← Chapters

ကြောက်စိတ်ကြောင့်နိုးထလာ

Vol. 100 Ch. 1405

ကြောက်စိတ်ကြောင့်နိုးထလာ

Vol. 100 Ch. 1405

အခန်း (၁၄၀၅) ကြောက်စိတ်ကြောင့်နိုးထလာ

ရန်ကျောက်ကဲ ရှေ့သို့လှမ်းလာပြီး လီရှင်းပါ့အား လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

လီရှင်းပါ့၏ရက်စက်ကြမ်းတမ်းသည့်စိတ်က လှုံ့ဆော်ခံလိုက်ရပြီး သူက ရန်ကျောက်ကဲ၏လက်သီးချက်ကို လျစ်လျူရှုကာ ၊ သူ၏အရေးပါသောနေရာများကို လက်သီးဖြင့် ပြန်လည်ထိုးနှက်ရန် ကြံစည်လိုက်သည်။

ထိုးစစ်ကို ထိုးစစ်ဖြင့် တန်ပြန်တိုက်ခိုက်ခြင်း...။

တစ်ဖက်နှင့်တစ်ဖက် နှစ်ဦးစလုံး ထိခိုက်စေမည့် တိုက်ပွဲနည်းဗျူဟာ။

မြစ်ဝါကိုးကွေ့အစီအရင်က သူ့ကို အားနည်းစေခဲ့သော်လည်း သူက နက်ရှိုင်းနတ်ဘုရားရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ငြိမ်သက်ခြင်းအဆင့်ရှိသော “နက်ရှိုင်းနတ်ဘုရား”...။

အစစ်အမှန်နတ်ဘုရားတစ်ပါးက မည်သို့ ထိခိုက်အောင်လုပ်နိုင်ပါမည်နည်း။

အမတစွမ်းအားရောင်ဝါက သူ့ကို ကာကွယ်ပေးထားသည်ကိုအားကိုးပြီး လီရှင်းပါ့က ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

သူ့အနေဖြင့် ရန်ကျောက်ကဲ၏ လက်သီးတစ်ချက် ထိုးနှက်ခြင်းခံရလျှင်ပင် ဘာမှထိခိုက်မှုရှိမည် မဟုတ်ပေ။

သို့သော် ရန်ကျောက်ကဲကတော့ သူ၏လက်သီးတစ်ချက်ကိုပင် ခုခံနိုင်ဖွယ်မရှိပေ။

အမှန်တော့...

နက်ရှိုင်းနတ်ဘုရားတစ်ပါးအနေဖြင့် အစစ်အမှန်နတ်ဘုရားတစ်ပါးအား ဤသို့ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို လုံးဝဂရုမထားဘဲ အရှက်မရှိသောလုပ်ရပ်တစ်ခု ဖြစ်သည်သာပင်။

သို့ပေသိ လက်ရှိတွင် လီရှင်းပါ့အနေဖြင့် ရန်ကျောက်ကဲကို အနိုင်ယူရန် အဓိကဦးစားပေးရမည် ဖြစ်လေရာ ဂုဏ်သိက္ခာက သိပ်အရေးမကြီးတော့ပေ။

ယခုအချိန်တွင် ရန်ကျောက်ကဲက တိုက်ပွဲရင်ဆိုင်နေပြီး အစီအရင်ကို ထိန်းချုပ်နေခြင်း မရှိသည့်တိုင် မြစ်ဝါကိုးကွေ့အစီအရင်က စွမ်းအားများ ဆက်လက်ထုတ်လွှတ်နေဆဲ ဖြစ်၏။

မှိန်ဖျော့ဖျော့ အဝါရောင်မြစ်ရေထဲတွင် တောက်ပသော အင်းသင်္ကေတများက အလိုအလျောက် လည်ပတ်နေဆဲ ဖြစ်သည်။

အေးစိမ့်သောလေပြင်းများနှင့် အနက်ရောင်မြူခိုးများကလည်း ရပ်တန့်ခြင်းမရှိဘဲ လီရှင်းပါ့နှင့် ကြိုကြာနတ်မိစ္ဆာတို့၏ နတ်ဘုရားရုပ်ခန္ဓာနှင့် အမတစွမ်းအားရောင်ဝါကို ဆက်လက်တိုက်စားနေသည်။

