်ယှက်ချင်ပေမယ့် သူတစ်ယောက်တည်းသာဆို မင်းအမ ဆာလောင်ပြီးသေသွားမှာ စိုးရိမ်နေတာ။ဒါကြောင့် သူဒီကိုရောက်လာတာ။မင်းအမေကိုတောင် သူ ဘာဂုဏ်ပုဒ်မှ မလိုချင်ဘဲ မင်းအစ်မကိုပဲ အသိအမှတ်ပြုပေးဖို့ တောင်းဆိုနေတာ။”

“ဒေါ်လေးကျန်းဆိုတာ မင်းအမေ ငယ်တုန်းက ကယ်ပေးခဲ့တဲ့ အထီးကျန်အမျိုးသမီးတစ်ယောက်။သူ့ကို သနားစိတ်ဝင်ပြီးတော့ ဘေးမှာခေါ်ထားပြီး ညီအစ်မတွေလို စောင့်ရှောက်ခဲ့တာ။မင်းအဖေနဲ့ အတူနေပြီး အဲ့လိုသစ္စာဖောက်ခဲ့မယ်လို့ သူမထင်ခဲ့ဘူး...”

လုံယန်မှာ လုမိသားစု၏ အမည်းစက်ကြီးအား သိရှိရန် မရည်ရွယ်ထားသော်လည်း သိရှိလိုက်ရသဖြင့် အားနာကာ ဆင်ခြေပေး၍ အခန်းထဲမှ ထွက်သွားသည်။

သူထွက်သွားသည်ကို မြင်၍ မြို့စားကတော်ဟောင်း စိတ်သက်သာသွားကာ စကားဆက်လိုက်သည်။

“မင်းအမေ ငယ်ငယ်တုန်းက သဘောထားကောင်းတဲ့သူမှန်း ပြောဖူးတယ်မလား။သူဘယ်လောက်ပဲ ဒေါ်လေးကျန်းကို မုန်းမုန်း၊ သူ့မွေးထားတာ မင်းအဖေရဲ့ ကလေးလေ။သားအမိနှစ်ယောက်စလုံးကို မင်းအဖေသတ်လိုက်တောင် သူ့ကို သစ္စာဖောက်ခဲ့တာက ပြောင်းသွားမှာ မဟုတ်ဘူး။ဒါကြောင့် မင်းအဖေ သတ်မှာကို သူတားခဲ့တာ။ပြီးတော့ ဒေါ်လေးကျန်းကို မုန်းတာထက် မင်းအဖေကို မုန်းတာက ပိုပြင်းနေတယ်”

“သူ့အမြင်က ဒေါ်လေးကျန်းက အကာအကွယ်မဲ့တဲ့သူလေ။မင်းအဖေသာ ဆန္ဒမရှိရင် ဘယ်သူက သူ့ကို အတင်းခိုင်းနိုင်မှာလဲ။မင်းအမေယုံကြည်တာက မင်းအဖေက ဒေါ်လေးကျန်းကို မငြင်းခဲ့လို့သာ သူကလေးမွေးလာတာဆိုပြီးတော့။ဒါတောင် မင်းအဖေက သားအမိနှစ်ယောက်စလုံးကို သတ်မယ်လုပ်တော့ မင်းအမေက သူ့ကို ရက်စက်ပြီး သွေးအေးတယ် ထင်သွားရော။မင်းအဖေက မင်းအမေကို စိတ်ပျက်သွားအောင်လုပ်ခဲ့တော့ မင်းအမေပြောသမျှ ကို မငြင်းနိုင်ဘူး ဖြစ်နေတာ။ဒါကြောင့် ဒေါ်လေးကျန်းနဲ့ မင်းအစ်မ ဒီမှာ နေခွင့်ရတာ။ဒါပေမယ့် မင်းအဖေမသိလိုက်တာက မင်းအမေက သူ့ပေါ်မှာ တော်တော်လေးမုန်းတီးသွားတယ်ဆိုတာပဲ။ဒါကြောင့် နောက်ဆုံးတော့ ဘာမှ မပြောဘဲ ထွက်သွားခဲ့တာပေါ့”

ထိုနေရာသို့ရောက်သောအခါ လုလျန့်ဝေ မျက်မှောင်ကြုတ်လိုက်မိသည်။

သူမအမေငယ်စဥ်အချိန်တွင် အလွန် စိတ်ခံစားချက် ပြင်းထန်သည်ဟု သူမ တွေးမိသည်။

သို့ရာတွင် လုလျန့်ဝေမှာ အပြင်မှလူဖြစ်သဖြင့် အခြေအနေကို ဆင်ခြင်ဉာဏ်ရှိရှိ တွေးနိုင်ခြင်းဖြစ်သည်။

သူမမြတ်နိးရသော လင်ယောက်ျားမှ သစ္စာဖောက်သွားခြင်းကိုသာ ရုတ်တရက်သိလိုက်ရမည်ဆိုလျှင် မည်သို့မျှ ခံစားနိူင်မည် မဟုတ်ပေ။

သူမ၏အပြုအမူများမှာ ဒေါသပါနေသဖြင့် ဆင်ခြင်ဉာဏ်မဲ့နေမည်သာဖြစ်သည်။

သို့ရာတွင် လုလျန့်ဝေအမြင်အရ အရင်က ဖြစ်ခဲ့သောကိစ္စများမှာ ဟာကွက်များဖြင့် ပြည့်နေသည်။

ဒေါ်လေးကျန်းတစ်ယောက်တည်း လုယွင်ရွှမ်းကို ဘယ်လိုမွေးသလဲ။ပြီးတော့ ချက်ချင်းမလာဘဲ ဘာလို့ လုလျန့်ဝေ မွေးပြီးတဲ့အထိ စောင့်နေရတာလဲ။

ဖြစ်ခဲ့သမျှ ကိစ္စတို့သည် ထိုထက် ရှုပ်ထွေးကြောင်း လုလျန့်ဝေ သိလိုက်သည်။

အိပ်ရာပေါ်တွင် မေ့မျောနေသော သူမအဖေအားကြည့်ရင်း သူမအဘွားပြောဖူးသည်ကို လုလျန့်ဝေ သတိရလိုက်သည်။သူ့အမေသည် သူ့အဖေ၏ အသက်ပင်ဖြစ်သည်။လုလျန့်ဝေ တစ်ခုခုလုပ်လိုစိတ်ပေါ်လာသဖြင့် ထကာ မြို့စားကတော်ဟောင်းအား ပြောလိုက်သည်။

All Chapters