အခန်း (၂၈)
Vol. 3 Ch. 28
ရှန်းချူးချူး လေယာဉ်ပေါ် မတက်ခင်မှာပင် တိုက် ဆိုင်၍ခေါ်ဆိုခြင်းမဟုတ်သည့် ဖုန်းကောလ်တစ်ခု ချန်းချီလီထံမှလက်ခံရရှိခဲ့လေသည်။
"ငါ မင်းကို ရှေ့လျှောက် မီဒီယာတွေရှေ့မှာ ဒီလိုစကားမျိုးမပြောစေချင်ဘူး။ နောက်ပိုင်းမှာ မင်းဘယ်လောက်ပဲ ဖြေရှင်းချက်ပေးနေပါစေ မီဒီယာတွေက သူတို့ကြားချင်တာပဲယုံကြတာ၊ တကယ်လို့ ယန်ခိုင်နဲ့ ချန်ဟောက်ကကွာရှင်းပြီးသားဆို မင်း ပြောလိုက်တာကောင်းပေမယ့် အကယ်၍များ သူတို့ မကွာရှင်းရသေးဘူးဆိုရင်ကော မင်းရဲ့မှတ်ချက်တွေက သိပ်ကျေနပ်စရာကောင်းမနေဘူး။ ကုမ္ပဏီတစ်ခုတည်းကအနုပညာရှင်ကို မင်းဖက်ကကူညီပြီးပြောပေးတယ်ဆိုပေမယ့် အရင်ဆုံးသေချာသုံးသပ်သင့်တယ်၊ အလောမကြီးနဲ့။"
ချန်ဟောက်နဲ့ ယန်ခိုင်တို့ ကွာရှင်းပြီးဖြစ်ကြောင်း ရှန်းချူးချူးအနေနှင့် အရမ်းကိုသေချာနေသော် လည်း ချန်းချီလီအား သူ မရှင်းမပြနိုင်ပေ။ သူမ ဒီသတင်းအချက်အလက်တွေရဲ အရင်းအမြစ်ကို ဘယ်လိုရှင်းရပါ့ ? ဒါ့အပြင် ချန်းချီလီပြောသည်မှာလည်းကျိုးကြောင်းသင့်ပေသည်။ အကယ်၍ သူမသာ သေချာကြောင်းကြိုတင်မသိခဲ့ပါက မီဒီယာရှေ့ ထိုသို့တွေပြောခဲ့မည်မဟုတ်ချေ။
ရှမ်းချူးချူး ပြန်မပြောပဲ ချန်းချီလီပြောသည်များကို ဆုံးအောင်နားထောင်နေသည်။
"ငါလည်း အဲဒီသတင်းထောက်က နင့်လက်ထောက်ကိုရိုက်မိတယ်ဆိုတာ သိပါတယ်။ သူတို့လုပ်တာ မှန်မနေပါဘူး။ ဒါပေမယ့် နင်လည်း နောက်တစ်ခါ ဒီလိုအပြုအမူမျိုးမလုပ်မိစေနဲ့ ဒီလောကမှာတစ်ချို့အရာတွေက အတွင်းထဲလှိုက်စားနေကြတာ"
ပြောသမျှကိုနားထောင်ပြီးနောက်မှာ ရှန်းချူးချူးတစ်ယောက် သူမနှုတ်ခမ်းကိုတစ်ချက်သပ်လိုက်ပြီး
"ကျမသိပါတယ် ဒါရိုက်တာချန်း နောက်ဆို ကျမ ဒီလိုမျိုးမလုပ်တော့ပါဘူး"
ချန်းချီလီသည် သူမအား စကားတစ်ချို့ပြောပြီးနောက် သူမ ဖုန်းချလိုက်လေသည်။
အင်ပါယာမြို့တော်သို့ ပြန်ရောက်ပြီးနောက် ရှန်ချူးချူး သူမ၏ လက်ရှိ တိုက်ခန်းသို့ ပြန်လာခဲ့သည်။ သူမ၏တိုက်ခန်းသေးသေးလေးကိုကြည့်ရင်း အင်ပါယာမှာ အိမ်တစ်လုံးလောက် ရှန်ချူးချူး ၀ယ်ချင်ခဲ့သည်။ ဘဏ်ထဲရှိ လက်ကျန်ငွေပမာဏကို စဉ်းစားမိသည့်အခါ သူမအချိန်တစ်ခုလောက် အလုပ်ကြိုးစားရမည့်ပုံပင်။
