အခန်း (၅၉၆-၅၉၈)
Vol. 12 Ch. 596-598
Chapter 596 -ထိုပြဿနာက ဖြေရှင်းပြီးသွားပြီ
လုလျန့်ဝေရဲ့လက်ချက်မှန်း သိဖို့ သူမနှစ်ခါပြန်စဉ်းစားစရာပင် မလိုခဲ့ပေ။
ဒေါ်လေးကျန်းသည် အသက်ရှင်စဉ်အချိန်တုန်းက အမြဲ ကျန်းမာခဲ့တာပင်။ အအေးပတ်တာဖြစ်ဖြစ် ဖျားတာဖြစ်ဖြစ် သူမအတွက်တော့ ရှားပါးပေသည်။
တိမ်ဖြူဘုရားကျောင်းရောက်ပြီးတဲ့နောက်မှာ ဘယ်လိုလုပ် ဒီလောက် ချူချာသွားရတာလဲ။
ကံအကြောင်းမလှစွာပင် အိမ်ရှေ့စံမင်းသမီးသည် သူမကိုယ်တိုင်၏ အခက်အခဲများ ပြဿနာများဖြင့် ဗျာများနေသဖြင့် ဒေါ်လေးကျန်းကို အကူအညီ မပေးနိုင်ခဲ့ပေ။ အဲ့ဒီအတွက် ဒေါ်လေးကျန်းကို ထိခိုက်နာကျင်စေချင်သောသူများသည် အခွင့်ကောင်းရသွားခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
လုလျန့်ဝေမှလွဲ၍ ဒေါ်လေးကျန်းကို နာကျင်စေချင်သောသူလည်း မရှိနိုင်ပေ။
ဒါကြောင့် ဒေါ်လေးကျန်းသေဆုံးသွားရသည့် အကြောင်းရင်းနောက်မှ တရားခံသည် လုလျန့်ဝေမှ လွဲ၍ တခြားမဖြစ်နိုင်ဟု ဟုန်ရှို့က ကောက်ချက်ချလိုက်သည်။
လုယွင်ရွှမ်းသည်လည်း ထိုကဲ့သို့ပင် တွေးခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ဒေါ်လေးကျန်းသည် လုယွင်ရွှမ်း၏ မိခင်ဖြစ်သည်။ ခုနောက်ပိုင်း လုယွင်ရွှမ်းကို ကူညီနိုင်ဖို့ရာ ဘာမှ သိပ်မလုပ်ပေးနိုင်ခဲ့သော်လည်း သူမကို မွေးဖွားပြုစုစောင့်ရှောက်ပေးခဲ့သောသူ ဖြစ်သည်။ လုယွင်ရွှမ်းသည် သူမ အလကားသက်သက် သေသွားသည်ကို လက်မခံနိုင်ပေ။
ဒေါ်လေးကျန်း၏ အထီးကျန်ဖွယ်ရာ တစ်ခုတည်းသော အုတ်ဂူလေးကို မြင်ရာတွင် စာနာသနားမှုများဖြင့် ပြည့်နေလေသည်။
ဒေါ်လေးကျန်းသည် လုမျိုးနွယ်တို့ရဲ့ မြေမြုပ်ရာ နေရာတွင် မြေမြုပ်ခွင့် မရခဲ့ပေ။ သူမအသုဘအတွက် ဝမ်းနည်းပေးမည့်သူလည်း မရှိခဲ့ပေ။ ထိုကဲ့သိုပင် အလောတကြီး မြေမြုပ်ပေးလိုက်ရသည်။
သူမသည် အလွန်ပင် သနားဖွယ်ကောင်းလှသည်။
လုယွင်ရွှမ်း၏ မျက်လုံးများ၌ မျက်ရည်များဝဲလာခဲ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူမ သူ့အတွက် သေချာပေါက် ကလဲ့စားချေမည်ဟု တိတ်တဆိတ်ကျိန်ဆိုလိုက်သည်။
လုယွင်ရွှမ်းသည် အရှေ့နန်းတော်သို့ ပြန်ရောက်သည့်အချိန်တွင် သတင်းရပြီး အလျင်ပြန်လာသော လုံချီသည်လည်း ပြန်ရောက်လာလေသည်။
လုံချီသည် အခန်းထဲသို့ဝင်လိုက်ချိန်မှာပဲ လုယွင်ရွှမ်းသည် သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာခဲ့သည်။
