အခန်း (၃၀)
Vol. 3 Ch. 30
ရိုးသားစွာပြောရလျှင် ရှန်းချူးချူး၏ တက္ကသိုလ် လေးနှစ်တာ ကာလသည် ရိုးရှင်းခဲ့သည်။ သူမသည် အလွန်လှပသော်လည်း လှပသောအမျိုးသမီးတစ်ဦးတွင်ရှိသင့်သည့် အထူးအခွင့်အရေးများကို မခံယူရချေ။ အကြောင်းပြချက်သည် ရှန်းချူးချူးသည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် Imperial Finance Departmentမှ ဝင်ခွင့်ပေးလိုက်သောကြောင့်ဖြစ်သည်။
သို့သော် လူသိများသော တက္ကသိုလ်တစ်ခုနှင့် နိုင်ငံအတွင်း လူသိများသော ပရော်ဖက်ရှင်နယ်တစ်ဦးအနေဖြင့် ရှန်းချူးချူး၏အဆင့်သည် သိသိသာသာ မလုံလောက်ချေ။ သူ(မ)သည် သာမာန်စာမေးပွဲများကိုပင် ဖြေဆိုရန် အလွန်ခက်ခဲသည်။ သူ(မ)သည် ပထမနှစ်ဝက်တွင် သင်တန်းလေးခုကို သူ(မ)သည် အတန်းချိန် ၄ ခုအား လိုက်မမှီပဲ အခန်း၁၀ခုနီးပါးကို နားမလည်ခဲ့ချေ။ သူ(မ)သည် အတန်းတွင်းရှိ အတန်းဖော်များအား စာမေးပွဲကိစ္စများကို ရှင်းပြရန် နှစ်ကြိမ်တိုင်တိုင် အကူအညီတောင်းခဲ့သည်။
ထို့ကြောင့် ကောလိပ်လေးနှစ်တာတွင် သူ(မ)၏ အချိန်အားလုံးကို စာအုပ်များဖြင့်သာ ကုန်ဆုံးခဲ့ရသည်။ အခြားသူများ အလွယ်တကူဖြေဆိုနိုင်သော စာမေးပွဲများကို သူ(မ)အချိန်များစွာ သုံးခဲ့ရသည်။ အခြားသူများ အချစ်ဆိုသည့်အကြောင်းကို လေ့လာနေချိန်တွင် သူ(မ)သည် စာကိုသာ ဖိလုပ်ခဲ့ပြီး အခြားသူများ ရှော်ပင်ထွက်သည့်အခါ သူ(မ)သည်တော့ စာသင်နေတုန်းပင်။ သူ(မ)သည် ကောလိပ် ကျောင်း သားတစ်ယောက်၏ဘ၀ကိုပင်မဖြတ်သန်းခဲ့ရချေ။
ရှန်းချူချူသည် ယခင်က သူရွေးချယ်ထားခဲ့သည် အလုပ်လမ်းကြောင်းကို အလွန်မုန်းတီးပေသည်။ အခြားလူများအား နာမည်ကြီး ငွေရေးကြေးရေးလမ်းကုမ္ပဏီတစ်ခုမှ လက်ခံလိုက်သည့်အခါ၊ နိုင်ငံ ခြားမှ ကမ်းလှမ်းချက်ကိုရရှိသည့်အခါ၊ Ivy League ကျောင်းကို တက်ကြသည့်အချိန်တို့တွင် သူ(မ)ကိုတော့ အသေးစားနှင့် အလတ်စားလုပ်ငန်းကသာလာရောက်ကမ်းလှမ်းသဖြင့် တုန်လှုပ်သွားခဲ့သည်။ ထိုသည်မှာလည်း တစ်ဖက်လူသည် သူ(မ)၏ အရည် အချင်းကြောင့် ရွေးချယ်ခြင်းမဟုတ်ဘဲ သူ(မ)၏ ကျောင်းကြောင့်ဖြစ်သည်။ သူ(မ)သည် ငွေရေးကြေး ရေးဆိုင်ရာ ဗဟုသုတများကိုသိသော်လည်း ဘယ်လိုအသုံးချရမလဲမသိချေ။
