← Chapters

အခန်း (၅၉၀-၅၉၂)

Vol. 12 Ch. 590-592

အခန်း (၅၉၀-၅၉၂)

Vol. 12 Ch. 590-592

အခန်း ၅၉၀ မင်းကြီးပိုင်တာ ကျွန်မ ပိုင်တာပါပဲ။

သူမ သာ မပြောလျှင် အမျိုးသမီးကျန်း ပြန်မလာနိုင်စေရန် ကျောက်ချန်အား ခိုင်းထားခဲ့သည်ကို လုံယန်မေ့နေလောက်ပြီ ဖြစ်သည်။

ခဏမျှ တွေးပြီးနောက် မှတ်မိသွားဟန်ဖြင့်

“ကိုယ် အဲ့အမိန့်ပေးခဲ့တယ်ထင်တယ်”

လုလျန့်ဝေ အံ့အားသင့်သွားရသည်။

“ကိုယ့်အမိန့် ကိုယ်ပြန်မေ့နေတာလား”

“အရေးမပါတဲ့သူတွေကို မှတ်မထားနိုင်ဘူးလေ”

လုံယန်မှ ဟန်မပျက်ဘဲ ပြောလိုက်သည်။

လုလျန့်ဝေ ခေါင်းညိတ်လိုက်သည်။

အမှန်ပင် လုံယန်သည် တိုင်းပြည်ရေးကိစ္စကိုသာ ခေါင်းထဲထားသူဖြစ်သည်။အမျိုးသမီးကျန်းကဲ့သို့ သာမန်သူတစ်ယောက်သည် သူ့အတွက် အာရုံစိုက်လောက်စရာ မဟုတ်ခဲ့ပါ။

“ဒါပေမယ့် အမျိုးသမီးကျန်း အဆိပ်ခတ်ခံထားရတယ်”

ကျောက်ချန်သည် အမျိုးသမီးကျန်းကို ဆေးခတ်ရန် လူလွှတ်လိုက်သည်ဆိုသော်လည်း အဆိပ်မဟုတ်ကြောင်း ပြောသည်။ထိုဆေးမှာ သူမ ဖျားနာ၍ အိပ် ရာထဲ လဲနေစေနိုင်သော်လည်း အသက်အန္တရာယ် မရှိပေ။

ထိုသို့ဆိုလျှင် အမျိုးသမီးကျန်းကို ဆေးခတ်သည်မှာ ကျောက်ချန်၏ လူများမှ မဟုတ်ပါက အခြားမည်သူ ရှိနိုင်သေးသနည်း။

ကံမကောင်းစွာဖြင့် အစေခံမလေးမှာ ထွက်ပြေးသွားပြီ ဖြစ်သည်။

“ဟုတ်တယ်။ကျွန်မ သူ့ကို စမ်းသပ်ပြီးပြီ။နောက်သုံးရက်လောက်ဆိုရင်ပဲ အဆိပ်ကြောင့် သေတော့မှာကို အပြင်မှာ ဘာအဆိပ်သင့်တဲ့ လက္ခဏာမှ မတွေ့ရဘူး။အဆိပ်က သူ့ကိုယ်အင်္ဂါတွေထဲကို တစိမ့်စိမ့် ဝင်နေတာ။အကုန်သာပျံ့သွားရင် သူ့ဘဝဆုံးပြီပဲ။ဒါကို ကြည့်ရင် လုပ်ကြံသူကဘယ်လောက် ဂရုပြုနေသလဲ သိသာတယ်။လူတွေ သတိထားမိမှာစိုးလို့ နာတာရှည်အဆိပ်သုံးပြီးသတ်တာ သမားတော်တောင် ဘာမှန်း စမ်းသပ်လို့မရဘူး။”

“အမျိုးသမီးကျန်းက ယောက္ခမကြီးရဲ့ ကိုယ်လုပ်တော်မလား။အဲ့လိုလူကို သတ်ဖို့ ဒီလောက်အထိကြိုးစားနေတာက...”

