အခန်း (၁၈)
Vol. 2 Ch. 18
အိပ်ခန်းအလင်းရောင်မှိန်ဖျော့အောက် ရှန်းချူးချူး၏ထူးခြားလှပသည့် မျက်နှာအစိတ်အပိုင်းတိုင်းကိုတွေ့ရှိခဲ့သည်။ ခဏလောက်ရုတ်တရက်ဆိုသလို ရင်ထဲတဒိတ်ဒိတ်ဖြစ်သွားပေမယ့် မကြာခင်မှာပင်ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။
ယခုအချိန်တွင် ရှန်းချူးချူးသည် သူ့လက်များကိုသာမက ယခုအခါတွင် သူမ၏ခြေထောက်များဖြင့် ရေဘဝဲတစ်ကောင်ကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်တွင်ကပ်တွယ်လျက်ရှိသည်။ ကောင်းပြီလေ တစ်ခုချင်းစီ တစ်ခုပြီးတစ်ခုဖယ်ကြတာပေါ့။ ဦးစွာ မိမိလည်ပင်းကို ကယ်တင်ရပေမည်။ အကြိမ်အနည်းငယ်ဆွဲသော်လည်း ရှန်းချူးချူး၏လက်မှ နက်ကတိုင်ကိုပြန်မဆွဲယူနိုင်ခဲ့ပေ။ ဟန်ရှင်းယန် သည် နက်ကတိုင်ကိုပြန်မရနိုင်တော့မှန်းသပြီးနောက် နက်ကတိုင်ကိုဖြည်းညှင်းစွာဖြည်လိုက်ပြီး ဆွဲချွတ်လိုက်ရသည်။
နောက်ဆုံး သူအသက်ရှူနိုင်ခဲ့ပြီဖြစ်သည်။ ယခုတစ်ကြိမ်တွင် ရှန်းချူးချူးထံ အသိစိတ်ရှိပုံပေါ်ပြီး ဟန်ရှင်းယန်အားနောက်သို့ဆွဲယူ ရန်လက်ဆန့်လိုက်သည်။
ဟန်ရှင်းယန်အား အမိဖမ်းကာအနီးကပ်ဆွဲယူလိုက်သည်။
ဟန်ရှင်းယန်သည် သူတို့၏နှုတ်ခမ်းများ ထိပ်ဆိုက်တွေ့ဆုံတော့မည်ကိုမြင်လိုက်ရသဖြင့် ခေါင်းကိုဘေးသို့လှည့်လိုက်ရသည်။ သူ့နှုတ်ခမ်းများက ရှန်းချူးချူး၏ပါးပြင်များမှတဆင့် နားရွက်ဆီသို့ပွတ်တိုက်လိုက်သည်။
မူလက ရှန်းချူးချူးသည် ဟန်ရှင်းယန်ထံမှ ရင်းနှီးမှုကိုခံစားခဲ့ရသော်လည်း ယခုအခါ သူမ၏နားထဲတွင် တိုးညှင်းသည့်နှစ်သိမ့်မှု တစ်ခုရောက်ရှိလာခဲ့သည်။ တစ်ဖန် သူမ မသိစိတ်မှသက်ပြင်းတစ်ချက်ချလိုက်သည်။
ဟန်ရှင်းယန်သည် သူမ ခန္ဓာကိုယ်၏ပျော့ပျောင်းမှုနှင့်ကွေးညွှတ်မှုကိုခံစားမိသော်လည်း သူ ပေါက်ကွဲတော့မည်ဟုခံစားမိသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ပေါ်အဆက်မပြတ်လှုပ်ရှားနေသောလက်တစ်စုံ၏ ထိတွေ့လာမှုအပေါ် တဖြည်းဖြည်းတုံ့ပြန်လာစေ သည်။
