← Chapters

အခန်း (၁၁)

Vol. 2 Ch. 11

အခန်း (၁၁)

Vol. 2 Ch. 11

ရှန်းချူးချူးသည် သူမတိုက်ခန်းကိုပြထားရန် ဝမ်ချန်အား နေထိုင်ရာတိုက်ခန်းသို့ပြန်ခေါ်လာခဲ့သည်။ မကြာသေးမီ မန်နေဂျာနှင့် စိတ်သဘောထားကွဲလွဲပြီးနောက် ဇာတ်လမ်း သို့မဟုတ် ကြော်ငြာများရှိလာမည်မဟုတ်သောကြောင့် သူ့ သရုပ်ဆောင်စွမ်းရည်တိုးတတ်ဖို့ရာ အချိန်ယူရန်စိတ်ပိုင်းဖြတ်ထားသည်။

ရှန်းချူးချူးသည် လက်ထောက်အသစ်ကိုကြည့်ကာ နည်းလမ်းကျကျပြောလာခဲ့သည် "ငါ ဘာလို့ မင်းကို ငါ့လက်ထောက်အဖြစ်ရွေးလိုက်တာလဲဆိုတော့ မင်းကို မိတ်ကပ်ပညာရှင်ဝမ်ကျဲ အကြံပြုထားတာကြောင့်ပဲ သူ့ရဲ့ဆုံးဖြတ်ချက်ကို ငါ ယုံတယ်၊ မင်း အရင်က လက်ထောက်တစ်ယောက်ဖြစ်ဖူးတယ်ဆိုတော့ စည်းကမ်းတွေ ဘာတွေ ပြောမနေတော့ဘူး၊ မင်း ကောင်းကောင်းအလုပ်လုပ်နေသမျှကာလပတ်လုံး ဘာပြဿနာမှမဖြစ်စေနဲ့ ငါ့နောက်ကို လိုက်ခဲ့မယ်ဆိုရင် မင်း သေချာပေါက်နောင်တရမှာမဟုတ်ဘူး၊ ငါ ကျိန်းသေပေါက် နာမည်အရမ်းကြီးသူတစ်ယောက် ဖြစ်လာမှာ၊ ငါ့ကိုယုံထားလိုက်"

ဝမ်ချန်သည် ရှန်းချူးချူး၏စိတ်အားထက်သန်သည့် စကားကိုနားထောင်ပြီး "ကောင်းပါပြီ ရှန်းကျဲ၊ ငါ မင်းကို ယုံတယ်" ဟု စိတ်လှုပ်ရှားစွာပြန်ဖြေလိုက်သည်။

“မင်း ငါ့ကို ခေါ်တာပြောင်းလိုက်၊ ငါ့ကို Boss လို့ခေါ် အဲ့လိုဆို အရမ်းချမ်းသာတဲ့ပုံပေါက်သွားတာပေါ့။"

“……Ok Boss, ရှေ့လျှောက် မင်း တစ်ခုခုလိုအပ်တာနဲ့ ငါ အချိန်မရွေးအဆင်သင့်ဖြစ်နေစေရမယ်"

“လောလောဆယ် မင်းသူဌေးရဲ့ ပြင်ဆင်နေဆဲကာလမှာတော့ နင် တစ်ခုခုပဲလုပ်ဖို့လိုတယ်။ တစ်နေ့ကို ထမင်းသုံးနပ် ပို့ပေးဖို့ပဲ”

" Ok Boss ငါ ဒီတာဝန်ကိုကျေပွန်စေရမယ်လို့ ကတိပေးတယ်။"

စတုတ္ထနေ့တွင်၊ ရှန်းချူးချူးသည် ဝမ်ချန်၏အိမ်လုပ်ဟော့ပေါ့ကိုစားလိုက်မိသောအခါတွင် ပျော်ရွှင်မှုမှာမှုန်ဝါးသွားတော့သည်။ ကမ္ဘာပေါ်မှာတစ် ယောက်ယောက်က ဒီလောက်ကောင်းကောင်းချက် ပြုတ်နိုင်ရလားဟုတွေးမိခြင်းပင်။

