← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

သူ comment တွေကို အရင်ကြည့်လိုက်တယ်။ အပေါ်ဆုံးက မနေ့က သူ ဖြေခဲ့တဲ့ comment ပါ။ ယခုအချိန်တွင် ၎င်းသည် Like 300 ကျော်နှင့် အောက်တွင် comment ပေါင်းရာကျော်ရှိလိုနေသည်။ "သေးငယ်တဲ့အလုပ်ခွင်ပေါက်စ" မှ ပြန်ကြားချက်လည်း ရှိနေသည်- OP၊ မယုံနိုင်စရာပဲ။ မင်းက ဗေဒင်ဆရာအစစ်ပဲ၊ မနေ့ညက သူ့ကိုမေးကြည့်ပြီးတော့ အခု ငါတို့ အတူတူရှိနေကြပြီ။ [စိတ်လှုပ်ရှားနေတဲ့ emoji]

ထိုအဖြေကိုမြင်သောအခါ ရှန်းချူးချူး စိတ်သက် သာရာရသွားသည်။ သူ သည် “အတုအယောင် ရမ်းဟော”အနေနှင့် ပထမဦးဆုံး အကြိမ်ပေါ်ပေါ်ခြင်း သူ့ Image ကိုမဖျက်ဆီးခဲ့ပုံရသည်။ Weibo ရဲ့ comment တွေကို လှန်လှောကြည့်လိုက်ရာ လူတော်တော်များများသည် ၎င်းတို့၏အိမ်ထောင် ရေးအခြေအနေနဲ့ပတ်သက်ပြီး သိချင်နေကြတာကိုတွေ့ရှိခဲ့သည်။

 “အယ်၍ OP ကယွဲ့လောင်အစစ်ဆိုရင် ခပ်ချောချောခင်ပွန်းလေးလက်ဆောင်ပေးပါ။ [ဓာတ်ပုံ]"

 "ငါ့ကိုရွေး၊ ငါ့ကိုရွေး! ငါ့ရည်းစားက ငါ့ရဲ့အနာဂတ်ခင်ပွန်းဖြစ်မလား မြန်မြန်ပြောပြစမ်း၊ သူ မဟုတ်ဘူးဆိုရင် ငါ သူနဲ့လမ်းခွဲပစ် မယ်။ [ဓာတ်ပုံ]"

 “ဇနီးလိုနေတယ်၊ ကျွန်တော့်အသက် 30 ရှိနေပြီ ခုထိ Single ပါ။ [ဓာတ်ပုံ]"

 …

 ရှန်းချူးချူး သည် ဓာတ်ပုံများနှင့်အတူ မှတ်ချက်အချို့ကိုဖတ်ပြီးနောက် အနည်းငယ်ရယ်မောမိခဲ့သည်။ တစ်ချို့လူများသည် သူ့၏ယုံကြည်စိတ်ချနိုင်မှုကိုမေးခွန်းထုတ်ကြသော်လည်း လူတော်တော်များများသည် သူမကိုယုံကြည်တဲ့အတွက် ဂရုမစိုက် ကြချေ။ ဖောက်သည်များသံသယရှိနေသည့်တိုင် ဗေဒင်ဟောခြင်းသည် အောင်မြင်သည်ဟုမှတ်ယူရမည်။ 

comment များကိုဖတ်ပြီးနောက် သူတင်ထားတဲ့ပို့စ်ကို ဘယ်သူ Share ခဲ့တာလဲဆိုတာသိသွားခဲ့ပြီ။ ကိန်းဂဏန်းတွေ ခုလောက် မြင့်တက်လာရတဲ့အကြောင်းရင်းက သေးငယ်တဲ့အလုပ်ခွင်ပေါက်စကြောင့်မဟုတ်ဘဲ တခြားအရာသောကြောင့်ဟု သူမ ခံစားရသည်။

