← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

ရှန်းချူးချူးသည် သရုပ်ဆောင်စွမ်းရည် ရမှတ် 100 အပြည့်မှာ 19 မှတ်သာရရှိထားသည်ကိုတွေ့လိုက်ရသဖြင့် သွေးအန်လုနီးပါးဖြစ်နေပြီဖြစ်သည်။ သူ့ သနားစရာကောင်းသော သရုပ်ဆောင်စွမ်းရည်မှာ ပိုလို့ပင်သနားစရာကောင်းလာသည်ဟုမဆိုလိုပေ ဒီလိုရမှတ်မျိုးနဲ့ သူ ဘယ်လိုလုပ်ဖျော်ဖြေရေးနယ်ပယ်ထဲဘယ်လိုဆက်နေရမှာလဲ ? သူ ဘယ်နည်းနဲ့မှမဆိုးနိုင်ဘူး ဒါပေမယ့် နောက်ခံမရှိ၊ အရည် အချင်းမရှိမှတော့ သူ့နာမည်ကဘယ်လိုလုပ်တိုးဝင် တော့မှာလဲ ? ဖျော်ဖြေရေးနယ်ပယ်တွင် ရုပ်ရည်ချောမောသော ပုဂ္ဂိုလ်များမှာပြတ်လပ်မှုမရှိခဲ့ချေ။

ဒါ့ပြင် ကံကြမ္မာရဲ့တန်ဖိုးကို သူ ဘယ်လိုမြှင့်တင်ရမလဲ ? ဤအပိုင်းတွင် နိဒါန်းမှာမရှင်းလင်းဟု သူ ခံစားမိသည်။

သူ့ ခေါင်းထဲမေးခွန်းတစ်ခုတွေးလိုက်တိုင်း စနစ်အရင်ပေါ်လာသည်ကို သတိရမိသည်။ လွန်စွာထက် မြက်သောစနစ်တစ်ခုဖြစ်ရမည်ဟု တွေးမိသော ကြောင့် စိတ်ထဲမှာ မေးခွန်းတစ်ခုမေးရန်ဆုံးဖြတ်လိုက်သည်။ သို့သော် စနစ်မှတုံ့ပြန်မှုလုံးဝမပေးခဲ့ချေ။ သူ မေးတဲ့မေးခွန်းကများ အရမ်းရှုပ်ထွေးနေလို့လား ? ထို့ကြောင့် သူ ဤစနစ်ကို မည်သူပေးသနည်းကဲ့သို့သော လွယ်ကူသောမေးခွန်းတစ်ခုကို စဉ်းစားလိုက်သည်။ ထိုသည့်တိုင် စနစ်ဘက်မှတုံ့ပြန်မှုမရှိသေးပေ။ နောက်ထပ်မေးခွန်းအနည်း ငယ်တွေးပြီးနောက် သူ ဖြေနိုင်မည်မဟုတ်ကြောင်း သူ နားလည်ခဲ့သည်။

ဤဖွင့်ဟချက်ကြောင့် စိတ်ပျက်သွားသော်လည်း စနစ်သည် အလွန်စိတ်ဝင်စားစရာကောင်းသည်ကို တွေ့ရှိခဲ့ပြီး ၎င်းကိုဆက်လက်စူးစမ်းချင်ခဲ့သည်။ သို့သော် ကားမတော်တဆဖြစ်ပြီး ဆေးရုံကိုရောက်ရှိပြီးနောက် ဒီစနစ်ကြောင့် တစ်နေ့တည်းမှာပင် သူ့စိတ်တွေရှုပ်ယှက်ခတ်နေသလိုခံစားခဲ့ရသည်။ အိမ် ထောင်ရေးပြဿနာရှိသူများကို မည်သို့ကူညီရမည်ကိုတွေးတောနေရင်း သူ ဖြည်းညှင်းစွာအိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ နံနက်အိပ်ရာနိုးချိန်တွင် နေထွက်လာသည်မှာကြာခဲ့လေပြီ။