သုံးရက်မြောက်နေ့တွင်ထမင်းလာပို့ရာတွင် ဝမ်ချန်မှ ရှန်းချူးချူးအား အပြင်စာများသည် အာဟာရမလုံလောက်ဟုဆိုကာ အဆင်ပြေမည်ဆိုပါက အိမ်ချက်ချက်ပေးမည်ဟု ရှန်းချူးချူးအားပြောခဲ့သည်။ ရှန်းချူးချူးသည် စိတ်ထဲသိပ်မတွေးဘဲ ခေါင်းညိတ်လိုက်သည်။ ခေါက်ဆွဲခြောက်ကိုတစ်လခွဲလောက်စားပြီးနောက် အပြင်စာများသည် အရသာရှိသည့်အစားအစာဟု သူထင်ခဲ့မိသည်။

ရလဒ်အနေနှင့်! သူ ထမင်းစားသည့်အချိန်တိုင်း ချီးမွမ်းခန်းအပြည့်ဖွင့်လေ့ရှိတယ်။ ဒါက လက် ထောက်မဟုတ်တော့ဘူး  အရမ်း အရသာရှိတဲ့စားသောက်ဆိုင်တစ်ခုဖြစ်နေပြီ။

သူသည် အီနိုကီမှိုကိုယူပြီး “ချန်ချန်၊ နင် ဘာလို့ ဒီလောက်ထိ ဟင်းချက်ကောင်းရတာလဲ ?”

ဝမ်ချန်က ပြုံးပြီး "ငယ်ငယ်တုန်းက ငါတို့ကဆင်းရဲတယ်၊ ငါ့အမေက အမြဲတမ်းအလုပ်ကြိုးစားနေရတာဆိုတော့ ငါ့မောင်လေး အတွက် နေ့တိုင်းထမင်းချက်ပေးရတယ်။ အထက်တန်းကျောင်းပြီးတော့ ကျောင်းဆက်မတက်ဖြစ်တော့ဘဲ အိမ်နဲ့နီးတဲ့အလုပ် တစ်ခုရှာတွေ့တဲ့အတွက် ငါ့ မောင်လေးတွက် နေ့တိုင်းထမင်းဟင်းချက်ပေးဖြစ်တယ်။ တဖြည်းဖြည်း ချက်ရင်းချက်ရင်းကနေပိုကောင်းလာတာပဲ”

ရှန်းချူးချူးသည် ဝမ်ချန်၏ရှင်းပြချက်ကို နားထောင်ပြီး စက္ကန့်ပိုင်းမျှတုန့်ပြန်ရန်နှေးသွားသည်။ ဖြူစင်သော မီးခိုးငွေ့များကြောင့် ရှန်းချူးချူး အဖြူရောင်မီးခိုများကိုကြည့်ကာ ဘဝအကြောင်းစောဒကမတက်ဘဲ အေးချမ်းတည်ငြိမ်ကာတိတ်ဆိတ်သည့် လူတစ်ဦးဟုတွေးလိုက်မိသည်။

ဤသည်မှာ ရှန်းချူးချူးနားမလည်နိုင်သောကိစ္စဖြစ်သည်။ ရက်အနည်းငယ်ကြာပြောဆိုဆက်ဆံပြီးနောက် ဝမ်ချန်သည် ပြဿနာ ရှာရသည်ကိုမကြိုက်ကြောင်းသိလိုက်ရသည်။ သူသည် အလွန်တိတ်ဆိတ်ပြီး အလွန်အစွမ်းအစရှိသူဖြစ်သည်။

ဝမ်ချန် လက်ထဲကတူချောင်းတွေကိုချလိုက်ပြီး ပါးစပ်ထောင့်ကိုသုတ်ကာ

"ရှင် ကျွန်မကို လက်ထောက်တစ်ယောက်အနေနဲ့ ငှားထားတာယာယီဆိုပေမယ့် ကျွန်မက ကိုယ့်တာဝန်ကိုယ်လုပ်ဖို့လိုနေသေးတယ်။ လင်းလင်းကျဲကိုထပ်ပြီး အရှက်တကွဲ မဖြစ်စေချင်ဘူး။"

"အရင်က ဘာလို့အလုပ်ထုတ်ခံခဲ့ရတာလဲဆိုတာ မေးကြည့်လို့ရမလား"

