← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

သရုပ်ဆောင်သင်တန်းဆရာက ခေါင်းခါလိုက်ရင်း ချန်းချီလီကိုလေ့ကျင့်ရေးခန်းသို့ ခေါ်ဆောင်သွားကာ လက်ရှိလေ့ကျင့်ခန်းဆင်းနေသော ရှန်းချူးချူးကို ညွှန်ပြလိုက်သည်။

"မဟုတ်ဘူး သူမရဲ့ပါရမီက သာမန်ပဲ။ ဒါပေမယ့်အရမ်းအလုပ်ကြိုးစားတယ်။ တကယ်လို့ ငါက သူ့အချိန်ဇယားမှာ တစ်ခုခုထပ်မစီစဉ်ပေးရင်တောင် သူ့ ဘာသာလုပ်ဖို့ စီစဉ်‌လိမ့်မယ်။"

ချန်းချီလီ ခေါင်းငြိမ့်လိုက်ရင်း

" ဒါဆိုလဲ သူ့အရှိန်ကိုလိုက်ပြီး‌ ရှင်အဆင်ပြေသလိုလုပ်ပါ။ "

တစ်ရက်မှာ ရှန်းချူးချူး သူမရဲ့ လေ့ကျင့်ခန်းများကိုပင်ပန်းသော်လည်း ပျော်ရွှင်စွာဖြင့် လေးလေး နက်နက်လုပ်နေစဉ် ကျိုးရှောင်းယာတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့်လာပြောခဲ့သည်။

" ချူးချူး ငါ အခုချိန်းတွေ့နေပြီ၊ နင် ပြောတာတကယ်မှန်တယ်၊ ကျေးဇူးပါနော်။"

ရှန်းချူးချူး အပြုံးနှင့်ခေါင်းလေးငြိမ့်ကာပြောလိုက်သည်။

"နင်က လှတယ်လေ။ ဒါကြောင့်တစ်ယောက် ယောက်နဲ့ ချိန်း‌တွေ့တာ ပုံမှန်ပါပဲ။ နင့်ကောင်လေးက နင်နဲ့အတူရှိဖို့ ကံကြမ္မာကသတ်မှတ်ထားတဲ့သူဖြစ်နိုင်တာကြောင့် အသေအချာဖမ်းဆုပ်ထားရမယ်နော်။"

ကျိုးရှောင်းယာ ထိုစကားကိုကြားပြီးနောက်အလေး အနက်ခေါင်းငြိမ့်လိုက်သည်။

ရှန်ချူးချူး သူမကိုကံကောင်းစေဖို့ ဆုတောင်းပေးလိုက်ပြီး သင်တန်းရှိရာသို့ထွက်သွားခဲ့သည်။

ထိုအချိန်မှာပဲ ချန်းချီလီတစ်ယောက် ခန်းမဆီသို့ ရောက်လာခဲ့သည်။ ဧည့်ကြိုကောင်တာ၌ပစ္စည်းတစ်ခုလက်ခံရရှိဖို့ရှိတာကြောင့်ပင်။ ပစ္စည်ယူရင်း အမှတ်မထင်မေးလိုက်သည်။

"နင်အခု တစ်ယောက်ယောက်နဲ့တွေ့နေတာလား ? နင့်အသားအရေတွေ ကောင်းနေတယ်နော် "

ကျိုးရှောင်းယာ ရှက်ကိုးရှက်ကန်းဖြေလိုက်သည်။

"အင်း အခုတလောလေးမှပါ"

ချန်းချီလီ ခေါင်းငြိမ့်လိုက်ပြီး အလေးမထားချင်ယောင်ဆောင်ရင်းဆက်မေးလိုက်သည်။

"ငါတွေ့သလောက်တော့ နင်နဲ့ ငါတို့ရဲ့လူသစ်လေး ရှန်းချူးချူးနဲ့ တော်တော်လေးဆက်ဆံရေးကောင်းတယ်နော် နင်တို့ အရင်ကတည်းကသိကြတာလား"

