← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

ယုယွီတင်း၏အိမ်ထောင်ရေးစနစ်ကိုစစ်ဆေးပြီးနောက်၊ ရှန်းချူးချူးသည် သူ့ထံမတူညီသော ဇနီးသုံးဦးရှိမည်ဖြစ်ကာ ပထမဇနီးသည်မှာ Taobao ဖောက်သည်ဖြစ်ကြောင်း အတိအကျသိရှိခဲ့သည်။

ရှန်းချူးချူးသည် သူ့ဖောက်သည်၏စနစ်နှင့် ယုယွီတင်းအကြားခြားနားသည့်အရာတစ်ခုရှိနေသည်ကို သူ မသိသောကြောင့် ပလပ်စတစ်ဆာဂျရီကိုဘေးဖယ်ထားလိုက်သည်။

[ဆုံတွေ့ရသည့်အကြောင်းရင်း- ဖျော်ဖြေရေးနယ် ပယ်ထဲဝင်ရောက်ရန်စတင်ရာမှ အပြန်အလှန်အ ကျိုးပြုခဲ့ကြသည်။]

အိမ်ထောင်ရေးစနစ်ထဲယုယွီတင်းနှင့် သူ့ဖောက် သည်သည် လွန်ခဲ့သည့်နှစ်မတ်လတွင် စတင်တွေ့ဆုံခဲ့ကြောင်းပြသထားသည်။

ရှန်းချူးချူးသည် ယုယွီတင်းအကြောင်းလျင်မြန် စွာရှာဖွေလိုက်ရာ ယမန်နှစ်မေလမတိုင်မီတွင် သူသည် ကြော်ငြာအသေးစားများစွာတွင်သာ ပါဝင်သရုပ်ဆောင်ခဲ့ကြောင်းသိရှိခဲ့ရသည်။ ထို့ပြင် ထိုအ ချိန်က သူသည် အမည်မသိကုမ္ပဏီတစ်ခုနှင့်ရှိနေခဲ့သည်။ ဇွန်လတွင် ယုယွီတင်းသည် လျော်ကြေးအ မြောက်အများပေးချေခဲ့ပြီး တရုတ်နိုင်ငံ၏အ ကောင်းဆုံး ဖျော်ဖြေရေးကုမ္ပဏီများထဲမှတစ်ခုဖြစ်သော ၎င်း၏လက်ရှိဖျော်ဖြေရေးကုမ္ပဏီသို့သွား ရောက်ခဲ့သည်။

ထို့နောက် သူ့ရင်းမြစ်များသိသိသာသာတိုးတတ်ကောင်းမွန်လာသည်။ သူသည် ပထမတန်းဒါရိုက် တာတစ်ဦး ရိုက်ကူးသည့်ဇာတ်ကားတွင် ဇာတ်ပို့အဖြစ်ပါဝင်ခဲ့ပြီး ပြည်ပ Fashion Weekend တစ်ခုသို့သွားရောက်ကာ နာမည်ကြီးပြည်တွင်းမဂ္ဂဇင်းအချို့၏မျက်နှာဖုံးများတွင်ပါဝင်ခဲ့သည်။ ယခုအ ချိန်အထိ တစ်နှစ်ခွဲနီးပါးအတွင်း သူ၏ဂုဏ်သတင်းသည်တဟုန်ထိုးတက်လာခဲ့သည်။ သူ့ရဲ့ Weibo ရှိ follower အရေအတွက်သည် 500K သာရှိသော် လည်း ယခင်ကအလုပ်မရှိခဲ့သည့် လူသစ်တစ်ယောက်အဖို့ အောင်မြင်မှုကမဆိုးဟုဆိုရမည်။

ထိုတိုးတက်မှုနှုန်းသည် နောက်ခံ သို့မဟုတ် အရင်း အမြစ်မရှိသော အခြားသောအနုပညာရှင်အားလုံးကိုတစ်ချိန်တည်းတွင်အနိုင်ယူပစ်လိုက်နိုင်သည်။

