← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

ရှန်းချူးချူး၏ကုမ္ပဏီကို မိန်ကျာ့ Entertainment ဟုခေါ်သည်။ ၎င်းသည် Industry ထဲ အကြီးဆုံးမဟုတ်သော်လည်း ၎င်းသည် နာမည်ဂုဏ်သိက္ခာ အနည်းငယ်ရှိနေဆဲဖြစ်သည်။ ရှန်းချူးချူးသည် ယခင်က ကုမ္ပဏီအကြောင်းအနည်းငယ်ကြားခဲ့ဖူးသည်။ မဟုတ်ပါကသူမ သူတို့နှင့် ဘယ်တော့မှ လက်တွဲဖြစ်မည်မဟုတ်ချေ။

သို့သော် ကုမ္ပဏီနှင့်လက်မှတ်ထိုးဝင်ပြီးနောက်၊ရှန်း ချူးချူးသည် ၎င်းနှင့်ပတ်သက်သောပြဿနာမှာအနည်းငယ်ထက်မကရှိနေကြောင်း သဘောပေါက်နားလည်သွားသည်။ ကုမ္ပဏီ၏ဂုဏ်သတင်းရှင်း ရှင်းလင်းလင်းဖြစ်ရခြင်းအကြောင်းကို နားလည်ရန် မှာ သူ့ အတွက်မခက်ခဲပေ။

နံနက် ၉း၃၀ အချိန်တွင် ကုမ္ပဏီရုံးချုပ်သို့ရောက်ရှိလာပြီး ဓာတ်လှေခါးဆီသို့အမြန်ပြေးသွားခဲ့သည်။ ထိုနေရာတွင် လူနှစ်ယောက် တိတ်တဆိတ်စကားစ မြည်ပြောနေကြသော်လည်း ရှန်းချူးချူးဖြတ်သွားသည်နှင့် တပြိုင်နက်အသံတိတ်သွားပြီး သူ့အား အာရုံစူးစိုက်လာကြသည်။

ရှန်းချူးချူးသည် ၎င်းတို့ထဲမှ တစ်ဦးသည်ကုမ္ပဏီ ၏နာမည်ကြီး Idol ဖြစ်သည့် လိယွီထောင်မှန်းသိလိုက်သည်။ သူသည် နိုင်ငံခြားမှာပွဲဦးထွက်လုပ်ခဲ့သည့် ထရိန်နင်ဖြစ်ပြီး နှစ်နှစ်အကြာပြန်လာတဲ့အခါ မိန်ကျာ့နဲ့လက်မှတ်ထိုးခဲ့သည်။ သူလက်မှတ်ထိုးပြီး သိပ်မကြာခင်မှာပဲ EPကိုထုတ်ဝေခဲ့ပြီး သူ့ရဲ့သီချင်းတွေထဲက တစ်ပုဒ်ကြောင့် မနှစ်ကရွှေသံစဉ်စာရင်းထိပ်တန်းဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။ ရေပန်းစားနေတဲ့ အနုပညာရှင်တွေနဲ့ယှဉ်လို့မရပေမယ့် သူ့လို ကိုယ်ပိုင်အဆိုတော်မျိုးဆက်တွေကြားမှာတော့ အတော်လေးအောင်မြင်ခဲ့သည်။ အနုပညာလောကထဲ စွန့်စားလုပ်ကိုင်တော့မယ့် အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်နေပြီဟု ဆိုရမည်ပင်။

*TL-မှတ်ချက်- EP သည် တစ်ခုတည်းထက်ပို သော သီချင်းများပါဝင်သည့် တေးဂီတအသံသွင်းခြင်းဖြစ်သည့် တိုးချဲ့ဖွင့်ခြင်းကို ရည်ညွှန်းသော် လည်း များသောအားဖြင့် အယ်လ်ဘမ်အဖြစ် အရည်အချင်းမပြည့်မီပေ။

ရှန်းချူးချူးက ခေါင်းငုံ့လိုက်ပြီး "မင်္ဂလာပါ လိကော"

လိယွီထောင်ကို သူ့မန်နေဂျာဝမ်ရှန်ရှန်က “ဓာတ်လှေကားကရောက်ပြီ ယွီထောင်” ဟု တုံ့ပြန်လိုက်သည်။