သူမှန်းဆတာမှန်ပါက မိန်းကလေးသည်ဆေးခပ်ခံထားရသဖြင့် ထိုလုပ်ရပ်များသည် သူမဆန္ဒမပါပေ။ သို့သော် သူ့ခန္ဓာကိုယ်သည် တူညီသောဆေးကိုစားထားသကဲ့သို့ ထကြွလာသော်ငြားလုပ်စရာရှိမနေပေ။
သူသည် သူ့ကိုယ်သူ ရိုးသားဖြောင့်မတ်သောလူကြီးလူကောင်းအဖြစ်ထိန်းကာ သူမအားကြည့်လိုက်ပြီး “မင်း ဒီလိုလိုက်ထိနေတာ ကိုရပ်လိုက်တော့၊ သတိထားနော် မဟုတ်ရင် ငါ မင်းကိုတကယ်လုပ်မိလိမ့်မယ်” ဟုခြိမ်းခြောက်လိုက်သည်။
အကယ်၍ ရှန်းချူချူသာအသိစိတ်ရှိခဲ့ပါက ထိုစကားများကိုကြားလိုက်ရသည်နှင့် သူမ၏ကိုယ်ပိုင်လှုပ်ရှားမှုများရပ်တန့်သွားမည် ဖြစ်သည်။ သို့သော် လည်း ဆေးခပ်ခံထားရသော ရှန်းချူးချူးသည်အကြောက်လန့်မရှိဖြစ်ကာ သူမ၏ခံစားချက်အတိုင်းအရာအား လုံးကိုလုပ်ဆောင်ခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမသည် ထိုယောက်ျားအပေါ်တတ်ကာလုပ်ချင်စိတ်ပင်ရှိနေလိမ့်မည်။ အထူး သဖြင့် စွဲမက်ဖွယ်ရာအသံကြားပြီးနောက် သူမ၏ခန္ဓာကိုယ်သည်ပေါက်ကွဲထွက်လာသည်အထိ အလွန်မသက်မသာခံစားခဲ့ရသည်။ ဒီအသံရဲ့အရသာကို သူ တကယ်မြည်းစမ်းချင်မိသည်။
(အစ်မရေ စိတ်လွတ်နေတာ သေချာရဲ့လား ??)
သူမ၏သန်မာသောလက်ဖြင့် ဟန်ရှင်းယန်၏မျက်နှာအားပိုနီးကပ်စေလိုက်ပြန်သည်။
ယခုတစ်ကြိမ် သူသည်လုံးဝပြင်ဆင်ထားခြင်းမရှိသဖြင့် ရှန်းချူးချူးအောင်မြင်သွားသည်။
ရှန်းချူးချူးသည် နောက်ဆုံး သူတို့၏နှုတ်ခမ်းချင်းဆုံတွေ့သွားသောအခါတွင် အဆိပ်ဖြေဆေးကိုရှာတွေ့လိုက်သလို ခံစားလိုက် ရသည်။ ရေခဲတမျှအေးနေသော်လည်း ပျော့ပျောင်းသောခံစားမှုသည် ငယ်စဉ်က သူမ စားခဲ့ဖူးသောဂျယ်လီအချိုပွဲနှင့်ဆင်တူ သည်။ ထို့ပြင် သူမ၏ခန္ဓာကိုယ်အတွင်းမှလှုံ့ဆော်မှုသည် သူမ နှုတ်ခမ်းဖျားထက်စုပုံလာပြီး အဆိုပါဂျယ်လီအားဝမ်းဗိုက်ထဲသို့ မျိုချရန်အော်ဟစ်နေကြပုံရသည်။
အဆိုပါလှုပ်ရှားမှုများကို အကြမ်းဖျင်းအားဖြင့် သူမ၏စိတ်စေရာအတိုင်းလုပ်ဆောင်ခဲ့ခြင်းပင်။ ဦးစွာ ရှန်းချူးချူးသည် ဟန်ရှင်းယန် ၏နှုတ်ခမ်းများကိုစိတ်ကျေနပ်သည်အထိ စုပ်နေလိုက်သည်။ အဆုံးတွင် သူမသည် မတင်းတိမ်နိုင်သေးဘဲ နုတ်ခမ်းများအားကိုက်ခဲ လာသည်။