ရှန်းချူးချူးသည် မျက်နှာကျက်ကိုစိုက်ကြည့်ရင်း ၊ သူ အသက်မွေးဝမ်းကြောင်းကိုပြောင်းလဲကာ အောင်သွယ်တော်အေဂျင်စီတစ်ခုဖွင့်ရမလားဟုပင် တွေးလိုက်မိသေးသည်။ စနစ်မှ ပေးအပ်ထားသောအလုပ်များကို မပြီးမြောက်ပါက သူ့ သရုပ်ဆောင်စွမ်းရည်ကျဆင်းသွားမည်ဖြစ်သည်။ ဒီနှုန်းနဲ့ဆိုပါက သူ မင်းသမီးဖြစ်နိုင်မည်မဟုတ်ချေ။ ထို့ပြင် အိမ်ထောင်ရေးပြဿနာရှိ၊မရှိ လမ်းမထက်ကလူများကို လိုက်လံမေမြန်းဖို့မဖြစ်နိုင်ရာ သူ ဘာတတ် နိုင်မည်နည်း ?

ထိုအချိန်တွင် သူ့ဖုန်းမှအသံမြည်လာသည်။ သူ ကောက်ကိုင်လိုက်သည်နှင့် Weibo အသိပေးချက် မက်ဆေ့ချ်ကိုတွေ့လိုက်ရသည်။

“90s အင်တာနက်နာမည်ကြီးတွေက Weibo မှာ အဝတ်အစားတွေရောင်းပြီး လစဉ်ဝင်ငွေ သန်းနဲ့ချီပြီး…”

ရှန်းချူချူသည် မက်ဆေ့ချ်ကို နှိပ်လိုက်သောအခါ ရုတ်တရက် ပေါက်ကွဲအားကိုခံစားလိုက်ရသည်။

သူဟာ အောင်မြင်တဲ့အင်တာနက်နာမည်ကြီးတစ်ယောက်ရဲ့ လမ်းကြောင်းကို အပြည့်အဝလိုက်နိုင်သူပင်။ သူသည် Weibo တွင်စတင်ကာ ငွေရှာရန် Taobao App တွင် စတိုးဆိုင်တစ်ခုဖွင့်ခဲ့သည်။ အံ့သြစရာဘယ်လောက်ကောင်းလဲ ? သူ့ သရုပ် ဆောင်စွမ်းရည်ကိုမြှင့်တင်ရင်းနဲ့ ဝင်ငွေရှာနိုင်သလို စနစ်က Mission တွေပြီးအောင်လုပ်နိုင်တယ်။ ဒါ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်နိုင်တာပဲ!!

T/N : Taobao က တရုတ်ဈေးဝယ် App ပါ တော် တော်များများလည်းသိကြမှာပါ China Supplier တွေ Taobao ကဝယ်ပေးကြတာများတယ်လေ။

ဒီလိုသာဆို သူ့ကုမ္ပဏီက သူ့အတွက်ကြော်ငြာတွေကိုလက်မခံပေးလဲ ငတ်သေမှာကိုစိုးရိမ်နေစရာမလိုတော့ဘူး။ ဒါ့ပြင် သရုပ်ဆောင်စွမ်းရည်လေ့ကျင့်ရင်း အိမ်မှာနေပြီး ဝင်ငွေပါရှာနိုင်ဦးမှာ...

အဆင့် 1- Weibo အကောင့်အသစ်တစ်ခုဖန်တီးပါ- "ငါက ယွဲ့လောင်" ပရိုဖိုင်ပုံမှာ ရှန်းချူးချူး အင်တာနက်မှ ဒေါင်းလုဒ်လုပ်ထားသော ယွဲ့လောင် ၏ပုံဖြစ်သည်။ သူ့ Bio မှာတော့ “ဗေဒင်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အတုအယောင်ရမ်းဟော*” ဟု ဆိုထားသည်။ ထို့ နောက် Weibo တွင် သူ၏ ပထမဆုံး Post တင်ခဲ့သည်။

*TL-မှတ်ချက်- ဤအရာသည် တမင်တကာထေ့ငေါ့ခြင်း သို့မဟုတ် နှစ်ချက် အနုတ်လက္ခဏာဖြစ် သည်။ ရှန်းချူးချူးသည် သူ့ကိုယ်သူ "ယွဲ့လောင်" သို့မဟုတ် လိမ်လည်သူအဖြစ်ကြော်ငြာလို့နေသည်။ သို့သော် သူသည် “အတုအယောင်ရမ်းဟော” ဟုဆိုထားသောကြောင့် သူသည် တရားဝင်သည်ဟုဆိုလို သည်။