 မျှော်လင့်ထားသည့်အတိုင်း၊ သူမမြင်သော ပထမဆုံးမျှဝေမှုသည် ကြီးမားသောV.*

 TL-မှတ်ချက်- V ဤနေရာတွင် VIP သို့မဟုတ် အတည်ပြုထားသောအကောင့်ကိုဖော်ပြသည်။ VIP အကောင့်များသည် အများ အားဖြင့် ပညာရှင်များ၊ နာမည်ကြီးများ သို့မဟုတ် သရုပ်ဆောင်များဖြစ်ပြီး ၎င်းတို့၏ follower အများအပြားကြောင့် စိစစ်ခြင်း ခံရသည်။

 #1 ဖျော်ဖြေရေးသတင်းထောက်- Red Feather V- လျှို့ဝှက်ဆန်းကြယ်သော OP၊ ငါ့ ကံကြမ္မာကို ပြောပြပါ။

 ဤလူသည် ထိပ်တန်းသတင်းထောက်တစ်ဦးဟုအခိုင်အမာဆိုသော်လည်း ၎င်းထံ follower 90,000 သာရှိပြီး B City မှ သတင်း ထောက်တစ်ဦးအဖြစ်အတည်ပြုလိုက်နိုင်သည်။

 ရှန်းချူးချူးသည် သူမ၏ ကိုယ်ရေးကိုယ်တာမက်ဆေ့ချ်များကိုဖွင့်ကြည့်လိုက်ရာ သေးငယ်တဲ့အလုပ်ခွင်ပေါက်စသည် သူမအား အံ့အားသင့်ဖွယ်ကောင်းသော မက်ဆေ့ချ်တစ်စောင်ပေးပို့ထားသည်ကိုတွေ့လိုက်ရသည်။ ရှန်းချူးချူးသည် ဤတစ်ကြိမ်တွင် သူမအား ပုံမှန်အတိုင်းစာပြန်လိုက်သည်။

 ငါက ယွဲ့လောင်- ဒီ #1 Entertainment Reporter-Red Feather ကို မင်း သိလား ?

နာမည်ကြီးအတင်းအဖျင်းတွေကိုသာမျှဝေတတ်တဲ့ သတင်းထောက်တစ်ယောက်က သူမရဲ့ပို့စ်ကိုမျှဝေရတဲ့အကြောင်းရင်းကို ရိုးရိုးသားသားမတွေးနိုင်ခဲ့ချေ။

သေးငယ်တဲ့အလုပ်ခွင်ပေါက်စ - မင်းတကယ်ကော အတုအယောင်ရမ်းဟောဟုတ်ရဲ့လား ? အဲဒါကိုတောင် မင်းသတိထားမိတယ် ပေါ့။ ဒါပေမယ့် သူ့ကို ငါ မသိဘူး၊ သူ့ကိုသိတာ ငါ့အတန်းဖော်ပါ...မဟုတ်သေးဘူး၊ သူ့ကိုသိတာ ငါ့ရည်းစား တင်းကျီလို့ပြော ရမယ်။ ငါ့ရည်းစားက ရှင့် Weibo ကိုမြင်ပြီး ပေါက်သွားအောင်တစ်ခုခုလုပ်သင့်တယ်လို့ထင်တယ်။ အဲ့ဒါနဲ့ မင်းကိုကျေးဇူးတင်တဲ့ အတွက် ရှင့်ရဲ့ Weibo ကို Share ပေးဖို့တောင်းဆိုခဲ့တာ၊ ငါ့ရဲ့ ရည်ရွယ်ချက်ကောင်းလေးက မသိလိုက်မိဘဲ မင်းကို ဒုက္ခတစ်ခုခုပေး သလိုဖြစ်သွားတာလား ? [Shy emoji]

 ငါက ယွဲ့လောင် : ကျေးဇူးပါ

၎င်းတို့၏လက်ထပ်မည့်ရက်ကို ဇွန် 30 ရက် 2018 သို့ပြောင်းလဲခဲ့ပြီး လက်တွေ့အားဖြင့် ယခင်ထက်ခြောက်လခန့်စောခဲ့သည်။ ၎င်းတို့နှစ်ယောက် အချစ်ရေးစတင်တဲ့နေ့ကိုတော့ ဒီနေ့အဖြစ်ပြောင်းလဲခဲ့သွားခဲ့သည်။ နောက်ဆုံးအနေနဲ့ သူတို့ရဲ့ ပထမဆုံးည မှာလည်း ဒီနှစ်မတ်လအဖြစ်ပြောင်းလဲခဲ့သည်။

