← Chapters

နတ်ဘုရားလှည့်စားဆေးလုံးနှင့် နတ်ဘုရားဆိတ်ကွယ်ရာမန္တန်

Vol. 100 Ch. 1403

နတ်ဘုရားလှည့်စားဆေးလုံးနှင့် နတ်ဘုရားဆိတ်ကွယ်ရာမန္တန်

Vol. 100 Ch. 1403

အခန်း (၁၄၀၃) နတ်ဘုရားလှည့်စားဆေးလုံးနှင့် နတ်ဘုရားဆိတ်ကွယ်ရာမန္တန်

ရေမျက်နှာပြင်အလွှာများ ပြိုကွဲသွားပြီး ကြယ်စင်မြစ်လက်တက်တစ်ခုလုံးနှင့် ပေါင်းစည်းသွားသည်။

ထိုအချိန် ခမ်းနားသော ကြယ်စင်မြစ်လက်တက်တစ်ခုလုံး အဝါရောင်အဖြစ်ပြောင်းလဲကာ မှောင်မည်းသွားခဲ့သည်။

မည်းမှောင်နေသော အဝါရောင်မြစ်ထက်တွင် အေးစက်သောလေပြင်းများတိုက်ခတ်နေပြီး မှိုင်းညို့သည့် မြူခိုးများဖုံးလွှမ်းနေကာ လှိုင်းထနေသော ရေမျက်နှာပြင်မှ ထွက်ပေါ်လာသည့် အလင်းတန်းများကိုပင် မတွေ့မြင်ရတော့ပေ။

လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့မှာ နက်မှောင်သည့် အဝါရောင်မြစ်ရေထဲတွင် လူးလှိမ့်နေရပြီး အေးစက်သည့်လေပြင်းများနှင့် မှိုင်းညို့သည့်မြူခိုးများကြောင်း သတိလစ်လုမတတ် ခံစားနေရသည်။

သူတို့၏စိတ်အစဉ်မှာလည်း မူးယစ်ရီဝေလျှက် ရှိလေသည်။

မဟာတာအို၏ အနှစ်သာရကိုထိတွေ့ဖူးသော ထိုက်ရွှီးမူလနတ်ဘုရား(၂)ပါး ဤသို့ကြုံတွေ့နေရသည်မှာ မူမမှန်သည့် အခြေအနေဖြစ်သည်။

သို့ပေသိ ဤသည်က အမှန်တကယ် ဖြစ်ပျက်နေခဲ့သည်ပင်။

အေးစက်သော လေပြင်းတိုက်ခတ်သံများ‌အောက်တွင် မဟာတာအို၏ စူးရှတေးသံသည်လည်း ဆိတ်သုဉ်းသွားခဲ့သည်။

အေးစက်သည့်‌လေပြင်းများနှင့် မှိုင်းညို့သည့်မြူခိုးများကြောင့် သူတို့(၂)ယောက် မူးဝေပြီး အိပ်ငိုက်လာကြသည်။

“မြစ်ဝါကိုးကွေ့အစီအရင်...”

လီရှင်းပါ့ မယုံနိုင်လောက်အောင် ထိတ်လန့်သွားပြီး အံ့အားလည်းသင့်သွားသည်။

သူက ရှေးခေတ်ကာလ နတ်ဘုရားများအပ်နှင်းခြင်းခေတ်တွင် ဉာဏ်အလင်းပွင့်ခဲ့သူဖြစ်ပြီး ထိုမတိုင်ခင်က “စန့်ချင်” ဩဝါဒများကို နာယူဖူးသည်။

သမိုင်းတစ်လျှောက်ကျော်ကြားခဲ့သော နတ်မိမယ်ကျွန်းမှ စန်းရှောင်းဧကရီ(၃)ပါး၏ “မြစ်ဝါကိုးကွေ့အစီအရင်” ကို အဘယ်မှာ မသိရှိဘဲ နေပါမည်နည်း။