ရှန်းချူးချူးသည် ဓာတ်လှေကားထဲသို့မဝင်ချင်ခဲ့ပေ။ သို့သော် "မင်းက ဘာလို့မဝင်လာရတာလဲ" ဟု ပြောပုံရသည့် ဝမ်ရှန်ရှန်ရဲ့ရွံရှာဖွယ်အမူအရာကို မြင်လိုက်တဲ့အခါ ရှန်းချူးချူးခေါင်းငုံ့ပြီး အထဲကို လျှောက်သွားရုံသာတတ်နိုင်ခဲ့သည်။

အဆုံးတွင် ရှန်းချူးချူးသည် သူမ၏အထပ်သို့ရောက်ရှိသွားခဲ့သည်။ သူ့နောက်ကလူတွေကို မနှုတ်ဆက်ဘဲ ခပ်သွက်သွက်သာထွက်လာခဲ့သည်။ အခြားသူများ သူနှင့် စကားမပြောချင်ကြောင်း ရှင်းရှင်းလင်းလင်းသိသဖြင့် သူမသည် မိမိအတွက် အခက်အခဲမရှိစေရန်ဆုံးဖြတ်ခဲ့သည်။ ဓာတ်လှေ ကားအတွင်းရှိလေထုသည် အလွန်ထူးဆန်းသည်။ သူတို့၏အကြည့်များသည် သူမ၏နောက်ကျောပေါ်သို့ တောက်လောင်နေသောလေဆာရောင်ခြည်များလောင်ကျွမ်းနေသလိုခံစားလိုက်ရသည်။

ရှန်းချူးချူးထွက်သွားပြီးသည်နှင့် လိယွီထောင်က “အဲ့ဒါ လူသစ်လား ? သူ့ရဲ့ ရုပ်ရည်က လုံးဝမဆိုးဘူး။ ဒီလိုလူသစ်တွေနဲ့ဆက်ဆံရတာ တကယ်အ ဆင်ပြေရဲ့လား ရှန်ကျဲ"

ဝမ်ရှန်ရှန် ရှုံ့ချသောလေသံဖြင့်ပြန်ပြောလာသည်။

"သူက သူ့မန်နေဂျာကို စော်ကားနေပြီဆိုတာ မင်း မသိဘူးလား။ နောက်ခံအထောက်အပံ့မရှိတဲ့အမှိုက်ကိုအာရုံစိုက်ဖို့မလိုဘူး။ ချောတာဆိုရင်တော့ ဖျော် ဖြေရေးနယ်ပယ်မှာ ချောပေ့လှပေ့ဆိုတာတွေမှတစ်ပုံတစ်ခေါင်းပဲ၊ ယွီထောင် မင်း သတိထားရမယ် မင်းက အခုချိန်မှာမြန်မြန်တက်နေတာ၊ ဒါကြောင့် လူသစ်တွေကြောင့်နဲ့ ကိုယ့်ကိုကိုယ် အနှောင့်အ ယှက်မဖြစ်စေနဲ့”

သူ ချောမောလှပသောမိန်းကလေးများကို ချီးကျူးလိုက်တိုင်း ဝမ်ရှန်ရှန်သည် တူညီသောစကားလုံးများကိုသာပြောခူဲသဖြင့် လိယွီထောင်လည်းငြီးငွေ့နေပြီဖြစ်သည်။ သူ့ လက်ကိုဝှေ့ယမ်းကာ

“ငါ သိပါတယ်၊ ငါ သူ့ကို ချီးကျူးရုံပဲ၊ တခြားဘာမှပြောမိတာလည်းမဟုတ်ဘူး”

ဝမ်ရှန်ရှန်ကသည် သူ့စကားကြောင့် မျက်နှာမည်းမှောင်သွားပြီး “မင်း ဘယ်လိုနာမည်ကြီးလာပြီး ဘယ်သူက မင်းကိုကူညီခဲ့လဲဆိုတာ မမေ့နဲ့ !”

ဝမ်ရှန်ရှန်သည် ဤစကားများကိုအမြဲပြောတတ်သော်လည်း လိယွီထောင်သည် ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် ထိုစကားကိုကြားသော အခါ အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။

"မင်း ငါ့ကို အချိန်တိုင်းသတိပေးနေဖို့မလိုဘူး၊ အကယ်၍ တကယ်ကျေးဇူးကန်းမယ်ဆိုရင် ဒီ‌နေရာမှာတောင်ရှိနေတော့မှာမဟုတ်ဘူး....."