“အင်းလေ။သူက ဘာအာဏာ ဘာနောက်ခံမှ မရှိတဲ့ ကိုယ်လုပ်တော်ပဲဟာကို ဘယ်သူ့ကို သွားစော်ကားမိလို့ ဒီလောက် အဖြစ်ဆိုးသွားတာလဲ။ဒါမှမဟုတ် သူ လျှို့ဝှက်ချက်တစ်ခုကို သိထားလို့ လုပ်ကြံသူက သူ့ကို သတ်ပြီးနှုတ်ပိတ်ချင်တာလား။အမျိုးသမီးကျန်းက ကျွန်မမိဘတွေ ကွဲသွားအောင် ကလိမ်စေ့ငြမ်းစင်ခဲ့မှန်းတော့ ထင်ခဲ့ပေမယ့် အခုကိစ္စက ထင်သလောက် မရိုးနိုင်ဘူး။”

လုံယန်သည် သူမပခုံးပေါ် သို့ လက်မောင်းတင်ကာဖက်လိုက်သည်။

“မင်းကြီးရဲ့ အားလပ်ရက်အိမ်တော်ကို ခဏငှားချင်ပါတယ်”

လုံယန်၏ မျက်လုံးများ မှောင်ကျသွားကာ သူမမေးစေ့အား ဆုပ်ကိုင်လိုက်သည်။

လုလျန့်ဝေ လုံယန်ကို စနောက်ဟန်နှင့် ကြည့်လိုက်သည်။

သူမခါးကို ဖက်ထားသော လုံယန်၏ လက်များ တင်းကျပ်လာကာ သူမနှုတ်ခမ်းနားသို့ နီးကပ်လာခဲ့သည်။

လုလျန့်ဝေ ရှက်သွေးဖြန်းလာပြီး ခေါင်းခါလိုက်လေသည်။

လုံယန် မျက်ခုံးမြှင့်လိုက်သည်။သူ၏နက်နဲသောမျက်လုံးများမှတစ်ဆင့် တစ္ဆေကဲ့သို့ ပြုံးကာ သူမ၏ သွယ်လျသော ခါးဆီသို့ သူ၏ရှည်မျောသော လက်များရောက်သွားခဲ့သည်။

လုလျန့်ဝေ မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။သို့သော် အပြင်တွင် ကျောက်ချန်ရှိနေသည်ကို သူမ သတိရသဖြင့် ရယ်သံအမြန်တိုးလိုက်ကာ

လုံယန် သူမအား ဖက်လိုက်ကာ နောက်ပြုံးပြုံးပြလိုက်သည်။

လုလျန့်ဝေ မျက်ရည်ကျလုနီးပါးရီမောနေရသဖြင့် တောင်းပန်လိုက်ရသည်။သို့ရာတွင် သူနဲ့ အကြည့်ဆုံသောအခါ သူမ ထိုစကားများအား ပြောမထွက်ဖြစ်နေသည်။

လုံယန်မှ စပ်ဖြီးဖြီး ပြန်၍ပြုံးကာ သူမအား ကလိထိုးခြင်းကို ပြန်လည်စတင်လိုက်သည်။

လုလျန့်ဝေ လန့်သွားသဖြင့် သူ၏လက်ကို ကိုင်၍ အောက်သို့ချ၍ ပါးစပ်ကိုက်ကာ တီးတိုးပြောလိုက်သည်။

သူမ ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ စိုးမိုးမှုများအောက်တွင် သူမ အသံမှာ ကျရှုံးသွားသည်။

ခဏအကြာတွင် လုလျန့်ဝေသည် သူ၏လက်မောင်းပေါ်တွင် မောပန်းနေကာ မလှုပ်မယှက် လှဲနေသည်။သူမပါးပြင်များမှာ မယုံနိုင်လောက်အောင် ပူနေသဖြင့် ရေနွေးထဲတွင် ဝင်လှိမ့်လာသကဲ့သို့ ထင်နေမိပေသည်။