သို့သော် ဤအချက်ကြောင့်ပင် သူ ပို၍အံ့အားသင့်သွားခဲ့ရသည်။

အခြားသူများနှင့်ဘှဉ်လျှင် သူက ဤ ကြမ်းတမ်းခက်ထန်သည့် အစီအရင်အကြောင်း ပိုမိုနားလည်သူ ဖြစ်သည်။

နက်မှောင်သည့် အဝါရောင်မြစ်ရေများဘေးတွင်ပေါ်လာသည့် အင်းသင်္ကေတများကိုတွေ့သည့်အခါ လီရှင်းပါ့မျက်နှာမည်းမျောင်သွားသည်။

“နတ်ဘုရားဆိတ်ကွယ်ရာမန္တန်...”

ဒဏ္ဍာရီလာ မြစ်ဝါကိုးကွေ့အစီအရင်က မိုးနှင့်မြေ၏ အံ့ဖွယ်အစွမ်းသတ္တိများကို ပိုင်ဆိုင်ထားသည်။

ထိုအစီအရင်ထဲတွင် “နတ်ဘုရားလှည့်စားဆေးလုံး” နှင့် “နတ်ဘုရားဆိတ်ကွယ်ရာမန္တန်” တို့ပါဝင်ပါက နတ်ဘုရားများ၏စိတ်ကိုယိုယွင်းစေပြီး သူတို့၏ဝိညာဉ်များကိုပင် ပျက်ပြယ်သွားစေနိုင်သည်။

ထိုမျှမက ရုပ်ပိုင်းဆိုင်ရာ ပိတ်လှောင်ခံရပြီး ချီစွမ်းအားများပျက်ဆီးကာ ရုပ်ခန္ဓာနှင့် အမြုတေသည်လည်း ပျက်ပြားသွားနိုင်သည်။

ဤအစီအရင်က ဖန်ဆင်းခြင်းအားလုံး၏ အံ့ဖွယ်ရာများကို ဖော်ပြပြီး အနန္တတန်ခိုးရှင် နတ်ဘုရားများကိုပင် ဖြုတ်ချနိုင်စွမ်းရှိသည်။

ဤအစီအရင်တွင် “နတ်ဘုရားလှည့်စားဆေးလုံး” နှင့် “နတ်ဘုရားဆိတ်ကွယ်ရာမန္တန်” တို့က အဓိကကျသော အစိတ်အပိုင်းများဖြစ်ပြီး မည်သူမှ ထိုအရာများကို အတုပြုလုပ်နိုင်ခြင်း မရှိပေ။

နတ်မိမယ်ကျွန်းမှ ဧကရီ (၃)ပါး၏ အမွေအနှစ်ကို ရရှိထားသော နတ်ဘုရားများသာလျှင် ဤအရာများကို ဖန်တီးနိုင်စွမ်းရှိသည်။

အတိတ်တစ်ချိန် ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာတွင်ရှိစဉ်က ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသေးသဖြင့် “နတ်ဘုရားလှည့်စားဆေးလုံး” ဖန်တီးနိုင်ခြင်းမရှိသလို “နတ်ဘုရားဆိတ်ကွယ်ရာမန္တန်” ကိုလည်း အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် မြစ်ဝါကိုးကွေ့အစီအရင်ကို အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင်အခြေအနေကို အသုံးချ၍ အကြမ်းဖျဉ်းမျှသာ ဖန်တီးနိုင်ခဲ့သည်။

ယခု နတ်ဘုရားတံခါးကို တွန်းဖွင့်ပြီးသည့်နောက် နတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီးဖြစ်ရာ ဤအစီအရင်ကို အပြည့်အဝအသုံးပြုရန် အရည်အချင်း ပြည့်မီနေပေပြီ။

