← Chapters

အခန်း (၅၈၇-၅၈၉)

Vol. 12 Ch. 587-589

အခန်း (၅၈၇-၅၈၉)

Vol. 12 Ch. 587-589

အခန်း ၅၈၇ မင်းကြီးလည်း လိုက်လာမှာပဲ။

လုလျန့်ဝေ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်”

မြို့စားကတော်ဟောင်းမှာ အနည်းငယ် စိုးရိမ်နေသည်။

“ဒါပေမယ့်...”

ထိုအချိန်တွင် လုထင်ချန်းနှင့်အတူ လုံယန် ဝင်လာကာ နွေးထွေးစွာဖြင့်

“အဘွား စိတ်မပူပါနဲ့။ကျွန်တော် ဝေဝေနဲ့အတူ လိုက်သွားလိုက်ပါ့မယ်”

ထိုသို့ကြားရသဖြင့် မြို့စားကတော် စိတ်အေးသွားသည်။

“ဒါဆိုရင်လည်း ဂရုစိုက်ကြဦး”

လုထင်ချန်းအား လုလျန့်ဝေ ကြည့်လိုက်သောအခါ သူ၏နဖူးတွင် ချွေးများပြန်နေသည်ကိုတွေ့ရသည်_အမြန်ပြေးလာပုံပင်။

“စိတ်ပူစရာမရှိတော့ဘူး ကိုကြီး၊အဖေ့ကို စမ်းသပ်ပြီးပြီ။ဒဏ်ရာကို ကုထားပြီးလို့ အဆင်ပြေပါတယ်။သွေးထွက်လွန်သွားလို့ မေ့နေတာ။”

လုထင်ချန်မှာ ကုတင်ဘေးတွင်ရောက်နေပြီး သူ့အဖေအား ကြည့်နေသည်။လုလျန့်ဝေစကားကို ကြားလိုက်ရသောအခါ သူ စိတ်အေးသွားသည်။

လုံယန် နှင့် လုလျန့်ဝေ အား သူလှည့်ကြည့်လိုက်သည်။

“ငါလည်း လိုက်မယ်”

လုလျန့်ဝေ မျက်မှောင်ကြုတ်လိုက်သည်။

“အဖေက မနိုးသေးဘူး။အဘွားကလည်း အသက်ကြီးနေပြီ။ကိိုကြီး အိမ်မှာနေပြီး အဖေ့ကို စောင့်ရှောက်တာ ပိုကောင်းမယ်။မင်းကြီးလည်း လိုက်လာမှာပဲကို”

လုထင်ချန်း မြို့စားကတော်ဟောင်းအား ကြည့်လိုက်သည်။သူမ၏နွမ်းနယ်မှုကို တွေ့ရသဖြင့် သူသဘောတူလိုက်သည်။

“ကောင်းပြီလေ။။နောက်မကျစေနဲ့ဦး”

“အင်းပါ”

ထို့နောက် မြို့စားကတော်ဟောင်းဘက်လှည့်ကာ

“အဖွား သွားနားလိုက်ပါလား။အစ်ကို ဒီမှာစောင့်နေမှာပဲကို”

သူမထွက်သွားပြီးနောက် လုလျန့်ဝေ နှင့် လုံယန်တို့လည်း ထွက်ခွာလာကြသည်။

တိမ်ဖြူဘုရားကျောင်းမှာ နန်းမြို့တော်နှင့် မဝေးဘဲ မြို့ပြင်မှ ဆယ်မိုင်ခရီးခန့်တွင် ရှိသည်။

တိမ်ဖြူဘုရား‌ကျောင်းမှာ ကျူဟွာကျောင်းတော်ရှိရာတောင်ခြေတွင် တည်ရှိသည်။

သူတို့ရထားလှည်းပေါ်မှ ဆင်းပြီးသောအခါ ကျောက်ချန်သည် လှည်းကို ဘေးတွင် လုံခြုံစွာ ရပ်လိုက်သည်။ထို့နောက် တိမ်ဖြူဘုရားကျောင်းသို့ လျှောက်သွားကာ တံခါးခေါက်လိုက်သည်။

သီလရှင်ငယ်တစ်ပါးက တံခါးဖွင့်ကာ ကျောက်ချန် ဝတ်စားပုံကိုကြည့်၍ ခေတ္တရပ်လိုက်ပြီး လက်အုပ်ချီ၍