ထို့ကြောင့် ရှင်းမျန့်မှ သူ(မ)အား လာရှာသောအခါ သူ(မ)လည်း သဘောတူရန် တွန့်ဆုတ်မနေခဲ့ချေ။ ထို့နောက် တစ်စုံတစ် ယောက်သည် သူ(မ)၏ အနာ ဂတ်ရည်မှန်းချက်ကိုမေးလာပါက 'ကျွန်မက စတားဖြစ်ချင်တာ' ဟု စိတ်လိုလက်ရဖြေနိုင်ခဲ့သည်။
ပြတ်သားစွာပြောရပါက ထိုသည်မှာ လွတ်မြောက်မှုတစ်ခုပင်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် သူ(မ)အား အခြားလမ်းကြောင်းကို ရွေးချယ်ခွင့်ပြုလျှင်လည်း သူ(မ) ရွေးချယ်ရန် တွန့်ဆုတ်နေမည်မဟုတ်ချေ။ သူ(မ)သာ ငွေရေးကြေးရေးအသိုင်း အဝိုင်းမှလွတ်မြောက်နိုင်သရွေ့ မည်သည့်နယ်ပယ်တွင် ရှင်သန်ရသည်ဖြစ်စေအဆင်ပြေသည်။
ယခုအချိန်တွင် ရှန်းချူးချူးသည် Dot mediaသို့ဝင်ရောက်ကြည့်ရှုလည်း အဆင်ပြေမည်ဟု ထင်မိသော ကြောင့် ထိုထဲသို့ ၀င်ကြည့်လိုက်ရာ ယခင်အတန်း ဖော်များမှာ စိတ်အားထက်သန်စွာ ပြောဆိုနေသည်ကိုတွေ့လိုက်သည်။ သူ(မ)သည် အောင်မြင်မှုတစ်ခုကို မရသေးသဖြင့် ၎င်းတို့နှင့်အတူ မပျော်ရွှင်နိုင်သေးချေ။
သူ(မ) မသွားဘူးဟု စိတ်ဆုံးဖြတ်ထားသော်လည်း လူတိုင်းသည် သူ(မ)အကြောင်းကိုပြောနေကြသည်။
ဝမ်ကျင်း : ရှန်းချူးချူးက အခုဆိုရင် ကြယ်ပွင့်ဖြစ်နေပြီလို့ ငါကြားတယ်၊ သူ့မှာ အချိန်ရောရှိပါ့မလား..
ချန်စန်: သူလာပါ့မလား၊ လာပါစေ... ကျေးဇူးပြုပြီး လာပါစေ၊ ငါတို့ရဲ့ အတန်းထဲကပန်းလေးမရှိရင် စိတ်ပျက်ဖို့ကောင်းမှာ...
ရှန်းချူးချူးသည် အဖွဲ့အတွင်းရှိ စာများကို အချိန်ကြာရှည်စွာ ပိတ်ဆို့ထားခဲ့သည်။ သူ(မ) အမှန်တကယ်မသွားချင်ပေ။ သူ(မ) ၎င်းတို့နှင့် တွေ့ပါက ဘာပြောရမှန်း မသိချေ။ ၎င်းတို့သည် ဘွဲ့ရပြီးက တည်းက ဝေးကွာသွားကြသဖြင့် ၎င်းတို့ကြားရှိ အကွာအဝေးသည် ပိုဝေးကွာလာခဲ့သည်။
ရှန်းချူးချူးသည် အကခန်းထဲတွင် ခြေထောက်များကို နှိပ်နယ်နေရင်း ကောင်းထျန်းယု၏ဖုန်းဝင်လာသည်။
"ချူးချူး ဒီအပတ်မှာ အတန်းသားဟောင်းတွေနဲ့ ပြန်ဆုံဖို့ အချိန်ရှိလား"
ရှန်းချူးချူးသည် ခဏမျှ တုံ့ဆိုင်းသွားပြီး "ငါ့မှာ အချိန်မရှိဘူးလို့ ထင်တယ်၊ ငါ ဒီအပတ် ကာယသင်တန်းလည်း တက်ရဦးမယ်၊ နောက်လကျရင်..."