ငါက ယွဲ့လောင်၊ နံပါတ် 1 အချက် မင်းရဲ့အနာဂတ်ခင်ပွန်း or ဇနီးက ဘယ်သူဖြစ်မလဲဆိုတာ သိချင်လား ? အောက်က Comment မှာ ပုံလေးတွေပို့ပြီး မင်းက ဘယ်တစ်ယောက်ဆိုတာ ပြောပေးသွားဦးနော်။ တစ်ရက်ကို တစ်ကြိမ်ပဲဟောကြားပေးမှာပါ၊ ကံကြမ္မာက မင်းအပေါ်ပြုံးပြနေပါစေ။

ရှန်းချူးချူးသည် Weibo ပရိသတ်များထံ ပရိုမိုးရှင်းလုပ်ရန် ကြော်ငြာတစ်ခုကိုမြင်သောအခါ သူမသည် ၎င်း၏ခရက်ဒစ်ကတ်တွင် ယွမ် ၂၀၀ ကျော်ကိုယူကာ ကြော်ငြာကို အလားအလာရှိသော ပရိသတ်တစ်သောင်းမြင်ရန် မြှင့်တင်ခဲ့သည်။ သူသည် အင်တာနက်ပေါ်ကလူတွေအကြောင်း သိထားရာကနေ Weibo မက်ဆေ့ချ်ကိုတွေ့ပြီးနောက် လူ အများသိချင်လာလိမ့်မည်ဟုယုံကြည်ခဲ့သည်။

Weibo တွင် တင်စရာရှိတာတင်ပြီးနောက် ရှန်းချူးချူးသည် Seller အဖြစ်လျှောက်ထားရန် Taobao သို့အပြေးသွားခဲ့သည်။

အားလုံးပြီးသည်နှင့် တစ်နာရီကုန်သွားခဲ့လေပြီ။

ထိုအချိန် ရှန်းချူးချူး ပထမဆုံး Comment ကိုလက်ခံရရှိခဲ့သည်။

သေးငယ်တဲ့အလုပ်ခွင်ပေါက်စ: တကယ်လား ? ငါက ဒီနှစ်ဆို 26 နှစ်ဖြစ်ပြီ၊ အရင်က တစ်ခါမှ RS မရှိခဲ့ဖူးဘူး။ အမေက ငါ့ကို အိမ်ထောင်ပြုဖို့တိုက် တွန်းနေတာကို ငါ့ကို ရူးသွပ်စေတယ်။ OP* ကူညီပေးပါဦး။ [ဓာတ်ပုံ]

*TL-မှတ်ချက်- OP သည် မူရင်းပိုစ်ပိုင်ရှင်အတွက်အတိုကောက်ဖြစ်သည်။ အွန်လိုင်းမက်ဆေ့ချ်ဘုတ်များနှင့် ဖိုရမ်များတွင် အသုံးပြုသည်။

ရှန်းချူးချူး ဓာတ်ပုံကိုဖွင့်ကြည့်လိုက်သည်- ၎င်းသည် အသက် ၂၆ နှစ်လုံးဝမရှိဟုထင်ရသော အလွန်လှပသော မိန်းကလေးဖြစ်သည်။ သုံးစက္ကန့်အကြာတွင် မိန်းကလေး၏ဦးခေါင်းထက်ပန်းရောင် အသဲလေးတစ်ခုပေါ်လာသည်။

အခြေအနေ - အိမ်ထောင်မရှိ

အိမ်ထောင်ဖက် - တင်းကျီချန် [ဓာတ်ပုံ] 

မင်္ဂလာရက်စွဲ - 13 Dec 2018

အိမ်ထောင်ရေး အဆင့်သတ်မှတ်ချက် - ကြယ် 5 ပွင့် (Conjugal Bliss)

ကံကြမ္မာကြိုးနီ - [ဖွင့်]

သူ လင်မယားနှစ်ယောက်၏အိမ်ထောင်ရေးလမ်း ကြောင်းကိုဖွင့်သည့် ကံကြမ္မာကြိုးနီ ကိုနှိပ်လိုက်သည်။

ကံကြမ္မာကြိုးနီ

တွေ့ဆုံရသည့်အကြောင်းရင်း- အလယ်တန်းကျောင်းတက်စဉ် အတန်းဖော်များ

ပထမအကြိမ်တွေ့ဆုံသည့်ရက်စွဲ- 1 Sep 2005

တွေ့ဆုံမည့်နေရာ- မြောက်လတ္တီတွဒ် XX၊ အရှေ့လောင်ဂျီကျု YY၊ ခန်းကျန်းအလယ်တန်းအထက် တန်းကျောင်း