သူမ၏ Weibo ကိုဖွင့်ကြည့်လိုက်သောအခါ ကောမန့်ပေါင်းတစ်ရာကျော်ခန့်တွေ့လိုက်ရပြီး စိတ်အ ခြေအနေအလွန်ဆိုးရွားသွားခဲ့သည်။ သူမကိုယ် သူမ ဒုစရ်ိုက်မှုအပြည့်နှင့်အပြစ်သားဟုပင် သံသယ ၀င်လာမိသည်။
"နင့်လိုလူမျိုး ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ တမင်သက်သက် နာမည်ကြီးအောင်လုပ်နေတာမလား ? နင်သာ စကားမပြောခဲ့ရင် နင် ဘယ်သူမှန်းတောင် ငါတို့ သိမှာမဟုတ်ဘူး ! [ 🖥️ ] "
"ငါတော့ ရူးပြီးရင်း ရူးတော့မှာပဲ။ ဖုန်းကျီချင်းက အကောင်းတိုင်းရှိနေတုန်းလား ? သူများမိသားစုကိုဖျက်ဆီးပြီး မသေနိုင်ကြသေးဘူးလား! [ 🤬 ] "
"ပြောရမှာ အားမရှိပေမယ့်လည်း ငါ တစ်ခုတွေးမိတာ သူ ပြောတာ အဓိပ္ပာယ်ရှိသလားလို့ ? "
"အကြောင်းတစ်ခုခုမရှိပဲ ပြောတဲ့သူဆိုတာမရှိဘူး မိသားစုရဲ့တစ်ချို့ပရိတ်သတ်တွေက ဆတ်ဆတ်ထိမခံဖြစ်လွန်းအားကြီးတယ်၊ တကယ်လို့များ အဆုံးမှာ ကွာရှင်းပြီးသားဆိုရင် နင်တို့ ဘယ်လိုမျက်နှာ ပြကြမလဲ ? " [☺️]
***
သူမဖက်ကနေပြောပေးကြသူတွေ အများကြီးရှိကြသလို တော်တော်များများကတော့ ကောမန့်တွေကြည့်ရင်း သူမ ဖက်ပြောင်းလာကြတာဖြစ်သည်။ သက်ပြင်းရှည်ကြီးချပြီးနောက်မှာတော့ ရှန်းချူးချူး သူမ၏ကိုယ်ပိုင် Weibo အကောင့်မှထွက်ကာ တခြား Weibo အကောင့်သို့၀င်လိုက်သည်။
ဒီ Acc Weibo မှာရှိသည့် သတင်းများကတော့ တစ်ဖက်က Weibo Acc ကဲ့သို့ Weibo ကမ္ဘာကြီးသက်သက်ဟုတ်မနေခဲ့ပေ။ တစ်ဖက်အကောင့်တွင် သံသယတွေ အရှက်ရမှုတွေနှင့်ပြည့်နေခဲ့ပြီး ဒီအကောင့်မှာတော့ ချီးမွမ်းမှု၊ မြှောက်စားမှုအမျိုးမျိုးနှင့်ဆီးကြိုဆိုနေလေသည်။ သူမအတွက် ဘာကျဆင်းမှုမှမရှိပဲ တစ်လောကလုံးလှပနေသလိုပင်။ ထို့ပြင် သူမသည် လူမှု့အဖွဲ့အစည်းအားကြီးမားစွာအထောက်အကူပြုနေသော သူတစ်ယောက်ဖြစ်ပြန်သေးသည်။