အမှန်တွင် နိုင်ငံတဝှမ်း နှစ်စဉ်ရုပ်ရှင်ကျောင်းများမှဘွဲ့ရရှိသူများသည်။ ထို့ပြင် ဖျော်ဖြေရေးအသိုင်းအ ဝိုင်းကိုစမ်းကြည့်ချင်သော ပရော်ဖက်ရှင်နယ်မဟုတ်သူများလည်းရှိသေးသည်။ Hengdian World Studios ၏အပြင်ဘက်တွင် အမြဲလိုလိုစောင့်ကြည့်နေသော လူအုပ်စုကိုဟာပေါင်းထည့်လိုက်ပါက အရေအတွက်နည်းမည်မဟုတ်ပေ။ ထောင်သောင်းပင်ချီနိုင်သည်။

*TL-မှတ်ချက်- Hengdian World Studios သည် တရုတ်နိုင်ငံ Dongyang၊ Jinhua၊ Zhejiang ပြည် နယ်ရှိ ၊ Hengdian တွင်ရှိသော ရုပ်ရှင်စတူဒီယိုတစ်ခုဖြစ်ပြီး၊ ၎င်းသည် ကမ္ဘာပေါ်တွင်အကြီးဆုံးရုပ်ရှင်စတူဒီယိုဖြစ်သည်။

ပြီးတော့ တစ်နှစ်မှာ လူသစ်ဘယ်နှစ်ယောက်တတ်လာနိုင်လဲ ? အကောင်းဆုံးဆိုတာ တစ်ရာထက်မပိုနိုင်ဘူး။ ဒါဆို အဲ့လူတစ်ရာထဲက ဘယ်နှယောက်လောက်ကို လူတိုင်းကမှတ်မိနိုင်မှာလဲ ? မှတ်မိနိုင်တဲ့အရေအတွက်မှာ လက်တစ်ဖက်ပြည့်မည်မဟုတ်ချေ။

ယုယွီတင်း၏လက်ရှိအောင်မြင်မှုများကို လူအချို့ကမှတ်မိနေပြီး ၎င်းထံအားပေးသည့်ပရိသတ်အဖွဲ့ရှိခြင်းအပါအဝင် ပရော်ဖက်ရှင်နယ်မဟုတ်သူတစ်ဦးအနေဖြင့် လက်ရှိအောင်မြင်မှုများသည် လွယ်ကူသောအရာမဟုတ်ပေ။ ရှန်းချူးချူး သူ့အား သိနေသော်လည်း သူကတော့ ရှန်းချူးချူးအားမှတ်မိနေမည်မဟုတ်ပေ။

သေချာတာကတော့ ကုမ္ပဏီကြီးများ၏ပံ့ပိုးမှုပင်။ ယုယွီတင်း၏အချက်အလက်ကိုကြည့်နေရင်းမနာ လိုမှုနှင့် မုန်းတီးမှုများမခံစားရပဲမနေနိုင်ချေ။ ကံကြ မ္မာကြိုးနီကို မြင်လိုက်ရသည့်အခါ သူ မျက်ရည် ကျလုနီးနီးပါပင်။ ဒီလိုကုမ္ပဏီမျိုးနဲ့ ဘယ်တော့များ မှစာချုပ်ချုပ်နိုင်မှာပါလိမ့်။ ထိုအချိန်တွင် ယှဉ်ပြိုင်မှု သို့မဟုတ် သရုပ်ဆောင်မှုစွမ်းရည်များမလိုအပ်တော့ပေ။ ကြော်ငြာတစ်ခုကို ပေါ့ပေါ့ပါးပါးရိုက် ကူးရုံနှင့်ပင် ငွေအများကြီးရှာနိုင်မည်ဖြစ်သည်။

ဒါပေါ့၊ အပေါ်မှာတွေးထားတာတွေအားလုံးက သူ့ စိတ်ကူးယဉ်တာသက်သက်ပဲ၊ သူ စလုပ်ပြီဆိုက တည်းက ရှန်းချူးချူး သေချာပေါက်မလိုအပ်ပဲမယူနိုင်ပေ။

လူတိုင်း အိပ်မက်မက်နိုင်တယ်မလား ?

ယုယွီတင်း၏ကံကြမ္မာကြိုးနီကို သူဖတ်ပြီးသည်နှင့် ရှန်းချူးချူး၏နှလုံးသားသည် ပိုလို့ပင်ပဟေဠိဖြစ်သွားရသည်။ ယုယွီတင်း ဘာကြောင့်ရုတ်တရက် အလုပ်ပြောင်းသွားပြီး လျော်ကြေးအမြောက်အ များပေးနိုင်ခဲ့ရတာလဲ ?