Chapter 591 မင်းကြီးရဲ့ အသံက နည်းနည်း ကြမ်းနေခဲ့သည်

ထိန်းချုပ်မှုပေါင်းများစွာနဲ့ပဲ လုံယန်က မိန်းကလေးကို တင်းကျပ်စွာ ဖက်နေလိုက်သည်။ သူ့နဖူးတစ်ဝိုက်မှာလည်း ချွေးသီးပေါင်းများစွာ ကျဆင်းနေလျက်။

ထိုသို့ မတည်ငြိမ်တဲ့ အခြေအနေကြီး ကျော်လွန်သွားတဲ့ အချိန်မှာတော့ မိန်းကလေးရဲ့ ပရိုပရဲ ဖြစ်နေတဲ့ အဝတ်အစားလေးတွေကို နေသားတကျဖြစ်အောင် ပြန်စီရင်းနဲ့ ညင်ညင်သာသာ မေးလိုက်သည်။

“အားလပ်ရက်အိမ်တော် ဆီ သွားကြတော့မလား”

သူ့အသံမှာ နည်းနည်းကြမ်းနေခဲ့ပြီး တောင်းတမှုလေး အနည်းငယ်ပါနေခဲ့သည်။

လုလျန့်ဝေ ရဲ့ မျက်တောင်လေးတွေက တုန်ခါသွားခဲ့ပြီး သူမဟာ ယောင်ဝါးဝါးနဲ့ပဲ ခေါင်းကို ငြိမ့်၍

“အွန်း”

လုံယန် က ကျောက်ချန်ကို အမိန့်ပါးတော့မယ့် အချိန်မှာပဲ လုလျန့်ဝေက တစ်ခုခုကို သတိရလိုက်ပြီး အမြန်ပြန်ပြောလိုက်သည်။

“မဟုတ်ဘူး ဟွားရှဆေးဆိုင်ကို သွားရအောင်”

လုံယန်က သူ့ရင်ခွင်ထဲ ရှိနေတဲ့ မိန်းကလေးကို တစ်ချက် စိုက်ကြည့်လိုက်ပြီး

“မင်းက အားလပ်ရက်အိမ်တော်ကို မသွားတော့ဘူးလား”

“မဟုတ်ဘူး။ အမျိုးသမီးကျန်းကို ဟွားရှဆေးဆိုင်ဆီ ပို့ချင်တာပါ။ အဲ့မှာ အမေလည်းရှိတော့ သူ့အဆိပ်ကို ကုပေးနိုင်တယ်။ သူနိုးလာရင်လည်း ဘာမှ စောင့်စရာမလိုပဲ စစ်ဆေးမေးမြန်းလို့ ရမယ်။”

မကြာခင်မှာပဲ အမျိုးသမီးကျန်းကို လျှို့၀ှက်ကျွမ်းကျင်တဲ့ အစောင့်နှစ်ယောက်က သယ်ထုတ်လာခဲ့သည်။

ကျောက်ချန်က သူတို့ကို တစ်ခုခုပြောပြီးသွားတော့ အစောင့်နှစ်ယောက်ဟာ တခြားလှည်းတစ်စီးနဲ့ ထွက်ခွာသွားတော့သည်။

လင်းလီဟွား က နောက်ဘက်ခြံဝင်းထဲမှာ ဆေးဖက်ဝင် ပစ္စည်းတွေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေခဲ့သည်။ ထိုအချိန် ရို့ရို့ က ပြေးဝင်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လုလျန့်ဝေက ပြန်ပြောလိုက်သည်။ သူမမျက်ဝန်းထဲမှာတော့ သူမ အမေရဲ့ပုံရိပ်သာ ထင်ဟပ်နေပေသည်။