ဓာတ်လှေကားပွင့်တော့မည်ကိုမြင်လိုက်ရသဖြင့် လိယွီထောင်က ဆက်မပြောတော့ပေ။ သူ ဝမ်ရှန်ရှန်ကို စိုက်ကြည့်ကာ တစ်ချက် 'ဟမ့်' ပြီးနောက် စိုက်ကြည့်လိုက်ပြီး အရင်ထွက်လာခဲ့သည်။

ဝမ်ရှန်ရှန်သည် လိယွီထောင်ကိုတကယ်ဒေါသထွက် နေပြီး သူမ၏လက်သီးများကိုတင်းတင်းကျပ်ကျပ်ဆုပ်ထားခဲ့သည်။

ထိုအချိန်တွင် ရှန်းချူးချူးသည် မန်နေဂျာရှင်းမျန့် ၏ရုံးခန်းသို့ရောက်ရှိနေပြီဖြစ်သည်။ အရင်က သူတို့သဘောထားကွဲလွဲမှုကိုပြန်တွေးပြီး အသက်ပြင်းပြင်းရှူကာတံခါးခေါက်လိုက်သည်။

ရှန်းချူးချူးသည် သူမ၏မန်နေဂျာထံမည်သို့ချဉ်း ကပ်ရမည်ကိုပင် မစဉ်းစားမီတွင် သူကပြုံးလျက် တံခါးဖွင့်ကာ သူမကိုစာချုပ်တစ်ခုပေးလာသည်။

“ဒါ Han Group ရဲ့လက်ဝတ်ရတနာလိုင်းတစ်ခုပဲ။ သူတို့က မင်းကို သူတို့ရဲ့ Brand Ambassador အဖြစ်ရွေးထားတယ် စာချုပ်ကတစ်နှစ်”

Han Group ? အမည်ကိုကြားသောအခါ ရှန်းချူချူး၏မျက်လုံးများ ပြူးကျယ်လို့သွားသည်။ ဤကုမ္ပဏီသည် အလွန်လူသိများခဲ့ပြီး ယခုလိုအခွင့် အရေးမျိုးလိုချင်သူများ မရေမတွက်နိုင်အောင်ရှိခဲ့သည်။ အခုလိုအံ့ဩစရာကိစ္စမျိုး ဘယ်လိုလုပ် သူ့ဆီရောက်လာမှန်း သူ တကယ်နားမလည်နိုင်ဘူး။

ရှန်းချူးချူးက စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။

"မျန့်ကော၊ သူတို့က ဘာကြောင့် ကျွန်မကို သူတို့ရဲ့ Brand Ambassador အဖြစ်တောင်းဆိုရတာလဲ ?"

ရှင်းမျန့်သည် ရှန်းချူးချူးကိုကြည့်ကာ စိတ်သည်လေထဲပျံ့လွင့်လို့နေသည်။ - "ပုံမှန်ပဲလေ၊ ဒါတွေအားလုံး ငါ့ ကျေးဇူးပဲ၊ ဘာပဲဖြစ်ဖြစ် နောက်ဆုံး ငါက မင်းကိုမန်နေဂျာပဲလေ၊ ကြော်ငြာနှစ်ခုနဲ့ မင်းရေပန်းစားလာခဲ့ပြီးပြီ အမှုဆောင်ချန်နဲ့ ညစာအတူစားဖို့ငြင်းခဲ့ပေမယ့်လည်း ငါကတော့ မင်းအတွက် အခွင့်အရေးကောင်းတွေရှာပေးနေတုန်းပဲ၊ ဒါလေးတောင် မမြင်နိုင်ဘူးလား ? မင်းအတွက် Han Group လိုဆီက အခွင့်အရေးကောင်းတစ်ခုကိုတောင် ဖယ်ထားပေးလိုက်တယ်။ မင်း နောက်နာမည်ကြီးသွားရင် ငါ့ကို မမေ့တာပိုကောင်းမယ်"

ရှန်းချူးချူးသည် အမှုဆောင်ချန်နှင့် အဖြစ်အ ပျက်ကိုသတိရမိသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ဤလူမှုအသိုင်းအဝိုင်းတွင် သာမာန်အလေ့ အထတစ်ခုဖြစ်နေခဲ့သော်လည်း၊ သူ့ထံ သူ၏ အောက်ဆုံးစည်းရှိနေသည် ထိုစည်းကိုမကျော်လာ သရွေ့ကိစ္စမရှိချေ။ ထိုအချိန် သူ ငြင်းဆိုလိုက်ပြီးတည်းက ရှင်းမျန့် သူ့ကိုဖယ်ထုတ်လိုက်ပြီဖြစ် ကြောင်း ရှင်းရှင်းလင်းလင်းသိထားသည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ယခုလိုကြော်ငြာကြီးတစ်ခုက သူမ ခေါင်းပေါ်မည်သို့ရောက်လာရသနည်း ?