ကောမန့်တွေကို လွတ်လပ်ပေါ့ပါးစွာကြည့်နိုင်သလို လူတိုင်းကလည်း အနာဂတ်ခင်ပွန်းကိုရှာဖွေနေသူတွေ ဘယ်အချိန်ကွာရှင်းရမလဲ သိချင်သူတွေများ ပြားလို့နေသည်။ ရှန်းချူးချူး၏လူတွေကို အကဲ ဖြတ်နိုင်စွမ်းသည်လည်း ပိုမြင့်မားလာသည်။
Red Feather သည် သူမနှင့် အနည်းငယ်စိတ်ချင်းဆက်နေသလိုပင်။ သူမ လိုင်းပေါ်ရောက်သည်နှင့် သီးသန့်စာတစ်စောင်ပို့လာခဲ့သည်။ ရှန်ချူးချူး သူ့ထံမှ စာပါအချက်များကိုကြည့်ပြီးနောက် အကူအ ညီမဲ့စွာပြုံးလိုက်မိလေသည်။ ထိုအချိန်တွင် သူမ၏ မတူညီသောဘ၀နှစ်ခုသည် ထပ်တူကျနေပုံရသည်ဟု ခံစားလိုက်ရသည်။
#ဖျော်ဖြေရေးသတင်းထောက် 1-Red Feather V: နတ်ဘုရားရေ မေးပါရစေ၊ ချန်ဟောက်နဲ့ ယန်ခိုင် သူတို့က ကွာရှင်းထားတာဟုတ်လား ? မဟုတ်ဘူးလား ? "
သည်လူကို သတင်းဖြန့်လို့ရအောင် အိမ်တံခါးထိအရောက်ပို့ပေးလိုက်တာများလား ? သဘာ၀ အလျောက်ပဲ ရှန်ချူးချူး ဒီအတိုင်း မထားလိုက်နိုင်ပါဘူး။ ကုမ္ပဏိ၏သတ်မှတ်ချက်ဘောင်တေါကြောင့် သူမ သတင်းတွေနဲ့ ပက်သက်ပြီး စိတ်ပူနေခဲ့ရတာပါ။ ခုတော့ လက်ဦးမှုရနိုင်ဖို့ ဟောင်မောင်းက အရောက်ပို့လာပြီဆိုတော့ သူမနှလုံးသားအလိုအတိုင်း အသာအယာ ပေါင်းစပ်လိုက်ရုံပင်။
ငါက ယွဲ့လောင် : ငါ အတည်ပြုပါတယ်။ လွန်ခဲ့တဲ့ ခြောက်လကပဲ။
#ဖျော်ဖြေရေးသတင်းထောက် 1-Red Feather V: : ! ! ! ! ! နတ်ဘုရားရေ ကျေးဇူးတင်ပါတယ်! အနာဂတ်မှာ တစ်ခုခုများလိုအပ်ခဲ့သည်ရှိသော် ဒီညီငယ်လေးကကူညီပေးဖို့အသင့်ပါ။ တစ်ခွန်းလောက်ပြောလိုက်တာနဲ့ ညီငယ်လေးက အကောင်းဆုံးကြိုး စားပေးပါ့မယ်။
ရှန်ချူးချူး ဂုဏ်ယူစွာဖြင့်စာပြန်လိုက်သည်။
ငါက ယွဲ့လောင် : ငါက နတ်ဘုရားပဲလေ၊ သေမျိုးတွေရဲ့ အကူအညီဘယ်လိုပါ့မလဲ။
#ဖျော်ဖြေရေးသတင်းထောက် 1-Red Feather V: အိုး ..နတ်ဘုရားတွေက ဆန်းကြယ်လိုက်တာ၊ ငါစိတ်လှုပ်ရှားပြီး စကားတွေတောင်မှားပြောမိပြီ။
ငါက ယွဲ့လောင် : ဒါဆိုလည်း ဒီတစ်ကြိမ်တော့ ခွင့်လွှတ်လိုက်တာပေါ့။
#ဖျော်ဖြေရေးသတင်းထောက် 1-Red Feather V: ကျေးဇူးပါ ရှေးဟောင်းနတ်ဘုရားရေ။