ချီစွမ်းအားငါးခုပေါင်းစည်းခြင်းကို ဆုံးရှုံးပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်မှ နက်ရှိုင်းနတ်ဘုရားအဆင့်သို့ ပြုတ်ကျသွားပြီးနောက် သူတို့မှာ မြစ်ဝါကိုးကွေ့အစီအရင်၏ ထူးဆန်းပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော တန်ခိုးစွမ်းအားကို အားတင်းခုခံရန် ပိုမိုခက်ခဲလာသည်။

ရန်ကျောက်ကဲနှင့် တိုက်ကွက်အနည်းငယ် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် လီရှင်းပါ့ ပိုမိုအားနည်းသွားပြီး  ချီစွမ်းအားလေးခုပေါင်းစည်းခြင်း နက်ရှိုင်းနတ်ဘုရားအဆင့်မှ ချီစွမ်းအားသုံးခုပေါင်းစည်းခြင်း နက်ရှိုင်းနတ်ဘုရားအဆင့်သို့ ထပ်မံဆုတ်ယုတ်သွားကြောင်း အာရုံခံလိုက်မိသည်။

လီရှင်းပါ့ ထပ်ပြီးမနှောင့်နှေးရဲတော့ဘဲ ရန်ကျောက်ကဲကို အမြန်ဆုံးအနိုင်ယူရန် အားစိုက်လိုက်၏။ သူသာ အချိန်ဆွဲနေမည်ဆိုလျှင် နောက်ဆက်တွဲဆိုးကြိုးများကို တွေးကြည့်၍ပင် မရနိုင်ပေ။

ရန်ကျောက်ကဲကတော့ လီရှင်းပါ့၏ဗျူဟာကို အကြောက်အလန့်မရှိဘဲ တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်သည်။

သူ၏လက်သီးချက်က လီရှင်းပါ့၏ခန္ဓာကိုယ်ထက် ကျရောက်သည့်အခိုက်အတန့်တွင် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။

ရန်ကျောက်ကဲက ကြယ်စင်မြစ်လက်တက်အတွင်းရှိ ဗလာနယ်ကို လက်သီးဖြင့် ထိုးဖောက်လိုက်သည်။

သူ၏ လက်သီးကျရောက်ရာနေရာတိုင်းတွင် အရာအားလုံး ဗလာဖြစ်သွားသည်။

ရေစီးကြောင်းများ မရှိတော့ ၊ လေထုမရှိတော့ ၊ မည်သည့်အရာမှ မရှိတော့ပေ။

အချိန်နှင့်နေရာဆိုသော ကန့်သတ်ချက်သဘောတရားများလည်း ပျောက်ကွယ်သွားသည်။

ထို့နောက် ရန်ကျောက်ကဲ၏လက်သီးစွမ်းအားကြောင့် ပေါက်ထွက်သွားသော တွင်းနက်က ပတ်ဝန်းကျင်ဗလာနယ်ကိုစုပ်ယူပြီး အပေါက်ကိုဖြည့်စွမ်းလိုက်သည်။

ဤလွှမ်းမိုးနိုင်စွမ်းကြီးမားသော တန်ခိုးစွမ်းအားကြောင့် လီရှင်းပါ့၏လက်သီးချက်မှာ တွင်းနက်တည့်တည့်သို့ ဦးတည်ထိုးစိုက်မိသွားသည်။

လီရှင်းပါ့စိတ်ထဲ ခါးသက်စွာ ခံစားလိုက်မိသည်။

“ယွိချင်အဆက်အနွယ်ရဲ့ ကောင်းကင်ဖွင့်ကျမ်းစာ ၊ ဖန်ဆင်းခြင်းကို ‌‌ကျော်ဖြတ်နိုင်တဲ့ တန်ခိုးစွမ်းအား ၊ ဒါက မိုးနဲ့မြေကိုခွဲထုတ်ပြီး မသိမသာ ပြန်လည်ဖန်တီးထားတဲ့ တန်ခိုးစွမ်းအားပဲ”

သို့ပေသိ သူ၏လက်သီးချက်ကတော့ ထိန်းချုပ်မရတော့ဘဲ ထိုတွင်းနက်ဆီသို့ ဆွဲယူခံလိုက်ရသည်။

သူ၏လက်သီးချက်က ရန်ကျောက်ကဲအားထိမှန်ရန် နီးကပ်နေပြီဖြစ်သော်လည်း ယခုတော့ မိုးနှင့်မြေပမာ အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားသည့်ပမာ တွင်းနက်ကိုဖြတ်ကျော်ရန် ခက်ခဲနေသည်။