လူတွေကို သူ ကူညီပြီးတာနဲ့ သူတို့ရဲ့ အိမ်ထောင်အခြေအနေကိုအနည်းငယ်အကျိုးသက်ရောက်သွားပုံရသည်။

အရင်က ဒီကိစ္စကို သူ တွေးခဲ့ဖူးတယ်။ အကယ်၍ လူတစ်ယောက်က ၎င်းတို့၏အနာဂတ်ကိုကြိုတင်သိရှိပြီး ၎င်းဆို့ဘက်မှ တက်ကြွကြွကြိုးစားခဲ့မည်ဆိုလျှင် ၎င်းတို့၏အနာဂတ်ပြောင်းလဲသွားမည်လော ? အချို့သည် သင်မည်သို့သောအပြောင်း အလဲများပြုလုပ်ပါစေ အနာဂတ်သည်တည်မြဲနေမည်ဟုယုံကြည်ကြသည်။ အခြားသူများကမူ ပြောင်းလဲနိုင်သည်ဟု ယုံကြည်ကြ သည်။ အဆုံးတွင်၊ လိပ်ပြာတောင်ပံမှလွင့်ပျံနေသည့်သေးငယ်သည့်အရာမှသည် အဆုံးတွင် ကမ္ဘာတစ်ဝှမ်းရှိဟာရီကိန်းမုန်တိုင်း တစ်ဝက်ဖြစ်စေသည်ဟုဆိုထားသည်။

 *TL-မှတ်ချက်- ဤသည်မှာ “The Butterfly Effect” (2004) ရုပ်ရှင်မှ ကိုးကားချက်ဖြစ်သည်။*

 'Chaos Theory' ကို ရည်ညွှန်းခြင်းဖြစ်သည်- လိပ်ပြာတောင်ပံခတ်ခြင်းကဲ့သို့သော အလွန်အရေးမပါသည့်အရာတစ်ခုသည် ပို၍ကြီးမား သောဖြစ်ရပ်တစ်ခုဆီသို့ ကနဦးအခြေအနေအဖြစ်ဆောင်ရွက်နိုင်သည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။ 

၎င်းတို့စကားစမြည်ပြောဆိုပြီးနောက် ရှန်းချူးချူးသည် သေးငယ်တဲ့အလုပ်ခွင်ပေါက်စ၏စနစ်ကိုဖွင့်ခဲ့သည်။ အကြောင်းအရာကို Update ပြုလုပ်ထားကြောင်းတွေ့ရှိခဲ့သည်။

ယခင်ကအနာဂတ်မှာပြောင်းလဲနိုင်မလားဆိုတာ မသေချာပေမယ့် ယနေ့မှာတော့ စနစ်က သူ့ကို ရှင်းရှင်းလင်းလင်း အဖြေပေးလာ ခဲ့သည်။ အပြောင်းအလဲက ကောင်းတာလား ဆိုးတာလား သေချာမသိပေမယ့် အိမ်ထောင်ရေးအဆင့်သတ်မှတ်ချက် လုံးဝမပြောင်းသွားတဲ့အတွက် အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။

အိမ်ထောင်ရေးအဆင့်သတ်မှတ်ချက်မပြောင်းသရွေ့ သူ ပြုလုပ်ခဲ့သည့် အပြောင်းအလဲများသည် အိမ်ထောင်ရေးသာယာမှုကို မထိခိုက်စေဟုဆိုလိုခြင်းပင်။

 မနေ့က Mission တစ်ခုပြီးမြောက်ပြီးနောက်၊ သူမ၏ အရည်အချင်းများကိုလည်း Update ပြုလုပ်ခဲ့သည်။

 လက်ရှိအဆင့်- 0 (1/10)

 သရုပ်ဆောင်စွမ်းရည်- 19 (100)

 ကံကြမ္မာတန်ဖိုး: 0 (10)