ဝမ်ချန်သည် Cele များအားလက်ထောက်လုပ်ပေးခဲ့ရသူဖြစ်ပြီး အများအားဖြင့် အသိမိတ်ဆွေများမှမိတ်ဆက်ပေးသောကြောင့် အလုပ်နှင့်ပတ်သက် ၍ရိုးသားချင်ခဲ့သည်။ ရှင်းရှင်းလင်းလင်းသိထားတဲ့အတွက်၊ လူတိုင်းက ဘယ်သူ ဘာ၊ အရင်က ဘယ်သူ့ရဲ့ လက်ထောက်လုပ်ခဲ့ဖူးတယ်ဆိုတာနဲ့ပတ်သက်ပြီး ဘာမှဖုံးကွယ်ထားစရာမရှိပါဘူး၊ဝမ်ချန် ခဏတုံ့ဆိုင်းသွားပြီး

“အင်း၊ ယုယွီတင်းရဲ့လက်ထောက်လုပ်ဖူးပေမယ့် ... အမ်... သူတွေးတာ ကျွန်မက ရုပ်ရည်မသန့်ဘူး၊ ခေတ်ကလည်းမမီတော့တဲ့ ကိစ္စတွေကိုကိုင်တွယ်ရာမှာ ပြတ်ပြတ်သားသားမဆုံးဖြတ်တတ်တာနဲ့ပတ်သက်ပြီး သူ ဒေါသထွက် သွားတယ်၊ အဲ့ဒါနဲ့ သူက ကျွန်မကို ထုတ်လိုက်တာပဲ"

ရှန်းချူးချူးသည် ဤအဖြေကြောင့် အလွန်သဘောကျသွားသည်။ လက်ထောက်က လှဖို့လိုအပ်လို့လား ? သူတို့က မင်းရဲ့ရည်းစား ဖြစ်မှာ မဟုတ်ဘူး! အလုပ်လုပ်နေသရွေ့ အဆင်ပြေတယ်။

ထို့ကြောင့် ဤယုယွီတင်း …… လတ်ဆတ်သောအသား သည် အရင်းအမြစ်ကောင်းများနှင့် ကုမ္ပဏီကြီးတစ်ခု၏ပံ့ပိုးကူညီမှုဖြင့် နယ်ပယ်ထဲရောက်ရှိချိန်မကြာသေးသည့် လတ်ဆတ်သောအသားဖြစ်သည်။ ထို့နောက်ဝမ်ချန်ကိုကြည့်ကာ သူသည် ရုပ်ရည်အ ကောင်းဆုံးဟုမယူဆနိုင်သော်လည်း ရုပ်ဆိုးခြင်းမရှိသည်မှာသေချာသည်။

*TL-မှတ်ချက်- လတ်ဆတ်သောအသားသည် ချောမောသော ယောက်ျားလေးများကိုဖော်ပြရာတွင် အသုံးပြုသည့် တရုတ်နိုင်ငံ အင်တာနက်ဗန်းစကားဖြစ်သည်။ အထူးသဖြင့် တက်သစ်စကြယ်ပွင့်များကိုဖော်ပြရာတွင်အသုံးများသည်။

ရှန်းချူးချူး ဟင်းတစ်တုံးကိုကောက်ကိုင်လိုက်ပြီး

"စား စား နင်က ရုပ်ဆိုးတာမဟုတ်ဘူး။ ယုယွီတင်း အရသာမခံတတ်တာ”

ဝမ်ချန်ထုတ်ပယ်ခံရသည့်အကြောင်းရင်းနှင့် ယခင်အလုပ်ရှင်မှာမည်သူမည်ဝါဖြစ်သည်ကိုသိရှိသည့်အခါ ရှန်းချူးချူး ယုံကြည်စိတ်ချသွားသည်။

ထမင်းစားပြီးနောက် ဝမ်ချန်သည် အရာအားလုံးကိုနားလည်စပြုလာသည်။ ဆိုဖာပေါ်မသက်တောင့်သက်သာလှဲလျောင်းနေတဲ့ အလုပ်ရှင်ကိုကြည့်ပြီး “Boss အနုပညာရှင်တွေအားလုံးဝိတ်ကျဖို့မလိုဘူးလား ? Boss ကော ချဖို့မလိုဘူးလား?"