ဆက်ဆံရေးစတင်သည့်နေ့- 31 Dec 2018

ပထမည- 31 Dec 2018

သူ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကိုကြည့်လိုက်ပြီးနောက် အကြောင်းပြချက်ကိုကြည့်ကာ ဤအရာအားလုံးသည် အလွန်ရိုမန်တစ်ဆန်သည်ဟု ခံစားမိသည်။ တစ်ဖက်လူက တစ်ဖက်လူကိုတိတ်တိတ်လေးကြိတ်မိနေတာလည်းဖြစ်နိုင်သည်။

ရှန်းချူးချူးသည် နောက်ထပ်မှတ်ချက်အနည်း ငယ်ထွက်ပေါ်လာသောအခါတွင် စာပြန်ရေးရန်ပြင် နေရုံရှိသေးသည်။ စတင်ခြင်းမှာ အခက်ခဲဆုံးဖြစ်သော်လည်း ပထမမှတ်ချက်က ဒုတိယကိုဆွဲဆောင်လာနိုင်ပြီး ဒုတိယက တတိယတစ်ခုကိုဆွဲခေါ်လာနိုင်ခဲ့သည်။ ပရိုမိုးရှင်းကြော်ငြာကနေ ခုလိုကောင်း မွန်တဲ့ရလဒ်တွေရလာမယ်လို့ သူ မမျှော်လင့်ခဲ့ဘူး။ သူ အစက ရေတပ်အချို့၀ယ်ရန်ပင် ပြင်ဆင်ထားခဲ့သော်လည်း ယခုအခါ ၎င်းအတွက်မလိုအပ်တော့ပုံရသည်။

လူတွေအများကြီးရှိနေမှတော့ ဒီနေ့လုပ်ရမယ့် Mission က သေချာပေါက်ပြီးသွားလိမ့်မည်။ သို့ သော် သူ လိုအပ်သည်ထက် ပိုလုပ်ရန်မရည်ရွယ်ခဲ့ပေ။ သူ ပထမဆုံး Weibo တွင် ရက်အနည်းငယ်ကြာအောင်တိုးချဲ့ချင်ခဲ့သည်။ ထို့နောက်အချိန်စေ့ပါက Taobao ပေါ်ရှိလူသတ်စက်ကဲ့သို့ ပစ်ထုတ်ကာ Mission အားလုံးကိုပြီးမြောက်စေချင်ခဲ့သည်။

Weibo ပေါ်က Comment တွေကို သူ စိုက်ကြည့်ရင်းနဲ့ မရေမတွက်နိုင်တဲ့ RMB* တွေမှ လက်ပြနှုတ် ဆက်နေသလိုခံစားလိုက်ရသည်။ 🤑

TN: RMB = တရုတ်ယွမ်ငွေ အတိုကောက်။

ဒါပေါ့၊ ခုချိန်မှာ အစဆွဲထုတ်တာက အရေးကြီးဆုံးကိစ္စပဲ၊ ထိုငိစ္စနှင့်လုံးပန်းရင်း သူ နှစ်နပ်စာလွတ်ခဲ့ရပြီး အင်အားပြန်လည်ဖြည့်တင်းဖို့ရာ တစ်ခုခုစားရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။ သူ့ ခရက်ဒစ်ကတ်မှ ယွမ်နှစ်ရာထုတ်ထားပြီး ယမန်နေ့တက္ကစီပေါ်တွင် ကျန်ရှိသည့် ကျန်ငွေနှစ်ဆယ့်သုံးယွမ်ကို အသုံးပြုခဲ့သည်။

အိတ်ထဲတွင် သပ်သပ်ရပ်ရပ်ထုပ်ပိုးထားသော ယွမ်တစ်သောင်းကိုစိုက်ကြည့်လိုက်သည်။ ရှန်းချူးချူးသည် မျက်လုံးများကိုမှိတ်လိုက်ပြီး မာကျောသော နှလုံးသားဖြင့် ငါးရာထုတ်ယူလိုက်သည်။ အကယ် ၍ သူ့အစီအစဉ်အောင်မြင်ခဲ့ပါက၊ မကြာမီ ရိုးရှင်းသောဖုန်းခေါ်ဆိုမှုတစ်ခုဖြင့် ငွေစတင်ရရှိလာမည်ဖြစ်သည်။ အကယ်၍ မအောင်မြင်ခဲ့ပါက၊ သူ သုံးရက်အတွင်း မိသားစုထံမှပိုက်ဆံအနည်းငယ် အမြဲချေးယူနိုင်သေးသည်မဟုတ်ပါလား ?