အကယ်၍ ဟန်ရှင်းယန်သာ အစောပိုင်းမှာပေါက်ကွဲတော့မည်ဆိုလျှင် ယခုအချိန်မှာတော့ သူပေါက်ကွဲသွားပြီဖြစ်သည်။ အောက်မှာ ရှိနေတဲ့မိန်းကလေးထံမှ တတိတိစစနေခြင်းအားသူသည်းမခံနိုင်တော့ပေ။
ဒီအချိန်မှာတော့ မိန်းကလေးရဲ့ အသိစိတ်က မရှင်းမလင်းဖြစ်ပြီး မူးယစ်ဆေးဝါးကြောင့် သူ့လုပ်ရပ်တွေကိုတောင်မေ့သွားခဲ့တယ်။
ထိုအချိန်တွင် ကောင်မလေးသည်ဆေးခပ်ခံရခြင်းကြောင့် ထိုသို့အခြေအနေဖြစ်ပေါ်နေရသည် ဆိုသည့်အချက်ကို သူ မေ့ထားလိုက် တော့သည်။
သူ့စိတ်သည် စိတ်အားထက်သန်မှုအဖြစ်သို့ပြောင်းလဲကာ ကောင်မလေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။ သို့သော် သူ့နှုတ်ခမ်းလှုပ်ရှားမှုများသည် အောက်ရှိသတိလွှတ်နေသောမိန်းကလေးနှင့်ယှဉ်ပြီး မထိန်းနိုင်ခဲ့ချေ။ သူ့နှုတ်ခမ်းနှင့်လျှာသည် အလိုလိုကခုန်နေတော့သည်။
ရှန်းချူးချူးတစ်ကိုယ်လုံး ကြည်လင်သောစမ်းရေတွင်းထဲပစ်ချခံလိုက်ရသလိုကျေနပ်ပီတိဖြစ်နေသည်။ သူမလေးသည် ရလေလို လေအိုတစ္ဆေကဲ့သို့ပိုပိုလိုချင်လာသည်။ ရုန်းရင်းကန်ရင်းနှင့် သူမ၏အင်္ကျီတဖြည်းဖြည်းကျွတ်ထွက်သွားပြီး ဟန်ရှင်းယန်၏ ဝတ်စုံကိုလည်း ဘယ်မှာမှရှာမရတော့ပေ။
သူတို့နှစ်ယောက်စလုံးအနည်းငယ်ယစ်မူးလာသောအခိုက် ဟန်ရှင်းယန်၏လက်ကိုင်ဖုန်းမှာထပ်မြည်လာပြန်သည်။ ဟန်ရှင်းယန် အစကဖုန်းမဖြေချင်သော်လည်း အဆက်မပျက်ဖုန်းမြည်နေခဲ့သည်။ ထိုစဉ် ဟန်ရှင်းယန် တဖြည်းဖြည်းခေါင်းမော့လာကာ ဖုန်းကို မြင်ပြီးအနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။ ဖုန်းမှာပေါ်နေတဲ့နာမည်ကိုကြည့်လိုက်ပြီးနောက် သူ ဖောက်သည်တစ်ယောက်နှင့် ချိန်းဆိုထားသည်ကိုသတိရသွားသည်။
သူ လှည့်ပတ်ကာလှုပ်ရှားနေဆဲဖြစ်သည့် ရှန်းချူးချူးအား ကုတင်ပေါ်မှတစ်ချက်ငုံ့ကြည့်ကာ ရွေးချယ်စရာမရှိဘဲဖုန်းပြန်ဖြေ လိုက်ရသည်။
“ပြော”
ဟန်ရှင်းယန်၏ အသံသည် ယခင်ကထက်ပင် ဩရှနေလေရာ ထို ‘ပြော’ တစ်လုံးတည်းသာ ပြောလိုက်နိုင်သည်။