သူတို့က အဲ့အချိန် နောက်ဘက်ခြံဝင်းထဲမှာမို့လို့ လင်းလီဟွား က သူမရဲ့ ခြုံလွှာကို မဝတ်ထားခဲ့ပေ။

ထိုစကားလုံးတွေကို ကြားလိုက်ရတဲ့ အချိန်မှာတော့ သူမရဲ့ ပြုံးပျော်ရွှင်နေတဲ့ မျက်နှာက အနည်းငယ် ညှိုးကျသွားခဲ့သည်။ သို့ပေမဲ့ နောက်ထပ် ဆက်ပြောနေခဲ့တဲ့ သူမရဲ့ အသံကတော့ ဘာမှ မဖြစ်သလိုဖြင့်

“ဗိုက်ဆာလာလား။ အမေ စားစရာ တစ်ခုခု ပြင်ပေးရမလား။”

လုလျန့်ဝေက သူ့အမေရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။

“ဒုက္ခမခံပါနဲ့ အမေရယ်။ အမေ့ကို လူတစ်ယောက်ကို အရင်တွေ့စေချင်တယ်”

“ဘယ်သူ့ကိုလဲ”

လုလျန့်ဝေက ဘာမှ ပြန်မပြောဘဲ လက်ခုပ်တစ်ချက်တီးလိုက်လေသည်။

လုလျန့်ဝေက အနီးနားမှာရှိတဲ့ တိတ်ဆိတ်နေတဲ့ အိမ်ငယ်လေးတစ်ခုဆီ ညွှန်ပြပြီး အမိန့်ပေးလိုက်သည်။

“အဲ့ထဲ ပို့ထားလိုက်”

လျှို့ဝှက်ကျွမ်းကျင်တဲ့ အစောင့်တွေက အမိန့်တော်အတိုင်း တိကျစွာ အမျိုးသမီးကျန်းကို အိမ်ငယ်လေးထဲထိ သယ်သွားခဲ့သည်။

သူတို့ ပြန်လာတော့ လုလျန့်ဝေက

ဟုပြောလိုက်လေသည်။

လျှို့ဝှက်ကျွမ်းကျင်တဲ့ အစောင့်တွေက တစ်ချက်တွန့်ဆုတ်နေခဲ့သည်။

“စိတ်မပူနဲ့။ ငါ အဆင်ပြေမှာပါ။ ဒီအကြောင်း မင်းကြီးကို ငါလျှောက်တင်ပါ့မယ်”

သူမပြောသဖြင့် လျှို့ဝှက်ကျွမ်းကျင်တဲ့ အစောင့်တွေလည်း တွန့်ဆုတ်နေလျက်သာ ထွက်ခွာသွားခဲ့ရသည်။

လင်းလီဟွား က အိမ်ငယ်လေးဆီ တစ်ချက်လှမ်းကြည့်ပြီး မေးလိုက်သည်။

လုလျန့်ဝေက သူမ အမေရဲ့လက်ကို ဆွဲခေါ်ရင်း ပြန်ဖြေလိုက်သည်။

“သူ့ကို မြင်ရင် အမေ သိမှာပါ”

လင်းလီဟွား ရဲ့ စိတ်ထဲတော့ သံသယတွေ အပြည့်ဖြစ်နေခဲ့ပေမယ့်လည်း သူ့သမီးနောက်တော့ လိုက်လျှောက်သွားခဲ့သည်။

သူမရဲ့ မျက်နှာဟာ ဖြူဖတ်ဖြူရော်နဲ့ ဖျော့တော့နေခဲ့ပေမယ့် အနီးကပ်ကြည့်ပြီးတော့ သူမရဲ့ရုပ်ရည်က သေသေချာချာကို ရင်းနှီးနေပေသည်။

“ဟုတ်သည် သူပဲ”