သူ့မိသားစုနောက်ခံကြောင့်လား ?သို့သော်လည်း သူ့ထံ သြဇာကြီးမားသော ကျောထောက်နောက်ခံများရှိနေသည်ကို သူ မမှတ်မိချေ။ ဖျော်ဖြေရေးအဝန်းအဝိုင်းထဲ သူ ဝင်ရောက်လာချိန်တိုတောင်းလွန်းသောကြောင့် သူမမသိခဲ့ပေ။ သူ မျက်မှောင် ကြုတ်ပြီးရှာဖွေမှုရလဒ်များနှင့် Weibo ကိုယုံ ကြည်နေဆဲပင်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး အွန်လိုင်းတွင်မည်သည့်သတင်းအချက်အလက်မှမရှိခဲ့ချေ။

ရှန်းချူးချူးသည်လည်း ထိုသံသယကိုလျင်မြန်စွာ ပယ်ချခဲ့သည်။ ယုယွီတင်း ကျောထောက်နောက်ခံ ရှိပါက အစပိုင်းတွင် ကုမ္ပဏီငယ်လေးနဲ့စာချုပ်ချုပ်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် နောက်ခံလုံးဝမရှိဘဲစတင်ခြင်းဖြစ်ပေမည်။

ထို့နောက်တွင်၊ သူသည် အခြားအရာအားလုံးကို ငြင်းဆန်လိုက်သည်နှင့် အဓိပ္ပါယ်အရှိဆုံးဖြစ်နိုင်ချေများသာကျန်ရှိတော့သည်။

ရှန်းချူးချူးသည် ရှာဖွေရေးစက်ထဲသို့ ချန်းရှီလီအမည်ကိုထည့်သွင်းပြီး ရှာဖွေမှုကိုနှိပ်လိုက်ရာ အမည်တူလူပေါင်းများစွာ ရှိခဲ့သော်လည်း သူမရှာဖွေနေသူ တစ်ဦးတစ်ယောက်မျှမရှိခဲ့ပေ။ ထို့ နောက် သူ့ ကံကိုစမ်းကြည့်ပြီး Diandi Media ၏ ပင်မစာမျက်နှာကိုနှိပ်လိုက်သည်။ ပင်မစာမျက်နှာတွင်၊ ဗီဒီယိုတစ်ခုရှိပြီး ဗီဒီယိုကိုနှိပ်စရာမလိုဘဲ၊ ၎င်းသည်အလိုအလျောက်ဖွင့်လို့နေသည်။ သူ ကြည့်နေစဉ် ရင်းနှီးသောမျက်နှာတစ်ခုထွက်ပေါ် လာသည်။ ၎င်းသည် သူမ၏ Taobao ဖောက်သည် ချန်းရှီလီပင်ဖြစ်တော့သည်။

သူမသည် လုပ်ငန်းခွင်ထဲ White Bone Spirit သွင်ပြင်ဖြင့် အနည်းဆုံးငါးစင်တီမီတာရှည်သောဒေါက်မြင့်ဖိနပ်နှင့် ပရော်ဖက်ရှင်နယ်အနက်ရောင်ဝတ်စုံကို၀တ်ဆင်ထားသည်။ သူမသည် ရှန်းကိုအော်ပိုရေးရှင်းမှအထွေထွေမန်နေဂျာနှင့်ယှဉ်ပါက သူမကပို Strong ဖြစ်ပုံရသည်။

Diandi Media ဥက္ကဌ၏ နောက်တွင်ရှိနေသော် လည်း သူ့တည်ရှိမှုကိုလျစ်လျူရှုရန်အလွန်ခက်ခဲသည်။ အမှန်မှာလူတစ်ဝက်နီးပါးသည် အမျိုးသားများဖြစ်ပြီး အမျိုးသမီးအနည်းငယ်ထဲမှာတော့ သူမသည် အတန်းအဆန်ဆုံးနှင့် အလှဆုံးဖြစ်လို့ နေတော့သည်။

သို့သော်လက်တွေ့ဘဝတွင် လူတစ်ဦး၏ဗီဒီယိုကိုကြည့်ပြီးနောက်၊ ရှန်းချူးချူးသည် သူ့ စိတ်တွင်း ဖော်မပြနိုင်သောခံစားချက်တစ်ခုရှိခဲ့သည်။ ဓာတ်ပုံကပြောရခက်သော်လည်း ဗီဒီယိုမှာပိုသိသာထင်ရှားလာသည်။ ချန်းရှီလီသည် အနည်းဆုံးအသက်သုံးဆယ်ခန့်ရှိရမည်။ Wikipia အဆိုအရ ယုယွီတင်း သည် ယခုနှစ်တွင် အသက်နှစ်ဆယ့်တစ်နှစ်သာရှိသေးသည်။