"သူဌေး၊ အမှုဆောင်ကျန့်က သူ့မိသားစုမှာကိစ္စလေးတစ်ခုပေါ်လာလို့ သူ ချက်ချင်းထွက်သွားတယ် သူဌေးကိုလည်း တောင်းပန် တယ်လိုပြောခိုင်းလိုက်ပါတယ် ဒါပါပဲ ဘော့စ်၊ ဘော့စ် လုပ်စရာရှိတာဆက်လုပ်လို့ရပါတယ်၊ ဘော့စ်ကို မနှောင့်ယှက်တော့ဘူး။"
အတွင်းရေးမှုးဝမ်သည် အတတ်နိုင်ဆုံးခပ်မြန်မြန်စကားပြောပြီးနောက် သူပြီးသည်နှင့်ဖုန်းတန်းချလိုက်သည်။ ဘော့စ်က စကား တစ်ခွန်းပဲပြောပေမယ့် သူ့ခေါင်းထဲမှာ အစီရင်ခံစာတစ်ခုကြိုတွေးထားပြီးသွားပြီ။
ဟန်ရှင်းယန် ဖုန်းချလိုက်သည်။ ထို့နောက် ရှန်းချူးချူးကိုကြည့်ကာ ရှုပ်ပွနေသောအိပ်ယာနှင့် ပြောင်းလဲသွားသည့် သူ့ကိုယ်သူ ကြည့်ကာ ခါးသက်သက်တစ်ချက်ပြုံးလိုက်သည်။ သူသည် မည်သည့်အချိန်က ဆာလောင်မွတ်သိပ်သော နတ်ဆိုးဖြစ်လာရသနည်း။ ယခုမူ သူမအား အခွင့်ကောင်း ယူဖို့ကြိုးစားခဲ့သည့် အမှုဆောင်ချန်နဲ့ယှဉ်ရင်ကွာခြားမှုမရှိချေ။
ရှန်းချူးချူးသည် သန်မာသော်လည်း သူ့ထက်သန်မာမည်မဟုတ်တာသေချာသည်။ သူ့အစွမ်းအစ အကုန်အသုံးမပြုခဲ့ပေ။ ကံကောင်းထောက်မစွာ၊ ဖုန်းခေါ်ဆိုမှုအချိန်မီရောက်လာခဲ့သည် မဟုတ်ပါက သူ အမှားကြီးတစ်ခုလုပ်မိသွားပေမည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ရှန်းချူးချူးမည်သို့ပင်ရုန်းကန်နေပါစေ ရေချိုးခန်းထဲသို့တင်းတင်းကြပ်ကြပ်ဆောင်သွားခဲ့သည်။ ရေချိုးခန်းထဲ ရေပန်းအောက်မှအမြန်ထွက်လာပြီးနောက် ဟန်ရှင်းယန်ခေါင်းကြည်သွားသလိုခံစားလိုက်ရသည်။ ခန္ဓာကိုယ် လှုပ်ရှားမှုများလည်း တဖြည်းဖြည်းလျော့ပါးသွားသည်။
သို့သော် မျက်လုံးဖွင့်ကြည့်လိုက်ရာ ရေချိုးခန်းထဲ ဆန့်ကျင်ဘက်မှလူကိုတွေ့လိုက်ရသည်။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုလျှင် ဒီည သူ အမှားလုပ်မိမှာသေချာသည်။
သူ ရှန်းချူးချူး၏အသွင်အပြင်အားကြည့်ကာ ရေအေးများနှစ်ယောက်လုံးပေါ်သို့စီးကျလာစေရန် ရေပန်းကိုအောက်ချလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းအလုပ်ဖြစ်ခဲ့ပြီး ရှန်းချူးချူးထ့မှ ညည်းညူသံများကျယ်လောင်စွာထွက်ပေါ်လာတော့သည်။
"Ah!"