Red Feather ၏အလုပ်သည် အမြဲတမ်း အချိန်တိုတိုနှင့် အကျိုးသက်ရောက်မှုရှိလေ့ရှိသည့်အတိုင်း သက်ရောက်မှုလည်းမြင့်မားကြောင်း ရှန်ချူးချူးသိသည်။ သည်တစ်ကြိမ်လည်း သူမအား စိတ်ပျက်စေမည်မဟုတ်ပေ။ ချန်းဟောက်နှင့် ယန်ခိုင်တို့၏ ကွာရှင်းသည့်အကြောင်းပေါ်ပေါက်လာဖို့ အချိန်သိပ်မလိုတော့ကြောင်း သူမ ယုံကြည်သည်။
နောက်ဆုံး ချန်းဟောင်ကင်မရာကိုကြည့်ပြီးအော်ငိုနေသည်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ရှန်းချူးချူး စိတ်ချလက်ချနဲ့ စိတ်ထဲသက်တောင့်သက်သာဖြစ်သွားသည်။
နောင်တစ်နေ့မနက် ရှန်ချူးချူးကုမ္ပဏီသို့ သွားခဲ့သည်။ သူမအခု နာမည်ကြီးမဟုတ်ပေမယ့် မနေ့က သူမ၏မိုက်မဲသည့်လုပ်ရက်ကြောင့် ကုမ္ပဏီကလူတွေက သူမအားသိသွားကြသည်။ လူတိုင်း၏သိလိုစိတ်အပြည့်နဲ့ မျက်ဝန်းများကို ရှန်ချူးချူးတစ်ယောက်အပြုံးလေးဖြင့်သာ ကြိုဆိုလိုက်သည်။
ကျိုးရှောင်းယာတစ်ယောက် ချစ်စိတ်ပြင်းပြနေသောကာလထဲရောင်လေရာ လူတစ်ကိုယ်လုံး တောက်ပနေလေသည်။ သူမ ရှန်းချူးချူးကိုမြင်လိုက်သည်နှင့် လက်လှမ်းပြလိုက်သည်။
ရှန်းချူးချူး သူမဆီလျှောက်လာသောအခါ ဘေးမှတစ်ယောက်အားစကားအနည်းငယ်မှာခဲ့ပြီး သန့်စင် ခန်းဆီထွက်လာခဲ့သည်။
ရှန်းချူးချူးအား လက်ကဆွဲသွားပြီးနောက်ဘေးဘီဝဲယာမှာ မည်သူမျှမရှိကြောင်းသေချာအောင် စစ်လိုက်လေသည်။ ကျိုးရှောင်းယာက လေးလေး နက်နက်ပြောလာသည်။
"ချူးချူး နင်တော့လူမှားပြီးကူညီနေမိပြီ။ ငါပြောမယ်။ ဖုန်းကျီချင်းက သိပ်အပြစ်ကင်းနေတာမဟုတ်ဘူး။ နင်အဲလိုတွေ မလုပ်လုပ်လိုက်သင့်ဘူး။ လူတွေပြောလို့မဟုတ်ဘူး ယန်ခိုင် သူမကိုလာကြိုတာ ငါကိုယ်တိုင်တွေ့တယ်။ ယန်ခိုင်က ကားထဲမှာပဲ ထိုင်နေပေမယ့် ကားတံခါးဖွင့်လိုက်တဲ့အချိန် ငါမြင်လိုက်တာ"
ထို့နောက် ရှန်းချူးချူးလက်ကို ဆွဲယူလိုက်ပြီးပြောလာသည်။
"ဖုန်းကျီချင်းလို လူမျိုးအတွက် သူ့ဖက်ကပြောပေးရအောင်မတန်ဘူး။ နင်ကလေ ဒီလောကကလူတွေအကြောင်းနားမလည်သေးပါဘူး။ တစ်ချို့လူတွေက မျက်နှာနဲ့ စိတ်ထားတစ်ထပ်တည်းကျတာမဟုတ်ဘူးရယ်။ ဒီတိုင်း အာ... နင်လေ အရမ်းသနားစရာကောင်းတာပဲ။ အင်တာနက်ပေါ်ကလူတွေပြောနာက နင်လုပ်တာမမှားဘူးတဲ့။ ဖုန်းကျီချင်းတို့က လက်ထပ်တော့မှာတဲ့။ ဟေး နင်ဘာလုပ်နေတာလဲ ? "