 အောက်ခြေတွင် အဝါရောင်သတိပေးချက်မက်ဆေ့ချ်တစ်ခုရှိလို့နေသည်။

 မနေ့က Mission ပြီးမြောက်ခဲ့တဲ့အတွက်ဂုဏ်ယူပါတယ် အနိမ့်ဆုံးစံနှုန်းပြည့်သွားပါပြီ။ ကောင်း ကောင်းဆက်လုပ်သွားပါ။ သင်ဟာ ရလဒ်ကောင်းတွေပိုင်ဆိုင်ပြီး Mission တွေကျော်ဖြတ်နိုင်မယ်ဆိုရင် သင့်ကံကြမ္မာတန်ဖိုးတိုးလာနိုင်ပါတယ်။

 သရုပ်ဆောင်စွမ်းရည်လည်း တစ်စက်မှမတိုးဘူး။ ရှန်းချူးချူးသည် စနစ်ကို ထပ်မံစစ်ဆေးရန်လိုအပ်သည်ဟုခံစားမိသည်။

 ရှန်းချူးချူးသည် လက်ရှိတွင် Follower 800 ကျော်ရှိနေသည်ကိုသတိပြုမိချိန်တွင် Weibo မှထွက်တော့မည်ဖြစ်သည်။ သူ ခဏ စဉ်းစားပြီး #1 Entertainment Reporter-Red Feather သို့ သီးသန့်မက်ဆေ့ချ်ပို့ရန်ဆုံးဖြတ်ခဲ့သည်။

ငါက ယွဲ့လောင် : မနေ့ညက မိန်းကလေးရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ ချမ်းပင်းလို့ ခေါ်တဲ့အမျိုးသားက နိုးလာမှာသေချာပါတယ်။ သူနဲ့ သူကယ်ခဲ့တဲ့ကျောင်းသူမိန်းကလေးက နှစ်ယောက်သားအတူအဆုံးထိရှိကြလိမ့်မယ်။

 ရှန်းချူးချူးသည် သတိလက်လွှတ် ဤစာကိုပို့ခဲ့ခြင်းမဟုတ်ချေ။ Red Feather သည် ချမ်းပင်းအား ၎င်း၏မကြာသေးမီက ပို့စ်တစ်ခုတွင် အတွေးများနှင့်ဆုတောင်းပေးသည့် Post ကို Share ထားကြောင်း သူမ မြင်ခဲ့သည်။

 Red Feather က သူ့ကို ယုံလား၊ မယုံလား သေချာပေမယ့် သူ့ Post ကို Share ပြီး ကြည့်ရှုသူများလာစေတဲ့အတွက်ကြောင့် ကျေးဇူးတင်ပြီး ကျေးဇူးတင်ကြောင်းပြသချင်ခဲ့သည်။

 #1 Entertainment Reporter-Red Feather- ကံကြမ္မာနတ်ဘုရား [ကြယ်ရောင်မျက်လုံးများ emoji]

တစ်ဖက်က ထိုသို့ခေါ်ဝေါ်လာမှုအပေါ် သူ ရေထွေးထုတ်လုနီးပါးဖြစ်ခဲ့သည်။ သူ့ကိုယ်သူ အတုအယောင်ရမ်းဟောဟု ဆိုထား သော်လည်း ယခုအခါ လူအများသည် သူမကို ထိုသို့အတည်ခေါ်ဝေါ်လာကြသည့်အတွက်ရှက်ရွံ့သွားခဲ့သည်။

 ငါက ယွဲ့လောင် - မင်းကို အခု ငါပြောတဲ့ကိစ္စကို ဘယ်သူ့ကိုမှမပြောပြပါနဲ့။

 #1 Entertainment Reporter-Red Feather- ငါ ဘယ်သူ့ကိုမှ မပြောဘူးစိတ်ချ!! ကံကြမ္မာနတ်ဘုရားရဲ့ လျှို့ဝှက်ချက်ကို ကာကွယ်ပေးရမှာပေါ့။ [စိတ်လှုပ်ရှားတဲ့ emoji]

 နောက်တစ်နေ့ သူမ နိုးလာသောအခါ၊ ရှန်းချူးချူးသည် သူမ၏ Mission ပြီးမြောက်မှုရမှတ် သုံးခုဖြစ်လာကြောင်းတွေ့ရှိခဲ့ သည်။ သို့သော် သူ လူနှစ်ယောက်ကိုသာကူညီခဲ့သည်မှာသိသာသော် လည်း အဲ့အပိုက ဘယ်ကရောက်လာတာလဲ ? ဘာတွေ ဖြစ်နေတာပါလိမ့် ?

