← Chapters

အခန်း (၅၉၉-၆၀၀)

Vol. 12 Ch. 599-600

အခန်း (၅၉၉-၆၀၀)

Vol. 12 Ch. 599-600

Chapter 599 - နည်းနည်း မနာလို မဖြစ်ဘဲ မနေနိုင်ခဲ့ပေ

သူမသည် နွေးထွေး၍ ပြည့်စုံသည်ဟု ခံစားမိသည်။

သမီးများဟူသည် နွေးထွေးနူးညံ့လှသော ဂွမ်းထိုးအနွေးထည်များနှင့် တူသည်ဟု ပြောလေ့ရှိကြသည်။ လင်းလီဟွားလည်း ထိုစကားအား လုံးဝ သဘောတူညီပေသည်။

သူမသည် လုလျန့်ဝေကို စောင်လုံအောင်ခြုံပေးပြီးနောက် မီးမှုတ်၍ အိပ်လိုက်တော့သည်။

နောက်တစ်နေ့တွင်

လုလျန့်ဝေနှင့် လင်းလီဟွားတို့ မနက်စာ စားပြီးချိန်၌ လုထင်ချန်းရောက်ရှိလာခဲ့သည်။

သူ့အမေနှင့် ညီမတို့ အခွဲနိုင်မခွာနိုင် အတူတူရှိနေသည်ကို တွေ့လိုက်ရသောအခါ အနည်းငယ်တော့ မနာလိုမဖြစ်ဘဲ မနေနိုင်ခဲ့ပေ။

“အဖေနိုးလာပြီ”

သူသည် အသံမာမာနှင့် တိုးတောင်စွာ ပြောလိုက်သည်။

လုလျန့်ဝေသည် ဝမ်းသာသွားပုံနှင့်

“အမေ သမီးအဖေကို သွားတွေ့ချင်တယ်။ အမေကော လိုက်ခဲ့မလား။”

လုလျန့်ဝေက သူ့အမေသည် သူ့အဖေကို မတွေ့ချင်သေးသည်ကို သိ၍ ထပ်မံတွန်းမခေါ်တော့ပေ။ သို့သော် အမျိုးသမီးကျန်းကို သတ်ရန် ရုတ်တရက်ရောက်လာတဲ့ လူသတ်သမားအကြောင်းကို သတိရတော့ သူမက ပြောလိုက်သည်။

လင်းလီဟွားသည် သူမ၏ စိုးရိမ်မှုကို နားလည်ပြီး သူမ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်

“စိတ်မပူပါနဲ့။ သမီးရဲ့ ဦးလေးဝူလည်း ဒီမှာ ရှိနေတာပဲ။”

လုလျန့်ဝေသည် ထိုအရာကို ကြားသောအခါ စိတ်ပူတာအနည်းငယ်လျော့သွားတော့သည်

“ဟုတ်ပါပြီ အမေ။ ဒါပေမယ့်လည်း ဂရုကြီးကြီးစိုက်ပြီး နေပါနော်။”

“အမေ သိပါတယ်။ ကဲ မြန်မြန်သွားတော့။ သမီးအဖေကို ဝင်တွေ့ပြီးသွားရင် နန်းတော်ထဲ မြန်မြန်ပြန်။ မဟုတ်ရင် ငါ့သားမက် မင်းကြီးက ငါ့ဆေးဆိုင်လေး လာဖျက်သွားဦးမယ်”

လုထင်ချန်းသည် သူ့တို့ စကားဝိုင်းကို ကြား၍ နည်းနည်း ဝေဝါးသွားသည်။

“ဟင့်အင်း မပြောပြဘူး။ ငါက အဖေသတိလစ်နေတုန်း တစ်လျှောက်လုံး အဖေ့ဘေးနားမှာ နေနေခဲ့တာ။ အဖွားက ငါ့ကို ဘာမှ မပြောဘူး။”