ဘာပဲဖြစ်ဖြစ် ဒီတစ်ပတ်အတွင်း သူမကို စိတ်ပူပန်ပေးနေတဲ့သူငိုကြည့်ပြီး သူမကျေနပ်စွာ ပြုံးလိုက်သည်။
"ငါ နင့်ကို ကျေးဇူးတင်ပါတယ်ဟာ။ ငါ့မှာ အားပေးဖော်လေးတစ်ယောက်ရှိသေးတာပဲ "
ကျိုးရှောင်းယာ ရှန်းချူးချူး၏အေးတေးတည်ငြိမ်နေမှုကိုမြင်ပြီး အချက်တစ်ချက်ကိုစဉ်းစားမိသွားကာမျက်လုံးပင်ကျယ်သွားသည်။ မသေချာစွာဖြင့် သူမ မေးလိုက်သည်။
"နင် ယန်ခိုင် နဲ့ ချန်းယုကွာရှင်းပြီးကြောင်းမျက်နှာဖတ်ပြီး သိလိုက်တာလား ? "
ရှန်းချူးချူး ပြုံးရုံပဲပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့လိုက်ပေ။
ကျိုးရှောင်းယာ သက်ပြင်းချလိုက်ပြီး စိတ်သက် သာရစွာဖြင့်ပြောလိုက်သည်။
"အဲလိုဆို ကောင်းတယ်၊ အရမ်းကောင်းတယ်။ တကယ်လို့ သူတို့ကွာရှင်းပြီးသားဆိုရင် နင်နဲ့ဘာမှမဆိုင်တော့ဘူး။ နင်က ခန့်မှန်းခဲ့ရုံပဲလေ။ "
သူမတို့နှစ်ဦးသားလမ်းခွဲခါနီးတွင် ကျိုးရှောင်းယာပြောစကားများကို ရှန်းချူးချူးပြန်စဉ်းစားမိရင်း မေးလိုက်သည်။
" ဟုတ်သားပဲ။ ယန်ခိုင် ဖုန်းကျီချင်းကိုလာကြိုတာ ကို နင်မြင်လိုက်တယ်ဆိုတော့ အဲဒါ ဘယ်တုန်းကလဲ ? "
ကျိုးရှောင်းယာ ခနလောက်တွေဝေသွားပြီး ပြန်စဉ်းစားလိုက်သည်။
"ကြည့်ရတာတော့ ပြီးခဲ့တဲ့လအနည်းငယ်ကပဲ.... အိုး ဟုတ်သားပဲ။ အဲဒါ ပြီးခဲ့တဲ့ဆောင်းနှင်းကျတဲ့အချိန်၊ အဲတုန်းက နှင်းတွေကျနေတာ ငါတောင်ပြောသေးတယ်။ နှင်းတွေကျနေတာကို ဖုန်းကျီချင်းက အ၀တ်ပါးပါးလေးနဲ့အပြင်ထွက်သွားလို့ "
ပြီးခဲ့တဲ့ ဆောင်း....ဒါပဲလေ အဲဒီအချိန်တုန်းကဆို ယန်ခိုင်နဲ့ ချန်းဟောက်တို့ ကွာရှင်းပြီးပြီလား ဒါမှမဟုတ်မကွာရှင်းရသေးဘူးလား။ ထိုကဲ့သို့ တွေးလိုက်မိတဲ့ခဏ ရှန်းချူးချူးနှလုံးသားမှာ နံပါတ်တစ်ခုပေါ်လာတော့သည်။
ရှန်းချူးချူးအတန်းတက်ပြီး ပြန်ထွက်လာတော့ လှည့်ဖျားတတ်သည့် ဖုန်းကျီချင်းကိုမြင်လိုက်ရသည်။