တိမ်ဖြူဘုရားကျောင်းမှာ သီလရှင်သီးသန့်ကျောင်းဖြစ်ကာ လာရောက်သူယောကျ်ားရှားသဖြင့် သီလရှင်မှ ကျောက်ချန်အား အမွှေးတိုင် လာရောက်ပူဇော်သည်လား ဟု မမေးခြင်းဖြစ်သည်။

ကျောက်ချန်မှ ဖြေလိုက်သည်။

လုလျန့်ဝေမှ ရှေ့သို့တိုးကာ ဖြေလိုက်သည်။

ထိုသို့ကြားသောအခါ သီလရှင်လေးမှာ ကျေနပ်သွားသည်။

“ဝင်ခဲ့ပါ ဒကာမလု။ဆရာတော်ကို အခုချက်ချင်း ခေါ်ပေးပါ့မယ်”

“မင်းကြီး ၊ဒါက သီလရှင်သီးသန့်ကျောင်းဆိုတော့ မင်းကြီးတို့ နှစ်ယောက် ဝင်ဖို့မသင့်တော်ဘူး။ကျွန်မ သွားကြည့်နေတုန်း အပြင်မှာ စောင့်နေပါလား။”

လုံယန် မျက်မှောင်ကြုတ်ကာ သူမလက်အား ဆွဲကိုင်လိုက်သည်။

“မင်းတစ်ယောက်တည်းကျ စိတ်ပူတယ်”

လုလျန့်ဝေသည်သူမခါးတွင်လွယ်ထားသော အိတ်အားပုတ်ပြကာ အသံတိုး၍ ပြောလိုက်သည်။

“မပူပါနဲ့ မင်းကြီး။ကျွန်မ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ်။တစ်ခုခုဖြစ်ရင် လှမ်းအော်လိုက်မယ်လေ။ဘယ်လိုလဲ”

လုံယန် သူမလှုပ်ရှားပုံကို လိုက်ကြည့်ကာ ခါးပေါ်မှ အိတ်ကို ကြည့်လိုက်သည်။ထို့နောက် ပြုံး၍ သူမခေါင်းကို ပွတ်ကာ

“ဂရုစိုက်ပါ့မယ်။မပူပါနဲ့ မင်းကြီး”

တိမ်ဖြူဘုရားကျောင်းမှာ လုမျိုးနွယ်ဘုရားကျောင်းကဲ့သို့ ဖြစ်ကာ လုမျိုးနွယ်မှပင် ငွေကြေးမတည်ကာ ဆောက်ပေးထားခြင်းဖြစ်သည်။ထို့ကြောင့်ပင် အမျိုးသမီးကျန်းကို ဤနေရာသို့ ပို့လိုက်ခြင်းဖြစ်ပြီး လာလည်သူမှာလည်း လုလျန့်ဝေဖြစ်မှန်းသိဖြင့် သီလရှင်လေး စိတ်ထားပြောင်းသွားခြင်းဖြစ်သည်။

ကျောင်းတော်မှာ အရွယ်အစားမကြီးဘဲ သီလရှင်ဆယ့်နှစ်ယောက်မျှသာ ရှိသည်။

လုလျန့်ဝေမှာ အနီးရှိ တရားထိုင်ခန်းတစ်ခုတွင် လက်ဖက်ရည်သောက်ကာ စောင့်နေသည်။မကြာခင်မှာပင် ဆရာတော် ကြွလာခဲ့သည်။

“ဒကာမလေးလု”

ဆရာတော်မှ ဝင်လာကာ လုလျန့်ဝေအား အရိုအသေပြုလိုက်သည်။

အခန်း ၅၈၈ သူမအချိန် သိပ်မကျန်တော့ဘူး။

လုလျန့်ဝေမှ ပြန်အရိုအသေပြု၍ ပြောလိုက်သည်။

“အမှန်တိုင်းပြောရရင် ဒီနေ့ အမျိုးသမီးကျန်းကို လာတွေ့တာပါ”

ထို့သို့ကြားသောအခါ ဆရာတော်မှာ ပြန်ရန်တုံ့ဆိုင်းနေသည်။

“ဒါပေမယ့် အမျိုးသမီးကျန်းက...”