သူသာ ချီစွမ်းအားလေးခုပေါင်းစည်းခြင်း နက်ရှိုင်းနတ်ဘုရားအဆင့်တွင် ရှိနေသေးလျှင် ရန်ကျောက်ကဲ၏ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော လွှမ်းမိုးနိုင်စွမ်းကိုခုခံကာ အတင်းအကျပ် ဆက်လက်တိုက်ခိုက်နိုင်ပေမည်။

သို့သော် ယခုတော့ ချီစွမ်းအားသုံးခုပေါင်းစည်းခြင်း နက်ရှိုင်းနတ်ဘုရားအဆင့်သို့ ပြုတ်ကျသွားပြီဖြစ်ရာ လီရှင်းပါ့အနေဖြင့် ထိုသို့လုပ်ဆောင်ရန် အင်အားမလုံလောက်တော့ပေ။

မည်သို့ပင်ဖြစ်စေ ရှေးခေတ်ကာလတွင် နာမည်ကျော်ကြားခဲ့သော ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးအနေဖြင့် သူက တည်ငြိမ်မှုကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

သူက စွမ်းအားကို အလျင်စလို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် စွမ်းအားကို အစောတလျင်ထုတ်လွှတ်ခြင်းများကို အရမ်းကာရော မပြုလုပ်ခဲ့ပေ။

လီရှင်းပါ့က ဆွဲအားနှင့်အတူ လိုက်ပါသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တွင်းနက်ဆီသို့ ဦးတည်သွားသည်။

သူက ဤအခွင့်အရေးကိုအသုံးချကာ မြစ်ဝါကိုးကွေ့အစီအရင်ကို အတင်းချိုးဖျက်ပြီး အစီအရင်အတွင်းမှ ထွက်ပြေးရန် ကြံစည်ခြင်း ဖြစ်၏။

သူက ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ မြစ်ဝါကိုးကွေ့အစီအရင်မှ ထွက်ပြေးရန် အခွင့်အရေးရှာဖွေခြင်းသာ ဖြစ်သည်။

ယခု အရာအားလုံးက သူလိုချင်သည့်အတိုင်း ဖြစ်လာပေပြီ။

ရန်ကျောက်ကဲက သူ့ကို ချီးကျူးလိုက်သည်။

“မင်း တုံ့ပြန်တာ မြန်သားပဲ”

သို့သော် ရန်ကျောက်ကဲ၏လှုပ်ရှားမှုများက လုံးဝ နှေးကွေးခြင်း မရှိခဲ့ပေ။

သူက တစ်ချက်မတုံ့ဆိုင်းဘဲ ကောင်းကင်ဖွင့်ကျမ်းစာ၏ ထိုးထွင်းသိမြင်မှုများအားလုံးကို စက်ဝန်းသံသရာကောင်းကင်ကျမ်းစာအဖြစ် ပြောင်းလဲလိုက်သည်။

ရန်ကျောက်ကဲက လက်ဖဝါးကိုလှန်လိုက်ပြီး ယင်နှင့်ယန်ကို ပြောင်းပြန်လှည့်ကာ တွင်းနက်ကို ပိတ်ဆို့လိုက်သည်။

လီရှင်းပါ့က လမ်းကြောင်းတစ်ခုဆီသို့ ဦးတည်မသွားနိုင်တော့ပေ။

ထိုအစကား သူက ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ရင်ဆိုင်လိုက်ရသည်။

လေစီးကြောင်းများ အချင်းချင်းယှက်နွယ်လာပြီး ကျယ်ပြန့်သည့်ရေဝဲဂယက်တစ်ခု ဖြစ်ပေါ်လာကာ လီရှင်းပါ့ကို အထဲတွင် ပိတ်လှောင်ထားလိုက်သည်။

လီရှင်းပါ့မှာ အစီအရင်ထဲမှ ထွက်သွားနိုင်စွမ်းမရှိတော့ဘဲ ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို ခံယူလိုက်ရပြီး မဖြစ်မနေ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားရတော့သည်။

လီရှင်းပါ့၏ နီရဲသောမျက်နှာက ဒေါသဖြင့် မည်းမှောင်သွားသည်။

သို့သော် သူက ရန်ကျောက်ကဲ၏လက်သီးချက်ကို အတင်းအကျပ်လက်ခံယူရန်မှလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပေ။

ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ရန်ကျောက်ကဲ၏ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားပြီး လီရှင်းပါ့ကတော့ နောက်ပြန်ဆုတ်သွားရသည်။