သူ(မ) စကားမဆုံးခင် ကောင်းထျန်းယုသာ် ရယ်လျက်ပြောလာသည်။
"ချူးချူး... အတန်းဖော်တွေက အတူတူစားကြ၊ သောက်ကြလောက်ပဲ လုပ်မှာပါဟာ၊ မြို့တော်မှာ အတန်းဖော်တွေ များများစားစား မရှိဘူး၊ ငါတို့ အားသလောက်လေး လိုက်စုတာ လူဆယ်ယောက်လောက်ပဲ လာမယ်လို့ကြားတယ်၊ ပြီးတော့ ပရိုဂရမ်မာကြီးကလည်း နင်လာမလားမေးနေတာနဲ့ ငါလည်း လာမှာလို့ဖြေလိုက်မိတယ်၊ နင် ငါ့ကိုမျက်နှာမပျက်စေချင်ဘူးတော့ မဟုတ်လား"
ရှန်းချူချူသည် ပရိုဂရမ်ကြီးဟူသော နာမည်ကို ကြားလိုက်ရသောအခါ အနည်းငယ်ထိတ်လန့်သွားသည်။
ထိုလူမှာ ချန်းရွမ်ဖြစ်ပြီး သူတို့အတန်း၏ **** ယောက်ျားဖြစ်ကာ ၎င်းတို့ဌာနတစ်ခုလုံးပင်ဖြစ် သည်။ ၎င်းသည် အလွန်ထူးချွန်ကာပညာရေးတွင်လည်း ထူးချွန်ပြီး အကျင့်စရိုက်မှာ ခွတီးခွကျနိုင်သော်လည်း ဝတ္ထုထဲတွင်ဆိုပါက အမျိုးသားဇာတ် ဆောင်တစ်ယောက်အတိုင်းပင်။ ရိုးရိုးသားသားပြောရလျှင် ရှန်းချူးချူးလည်း ၎င်းအပေါ် မျက်မှုန်းကျိုးသလို ၎င်းသည်လည်း သူ(မ)ကိုမျက်မှုန်းကျိုးသည်။
သူ(မ)မျက်မုန်းကျိုးရသည့် အကြောင်းအရင်းမှာ သူ(မ)သည် သင်ယူမှုကို မနှစ်သက်သောကြောင့်ဖြစ်သည်။
သူ(မ)သာ ၎င်းကြောင့် စာမေးပွဲတချို့ကို ဖြေနိုင်မည်ဟုကြိုသိခဲ့ပါက ထိုမျှလောက် ရိုင်းစိုင်းခဲ့မည်မဟုတ်ချေ။
"ဒါဆို ငါစဉ်းစားလိုက်..."
ရှန်းချူးချူးသည် ထိုသည်ကို ဆင်ခြေအဖြစ်ယူချင်ကြောင်း ကောင်းထျန်းယုလည်းသိပုံရသည်။ "ဘာကိုစဉ်းစားမှာလဲ? မစဉ်းစားနဲ့! ဆုံးဖြတ်လိုက်ရုံပါပဲ၊ ငါပရိုဂမ်မာကြီးကို ပြောလိုက်မယ်။" ထိုသည်ကိုပြောပြီးသည်နှင့် ကောင်းထျန်းယုသည် ဖုန်းချသွားသည်။
နင်ပဲအစတုံးက ပြောပြီးပြီဆို အခုမှ ဘာကိုသွားပြောလိုက်ဦးမယ်တဲ့လဲ?!!