ယခု သူ့ထံ ခြူးတပြားမှမရှိတော့သဖြင့် ပူစပ်ပူစပ်ဟော့ပေါ့မှာ ဆိုဖွယ်ရာမရှိတော့ပေ။ ရှန်းချူးချူးသည် အနီးဆုံးစူပါမားကတ်သို့လမ်းလျှောက်သွားကာ ခေါက်ဆွဲထုပ်အနည်းငယ်၊ ဝက်အူချောင်းတစ်ထုပ်ကိုဝယ်ကာ နောက်ဆုံးတွင် နို့နှင့် ပေါင်မုန့်အချို့ဝယ်ယူခဲ့ရာ စုစုပေါင်းယွမ်လေးရာဝန်းကျင် ခန့်ကျသွားသည်။ တစ်လကြာကြော်ငြာအလုပ်မရ ရှိခဲ့လျှင်ပင် အနည်းဆုံးငတ်သေမည်မဟုတ်ချေ။

ခရီးစဉ်ကတိုတောင်းသော်လည်း ပစ္စည်းတွေအများ ကြီးဝယ်ယူခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့်ခေါက် ဆွဲထုပ်တစ်ထုပ်ဖောက်ကာ ချက်ချင်းချက်လိုက်တယ်။

ပထမ Comment ကိုဖြေကြားရန် ညဆယ်နာရီအထိစောင့်ခဲ့သည်။ ထိုအချိန်တွင် သူ့ Weibo စာရင်းဇယားများအရ သူ့ ပရိုဖိုင်ကို ကြည့်ရှုသူ 7543 ခန့်ရှိခဲ့ပြီး Comment 22 ခု၊ Share 8 ခု၊ Like 8 ခု နှင့် Follower 20 ရရှိခဲ့သည်။ ထိုစာရင်းသည်ပင် ရှန်းချူးချူးအတွက်အလွန်ကျေနပ်အားရစေသည်...

“အတိတ်ကိုပြန်ကြည့်တော့ အဲဒီလူကမထင်မရှားနဲ့ မင်းဘေးမှာရှိနေခဲ့တာ၊ မင်းရဲ့အနာဂတ်ခင်ပွန်းက အလယ်တန်းကျောင်းတုန်းက မင်းရဲ့အတန်းဖော်ပဲ၊ ဒီနှစ်ထဲမှာအိမ်ထောင်ကျပြီး မင်းတို့အိမ်ထောင်ရေးကသာယာချမ်း‌မြေ့လိမ့်မယ်။”

တစ်မိနစ်အတွင်းမှာပင် သေးငယ်တဲ့အလုပ်ခွင်ပေါက်စက ပြန်ဖြေလာတယ်။

“! ! ! ငါ့ အလယ်တန်းကျောင်းတုန်းက အတန်းဖော် ? အိုကေ၊ မင်းက လာနောက်နေတာမဟုတ်လား ? [Shock.emoji]”

ရှန်းချူးချူးသည် မှတ်ချက်အားပြန်ကြားမည့်အစား သူ့ထံ တိုက်ရိုက်မက်ဆေ့ချ်ပို့ခဲ့သည်။

တစ်ဖက်သားကို ဆွဲဆောင်ရန်အတွက် ရှန်းချူချူသည် ဗေဒင်ဆရာဟန်ဆောင်ခဲ့သည်။

I'm ယွဲ့လောင် : 01.01.2005 ရဲ့ သာယာလှပပြီးနေသာတဲ့နေ့တစ်‌နေ့မှာ အချစ်ကိုကိုယ်စားပြုတဲ့ အနီရောင်ကြိုးတစ်ချောင်းက စုံတွဲတစ်တွဲကို ချည် နှောင်ပြီးတွဲခေါ်လာခဲ့တယ်။ အဲ့လူက တင်းကျီချန် အသက်က 26 ၊ မင်းတို့နှစ်ယောက်စလုံးသည် မရေမတွက်နိုင်တဲ့ရာသီ‌တွေကိုအတူတူဖြတ်သန်းကြရမယ်။