လက်ရှိတွင် ကြယ်စင်မြစ်လက်တက်၏ စွမ်းအားက ကြယ်စင်မြစ်အစစ်ကဲ့သို့ ကြီးမားခြင်းမရှီသော်လည်း သေမျိုးလူသားလောက၏ မြစ်ရေစီးကြောင်းများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။

ရန်ကျောက်ကဲ ကြယ်စင်မြစ်အတွင်း ခြေချလိုက်စဉ်ကတည်းက ထုန်းမင်ဧကရာဇ်၏ ဂူသင်္ချိုင်းကို မရှာဖွေခင် သူက အချိန်ယူပြီး မြစ်ရေထဲသို့ “နတ်ဘုရားဆိတ်ကွယ်ရာမန္တန်” အင်းသင်္ကေတများထည့်သွင်းထားခဲ့သည်။

ထို့ကြောင့် သူနှင့်ဖန်းယွင်ရှန်း ရေလိုက်ကာသီးခြားနယ်မြေထဲ မဝင်ရောက်ခင်ကတည်းက ဤနေရာက ရန်ကျောက်ကဲ၏ကစားကွင်း ဖြစ်နေခဲ့ပေပြီ။

ထိုအချိန်က ရန်သူရောက်ရှိနေကြောင်း အမှတ်အသားများကို မတွေ့ရသော်လည်း သူက အရှုပ်တော်ပုံများ အဖြစ်စေရန် ကြိုတင်ပြင်ဆင်မှုများကို အာရုံစိုက်ပြုလုပ်ခဲ့သည်။

ကံမကောင်းသည်မှာ ချန်ချန်းဟွာ ကြယ်စင်မြစ်လက်တက်အတွင်း ဝင်ရောက်မလာခြင်းပင်။

မဟုတ်ပါက သူ့တွင် ပုံရိပ်ယောင်ပုလဲ ပိုင်ဆိုင်ထားဦးတော့ ရန်ကျောက်ကဲက သူ့ကို ကြယ်စင်မြစ်ရေထဲတွင် နှစ်မြုပ်သတ်နိုင်ခဲ့မည်ဖြစ်သည်။

ယခုတော့ ချန်ချန်းဟွာက ဒဏ်ရာမျှသသာရရှိသွားပြီး လီရှင်းပါ့ကတော့ ထိုသို့မဖြစ်နိုင်တော့ပေ။

အစီအရင်ထဲတွင် ရန်ကျောက်ကဲက ကြာပန်းပုံစံထိုင်နေပြီး လက်တစ်ဖက်က စည်းတံဆိပ်တစ်ခုပုံဖော်ကာ အခြားလက်တစ်ဖက်က သွေးနီရောင်ဆေးလုံးတစ်လုံး ကိုင်ဆောင်ထားသည်။

ထိုဆေးလုံးအတွင်းမှ အနက်ရောင်မြူခိုးများထွက်ပေါ်လာပြီး မြစ်ရေနှင့်ပေါင်းစပ်သွားသည်။

‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖို နှင့် အဂ္ဂိရတ်ခန်းမတွင် သိမ်းဆည်းထားသော လက်ကျန်းဆေးဝါးများကို ပိုင်ဆိုင်ထားသည့် ရန်ကျောက်ကဲက အချိန်ဖြုန်းစရာမလိုဘဲ “နတ်ဘုရားလှည့်စားဆေးလုံး” ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

သို့ဖြစ်ရာ မြစ်ဝါကိုးကွေ့အစီအရင်က နောက်ဆုံးတွင် စစ်မှန်သော အသုံးဝင်မှုကို ပြသနိုင်ခဲ့သည်။

သူ၏ရန်သူက ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးဖြစ်လေရာ သူတို့နှစ်ဦးကြား ကျင့်ကြံခြင်းစွမ်းအားကွာခြားမှုက အလွန်ကြီးမားသည်။