စိတ်ထဲ ခံစားချက်တွေရောထွေးနေသည့် ရှန်းချူးချူးသည် စီမံခန့်ခွဲမှုအဖွဲ့အားမိတ်ဆက်ပေးသည့်။ ဝဘ်စာမျက်နှာကိုနှိပ်လိုက်သည်။ စီမံခန့်ခွဲမှုအဖွဲ့တွင် ချန်းရှီလီ၏အမည်နှင့် မိတ်ဆက်ထားခြင်းကို တွေ့လိုက်ရသည်။

Name - ချန်းရှီလီ

Age - 36

Position - DY Director

အသက်လေးဆယ်နီးပါးအရွယ် အမျိုးသမီးတစ်ဦးနှင့် နှစ်ဆယ့်တစ်နှစ်အရွယ်အမျိုးသားတို့ အိမ် ထောင်ပြုပြီးနောက် သူမ အသက်ငါးဆယ်နီးပါးတွင်စွာကွာရှင်းခဲ့ကြသည်။ ကမ္ဘာကြီးဘယ်တုန်းက တည်းက ဒီလိုတွေဖြစ်လာတာလဲ ?

ယုယွီတင်း လျင်မြန်စွာကျော်ကြားလာခြင်းသည် ချန်းရှီလီကြောင့်မှန်းသိသာသည်။ အနာဂတ်မှာလည်း ယုယွီတင်းက ချန်းရှီလီကိုပဲအမြဲအားကိုးနေတာလား ? ချန်းရှီလီ အသက်ကြီးပြီး သူ့အတောင်ပံတွေကြီးထွားလာတဲ့အခါ အစောပိုင်းမြေတောင် မြှောက်ပြီးကူညီခဲ့တဲ့သူအပေါ် နှလုံးသားမဲ့ပြီးနှုတ် ဆက်ရမယ့်အခိုက်အတန့်များလား ?

ယုယွီတင်း၏အိမ်ထောင်ဖက်များ အသက်မည်မျှရှိသည်ကိုစနစ်ထဲ သူ မမြင်နိုင်သော်လည်း တတိယအကြိမ်မြောက်လက်ထပ်ပြီးသောအခါ သူ အသက်ငါးဆယ်ရှိနေပြီဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ရှန်းချူးချူး အရမ်းရှင်းလင်းသွားပြီဟုခံစားလိုက်ရသည်။

ချန်းရှီလီသည် ကွာရှင်းပြီးနောက်အိမ်ထောင်ထပ်မပြုတော့ပေ။

ယောက်ျားတစ်ယောက်သည် အသက်ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသမီးများကိုစွန့်ပစ်ထားနိုင်သော်လည်း ယောက်ျားတစ်ယောက်သည် အဘယ် ကြောင့်အသက်ငါးဆယ်ကျော်အရွယ်ထိ အမျိုး သမီးငယ်များကိုလိုက်နိုင်နေရသနည်း ??

ချန်းရှီလီအားသတိပေးလိုက်ပါက သူမ အိမ်ထောင် ရေးကိုအတိုင်းအတာတစ်ခုအထိ ကယ်တင်နိုင်မည်ဖြစ်သည်။ သို့သော် ကံကြမ္မာသတ်မှတ်ပေးထားသောအိမ်ထောင်တစ်ခုကို ဖျက်ဆီးသူတိုင်းကောင်း ကင်ဘုံ၏အမျက်ဒေါသနှင့် ရင်ဆိုင်ရမည်ဟု သူ အမြဲခံစားခဲ့ရသည်။ ဒါက သူလွယ်လွယ်ကူကူလုပ်ရမယ့်အရာတစ်ခုမဟုတ်ဘူး။

ထို့ပြင်၊ ဤသည်မှာ အပြန်အလှန်ကုန်သွယ်မှုတစ်ခုဖြစ်နေနိုင်သည်။ DY Director ချန်းရှီလီသည် လတ်ဆတ်သောအသားလေး ယုယွီတင်းနှင့် လက် ထပ်ခဲ့ပြီး ချန်းရှီလီအသက်ကြီးလာသောအခါ ယုယွီတင်းသည်လည်း အမျိုးသမီးငယ်တစ်ဦးနှင့် လက်ထပ်ခဲ့သည်...