သူသိသလောက်တော့ ယုယွီတင်းလို နာမည်ကြီးအနုပညာရှင်တစ်ယောက်ပင်မှ အစားအသောက်စားသုံးမှုကို ထိန်းချုပ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်သည်။ ယောကျာ်းလေးအနုပညာရှင်တွေတောင်လိုတယ်ဆိုတော့ မိန်းကလေးတွေကအတူတူမဖြစ် သင့်ဘူးလား။ အချို့သော အမျိုးသမီးအနုပညာရှင်များသည် ဟင်းရွက်အရွက်များကိုပင်ရေတွက်ကြသည်။

"မလိုပါဘူး၊ မကြာသေးခင် ဘယ်သူကမှ ရုပ်ရှင်ရိုက်ဖို့လာပြောထားတာမရှိဘူး၊ ဒီနေ့ရဲ့ ဟော့ပေါ့ အရသာရှိတယ်၊ အိမ်မှာပဲနေပြီး ဒီလိုအရသာရှိတဲ့အစားအသောက်ကို ကြိုက်သလိုစားလို့ရတယ်"

ဝမ်ချန် ဒီရှင်းပြချက်ကိုနားထောင်ပြီးမပြောတော့ချေ။ ရှန်းချူးချူးသည် သူမကို ဤနေရာတွင် မလိုအပ်တော့သဖြင့် အခန်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးထွက်ခွာသွားခဲ့သည။ သူထွက်သွားခင် ရှန်းချူးချူးကိုတစ်ချက်ကြည့်လိုက်သည်။

တကယ်တော့ ရှန်းချူးချူးက ယုယွီတင်း ဘာကြောင့်ထုတ်ပယ်လိုက်တာလဲဟု မေးလာသည့်အခါမှာ လျှို့ဝှက်ထားတဲ့ အကြောင်းပြချက်တစ်ခုရှိကောင်းရှိနိုင်ပေမယ့် အဲဒါအကြောင်းပြချက် ဟုတ်မဟုတ်မသေချာပေ။ သူ့စိတ်ထဲ ယုယွီတင်း အသုံးပြုခဲ့သော နောက်ဆုံးအကြောင်းပြချက်မှာ သူ့အားထုတ်ပယ်ခဲ့သည့် တကယ့်အကြောင်းပြချက်ဟု သူ ခံစားမိသေးသည်။

တကယ်တော့ သူသည် တောခြုံအုံကြားကလာပြီး မြို့တော်ကိုပထမဆုံးရောက်သည့်အချိန်က လုံးဝအံဝင်ဂွင်ကျမဖြစ်ခဲ့ချေ။ ထို့အပြင်၊ ထိုအချိန်တွင် သူမသည် မည်သည့်အရာကိုမျှနားမလည်ဘဲ ကိစ္စများကိုကိုင်တွယ်ရာတွင် ပြတ်ပြတ်သားသား မလုပ်ဆောင်ခဲ့ပေ။

ဝမ်ချန်တွေးပြီး တုံ့ဆိုင်းသွားသော်လည်း သူ ဘာမှမပြောလိုက်ချေ။ ပထမဦးစွာ၊ ၎င်းသည် သူမ၏ယခင်အလုပ်ရှင်၏ ကိုယ်ရေး ကိုယ်တာကိစ္စနှင့်ပတ်သက်ပြီး အခြားတစ်ဖက်တွင်၊ သူ အတွေးလွန်နေခြင်းသာဖြစ်သည်ဟုမျှော်လင့်ခဲ့သည်။ မဟုတ်ပါက ဖျော်ဖြေရေးအသိုင်းအဝိုင်းသည် အလွန်ရှုပ်ခွေးပွေလီလှနေပေလိမ့်မည်။