လုလျန့်ဝေက ခေါင်းငြိမ့်လိုက်သည်။ သူ့ အစ်ကိုက ဘာမှ မသိတာ မဆန်းပါဘူးလေ။

“အမေ အဲ့တာဆို ကျွန်တော် အိမ်အရင် ပြန်လိုက်ပါဦးမယ်။ ပြီးမှ အမေ့ဆီ တစ်ခေါက်ပြန်လာခဲ့မယ်။”

လင်းလီဟွားသည် ပြုံးလျက်ပင် ခေါင်းငြိမ့်လိုက်သည်။ သူမမျက်လုံးများထဲမှ အေးစက်မှု အများစုသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

မြို့စားအိမ်သို့ ပြန်ရာလမ်းတွင် လုလျန့်ဝေက လုထင်ချန်းအား မနေ့က ဖြစ်ပျက်ခဲ့သမျှအကုန် ပြောပြလိုက်သည်။

သူသည် အမျိုးသမီးကျန်းသည် ရုတ်တရက် လူသတ်သမား လုပ်ကြံသတ်ခံလိုက်ရသည်ကို သိသောအခါ အတော်ပင် အံ့အားသင့်သွားခဲ့သည်။

လုလျန့်ဝေက ခေါင်းငြိမ့်လိုက်သည်။ သူမသည်လည်း အမျိုးသမီးကျန်း၏ သေဆုံးမှုအတွက် အဆင်သင့် ဖြစ်မနေခဲ့ပေ။

အမျိုးသမီးကျန်းအတွက် သနားစာနာစိတ်ကား မရှိခဲ့သော်လည်း သူ့သေဆုံးမှုနှင့်အတူ မြုပ်ကွယ်သွားသော လျှို့ဝှက်ချက်များစွာက ရှိနေသေးသည်။

ထိုသို့ဆိုလျှင် သူမ မိဘများကြား ပြန်လည်ပြေလည်သွားအောင်ဆောင်ရွက်ဖို့ရာ ပို၍ပင် ခက်ခဲသွားပေပြီ။

ဤအကြောင်းကို တွေးမိသောအခါ၌ ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာသော လူသတ်သမားပေါ် အမုန်းတရားများပွားမိသည်။

လုထင်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။ လုလျန့်ဝေအတိုင်းပင် အမျိုးသမီးကျန်း၏သေဆုံးမှုသည် သူ့အတွက် အရေးတော့ မဟုတ်ပေမယ့် … ဒီလို ထူးထူးဆန်းဆန်း လူသတ်သမားတစ်ယောက်ထွက်ပေါ်လာတော့ သူ့အမေများ အန္တရာယ်ထဲ ကျရောက်နေမလားဘဲ။

“ဒါဆို မဖြစ်ဘူး။ ငါပြန်သွားပြီး အမေ့ကို ကာကွယ်ပေးမှ ဖြစ်မယ်။”

“စိတ်မပူပါနဲ့။ ဦးလေးဝူ ကော စီနီယာ ကော အဲ့မှာ ရှိပါတယ်။ ပြီးတော့ အမေ့ရဲ့ ကိုယ်ခံပညာကလည်း တော်တော်ကောင်းတာပဲ။ ဘယ်လူသတ်သမားမဆို သူ့ကို သတ်ဖို့လုပ်မယ်ဆိုရင်ကို နှစ်ခါပြန်စဉ်းစားရလိမ့်မယ်။”

“အခုချိန် အရင်ဆုံးလုပ်ရမှာက အမေ့နှလုံးသားထဲက မုန်းတီးမှုတွေကို ဖြေဖျောက်ပေးနိုင်အောင် လုပ်ဖို့ပဲ။ အဖေ ဒီလို ရူးရူးမိုက်မိုက်လုပ်ရပ်တွေ မလုပ်စေချင်တော့ဘူး”

သူ့အမေသည် သူ့အဖေကို အမုန်းကြီးမုန်းခဲ့ပေသည်။ ဘယ်လိုလုပ် လွယ်လွယ်နှင့် ခွင့်လွှတ်ပေးနိုင်မည်နည်း။