နီမြန်းနေသော သူမ၏မျက်နှာသည် တဖြည်းဖြည်းပန်းရောင်သန်းလာပြီး ဖြည်းဖြည်းချင်းပုံမှန်ဖြစ်သွားသည်။ ခဏအကြာတွင် ဟန်ရှင်းယန်သည် လုံလောက်ပြီဟုခံစားလိုက်ရသဖြင့်ရပ်လိုက်သည်။ ထိုအချိန်တွင် ရှန်းချူးချူးထံမှ တစ်စုံတစ်ရာတုံ့ပြန်မှု မရှိတော့ဘဲ အိပ်ပျော်သွားခဲ့သည်။
ဟန်ရှင်းယန် သူ့အားဆွဲယူလိုက်သည်။ အစက သူမအားအိပ်ယာပေါ်တင်ပေးချင်သော်လည်း ရွှဲရွှဲစိုနေသည့် သူမ ပုံစံကိုတွေးပြီး စောင်ပေါ်ထားဖို့သာဆုံးဖြတ်လိုက်သည်။
ထို့နောက် အတွင်းရေးမှုးဝမ်ထံသို့ဖုန်းခေါ်ကာ “အမျိုးသမီးဟော်တယ်ဝန်ထမ်းတစ်ဦးခေါ်ခဲ့”
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် “သူ့ကို အတွင်းခံတစ်စုံယူလာခိုင်းလိုက်”
အတွင်းရေးမှုးဝမ် အံ့အားသင့်သွားပြီး “… သူဌေး၊ ဘယ် Size လဲ” ဟု မေးသည်။
ဟန်ရှင်းယန်က သူ့နှုတ်ခမ်းကိုတင်းတင်းစေ့ထား သည်။ ဘယ် Size လဲ၊ သူ ဘယ်လိုသိမှာလဲ၊ ကြည့်ရတာတော့ အတော်လေး ကြီးတဲ့ပုံပဲ။
“ကြီးတဲ့ဟာ ဝယ်ခဲ့လိုက်” ဟန်ရှင်းယန်စိတ်ထဲ သေးပါကမဆံနိုင်ဟုထင်ပြီး ပိုကြီးပါကပြဿနာရှိမည်မဟုတ်ပေ။
“အိုခေ Boss”
အမျိုးသမီးဟိုတယ်ဝန်ထမ်းရောက်လာသောအခါ၊ ဟန်ရှင်းယန်သည် ရေချိုးဝတ်စုံလဲပြီးဖြစ်သည်။ ထိုအမျိုးသမီးအားညွှန်ကြား ချက်အချို့ပေးဆောင်ပြီး ဧည့်ခန်းထဲဝင်ထိုင်နေလိုက်သည်။
နာရီဝက်လောက်ကြာတော့ အမျိုးသမီးဟိုတယ်ဝန်ထမ်းပြန်ထွက်လာသည်။
အမျိုးသမီးဟိုတယ်ဝန်ထမ်းထွက်သွားသောအခါတွင် ဟန်ရှင်းယန်သည် အထဲသို့ဝင်ရန်သတ္တိမရှိခဲ့ပေ။ သို့သော် ရှန်းချူးချူး၏ အခြေအနေကိုတွေးကာ အနည်းငယ်စိုးရိမ်နေသေးသဖြင့် သည်းမခံနိုင်ဘဲ အထဲသို့ဝင်လာခဲ့သည်။ အဆုံးမှာ သူမကို ကယ်တင်နိုင် ခဲ့သည့်အတွက် အဆုံးအထိတာဝန်ယူရလိမ့်မည်။
အထဲကိုလှမ်းကြည့်လိုက်ရာ ရှန်းချူးချူး ကုတင်ပေါ်ငြိမ်သက်စွာလဲလျောင်းနေသည်ကိုတွေ့လိုက်ရသည်။ အိပ်ရာပြောင်းပြီးဖြစ် ကာ သူမသည်လည်း ဟိုတယ်၏ညဝတ်ဂါဝန်အဖြစ်အဝတ်အစားလဲပြီးဖြစ်သည်။
ဟန်ရှင်းယန်သည် ရှန်းချူးချူးမျက်မှောင်ကြုတ်နေသည်ကု မြင်လိုက်ရပြီး သူမကိုနှစ်သိမ့်ရန် မသိစိတ်က သူ့လက်ကိုဆန့်ထုတ် လိုက်မိသည်။ ထို့နောက် တစ်ခုခုတွေးပြီး သူ့လက်ကိုပြန်ဆွဲယူလိုက်သည်။ သူ့လက်များက စောင်ရှိရာမှာရပ်တန့်သွားပြီး ရှန်းချူးချူးဆီသို့ ဆွဲတင်ပေးလိုက်သည်။