“အရှင့်သား ကျွန်တော်မျိုးမမိခင် ဆုံးသွားခဲ့ပြီ…”
လုံချီသည် အောက်သို့ငုံ့ကြည့်လိုက်ရာတွင် ကူကယ်ရာမဲ့၍ အလွန်သနားဖွယ်ကောင်းစွာ မျက်ရည်များဖြင့် ပြည့်နှက်နေသော သူမ၏မျက်လုံးများကိုသာ တွေ့လိုက်ရသည်။ သနားဖွယ်ရာ ဤမိန်းကလေးအတွက်လည်း သူ့နှလုံးသားလည်း နူးညံ့သွားခဲ့ပြီး သူမ၏ ပခုံးများကို ဖက်ပေးကာ ညင်ညင်သာသာပင် ဖြေသိမ့်ပေးလိုက်သည်။
“ရွှမ်းလေး မငိုပါနဲ့။ ကိုယ်တော် ရှိပါသေးတယ်။”
လုယွင်ရွှမ်းသည် ခေါင်းမော့၍ သူ့ကို ကြည့်လိုက်သည်။ သူမသည် သူ့နှစ်သိမ့်စကားများကြားပြီးနောက် ရင်ထဲထိသွားသည့်အတိုင်း သူ့ လည်တစ်ဝိုက်ကို လက်ပိုက်လိုက်၍ သူမ၏ နှုတ်ခမ်းများကို သူ့အနားသို့ ရွှေ့သွားလေသည်။
လုံချီသည် မျက်မှောင်ကြုတ်သွားပြီး အနောက်သို့ အနည်းငယ်ဆုတ်ကာ ရှောင်ဖယ်ရန်ကြိုးစားခဲ့သည်။ သူမ၏ ပခုံးများကို ကိုင်ပြီး ပြောလိုက်သည်။
“ရွှမ်းလေး မင်းဒီနေ့ ပင်ပန်းနေပြီ။ ပြီးတော့ မင်းအမေလည်း ဆုံးခါစပဲ ရှိသေးတယ်။ ဒါ မသင့်တော်ဘူး…”
“မသိဘူး။ မသိဘူး… ကျွန်မ အမေမရှိတော့ဘူး။ ကျွန်မဆီမှာ ကျန်တာ အရှင့်သားပဲ ရှိတော့တယ်…”
“အရှင့်သားရဲ့ နှစ်သိမ့်ပေးမှုလေးကိုပဲ လိုချင်မိတာပါ။ အဲ့တာ အရမ်းမှားသွားလို့လား။”
လုံချီသည် ထိုအရာကို ကြားသောအခါ စိတ်ကနူးညွတ်သွားခဲ့ပြီး သူမကို ဆက်လက် ငြင်းပယ်မနေနိုင်တော့ပေ။
လုယွင်ရွှမ်း၏ မျက်လုံးထဲတွင် အဓိပ္ပာယ်အပြည့်ပါသော အကြည့်တစ်ချက် ထင်ဟပ်သွားသည်။ သူမ၏ ကိုယ်ခန္ဓာ၌ သန္ဓေတည်ဟန် လက္ခဏာတစ်ခုမှ မပြသော်လည်း ချန်ချူးယွီ၏ ဗိုက်မှာတော့ တစ်နေ့တစ်ခြား ကြီးလာနေခဲ့သည်။ သူမ စိတ်မငြိမ်မသက်မဖြစ်ဘဲ ဘယ်နေနိုင်ခဲ့မည်နည်း။
သူမ လျင်မြန်စွာ ကိုယ်ဝန်ရချင်ခဲ့သည်ဆိုလျင်တောင် သူမလုပ်နိုင်ခဲ့သည့်အရာ တစ်ခုမျှမရှိခဲ့ပေ။
ထို့အပြင် သူမ ကိုယ်ဝန်ရနိုင်ချေပိုများသည့် နေ့များကို သမားတော်အား မေးမြန်းထားပြီးသားဖြစ်သည်။ ဤနေ့သာ လုံချီနှင့် အတူနေနိုင်ခဲ့လျှင် သူမ ကိုယ်ဝန်ရဖို့ရာ မလွဲမသေပင် ဖြစ်သင့်သည်။
သူမသည် အိမ်ရှေ့စံမင်းသား၏ ကလေးကို မွေးပေးမှ ဖြစ်မည်။
လေထဲတွင် အမွှေးတိုင်မှ မီးခိုးများ လေလွင့်နေသည့်အလျောက် လျှိုဖုသည် ဒူးထောက်ထိုင်ချလျက် ဒဏ်ရာရထားသော သူ့လက်မောင်းကို ဆုပ်ကိုင်ထားနေခဲ့သည်။
“အဲ့ပြဿနာ ဒေါ်လေးကျန်းကိုတော့ ဖြေရှင်းပြီးသွားပြီဆိုပေမယ့်…”
“ဒါပေမယ့် ဘာလဲ”