ကျိုးရှောင်းယာတစ်ယောက် သူမရဲ့အတွေးတွေထဲမှာနစ်မြုပ်နေရင်းပြန်ဖြေလာသည်။

"မဟုတ်ပါဘူး၊ ကျမတို့ဆ္ ရှန်ချူးချူးပထမဆုံး ဒီကိုလာတဲ့နေ့ကမှတွေ့ကြတာပါ။ ရှန်းချူးချူးက အံဩဖို့ကောင်းတယ်။ သူက ကံကြမ္မာလည်းဖတ်တတ်တယ်။ သူပြောတာက ကျမ တစ်လအတွင်း အချစ်ရေးကိစ္စပေါ်လိမ့်မယ်တဲ့၊ တကယ်မှန်တာပဲ အခုကျမ တစ်ယောက်ယောက်နဲ့တွေ့နေပြီလေ။ "

ချန်းချီလီဒါကိုကြားပြီးနောက် စာရေးနေတဲ့လက်တွေခဏရပ်သွားကာ မယုံကြည်ဟန်ဖြင့် သာမန်ပဲပြောလိုက်သည်။

"အိုးတကယ်လား အရမ်းအဲ့ဩဖို့ကောင်းတာပဲ ?"

ခန်းမထဲမှ ကိစ္စများပြီးပြီးနောက်  ချန်းချီလီ သူမ၏ ကိုယ်ပိုင်ရုံးခန်းဆီပြန်လာခဲ့သည်။ အဝေးမှပင် ယုယီထင်းတစ်ယောက် ရုံးခန်းအ၀င်မှာရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမတို့လမ်းခွဲခဲ့သည်မှာ ရက် ပိုင်းသာရှိသေးပြီး သူမဘက်ကစပြီးတောင်းဆိုခဲ့ခြင်းပင်။

သူမဆက်လျှောက်လာရင်း ယုယီထင်းရဲ့မျက်နှာအမူအရာကိုကြည့်ကာ ရိုးရိုးပဲမေးလိုက်သည်။

"နင် ငါ့ကို ရှာနေတာလား ? နင်တစ်ခုခုလိုတာရှိရင် နင့်မန်နေဂျာကိုရှာလေ။ ငါနင့်ကို ကျိုးမိန်လက် အောက်မှာပို့ထားပြီးသားပဲ သူ့ကို အရင်ရှာသင့်တာပေါ့။ ပြီးမှ သူ ငါ့ဆီ အကျိုးအကြောင်းလာပြောလိမ့်မယ်။ "

ယုယီထင်း လတ်တလောမှာ သိပ်ပြီးစိတ်ချမ်းသာမနေပေ။ ချန်းချီလီသည် သူ၏တောင်းဆိုမှုများကို ဆက်လုပ်မပေးတော့ဖို့ ဆုံးဖြတ်လိုက်ပြီးကတည်း က သူရနေကျအရင်းအမြစ်တွေ ရုတ်တရက်ကြီး ဆုံးရှုံးသွားပြီး အခြားမျက်နှာသစ်များနှင့် တန်းတူဆက်ဆံခံရသည်။ ယခင်က ချိုမြိန်သောအကျိုး အမြတ်များကို မြည်းစမ်းပြီးသောလူတစ်ယောက်အနေနှင့် ယခုလိုနေ့ရက်များကို သူ လုံး၀သည်းမခံနိုင်ချေ။ ထို့ကြောင့် မရနိုင်သည့်အဆုံး ချန်းချီလီကို လာတွေ့ဖို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။

"လီကျဲကျဲ ဘာလို့ အရမ်းတွေပြတ်သားနေရတာလဲ ? ငါ နင့်လက်အောက်မှာပဲ နေချင်သေးတာကို "

ချန်ချီလီ ခံစားချက်မဲ့စွာတစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

"ငါ နေ့တိုင်းအလုပ်များနေတာ။ ဒါကြောင့် အခု လူသစ်တွေကို ဆက်တာ၀န်မယူနိုင်တော့ဘူး။ ငါအရမ်းပင်ပန်းနေပြီ "

ယုယီထင်း ထိုစကားကိုကြားတော့ မျက်ခုံးတစ်ချက်ပင့်ကာ ချန်းချီလီကိုကြည့်လိုက်ရင်း

"ဒါပေမယ့် ကျဲ ဒီတလော လူသစ်တစ်ယောက်ကို တာ၀န်ယူထားတာမဟုတ်ဘူးလား ?"