သူမဖြစ်ပုံကို ကြည့်ကာ လုလျန့်ဝေ မေးလိုက်သည်။

“ဘာများ အဆင်မပြေတာရှိလဲ မသိဘူး”

ဆရာတော်မှခေါင်းခါလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး။အမှန်က အမျိုးသမီးကျန်း နေမကောင်းဖြစ်နေတာ ကြာပြီ။သူ့ကို ဆေးကုဖို့ သမားတော်တစ်ယောက် ပင့်ပေးပေမယ့် ပြန်ကောင်းမလာဘဲ ပိုဆိုးတာက လွန်ခဲ့တဲ့ရက်ကပဲ ကိုမာဝင်နေတာ။သူ့မှာ အချိန်သိပ်မကျန်တော့ဘူး ထင်ပါတယ်။”

ထိုစကားကြားပြီးနောက် လုလျန့်ဝေ အံ့သြသွားသည်။

ခဏမျှ ရပ်တန့်နေပြီးနောက် ဆရာတော်မှ မပြောရဲပြောရဲဖြင့်

“ရပါတယ် ဆရာတော်ဘုရား။တပည့်တော် စိတ်အေးချင်ရုံတင်ပါ”

ထိုသို့ပြောသဖြင့် ဆရာတော်လည်း မကန့်ကွက်တော့ဘဲ သူမအား ခေါ်သွားသည်။

အမျိုးသမီးကျန်း နေသော တရားထိုင်ခန်းမှ ကျောင်းအနောက်ဖက် တောအုပ်ထဲတွင်ဖြစ်သည်။ထိုနေရာမှာ တိမ်ဖြူကျောင်းတော် သီလရှင်များ၏ ကြိုးစားမှုကြောင့် တိတ်ဆိတ်သန့်ရှင်းနေသည်။

တရားထိုင်ခန်း၏တံခါးအား တွန်းဖွင့်လိုက်သည်နှင့် ခါးသက်သက် ဆေးအနံ့က သူတို့ကို စောင့်ကြိုနေသည်။

လုလျန့်ဝေမှာ ဆေးနံ့ပျောက်သွားရန် ခေတ္တစောင့်ပြီးနောက် ဆရာတော်နောက်မှ လိုက်ဝင်သွားသည်။

အိပ်ရာပေါ်တွင် လဲနေသော လုလျန့်ဝေ မြင်လိုက်ရသောအခါ အမျိုးသမီးကျန်းဟုပင် ခွဲခြားမရဖြစ်နေသည်။

လုလျန့်ဝေသာ သူမရုပ်သွင်ကို အကြမ်းဖျင်းသာ မမှတ်မိ မခန့်မှန်းနိုင်ပါက ဆရာတော်မှ သူမအား အခြားသူတစ်ယောက်ကိုပြ၍ လှည့်စားနေသည်ဟု ထင်မိလိမ့်မည်။

‘အမျိုးသမီးကျန်းက ကျန်းမာနေတဲ့သူပဲကို လနည်းနည်းလေးနဲ့ ဒီလောက်တောင် ဘယ်လိုဖြစ်ရတာလဲ’

မယုံနိုင်စွာဖြင့်ပင် လုလျန့်ဝေ ရှေ့သို့တိုး၍ လူနာကြည့်ရန်ပြင်လိုက်စဉ် ဆရာတော်မှ အမြန်တားလိုက်သည်။

“မလုပ်ပါနဲ့ ဒကာမလု။ဒကာမကျန်းက တော်တော်နေမကောင်းနေတာ။ဒကာမပါ ကူးလိမ့်မယ်။”

လုလျန့်ဝေ လှည့်ကြည့်လိုက်သောအခါ သူမမျက်လုံးများမှာ သန့်ရှင်းကြည်လင်နေသဖြင့် သူမ သံသယများ ပျောက်သွားသည်။

ထိုသို့ပြောရင်း သူမလက်ချောင်းဖြင့် အမျိုးသမီးကျန်း၏ သွေးခုန်နှုန်းအား စမ်းသပ်လိုက်သည်။

ဆရာတော်မှ နမောမိတဗယ ဟု ရွတ်ကာ စိတ်မချမ်းမြေ့စွာ ဖြေလိုက်သည်။

“အမျိုးသမီးကျန်း ဒီရောက်လာတော့ ပါလာတဲ့ အစေခံမလေးက သူ့ကို ပြုစုပေးတာ။အစကတော့ သူအလုပ်သူလုပ်ပါတယ်။ဒါပေမယ့် အမျိုးသမီးကျန်း နာမကျန်းဖြစ်ပြီးနောက် သူအချောင်ခိုပြီး ဂရုမစိုက်တာတွေကို ကျောင်းက သီလရှင်တွေက တွေ့တွေ့လာတယ်။ဆရာလေးကိုယ်တိုင်လည်း သူ့ကို ခဏခဏပြောဖူးတယ်။နောက်မဖြစ်စေရပါဘူး ပြောပြီး နောက်ကျဒီအတိုင်းပဲ။အမျိုးသမီးကျန်းလည်း အခြေအနေပိုဆိုးလာရော သူလည်း ထုတ်ပိုးပြီး ထွက်ပြေးတော့တာပဲ။အခု အမျိုးသမီးကျန်းကို ပြုစုနေတာကတော့ ဆရာတော့်တပည့် ဖာ့ဟွေပဲ”

