အခန်း (၂၉)
Vol. 3 Ch. 29
ရှန်းချူးချူးသည် ဦးစွာ Red Feather ၏ postကိုကြည့်လိုက်သည်။
#ဖျော်ဖြေရေးသတင်းထောက် 1-Red Feather V: ထိတ်လန့်စရာပဲ ! ချန်းဟောင်နဲ့ ယန်ခိုင်တို့က ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၁၃ရက်နေ့မှာ ချွမ်မြို့ရဲ့ချန်းနန်ဗျူရိုမှာ ကွာရှင်းပြတ်စဲခဲ့တယ်တဲ့! ငါဘယ်လိုသိလဲလို့ မင်းတို့ မမေးနဲ့၊ ဒါက မှန်တယ်ဆိုတာပဲ မင်းတို့သိထားဖို့လိုတယ် [(⌐■-■)]
"ပို့စ်တင်တဲ့သူရေ ဒါ တကယ်ပဲလား?! ချန်းဟောင်နဲ့ယန်ခိုင်တို့က ဒီလောက်ချစ်တာကို ဒါဖြစ်နိုင်လို့လား [→_→]"
"ငါကတော့ ပို့စ်ပိုင်ရှင်ကိုယုံတယ်၊ အပေါ်ကလူက မြန်တာဟ! ဆံနီအစ်ကိုက ငါတို့ကို တစ်ခါမှမလိမ်ဖူးဘူး"
"ဒီဖရဲသီးက အရသာရှိလိုက်တာ၊ ချိုတယ်၊ မွှေးတယ်! ငါထပ်ပြီး စားချင်သေးတယ် နောက်ထပ်သတင်းတွေတင်ပါတော့..[(☆▽☆)]"
"သက်သေရှိလို့လား? အရင်ဆုံး မင်းသက်သေပြောနိုင်မှ ပြော...၊ အခု shareတဲ့သူက 1000တောင်ရှိသွားပြီဆိုတော့ ပို့စ်တင်တဲ့သူ တရားရုံးက ခေါ်စာကိုပဲ စောင့်နေလိုက်တော့"
#ဖျော်ဖြေရေးသတင်းထောက် 1-Red Feather V: ငါ Weiboကို ဘယ်တော့မှ မဖျက်ဘူး၊ မင်းလာမှာကို စောင့်နေတယ်
Followerသည် ရေတပ်ကို reply ပြန်ခဲ့သည်- ဖန်တရာသေနေတဲ့ စာကြောင်းကြီးကိုပဲ ရိုက်မနေပါနဲ့ သခင်ကြီးရယ် 23333333
ရှန်းချူချူသည် ဒီဇင်ဘာ၁၃ရက်ဆိုသည်ကို မြင်လိုက်သောအခါ ဆံနီအစ်ကိုတင်ထားသည့် ပို့စ်မှာ အမှန်ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည်။ ထိုသည် မှာ ဖျော်ဖြေရေးဆိုင်ရာ page တစ်ခုဖြစ်သော်လည်း သတင်းအချက်အလက်များမှာ လွန်စွာတိကျပေသည်။ ထို Page အားဖျော်ဖြေရေးလောကတွင် ပထမဆုံးအဆင့် စံချိန်ပင်သတ်မှတ်၍ရနိုင်သည်။
ထိုအဖြစ်အပျက်ကို ဖော်ထုတ်ပြီးနောက် မီဒီယာများနှင့် အင်တာနက်အသုံးပြုသူများ အားလုံးသည် ပေါက်ကွဲသွားခဲ့ကြပြီး ထိုကိစ္စမှာ မှန်သလား၊မှားသလားဟု သိချင်စိတ်ပြင်းပြနေကြသည်။ အားလုံးသည် Weiboပေါ်တွက် မှတ်ချက်တစ်ခုစီ ချန်ထားကြပြီး တစ်ဖက်မှဖန်များ၏ တုံ့ပြန်မှုကို စောင့်မျှော်နေကြသည်။ မမျှော်လင့်စွာ တစ်ညအကြာတွင်ပင် တစ်ဖက်ဖန်များသည် ပြန်စာများရေးမလာခဲ့ပေ။ ပါပါရာဇီများသည်လည်း ထိုအခြေအနေကို မျက်စိဒေါက်ထောက်ကြည့်နေပြီး ၎င်းတို့နှစ်ဦးကို အလွှတ်မပေးကြချေ။