သို့သော်လည်း လုလျန့်ဝေရဲ့ စိုးရိမ်မှုများမှာလည်း အကြောင်းမရှိဘဲ မဟုတ်ချေ။ သူ့တို့အဖေသည် အခုသေမင်းနှင့် တွေ့ဆုံရန် ကြိုးပမ်းနေသည် မဟုတ်လား။

သားသမီးတွေအနေဖြင့် မိဘတွေ အငြင်းပွားရန်တိုက်နေသည်ကို ဒီအတိုင်းလက်ပိုက်၍ ဘယ်ရပ်ကြည့်နေနိုင်ပါ့မလဲ။

လုလျန့်ဝေသည် ခေါင်းတစ်ချက်ရမ်းကာ နောင်တ အနည်းငယ်ဖြင့် ပြန်ဖြေလိုက်သည်။

“ဒီအတွက် ထွက်လမ်းကို အမျိုးသမီးကျန်းက လမ်းပြပေးခဲ့ရမှာ။ ဒါပေမဲ့ သူ့ကို ခေါ်သွားမိတာနဲ့ တစ်ခါတည်း လူသတ်သမားက လာပြီး သတ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့မိဘူး။”

Chapter 600 - မင်းကြီးအား အမျက်တော်ထွက်စေခဲ့တဲ့အတွက် ကြီးလေးတဲ့ အကျိုးဆက်တွေရှိခဲ့တယ်

သို့ရာတွင် ထိုအရာသည် သူမ၏ အပြစ်ဖြစ်သည်။ သူမသာ လျှို့ဝှက်ကျွမ်းကျင်သော အစောင့်များကို ထွက်မသွားခိုင်းခဲ့ဘူးဆိုလျှင် အမျိုးသမီးကျန်းသည် ထိုမျှ လျင်မြန်စွာ သေသွားခဲ့မည် မဟုတ်လောက်ပေ။

“အမျိုးသမီးကျန်းက တကယ်ဘဲ ဘာကို သိခဲ့တာလဲ”

လုထင်ချန်းလည်း ထိုအရာကို သိချင်နေခဲ့သည်။

လုလျန့်ဝေက ခေါင်းခါရမ်းလိုက်ပြီး

“ညီမလည်း ဘာမှန်းမသိဘူး။ တစ်ယောက်ယောက်က လုံးဝကို ထွက်ပေါ်မခံနိုင်တဲ့ လျှို့ဝှက်ချက်ကြီးကြီးမားမားတစ်ခုခုတော့ ဖြစ်ရမယ်။ မဟုတ်ရင် သူ့လို မယားငယ်တစ်ယောက်က ဘာလို့ လိုက်သတ်တာ ခံနေရမှာလဲ။”

“သူ့ကို ဘယ်သူက သေစေချင်မှာတဲ့လဲ”

လုထင်ချန်းက ပြက်ရယ်ပြု၍ပြောလိုက်သည်။

လုလျန့်ဝေက မျက်မှောင်ကြုတ်လိုက်ကာ

“အမျိုးသမီးကျန်း တရားခံ အစစ်အမှန်က ဘယ်သူဆိုတာကို ထုတ်မပြောလိုက်နိုင်ပေမယ့် သူပြောပုံအရတော့ ဟိုးအရင်နှစ်တွေတုန်းက သူ ရုတ်တရက်ကြီးပေါ်လာဖို့ကို တစ်ယောက်ယောက်က စီစဉ်ခဲ့တဲ့ပုံပဲ။”

ထိုစကားများသည် လျှပ်စီးလက်လိုက်သကဲ့သို့ လုထင်ချန်းအား လန့်သွားစေသည်။

“မင်းပြောချင်တာက အမျိုးသမီးကျန်း လုယွင်ရွှမ်းကို အိမ်ကို ခေါ်လာတာက တစ်ယောက်ယောက်က စီစဉ်ထားခဲ့တာလား။ အဲ့တာဆို လုယွင်ရွှမ်းက …”