ရန်ကျောက်ကဲတွင် မူလရွှေဖလားမရှိသောကြောင့် လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့ကို အစီအရင်ထဲတွင် မည်သို့ပိတ်လှောင်ထားရမည်ကိုစဉ်းစားနေရဆဲ ဖြစ်သည့်တိုင် ၊ ရန်သူများက ကြယ်စင်မြစ်လက်တက်ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ အစီအရင်စတင်လိုက်သည်နှင့် သူတို့က ထောင်ချောက်အတွင်း ပိတ်မိသွားခဲ့သည်။

ထိုသို့ဖြင့် နောက်ဆုံးပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားပြီး အရာအားလုံးက ရန်ကျောက်က အလိုရှိသည့်အတိုင်း ဖြစ်သွားခဲ့သည်။

အစီအရင် စတင်လည်ပတ်သည်နှင့် ထူးဆန်းသည့် တန်ခိုးစွမ်းအား အာနိသင်တစ်ခုက သူတို့နှစ်ယောက်ကို ဝါးမျိုရန် စတင်ကြိုးစားလာသည်။

“သူက ကောင်းဟန်လိုပဲ ကောင်းကင်ဘုံနန်းတော်နဲ့ ဆက်နွယ်နေတာလား”

လီရှင်းပါ့ စိတ်ထဲမှ တွေးလိုက်သည်။

“မဟုတ်ရင် သူက မြစ်ဝါကိုးကွေအစီအရင်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ”

ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်သည်လည်း ထူးခြားသည့် အာရုံခံနိုင်စွမ်း ရှိသူဖြစ်သည်။

သူက အစီအရင်စွမ်းအားကို ခံစားမိသည်နှင့် ဒေါသတကြီးဖြင့် လီရှင်းပါ့ကို လှမ်းကြည့်လိုက်သည်။

“ဒါက မြစ်ဝါကိုးကွေ့အစီအရင် မဟုတ်လား ၊ ဘာလို့ သူက ဒီလိုပညာမျိုးတတ်တယ်ဆိုတာ ပြောမပြရတာလဲ”

လီရှင်းပါ့ကလည်း ဒေါသတကြီးဖြင့်...

“အရင်ဆုံး ထွက်ပေါက်ရှာဖို့လိုတယ်”

သူက မြေခွင်းပုလဲကိုကိုင်မြှောက်လိုက်ပြီး မြစ်ဝါကိုးကွေ့ အစီအရင်ကို ထိုးဖောက်ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် ကြယ်စင်မြစ်လက်တက်ဖြင့် ဖွဲ့စည့်ထားသည့် ကြီးကျယ်ခမ်းနားသော ရေစွမ်းအားအစီအရင်မှ အလွယ်တကူ ထွက်ပြေးနိုင်ပါမည်လား။

လေအေးများ အရှိန်အဟုန်ဖြင့် တိုက်ခတ်လာပြီး အနက်ရောင်မြူခိုးလှိုင်းလုံးများ တလိမ့်လိမ့်တက်လာကာ လီရှင်းပါ့၏တန်ခိုးစွမ်းအား ဆက်တိုက်ဆိုသလို အားနည်းလာပြီး သူ၏သိစိတ်မှာလည်း တဖြည်းဖြည်း ပိတ်ပင်ခံနေရသည်။

ကံကောင်းသည်မှာ ကြယ်စင်များက မြစ်ရေနံဘေးတွင် ယိမ်းခါလှုပ်ရှားနေဆဲဖြစ်သည်။

အစီအရင်၏ သက်ရောက်မှုကိုခံစားရသည့်တိုင် ကြယ်စင်များက လှုပ်ရှားနေဆဲ ဖြစ်လေသည်။

မှုံဝါးသည့် ကြယ်စင်အလင်းရောင်ကို ခြေရာခံပြီး လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့ ဦးတည်ရာကိုမှန်းဆရင်း လမ်းလျှောက်လာခဲ့ကြသည်။