တချို့လူများတွင် ကျယ်ပြန့်သော သတင်းကွန်ရက်များရှိသဖြင့် ချွမ်မြို့၏ ချန်းနန်ဗျူရိုအား တိုက်ရိုက်မေးမြန်စစ်ဆေးရန် သွားခဲ့ကြသည်။ ထို့ကြောင့် ဗျူရိုရှိ ဝန်ထမ်းများသည်လည်း အကြပ်ရိုက်ကြတော့သည်။ ၎င်းတို့သည် ထွေထွေထူးထူး ဘာမှပြန်မပြောသော်လည်း ချန်းဟောင်နှင့် ယန်ခိုင်တို့၏ ကွာရှင်းပြတ်စဲသွားသည်နှင့် ပတ်သက်၍တော့ ခေါင်းခါယမ်းကာ မသိစကားကာဆိုကြသည်။
သို့သော် အင်တာနက်အသုံးပြုသူအများစုသည် အလွန်ဇွဲရှိနေဆဲဖြစ်သည်။ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ရက်တွင် အင်တာနက်အသုံးပြုသူတစ်ဦးသည် ပို့စ်တင်ထားသည်ကိုတွေ့ရှိခဲ့သည်။
မာလာထန်နဲ့ဟော့ပေါ့စားရတာအရမ်းကြိုက်တယ်- ငါ ချန်းဟောင်နဲ့ယန်ခိုင်က မြို့တောင်ဘက်မှာ တွေ့လိုက်သလိုပဲ၊ အဲ့နားက ဗျူရိုက ကွာရှင်းတာပဲလုပ်တာပါ၊ ဟားဟားဟား အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူတို့က ဖျော်ဖြေရေးလောကမှာ ရှားပါးပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးကို၊ ငါဗိုက်ဆာလွန်းလို့ အမြင်မှားတာပဲနေမှာပါ စပ်တာလေးတစ်ခုခု သွားစားလိုက်ဦးမယ်【ဆာလောင်နေသောအီမိုဂျီ】
ထို Weibo postကိုတွေ့သည်နှင့် အားလုံးသည် ချက်ချင်း shareလာကြသည်.
"ဘုရားရေ! မင်းဟာက ဟုတ်ကောဟုတ်ရဲ့လား ပို့်စ်တင်သူရေ [(─.─||)]"
"သူတို့နှစ်ယောက်က ကွာရှင်းပြီးပြီဆိုတာ သေချာတယ်"
"ဒါက ခံစားချက်တွေကို သပ်သပ်ဖြုန်းတီးနေတာပဲ၊ ငါ သူတို့ကို နှစ်ပေါင်းများစွာ သဘောကျလာရတာ၊ အခုတော့ အတုအယောင် စုံတွဲတွေတဲ့လား! အရမ်းရွံဖို့ကောင်းတယ် [ತ_ತ]"
.....။
ထိုသို့သော သတင်းသည် လူများကို ပျော်ရွှင်စေသလို စိတ်မကောင်းလည်းဖြစ်စေနိုင်သည်။
ပျော်ရွှင်သောလူများသည် ရှန်းချူးချူး၊ ဖုန်ကျီချင်းနှင့် အင်တာနက်ပေါ်ရှိလူများဖြစ်ပြီး စိတ်မကောင်းဖြစ်သူများသည် ဤကိစ္စ၏ တရားခံများဖြစ်သော ချန်းဟောင်နှင်ပယန်ခိုင်တို့ဖြစ်သည်။
ယခုတစ်ကြိမ်တွင် မီဒီယာ၏ ဦးတည်ချက်မှာ ဖုန်ကျီချင်းဆီသို့ မဟုတ်တော့ချေ။ ၎င်းတို့၏ ခေါင်းသည် ချန်းဟောင်နှင့် ယန်ခိုင်တို့ဆီသို့ရွှေ့သွားသည်။ ယနေ့ခေတ်ကာလသည် နာမည်ကြီးသူများ၏ သတင်းဆိုးများမှာ အလွန်ကျော်ကြားလှသည်။ ထို့အပြင် ဖုန်ကျီချင်း၏ကျော်ကြားမှုသည် ချန်းယုထက် အနည်းငယ်နိမ့်ကျသောကြောင့်လည်းပါသည်။ ချန်းဟောင်နှင့် ယန်ခိုင်တို့သည် ကွာရှင်းပြတ်စဲခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့မည်မျှချစ်ကြသည်ကို Weiboတွင် အမြဲတမ်း တင်ကြသဖြင့် လူတိုင်းကို သည်းမခံနိုင်ဖြစ်စေသည်။