ချန်းချီလီ ယုယီထင်းရဲ့အကြည့်ကိုရင်ဆိုင်လိုက်စဉ်ကိုးယိုကားယားမျက်နှာနှင့် ရှန်းချူးချူးကိုလှမ်းတွေ့လိုက်ရသည်။ သူမ ပြန်လှည့်၍ယုယီထင်းကို ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်က မတူဘူး၊ ဟုတ်သားပဲ မင်း လုပ်စရာရှိတာသွားလုပ်ပါ၊ မင်း ဘာကိစ္စမှမရှိရင် ဒိကိုမလာပါနဲ့"

သူမ ပြောပြီးသည်နှင့်အခန်း၀တွင် ရစ်သီရစ်သီလုပ်နေသော ရှန်းချူးချူးကိုနှုတ်ဆက်လိုက်သည်။

ရှန်းချူးချူး ယုယီထင်းကိုခေါင်းငြိမ့်ပြခဲ့ပြီး ချန်းချီလီနှင့်အတူ ရုံးခန်းထဲလိုက်သွားခဲ့သည်။

ရုံးခန်းအတွင်းတွင် ချန်းချီလီတစ်ယောက် ကုလား ထိုင်ပေါ် ထိုင်လိုက်ပြီး မျက်ခုံးနှစ်ခုကြားပင်ပန်းစွာနှိပ်နယ်နေသည်။ ရှန်းချူးချူးက သူမအခြေအနေကိုတစ်ချက်ကြည့်ပြီး ဘာပြောရမှန်းမသိဖြစ်နေလေသည်။ ချန်းချီလီနှင့် ယုယီထင်းတို့ လမ်းခွဲပြီးသွားပြီဖြစ်ပြီး ဖန်တီးသူမှာ သူမကလွှဲလို့မည်သူဖြစ်နိုင်မည်နည်း။

"ငါကြားတာ နင် ကံကြမ္မာဖတ်တတ်တယ်ဆို။ ငါ့ကို ဘယ်အချိန်အချစ်သစ်နဲ့တွေ့ရမလဲဆိုတာ ဘာလို့မတွက်ပေးတာလဲ ?"

စိတ်ကူးထဲမျောနေသော ရှန်ချူးချူးတစ်ယောက် ရုတ်တရက် ချန်းချီလီစကားများကြောင့် လက်တွေ့ဘ၀ကိုပြန်ဆွဲခေါ်ခံလိုက်ရသည်။ သူမ ချန်းချီလီကို ကြည့်ပြီးစိုးရိမ်တကြီးမေးလိုက်သည်။

"ရှင် ဘယ်သူ့ဆီကနေ ကျမအောင်သွယ်လုပ်နိုင်တယ်ဆိုတာကြားခဲ့တာလဲ ?"

ချန်းချီလီများ online ပေါ်ကနေ သူမဆိုတာ သိသွားတာလား ? ဒါ ဖြစ်မှ မဖြစ်နိုင်တာ...

"ဧည့်ကြိုဌာနက ကျိုးရှောင်းယာ"

သူမ ကျိုးရှောင်းယာ၏နာမည်ကိုကြားလိုက်ရမှသာ ရှန်းချူးချူးတစ်ယောက် သက်ပြင်းချနိုင်တော့ သည်။

"ဟုတ်တယ် ကျမအောင်သွယ်ပေးနိုင်တယ်၊ ဒါရိုက် တာချန် ကျမကို ရှင့်အတွက် တွက်ပေးစေချင်လား ?"