ရှန်းချူးချူး ယခင်အဖြစ်အပျက်ကို ပြန်တွေးပြီး ရှင်းမျန့်၏မျက်နှာကိုကြည့်လိုက်ပြီး ယခုထိ ယုံရခက်နေသေးသည်။ ပြဿနာတစ်စုံတစ်ရာရှိခဲ့ပါက အံ့ဖွယ်တစ်ခုထက် အိပ်မက်ဆိုးတစ်ခုအဖြစ်အသွင် ပြောင်းသွားနိုင်သည့် စာချုပ်ပါအကြောင်းအရာကိုသာကြည့်ချင်မိသည်။

*TL-မှတ်ချက်- bargirl သည် အရက်ဆိုင်များ/လူမှုရေးပွဲများ/ညစာများတွင် နာယကများနှင့် ဖျော် ဖြေပြီး သောက်စားသော အမျိုးသမီးဖြစ်သည်။ ဖျော်ဖြေရေး၏ တိကျသောသဘောသဘာဝမှာ အာရှတွင်အဖြစ်များသည့် ပေါ့ပါးစွာစကားပြောဆိုမှုမှ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးသည်အထိဖြစ်နိုင်သည်။ ဒီနေရာမှာတော့ အမှုဆောင်ချန်နဲ့ ညစာစားပွဲကိုရည်ညွှန်းပါတယ်။

ရှန်းချူးချူး သံသယဖြစ်ရုံသာမက၊ သူ့ကိုလည်း အလေးအနက်မထားကြောင်း ရှင်းမျန့်မြင်သည်။ ထို့ကြောင့် သူ အသံနည်းနည်းမြှင့်ပြီး

“ဘာလဲ၊ ငါ မင်းကို လိမ်မယ်လို့ မင်း ထင်နေတာလား။ အဲ့လိုထင်နေရင် ရတယ်လေ နင်မလုပ်ချင်ရင် ငါ တခြားတစ်ယောက်သွားရှာလိုက်မယ်။"

ရှန်းချူးချူး စာချုပ်ကိုအကြမ်းဖျင်းကြည့်လိုက်သော်လည်း မည်သည့်ပြဿနာမျှမတွေ့ရပေ။ Han Group သည် ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ဤသည်မှာ တစ်သက်တွင် တစ်ကြိမ်သောအခွင့်အရေးဖြစ်နိုင်သောကြောင့် သူမ အလွယ်တကူကောက်ချက်မချနိုင်ပေ။ သူမက “ဒါက ဘယ်လိုဖြစ်တာလဲ ? ငါကြည့်နေတာပဲလေ”

"အဲ့လိုဆို အကောင်းဆုံးပဲ"

ရုပ်ဆိုးသောအကြည့်ဖြင့် ရှင်းမျန့်က "စာချုပ်မှာ မင်းနာမည်ကို လက်မှတ်ထိုးဖို့မမေ့နဲ့" ဟုပြောလာသည်။

ရှန်းချူးချူးသည် ဘောပင်ကိုမရုတ်လိုက်ဘဲ၊ စာချုပ်ကိုသေချာပြန်ဖတ်လိုက်သည်။ နောက်ဆုံးပမာဏနေရာကို သူ မြင်သောအခါ ရှန်းချူးချူးမျက်ခုံးပင့်လိုက်မိသည်။ ကုမ္ပဏီကြီးတစ်ခုဖြစ်ရာ Brand Ambassador အဖြစ်တစ်သန်းပေးလာသည်မှာအံ့သြစရာမဟုတ်ပေ။ အရင်ရိုက်ခဲ့သည့်ကြော်ငြာနှစ်ခုသည် စုစုပေါင်းယွမ်သုံးသောင်းသာအနုပညာကြေးရရှိခဲ့သည်။ သို့သော် ကုမ္ပဏီနှင့် အချိုးခွဲတမ်းမှ 9:1 ဖြစ်သည်ကိုမြင်သောအခါ ရှန်းချူးချူး မျက်မှောင်ကြုတ်လိုက်သည်။