သို့သော် ရှန်းချူချူ၏ တက္ကသိုလ် အတန်းဖော်များကို တွေးတောရင်း သူ(မ) နှလုံးသားသည် မငြိမ်သက်ဖြစ်နေသည်။ သူ(မ) ညနေ တိုက်ခန်းကို ပြန်ရောက်သည့်အခါ စနေနေ့တွင် ဝတ်မည့် အဝတ်အစားကို ရွေးချယ်တော့သည်။ ပခုံးပေါ်တဲ့ ၀တ်စုံ ? ဟင့်အင်း.. တချို့နေရာတွေက အရမ်းပေါ်လွန်းနေတယ်၊ အနီရောင်ဝတ်စုံ ? မဖြစ်သေးဘူး.. အရမ်းလှနေသေးတယ်။
ထိုမျှ အမျိုးမျိုးစီစစ်ရွေးချယ်နေသော ရှန်းချူချူသည် စနေနေ့တွင် ဂျင်းဘောင်းဘီတိုနှင့် အဖြူရောင်အကျီကိုသာ ၀တ်ဆင်လိုက်သည်။ သူ(မ)မျက်နှာတွင် မိတ်ကပ်အနည်းငယ်ရှိပြီး ပခုံးအရှည်တစ်ဝက်ကို မြင်းမြီးကဲ့သို့ ချည်ထားသောကြောင့် တက်ကြွလန်းဆန်းနေပုံရသည်။ သူ(မ)သည် အတန်းထဲတွင် အေးဆေးစွာသာနေတက်သောကြောင့် အလွန်မျက်စိမဖမ်းစားချေ။
ဝမ်ချမ်သည် ရှန်းချူးချူး၏အသွင်အပြင်ကိုမြင် သည်နှင့် ချီးကျူးလာခဲ့သည်။
"ဘော့စ် မင်းကြည့်ရတာ အထက်တန်းကျောင်းသူလေးအတိုင်းပဲ"
ရှန်းချူးချူးသည် အနည်းငယ် ထိတ်လန့်စွာမေးလိုက်သည်။
"အရမ်းလှနေတာလား"
ဝမ်ချမ်သည် ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ အရမ်းကြည့်ကောင်းတာပဲ"
ထိုစကားကိုကြားမှ ရှန်းချူးချူး စိတ်သက်သာရာရသွားသည်။
ရှန်းချူးချူးသည် သတ်မှတ်ထားသော နေရာသို့ တက္ကစီစီးသွားပြီးနောက် ဧည့်ခန်းထဲတွင် ကောင်းထျန်းယု စောင့်နေသည်ကို တွေ့လိုက်ရသည်။
ကောင်းထျန်းယု၏ မျက်လုံးများသည် ရှန်းချူးချူးကိုမြင်သောအခါ တောက်ပသွားပြီး "ချူးချူး.. နင်က တကယ့်ကို ပိုလှလာတာပဲ၊ ငါတို့အတန်းထဲက ပန်းလေးပီသပါတယ်"
၎င်း၏စကားကြောင့် ရှန်းချူးချူး မည်သို့တုန့်ပြန်ရမှန်းမသိချေ။
ကောင်းထျန်းယုသည် ရှန်းချူးချူးကို စိုက်ကြည့်ပြီး ပြုံးကာ "လာ.. လူနည်းနည်းတော့ရောက်နေပြီ၊ နှစ်ယောက်ပဲမရောက်သေးလို့ ငါ စောင့်နေတာ"
ရှန်းချူးချူးသည် ခေါင်းညိတ်ပြီး အပေါ်ထပ်သို့ တိတ်တဆိတ် တက်လာခဲ့သည်။
သူ(မ) တံခါးကို တွန်းဖွင့်လိုက်သောအခါ မူလ ဆူညံနေသော အခန်းသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ မကြာသေးခင်က စကားပြောနေသည့်သူများမှာလည်း ပါးစပ်ပိတ်သွားကြပြီး ရှန်းချူးချူးထံသို့ အကြည့်များစုပြုံထာသောကြောင့် သူ(မ)အား အေးခဲသွားစေခဲ့သည်။
