← Chapters

ပူးပေါင်းကြံစည် အလစ်တိုက်ခိုက်ခြင်း

Vol. 100 Ch. 1399

ပူးပေါင်းကြံစည် အလစ်တိုက်ခိုက်ခြင်း

Vol. 100 Ch. 1399

အခန်း (၁၃၉၉) ပူးပေါင်းကြံစည် အလစ်တိုက်ခိုက်ခြင်း

ရန်ကျောက်ကဲစကားကိုကြားတော့ ချန်ချန်းဟွာ၏ မထီမဲ့မြင်အမူအရာပျောက်ကွယ်သွားပြီး မျက်ဝန်းများတွင် အလင်းရောင်များ တောက်ပလာသည်။

သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

“ရန်ကျောက်ကဲ... မင်းက ထူးခြားတဲ့သူတစ်ယောက်ပါ ၊ ဒါပေမဲ့ တခါတလေကျတော့ မင်းရဲ့တွေးပုံခေါ်ပုံက အရမ်းကို ရှေးရိုးဆန်တာပဲ”

သူက ဆက်ပြောလိုက်သည်။

“မင်းက ဒီလိုရိုးရှင်းတဲ့ဘဝမျိုးကို ဖြတ်သန်းချင်တာလား ၊ ဒါမျိုးက တကယ့်ကို...”

သူ့စကားမဆုံးခင်မှာပင် ရန်ကျောက်ကဲက စတင်တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။

ရန်ကျောက်ကဲ၏လက်ချောင်းများက ဓားသွားပမာ ဗလာနယ်အလွှာများကိုဖြတ်ကျော်ပြီး ချန်ချန်းဟွာအားထိုးနှက်ပစ်လိုက်သည်။

ကြောက်မက်ဖွယ်ရာ အနီရောင်ဓားအလင်းတန်းက ဗလာနယ်အလွှာများကိုထိုးဖောက်ကာ ချန်ချန်းဟွာရှေ့သို့ ရောက်ရှိလာသည်။

ချန်ချန်းဟွာက နေရာမှာပင် မတ်တတ်ရပ်နေဆဲ ဖြစ်သည်။

သူက လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်ပြီး အလယ်သို့ပြန်စုကာ ဆွဲယူလိုက်သည်။

ဗလာနယ်အားပိတ်ဆို့ထားသည့် ရေလိုက်ကာများက ရေဝဲတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲ၏ နတ်ဘုရားထောင်ချောက်ဓားအလင်းတန်းကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

ရေလိုက်ကာများမှဖြစ်ပေါ်လာသော ရေဝဲဂယက် တဟုန်ထိုးစီးဆင်းသွားချိန် ရေလိုက်ကာထဲတွင် တစ်ဝက်ခန့်နစ်မြုပ်နေသည့် ချန်းဟွာသစ်ပင်သည်လည်း ဆွဲယူခံလိုက်ရသည်။

သို့သော် ရေလိုက်ကာထဲတွင် နစ်မြုပ်နေခြင်းမရှိသော သစ်ပင်တစ်ဝက်နှင့် အကိုင်းအခက်တစ်ဝက်က နေရာတွင်ပင် ကျန်ရှိနေခဲ့သည်။

သို့ပေသိ ရေလိုက်ကာထဲ နစ်နေသော အခြားတစ်ဝက်ကတော့ ဗလာနယ်စွမ်းအားများ၏လွှမ်းမိုးမှုဖြင့် ဆွဲခွာခံလိုက်ရသည်။

အလွန်ခိုင်မာသော သစ်ပင်ဖြစ်သည့်တိုင် ဗလာနယ်အလွှာနှစ်ခု ပုံပျက်ခြင်းအောက်တွင် ချန်းဟွာသစ်ပင်မှာ ပြတ်ထွက်သွားတော့မည့်အလား ထင်မှတ်ရသည်။

ရန်ကျောက်ကဲက မျက်နှာအမူအရာမပြောင်းလဲဘဲ နေရာမှာပင် မတ်တတ်ရပ်လျှက် သူ၏အခြားလက်တစ်ဖက်ကိုဆန့်ထုတ်ကာ ချန်းဟွာသစ်ပင်၏ ပင်စည်ထက်တွင် ဖိနှိပ်ထားလိုက်သည်။

ချက်ချင်းပင် အချိန်နှင့်နေရာ ဟန်ချက်ညီသွားပြီး ချန်းဟွာသစ်ပင်အား ထိန်းသိမ်းပေးလိုက်သဖြင့် သစ်ပင်ကြီးမှာ ဗလာနယ်ပုံပျက်ခြင်းကြောင့် နှစ်ပိုင်းကွဲထွက်သွားခြင်း မရှိတော့ပေ။

ချန်ချန်းဟွာသည် ထိုအခွင့်အရေးကို အသုံးပြုပြီး ဆုတ်ခွာသွားသည်။

သူက မထီမဲ့မြင်ပုံစံဖြင့်...