ယခုတစ်ကြိမ်မှာတော့ ရန်ကျောက်ကဲ၏လက် အနည်ငယ်လှုပ်ယမ်းသွားသော်လည်း ခဏအတွင်း ပုံမှန်အခြေအနေ ပြန်ရောက်သွားသည်။

လီရှင်းပါ့ကတော့ နောက်သို့ လွင့်စင်ထွက်သွားပြီး သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်ခြင်းမရှိဘဲ လေထဲတွင် တစ်ပတ်လည်လျှက် ရှိသည်။

မြစ်ဝါကိုးကွေ့အစီအရင်၏ အားနည်းစေမှုအောက်တွင် လီရှင်းပါ့၏တန်ခိုးစွမ်းအားများက တစ်လျှောက်လုံး သိသိသာသာ ထိုးကျသွားသည်။

အခြားတစ်ဖက်တွင် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်မှာလည်း အလားတူပင် ခံစားနေရသည်။

ထိုက်ချူးနတ်လက်ချောင်းသိုင်းအသုံးပြုပြီး ဖန်တီးထားသော ကိုယ်ခွဲ(၃)ခုက ရန်ကျောက်ကဲလောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိပေ။

သို့သော် ကိုယ်ခွဲ(၃)ခု ပေါင်းစည်းလိုက်သည့်အခါ အရာအားလုံးက ရန်ကျောက်ကဲလိုချင်သည့်အတိုင်း ဖြစ်လာသည်။

သူတို့က စွမ်းအားတစ်ခုတည်းမှ ဆင်းသက်လာသည်ဖြစ်ရာ ရောင်ဝါချင်းချိတ်ဆက်ပြီး လိုသလိုပေါင်းစည်းနိုင်သလို လိုသလို ခွဲထုတ်နိုင်စွမ်းရှိသည်။

ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ ၏ ကိုယ်ပွားသည်ပင် ဤမျှကောင်းမွန်သည့် လုပ်ဆောင်မှုမျိုးကို စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲ၏ ကိုယ်ခွဲ(၃)ခုပေါင်းစည်းခြင်းက တစ်နှစ်တစ်ပေါင်းလျှင် (၂) ဖြစ်သ်ညဆိုသော ရိုးရှင်းသည့် ပေါင်းစည်းမှုမျိုး မဟုတ်ပေ။

သူတို့က စန်းချင်း(၃)ပါး ထိပ်တန်းပညာရပ် (၃)ခု၏ နက်နဲမှုများကို ပေါင်းစည်းခြင်းဖြစ်လေရာ ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်မှာ ရှေ့ဆက်မတိုးနိုင်အောင် တားဆီးခံထားရသည်။

နောက်ဆုံးတွင် ကိုယ်ခွဲ(၃)ခုက ဖြည်းဖြည်းချင်းအားနည်းသွားပြီး ပျောက်ကွယ်သွားသည်။

သို့သော် ထိုအချိန်တွင် ကြိုးကြာနတ်မိစ္ဆာမှာ မြစ်ဝါကိုးကွေ့အစီအရင်၏ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်း အားနည်းသွားပြီ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်လုံး၏ နတ်ဘုရားရုပ်ခန္ဓာများ တိုက်စားခံလာရသည်။  ချီစွမ်းအားသုံးခုပေါင်းစည်းခြင်းရောင်ဝါမှ ချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်းရောင်ဝါသို့ ဆုတ်ယုတ်သွားသည်။

အေးစိမ့်သောလေပြင်းများနှင့် အနက်ရောင်မြူခိုးများက ဆက်လက်တိုက်ခိုက်နေပြီး လီရှင်းပါ့တို့နှစ်ယောက် ငိုက်မြည်းလာကြသည်။

သို့ပေသိ သူတို့၏ကျင့်ကြံခြင်းက ချီစွမ်းအားနှစ်ခုပေါင်းစပ်ထားသော နက်ရှိုင်းနတ်ဘုရားအဆင့်သို့ အမှန်တကယ် ကျဆင်းသွားသည့်အခါ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။

သူတို့ကို နိုးကြားလာစေသည်မှာ သူတို့နှလုံးသားထဲတွင် ရုတ်တရက် ပေါ်ထွက်လာသည့် ကြောက်ရွံ့မှုပင်ဖြစ်၏။

ချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်းရောင်ဝါရှိ ကုန်းစွန်းဟွေသည် ရန်ကျောက်ကဲ၏ ဓားသိုင်းဖြင့် အစစ်အမှန်နတ်ဘုရားအဆင့်သို့ ဆွဲချခံရပြီးနောက် အသတ်ခံလိုက်ရသည်။