ပထမဆုံး စကားပြောလာသည်မှာ မိန်းကလေးဖြစ်လသည်။ ရှန်းချူးချူးသည် ထိုမိန်းကလေးကို မှတ်မိသည်။ ၎င်းသည် အတန်းထဲတွင် နာမည်ကြီးပြီး ၎င်း၏နာမည်မှာ ဝမ်ကျင်းဖြစ်သည်။
"ငါတို့ရဲ့ ကြယ်ပွင့်ကြီးလာပြီ! လာလာ ငါ့ဘေးမှာထိုင်... ပြီးတော့ ဒီမှာ မိန်းကလေးနှစ်ယောက်ပဲရှိတယ်၊ တခြားဘယ်သူမှလည်း ရောက်မလာကြဘူး"
တခြားသူများသည်လည်း ထိုအခါမှ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ကြတယ်- "မတွေ့တာကြာပြီနော်၊ ငါတို့ အတန်းထဲက ပန်းလေးက ပိုပိုပြီးလှလာတာပဲ"
ထိုနေရာတွင် ကြင်နာတက်ဟန်ရှိသည့်လူမှာ- "မင်းတို့က သူ့ကို မမြင်ဖူးပေမယ့် ငါတော့ နေ့တိုင်းမြင်ဖူးတယ်"
ရှန်းချူးချူးသည် ထိုင်လိုက်ပြီး ထိုစကားကြားတော့ စကားပြောလာသည့် ကောင်လေးကို စူးစိုက်ကြည့်လိုက်သည်။ ရိုးသားစွာပြောပါက သူ(မ)တို့ အတန်းထဲတွင် အတန်းဖော် 18 ယောက်သာရှိသော်လည်း ရှန်းချူးချူး နာမည်မှတ်ထားသည့်လူများမှာ သိပ်မရှိချေ။ သို့ဖြစ်ရာ သူ(မ)သည် စိတ်ထဲတွင် ၎င်းတို့အား သင်ယူခြင်းနတ်ဘုရားများဟု တိတ်တဆိတ်မှတ် ထားသည်။
သို့သော် သူ(မ)နေ့တိုင်း သင်ယူပါစေ မမှတ်မိချေ။
ထိုလူမှာ ပြုံးလျက်ဆက်ပြောသည်။
"ဒါပေမယ့် တကယ့်လူတော့မဟုတ်ဘူး၊ အဲဒါက စခရင်ပေါ်ကပဲ၊ ငါတို့ကုမ္ပဏီရုံးအဆောက်အဦးရဲ့ ဆန့် ကျင်ဘက်မှာ ဗဟိုဌာနစတိုးတစ်ခုရှိတာ မဟုတ်လား၊ အဲ့မှာ လက်ဝတ်ရတနာကြော်ငြာတစ်ခုကို နေ့တိုင်း ထုတ်လွှင့်နေပြီး အဲ့ရတနာကြော်ငြာတဲ့သူက ရှန်းချူးချူးလေ"
ဤနေရာရှိ လူအများစုသည် ဖျော်ဖြေရေးလောက၏ ကိစ္စနှင့် ပတ်သက်၍ အလေးထားလေ့မရှိပေ။ ၎င်းတို့သည် ရုပ်ရှင်များတွင် မကြာခဏ ပေါ်လာလေ့ရှိသော ဇာတ်ဆောင်များ၊ လူတိုင်းနှင့် ရင်းနှီးသော ဇာတ်ဆောင်များအပြင် အခြားနာမည်ကြီးများကိုသာသိကြသည်။
ထို့ကြောင့် ရှန်းချူးချူး၏ ဖျော်ဖြေရေးလောကရှိ အကြောင်းကို လုံး၀မသိကြချေ။ ၎င်းတို့သည် လက်ဝတ်ရတနာ ကြော်ငြာရိုက်သည်ဟု ကြားလိုက်ရုံနှင့် သူ(မ)မှာ အလွန်ထူးချွန်သည်ဟု ထင်မြင်မိကြသည်။
အထူးသဖြင့် ဝမ်ကျင်းသည် ထိုသတင်းကိုကြားပြီးနောက် ပြုံးရွှင်ကာ "တကယ်လား ချူးချူး၊ နင်က တကယ့်ကို အံ့သြဖို့ကောင်းလိုက်တာ၊ ငါ အဲ့တာကို သွားဝယ်တဲ့အခါ ဒါက ငါ့အတန်းဖော်ရဲ့ ကြော်ငြာလို့ တခြားသူတွေကို ပြောရမယ်"