“အရင်တစ်ခေါက်က မင်းနဲ့တိုက်ခိုက်ပြီးပြီ ၊ နောက်တစ်ကြိမ် ထပ်တိုက်စရာမလိုတော့ဘူး”

သူက ဆက်ပြောလိုက်သည်။

“ငါ့ရည်မှန်းချက်က မင်းစိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့မျက်နှာကို မြင်ချင်ရုံပဲ ၊ ဒါပေမဲ့ မင်းက ငါ့လှည့်ကွက်ကို ကြိုသိနေမယ်လို့ ထင်မထားမိဘူး”

“နောက်တစ်ခါကျမှ တခြား ဖျော်ဖြေရေးနည်းလမ်းတွေနဲ့ အပျော်ရှာကြတာပေါ့”

ချန်ချန်းဟွာ စကားပြောနေစဉ်မှာပင် ရ်ကျောက်ကဲက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ဘယ်လက်ဖြင့် သွေးနီရောင်ဓားအလင်းတန်းတစ်ခု ဖန်တီးကာ ခုတ်ပိုင်းချလိုက်သည်။

ဓားအလင်းတန်းက ရေလိုက်ကာကိုဖြတ်တောက်လိုက်ပြီး ချန်းဟွာသစ်ပင်တစ်ခုလုံးကို ရေလိုက်ကာအတွင်းမှ ဆွဲထုတ်လိုက်သည်။

ပြင်းထန်သော တန်ခိုးစွမ်းအားအောက်တွင် ချန်းဟွာသစ်ပင်က ပြင်းထန်စွာတုန်ခါနေပြီး ရန်ကျောက်ကဲက သူ၏လက်ချောင်းများဖြင့် ပင်စည်ကို အသာပုတ်လိုက်သည်။

ထာဝရအလင်းကောင်းကင်ကျမ်းစာနှင့် ဗလာနယ်ကောင်းကင်ကျမ်းစာ၏ နက်နဲသောအဓိပ္ပါယ်များကို တပြိုင်နက်ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်အပြောင်းအလဲများကို ချက်ချင်းပင် ပြေလျော့သွားစေသည်။

ထို့နောက် သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ချန်းဟွာသစ်ပင်တစ်ပင်လုံးကို မြေထဲမှ ဆွဲနှုတ်လိုက်သည်။

အောက်ဖက်ရှိမြေပြင်သည်လည်း ရေစီးကြောင်းအရံအတားများဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်၏။

ရေလိုက်ကာများထဲမှ ဆွဲနှုတ်ခံလိုက်ရသည့်အခါ ချန်းဟွာသစ်ပင်ကြီးက အာဟာရဓာတ်များ ဆုံးရှုံးသွားသည့်ပမာ အနည်းငယ်ညှိုးနွမ်းသည့် လက္ခဏာများပြလာသည်။

သို့သော် ရန်ကျောက်ကဲက လက်ချောင်းများကို ဆက်လက်လှုပ်ရှားလိုက်ရာ အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများက ရေလိုက်ကာတစ်စိတ်တစ်ပိုင်းကို သယ်ဆောင်သွားပြီး ချန်းဟွာသစ်ပင်၏ အမြစ်စနစ်ကို လည်ပတ်စေသည်။

တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲ၏ဘယ်လက်က နောက်ထပ် ဓားတစ်ချက် ထပ်မံထုတ်လွှတ်လိုက်သည်။ သွေးနီရောင်အလင်းတန်းများ ဖြတ်သန်းသွားရာနေရာတိုင်းတွင် ရေလိုက်ကာ အရံအတားများ ဖြတ်တောက်ခံလိုက်ရသည်။

ရန်ကျောက်ကဲ၏ခန္ဓာကိုယ်က ရှေ့သို့ဆက်လက်လှုပ်ရှားနေပြီး ဗလာနယ်အပေါ် သူ၏ထိန်းချုပ်မှုအောက်တွင် ချန်းဟွာသစ်ပင် ကျုံ့သွားပြီး သူ၏ညာဘက် အင်္ကျီလက်ထဲသို့ ထည့်သွင်းခံလိုက်ရသည်။