"မျန့်ကော ဒါက အမှားတစ်ခုလား ? ကျွန်မ ချုပ်ခဲ့တဲ့ ကနဦးစာချုပ်က 7:3 ဆိုတာမှတ်မိလား ? အရင်ကကြော်ငြာနှစ်ခုကလည်း အတူတူပဲလေ Han Group ကျ‌တော့ဘာလို့ မတူတော့တာလဲ ? ဒါက ကျွန်မ ချုပ်ခဲ့တဲ့ကနဦးစာချုပ်နဲ့ ညီမနေဘူးမဟုတ်လား ?"

ရှန်းချူးချူး ပြောပြီးနောက် ရှင်းမျန့်အားလေးနက်သော မျက်နှာဖြင့်ကြည့်လိုက်သည်။ သူမပြောသည်ကိုကြားသောအခါ ရှင်းမျန့်၏မျက်နှာသည်မည်းမှောင်သွားသလိုပင်၊

"မင်းက Han Group နဲ့လက်တွဲခွင့်ရတာတောင် 7:3 လိုချင်သေးတယ်ပေါ့ ? အိပ်မက်ဆက်မက်နေလိုက်၊ ဒီစာချုပ်ရဖို့အတွက် ကုမ္ပဏီကဘယ် လောက်ကုန်ကျထားလဲ မစဉ်းစားဖူးဘူးလား ? အဲ့လိုမှမုပ်ရင် မင်းလို လူကြိုက်မများ နာမည်မရှိတဲ့ မင်းသမီးတစ်ယောက်က ဘယ်လိုလုပ်ဒီလိုအခွင့်အ‌ရေးရနိုင်မှာလဲ ?"

ထို့နောက် ရှင်းမျန့်သည် ရှန်းချူးချူးအားမထီမဲ့ မြင်ပြုသော အမူအရာဖြင့်ကြည့်လိုက်သည်။ 

ဒီလိုအခွင့်အရေးကောင်းရှိလာမယ်လို့ သူ ဘယ် တုန်းကမှမမျှော်လင့်ထားဘူး၊ အဲ့အတွက် သူ လူတချို့ကိုကျပန်းရွေးခဲ့တယ်၊ ဒါပေမယ့် အဲ့ဒီ Surprise က ရှန်းချူးချူးလက်ထဲရောက်သွားလိမ့် မယ်လို့ သူ ဘယ်တုန်းကမှမတွေးခဲ့မိဘူး။ ကောလဟာလတွေအရ သူမအား ကုမ္ပဏီရှိရာထူးအမြင့်ပိုင်းထဲက ရွေးလိုက်သည်ဟုဆိုသည်။

ရှန်းချူးချူးသည် ကျေးဇူးတင်ခြင်း သို့မဟုတ် ကျေးဇူးမကားမဆိုဘဲ စာချုပ်ကိုပင် မေးခွန်းထုတ်လာသောကြောင့် သူ့ကို ရွေးချယ်ရန်မလိုအပ်ပေ။ Han Group သည် ရုပ်ရည်ကြောင့် သူမကိုရွေး ချယ်ခဲ့ခြင်းဖြစ်နိုင်ပြီး ကုမ္ပဏီ၌ရုပ်ရည်ချောမော သောအနုပညာရှင်များ ပြတ်တောက်ခြင်းမရှိပေ။ သူ့လက်အောက်မှာတင် လက်တစ်ဆုပ်လောက်ရှိသည့်အတွက် သူမကိုမလိုအပ်ချေ။ နောက်ဆုံး ၎င်းတို့အားလုံးသည် ကုမ္ပဏီတစ်ခုတည်းကဖြစ်သည့်အတွက် ဘယ်သူကမှဘာမှပြောမည်မဟုတ်ဟုထင်သည်။