ဖုန်းကျီချင်းက သူမအရင်တစ်ခေါက်ကတွေ့ခဲ့တာနဲ့မတူဘဲ လုံး၀ကွဲပြားနေသည်။ တစ်ကိုယ်လုံးက ပြောင်းလဲနေသည်။ အ၀တ်အစားလှလှပပတွေ မ၀တ်ထားဘဲ ရိုးရိုးသာမန်သာ၀တ်ထားသည်။ သူမမျက်နှာကကိုးရိုးကားယားဖြစ်နေပြီး သူမ၏မိတ် ကပ်တွေကလဲ ချောမွေ့မနေပေ။ သူ့အသက်က ငယ်သေးပေမယ့် ငါးနှစ်လောက်ပိုကြီးသွားသလိုပင်။
ကြည့်ရတာ အင်တာနက်အသုံးပြုသူတွေနဲ့ မီဒီယာတွေရဲ့ဒုက္ခပေးခံနေရပုံပေါ်သည်။
ရှန်းချူးချူးကိုမြင်တော့ ဖုန်းကျီချင်း ဖျစ်ညစ်ပြုံးကာပြောလာသည်။
" ကျေးဇူးတင်ပါတယ် "
ကျိုးရှောင်းယာ မနက်ကပြောခဲ့သည်များကို ပြန်စဉ်းစားရင်း ရှန်းချူးချူး ဖုန်းဇီချင်းအပေါ် မည်သည့် သနားညှာတာမှုမှမရှိနေပေ။ သို့သော် မနေ့က မီဒီယာကိုပြောခဲ့သည့် စကားများအတွက် သူမ နောင်တမရချေ။ သူမ ဖုန်းကျီချင်းကိုကူညီဖို့ စိတ် ကူးမရှိပေမယ့်လည်း သူမအတွက် စကားတစ်ချို့တော့ပြောခဲ့သေးသည်။
"ကိစ္စမရှိပါဘူး မီဒီယာတွေက ကျမလက်ထောက်ကိုအနာတရဖြစ်အောင် လုပ်ခဲ့သေးတယ်လေ။ ဒါကျမ ပြဿနာဆိုလည်းဟုတ်တာပေါ့ "
ဖုန်းဇီချင်းသူမပါးစပ်မှ ရုန်းကန်၍စကားပြောလာသည်။
"ဒီကိစ္စကနေ ရှင် ကျမကို ကူညီခဲ့တာပါ "
ထိုစကားကိုနားထောင်ပြီး ရှန်ချူးချူးပြန်ပြောလိုက်သည်။
"ကျမ ဒီအတိုင်းပဲ ပြောလိုက်တာပါ။ နောက်ဆုံးကျရင်တော့ ချန်းယုကျဲနဲ့ ယန်ခိုင်ကောတို့ကြားဘာဖြစ်ခဲ့လဲဆိုတာ ကျမလဲ သေချာမသိဘူးလေ။ ရှင် ကျမ ကို ကျေးဇူးတင်ဖို့မလိုပါဘူး ။ "
ဖုန်းကျီချင်း ထိုစကားများကိုနားထောင်ရင်း သူမအပြုံးကပိုခါးသီးလာသည်။ ဒါပေမယ့် သူမယန်ခိုင်နှင့် ချန်းယုတို့ ဟိုးအရင်ကတည်းကကွာရှင်းပြီးကြောင်းကို ရှန်းချူးချူးမသိပေမယ့် သူမသိပြီးသားပင်။ သို့ပေမယ့် သူမယန်ခိုင်နှင့်စတွဲစဥ် သူတို့ကွာရှင်းမှု လုပ်ငန်းစဉ်ပြီးပြတ်သေးတာမဟုတ်သလို သူမလည်း လုံးလုံးအပြစ်ကင်းစင်သည်တော့ မဟုတ်ချေ။ ထို့ပြင် ဥပဒေရှုထောင့်ကကြည့်လျှင်လည်း သူမ အတွေ့အကြုံနုသေးသည်ပင်။