ထို့နောက် သူက ရှေ့ဆက်တိုးသွားပြီး ဗလာနယ်အလွှာကိုဖြတ်ကျော်ကာ ချန်ချန်းဟွာရှိရာနေရာသို့ ဆင်းသက်လိုက်သည်။

ထိုစဉ်မှာပင်၊ သူသည် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသည်။ ဗလာနယ်ကို တစ်လှမ်းဖြတ်ကျော်ပြီး ချန်ချန်းဟွာရှိရာ အာကာသထဲသို့ ဆင်းသက်လာသည်။

တပြိုင်နက်တည်းပင် ရန်ကျောက်ကဲကို တိတ်တဆိတ်စောင့်ကြည့်နေသော ဖန်းယွင်ရှန်းကလည် လှုပ်ရှားလိုက်သည်။

သူမ၏မျက်ဝန်းများထဲတွင် နက်ပြာရောင်နတ်ဆိုးမီးလျှံများတောက်ပနေပြီး သူမက ရှေ့သို့ခြေလှမ်းကာ ရန်ကျောက်ကဲဘေးနားသို့ ရောက်ရှိသွားသည်။

ထိုအချိန် တင့်တယ်ပြီး ကြီးကျယ်ခမ်းနားသည့်တိုင် သိမ်မွေ့သည့် မဟာတာအိုစူးရှတေးသံများ ထွက်ပေါ်လာပြီး ထိုအသံနှစ်ခုက တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ပြီး သက်ရောက်မှုကို ဖျက်ဆီးပစ်လိုက်သည်။

သူတို့ကို အလစ်ချောင်းတိုက်ခိုက်လာသော ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါး ရှိနေသည်။

ထို့နောက် အလင်းနှင့်အရိပ်များတစ်ခုနှင့်တစ်ခု ထပ်သွားပြီး ယိမ်းယိုင်သွားကာ ပုံရိပ်များ ထွက်ပေါ်လာလေသည်။

ဦးဆောင်လာသူက ရွှေရောင်သရဖူဆောင်းထားပြီး အဝါဖျော့ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူ၏မျက်နှာက နီရဲနေပြီး ပါးပြင်ထက်တွင် မုတ်ဆိတ်မွှေး အနည်းငယ်ရှိလေသည်။

ထိုသူက လီရှင်းပါ့ပင် ဖြစ်၏။

သူ့နောက်တွင် သူ့တပည့် ကုန်းစွန်းဟွေ မတ်တတ်ရပ်နေသည်။

လီကျင်းပါ့ဘေးတွင် အဖြူရောင်ကြိုးကြာငှက်တစ်ကောင်ရှိနေသည်။ သူက စန်းကွမ်းနတ်ရေစင်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော ကြိုးကြာမျိုးနွယ် သူတော်စင်ငယ် ဖြစ်သည်။

ယခု သူတို့က ချန်ချန်းဟွာနှင့် ပူးပေါင်းပြီး ရန်ကျောက်ကဲကို ခြုံခိုတိုက်ခိုက်ရန် အတူလက်တွဲလုပ်ဆောင်နေကြသည်။

ရန်ကျောက်ကဲက လုံးဝ အံ့အားသင့်သွားခြင်းမရှိဘဲ မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်။

“မင်းတို့ အဂ္ဂိရတ်ခန်းမအတွက် ဒီကိုရောက်လာကြတာ မဟုတ်လား”

ယခင်က သူတို့အားလုံး စန်းကွမ်းနတ်ရေစင်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသော်လည်း အဂ္ဂိရတ်ခန်းမက စန်းကွမ်းနတ်ရေစင်ထက် များစွာပိုပြီး တန်ဖိုးရှိနေသည်။

အရင်က ကောင်းဟန်ပြောပြသည့်စကားများထဲတွင် ‘လူငယ်ကောင်းကင်ဘုံအရှင်’ ဆိုသောအမည်အပြင် ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်ထားကြောင်းပါ ပြောပြခဲ့သည်။

အဂ္ဂိရတ်ခန်းမက သူ့အလိုလို ပြောင်းရွှေ့နိုင်သော်လည်း ယခု ရန်ကျောက်ကဲ အပြင်လောကသို့ထွက်လာသည့်အခါ အဂ္ဂိရတ်ခန်းမက သူ့နောက်လိုက်လာနိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ ရန်ကျောက်ကဲအား ဖမ်းဆီးခြင်းက အဂ္ဂိရတ်ခန်းမအပေါ် အာဏာထိန်းချုပ်မှု ရယူခြင်းနှင့်ညီမျှသည် မဟုတ်ပါလား။