ဝမ်ချန်ထွက်သွားသောအခါ ရှန်းချူးချူးသည် ထောင်ပေါင်းပေါ် မပြီးဆုံးသေးသောအမှာစာများရှိနေသေးသည်ကို သတိရသွား သဖြင့် သူ့ထောင် ပေါင်းဖောက်သည်များအားအေးအေးဆေးဆေးဖွင့်ကြည့်ခဲ့သည်။ ရှန်းချူးချူးသည် နောက်ဆုံးဖောက် သည်၏ ပုံသို့ လှိမ့်ဆင်းကာ ဓာတ်ပုံကို သုံးစက္ကန့်ကြာစိုက်ကြည့်ပြီးနောက် သူမ ခေါင်းပေါ် အနီရောင်နှလုံးသားတစ်ခုပေါ်လာသည်။

သူမ အနာဂတ်ခင်ပွန်း၏အမည်ကိုမြင်သောအခါ ရှန်းချူးချူးသည် သူ့ ကိုယ်ပိုင်အမြင်ကိုပင်သံသယဝင်ခဲ့သည်။ ခုနကပြောခဲ့တဲ့ လူကို စနစ်မှာတကယ်ပြထားတာပဲ။ ရှန်းချူးချူး မျက်တောင်ခတ်ပြီးပြန်ကြည့်လိုက်သည်။ နာမည်တူနေသေးတယ်၊ နာမည်တူတဲ့ လူများဖြစ်နေမလား ?

ရှန်းချူးချူးဓာတ်ပုံကို အလျင်အမြန်နှိပ်လိုက်ပြီး နာမည်တူလူတစ်ယောက်သာဖြစ်သည့်အတွက် သက်ပြင်းတစ်ချက်ချလိုက် သည်။ သူ ပြောသလိုပါပင်၊ ယုယွီတင်း သူ့ကို ခုနကပြောဖူးသည့် စနစ်ထဲမှာပေါ်လာပါကအရမ်းထူးဆန်းသည်။

ထိုလူသည် ယုယွီတင်းလောက် ရုပ်ရည်မလှမှန်းသိသာတယ်။ ၎င်းတို့သည်နာမည်တူသော်လည်း ပုံပန်းသဏ္ဍာန်မတူချေ။

ဓါတ်ပုံထဲတွင် မျက်လုံးသေးသေး နှာတံနည်းနည်းပြားပြီး မေးစေ့က နဲနဲ...

ယုယွီတင်းရဲ့ပုံရိပ်ကို ဖြတ်ခနဲတွေ့လိုက်ရတဲ့အခါ ရှန်းချူးချူးမျက်လုံးတွေပြူးကျယ်သွားခဲ့သည် ?? သူ သေသေချာချာပြန်ကြည့် ပြီးနောက် သံသယစိတ်တွေပေါ်လာသည်။ ယုယွီတင်းက ပလတ်စတစ်ဆာဂျရီခွဲစိတ်ဖူးတာလား ?

ဒီလိုနဲ့ ရှန်းချူးချူးသည် အွန်လိုင်းကနေ ယုယွီတင်း၏ပလပ်စတစ်ဆာဂျရီခွဲစိတ်မှုနှင့် ပတ်သက်သည့်သတင်းမှန်သမျှကို ရှာဖွေခဲ့ သည်။ အမှန်မှာ အင်တာနက်ပေါ်သတင်းတွေ အများကြီးထွက်လာသည်။ မူလတန်းကျောင်းတွင် ယုယွီတင်း၏ အတန်းဖော်တစ်ဦး ဟုဆိုကာ ယုယွီတင်းသည် ငယ်စဉ်ကပင် ပလပ်စတစ်ဆာဂျရီခွဲစိတ်ပြုပြင်ခဲ့ရပြီး ငယ်ရွယ်စဉ်တွင် ပုံစံအမျိုးမျိုးဖြစ်နေသော ဘွဲ့ဓာတ်ပုံတစ်ပုံကိုထုတ်ပြလာခဲ့သည်။ ရလဒ်အနေနှင့် အဆိုပါ Weibo ပို့စ်သည် ပရိသတ်တွေထံမှသတ်ဖြတ်ခံရလုနီးပါး စော်ကားခံခဲ့ကြရသည်။

"နင်က နင်ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပါလား ?"