သို့သော် ယနေ့ယုယွီတင်း၏ရလဒ်များသည် ချန်းရှီလီကြောင့်ဖြစ်ပြီး သူ့ထံ ကျက်သရေရှိသောမနက် ဖြန်အားရရှိလိမ့်မည်ကို သူ သတိရမိသည်။ ချန်းရှီလီသည် အသက်ငါးဆယ်အရွယ်တွင် စွန့်ပစ်ခံရပြီး သူမထံဘာမှမကျန်ရှိတော့ပေ။ ထိုအချိန်တွင် ရှန်းချူးချူးသည် ချန်းရှီလီအတွက် မတရားမှုကိုခံစားလိုက်ရသည်။

ထို့နောက် သူ ကျွမ်းကျင်မှုအမှတ်အချို့ကို မည်သို့ရနိုင်သည်ကိုပြန်ပြောင်းစဉ်းစားမိသွားသည်..

အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် ရှန်းချူးချူးသည် နာရီလက်တံဆယ့်နှစ်ကိုရောက်ပြီးနောက် ချန်ရှီလီအားသတိပေးရန် ဆုံးဖြတ်လိုက်သည်။

ငါက ယွဲ့လောင် - ရှေးခေတ်ကတည်းကအိမ် ထောင်ရေးနဲ့ပတ်သက်ရင် ဘိုးဘေးဘီဘင်တွေအ ကုန်လုံးက စုံတွဲရဲ့အသက်အရွယ်အပါထပ်တူထပ် မျှလိုက်ဖက်မှုသေချာအောင် အထူးအာရုံစိုက်ခဲ့ကြတယ်။ ကွာဟချက်ကြီးရင် အိမ်ထောင်သည်မောင်နှံတွေကြား သဟဇာတဖြစ်နိုင်မှာမဟုတ်ဘူး။ လွန်ခဲ့ သောအခိုက်အတန့်မှာ ကျွန်ုပ် တွက်ချက်ပြီးနောက်၊ သိလိုက်ရတာကတော့ သင့်ရဲ့အိမ်ထောင်ရေးဟာ ကြာရှည်ခံမှာမဟုတ်ဘဲ သင်က ဘဝ၏နောက်ဆုံး နေ့ရက်တွေကို အထီးကျန်ဆန်စွာနဲ့တစ်ကိုယ်တည်းဖြတ်သန်းရပါလိမ့်မယ်။

ချန်းရှီလီသည် အချိန်နောက်ကျနေပြီဖြစ်သော် လည်း မယုံနိုင်ဘဲချက်ချင်း Reply ပြန်လိုက်သည်။

Lily : ငါနဲ့ အခြေအနေတူတဲ့သူကိုရှာဖို့ မင်း ငါ့ကို အကြံပေးချင်တာလား ? အသက်၊ ပညာရေး သို့ မိသားစုနောက်ခံကိုပြောချင်တာလား ? မင်း မတွေးဘဲပြောတာ သေချာရဲ့လား ?

ချန်းရှီလီသည် အထက်တန်းကျောင်းပြီးပြီးချင်း နိုင်ငံခြားတွင်ကျောင်းတက်ခဲ့သည်။ သူမ နိုင်ငံရပ်ခြားတွင်မာစတာဘွဲ့ရပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုတွင်နှစ်နှစ်ကြာအလုပ်လုပ်ခဲ့သည်။ အစက သူမပြန်လာချင်သော်လည်း Diandi Media ဥက္ကဌသည် နောက်ဆုံး သူမ လက်ခံလာတဲ့အထိအကြိမ်ပေါင်းများစွာဖျောင်းဖျလာခဲ့သည်။

သူမသည် ဘာသာမဲ့တစ်ဦးဖြစ်သော်လည်း ယနေ့သူမ၏ Weibo feed တွင် ရှန်းချူးချူး၏ပရိုဖိုင်ကိုတွေ့လိုက်ရသောအခါ စပ်စုချင်စိတ်ဖြင့် အမှာတစ်ခုတင်လိုက်မိခြင်းပင်။