လုလျန့်ဝေ တိတ်ဆိတ်သွားသည်။အမျိုးသမီးကျန်း ဤနေရာသို့ ပို့ခံရပြီးနောက် အခြေအနေဆိုးသွားမည်ကို သူမ မသိခဲ့ပါ။အထူးသဖြင့် သူမကိုယ်ထဲမှ အဆိပ် လည်း ပါဝင်သည်။

ထိုသို့ကြားသဖြင့် အမျိုးသမီးကျန်းအတွက် လုလျန့်ဝေ စိတ်မကောင်းအနည်းငယ်ဖြစ်သွားသည်။

“ဆရာတော်၊ဆရာလေးဖာ့ဟွေကို ခဏပင့်ပေးလို့ ရမလားမသိဘူး”

သူမ ရုတ်တရက်ပြောလိုက်သည်။

“သူ့ကို မေးစရာလေး ရှိလို့ပါ”

အခန်း ၅၈၉ သူမပိုအားနည်းလာတယ်။

ဆရာတော် ခေါင်းညိတ်လိုက်သည်။

“ရပါတယ်။ခဏစောင့်ပါ ဒကာမလု”

“ဟုတ်ကဲ့”

လုလျန့်ဝေ ခေါင်းညိတ်ပြလိုက်သည်။

ဆရာတော်ထွက်သွားသောအခါ လုလျန့်ဝေသည် ငွေအပ်တစ်ချောင်း ထုတ်ကာ အမျိုးသမီးကျန်း၏ လက်မောင်းမှ ဖိအားမှတ်တစ်နေရာအား စိုက်ထည့်လိုက်သည်။သူမထင်သည့်အတိုင်းပင် ဆွဲလိုက်သော အပ်၏ နေရာတစ်ပိုင်းမှာ မည်းနက်နေ၏။

ငွေအပ်၏ မည်းနက်နေသောအပိုင်းအားကြည့်ကာ လုလျန့်ဝေ ကဲ့ရဲ့ပြုံး ပြုံးလိုက်သည်။အမျိုးသမီးကျန်းတစ်ယောက်အား သူမ သိသည့်အကြောင်းကို မလိုလားသည့် သူတစ်ယောက်မှ ထာဝရနှုတ်ဆိတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

သူမ ငွေအပ်ကို လွှင့်ပစ်လိုက်သည်။

ဆရာလေး ဖာ့ဟွေ ကြွလာသောအခါ လုလျန့်ဝေ မေးခွန်းအချို့ မေးလိုက်သည်။

“အမျိုးသမီးကျန်း ဘယ်အချိန်လောက် နေမကောင်းဖြစ်တာလဲ”

ဖာ့ဟွေ လက်အုပ်ချီကာ လေးလေးစားစား ဖြေကြားလိုက်သည်။

“စဖြစ်တာက ဇွန်လလောက်မှာပါ။အဲ့တုန်းကတော့ အမျိုးသမီးကျန်းက အအေးမိရုံလေးတင်ဆိုတော့ သူ တဖြည်းဖြည်း အားနည်းလာပြီး အိပ်ရာထဲဲလဲနေတဲ့အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြဘူး”

လုလျန့်ဝေ ခေတ္တတွေးတောနေမိသည်။လွန်ခဲ့တဲ့ ဇွန်လကဆိုလျှင် အပူဆုံးအချိန်ဖြစ်ပြီး အမျိုးသမီးကျန်းမှာ ထျန်းကျိုးတောင်တွင်သာ ရှိသေးသည်။အဘယ်ကြောင့် အကြောင်းအရင်းမရှိဘဲ အအေးမိရသနည်း။

ဖာ့ဟွေမှာ အခြားသူများကဲ့သို့ပင် စဉ်းစားမရဖြစ်နေသည်။

“ဆရာလေးလည်း မသေချာဘူး။ဆရာတော်ဆို သူ့ကိုကုဖို့ သမားတော်တောင် ခေါ်ပေးပေမယ့် ကောင်းမလာပါဘူး။အခုလအစမှာတင်ပဲ ရောဂါပိုဆိုးလာပြီး တစ်ချိန်လုံး မျောနေတာ။သမားတော် စမ်းသပ်တာလည်း ဘာအကြောင်းအရင်းမှ မတွေ့ဘူး”