ဤသတင်းသည် သတင်းထောက်များ မမေးမြန်းခင်ထဲက မကောင်းသည့်လားရာဘက်သို့ ဦးတည်သွားလျက်ရှိသည်။ ထိုသို့အရာများသည် ဖြတ်သွားဖြတ်လာများအား အနှောင့်အယှက်ဖြစ်စေနိုင်သည် အင်တာနက်အသုံးပြုသူတော်တော်များများသည် ယင်ကောင်တစ်ကောင်ကို စားရသကဲ့သို့ ရင်ဘတ်ထဲတွင် တစ်ဆို့နေကာ မျိုချရခက်နေသည်။
ချန်းဟောင်သည် ဤတစ်ကြိမ်တွင် အမှန်တကယ် ရှက်ရွံ့သဖြင့် ဝမ်းနည်းဟန်ဆောင်ကာ အပြင်မထွက်ရဲပေ။ ၎င်းတို့သည် ကွာရှင်းခဲ့သည်မှာ တစ်နှစ်ခွဲကျော်ဖြစ်သောကြောင့် မျက်ရည်ခံထိုးပြလျှင်ပင် လိမ်ညာနေမှန်းသိသာလွန်းသည်။
ရှန်းချူးချူးသည် ကုမ္ပဏီသို့ ထပ်မံသွားသောအခါတွင် အားလုံး၏ မျက်လုံးများသည် သူ(မ)ကို အာရုံစိုက်နေသည်မီာ လျော့ကျသွားသည်။ ကျိုးရှောင်ယာသည် စိတ်သက်သာရာရစွာနှင်ပ "ကံကောင်းထောက်မစွာနဲ့ ဒီကိစ္စက တကယ်မဖြစ်လာလို့ပေါ့ မဟုတ်ရင် နင့်အတွက်မကောင်းဘူး၊ နင်ပဲ စဉ်းစားကြည့် သူတို့နှစ်ယောက်က ကွာရှင်းပြီးတာကြာပေမဲ့ Weiboမှာတော့ နေ့တိုင်း အရမ်းချစ်နေကြသလို ပြနေတယ်လေ၊ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြသခဲ့ပါတယ်။ ဒီအသိုင်းအဝိုင်းထဲမှာက အကုန်လုံး အတုအယောက်ကြီးပဲ၊ ဒီလောက်လှပတဲ့ ခံစားချက်တောင် အတုဖြစ်နေတယ်"
ရှန်းချူးချူးသည် ကျိုးရှောင်ယာ၏ နွေဦးကဲ့သို့ နာကျင်ပြီး ဆောင်းဦးကဲ့သို့ ဝမ်းနည်းမှုကိုမြင်သောကြောင့် ပြုံးလျက်ပြောလာသည်။" တစ်ချို့တွေများ မကြာသေးခင်က အချစ်ကြောင့် ပိုပြီးခံစားတက်လာတယ်နဲ့တူတယ်"
ကျိုးရှောင်ယာ၏ မျက်နှာသည်နီရဲသွားပြီး "ဘယ်မှာလဲ"
ရှန်းချူးချူးသည် ပြုံးလျက် ကျိုးရှောင်ယာကို နှုတ်ဆက်လိုက်သည်။
ချန်းယုနှင့် ယန်ခိုင် ကွာရှင်းပြတ်စဲကြောင်း အတည် ပြုပြီးနောက် အခြားသော သတင်းများစွာထွက်ပေါ် လာခဲ့သည်။
၎င်းတို့သည် ဖုန်ကျီချင်းနှင့် ယန်ခိုင်တို့သည် အိမ် ထောင်မပြုမီ စေ့စပ်ထားခြင်းရှိမရှိကို လူတိုင်းစူးစမ်းနေကြသည်။ တစ်ဖက်တွင် ချန်းရှီ၏ ကိုယ် ရေးကိုယ်တာဘဝအကြောင်းကိုလည်း ရှာဖွေနေကြသည်။
ချန်းဟောင်နှင့် ယန်ခိုင်တို့ စုံတွဲသည် တီဗီစီးရီးများ၏ နံပါတ်တစ်ဖြစ်သလို အမျိုးသမီးသည်လည်း ဂီတလောက၏ ကျောရိုးဟုပင်ဆိုနိုင်သောကြောင့် လူများ၏ မျက်လုံးများအား ဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းတို့နှစ်ယောက်ကိုသာ ချိုးနှိမ်နိုင်ပါက အခြားကုမ္ပဏီများရှိ ကြယ်ပွင့်များသည်လည်း လှုပ်ရှား၍ရမည် မဟုတ်ချေ။ ကိတ်မုန့်များစွာရှိသော်လည်း အချို့လူများသည် မစားနိုင်သော်ကြောင့် ၎င်းတို့ကို အခွင့်အရေးပေးလိုကြသည်။