ငါက ယြွ့လောင်၊ တည်ရှိနေတဲ့အရာအားလုံးကလည်း မရှိနေတာမျိုးဖြစ်နိုင်တယ်။ တစ်ခါတလေမှာ မတော်တဆလို့ထင်ရတဲ့ ကြုံဆုံမှု တွေဟာ တစ် စုံတစ်ယောက်ရဲ့ ဂရုတစိုက်ပြင်ဆင်ထားမှုတွေဖြစ် လာနိုင်တယ်ဆိုတာကို သတိရှိရပါမယ်။

ချန်းရှီလီသည် မက်ဆေ့ကိုဖတ်ရင်း မျက်တောင် ခတ်လိုက်သည်။ ကြုံဆုံမှု ? ဂရုတစိုက်ပြင်ဆင်ထားတာ ?? မကြာသေးမီနှစ်များအတွင်း သူမသည် ဇရာ၏လက္ခဏာများကို သိရှိလာသော်လည်း မနှစ်ကထိုလတ်ဆတ်သောအသားလေးနှင့် အမှတ်တမဲ့အိပ်လိုက်ပြီးကတည်းက ရုတ်တရက်အသက်ပိုငယ်လာသလိုခံစားလာရသည်။

ဤလတ်ဆတ်သောအသားလေးသည် ပိုင်စိုးချင်စိတ်မရှိခဲ့ဘဲ သူမ၏အတွေးများကိုနားလည်နေခဲ့သည်။ သူ့ အရင်ရည်းစားတွေထက်စာပါက ပိုစိတ် ချရသည်။

သို့သော် ကုမ္ပဏီအတွင်း သို့ အပြင်တွင်ဖြစ်စေရည် ရွယ်ချက်ရှိရှိ တွေ့ဆုံလိုသောသူများနှင့် တွေ့ဆုံပြီးနောက် အခွင့်အလမ်းများမရေမတွက်နိုင်အောင် များပြားလာခဲ့သည်။

ချန်းရှီလီ: ကျေးဇူးပြုပြီးရှင်းပြပေးလို့ရမလား ? ကြုံဆုံမှုတွေက မရေမတွက်နိုင်အောင်များတော့ မင်း ဘာကိုဆိုလိုချင်မှန်း တို့နားမလည်ဘူး။

ရှန်းချူးချူးသည် သူမ၏မက်ဆေ့ချ်ကိုမြင်သော အခါ အနည်းငယ်တုန်လှုပ်သွားသည်။ ချန်းရှီလီ နောက်နှစ်ထဲလက်ထပ်လိမ့်မည်ဟု သူမ ထင်ထားတာကြောင့် အခုလိုပြန်ဖြေလာလိမ့်မယ်လို့ သူလုံးဝမမျှော်လင့်ထား‌ချေ။ စနစ်ထဲ ၎င်းတို့သည်ဆက်ဆံရေးရှိနေကြောင်းကိုပြသခဲ့ရာ အချင်းချင်း၏တည် ရှိမှုသည် အလွန်အရေးကြီးနေသင့်သည်။

အဲ့ဒါဖြစ်မလာဘူးလို့ သူ မမျှော်လင့်ထားဘူး။

ရှန်ချူချူသည် ချန်းရှီလီအလုပ်၏ထူးခြားချက်ကို တွေးမိသောအခါ မျက်ရည်များကျလာရသည်။ Ah ?? ကုမ္ပဏီတိုင်းရှိ အနုပညာရှင်များ၏ ဒါရိုက် တာတစ်ဦးအနေဖြင့် လတ်ဆတ်သောအသားများစွာနှင့်ဆက်ဆံရနိုင်သည်။ ချန်းရှီလီ၏လေသံဖြင့် သူမသည် နေ့တိုင်း နတ်ဝံပုလွေအနွယ်ဝင်အမျိုးမျိုးနှင့်တွေ့ရမည်ပင်။ အံ့သြစရာကောင်းတဲ့တည်ရှိမှုမျိုး!! သူ ဘယ်တော့များမှ အဲ့လိုလုပ်နိုင်မှာလဲ !?