သူမ ချန်းချီလီခေါင်းပေါ်က အမဲရောင်အသဲပုံကို မှတ်မိနေပါသေးတယ်။ အဲဒါကြောင့်ပဲ သူမရဲ့ အတွေ့အကြုံရမှတ်တွေ အနုတ်ခံလိုက်ရတာလေ။ အကယ်၍များ ချန်းချီလီရဲ့ အသဲပုံကို အ‌ပြောင်းအလဲဖြစ်အောင် သူမကူညီပေးနိုင်ရင် အနုတ်ခံလိုက်ရတဲ့အမှတ်တွေ ပြန်ရလောက်မလား။

ချန်းချီလီ ရှန်းချူးချူးကို ကြည့်လိုက်တော့ သူမရဲ့ အတည်ပေါက်ကြီးနဲ့ မျက်နှာပေးကိုမြင်ပြီး

"မလိုတော့ဘူး၊ ငါ ဒီအတိုင်းပဲ မေးလိုက်တာ၊ ငါအဲ့လိုအရာတွေကို ဘယ်တုန်းကမှမယုံဖူးဘူး။ "

ရှန်ချူးချူး မရယ်မိအောင် မနည်းထိန်းလိုက်ရသည်။ ချန်းချီလီက မယုံပဲနဲ့များ ထောင်ပေါင်းပေါ်သွားလိုက်သေးတယ်ပေါ့လေ ပြီးတော့ သူမစကားတွေကိုယုံပြီး ယုယီထင်းကိုစစ်ဆေးဖို့လုပ်ခဲ့တာမဟုတ်ဘူးလား ??

"ကောင်းပြီ ဒီအကြောင်းထပ်မပြောကြရအောင်"

ချန်းချီလီ လေပန်းနေတာကိုရပ်လိုက်ပြီး အံဆွဲထဲမှ ဖိုင်တွဲတစ်ခုယူကာ ရှန်းချူးချူးကိုပေးလိုက်သည်။

"ရုပ်ရှင်ဒါရိုက်တာမာက ရှန်းရှန်စတူဒီယိုမှာ သူ့ရဲ့ရုပ်ရှင်ကားအသစ်ရိုက်နေတယ်။ အဲဒီမှာအမျိုး သမီးခဝါသည်အဖြစ် သရုပ်ဆောင်ရမယ့်ဇာတ်ရုပ်သေးသေးလေးတစ်ခုပါတယ်။ လတ်တလော နင်လေ့လာထားတာ ဘယ်လောက်တိုးတက်မှုရှိလဲစမ်းကြည့်လို့ရတယ်။ ဘာပိုက်ဆံမှတော့ရမှာ မဟုတ်ဘူး။ ဒါပေမယ့် နင်လဲ အဲ့လောက်ပိုက်ဆံလေးကိုခေါင်းထဲထည့်နေမှာမဟုတ်ဘူးလို့ ငါယုံတယ်။ "

မည်သို့ပင်ဆိုစေကာမူ လူတိုင်းသည် ရှန်ချူးချူး နှင့် ဟန်ရှင်းယန်တို့၏ဆက်ဆံရေးအား သိနေကြသည်မဟုတ်ပါလား ??

ရှန်ချူးချူး ရုပ်ရှင်ဒါရိုက်တာမာ၏အမည်ကိုကြား လိုက်သည်နှင့် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ ဒါ နာမည်ကြီးဒါရိုက်တာကြီးသုံးယောက်ထဲက တစ်ယောက်မဟုတ်ပါလား! သူ သူ့ရုပ်ရှင်များကြည့်ရင်း ကြီးပြင်းလာခဲ့ခြင်းပင်။ တစ်နေ့မှာ သူမကိုယ်တိုင် သူရိုက်တဲ့ရုပ်ရှင်မှာပါ၀င်ခွင့်ရလိမ့်မည်ဟု ဘယ် တုန်းကမှစိတ်မကူးမိခဲ့ချေ။