"အသက်ကြီးလာတာနဲ့ လူတိုင်းကပိုကြည့်ကောင်းလာမှာမဟုတ်ဘူး၊ ဒီ ဘိန်းမုန့်ကကြည့်ရတာခံတဲ့ပုံမပေါ်ဘူး ! [ကျိန်စာပဲ]”

ရိုးရိုးသားသားပြောရမည်ဆိုပါက မူလတန်းကျောင်းကယုယွီတင်းနဲ့ လက်ရှိစနစ်ထဲမှ ယုယွီတင်းသည်အတော်လေးဆင်တူသည်။ အချိန်အတော်ကြာရှာဖွေပြီးနောက် ရှန်းချူးချူးသည် ပလပ်စတစ်ဆာဂျရီခွဲစိတ်မှုပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိသည် သူနှင့်မဆိုင်သော ကြောင့်မတွေးတော့ပေ။ ပလပ်စတစ်ဆာဂျရီခွဲစိတ်မှုသည် ဤနယ်ပယ်အတွင်းသာမန်ဖြစ်လေ့ရှိသည့် လျှို့ဝှက်ထားသောစည်း မျဉ်းများထက်ပင် ပိုအဖြစ်များသောကြောင့် သူ ရူးသွပ်စွာစိတ်ပူနေရန်မလိုအပ်ချေ။

အဲဒါကိုတွေးပြီး အိမ်ထောင်ရေးစနစ်ကိုဆက်လေ့လာလိုက်သည်။ သူမသည် ဤအမျိုးသမီးဖောက်သည်အား သူမ၏အနာဂတ် ခင်ပွန်းဖြစ်သူအား ပြောပြလိုခြင်းရှိ၊မရှိ ဆက်လက်တွန့်ဆုတ်နေခဲ့သည်။ ခင်ပွန်းသည်က ကျော်ကြားသူဖြစ်မည့်ဖောက်သည် တစ်ဦးကိုပထမဆုံးတွေ့ဖူးပြီး ၎င်းသည် သူ့ စိတ်ကူးထားပုံနှင့်လုံးဝမတူပေ။ ယခင်သည် သာမန်လူများ၏ ကံကြမ္မာဖြစ်ခဲ့သော် လည်း နောက်ပိုင်းမှာပရိတ်သတ်၏လှည့်စားခြင်း သို့မဟုတ် Paparazzi ၏အစီအစဉ်ဖြစ်နိုင်သည်။

ရှန်းချူးချူး ဆုံးဖြတ်ချက်မချမီ အိမ်ထောင်ရေးအချက်အလက်ကိုကြည့်ရန်ဆုံးဖြတ်ခဲ့သည်။

အခြေအနေ- အိမ်ထောင်မရှိ

အိမ်ထောင်ဖက်- ယုယွီတင်း [ဓာတ်ပုံ]

လက်ထပ်မည့်ရက် - အောက်တိုဘာလ 10 ရက် 2019 ခုနှစ်

ကွာရှင်းသည့်ရက်စွဲ- အောက်တိုဘာ ၁၀၊ ၂၀၂၉

အိမ်ထောင်ရေးအဆင့်သတ်မှတ်ချက်- ကြယ် ၂ ပွင့် (နှလုံးသားနှင့်ပိုင်းခြားထားသည်)

ကံကြမ္မာကြိုးနီ- [ဖွင့်]

ရှန်းချူးချူးသည် ကွာရှင်းမည့်ရက်ကိုမြင်လိုက်ရသောအခါ၊ ယုယွီတင်း၏အမည်ကိုသတိပြုမိသော်လည်း ကွာရှင်းမည့်ရက်ကို လျစ်လျူမရှုနိုင်ကြောင်းတွေ့ရှိခဲ့သည်။ ၎င်းတို့သည် ဆယ်နှစ်တိတိကြာပြီးနောက် တူညီသောနေ့စွဲကွာရှင်းပြတ်စဲလိုက်သည်။ ဒါက ရည်ရွယ်ချက်ရှိရှိများလား ?

ရှန်းချူးချူးသည် သိချင်စိတ်ကြောင့် ကံကြမ္မာကြိုးနီကို ဖွင့်လိုက်သည်။

ကံကြမ္မာကြိုးနီက အရမ်းလောင်ရတာပဲ "What The F***!”