သို့သော် ရန်ကျောက်ကဲ၏ထိန်းချုပ်မှုအောက်တွင် ရေစီးကြောင်းက ပြောင်းလဲသွားပြီး ဗလာနယ်က ရှုပ်ထွေးစွာလှည့်ပတ်သွားလေရာ သူတို့ (၂)ယောက်မှာ အစီအရင်အတွင်းမှ ထွက်ခွာမရနိုင် ဖြစ်နေရသည်။

မြစ်ဝါကိုးကွေ့အစီအရင်၏ တိုက်စားမှုအောက်တွင် လီရှင်းပါ့၏ဦးခေါင်းထက်မှ အလင်းတန်းက မှေးမှိန်သွားပြီး နောက်ဆုံး လုံးဝ ပျောက်ကွယ်သွားသည်။

သူက စိုးရိမ်ထိတ်လန့်ပြီး ဒေါသလည်းထွက်နေသည့်တိုင် မည်သို့မှ မတတ်နိုင်ခဲ့ပေ။

ကြိုးကြာနတ်မိစ္ဆာလည်း အလားတူအခြေအနေတွင် ရှိနေသည်။ အစီအရင်၏စွမ်းအားကြောင့် သူ၏ နတ်ဘုရားရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ထိခိုက်ပျက်ဆီးလျှက်ရှိသည်။

သူက ဒေါသတကြီးဖြင့်...

“ငါတို့ ဘာဆက်လုပ်ကြမလဲ ၊ ဒီလိုဆက်သွားနေရင် အခြေအနေ ပိုဆိုးလာလိမ့်မယ် ၊ ဒီနေရာမှာ သတိလစ်ပြီး အိပ်မောကျသွားမယ်ဆိုရင် ငါတို့ နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့တာတွေ အလကားဖြစ်သွားလိမ့်မယ်”

လီရှင်းပါ့က စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း...

“သူက အစစ်အမှန်နတ်ဘုရားတစ်ပါးပဲလေ ၊ အစီအရင်တစ်ခု ဖန်တီးနိုင်ရုံနဲ့ ထိုက်ရွှီးနတ်ဘုရား(၂)ပါးကို ကိုင်တွယ်နိုင်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူကဆက်ပြောလိုက်သည်။

“အစီအရင်ထဲ ဆက်ပြီးလှည့်ပတ်သွားနေရုံပဲရှိတယ် ၊ ထွက်မသွားနိုင်ရန် အလွန်ဆုံး ဒီမှာသေသွားရုံပဲပေါ့”

“အစီအရင်ဗဟိုချက်ကို ဖျက်ဆီးနိုင်မှ ငါတို့ ဒီအခြေအနေကို ပြောင်းပြန်လှန်နိုင်မှာ ၊ အနည်းဆုံးတော့ ထွက်ပြေးဖို့ အခွင့်အရေးရှိနိုင်တယ်”

လီရှင်းပါ့က အဝါရောင်မြစ်ရေထဲမှ တောက်ပသည့်ကြယ်စင်များကို လက်ညှိုးညွှန်ပြလိုက်သည်။

“ကြယ်ရောင်တွေအတိုင်း ရှေ့ဆက်သွားကြမယ် ၊ ကြယ်ရောင်တွေက အမြဲတမ်းပြောင်းလဲနေတဲ့အတွက် ငါတို့ အစီအရင်ထဲက ထွက်သွားနိုင်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ ကြယ်ရောင်မရှိတဲ့နေရာ ဒါမှမဟုတ် ကြယ်ရောင်တွေမချဉ်းကပ်နိုင်တဲ့ ထူးခြားတဲ့နေရာတစ်ခုကိုရှာတွေ့ရင် အဲဒါ အစီအရင်ဗဟိုချက်ပဲ”