ယန်ခိုင် မနေ့ညကပြောတဲ့စကားများအရဆို သူမအမြဲတမ်း တတိယလူဆိုတဲ့ကိစ္စကို သည်းခံနေရမည့်ပုံပင်။ ချန်ဟောင်အတွက်က သူမကွာရှင်းပြီးကြောင်းသတင်းကို အတိအလင်းအသိပေးဖို့ဆိုတာ ဖြစ်နိုင်မည်မဟုတ်ပေ။ အကယ်၍ ကြေငြာလိုက်ပါက သူမလွန်ခဲ့သည့် ခြောက်လအတွင်းတင်ခဲ့သမျှပို့စ်များသည် ပရိတ်သတ်များကိုလှည့်စားဖို့လူတွေကို သူမ ဖက်မှာရှိနေအောင်ထိန်းထားဖို့ ဈေးကွက်ရှာဖို့သက်သက်တင်ခြင်းဖြစ်သွားပေမည်။
ယန်ခိုင်အတွက်ကျပြန်တော့လည်း ကလေအုပ်ထိန်း ခွင့်ကို ချန်ဟောက်ကရတာမို့ သူမကိုအကြွေးတင်နေခဲ့ခြင်းဖြစ်သည်။ ဒီတစ်ကြိမ်မှာ သူမအတွက် ရှင်းရှင်းလင်းလင်းဖြစ်ဖို့ အချက်အလက်တွေကို သူကပြောပေးနိုင်မှာမဟုတ်ချေ။ သည်လိုအတွေ့အ ကြုံမျိုးရလိုက်သဖြင့် သူမနှလုံးသားပင်အတန်ငယ် အေးစက်လာသည်။ အနာဂတ်မှာလျော်ကြေးအနေနဲ့ မည်မျှပင်ပြန်လည်ပေးဆပ်ပါစေ အမျိုးသမီး တစ်ယောက်အတွက် တာ၀န်ယူဖို့ဆန္ဒတောင်မရှိတဲ့ လူတစ်ယောက်အတွက် ဒီခံစားချက်ဆိုတာမျိုးကမလိုတော့ဘူးလေ။
"ကောင်းပါပြီ ဘာပဲဖြစ်ဖြစ် ကျမ ရှင့်ကိုကျေးဇူး တင်နေတုန်းပါပဲ"
လူတိုင်းကျမနဲ့ ဆန့်ကျင်ဖက်မှာရပ်နေကြတဲ့အချိန် ကျမဖက်က စကားပြောပေးဖို့ဆန္ဒရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကမ္ဘာလုံးက ကျမကိုမနာ လိုဖြစ်နေတဲ့အချိန် ကျမကို မျှတတဲ့စကားတွေပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ရှန်းချူးချူး ဖုန်းကျီချင်းကိုပြန်ကြည့်ရင်း မျက်ခုံးများတွန့်ချိုးသွားရသည်။ ကြည့်ရသည်မှာ အနု ပညာလောကအသိုင်းအ၀န်းသည် တကယ်ရှုပ်ထွေး သည့်ပုံပင်။
ညနေခင်း Weibo ကိုပွတ်လိုက်သည့်အချိန်မှာ ရှန်းချူးချူးမြင်လိုက်ရသည်က ဒီဇိုင်းကာလာအနေအ ထားတွေပြောင်းလဲသွားပြီဖြစ်သည်။
Hot search ထဲ "အကျင့်ပျက်သောဖုန်းဇီချင်း "
" စောက်ကောင်ယန်ခိုင် "၊ " ချန်းယု နာကျင်စွာငိုကြွေးနေသည် " စတဲ့ခေါင်းစဉ်အားလုံးပျောက်ကုန်ပြီး " ယန်ခိုင် ချန်ယု ကွာရှင်းပြီး " ၊ " ချန်ချန် Weibo အကောင့်ဖျက်သွားပြီ " ၊ " ယန်ခိုင်နှင့် ချန်ချန် ပရိတ်သတ်အားလှည့်စား " စသည့် ခေါင်းစဉ်များကအစားထိုး၀င်ရောက်လျက်ရှိသည်။