 #1 Entertainment Reporter-Red Feather- ဘုရားရေ၊ မင်း တကယ်ကြီးအားလုံးသိနေတော့တာပဲ။ ချမ်းပင်း တကယ်နိုးလာပြီး မကြာခင် သူ အဲ့ကောင်မလေးနဲ့အတူရှိမယ်လို့ ငါ ယုံကြည်တယ်။

 ရှန်ချူးချူး၏ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်ကိုမြင်ပြီး Red Feather ၏ပရိုဖိုင်ကိုနှိပ်ကြည့်လိုက်သောအခါ ရင်ခုန်သွားသည်။ ပထမဆုံး Weibo ပို့စ်က သူတို့အကြောင်းပင်။

 #1 Entertainment Reporter-Red Feather- လူကောင်းဖြစ်တဲ့အတွက်၊ ချမ်းပင်း မကြာခင်နိုးလာလိမ့်မယ်။ သူတို့နှစ်ယောက်က အရမ်းလိုက်တယ်လို့ ငါ ဘာလို့ထင်မိတာပါလိမ့်။ [ကျီစားခြင်း emoj]

အဲ့တာကြောင့်ကိုးးး သူ လူယောက်ပဲကူညီခဲ့တာပါ ဒါက အပိုဂဏန်းပဲဖြစ်ရမယ်။

 အားလုံးရှင်းသွားသည်နှင့်တပြိုင်နက် ရှန်းချူချူသည် ဆုံးရှုံးမှုတစ်ခုတစ်လေပင်မခံစားနိုင်ချေ။

 Weibo တွင် သုံးရက်ကြာ မျိုးစေ့ချစိုက်ပျိုးပြီးနောက် အချိန်သည် ယခုအခါရင့်မှည့်နေပြီဟုခံစားလာရပြီး အောက်ပါစာကို တင်ခဲ့သည်။

 ငါက ယွဲ့လောင် : မင်းရဲ့ အနာဂတ် ခင်ပွန်း (သို့) ဇနီးက ဘယ်သူလဲဆိုတာ သိချင်လား ? အောက်မှာ ပုံလေးတစ်ပုံနဲ့ comment မန့်ထားပေး ဘယ်သူလဲဆိုတာ ငါပြောပြမယ်။ တစ်နေ့ကို တစ်ယောက် အခမဲ့ဟောပေးမှာမို့ ဒီတော့ ကံကြမ္မာက မင်းဘက်မှာရှိနေပါစေ၊ ကံကြမ္မာကိုသိချင်တဲ့သူတွေက ဒီ website ထဲက “ကံကြမ္မာအရ လက်ထပ်ခြင်း” ကိုဝင်ကြည့်ပေးပါ။ Taobao မှာ တစ်ရက်ကို ပထမဆုံးလာမေးတဲ့ ဆယ်ဦးကိုပဲဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။

 အဲဒီနောက် သူ့ပရိုဖိုင်ရဲ့ အပေါ်ဆုံးမှာ ပို့စ်ကို Pin ထောက်ပြထားခဲ့သည်။

 “ကံကြမ္မာအရ လက်ထပ်ခြင်း” ဟူသောစကားလုံးများသည် ဟိုက်ပါလင့်ခ်ဖြစ်ပြီး သူမ၏ Taobao Web Link နှင့် တိုက်ရိုက်ချိတ် ဆက်ထားသည်။

ရှန်းချူးချူးသည် Taobao ကိုအာရုံစိုက်ကာ တစ်စုံတစ်ယောက်မှဝယ်ယူခဲ့ခြင်း ရှိ၊ မရှိစစ်ဆေးခဲ့သည်။ နောက်ဆုံး အနာဂတ်မှာ သူ့ကိုပြန်ကိုက်လာမလား မသိနိုင်တဲ့အတွက် ဈေးနှုန်းကို ယွမ် ၁၀၀၀ သတ်မှတ်ထားသည်။ ဒီနေရာကနေ ငွေရှာနိုင်တဲ့အတွက် အခွင့်အ ရေးရတုန်းမှာတတ်နိုင်သလောက်ငွေရှာထားရမည်။