သို့သော် ထိုခံစားချက်သည် ချန်းချီလီ၏အဓိပ္ပာယ်အနည်းငယ်ပါ၀င်သော နောက်ဆုံးစကားကိုကြားပြီးနောက် တော်တော်ကြီးကျိုးပဲ့သွားရသည်။ သူမခံစားမိသလောက် တစ်ချို့အရာတွေကိုရှင်း ရှင်း လင်းလင်းလုပ်ဖို့လိုမည်ဟုပင်။

"ဒါရိုက်တာချန်း တကယ်တော့ ကျမနဲ့ CEOဟန်မှာ အဲလိုမျိုး ဆက်ဆံရေးမရှိပါဘူး။"

ချန်းချီလီ ထိုကိစ္စနဲ့ပက်သက်၍သိပ်ဂရုစိုက်မနေခဲ့ ချေ။

"မင်းနဲ့ CEO ဟန်က ဘယ်လိုဆက်ဆံရေးမျိုးလဲဆိုတာ ငါ စိတ်မ၀င်စားဘူး။ ကုမ္ပဏီကလည်းဂရုစိုက်မှာမဟုတ်ဘူး။ တကယ်လို့များ ယောင်္ကျားမိန်းမကိစ္စနဲ့ ပက်သက်တဲ့မကောင်းသတင်းတစ်ခု ထွက်လာရင်တောင် Han Group ဖက်ကပဲ ပိုပြီးဂရုစိုက်ရလိမ့်မယ်။ ဒါပေမယ့် အဲ့လို မကောင်းသတင်းမျိုးလဲမရှိပါဘူး။ "

ရှန်းချူချူး တစ်ယောက် ချန်းချီလီပြောတာကို နားထောင်ပြီးပြန်ပြောလိုက်သည်။

"အဲ့လိုသတင်းမျိုးမရှိပါဘူး ယောင်္ကျားမိန်းမကိစ္စနဲ့ပက်သက်တဲ့ မကောင်းသတင်းလည်း ..."

ချန်းချီလီ ရှန်းချူးချူးအားဖြတ်ပြောလိုက်သည်။

"အဲ့လိုကိစ္စမျိုးကို မင်း လူတိုင်းကို လိုက်ရှင်းပြနေဖို့ မလိုဘူး။ တစ်ခါတစ်လေ ကိစ္စတွေကမှန်သလိုလိုရှိပေမယ့် နားလည်ရခက်တဲ့နောက်ခံကြောင့်မှားသွားပြီး မင်းရဲ့အမှန်တရားကိုဖုံးကွယ်ချင်လို့ဆိုပြီးဖြစ်သွားရော"

ရှန်ချူးချူး ချန်းချီလီ၏စကားများကိုကြားပြီးနောက် တစ်ကိုယ်လုံးတုန်လှုပ်သွားပြီး သူမကိုမှင်တက်စွာငေးနေမိသည်။

"ကြည့်ရတာတော့ မင်း ငါဆိုလိုတာကိုနားလည်သွားပြီထင်တယ်"

ချန်းချီလီ စိတ်အေးသွားသောအသံဖြင့် ဆက်ပြောလာသည်။

"သုံးလသင်တန်းတွေလည်း အခုပြီးသွားပြီ။ ရုပ်ရှင်ကတစ်ပတ်အတွင်းစရိုက်လိမ့်မယ်။ ဒါကြောင့် မင်းဆန္ဒရှိရင် ကုမ္ပဏီကိုလာပြီး ဆက်လေ့လာနေလို့ရတယ်၊ ဒါပဲ နားမလည်တာတစ်ခုခုရှိ‌သေးလား ?"