“လွန်ခဲ့တဲ့ တစ်လနှစ်လလောက်က အဖေက သူ့ကို ဆင်ခြေဖုံးထဲမှာရှိတဲ့ တိမ်ဖြူဘုရားကျောင်းဆီ လွှတ်လိုက်တာ။ ဒီနေ့ သူ့ကို သွားကြည့် ကြည့်တော့ ဒီအခြေအနေဖြစ်နေပြီ။”

လုဟယ့်ထျန်းက အမျိုးသမီးကျန်းကို အဝေးလွှတ်လိုက်မှန်း သူ မသိခဲ့ပေ။

တစ်ခဏအကြာမှာတော့ သူမက လုလျန့်ဝေကို မယုံနိုင် အံ့ဩဖွယ် မေးလိုက်လေသည်။

“သမီးက သူ့ကို ဘာလို့ ရုတ်တရက်ကြီး သွားတွေ့ခဲ့တာလဲ။”

Chapter 592: သင့်တင့်လျောက်ပတ်တဲ့ အားကို သုံးပါ

သူမ အမေရဲ့ မျက်နှာပြောင်းလဲနေပုံတွေကို မြင်ပြီး လုလျန့်ဝေက ညင်သာစွာ စကားစလိုက်သည်။

“အမေ ဟိုးအရင် အမျိုးသမီးကျန်းကလေးတစ်ယောက်နဲ့ ရုတ်တရတ်ပြန်လာတုန်းက တစ်ခုခု ထူးဆန်းနေတယ်လို့ မထင်ခဲ့မိဘူးလား။”

လင်းလီဟွား အံ့ဩသွားပြီး

“သမီး…”

“အမေ အဘွားက သမီးကို အကုန် ပြောပြပြီးပြီ။ ပြီးတော့ သမီးလည်း ကလေးမဟုတ်တော့ဘူး။ အဲ့ဒီတုန်းက အဖေနဲ့ အမေ့ကြား ဘာဖြစ်ခဲ့လဲ သမီး သေချာသိချင်တယ်”

သက်ပြင်းတစ်ချက်ချရင်းနဲ့ လင်းလီဟွားက သူ့သမီးရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

“အတိတ်ကဟာတွေချည်းပါပဲ။ အခုမှ ဘာလို့ ပြန်ဖော်နေဦးမှာလဲ”

“ဝေဝေ, သမီးအဖေနဲ့ အမေ့ကြား ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဂရုစိုက်မနေပါနဲ့”

လုလျန့်ဝေ စိတ်ထဲ စိုးရိမ်သွားပေမယ့်လည်း သူမ အဖေ့ပေါ်ရှိတဲ့ သူမ အမေရဲ့ အငြိုးကြီးပုံကို မှတ်မိလိုက်ချိန်မှာတော့ သူမကိုယ်သူမ စိတ်ငြိမ်အောင်ထိန်းထားလိုက်လေသည်။

“ဟုတ်ပြီလေ။ အဲ့ဒါဆို အခု အဖေ့အကြောင်း မပြောဘဲထားထားရအောင်။ ဒါပေမဲ့ အမျိုးသမီးကျန်းနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းတာတော့ ရှိနေတယ်။ ဒီ အကြောင်း သေသေချာချာ မသိချင်ဘူးလား အမေ။”

သေချာပေါက်ကိုပဲ လုဟယ့်ထျန်းအကြောင်း ဆက်မပြောတော့ဘူးလို့ သူမ သမီးဆီက ကြားလိုက်ရတဲ့ အချိန်မှာတော့ လင်းလီဟွားရဲ့ မျက်နှာက သိသိသာသာကို သက်သာရာရသွားပုံပေါ်သွားသည်။

“အမျိုးသမီးကျန်းက ဘယ်လိုလုပ် ဒီလို အခြေအနေဖြစ်သွားတာလဲ”