 သူသည် လူများအားလှည့်စားရန်မကြိုးစားခဲ့ပေ။ လူတွေအနေနဲ့ သူတို့ရဲ့အနာဂတ်အ ကြောင်း ဘာမှမသိချင်ဘူးဆိုရင်တော့ ဝယ်ဖို့ မလိုပါဘူး။ တကယ့်ကိုမှ ရိုးရှင်းပါတယ်။

“မင်းရဲ့ အနာဂတ်ခင်ပွန်း (သို့) ဇနီးက ဘယ်သူလဲဆိုတာသိချင်လား ? ကျေးဇူးပြု၍ ပက်ကေ့ဂျ်တစ်ခုကိုရွေးပြီး သင့်ဓာတ်ပုံကို ကျွန်ုပ်ထံ သီးသန့်ပို့ပေးပါ။ မင်း သိချင်သမျှ ငါ ပြောပြမယ်။

 အိမ်ထောင်ရေးကို ကံကြမ္မာကကြိုတင်သတ်မှတ်ထားတာမို့ ငါ မင်းကို ကူညီနိုင်မလား ? မကူညီနိုင်ဘူးလားဆိုတာ ကံကြမ္မာအပေါ်မူတည်နေတာကိုသတိရပါ။ တစ်ကိုယ်တည်းကံကြမ္မာရှိသူများအတွက် ခြွင်းချက်မရှိပြန်အမ်းငွေပေးမှာဖြစ်ပါတယ်။"

 မွန်းတည့်ချိန်တွင် ရှန်းချူးချူးသည် ပထမဆုံးဖောက်သည်ကိုလက်ခံရရှိခဲ့သည်။ ဤပုဂ္ဂိုလ်သည် မည်သည့်မေးခွန်းမျှမမေးဘဲ ဓာတ်ပုံတစ်ပုံသာပေးပို့ခဲ့သည်။

ရှန်းချူးချူး သည်ဓာတ်ပုံကိုသုံးစက္ကန့်ကြာကြည့်ရှုပြီးနောက် ၎င်းတို့၏အိမ်ထောင်ရေးဆိုင်ရာအချက်အလက်အားလုံးကို ပြန်လည်ပေးပို့ခဲ့သည်။

ထို့နောက် သူ နောက်ထပ်အမှာနှစ်ခုကိုလက်ခံရရှိခဲ့သည်။ တချို့လူတွေက မေးခွန်းအများကြီးမေးထားတာကြောင့် ရှန်းချူးချူးသည် သူတို့ကိုအရူးဖို့အတွက် သူရဲ့ Limited ကဗျာကိုသုံးကာ အတင်းအကျပ်ဖိအားပေးခဲ့သည်။ တခြားသူများသည် Cele များ၏ဓာတ်ပုံပို့လာသဖြင့် ရှန်းချူးချူး စကားတစ်ခွန်းမှမပြောဘဲ ပြန်အမ်းငွေလွှဲပေးလိုက်သည်။

သူ့၏လုပ်ငန်းသည် မထင်မှတ်ဘဲထင်ပေါ်ကျော်ကြားသွားမည်ဟု မတွေးမိခဲ့ပေ။ လူ့အ ဖွဲ့အစည်းတွင် အိမ်ထောင်ရေးပြဿနာ အများအပြားရှိနေသည်ကိုတွေ့ရှိရသည်။ ထို့အပြင် စိတ်ခံစားထဲ ဖမ်းစားခံရသူများလည်းအများအပြားရှိနေခဲ့သည်။ မြင့်မားသောစျေးနှုန်းဖြင့်အိမ်ထောင် ရေးအချက်အလက်ကို ဝယ်ယူရန် လုံးဝမတွန့် ဆုတ်ခဲ့ကြချေ။