ထိုစဉ် ၎င်းတို့၏ ပေါက်စီပေါက်အောင် စုံစမ်းမှုကြောင့် ချန်းဟောင်သည် သူဌေးတစ်ကြီးနှင့် ဆိုင်တစ်ဆိုင်တွင်ထိုင်နေသည့်ပုံကို တွေ့မိလိုက်သည်။ ဓာတ်ပုံထဲရှိ လူနှစ်ယောက်သည် အလွန်ရိုးရှင်းနေပြီး ၎င်းတို့ဘေးစားပွဲများကိုလည်း နံရံကပ်အုတ်များကားထားသည်။ ထိုနေရာကို ရင်းနှီးသူများသည် အကြည့်တစ်ချက်ဖြင့် မည်သည့်နေရာဖြစ်သည်ကို သိလိုက်သည်။ ထိုသည်မှာ လုံခြုံရေးအလွန်တင်းကြပ်သော ဟိုတယ်တစ်ခုဖြစ်သည်။
ထိုအဆင့်မြင့်စားသောက်ဆိုင်၏ လုံခြုံရေးမှာ အလွန်ကောင်းမွန်ပြီး မည်သည့်ဖောက်သည်၏ အချက်အလက်ကိုမျှ ပေါင်ကြားခြင်းမပြုပေ။ ထိုနေရာသည် ဈေးကြီးသော်လည်း လာရောက်ကြသူများသည် ချမ်းသာသည့်လူများသာဖြစ်သဖြင့် သတင်းအချက်အလက်သာ ပေါက်ကြားပါက ၎င်းတို့၏ဒေါသကိုခံစားရပေမည်။ သူဌေးအများစုသည် ထိုနေရာကိုလာရောက်ကြသည်မှာ သတင်းအချက် အလက်များလုံခြုံသောကြောင့်ဖြစ်သည်။ သို့မဟုတ် ပါကစားသောက်ဆိုင်၏ဈေးမှာအလွန်ကြီးသဖြင့် လာမည့်သူရှိမည်မဟုတ်ချေ။
စားသောက်ဆိုင်တွင် ခရစ္စမတ် ပစ္စည်းများ ရှိနေသောကြောင့် ထိုသည်မှာ မနှစ်က ဒီဇင်ဘာ၂၅ရက်ဝန်းကျင်ဟု ခန့်မှန်းကြသည်။ တစ်နည်းဆိုရသော် ချန်းဟောင်သည် ကွာရှင်းပြတ်စဲပြီး ချမ်းသာသော သူဌေးတစ်ယောက်နှင့် အတူရှိနေတာဖြစ်နိုင်သည်။ ထို့ကြောင်ပ လူတိုင်းသည် ချန်းယုအတွက် စိတ်မကောင်းဖြစ်မိကြသည်။
ထိုအဖြစ်အပျက်ဖြစ်ပွားပြီး နှစ်ရက်သုံးရက်အကြာမှ အင်တာနက်အသုံးပြုသူများသည် ငြိမ်သက်သွားကြသည်။ တစ်စုံတစ်ယောက်သည် ထိုအကြောင်းကို အကျဉ်းချုံးရေးသားဖို့ Weiboတွင် ရှည်လျားသော စာတစ်ခုရေးတင်ခဲ့သည်။ ၎င်းတို့နှစ်ယောက်သည် လူအများဖြစ်လိုသော စံပြဇနီးနှင့် စံပြခင်ပွန်းဖြစ် သည်။ တီဗီအစီအစဉ်များသည်လည်း မိခင်ကောင်းများနှင့် ဖခင်ကောင်းများအား မေးခွန်းနေသည့် အစီအစဉ်များကို ထုတ်လွှင့်လာခဲ့သည်။ ထိုသည်မှာ အများသူငှာရှေ့တွင် အလွန်ချစ်ခင်ကြပြီး အားလုံး ၏မြင်ကွင်းမှပျောက်ကွယ်သွားသည်နှင့် သူစိမ်းများအလားဖြစ်လာကြသည်ဟုဆိုထားသည်။ ထိုသည် မှာ ကြားလူ၀င်စွက်ဖက်မှုကြောင့်လည်းမဟုတ်ချေ။ ၎င်းတို့၏မိသားစုသည် မည်သူကမှ မဖျက်ဆီးခင်ထဲက သူတို့ဘာသာဖျက်ဆီးခဲ့ကြသည်။