မယ်တော်ကြီးရှောင်ကျင်း သည် သူ့လက်ထဲမှ စိပ်ပုတီးများ စိပ်နေသည်ကို ရပ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
“မဒမ်လင်းပြန်ရောက်လာပြီ”
လျှိုဖုက ငြိမ်သက်စွာပင် လျှောက်တင်လိုက်သည်။
“ဘာ”
မယ်တော်ကြီးရှောင်ကျင်းသည် စိတ်မထိန်းနိုင်သည့်အလျောက် ရုတ်တရက်ထရပ်လိုက်သည်။
သူ့ကို စူးစိုက်ကြည့်လိုက်ပြီး
“သူက ဟိုးအရင်တုန်းကတည်းက သေသွားခဲ့တာ မဟုတ်ဘူးလား။ သူကိုယ်တိုင် ကျောက်ကမ်းပါးပေါ်က ခုန်ချသွားတာကို မြင်ခဲ့တယ်လို့ မင်းကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလား။”
လျှိုဖုမျက်မှောင်ကြုတ်သွားသည်။ သူကိုယ်တိုင်လည်း ဘာဖြစ်သွားခဲ့သည်ဆိုတာ နားမလည်နိုင်ခဲ့ပေ
“ဟုတ်ပါတယ်။ သူကိုယ်တိုင် ကျောက်ကမ်းပါးပေါ်က ခုန်ချသွားတာ ကျွန်တော့်မျက်လုံးနဲ့ အသေအချာကို မြင်ခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကမ်းပါးအောက်ဆင်းပြီး လုဟယ့်ထျန်း သူမအတွက် ဝမ်းနည်းနာကျည်းချက်နဲ့ တောရိုင်းသားရဲတွေ အများအပြားသတ်ခဲ့တာကိုလည်း ကြည့်ခဲ့ပါတယ်။ မဒမ်လင်းရဲ့ သေဆုံးမှုကသာ သူ့ကို ဒီလောက် ရူးသွပ်သွားစေနိုင်မှာပါ။ ဒါပေမယ့် အခုကြည့်ရသလောက်တော့ မဒမ်လင်းက ကမ်းပါးပေါ်က ခုန်ချပြီး မသေသွားခဲ့တဲ့ပုံပဲ။ သူက လူတိုင်းကို လှည့်စားသွားတာပဲ။ လုဟယ့်ထျန်း အပါအဝင်ပေါ့။”
Chapter 597 - သခင်သည် မိဖုရားစိတ်တိုင်းကျအောင် မလုပ်ပေးနိုင်ခဲ့
မယ်တော်ကြီးရှောင်ကျင်းသည် ဤအကြောင်းကို လေးလေးနက်နက်တွေးပြီး ပြန်ထိုင်လိုက်သည်။
“မင်း မှားတာကော ဖြစ်နိုင်လား။ မင်းတွေ့ခဲ့တဲ့သူက သခင်မလင်းမဟုတ်လောက်ဘူးဆိုရင်ကော။”
“ကျွန်တော်မှားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆေးဆိုင်မှာ သခင်မလင်းနဲ့ လုလျန့်ဝေနဲ့ စကားပြောနေကြတဲ့ အသံကို ကျွန်တော့်နားနဲ့ အသေအချာကို ကြားခဲ့တာ။”
လျှိုဖုသည် သေချာမှု အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
မယ်တော်ကြီးရှောင်ကျင်းသည် တိတ်ဆိတ်သွားခဲ့သည်။ အချိန်တစ်ခုအကြာတွင် သူမ မျက်လွှာများ နိမ့်ဆင်းသွားခဲ့ပြီး အမိန့်တစ်ခုပေးလိုက်လေသည်။
“ဒါဆို သူ့ကို ပြန်သတ်ဖို့ နည်းလမ်းရှာတော့”
“မှန်လှပါ သခင်မ”
လျှိုဖုသည် ဖြေပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
မယ်တော်ကြီးရှောင်ကျင်းသည် အမျိုးသမီးချန်ကို စိုက်ကြည့်လိုက်ပြီး ထိုင်ခုံလက်တင်ပေါ်သို့ သူမ လက်ကို ရိုက်ချလိုက်သည်။ သူမသည် ဒေါသအပြည့်ဖြင့် ဆူဆဲပြီး