သူတို့(၂)ယောက် အံတင်းတင်းကြိတ်ရင်း မြစ်ဝါကိုးကွေ့အစီအရင်၏ လေအေးများနှင့် အနက်ရောင်မြူခိုးများကြောင့် ဖြစ်ပေါ်လာသော အားနည်စေမှုကို အတင်းအကျပ် တွန်းလှန်ရန် ကြိုးစားနေကြသည်။

သူတို့ အစီအရင်ထဲမှ ထွက်ခွာရန်မကြိုးစားတော့ဘဲ အစီအရင်ဗဟိုချက်ဆီသို့ ဦးတည်သွားလာနေကြသည်။

အတိတ်တစ်ချိန်က အထက်ဘုံကမ္ဘာတွင် ရန်ကျောက်ကဲ ဤအစီအရင်ကို ပထမဆုံးအကြိမ်ဖန်တီးခဲ့စဉ်က အစီအရင်ထဲတွင် ပိတ်မိနေသူများမှာ ဤနည်းအတိုင်းလုပ်ဆောင်ခဲ့ကြသဖြင့် အသက်ရှင်ခွင့်ရရှိခဲ့ကြသည်။

ယခုလည်း လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်က သူတို့၏ နတ်ဘုရားစွမ်းအားနှင့် နတ်မိစ္ဆာစွမ်းအားကို အသုံးပြုကာ စိတ်ကိုတည်ငြိမ်အောင်ထားရင်း ကြယ်စင်များ၏ဦးတည်ရာအတိုင်း လိုက်ပါလျှောက်လှမ်းလျှက် နောက်ဆုံး အစီအရင်ဗဟိုချက်သို့ ရောက်ရှိသွားကြသည်။

ထိုအချိန် ရန်ကျောက်ကဲ၏ပုံရိပ်က သူတို့မြင်ကွင်းထဲ ထပ်မံထွက်ပေါ်လာသည်။

သို့သော် သူတိ့ဝမ်းသာချိန်မရခင်မှာပင် ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး...

“မင်းတို့ အချိန်ကိုက်ရောက်လာတာပဲ...”

ထို့နောက် သူက လက်နှစ်ဖက်ကိုမြှောက်လိုက်ရာ ၊ သူ၏လက်နှစ်ဖက်လုံးတွင် အနီရောင်နတ်ဘုရားဆေးလုံး(၂)လုံး ရှိနေလေသည်။

ရန်ကျောက်ကဲက လက်များကိုဝှေ့ယမ်းလိုက်သည်နှင့် ထို အနီရောင်ဆေးလုံး(၂)လုံးက သူ၏လက်ထဲမှ လွတ်ထွက်သွားပြီး အေးစိမ့်သောလေပြင်းများနှင့် အနက်ရောင်မြူခိုးများအတွင်း ရောက်ရှိသွားသည်။

လှုပ်ရှားနေသော အဝါရောင်မြစ်ရေက ထိုဆေးလုံးများကို သယ်ဆောင်သွားပြီး လီရှင်းပါ့နှင့် ကြိုးကြာနတ်မိစ္ဆာ၏ ခေါင်းပေါ်သို့ ချက်ချင်း ရိုက်ချလိုက်သည်။

ထိုက်ရွှီးမူလနတ်ဘုရားနှစ်ပါးမှာ မထင်မှတ်စွာ တိုက်ခိုက်ခံရမှု‌ကြောင့် အံ့အားသင့်သွားပြီး နောက်သို့ ယိုင်ကျသွားရသည်။

သူတို့ စိတ်ရှုပ်ထွေးနေစဉ်မှာပင် လီရှင်းပါ့၏ အမတချီစွမ်းအားအနှစ်သာရများ တဖြည်းဖြည်းယိုစိမ့်ထွက်နေသည်ကို ခံစားလိုက်ရသည်။

ထို့နောက် သူတို့၏ အမတစွမ်းအားရောင်ဝါပုံစံက တဖြည်းဖြည်းပြယ်လွင့်သွားလေသည်။

All Chapters