ထိုစကားကို ရှန်းချူးချူးကြားလိုက်သောအခါ သူ့ ၏နှလုံးသားသည်နစ်မြုပ်သွားခဲ့သည်။ ဖျော်ဖြေရေး Industry ထဲရှင်းမျန့်၏နာမည်ဂုဏ်သတင်းကြောင့် ရှင်းမျန့်နှင့် လက်မှတ်ထိုးခဲ့ခြင်းပင်။ ၎င်းတို့သည် ယခင်က ကောင်းမွန်စွာဆက်ဆံခဲ့ကြသော် လည်း အသေးစားကြော်ငြာနှစ်ခုနှင့် အမှုဆောင်ချန် ၏အဖြစ်အပျက်ကြောင့် အရာအားလုံးပြောင်းလဲသွားခဲ့ကြသည်။

ရှန်းချူးချူးနှင့် ရှင်းမျန့်တို့တစ်ယောက်ကိုတစ်ယောက်အကြာကြီး စိုက်ကြည့်ပြီးနောက် သူမက

“ကျွန်မ ကုမ္ပဏီနဲ့စာချုပ်ချုပ်ကတည်းက 7:3 နဲ့ချုပ်ထားတဲ့အတွက် ဘယ်ကြော်ငြာမဆို ဒီအချိုးနဲ့ပဲသင့်တယ်။ ကုမ္ပဏီက အချိုးနှစ်ခုကိုအကြောင်း ပြချက်မရှိဘဲသိမ်းလိုက်တာက ယုတ္တိမရှိဘူးမဟုတ်လား ?"

ရှင်းမျန့်သည် ရှန်းချူးချူးကိုအစားထိုးရန်ဆုံး ဖြတ်ထားပြီးဖြစ်သဖြင့် သူသည် ၎င်း၏စာချုပ်မိတ္တူကို စားပွဲပေါ်သို့ပစ်ချလိုက်ပြီး “ရှန်းချူးချူး၊ မင်းက ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကိုမေးနေတာလား။ မင်း မလိုချင်ရင် Han Group ရဲ့ကြော်ငြာရိုက်ကူးဖို့ တန်းစီနေတဲ့ လူတွေမှအများကြီးပဲ”

သူ့ရည်ရွယ်ချက်က ရှန်းချူးချူးအားစိတ်လိုလက် ရစွန့်လွှတ်ရန် တိုက်တွန်းနေခြင်းဖြစ်သော်လည်း သူမ၏တုံ့ပြန်မှုကို အနည်းငယ်ဒေါသထွက်နေခဲ့သည်။

ရှန်းချူးချူးကဲ့သို့သော အတားအဆီးတစ်ခုကို ရွေးချယ်ခဲ့မိသည့်အတွက် နောင်တရခြင်းမရှိဟု ပြောပါကလိမ်ညာခြင်းဖြစ်မည်။ သူမသည် လုပ် ငန်းနယ်ပယ်တွင် စွဲမက်စရာအကောင်းဆုံးရုပ်ရည်မရှိသည်မှာ အရေးမကြီးသော်လည်း ဤကဲ့သို့သောကြီးမားသည့် ဖြတ်လမ်းကိုငြင်းဆန်သည့် အတွက် ရူးနေတဖြစ်မည်ပင်။ ယခုဖြစ်ရပ်သည် ၎င်းတို့၏ကုမ္ပဏီတွင်သာ ဖြစ်ပျက်ခဲ့ခြင်းမဟုတ်ကြောင်း အနီးပတ်ဝန်းကျင်တွင်စုံစမ်းမေးမြန်းနိုင်ပြီး ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးရှိ လူတိုင်းနီးပါးသည် ၎င်းတို့၏စာချုပ်များတွင်လှည့်စားခံခဲ့ကြရသည်။ လူ့အဖွဲ့အစည်းက ဆင်စွယ်မျှော်စင် ဖြစ်မယ်လို့များ သူ တကယ်ထင်ခဲ့တာလား ? အဲ့လိုဖြစ်ခဲ့ရင် ဖျော်ဖြေရေးနယ်ပယ်ဆိုတာဖြစ်မလာဘူး။

*TL-မှတ်ချက်- "ဆင်စွယ်မျှော်စင်" ဟူသော ဝေါဟာရသည် "အခွင့်ထူးခံ၊ အထီးကျန်ခြင်း သို့မဟုတ် လက်တွေ့ကမ္ဘာ၏အဖြစ်မှန်များနှင့် လက်တွေ့ကျသောခွဲထွက်ခြင်းမှ ခွဲထွက်ခြင်း" ဟူသည့် ဝေါဟာရကိုဆိုလိုသည်။