သူ့ လက်ကိုမြှောက်ပြီးအချိန်ကိုကြည့်လိုက်ရာ ည ၁၀ နာရီကျော်နေပြီဖြစ်သည်။ သူ မျက်မှောင်ကြုတ်ကာ သူ့ကွန်ပြူတာဘေးမှာ မရှိသဖြင့် ယနေ့ည စောစောအနားယူနိုင်မည်ဟုတွေးလိုက်သည်။
ဟန်ရှင်းယန် စောင်တစ်ထည်ကိုယူရန်ဗီရိုသို့သွားခဲ့သော်လည်း ဗလာဖြစ်နေကြောင်းတွေ့ရှိခဲ့သည်။ ထို့နောက် ကုတင်ပေါ်မှ စောင်လဲထားကြောင်းသတိပြုမိပြီး ရှန်းချူးချူးသည်စောင်အပိုအားသုံးနေပြီဖြစ်သည်။
ထို့နောက် ဟိုတယ်အတွင်းအသုံးမပြုရသေးသည့် စောင်များရှိ၊မရှိ တွေးတောကာမျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွင်၊ ဟန်ရှင်းယန်သည် ယနေ့ည ဆိုဖာပေါ်စောင်မသုံးဘဲနေရန်ဆုံးဖြတ်ခဲ့သည်။ အခန်းထဲလေအေးပေးစက်၏အပူချိန်အတော်မြင့် နေသဖြင့် သူ့ဂျာကင်အင်္ကျီသူဝတ်ကာဆိုဖာပေါ်အိပ်လိုက်သည်။
နောက်တစ်နေ့တွင် ရှန်းချူးချူးသည် ခေါင်းပေါက်လုမတတ်ဝေဒနာဖြင့်လန့်နိုးလာခဲ့သည်။ သူမသည် သုံးစက္ကန့်ကြာအေးခဲသွား ပြီး မနေ့ကအဖြစ်အပျက်ကိုအမှတ်ရလိုက်သည်။ ဆေးကြောင့် သူမအောင်မြင်ခဲ့ဘူးလား ?
ရှန်းချူးချူးသည် အနည်းငယ်ပူလာသည်ဟုခံစားလိုက်ရသဖြင့် စောင်အောက်မှလက်ကိုထုတ်ယူလိုက်သည်။ သူမဝတ်ထားသည် ကိုကြည့်ရသည်မှာ ဟိုတယ်၏ညဝတ်ဂါဝန်ဖြစ်မည်မှာသေချာသည်။ ထို့နောက်တော့ ဘေးဘီတစ်ချက်ကြည့်လိုက်ရာ ကုတင်ကြီး ပေါ်မှာ သူမတစ်ယောက်တည်းရှိနေမှန်းသိသာသည်။ ထိုအချိန် မျက်ရည်များမထိန်းနိုင်ဘဲ စီးကျလာတော့သည်။
အစတော့ သူမတိတ်တဆိတ်ငိုကြွေးလိုက်ပြီး နောက်စက္ကန့်ပိုင်းအတွင်းမှာပင် အော်ငိုသံအဖြစ်သို့ပြောင်းလဲသွားသည်။ သူမ၏ ငိုသံသည် ဝမ်းနည်းပူဆွေးနေပြီး နားထောင်သူတိုင်း မျက်ရည်မကျဘဲမနေနိုင်အောင်ထိန်းမနိုင်သိမ်းမရဖြစ်စေသည်။
ဟန်ရှင်းယန်သည် ငိုသံကြောင့်လန့်နိုးလာခဲ့သည်။ ငိုသံလား ? တစ်ခုခုလား ? သူ သေချာမသိပေမယ့် သူ့ခေါင်းသည် ငရဲလိုနာကျင် နေပြီး သူ့တစ်ကိုယ်လုံး ပွက်ပွက်ဆူနေသလိုခံစားလိုက်ရသည်။
သို့သော် သူမအား လှမ်းမနှစ်သိမ့်ဘဲမနေနိုင်ပေ။
“မငိုနဲ့တော့၊ ငါ မင်းကိုတာဝန်ယူမယ်။"
ရှန်းချူးချူး ငိုကြွေးနေရင်း မထင်မှတ်ဘဲ အက်ရှသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။