“မင်း ပြဿနာတွေ အကုန်ရှုပ်သွားအောင်လုပ်လိုက်တော့မလို့”
အမျိုးသမီးချန် သည် လန့်ဖြန့်သွားကာ ဒူးထောက်အောက်ထိုင်ချရင်း တုန်ယီနေသော အသံဖြင့် ပြန်ပြောလိုက်သည်
“ကျွန်တော်မျိုးမ ကောင်းစွာ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ကျွန်တော်မျိုးမကို အပြစ်ပေးတော်မူပါ။ သခင်မကြီး။”
အမျိုးသမီးချန် သည် မယ်တော်ကြီးက အမျိုးသမီးကျန်းကို သေစေချင်သောအခါ၌ သူမကိုယ်တိုင် တိမ်ဖြူကျောင်း သို့သွားပြီး အမျိုးသမီးကျန်းကို အလုပ်အကျွေးပြုနေသော မိန်းမကို တိတ်တဆိတ် လာဘ်ပေးခဲ့ပေသည်။
သူမသည် အမျိုးသမီးကျန်းက အိပ်ရာပေါ်၌သာ လဲလျောင်းနေရသည့်အလျောက် နောက်တစ်ဆင့်တက်ပြီး ထိုအလုပ်အကျွေးပြုနေသော မိန်းမကို အမျိုးသမီးကျန်းအား ရေရှည်သုံးအာနိသင်နည်းသော အဆိပ်ကျွေးစေပြီး အမျိုးသမီးကျန်းအား သဘာဝကျကျ ဖြည်းညင်းစွာ သေသွားစေနိုင်ရန် စီစဉ်ခဲ့သည်။ သူမသည် လုလျန့်ဝေက ရုတ်တရက်ကြီး တိမ်ဖြူဘုရားကျောင်းသို့ ရောက်လာမည်ဟု မထင်မှတ်ထားခဲ့သဖြင့် သူမ သိချိန်တွင် အမျိုးသမီးကျန်းကို အိမ်သို့ပင် ခေါ်သွားခဲ့ပြီဖြစ်သည်။ လုလျန့်ဝေသာ ဝင်ရောက်မစွက်ဖက်လာခဲ့လျှင် အမျိုးသမီးကျန်းသည် နှစ်ရက်အတွင်း သေဆုံးသွားခဲ့မည်ဖြစ်ပြီး မည့်သည့် ပြဿနာမျှ ပေါ်ထွက်လာခဲ့မည် မဟုတ်ချေ။
သူမသည် ဤအကြောင်းကို တိုးတိုးတိတ်တိတ် နောင်တရနေမိသည်။ ဒီလောက် ပြဿနာကြီးသွားမယ်မှန်းသိခဲ့လျှင် အမျိုးသမီးကျန်းကို ဒီ့ထက် ပိုမြန်မြန် သတ်ခဲ့မည်ပင်။
အမျိုးသမီးချန် ၏ စိတ်ထဲ မည်သည်ကို တွေးနေခဲ့မှန်း မယ်တော်ကြီးရှောင်ကျင်းက သိနေပေသည်။ သူ့တို့ တွေးပူထားသလောက် အခြေအနေက မဆိုးရွားလှသည်ကပင် ကံအလွန်ကောင်းနေပြီ ဖြစ်သည်။ သူမသည် စိတ်ထဲ အလေးမထားသံဖြင့်
“ဘယ်တော့မှ မင်းစိတ်တိုင်းကျ ထပ်မလုပ်နဲ့တော့။ ထ။”
ကျောက်ချန်သည် နန်းတော်သို့ မြင်းလှည်းအလွတ်ကြီးဖြင့် ပြန်ရောက်လာခဲ့သည်။ မိဖုရားမှာလိုက်သည့် စကားကို ပြန်တွေးမိသော် သူ့သခင်မင်းကြီးကို သွားတွေ့ရန်ပင် ကြောက်ရွံ့နေမိသည်။
မိဖုရားသည် ဤနေ့ည နန်းတော်သို့ မပြန်မည်ဖြစ်ကြောင်း၊ ဆေးဆိုင်တွင် နေခဲ့ပြီး မိဖုရား၏ မိခင် သခင်မလင်းနှင့်အတူ အိပ်စက်တော်မူမည်ဖြစ်ကြောင်း မှာကြားလိုက်ခြင်းပင်။
မိခင်နှင့် သမီး တစ်ကုတင်တည်း အိပ်ခြင်းကိုပင် အဘယ့်ကြောင့် အရေးတကြီး ကိစ္စဖြစ်နေသနည်း။