“သူ့ကို ခုနက စမ်းသပ်ကြည့်ထားပုံအရတော့ သူက အဆိပ်မိထားပြီး တစ်ရက်နှစ်ရက်လောက်ပဲ အသက်ရှင်နေနိုင်တော့မယ်။ အဲ့တာ ထူးဆန်းတယ်လို့ အမေမထင်မိဘူးလား ။ စာချုပ်အရတော့ သူက အဖေ့ရဲ့ မယားငယ်ပဲ။ သူ့မှာ ထင်ရှားတဲ့ နောက်ခံကော ရာထူးဂုဏ်ဒြပ်ကော မရှိဘူး။ အဲ့တာကို အဖေက သူ့ကို တိမ်ဖြူဘုရားကျောင်းဆီ ပို့ပြီးမှ ဘာလို့ ဒီလောက်ပြင်းတဲ့ အဆိပ် မိနေရတာလဲ။ ဘယ်သူက သူ့ကို သေစေချင်နေတာလဲ။”

ပြောလိုက်သည်များကို ကြားပြီးနောက် လင်းလီဟွားက အမျိုးသမီးကျန်းရဲ့ သွေးကြောကို တစ်ချက် စမ်းသပ်ကြည့်လိုက်သည်။

“သူက တကယ့်ကို အဆိပ်မိနေတာပဲ။ တော်တော်ကို ပြင်းတဲ့ အဆိပ်။ ဒါပေမဲ့ ဒီအဆိပ်က နာတာရှည်တစ်မျိုးမို့လို့ သူ့ကို ချက်ချင်းလက်ငင်း သေစေမှာတော့ မဟုတ်ဘူး။”

အမျိုးသမီးကျန်းငယ်ရွယ်တဲ့ မိန်းမပျိုတစ်ယောက် ဖြစ်ခဲ့တုန်းက သူမမိသားစု ပြိုလဲပျက်စီးနေပြီး သူမအိမ်မှာ ဘယ်သူမှ မကျန်တော့တဲ့အချိန်၊ သူမ ပြည့်တန်ဆာအိမ်ထံ အရောင်းခံရမလို ဖြစ်ခဲ့တဲ့အချိန်၊ အဲ့လို အချိန်တွေမှာ သူမကို ကူညီကယ်တင်ပေးခဲ့တာ လင်းလီဟွားဖြစ်ခဲ့သည်။

အမျိုးသမီးကျန်းရဲ့ နောက်ကြောင်းဇာတ်လမ်းကို သူမ အသိဆုံးသာ ဖြစ်သည်။ ဒီမိန်းမဟာ ဘုရားကျောင်းက ကြွက်တစ်ကောင်မျှသာ ချမ်းသာခဲ့တဲ့သူ။

အခုတောင်မှ အကောင်းဆုံးပြောနိုင်မယ်ရင်တောင် သူမဟာ လုဟယ့်ထျန်းရဲ့ မယားငယ်။

“စဉ်းစားလို့ ရသလောက်တော့ အမျိုးသမီးကျန်းက လျှို့ဝှက်ချက် တစ်ခုခုကို သိနေတဲ့ပုံပဲ။ အဲ့တာကြောင့် တစ်ယောက်ယောက်က သူမ နှုတ်ပိတ်ဖို့ အဆိပ်ခတ်ထားတာ ဖြစ်နိုင်တယ်”

“သမီးလည်း အဲ့လိုပဲ ထင်တယ်။ ဒါပေမဲ့ ဘယ်သူ လုပ်သွားတာလဲ။”

“သမီးသိချင်ရင် အမေ သူ့ကို အခုချက်ချင်း နှိုးပေးပြီး ဖြေခိုင်းလို့ ရတယ်။”

နည်းလမ်းကို တွေးလိုက်မိတဲ့အချိန်မှာပဲ လင်းလီဟွားက သေးသွယ်တဲ့ ငွေအပ်လေးတစ်ချောင်းကို ထုတ်နေတာကို တွေ့လိုက်ရသည်။ လင်းလီဟွားက ပြုံးပြီး သူမ သမီးကို ပြောလိုက်သည်။