[တွေ့ဆုံရခြင်းအကြောင်းရင်း- One Night Stand]

[တွေ့ဆုံသည့်နေရာ- Cowherd and Weaving Maid]

Cowherd and Weaving Maid သည် တော်ဝင်မြို့တော်ရှိအလွန်ကျော်ကြားသောနိုက်ကလပ်ဖြစ်ပြီး နာမည်မှာ အလွန်ပြတ်သားလှသည်။

၎င်းတို့သည် ပြီးခဲ့တဲ့နှစ်ဆုံတွေ့ပြီးကတည်းက အတူတူနေခဲ့ကြခြင်းပင်။

ရှန်းချူးချူးသည် One Night Stand ဖြင့် အတူတူရှိနေကြသည်မျိုးကိုတစ်ခါမှမတွေ့ဖူးပေ။ ဤသည်မှာ ချစ်ခြင်းမေတ္တာထက် ရှေးဦးစွာ သွေးသားဆန္ဒ၏တောင့်တမှုသာဖြစ်သည်။ ကွာရှင်းပြတ်စဲခြင်းနှင့် ပြီးဆုံးသွားရသည်မှာ အရှက်ရစရာပင်။

ကွာရှင်းရခြင်းအကြောင်းရင်းကို သူ ကြည့်ရှုခဲ့ပြီး အကြောင်းအရာသည် တစ်စုံတစ်ဦးကိုပင် ဝမ်းနည်းစေနိုင်သည်။

[ကွာရှင်းရခြင်းအကြောင်းရင်း- ခင်ပွန်းဖြစ်သူမှ အိမ်ထောင်ရေးဖောက်ပြန်ခြင်း]

ယောက်ျားတွေက သူတို့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကိုပဲတေါးနေကြတဲ့ လူ့တိရစ္ဆာန်တွေလား ?

အမျိုးသမီးတစ်ယောက်က သူ့ရဲ့ ငယ်ရွယ်တဲ့ဆယ်နှစ်တာပေးအပ်ခဲ့တယ် သူ အသက်ကြီးလာတာနဲ့ သူ့ကို စွန့်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့လေ၊ ဒါ လူသား တစ်ယောက်လုပ်သင့်တဲ့အရာတဲ့လား ??

အကယ်၍ ထိုလူသည် လတ်ဆတ်သောပအသား ယုယွီတင်း ဖြစ်ပါက၊ သူ သေသည်အထိ ကျိန်စာတိုက်ခံရပေလိမ့်မည်။ ဒီတော့ သူ ဟုတ်တာလား မဟုတ်ဖူးလား ?

ရုတ်တရက် ရှန်းချူးချူးနှိပ်လိုက်သည်။ ယုယွီတင်း၏ဓာတ်ပုံကို သူမ ကြည့်ရုံနှင့် သူ့အိမ် ထောင်ရေးစနစ်ကိုမြင်တာနဲ့ အရာအားလုံးရှင်းလင်းသွားပေလိမ့်မည်။

ဒီအချိန်မှာ သူက ထိုအမျိုးသမီးအရမ်းမိုက်မဲသည်ဟုထင်ကာ ယုယွီတင်း၏ ဓာတ်ပုံကိုရှာဖွေဖို့ Weibo ထဲအမြန်ဝင်လိုက်ရသည်။

မကြာသေးမီကပင် ရှန်းချူးချူးသည် မတရားမှုအတွက်တိုက်ပွဲဝင်ချင်နေခဲ့ပြီး သူမ၏ အမှုသည်အား သတိပေးရန်တွေးခဲ့သော် ငြား သူမမြင်လိုက်ရသည့်အရာမှာ သူမ ထင်ထားသလောက်ရိုးရှင်းသည်မဟုတ်ကြောင်း သဘောပေါက်စေခဲ့သည်။

အခြားသောသံသယများကို အတည်ပြုရန်လိုအပ်သော်လည်း သူ့အား သေချာစေသည့်အချက်မှာ ယုယွီတင်းသည် ပလပ်စတစ် ဆာဂျရီခွဲစိတ်မှုတကယ်ပြုလုပ်ခဲ့ခြင်းပင်။

All Chapters