ထို့အပြင် မိဖုရားသည် သူ့သခင်မင်းကြီးနဲ့ ထိမ်းမြားလက်ထပ်ထားသည်မှာ ရက်အနည်းငယ်မျှသာ ကြာသေးသည်ကိုပင် အခုတော့ သူ့သခင်ကို နန်းဆောင်ထဲ တစ်ယောက်တည်း ထားသွားခဲ့လေပြီ။ ဒါတွေအားလုံး၏ အဓိပ္ပာယ်အကြောင်းအရင်းအား သူလွန်စွာပင် သိချင်ခဲ့မိသည်။
ကျောက်ချန်သည် ဤအကြောင်းကို တိုးတိုးတိတ်တိတ်တွေး၍ မြင်းလှည်းပေါ်က ခုန်ချလိုက်သည်။ သို့ရာတွင် သူ့သခင်မင်းကြီးထံ သတင်းပါးလျှောက်တင်ရန်ကား ချက်ချင်းမဝင်ခဲ့ပေ။
ထိုအချိန်တွင် ချူယိသည် မျက်ကွင်းညိုတစ်ဖက်ဖြင့် သူ့နား လမ်းလျှောက်လာလေသည်။
“သခင်လေးချူယိ။ မျက်လုံးက ဘယ်လိုဖြစ်လာတာတုန်း။”
ချူယိသည် ထိုစကားကို ကြားသောအခါ ကျောချမ်းသွားရသည်။ သူသည် မိန်းမစိုးကျောက်ကို သတိတကြီးနှင့် ကြည့်၍ မေးလိုက်သည်
“မိန်းမစိုးကျောက်, ခင်ဗျား ခေါင်း တစ်ခုခုနဲ့ ခိုက်မိထားသေးလား”
ကျောက်ချန်သည် ထိုသို့အပြောခံရသည့်အတွက် စိတ်ဆိုးဟန်မပေါ်ပဲ နားရွက်နှစ်ဖက်တက်ချိတ်လောက်ဟန်ရှိ အပြုံးတစ်ခုဖြင့်သာ ဆက်ပြောလိုက်သည်
“မင်းကို မင်းလည်း နားထောင်ပါဦးကွ။ ငါက ဒီအတိုင်း စိတ်ပူလို့ ပြောတာပါကွာ။ မင်းမျက်လုံးတွေ ဒီလိုညိုမည်းနေတာ မင်းကို ချူကျီထိုးလိုက်လို့တော့ မဟုတ်ဘူးမလား။”
ချူယိ၏ လည်းပင်းသည် တစ်ချက်တောင်းတင်းသွားပြီး အနည်းငယ်ရှက်နေဟန်ဖြင့် ပြန်ဖြေလိုက်သည်
“ဒီအတိုင်း ချော်လဲထားတာပါဗျာ။ ချူကျီနဲ့ ဘာဆိုင်လို့တုန်း။”
‘ချော်လဲ၍’ မျက်ကွင်းဟောက်ပတ်ညိုသွားနိုင်သည်မှာ ချူယိလိုသောလူမျိုးသာလျှင် ရှိလိမ့်မည်။
ကျောက်ချန်သည် အထင်းသားမြင်နေရသော အမှန်တရားကို ထောက်မပြတော့ဘဲ သူ့ရိုးသားစိတ်ကို မျက်ကွယ်ပြု၍ ပြောလိုက်သည်။
“အဲ့တာလည်း မှန်တာပဲ။ မင်းလိုမျိုး လက်စွမ်းရည်နဲ့ကတော့ ချူကျီဘယ်လောက်ပဲ ကျွမ်းပလေ့စေ၊ မင်းကိုတော့ မှီမှာမဟုတ်ဘူး။”
“မင်း ပြောတာဟုတ်တယ်။ ဘယ်လိုပဲ နေနေ ငါက ချူကျီရဲ့ စီနီယာ ပဲ။ သူ့ကို တစ်ခေါက်လောက်တော့ ပေးနိုင်ရတာပေါ့။”
“ဟုတ်တာပေါ့။ ချူကျီက ဂျူနီယာလေးပါပဲ။ စီနီယာ တွေအနေနဲ့ဂျူနီယာငယ်လေးပေါ်မှာ ဒေါသတွေ ပုံထွက်ပြီး အနိုင်ကျင့်မနေသင့်ပါဘူးကွာ။”
ချူယိသည် ဤနေ့ ကျောက်ချန်က ခင်ဖို့ကောင်းလှချည်လားလို့ ထင်မြင်စပြုလာခဲ့သည်။ သူက
“ဟုတ်ပြီ။ တော်ပြီ။ ငါ့ကို ဆက်ပြီး အမွှန်းမြှောက်နေဖို့ မလိုဘူး။ ငါ ဘာကူပေးရမလဲ။”