သေးငယ်တဲ့အလုပ်ခွင်ပေါက်စ- ဒါ အမှန်ပဲလား OP ? မင်း ငါ့ကိုလိမ်နေတာလား ? ငါ မင်းကို ဘယ်လိုမှမယုံနိုင်တော့ဘူး !! မဖြစ်နိုင်ဘူး၊ သူ့မှာ သူ ကြိုက်တဲ့လူရှိတယ် ပြီးတော့ ငါတို့ကရိုးရိုးအတန်းဖော်တွေ၊ အဲ့ထက်ပိုအရေးကြီးတာက မင်းငါ့ကို သိတာလား ? ငါ့ အတန်းဖော်နာမည်ကို မင်းဘယ်လိုသိတာလဲ ?

သူ(မ)၏ယုံကြည်စိတ်ချရမှုကို အခိုင်အမာရရှိရန် ရှန်းချူးချူးသည် တူညီသောစာသားဖြင့်သာပြန် လည်ဖြေကြားခဲ့သည်။

I'm ယွဲ့လောင် : 01.01.2005 ရဲ့ သာယာလှပပြီးနေသာတဲ့နေ့တစ်‌နေ့မှာ အချစ်ကိုကိုယ်စားပြုတဲ့ အနီရောင်ကြိုးတစ်ချောင်းက စုံတွဲတစ်တွဲကို ချည် နှောင်ပြီးတွဲခေါ်လာခဲ့တယ်။ အဲ့လူက တင်းကျီချန် အသက်က 26 ၊ မင်းတို့နှစ်ယောက်စလုံးသည် မရေမတွက်နိုင်တဲ့ရာသီ‌တွေကိုအတူတူဖြတ်သန်းကြရမယ်။

သေးငယ်တဲ့အလုပ်ခွင်ပေါက်စ - ဟေး OP၊ နင်က တကယ်ပဲ ဘယ်သူလဲ ? ဒီလိုမလုပ်နဲ့၊ သတိထား မဟုတ်ရင် ငါ နင့်ကို ဖော်ထုတ်ပြမယ်။

I'm ယွဲ့လောင် : 01.01.2005 ရဲ့ သာယာလှပပြီးနေသာတဲ့နေ့တစ်‌နေ့မှာ အချစ်ကိုကိုယ်စားပြုတဲ့ အနီရောင်ကြိုးတစ်ချောင်းက စုံတွဲတစ်တွဲကို ချည် နှောင်ပြီးတွဲခေါ်လာခဲ့တယ်။ အဲ့လူက တင်းကျီချန် အသက်က 26 ၊ မင်းတို့နှစ်ယောက်စလုံးသည် မရေမတွက်နိုင်တဲ့ရာသီ‌တွေကိုအတူတူဖြတ်သန်းကြရမယ်။

သေးငယ်တဲ့အလုပ်ခွင်ပေါက်စ: ! ! ! နင် စောင့်နေလိုက်၊ ငါ နင့်ကို ဖော်ထုတ်ပြမယ်။

အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? မနေ့ကပဲ သူတို့စကားတွေပြောခဲ့သေးတယ် သူ့ကိုမကြိုက်တာဒီ လောက်ရှင်းနေတာဟု ချန်ကျင်းကျင်း သူ့ဟာ သူ တွေးနေမိသည်။ အသက် 26 နှစ်ရှိသော်ငြား အိမ် ထောင်မပြုသေးကြောင်း လှောင်ပြောင်ခဲ့ဖူးသည်။ အမှန်က သူ့အပေါ် ခံစားချက်အချို့ရှိသောကြောင့် သူ(မ)လည်းနာကျင်ခံစားရသည်။

ချန်ကျင်းကျင်း သူ့ဖုန်းကိုကိုင်လိုက်ပြီး နှုတ်ခမ်းကို ဖိလိုက်သည်။ ထို့နောက် သူ တင်းကျီချန်ထံသို့ “I am ယွဲ့လောင်” ဖြင့် ပေးပို့လာသောမက်ဆေ့ချ်ကို ရိုးရှင်းစွာပေးပို့ခဲ့သည်။