ရှန်းချူးချူးနှင့် တစ်နှစ်သာလက်မှတ်ရေးထိုးခဲ့မိသည့်အတွက်ကျေးဇူးတင်မိသည်။ မဟုတ်ပါက သူမသည် ကုမ္ပဏီ၏အရင်းအမြစ်အတွက် လုံးဝအကျိုးမပြုဘဲ ရုန်းထွက်နေလိမ့်မည်။

ရှန်းချူးချူး၏မိသားစုသည် မချမ်းသာသော် လည်း သက်တောင့်သက်သာနှင့်ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူ့တစ်သက်လုံး တစ်ခါမှ ဒီလိုစကားမျိုးအပြောမခံရဖူးဘူး။ သို့ဖြစ်ရာ သူ သည်းမခံနိုင်တော့ဘဲ ဤထပ်လောင်းမုန်းတီးမှုနှင့်အတူထိုင်ခုံမှ ထရပ်လိုက်သည်။

"ရှင် ကျွန်မကို ကျိန်ဆဲဖို့ ဘာအခွင့်အရေးရှိလို့လဲ ? ဒါကြောင့် ခုလိုစော်ကားတာကို ကျွန်မကသည်းခံ နေမှာမဟုတ်ဘူး။”

ရှန်းချူးချူးသည် ရှင်းမျန့်ကိုဒေါသတကြီးအော်လိုက်သည်။

အရင်ကဆိုလျှင် ရှန်းချူးချူး ကြောက်နေသေးသည်။ သူ့ပိုက်ဆံအိတ်က အလွတ်ဖြစ်သွားမှာမို့ ဘာပဲဖြစ်ဖြစ်သည်းခံရမှာပဲ။ အနည်းဆုံး 9:1 ဖြင့် သူမသည် ရေရှည်အတွက်လုံလောက်မည့် ယွမ်တစ်သိန်းရရှိမည်ဖြစ်သည်။ သို့သော် အိမ်ထောင်ရေးစနစ်နှင့် တစ်နေ့လျှင်ယွမ်တစ်သောင်းနှုန်းဖြင့် ဆယ်ရက်အတွင်းပြန်ရနိုင်သည်။ သို့ဖြစ်ကာ ကိစ္စကြီးမဟုတ်ပေ၊ သူသည် နောက်ထပ်ဗေဒင်နည်းနည်းလောက်ထပ်ဟောလိုက်ရုံ‌သာ။

သို့သော် Han Group ကဲ့သို့ အရင်းအမြစ်များမရှိလျှင် သူမအတွက် လူသိများရန်ပိုခက်ခဲလိမ့်မည်ဖြစ်သော်လည်း အောင်မြင်မှုနှင့် ဂုဏ်သိက္ခာကြား အဆုံးတွင် ဂုဏ်သိက္ခာကိုရွေးချယ်နေဆဲဖြစ်သည်။ နောက်ဆုံး ကိုယ့်ဘဝရပ်တည်ဖို့အတွက် အဓိကအ ချက်က ကိုယ့်ဦးတည်ချက်ပဲ။ ဒီတော့ ဖျော်ဖြေရေး အသိုင်းအဝိုင်းမှာဆက်မနေနိုင်ရင်လည်း မွေးရပ်မြေကိုပြန်ပြီး ဆိုင်သေးသေးလေးဖွင့်လိုက်ရုံပေါ့။ 

ရှင်းမျန့်ကို အရိပ်အမြွက်မျှ (သို့) အကြည့်တစ်ချက်မှမပေးဘဲ ရှန်းချူချူသည် တုံ့ဆိုင်းခြင်းမရှိ သူ့အိတ်ကိုကောက်ယူကာထွက်ခွာသွားခဲ့သည်။

ဒါဟာ သူ့မန်နေဂျာဖြစ်သူနဲ့ သဘောထားကွဲလွဲတာ ဒုတိယအကြိမ်ပင်။ ပထမအကြိမ်တွေ့ဆုံမှုသည် သူစိမ်းများကဲ့သို့ဖြစ်ပြီး ဒုတိယအကြိမ်တွေ့ဆုံမှု သည်သူငယ်ချင်းဖြစ်သည်ဟုဆိုကြသော်လည်း ကြည့်ရသည်မှာ အချည်းနှီးသာဖြစ်သည်။

All Chapters