"ငါလည်း အဲ့ဒါက အတန်းဖော်လို့ နေ့တိုင်းပြောဖူးတယ်၊ ငါ့လုပ်ဖော်ကိုင်ဖက်တွေဆိုရင် ငါ့မှာ ဒီလိုရုပ်အရမ်းလှတဲ့ အတန်းဖော်ရှိလို့ မနာလိုနေကြတာလေ"
ရှန်းချူးချူးသည် နတ်ဘုရားများ၏ ချီးမွမ်းသံကို ကြားလိုက်ရသောကြာင့် သူ(မ)မျက်နှာမှာ ပိုနီရဲလာသည်။သူ(မ)သည် နတ်ဘုရားများ၏ ချီးမွန်းမှုကို ကြားရမည်ဟုမမျှော်လင့်ထားချေ။ သူ(မ) မျက်လုံးထဲတွင် ၎င်းတို့သည် လက်လှမ်းဝေးလှသည်။
သူ(မ)သည် နှိမ့်ချစွာ ပြန်ပြောလိုက်သည်။ - "မဟုတ်ပါဘူး.. ငါက အဲ့လောက် အံဩဖို့ကောင်းနေတာ မဟုတ်ပါဘူး၊ ငါကအခုမှ လူသစ်ပဲရှိသေးတော့ ထွေထွေထူးထူးမရှိဘူး"
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ထပ်မံ၀င်လာပြီး- "အို.. ဒါ သရုပ်ဆောင်တာပဲလေ"
သူ့စကားသံထွက်လာသောအခါ တစ်ခန်းလုံးတိတ် ဆိတ်သွားပြန်သည်။
ရှန်းချူးချူး၏ အပြုံးသည် သူ(မ)မျက်နှာပေါ်တွင် ပျောက်ကွယ်သွားကာ ဤတစ်ကြိမ်တွင် သူ(မ)ဘက်မှဖော်ဖော်ရွေရွေဆက်ဆံရမည်ဖြစ်ကြောင်းသိသည်။ ပရိုဂရမ်မာဆိုသူသည် သူ(မ) ဘွဲ့ရအောင် သင်ပြပေးသူပင်။ သို့သော် သူ(မ)နားမလည်သည်မှာ ထိုလူသည် အဘယ့်ကြောင့် သူ(မ)အား အထူးတလည် မေးမြန်းရသနည်း။ သူ(မ) ဒုတိယနှစ်ကျောင်းသူအရွယ်တွင် ၎င်းသည် မီးဖို မည်သို့ဖွင့်ရမည်ဟူသော အတန်းတစ်ခုကို သင်ပေးခဲ့သည်။ သူ(မ) ကျောင်းတက်သော နှစ်များတွင် သူ(မ)သည် အလွန်အေးစက်စွာနေတက်ပြီး သူ(မ)ကိုယ် သူ(မ)အဘယ့်ကြောင့် အေးစက်စက်နေရသည်ကိုမသိချေ။
ကောင်းထျန်းယုသည် ၎င်းမှာ သူ(မ)အကြောင်းမေးသည်ကို ကြားချိန် မည်သို့မှ စိတ်ကိုမငြိမ်သက်နိုင်ချေ။
အချို့သူများသည် ၎င်း၏ စကားကို သဘောမတူကြသော်လည်း ဘာမှကြချေ။ ၀မ်ကျင်းသည် ရှန်းချူးချူး၏ ဆိုးရွားနေသော အမူအရာကိုမြင်ချိန် စကားလမ်းကြောင်းလွှဲလိုက်သည်။
"လက်ဝတ်ရတနာက ဘာတံဆိပ်လဲ၊ ငါ နောက်နေ့ကျရင် သွားဝယ်မလို့"
ရှန်းချူးချူးသည် ဝမ်ကျင်း၏အသံကိုကြားပြီးနောက် သူ(မ)ကို ကျေးဇူးတင်စွာ စိုက်ကြည့်ပြီး
"အဲ့ဒါ Han Group လက်အောက်က နားကပ်လေ"