“ဝေဝေ ဆေးပညာလေ့လာချင်ခဲ့တာမလား။ အခု ကြည့်။”

လုလျန့်ဝေက မျက်တောင် မခတ်ဘဲ တောက်လျှောက်စိုက်ကြည့်နေလေသည်။

လုလျန့်ဝေက အမျိုးသမီးကျန်းကို လိမ္မာစွာပင် ကူထူပေးလိုက်သည်။

ငွေအပ်ကို သေချာစွာ ကိုင်ထားရင်းနှင့်ပင် လင်းလီဟွားက အမျိုးသမီးကျန်းရဲ့ နဖူးထိပ်ပေါ်က ဘိုင်ဟွေ့ဖိအားအမှတ်မှာ ဖြည်းညင်းစွာ ထိုးစိုက်လိုက်သည်။ (တရုတ်ရိုးရာတိုင်းရင်းဆေးပညာအရ ဘိုင်ဟွေ့ ဖိအားအမှတ်ကို အပ်နှင့် ထိုးစိုက်ခြင်းသည် လူရဲ့ စိတ်ကို ပြန်လည် ကောင်းမွန်လာစေပြီး ဦးနှောက်ကို ပြန်လည်ဖွဲ့စည်းစေနိုင်သည်။)

“ဒီလို အပ်စိုက်တာက သတိလစ်နေတဲ့လူကို သတိပြန်ရလာစေနိုင်တယ်ဆိုပေမဲ့ အန္တရာယ်အရမ်းများတယ်။ ဂရုမစိုက်မိရင် သတိဘယ်တော့မှ ပြန်မရတော့တာလည်း ဖြစ်နိုင်တယ်။ အဲ့တော့ လူနာရဲ့ ဘိုင်ဟွေ့ ဖိအားအမှတ်ကို အပ်စိုက်တော့မယ်ဆိုရင် သင့်တင့်လျောက်ပတ်တဲ့ အားကို သုံးရမယ်။ အနက်ကြီးဝင်သွားအောင် မစိုက်သင့်သလို ဖျော့ဖျော့လေး စိုက်လို့လည်း မဖြစ်ဘူး။ လူနာရဲ့ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးဖို့ရာ လက်မဝက်လောက်ဆို လုံလောက်ပြီ။”

အဲ့တာအပြင် အမျိုးသမီးကျန်းရဲ့ အခြေအနေအရ သူမသာ ကုသရမယ်ဆို သူ့ခန္ဓာထဲက အဆိပ်ကို အရင်ထုတ်ပစ်ရမည် ဖြစ်သည်။ သို့သော်ငြား ဤမျှ အချိန်တိုအတွင်းမှာ အဆိပ်ဖြေဆေးကို ဖော်စပ်ဖို့ရာကား မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖိအားအမှတ်ကို ငွေအပ်နှင့် ထိုးစိုက်ကုသခြင်းကသာ ပို၍ လျင်မြန်အဆင်ပြေနိုင်သော နည်းလမ်းဖြစ်ပေသည်။

အမျိုးသမီးကျန်းသတိလစ်နေခဲ့တာက အချိန်အနည်းငယ်မျှသာ ဖြစ်နေခဲ့မယ်ဆိုရင် သူမ ချက်ချင်းနေပြန်ကောင်းလာစေနိုင်သော ဆေးကိုကား ဖော်စပ်ပေးနိုင်ခဲ့ပေလိမ့်မည်။

သို့သော်ငြား အမျိုးသမီးကျန်းသတိမေ့နေခဲ့သည်မှာ ကြာညောင်းသွားခဲ့ပြီ။ ထို့အပြင် အဆိပ်၏ ပြင်းအားကလည်း သူမတူခဲ့။ ထို့ကြောင့် သူမကို ချက်ချင်းလက်ငင်း ကောင်းသွားအောင် စွမ်းဆောင်နိုင်မည့်ဆေးဆိုသည်မှာ မရှိခဲ့ပေ။

All Chapters