ကျောက်ချန် လည်ပင်းထဲ တစ်သွားရသည်။ သူသည် အချိန်တော်ကြာကိုပင် ပြဇာတ်ခင်းခဲ့သော်လည်း သူ၏ တစ်ဦးတည်းသော ပရိသက်ချူယိက သူ့လှည့်ကွက်တွေကို အစကတည်းက ထွင်းဖောက်မြင်ပြီးသား ဖြစ်နေလေသည်။
ကသိကအောက်ဖြစ်သွားသော လေထုကို သက်သာစေရန် ချောင်းတစ်ချက်ဟန့်လိုက်ပြီး
“အဲ့တာလေ ငါ ဗိုက်ထဲ နည်းနည်းနေမကောင်းလို့။ ဒါပေမယ့် သခင့်အတွက်အလုပ်က နောက်ဆုတ်လို့ မဖြစ်ဘူးလေ။”
“ဘာမှတော့ မဟုတ်ပါဘူး။ သခင်က မိဖုရားကို သွားကြိုခိုင်းထားတာပါ။ ဒါပေမယ့် သခင်မက ဒီည မြို့စားကတော်နဲ့ အိပ်ရာဝင်ချင်လို့ နန်းတော်ကို မပြန်တော့ဘူးလို့ ရုတ်တရက် မှာကြားလိုက်လို့။ မင်းက ဒီအကြောင်းကို သခင်ကြီးဆီ လျှောက်တင်ဖို့ပဲ လိုတာ။”
“ကူညီတဲ့အတွက် ကျေးဇူးပါပဲကွာ။ အား မဖြစ်ဘူး။ ငါ မထိန်းနိုင်တော့ဘူး။ ရေအိမ်ဆီပြေးမှ ဖြစ်တော့မယ်။”
ထို့နောက် ကျောက်ချန်သည် တစ်ဟုန်ထိုး ထွက်ပြေးသွားခဲ့သည်။
ချူယိသည် ထိုမာယာများလှသော မြေခွေးအိုကြီး တစ်သုတ်တည်း ထွက်ပြေးသွားသည်ကို ကြည့်ပြီး မျက်လုံးပင် ပြူးသွားသည်။
အဲ့ ငပိန်း မိန်းမစိုး ကျောက်ချန် အကြောင်းရင်းမရှိဘဲ ဘာမှ လုပ်ဖူးတာ မဟုတ်ပေ။ သူ့အပေါ် ထူးထူးခြားခြား ပိုဂရုစိုက်နေခဲ့တဲ့ပုံထောက်ရင်တော့ သူမကောင်းတာတစ်ခုခုကြံစည်ထားတာပဲ ဖြစ်ရမယ်။
ချူယိသည် ထိုအကြောင်းကို စဉ်းစားရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။
Chapter 598 ထိုမိန်းကလေးက သူ့ကို ပစ်ထားခဲ့သည်
မိဖုရားနှင့် သူ့သခင်မင်းကြီးတို့ ထိမ်းမြားလက်ထပ်ထားသည်မှာ ရက်အနည်းငယ်မျှသာ ကြာသေးသည်။ အိပ်ရာတစ်ခုတည်း အိပ်ဖူးသည်မှာလည်း လက်ချိုးရေလို့ရနိုင်ရုံမျှသာ ရှိဦးမည်ပင်။ သို့ဖြစ်ပါလျက် မိဖုရားသည် မိဘအိမ်၌ပြန်နေရန် သခင်ကို တစ်ယောက်တည်းထားခဲ့သည်။ မိဖုရား ဆေးဆိုင်၌ ညအိပ်ရန် ဆုံးဖြတ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် စူးစမ်းဖွယ်ရာများ ပေါ်ထွက်လာတော့သည်။
သူသာ မိဖုရား ဤနေ့ည ပြန်လာမည် မဟုတ်ကြောင်း သတင်းကို သခင်အား သွားလျှောက်တင်လိုက်ပါလျှင် သခင်၏ ဒေါသမာန်က သူ့ထံ ရိုက်ခတ်လာလိမ့်မည်လား။
ချူယိက ထိုအကြောင်းကို တွေးလိုက်မိသောအခါ ကဲ့ရဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။
အဲ့ မသာ ကျောက်ချန်။
ဒီသတင်းမှာ လျှောက်တင်ရခက်မှန်းသိ၍ သူ့ကို မြေစာပင် ပြုလုပ်လိုခြင်း ဖြစ်သည်။
သူက ဒီလောက် နုံအလို့လား။
ကျောက်ချန်သည် သူ့အစား သူ့(ချူယိ)ကို ထိုးကျွေးချင်နေတာဖြစ်တယ်။