“လုယွင်ရွှမ်းက အဖေ့ကလေး မဟုတ်ဘူးဆိုတာ ဖြစ်နိုင်လောက်တယ်။”

“အဲ့တာသာ အမှန်ဆိုရင် အဖေနဲ့ အမေနဲ့ ကွဲသွားဖို့ကို တစ်ယောက်ယောက်က စီစဉ်ထားခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။”

“ဖြစ်နိုင်တယ်။ အဖေနဲ့ အမေက တစ်ယောက်ယောက် ကြံစည်ထားတဲ့ ထောင်ချောက်ထဲ ကျသွားခဲ့တာပဲ။”

“အဖေနဲ့ အမေနဲ့ကြား ပြဿနာဖြစ်အောင် သူတို့က ဘာလို့ လုပ်ချင်ကြတာလဲ။”

လုလျန့်ဝေက ထိုအရာကို မဖြေခင် အနည်းငယ်တွေးလိုက်သည်။

“ကျွန်မ အထင်အရတော့ နောက်ကွယ်ကလူရဲ့ ရည်ရွယ်ချက်က အမေပဲ ဖြစ်မယ်။ အမေ့ရဲ့ တည်ရှိမှုက သူတို့အတွက် အန္တရာယ်တစ်ခု ဖြစ်နေခဲ့လို့ သူတို့က ဒီလို ထောင်ချောက်ဆင်ပြီး အဖေနဲ့ အမေကြား နားလည်မှုလွဲသွားအောင် လုပ်လိုက်ကြတာ။ အမေ့ရဲ့ စိတ်ကို သိတော့ အမေက အသည်းကွဲပြီး စိတ်ပျက်သွားတဲ့အချိန် ထွက်သွားမယ်လို့ တွက်ထားခဲ့တာ ဖြစ်လောက်တယ်။ ပြီးတော့ အဲ့တုန်းက အမေထွက်သွားတုန်းက အမေ့ကို လုပ်ကြံဖို့ လူသတ်သမားတွေ စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် သူ ကျောက်ကမ်းပါးပေါ်က ခုန်ချပြီး သေသွားဟန်ဆောင်လိုက်တဲ့နောက်မှာတော့ လူသတ်သမားတွေ ထပ်မလာတော့ဘူး။ ဒါက လူသတ်သမားတွေက အမေအောက်ပြုတ်ကျပြီး သေသွားပြီလို့ထင်လို့ ထပ်လိုက်မလာတော့တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ညီမ အမျိုးသမီးကျန်းကို ဒီခေါ်လာတာနဲ့ တစ်ခါတည်း သူ့အသက်နဲ့ ပေးဆပ်လိုက်ရတယ်။ အဲ့တာရဲ့ အဓိပ္ပာယ်က နောက်ကွယ်က တရားခံက ညီမတို့နဲ့ နီးစပ်တဲ့သူပဲ ဖြစ်ရမယ်။”

လုထင်ချန်းသည် သူမ ခွဲခြမ်းသုံးသပ်ပုံကို နားထောင်ပြီးသည့်နောက်မှာတော့ သူ့ရင်ထဲ တင်းကျပ်သွားသလို ခံစားလိုက်ရသည်။

“ဒါဆို အမေ့အတွက် အရမ်းအန္တရာယ်ကြီးနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား။”

“အစ်ကို ပြန်ရောက်ပြီးမှ အမေ့ကို လျှို့ဝှက်စောင့်ရှောက်ပေးဖို့ လူတစ်ချို့လွှတ်ပေးပါ။ စီနီယာ နဲ့ ဦးလေးဝူ တို့ကိုလည်း သတိပိုထားနိုင်ဖို့ရာ ဒီအကြောင်းတွေ ပြောပြထားလိုက်ပါ့မယ်။”