ရှန်ချူးချူး သတိပြန်၀င်လာပြီး ခေါင်းရမ်းပြလိုက်သည်။

"မရှိတော့ပါဘူး။ ကျေးဇူးတင်ပါတယ် ဒါရိုက်တာချန်"

ချန်းချီလီ ခေါင်းငြိမ့်လိုက်သည်။

"အိုကေလေ၊ ဒါဆို မင်းသွားပြီး ကောင်းကောင်းပြင်ဆင်ထားပါ"

သူမ ရုံးခန်းထဲမှထွက်လာရင်း ရှန်ချူးချူးတစ်ယောက် ချန်းချီလီပြောသွားသည့် လူအကြောင်း စဉ်းစားနေမိသည်။ သူတို့ အဆက်အသွယ်မရှိခြ့သည်မှာ လွန်ခဲ့တဲ့သုံးလကတည်းကပင်။ သူသည် သူမ၏ကယ်တင်ရှင်ဖြစ်သော်လည်း ပြီးခဲ့သည့်တစ်ခေါက် အတွင်း‌‌ရေးမှူး၀မ်နဲ့ သီးသန့်ဆွေးနွေးပြီးက တည်းက သူ့အားနောက်တစ်ကြိမ်ထပ်မဆက်သွယ်ခဲ့ပေ။ Han Group လိုအဖွဲ့အစည်းကြီးမျိုးနဲ့ဆို သူမလည်းကြောက်မိသည်။ အကယ်၍ သူမ သာ ဆက်သွယ်ခဲ့ရင် သူတို့စိတ်ထဲ သူမအားမကောင်းသည့် ရင်းနှီးမြှပ်နှံမှုတစ်ခုဟု တွေးထင်သွားမှာကိုပင်။

ဒါ့ပြင်ကုမ္ပဏီမှာလည်း မည်သူကမှ သူမအားအနိုင်မကျင့်ရဲပေ။ ချန်းချီလီ၏လက်အောက်တွင်ရှိနေတာကြောင့်ဖြစ်သလို ချန်းချီလီ အခုလေး တင်ပြောခဲ့သလို သူမ၏မရေရာသည့်နောက်ခံကြောင့်အပါ အဝင် လူတိုင်း သူမအား ကောင်းကောင်းမွန်မွန်ဆက်ဆံကြသည်။

နောက်ခံဆိုတာ ဒီလောက်တောင် သုံးလို့ကောင်းတဲ့ အသုံး၀င်တဲ့အရာပါလားနော်!!

ဓာတ်လှေခါးထဲ ရှန်းချူးချူး ဘ၀အကြောင်းစဉ်း စားနေစဉ် ကုမ္ပဏီ၌ သူမထက်အရင်စာချုပ်ချုပ် ထားသော အမျိုးသမီးသရုပ်ဆောင်တစ်ဦး၀င်လာခဲ့သည်။

"ဇီချင်းကျဲ"

ရှန်ချူးချူး အပြုံးနှင့် နှုတ်ဆက်လိုက်သည်။

ဖုန်းဇီချင်း ပြန်ဖြေလာသည်။

"ဟယ်လို ချူးချူး"

နှုတ်ဆက်ပြီးနောက် သူမတို့ဟိုဟိုသည်သည် စကားနည်းနည်းဆက်‌ပြောဖြစ်သည်။

"ချူးချူး ကုမ္ပဏီကသင်တန်း‌တွေ ပြီးခါနီးပြီမလား ? မင်း နောက်ထပ်ဘာဆက်လုပ်မှာလဲ ? ကြော်ငြာလား ? TV showလာ ? ဒါမှမဟုတ် ရုပ်ရှင်လား ?"

ရှန်ချူးချူး ခနလောက်စဉ်းစားပြီး အပြုံးကလေးနဲ့ ပြောလာသည်။

"မသိသေးပါဘူး ကျဲရယ်၊ ဒါရိုက်တာချန်း ဘယ်လို စီစဉ်မလဲ ကြည့်ရဦးမှာပါ"

ဖုန်းဇီချင်းနှင့် သူမ ကုမ္ပဏီတွင် အကြိမ်အနည်းငယ်လောက်ဆုံဖူးခြင်းဖြစ်ပြီး ပြောသလောက်လဲမရင်း နှီးကြချေ။ ဒါရိုက်တာချန်း ခုလေးတင်ပြောလိုက်သည်များအား တခြားတစ်ယောက်ဆီပြန်ပြောပြရ အောင်လဲ မဆီလျော်သည့်ပုံမဟုတ်ပါလား ?