ထိုသို့ပြောကာ အိပ်ရာပေါ်တွင် မေ့မျောနေသော အမျိုးသမီးကျန်းကို ကြည့်ကာ သူမစိတ်တွင် သနားစိတ်များပေါ်လာသဖြင့် တီးတိုးပြောလိုက်မိသည်။

“ဒကာမလု၊မိုးကောင်းကင်က သတ္တဝါအားလုံးရဲ့ ကောင်းကျိုးကို လိုလားပါတယ်။ဒကာမကျန်းက ဒီနေရာနဲ့ မကိုက်လို့ သူ့ခန္ဓာဖောက်ပြန်နေတယ်လို့ ထင်ပါတယ်။သူ့ကို ခေါ်သွားပြီးသာ ပြုစုပေးလိုက်ရင် ပြန်ကောင်းလာနိုင်လောက်မယ် “

ထိုသို့ကြားသောအခါ လုလျန့်ဝေ ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“မှန်ပါတယ် ဆရာလေးဖာ့ဟွေ။မိုးကောင်းကင်က သတ္တဝါအားလုံးရဲ့ ကောင်းကျိုးကို လိုလားပါတယ်။ကျွန်မလည်း ဒေါ်လေးကျန်းရဲ့ အခြေအနေကို တွေ့ရတာ စိတ်မချမ်းသာလို့ သူ့ကို ဆေးကုပေးဖို့ ပြန်ခေါ်သွားချင်ပါတယ်။ဒါကြောင့် သူမပစ္စည်းတွေ ထုတ်ပိုးပေးထားပါ။ကျွန်မ ပြန်ရောက်ရင် တစ်ယောက်ယောက်ကို လာခေါ်ခိုင်းလိုက်ပါ့မယ်။”

“မိုးကောင်းကင်က ဒကာမလေးလုရဲ့ မွန်မြတ်တဲ့ စိတ်ထားကို ကောင်းချီးပေးမှာပါ”

အမျိုးသမီးကျန်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် လုလျန့်ဝေ တိမ်ဖြူဘုရား‌ကျောင်းမှ ထွက်လာသည်။

ရထားလှည်းမှာ ကျောင်းအပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်ထားလေသည်။ ရထားဘေးတွင် စောင့်နေသော ကျောက်ချန်ကို တွေ့ရသော်လည်း လုံယန်ကိုမူ မတွေ့ရဖြစ်နေသည်။

လုလျန့်ဝေ ထွက်လာသည်ကို မြင်၍ ကျောက်ချန် အမြန်လာတွေ့သည်။

“အိမ်တော်ထိန်းကျောက်၊တစ်ယောက်ယောက်လွှတ်ပြီး အမျိုးသမီးကျန်းကို ခေါ်လာလို့ရမလား”

သူ့အား မဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်ပြီး လုလျန်ဝေ ခေါင်းညိတ်ထားသည်။

“အမျိုးသမီးကျန်းက အဆိပ်တော်တော်မိထားလို့ အချိန်သိပ်မကျန်တော့ဘူး။ဒါပေမယ့် သူ့ဆီက လိုချင်တဲ့သတင်းလေးတွေ ရှိနေလို့ သူသေလို့မရသေးဘူး။”

ထို့သို့ကြားသောအခါ သူ့အား လုလျန့်ဝေ တအံ့တသြဖြင့် ကြည့်လိုက်သည်။

“ရှင် အမျိုးသမီးကျန်းကို လူလွှတ်ပြီး ဆေးခတ်ခိုင်းလိုက်တာ!။”

“ဒီမှာ ပြောဖို့ မသင့်ပါဘူး အရှင်မ။လှည်းထဲအရင် ကြွတော်မူပါ။ကျွန်တော်မျိုး နောက်မှ အကုန်ရှင်းပြပါ့မယ်။”

လုလျန့်ဝေမှာ သံသယအနည်းငယ်ဝင်သော်လည်း လှည်းထဲသို့ ဝင်လိုက်သည်။

သူ့မျက်လုံးများမှေးကာ သူ၏နှာခေါင်းချွန်ချွန်ဖြင့် သူမလည်ပင်းအား ရှူရှိုက်နေသည်။

လုလျန့်ဝေမှာ ယားလာသဖြင့် သူအား ရှောင်လိုက်သည်။

သူမ ကြားခဲ့သည်ကို တွေးကာ လုလျန့်ဝေ အမြန်မေးလိုက်သည်။

All Chapters