တော်တော်လှတဲ့ အကွက်ကို ထိုးသွားတာပါလား ။
ချူယိသည် ဒေါသတကြီး ထွက်သွားတော့မည်ပြုစဉ် အထဲမှ ချူကျီ ဖြည်းညင်းစွာ လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ချူကျီ ထိုသို့ အပူအပင်မရှိ အေးအေးလူလူ ရှိနေပုံကို မြင်ရာ၌ သူ၏ ညာဘက်မျက်လုံး တစ်ချက် နာကျဉ်လာသည်ကိုပင် ခံစားလိုက်ရသည်။
ချူကျီက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ ချူယိကို လျစ်လျူရှုခဲ့ချင်ပေမယ့်လည်း ချူယိ၏ ညိုမည်းနေသော ညာဘက်မျက်လုံးကို မြင်၍ ရပ်တန့်မိသွားသည်။ ပြီးတော့ ခေါ်နေသောသူဆီသို့ သွားလိုက်လေသည်။
“ငါ့မျက်လုံးက မင်းကြောင့် နာနေပြီ။ ပြီးတော့ ကိုက်ခဲနေတာကြီးက ကောင်းကောင်းမသက်သာသေးဘူး။ ဒီလိုပုံစံကြီးနဲ့ သခင်ရှေ့ ခစားမဝင်ရဲဘူး။ မင်းဒီမှာ ရှိနေတော့ အတော်ပဲ။ မင်း ဝင်သွားပြီးတော့ မိဖုရားက ဒီည ဆေးဆိုင်မှာ ညအိပ်နေမှာ မို့လို့ နန်းတော်ထဲ ပြန်မလာတော့ဘူးလို့ သခင်ဆီ သွားလျှောက်တင်ပေးစမ်းပါကွာ။”
ထိုသို့ ပြောပြီးနောက် နောက်တစ်ကြိမ် ကိုက်ခဲနာကျင်ဟန်ဖြင့် အော်ပြောလိုက်သည်
သတင်းကို ပြောလျှင်ပြောပြီးချင်း လျှပ်စီးကဲ့သို့ ဖြတ်ကနဲ့ ထွက်ပြေးသွားလေသည်။
ချူကျီသည် မျက်မှောင်ကြုတ်ကာ ချူယိ ထွက်ပြေးသွားသော ဘက်ကို ကြည့်ရင်း သူကိုယ်တိုင်ကား လေးနက်စွာတွေးနေခဲ့သည်။
ချူယိ၏မျက်လုံး မသက်မသာဖြစ်နေသည့်အချက်အပြင်ကို ချူယိ သူ့ထံမှ ဖုံးကွယ်ထားသော တခြားအရာများရှိကို ရှိရမည်။
သို့သော်လည်း ထိုအရာများ ဘာလဲဆိုသည်ကို သူသည် မဖော်ထုတ်နိုင်ခဲ့။ ချူကျီသည် ဒီအကြောင်းကို သေချာ တစ်ချက်စဉ်းစားခဲ့သည်။ နောက်ဆုံးမှာတော့ စာဖတ်ခန်းထဲ ဝင်သွားလိုက်တော့သည်။
ချူကျီသည် အခန်းထဲသို့ ဝင်ပြီး ချူယိ ပြောပြခဲ့သည့်အတိုင်း သတင်းတစ်ခုလုံးကို သူ့သခင်ထံ လျှောက်တင်လိုက်သည်။
“သခင်၊ ဒီည မိဖုရား ဆေးဆိုင်မှာ ညအိပ်မှာမို့ နန်းတော်ထဲ ပြန်လာတော့မှာ မဟုတ်ကြောင်း သတင်းပါးလိုက်ကြောင်းပါ”
ချူကျီသည် တစ်လေသံတည်းနှင့် လျှောက်တင်လိုက်သည်။
လုံယန် မှတ်စု များမှတ်နေရာမှ ရပ်တန့်သွားပြီး ခေါင်းမော့၍ ချူကျီကို တစ်ချက်စူးရှစွာ လှမ်းကြည့်လိုက်သည်
ချူကျီသည် ခေတ္တရပ်တန့်သွားပြီးနောက် ပို၍ ပီပီပြင်ပြင်ပြောလိုက်သည်
“မိဖုရား ဒီနေ့ည နန်းတော်ကို ပြန်လာမှာ မဟုတ်ပါဘူး၊ ဆေးဆိုင်မှာ မြို့စားကတော်ကို အဖော်ပြုချင်ပါတယ်လို့ ချူယိက အသိပေးလိုက်ကြောင်းပါ။”