စကားနည်းနည်းဆက်ပြောကြပြီးနောက် ရှန်ချူးချူးဘက်က ဘာမှထုတ်ပြောမယ့်ပုံမပေါ်သော ကြောင့် ဖုန်းဇီချင်းလည်းဆက်မမေးလာတော့ချေ။

ဖုန်းဇီချင်းတစ်ယောက် လမ်းလျှောက်ထွက်လာရင်း သက်ပြင်းချကာ သူမရဲ့လက်‌ထောက်ကိုပြောလိုက်သည်။

"ပြောကြည့်လိုက်၊ ဘာလို့တစ်ချို့လူတွေရဲ့စမှတ်က သူများတွေထက်မြင့်နေရလဲ ?? သူ့မှာ သရုပ် ဆောင်စွမ်းရည်ရော ကျွမ်းကျင်တာလည်းဘာမှမရှိဘဲနဲ့‌ ဒါရိုက်တာချန်းရဲ့လမ်းညွှန်မှုနဲ့ စာချုပ်လက် မှတ်ထိုးနိုင်ခဲ့သေးတယ်။ ဒါက စီနီယာအကိုကြီးတွေ အမကြီးတွေကို ဆက်ဆံပုံမျိုးမတူဘူးဆိုတာမျိုးမဟုတ်ဖူးလား ?"

*ဖျော်ဖြေရေးကုမ္ပဏီတွေမှာ စီနီယာအကျဆုံးနဲ့ Fanbase အကြီးဆုံးရှိတဲ့သရုပ်ဆောင်တွေကိုရည် ညွှန်းပြောဆိုတာမျိုးပါ*

ဖုန်းဇီချင်း၏လက်ထောက်သညါ ဘေးပန်လည်ကို ဝေ့ဝဲကြည့်ရင်းပြန်ဖြေလာသည်။

"ဇီချင်းကျဲ ကျမတို့ ဒါရိုက်တာချန်းနဲ့ဆွေးနွေးစရာရှိသေးတယ် မဟုတ်လား ?"

ဖုန်းဇီချင်း အနည်းငယ်ပြုံးလိုက်ပြီးပြောလာသည်။

"ဟုတ်သားပဲ၊ သွားစို့"

ရှန်ချူးချူး အိမ်ရောက်သည်နှင့် ဇာတ်ညွှန်းစာအုပ်ကိုကောက်ကိုင်သည်။ သူမ ပြောရမည့်စာသားမှာ တစ်ကြောင်းတည်းဖြစ်သော်ငြားလည်း ကံကောင်းစွာဖြင့် ထိုစာကြောင်းသည် အဓိကအမျိုးသားဇာတ် ဆောင်ကိုပြောရမည်ဖြစ်သည်။

ရုပ်ရှင်မှာ < ကမ္ဘာလောက > ဟုအမည်ရပြီး ဇာတ်ကြောင်းအရဆိုလျင် ချောင်ဝူလေးသည် ဝူတန်းတောင်တန်းပေါ်မှ ဆရာတစ်ဦး၏တပည့်တစ်ယောက်ဖြစ်လာပြီးနောက်ပိုင်းတွင် သူ့မျိုးဆက်တွင် အကျော်ကြားဆုံးပညာတော်သင်ဖြစ်လာခဲ့သည်။ ရုပ်ရှင်သည်ကလဲ့စားချေခြင်းလည်း ပါ၀င်ပေါင်း စပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားဇာတ်ဆောင်ငယ်စဉ်ကပင် သူ၏မိဘနှစ်ပါးမှာအ သတ်ခံခဲ့ရသည်။ သူကြီးပြင်းလာသည့်အချိန်တွင် သူ့မိသားစုကံဆိုးမိုးမှောင်ကျရခြင်း အကြောင်းရင်းကိုစတင်စုံစမ်းတော့သည်။