လူတိုင်းသည် Han Groupဟု ကြားလိုက်သည်နှင့် ပြောစရာစကားများစွာရှိလာသည်။ ထိုထဲတွင် Han Group၏ စတော့ရှယ်ယာနှင့် အနာဂတ်အကြောင်းများကိုလည်း မေးခွန်းများဖလှယ်ကြသည်။ ထိုအရာများသည် ရှန်းချူချူအား နာကျင်စရယ အမှောင်ကျသော ကျောင်းသားဘ၀သို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
ရှန်းချူးချူးသည် အစားစာနေရင်းနှင့် ၎င်းတို့၏ စကားကြောင့် ခေါင်းမူးရုံသာမက ဗိုက်ပင်နာလာရသည်။
ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေး စသည်တို့နှင့် ပတ်သက်သည့် ပြဿနာများအားလုံးသည် သူ(မ)၏ လေးနှစ်သားအရွယ် ကိုယ်ပေါ်သို့ ဖိမိသကဲ့သို့ သူ(မ)၏ နှလုံးခုန်နှုန်းများကိုပင် မြန်ဆန်လာစေသည်။ သူ(မ)သည် နောင်တွင် ထိုကဲ့သို့ တွေ့ဆုံပွဲမျိုးကို ဘယ်တော့မှ လာမည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။
ရှန်းချူးချူးသည် ၎င်းတို့နှင့် စကားဆိုဖို့ မစွမ်းသာသည့်အခါ ကျောင်းသားများ၏အိမ်ထောင်ရေးစနစ်ကိုသာ ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ သူ(မ)သည် တစ်ရက်တွင် တစ်ဒါဇင်သာ ကြည့်ရှုနိုင်သောကြောင့် ပိုမိုရင်းနှီးသူ အနည်းငယ်ကို ကြည့်ရန် ရွေးချယ်ခဲ့သည်။
သူ(မ)ရွေးချယ်သည့် ပထမတစ်ယောက်သည် သူ(မ)ကြည့်၍မရသော စုံစမ်းရေးချုပ်ခေါ်ပရိုဂရမ်မာကြီး၏ အိမ်ထောင်ရေးစနစ်ဖြစ်သည်။ အတိုင်ပင် ခံချန်းသည် သူ့အနာဂတ်ဇနီးသည်နှင့် သုံးနှစ်အကြာတွင် လက်ထပ်တော့မှာဖြစ်ပြီး ရှန်းချူးချူး ထိုသည်ကိုလုံး၀စိတ်မဝင်စားချေ။
ထို့နောက် သူ့ဘေးတွင် ထိုင်နေသော ဝမ်ကျင်းကို ကြည့်လိုက်သည်။
ဝမ်ကျင်း၏အိမ်ထောင်ရေးသည် အနည်းငယ် ကြမ်းတမ်းသည်။ သူ(မ)တွင် စုစုပေါင်းအိမ်ထောင်နှစ်ခုဖြစ်ပြီး ပထမအိမ်ထောင်သည် မြန်ဆန်သော လက်ထပ်ခြင်းဟု သတ်မှတ်သင့်သည်။ ၎င်း၏ ပထမခင်ပွန်းနှင့် မေလတွင် တွေ့ဆုံခဲ့ပြီး သြဂုတ်လတွင် လက်ထပ်ကာ နိုဝင်ဘာလတွင်ကွာရှင်းခဲ့သည်။ ကွာရှင်းရသည့် အကြောင်းရင်းမှာ ခင်ပွန်းဖြစ်သူသည် အချစ်ဦးနှင့် ထပ်မံတွေ့ဆုံသောကြောင့်ဖြစ် သည်။
ရှန်းချူးချူးသည် စနစ်ပေါ်ရှိ မင်္ဂလာအချိန်ကို ကြည့်ပြီး ၎င်း၏ပထမဆုံးအကြိမ်လက်ထပ်မှုသည် သုံးရက်ခန့်သာလိုတော့သည်ကို အံ့သြစွာတွေ့ရှိခဲ့သည်။