တစ်ရက်တာမပြီးသေးသော်လည်း ရှန်းချူးချူးသည် အမှာဆယ်ခုကိုပြီးသွားခဲ့ပြီဖြစ် သည်။ ယခုလိုအစွမ်းထက်တဲ့ စနစ်တစ်ခုရှိလို့ အရမ်းကံကောင်းသည်ဟုခံစားရသည်။ သူမသည် တစ်ရက်တည်းနှင့် ယွမ်တစ်သောင်းရှာနိုင်ခဲ့ပြီး ငွေရှာရလွယ်ကူလွန်းလှသည်။ တစ်ရက်ကို ဆယ်ယောက်ကန့်သတ်ထားမိသဖြင့် နောင်တရရမလား မသိတော့ချေ။

 ဒီလိုပုံစံသာဆို ဆေးရုံမှာအကြွေးတင်ထားခဲ့တဲ့ ယွမ်တစ်သောင်းကို အဆုံးမှာပြန်ပေးနိုင်မည်ဖြစ်သည်။ ငယ်ငယ်ကတည်းက ဘယ်သူ့ဆီကမှပိုက်ဆံမချေးဖူးသဖြင့် သူ့စိတ်ထဲရှေ့ ဆုံးရောက်နေခဲ့တဲ့ ဒီပြဿနာကိုဖြေရှင်းပေးနိုင်ခဲ့သည်။

ယခုအချိန်တွင် သူမသည် လူဆယ့်ငါးဦး၏ အိမ်ထောင်ရေးအကြောင်းကို ကြိုဟောပြောထားပြီဖြစ်သည်။ စနစ်ကိုဖွင့်ကြည့်ရာ အပြောင်းအလဲအချို့ပြုလုပ်ထားသည်ကို တွေ့လိုက်ရသည်။

 လက်ရှိအဆင့်- 1 (5/20)

 ကံကြမ္မာတန်ဖိုး- 1 (10)

သတိပေးချက်- ကံကြမ္မာတန်ဖိုးကိုရရှိလာတဲ့အတွက်ဂုဏ်ယူပါတယ်၊ မကြာခင် ကံကောင်းခြင်းတွေ သင့်ဆီရောက်လာတော့မှာပါ။

အဆင့်တက်သွားသည်ကိုမြင်လိုက်ရပြီး သရုပ် ဆောင်မှုစွမ်းရည် အမှတ် 20 အထိတိုးလာသည်ကိုတွေ့လိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။

သူ့ ကံကြမ္မာတန်ဖိုးသည် သတိပေးချက် မက်ဆေ့ချ်နှင့်အတူ 1 အထိတိုးလာသည်ကိုမြင်လိုက်ရသဖြင့် မျက်လုံးများတောက်ပလာရသည်။ မည်သို့သော "ကံကောင်းခြင်း" သည် သူ့အပေါ် "ကျရောက်လာမည်" ကို မသိသော် လည်း အနည်းဆုံး ကံမကောင်းသည်ထက်တော့ ပိုကောင်းသည်မဟုတ်ပါလား ?

ထိုအကြောင်းတွေးရင်းနှင့် ရုတ်တရက်ဖုန်းမြည်လာသည်။ ရှန်းချူးချူးသည် သူ့ မန်နေ ဂျာနာမည်ကိုတွေ့သဖြင့် မဆိုင်းမတွချက်ချင်းဖုန်းကောက်ကိုင်လိုက်သည်။

"မနက်ဖြန်မနက်ဆယ်နာရီကုမ္ပဏီကိုအရောက် လာခဲ့၊ မင်းအတွက် သင့်တော်တဲ့ကြော်ငြာတစ်ခုရှိတယ်"

ဖုန်းခေါ်ဆိုမှုအဆုံးသတ်ပြီးနောက် သူမသည် စနစ်တွင်တွေ့မြင်ခဲ့ရသည့် ကံကြမ္မာတန်ဖိုးကိုပြန်တွေးမိပြီး အနည်းငယ်သောပျော်ရွှင်စရာသည် လျင်မြန်စွာရောက်ရှိလာသည်ကိုခံစားလိုက်ရသည်။ ထို့နောက် သူ စိတ်လှုပ်ရှားစွာဖြင့် ကုတင်ပေါ်အကြိမ်ကြိမ်လူးလှိမ့်လိုက်သည်။

All Chapters