ထိုအချိန်သည် ရှန်ချူးချူး၏ဇာတ်ကောင်ထွက်ပေါ်လာရမည့်အချိန်ဖြစ်သည်။ သူမသည် အမဲလိုက်မုဆိုးမိသားစုတစ်ခုမှ သမီးတစ်ယောက်ဖြစ်ပြီးအဓိကမင်းသားနှင့် တွေ့သည့်အချိန်တွင် တောင်ပါ်မှ စမ်းချောင်းတစ်ခု၌ အ၀တ်ထိုင်လျော်နေခြင်းဖြစ်သည်။ ရှန်ချူးချူး ဇာတ်ညွှန်းစာအုပ်အားသေ ချာဖတ်ပြီးသည့်နောက်တွင် သူမ၏အရည်အချင်းပြနိုင်မည့်နေရာ သိပ်မရှိသည်ကိုသိလိုက်ရသည်။ ထို့နောက်တွင်တော့ သူ Online ပေါ်မှနေ၍ထိုဇာတ် လမ်းနှင့်ဆင်တူသော အကိုးအကားများကိုရှာကြည့်ခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း ရှန်ချူးချူးသည် ကုမ္ပဏီသို့သွားကာ အဓိကအရေးကြီးသည်များကိုလေ့ကျင့်ရင်းအလုပ်များနေခဲ့သည်။

တစ်ပတ်ကြာပြီးနောက် ၀မ်ချမ့်အားခေါ်ကာ သူမ ရှန်းရှန်ရုပ်ရှင်နှင့် တယ်လီဗေးရှင်းမြို့တော်သို့သွား ရောက်ခဲ့သည်။

သူမရိုက်ကူးရမည့်ရက်မှာ နှစ်ရက်ခန့်လိုသေးသော် လည်း ရုပ်ရှင်မှာအရေးကြီးသည်ကတစ်ကြောင်း သူမ၏စူးစမ်းလိုစိတ်ကြောင့်တစ်ကြောင်း စော‌ စောရောက်လာခဲ့ခြင်းပင်။ ရောက်ရှိပြီးနောက် သူမသည် ရိုက်ကွင်းတာ၀န်ခံ၊ ရိုက်ကွင်းအဖွဲ့သားများနှင့် ခေတ္တစကားပြောပြီးနောက် ရုပ်ရှင်ဒါရိုက်တာအားရှာရန်ထွက်ခဲ့သည်။ ရုပ်ရှင်ဒါရိုက်တာမာသည် လက်ရှိတွင် ကင်မရာရိုက်နေသည်ကိုအာရုံစိုက်ကာ စိုက်ကြည့်နေသောကြောင့် သူမအားတစ်ချက်သာကြည့်လာပြီး ဘာမှမ‌ပြောခဲ့ပေ။

ထိုအတွက် ရှန်ချူးချူးတစ်ယောက်ဖိအားကြီးကြီးခံစားလိုက်ရသဖြင့် အခြားသရုပ်ဆောင်များအား သွားကြည့်ရန်ဘေးဘက်သို့ပြေးသွားခဲ့သည်။

သို့သော် ရှန်ချူးချူး ကြည့်နေရင်းဖြင့်အလုပ်ရော ဂါပေါ်လာပြန်သည်။ တိတိကျကျဆိုလျင် သူမ ပန်းရောင်အသည်းပုံကို မင်းသမီးတစ်ယောက်၏ ခေါင်းပေါ်တွေ့ရစဉ်ဖြစ်သည်။ ထိုမင်းသမီးမှာ Weibo ပေါ်၌ သူမ ခင်ပွန်းဖြစ်သူနှင့် မည်မျှချစ်ခင်ကြောင်း မကြာခဏဆိုသလို လူသိရှင်ကြားတင်လေ့ရှိသူဖြစ်သည်။ သူမ သိလိုစိတ်ဖြင့် ထိုသရုပ် ဆောင်၏ အိမ်ထောင်ရေးစနစ်ကိုဖွင့်ကြည့်လိုက်သည်။

All Chapters