လုထင်ချန်းသည် လေးနက်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

သူသည် ရုတ်တရက် တစ်ခုခုကို မှတ်မိသွားပြီး လုလျန့်ဝေဘက်သို့ လှည့်လိုက်၍

“ငါ ဒီနေ့မနက် နန်းတွင်းထဲ ရောက်ခဲ့တာ၊ မင်းကြီး လုံးဝ စိတ်မကြည်နေတာ တွေ့ခဲ့ရတယ်။ ညီလာခံထဲက မှူးမတ်တွေဆို သူ့ကိုကြောက်လွန်းလို့ အသက်တောင် မရှူရဲကြဘူး။ ဒီနေ့နန်းတွင်းညီလာခံတစ်ခုလုံး အပ်ချသံတစ်ခုတောင် မကြားရဘဲ အပြီးသတ်သွားခဲ့တာ။”

လုထင်ချန်းသည် ပြုံးလျက်နှင့်ပင် သူ့ညီမအား မျက်ခုံးတစ်ဖက်ပင့်၍ ပြောလိုက်လေသည်။

“အင်း မေးသင့်တဲ့မေးခွန်းပဲ။ အရှင်မင်းကြီးက ဘာလို့ ဒီလောက် အမျက်တော်ထွက်နေရတာတုန်း။ သူ သိပ်မကြာခင်ကပဲ လက်ထပ်ထိမ်းမြားထားတာ မဟုတ်ဘူးလား။ ငါလည်း သူဘာလို့ဒီလောက် အမျက်တော်ထွက်နေလဲ သိချင်မိတယ်။ အဲ့တာ ငါ့ကို ရှင်းပြပေးပါလား ညီမလေး။”

“မင်းကြီးက ဒီလောက်ကြီး ကပ်သီးကပ်ဖဲ့နိုင်မှာတော့ မဟုတ်လောက်ဘူးမလား”

သူမအစ်ကိုမှ သူမကို ကြည်စားနေသော မျက်လုံးများကို မြင်လိုက်ရသောအခါနှုတ်ခမ်းများကို ဆူလိုက်မိပြီး

“ညီမလည်း အကြောင်းရင်းကို သိချင်တာပဲ။ အဲ့တာ အစ်ကိုကြီးက မင်းကြီးကို သွားမေးပေးလို့ မရဘူးလား။”

လုထင်ချန်းသည် သူမခေါင်းကို အသာခေါက်လိုက်သည်။

“ဒီပြဿနာက မင်းရှာထားတာလေ။ မင်းကိုယ်တိုင် ရှင်းမှရမှာပေါ့။”

လုလျန့်ဝေသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

သူတို့ မြို့စားအိမ်ကိုရောက်သွားတဲ့အခါ လုဟယ့်ထျန်းနိုးလာတာကို မြင်ပြီး လုလျန့်ဝေမှာ လွန်စွာပင် စိတ်သက်သာရာရသွားသည်။ ထိုသည်ကိုပင် သူမက သူ့သွေးကြောကို သွားစမ်းလိုက်သေးသည်။ သူ့သွေးခုန်နှုန်းတို့မှာ ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်ကြောင်း တွေ့ရသည့်အပြင် သွေးလျော့နည်းသွားခြင်းကိုသာ ခံစားနေရကြောင်း သိလိုက်ရသည်။ သို့သော် မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေဆဲ ဖြစ်၍ ထိုအရာက သူမကို ချက်ချင်း စိတ်ပူသွားစေသည်။

“အဖေ သမီးတို့ကို ဒီလိုမျိုး မခြောက်လန့်ပါနဲ့တော့နော်။”

လုလျန့်ဝေလည်း နောက်ဆုံးတော့ စိတ်ပူတာရပ်သွားခဲ့ရသည်။ အဲ့အချိန်မှာပဲ နောင်တသံ အနည်းငယ်နှင့်အတူ ပြောလိုက်သော သူမအဖေ၏အသံကို ကြားလိုက်ရလေသည်။

“အမျိုးသမီးကျန်းက ဘာလို့ အဲ့အတိုင်းပဲ သေသွားရတာလဲ။”

All Chapters