မက်ဆေ့ချ်ပို့ပြီးနောက် ချန်ကျင်းကျင်းထိတ်လန့်စပြုလာသည်။ သူ ပြန်မဖြေသေးသဖြင့် ငိုတော့မလိုစိတ်ပျက်လက်ပျက်ဖြင့် အခြားမက်ဆေ့ချ်ပို့ရန် ဆုံးဖြတ်လိုက်သည်။

ချန်ကျင်းကျင်း: ဟဲ့ ဒါ ရယ်စရာမကောင်းဘူးလား ? သူက ငါတို့လက်ထပ်ကြလိမ့်မယ်ဆိုပြီးပြောတယ် ဘယ်သူက ယုံမှာလဲ ? ငါ့ ကွန်ပြူတာ အဟက်ခံရတာဖြစ်နိုင်တယ်။

ထို့နောက် တစ်ဖက်လူကပြန်ဖြေလာသည်။ သူ့စာဖတ်ပြီးနောက် ချန်ကျင်းကျင်း တစ်ယောက်တိတ် ဆိတ်လို့သွားသည်။

ရှန်းချူးချူးသည် ချန်ကျင်းကျင်းကို အကြောင်း ပြန်ပြီးနောက် ကျေနပ်စွာဖြင့် ဖုန်းကိုချလိုက်သည်။ သူ့ကိုဖော်ထုတ်မှာလား ? အိုး၊ သူ့ကို ဘယ်လိုဖော် ထုတ်မှာလဲ ? တစ်ဖက်လူကိုမေးလိုက်တာ ပိုမရိုးရှင်းသွားဘူးလား ? ဟင့်အင်း၊ တစ်ဖက်လူကသာ လက်မခံရင် ဒါမှမဟုတ် အချစ်ရေးက မတိုးတက်သေးရင် ဘယ်လိုလုပ်မလဲ ? သူ လူမှားရွေးမိတာများလား ? ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးအ ဆင့်က ကြယ် 5 ပွင့်ဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်အချိန်အကြာကြီး Crush နေခဲ့သင့်တယ်။ လူအများစုသည် အိမ်ထောင်ကွဲခြင်း သို့မဟုတ် အတူတူဘဝကို ဆက်လက်တည်မြဲနေကြသည့်သူများမှာ ကြယ် ၃ ပွင့်မျှသာရှိသည်။

အဖွင့်မှာတင် ကြေကွဲစရာမဖြစ်ဖို့ တိတ်တဆိတ် ဆုတောင်းလိုက်သည်။ ထို့နောက် Mask ချွတ်ကာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့မနက်မှာတော့ သူ့ page ကိုဆက်ကြော်ငြာဖို့ Weibo ကိုဖွင့်လိုက်ပေမယ့် သူ့ဖုန်းဘက်ထရီကုန်သွားမှန်းသိလိုက်ရသည်။ မနေ့ညက သူ အိပ်ရာဝင်ချိန်မှာ သူ့ဖုန်းအား တစ်ဝက်ပြည့်နေသေးတာကို သူ ကောင်းကောင်းမှတ်မိနေပါသေးတယ်။

ဖုန်းကိုပလပ်ထိုးပြီး မျက်နှာသစ်ဖို့သွားလိုက်သည်။

နာရီဝက်လောက်ကြာတော့ ဖုန်းကိုပါဝါဖွင့်လိုက်သည်။ Weibo တွင် အသိပေးချက် 99+ ရှိနေ သည်ကိုတွေ့လိုက်ရသဖြင့် သူ အံ့အားသင့်ခဲ့ရသည်။ မနေ့က သူ့ Page ပရိုမိုးရှင်းလုပ်ဖို့ ၀ယ်တုန်းက Noti 23 ခုအပြင် Share တချို့နဲ့ Comment အနည်းငယ်သာရှိခဲ့သည်။ အတိအကျ ဘာဖြစ်ခဲ့တာလဲ ?? တုန်ယင်နေသော လက်ချောင်းများနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသောနှလုံး သားဖြင့် ရှန်းချူးချူးသည် သူ့၏ Weibo ကိုဖွင့်လိုက်သည်။

လက်ရှိမှာတော့ သူ့ပရိုဖိုင်ကို 8.9 M ခန့်ကြည့်ရှုခဲ့ပြီး Comment 387 ခု ၊ Share 150 ၊ Like 31 နဲ့ follower 356 ဦးရရှိလာခဲ့သည်။

သူ မသိလိုက်ပဲ တစ်ခုခုဖြစ်သွားတာများလား ??

All Chapters