လီကျင်းပါ့ဖြစ်စေ ၊ ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်ဖြစ်စေ ဤသို့သောတပ်မက်စိတ်ကို ငြင်းပယ်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် သူတို့အချင်းချင်း ရင်းနှီးမှု မရှိသည့်တိုင် အတူတကွ ပူးပေါင်းရန် အကြောင်းပြချက် ရှိလာခဲ့သည်။

ယခု သူတို့က ချန်ချန်းဟွာမှတစ်ဆင့် ရန်ကျောက်ကဲ ဤနေရာသို့ လာရောက်နိုင်ကြောင်းသိရှိပြီးနောက် အလစ်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကျောက်ကဲ ချက်ချင်းပင် ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

“ဒီကောင်တွေက ချန်ချန်းဟွာနဲ့ ဘယ်လိုဆက်သွယ်မိတာလဲ ၊ ဟုတ်ပြီ... ‌ကောင်းဟန်လက်ချက် ဖြစ်ရမယ်”

ချန်ချန်းဟွာဆိုလျှင် လျှို့ဝှက်ပညာရပ်များအသုံးပြုပြီး ကိုယ်ယောင်ဖျောက်ခဲ့သည့်အပြင် ထုန်းမင်ဧကရာဇ်၏ မျတ်တမ်းအတုအယောင်ကိုပင် ဖန်တီးခဲ့သေးသည်။

သို့သော် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က သူ၏လှည့်စားမှုကို ရိပ်မိသွားခဲ့သည်။

ရန်ကျောက်ကဲ သဘောပေါက်သွားသည်မှာ ချန်ချန်းဟွာက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ မရောက်ရှိသေးရာ သူ့ကိုကူညီပေးရန် ထိုက်ရွှီးနတ်ဘုရားတစ်ပါး၏ အကူအညီကို သေချာပေါက် ရယူမည်ဖြစ်သည်။

မဟုတ်ပါက ရန်ကျောက်ကဲ၏ထက်မြက်မှုနှင့် ဖန်းယွင်ရှန်း၏ မြင့်မားသောကျင့်ကြံခြင်းအဆင့် ပူးပေါင်းလိုက်လျှင် ၊ ချန်ချန်းဟွာ မည်မျှပင် ထူးချွန်ပါစေ သူတို့နှစ်ယောက်ကို ကြာရှည်လှည့်စားနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ချန်ချန်းဟွာနှင့်အတူ ထိုက်ရွှီးမူလနတ်ဘုရားများ အတူပါလာပြီး သူ့ကိုအလစ်တိုက်ရန်ပြင်ဆင်ကြသည်ကို ရန်ကျောက်ကဲ မအံ့သြခြင်း ဖြစ်သည်။

သို့သော် ထိုသူများက လီရှင်းပါ့တို့အုပ်စုဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

သို့ရာတွင် ခဏမျှစဉ်းစားပြီးသည်နှင့် သူတို့နှစ်ယောက်ကို ဆက်သွယ်ပေးသူမှာ ကောင်းဟန်ပင်ဖြစ်ကြောင်း နားလည်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက လီကျင်းပါ့တို့အုပ်စုကို အရေးမစိုက်ဘဲ ချန်ချန်းဟွာကိုသာ ဆက်လက် လိုက်လံတိုက်ခိုက်ခဲ့သည်။

ဖန်းယွင်ရှန်း တိတ်ဆိတ်စွာ စောင့်ကြည့်နေခြင်းမှာ လီရှင်းပါ့နှင့်အခြားသူများကို စောင့်ကြည့်နေခြင်းသာ ဖြစ်၏။

သူမထံမှ အနက်ရောင်နတ်ဆိုးမီးလျှံများ ထပ်မံထွက်ပေါ်လာပြီး ရန်သူများ၏လမ်းကို ပိတ်ဆို့ထားလိုက်သည်။

ရန်ကျောက်ကဲက ရှေ့သို့ခြေလှမ်းလိုက်ရာ ဗလာနယ်အလွှာများကို ဖြတ်ကျော်ပြီး ချန်ချန်းဟွာရှေ့သို့ ရောက်ရှိသွားလေသည်။

သူက လက်တစ်ဖြင့် ချန်ချန်းဟွာကို ရိုက်ချလိုက်သော်လည်း ထိုသူက ပြုံးလျှက်သာရှိပြီး တစ်ချက်လေးပင် ပြန်လည်ခုခံခြင်း မရှိခဲ့ပေ။

“ဟမ်...”