ဒီမိန်းကလေးက သူ့ကို ပစ်ထားသွားမယ်လို ဘယ်သူက ထင်ထားမှာလဲ။
နေ့လည်တုန်းကတော့ သူသာ နန်းတော်ပြန်ပြီး သူ့တာဝန်တွေ ပြီးအောင်လုပ်ထားမည်ဆိုရင် ဒီညပြန်လာမည်ဟု ကတိပေးထားခဲ့သည်။ အမှန်ကတယ်တော့ သူပြန်သွားအောင်သာ ပြောလိုက်သည့် သူမ၏ လှည့်ကွက်တစ်ခုသာ။
“နန်းတွင်းမြို့ရိုးကို ဆယ်ပတ်ပြည့်အောင် သွားပြေးချေ။”
ချူကျီသည် သူ့သခင်ကို အံ့ဩမှုအပြည့်ဖြင့်ကြည့်ရင်း သူသာ နားကြားမှားလားဟု ထင်မိနေသည်။
“ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ သခင် ဘာလို့ ဒီလို ပြစ်ဒဏ်ပေးရတာလဲ။”
ချူကျီသည် နှုတ်တစ်ချက်တိတ်သွားပြီး ခေါင်းမာမာနှင့်ပင် သူ့နေရာ၌ ပုံမပျက်ရပ်နေခဲ့သည်။
ထိုသို့ပြောပြီးနောက် အခန်းထဲမှ လျှပ်စီးအလျင်ဖြင့် ထွက်ပြေးသွားတော့သည်။
ထိုည သူ့သခင် စက်တော်ခေါ်နိုင်ရန် မည်မျှခက်ခဲ့မည်ကို တွေးမိသွားသောအခါ နန်းတွင်းမြို့ရိုးကို ဆယ်ပတ် ပတ်ပြေးရသည်မှာ အဲ့လောက်မခက်ခဲလှဟု ချူကျီခံစားမိသွားသည်။
သူ စာရေးမှင်တံကို လွှင့်ပစ်လိုက်ပြီး နန်းတော်ထဲက ချက်ချင်းထွက်၍ လုလျန့်ဝေကို ပြန်ခေါ်လာဖို့ တွေးလိုက်မိသည်။ သို့ရာတွင် သူမ၏ ခေါင်းမာပုံကို အမှတ်ရသွားသောအခါ မခေါ်တော့ရန်သာ ဆုံးဖြတ်လိုက်ရသည်။
လုလျန့်ဝေနှင့် လင်းလီဟွားတို့သည် တစ်ကုတင်တည်းပေါ်တွင် အိပ်နေကြသည်။ သားအမိနှစ်ယောက်တွင် ပြောစရာစကားများ မကုန်နိုင်အောင် ရှိနေပေသည်။
သူတို့နှစ်ယောက်လုံးသည် ဆေးပညာ၌ ကျွမ်းကျင်လည်ပတ်သောသူများဖြစ်ကြသည့်အလျောက် ဆေးပညာဟူသော ခေါင်းစဉ်အောက်၌ပင် သူတို့သည် နာရီပေါင်းများစွာ ပြောဆိုနေနိုင်ကြသည်။
သူတို့သည် ညသန်းခေါင် အချိန်တော်ကြာပြီး လုလျန့်ဝေအိပ်ပျော်သွားသည့်အချိန်အထိ စကားစမြည်ပြောနေခဲ့သည်။ လုလျန့်ဝေသည် လင်းလီဟွားကို မှီလျက် အိပ်မောကျသွားခဲ့သည်။
သူမဘေးတွင် ရှိနေသော သူမသမီးကို ကြည့်၍ လင်းလီဟွားသည် အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေမိသည်။
သူမ သမီးသည် အရွယ်ရောက်ကြီးပျင်းလာခဲ့ပြီ ဖြစ်သော်လည်း မိဘအမြင်မှာတော့ အမြဲပင် ကလေးငယ်သာသာ ရှိနေပေသည်။ လင်းလီဟွားသည် သူ့ သမီးကို မွေးဖွားပြီး မကြာခင်ပင် ထွက်ခွာသွားခဲ့ရသည်။ သူ့သမီးနှင့် အိပ်ရာတစ်ခုတည်း အတူအိပ်နိုင်ဖို့ဆိုသည်မှာ သူ အိပ်မက်ပင် မမက်ရဲခဲ့ဘူးသော အရာပင်။
အခုတော့ သူ့သမီးသည် လက်လှမ်းမှီနိုင်သောနေရာတွင် ရှိနေပြီဖြစ်သည်။