ယခု သူတို့ရောက်နေသောအဆင့်တွင် ရန်ကျောက်ကဲအနေဖြင့် သူတို့ကိုသုတ်သင်ရန် ထပ်ပြီးစောင့်ဆိုင်းနေစရာ မလိုတော့ပေ။

တောက်ပနက်ရှိုင်းသော ဓားအလင်းတန်း ထပ်မံထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ကောင်းကင်ကိုးထပ်ထက်တွင် တည်ငြိမ်စွာရပ်လျှက် လူ့ဘုံလောက်တွင်ရှိနေသော လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့ကို ငုံ့ကြည့်နေသည်။

ဓားအလင်းတန်းများ ကောင်းကင်ထက်မှ ဆင်းသက်လာပြီး လီရှင်းပါ့နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့ထံ ဦးတည်သွားသည်။

ဆင်းသက်လာသော ဓားအလင်းတန်းများက မှိန်ဖျော့သော အဝါရောင်မြစ်ရေများထက်ပင် ပိုမိုကြီးကျယ်ခမ်းနားသယောင် ရှိသည်။

ဓားအလင်းတန်းများ သူတို့ထံသို့ ဖြတ်သန်းသွားသည်နှင့် ချီစွမ်းအားနှစ်ခုပေါင်းစပ်ထားသော နက်ရှိုင်းနတ်ဘုရား၏ အမတစွမ်းအားရောင်ဝါ ရုတ်တရက် မတည်မငြိမ်ဖြစ်သွားသည်။

ထို့နောက် အမတစွမ်းအားရောင်ဝါက ချက်ချင်းပင် လွင့်ပြယ်သွားပြီး ယှက်နွယ်နေသည့် အမတချီစွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ၏ နတ်သက်ကြွေဓားသိုင်းဖြင့် ထိုးနှက်ခံရပြီးနောက် သူတို့နှစ်ယောက်လုံး အစစ်အမှန်နတ်ဘုရားအဆင့်သို့ ပြုတ်ကျသွားပေပြီ။

မြစ်ဝါကိုးကွေ့အစီအရင်၏ အေးစက်သောလေပြင်းများနှင့် အနက်ရောင်မြူခိုးများကလည်း ပြင်းထန်စွာဖိနှိပ်လာလေရာ လီရှင်းပါ့နှင့် ကြိုးကြာနတ်မိစ္ဆာမှာ အစစ်အမှန်နတ်ဘုရားအဆင့်မှ ထပ်ကျမသွားရန် အတင်းကြိုးစားထိန်းသိမ်းထားရသည်။

သို့တိုင် သူတို့၏ကျင့်ကြံခြင်းစွမ်းအားများက ပိုပြီးအားနည်းလာနေလေသည်။

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“ဘာလဲ... အခုရော ထိပ်တိုက်ရင်ဆိုင်ချင်သေးလား”

ထို့နောက် သူ၏လက်ဝါးရိုက်ချက်က လီရှင်းပါ့ထံ ကျရောက်သွားသည်။

လီရှင်းပါ့က ကူရာကယ်ရာမဲ့စွာ လက်ကိုမြှောက်လိုက်ပြီး ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို ခုခံရန် ကြိုးစားလိုက်သည်။

သို့သော် ရန်ကျောက်ကဲ၏တိုက်ခိုက်မှုက သူ၏ခါးကိုဖိချေလိုက်သလိုပင်။

အဆုံးအစမရှိသယောင်ရှိသော စွမ်းအားတစ်ခုက လီရှင်းပါ့အားဖိစီးသွားပြီး သူ၏အမတချီစွမ်းအား ပြိုကွဲလုနီးပါး ဖြစ်သွားသည်။

သူ၏ ဝိညာဉ်နှင့် သိစိတ်သည်လည်း ထုံကျဉ်သွားသည်။

တစ်ဖက်တွင် ရန်ကျောက်ကဲ၏ နော်ကထပ်လက်ဖဝါးတစ်ဖက်က ကြိုးကြာနတ်မိစ္ဆာထံဆင်းသက်လာပြီး သူ၏မူလပုံစံ ထွက်ပေါ်လာစေသည်။

ရန်ကျောက်ကဲက ကြယ်စင်မြစ်ထက်တွင် မတ်တတ်ရပ်ရင်း အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့်...

“မင်းတို့နှစ်ယောက် ငါ့စကားကို သံသယဝင်နေသေးလား...”

All Chapters