ရန်ကျောက်ကဲ မျက်ခုံးများ တွန့်ချိုးလိုက်သည်။

သူက ချန်ချန်းဟွာ၏ ခန္ဓာကိုယ်ကို လက်ငါးချောင်းဖြင့်ဆုပ်ကိုင်လိုက်ပြီး ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

သို့သော် သူ၏ခန္ဓာကိုယ် ပျက်ဆီးသွားချိန် ရန်ကျောက်ကဲလက်ဖဝါးထက်တွင် ကြီးမားသော ပုလဲတစ်လုံး ပေါ်လာသည်။

“ပုံရိပ်ယောင်ပုလဲလား...”

ရန်ကျောက်ကဲမျက်ဝန်းများ အနည်းငယ် တောက်ပသွားသည်။

“မင်းမှာ ဒီလိုရတနာမျိုး ရှိနေတယ်လား”

ပုလဲအတွင်းမှ ချန်ချန်းဟွာ၏ပုံရိပ် ထွက်ပေါ်လာသည်။

သူက ရယ်မောနေပြီးမှ...

“ငါဖန်တီးထားတဲ့ ထုန်းမင်ဧကရာဇ်ရဲ့ နောက်ဆုံးအခိုက်အတန့်ကို မင်းကြည့်ပြီးသွားရင် မင်းဘယ်လိုတုံ့ပြန်မလဲဆိုတာ မြင်ချင်ခဲ့ရုံပဲလေ ၊ အဲဒါကိုကြည့်ရတာနဲ့တင် ပျော်စရာကောင်းနေပြီ ၊ ဒီနေရာမှာ ငါကိုယ်တိုင် ရှိနေစရာမလိုဘူး”

ဤနေရာသို့ ရောက်လာသည့်ချန်ချန်းဟွာမှာ ပုံရိပ်ယောင်ပုလဲဖြင့်ဖန်တီးထားသော ချန်ချန်းဟွာ “အတု” သာလျှင် ဖြစ်သည်။

ချန်ချန်းဟွာအစစ်က ဘယ်တုန်းကမှ ကြယ်စင်မြစ်လက်တက်ဆီသို့ ဝင်ရောက်လာခဲ့ခြင်း မရှိပေ။

ချန်ချန်းဟွာက ရန်ကျောက်ကဲအား တာ့တာပြလိုက်ရင်း...

“နောက်မှတွေ့မယ်နော်...”

ပြောပြီးသည်နှင့် ပုံရိပ်ယောင်ပုလဲအတွင်းမှ သူ၏ပုံရိပ် တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက ပုလဲကို စူးစိုက်ကြည့်လိုက်ပြီး သူ့မျက်နှာထက် လှောင်ပြောင်သည့်အပြံးတစ်ချက် ထွက်ပေါ်လာသည်။

“အဲဒီလိုလား...”

ထို့နောက် သူက ပုလဲကို ဘယ်လက်ဖြင့်ကိုင်ထားပြီး ညာဘက်လက်ကိုပင့်မြှောက်လိုက်သည်။ သူ၏လက်ညှိုးနှင့်လက်ခလယ်ထိပ်ဖျားတွင် အလင်းတန်းများ ထွက်ပေါ်လာသည်။

သူက လက်ချောင်းများဖြင့် ပုလဲကိုထိလိုက်ရာ ပုလဲက အနည်းငယ်တုန်ခါသွားသော်လည်း မည်သည့်ထိခိုက်မှုမှ မဖြစ်ပေါ်ခဲ့ပေ။

သို့သော် ကြယ်စင်မြစ်လက်တက် အပြင်ဘက် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင်ရှိနေသည့် ပုံရိပ်တစ်ခုကတော့ ရုတ်တရက် ယိမ်းယိုင်သွားသည်။

အစိမ်းရောင်ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဗလာနယ်ထဲတွင်ပေါ်လာပြီး မူလကပင်ဖြူဖျော့သည့် သူ၏မျက်နှာက ပိုမိုဖြူဖျော့သွားသည်။

ထိုနေရာတွင် အချိန်ကြာမြင့်စွာ မတ်တတ်ရပ်နေခဲ့သောချန်ချန်းဟွာ ပါးစပ်ဟလိုက်သည်နှင့် သွေးများအန်ထွက်သည့်ပမာ အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော အခိုးအငွေ့တစ်ခု အန်ထုတ်လိုက်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကြွေထည်ပမာဖြစ်ပြီး ကြွေထည်မျက်နှာပြင်ထက်တွင် အက်ကွဲကြောင်းများထင်လာကာ ထိုအက်ကွဲကြောင်းများမှ အလင်းတန်းများ ထွက်ပေါ်လာလေသည်။

All Chapters