ငါက ယွဲ့လောင် : 12 mar 2018၊ Cowherd and Weaving maid

မက်ဆေ့ချ်ပို့ပြီးနောက် ချန်းရှီလီသည် ထူးထူးခြားခြားတိတ်ဆိတ်လို့သွားသည်။ ရှန်းချူးချူး အနည်း ငယ်စဉ်းစားပြီး နောက်ထပ်မက်ဆေ့ချ်တစ်ခုပေးပို့လိုက်သည်။

ငါက ယွဲ့လောင် ၊ ငါဟာ နယ်ပယ်ခြောက်ခုအပြင်ကနေ ဒီလောကထဲမှာမွေးဖွားလာခဲ့တယ်။ အိမ် ထောင်ရေးဟာ မိမိကံနဲ့သက်ဆိုင်ပြီး ပြင်ပလူတွေကိုထုတ်မပြောသင့်ဘူး မဟုတ်ရင် ကောင်းကင်ဘုံရဲ့အမျက်ဒေါသနဲ့ကြုံရလိမ့်မည်။ သက်တောင့်သက်သာနေနိုင်ပါတယ်။

ချန်းရှီလီ အနည်းငယ်ကြောက်လာသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ယုယွီတင်းသည် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိခဲ့သည်မှာ တစ်နှစ်ရှိပြီဖြစ်ပြီး ၎င်းတို့တွေ့ဆုံသည့်နေ့သည် တိုက်ဆိုင်စွာပင် 'Arbor Day' ဖြစ်သည်။ ယခင်နှစ်ကယုယွီတင်း နာမည်မရသေးသောကြောင့် မည်သူမှသတိမထားခဲ့မိသင့်ပေ။ ဒါ့ပြင် သူတို့နှစ်ယောက် ၏ဆက်ဆံရေးနှင့် ပတ်သက်ပြီး အွန်လိုင်းမှာဂယက်ထစေတဲ့ စွပ်စွဲချက်တွေကိုလည်းမတွေ့ရှိရသေးချေ။

* TL-မှတ်ချက်- အမျိုးသားသစ်ပင်စိုက်ပျိုးနေ့ဟုလည်း လူသိများသော Arbor Day (12 March)

ဒီလူက ဖြစ်နိုင်ပါ့မလား… ဒီလူ တကယ်မသေမျိုးများလား ?

ဤအချိန်တွင် ချန်းရှီလီသည် ရုပ်ဝါဒီသမားဖြစ်ရာလွန်ခဲ့သောအနှစ်သုံးဆယ်ခန့်က သူမ၏ပညာရေးသည်အရေးမကြီးဟုခံစားခဲ့ရသည်။ သူမ၏ကမ္ဘာကြီးအပေါ်မြင်သည့် အမြင်လည်းပြိုကျသွားခဲ့ သည်။

ရှန်းချူးချူးသည် နာရီဝက်ခန့်စောင့်ခဲ့သော်လည်း ချန်းရှီလီထံမှ တုံ့ပြန်မှုပြန်မရပေ။ သူ မျက်ခုံးပင့်ကာနောက်ထပ်မက်ဆေ့ခ်ျတစ်ခုပို့လိုက်သည်။

ငါက ယွဲ့လောင် - ဝယ်သူ မယုံပါက ငွေပြန်အမ်း ပေးရန် တောင်းဆိုနိုင်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ သူမသည် အသိစိတ်ရှိသော ဆိုင်ပိုင်ရှင်ဖြစ်ချင်သော်လည်း လူအများက သူ့အားမယုံကြည်ကြသောကြောင့် သူ ပြောစရာမရှိတော့ပေ။ မည်သို့ပင်ဆိုစေကာမူ အိမ်ထောင်ရေးသည် ကံကြမ္မာကသတ်မှတ်ပေးထားပြီး လူတိုင်းထံအတင်းအကြပ်မတွန်းလှန်နိုင်သော ကိုယ်ပိုင်ကံကြ မ္မာကိုယ်စီရှိကြသည်။

တစ်ဖန် သူ အချိန်အတော်ကြာအောင်စောင့်ဆိုင်းခဲ့သော်လည်း ချန်းရှီလီထံမှအဖြေမထွက်သေးသဖြင့် ရှန်းချူးချူး အိပ်ပျော်သွားခဲ့သည်။

သုံးရက်အကြာတွင်၊ ရှန်းချူးချူးသည် ချန်းရှီလီမှ အသိအမှတ်ပြုရန်မလိုလားတော့ဟု ယူဆလိုက်သောအခါ သူ့ Taobao အကောင့်ထဲသို့ ဘောနပ်စ် ယွမ်တစ်သောင်းပေးချေမှု တစ်ခုရောက်ရှိလာခဲ့သည်။

All Chapters