ရှန်းချူးချူးသည် ယန်ခိုင်နှင့် ချန်းဟောင်တို့ကြားတွင် မည်သူမှ စတင်စိတ်ကုန်လာသည့်ကိစ္စကို စနစ်မှမရှင်းပြထားသောကြောင့် မရှင်းမလင်းဖြစ်နေပြီး ယန်ခိုင်နှင့် ဖုန်ကျီချင်းတိုသည် အဆုံးတွင် လက်မထပ်ခဲ့ကြသည်မှာ ချန်းဟောင်ကြောင့်လားဆိုတာကိုလည်း သူ(မ)မသိချေ။
ယခုအဖြစ်အပျက်တွင် ရှန်းချူးချူးအား မည်သည့်အရာ ခံစားရသနည်းဟုမေးလာပါက အလွန်ပူလောင်သည်ဟု ပြန်ဖြေမိလိမ့်မည်။
လူတိုင်းသည် လအစပိုင်းတွင် ယန်ခိုင်နှင့် ချန်ယုကို အပုပ်ချရန်နှင့် ၎င်းတို့၏ ကုမ္ပဏီရှိ အနုပညာရှင်များကို ထိန်းသိမ်းရန် တမင်တကာ ပြောနေခဲ့သည်။ ထို့နောက်တွင်တော့ သူ(မ)ဆီသို့ မြှားဦးလှည့်လာခဲ့သည်။
ယန်ခိုင်နှင့် ချန်ယုကွာရှင်းပြတ်စဲခဲ့သည့် အကြောင်းကို ဖြေရှင်းပြီးနောက် ရှန်းချူးချူး ယခင်ကပြောခဲ့သော စကားများမှာလည်း အပြစ်တင်ခြင်းမခံရသောချေ။
အမှန်တရားပေါ်လာပြီးသောအခါ ရှန်းချူးချူး၏ အင်တာဗျူးဗီဒီယိုကို ၎င်းတို့ကြည့်မိပါက အခြားခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
"ကျဲကျဲက အရမ်းအစွမ်းထက်တာပဲ! နတ်ဘုရားရဲ့ ဗေဒင်လိုပဲ [(☆▽☆)]"
"အရင်က အမှန်တရားကိုမသိခဲ့ပဲ ကျဲကို စော်ကားမိလို့ တောင်းပန်ပါတယ်၊ ငါ ကျဲကို တောင်းပန်တဲ့အနေနဲ့ အစ်မကြီးကြော်ငြာတဲ့ နားကပ်ဝယ်ဖို့ Central Department Store ကို သွားခဲ့တယ်၊ နားကပ်တွေကအရမ်းကြည့်ကောင်းတာပဲ!"
"ကျဲက ငါတို့ကို အမှန်တရားကို ဖော်ထုတ်ပေးတာဆိုတော့ ငါဒီနေ့ကစပြီး ကျဲဘက်က ရပ်တည်ပေးမယ်! [မီးထဲ လောင်စာထည့်နေသည့် စတေကာ]"
"နတ်ဘုရားမမရေ ကျွန်မတို့ရဲ့ ဟဲချန်မှာရောအိမ် ထောင်ရှိ၊ မရှိကြည့်ပေးပါဦး ကျွန်မမှာများအခွင့် အရေးရှိမလားလို့ [တောင်းဆိုနေသည့်အီမိုဂျီ]"
.....
ထိုမှတ်ချက်များကြောင့် ရှန်းချူးချူးသည် Weibo hot searchတွင် ပထမဆုံးအကြိမ် ၀င်နိုင်ခဲ့သည်။ ထိုသည်မှာ နောက်ဆုံးမှဖြစ်သော်လည်း သူ(မ) အတွက်တော့ သမိုင်း၀င်အခိုက်အတန့်တစ်ခုဖြစ်သောကြောင့် screenshot နည်းနည်းပင်ရိုက်ကာ သိမ်းထားလိုက်သည်။
နောက်တစ်နေ့တွင် သူ(မ) ကုမ္ပဏီသို့သွားသောအခါ ချန်းရှီလီသည် သူ(မ)၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လာသည်။
"အိမ်ထောင်ပြုတယ်ဆိုတာ တကယ်ခက်ခဲတာလား"
ကျိုးရှောင်ယာသည် ချန်းဟောင်နှင့် ယန်ခိုင်တို့အကြောင်းကို မကြာခဏပြောတက်သောကြောင့် ချန်းရှီလီတောင် သံယဖြစ်မိသည်။
ရှန်းချူးချူးသည် ခေတ်တ္တငြိမ်သက်သွားပြီး ခပ်အေးအေးပြောလိုက်သည်။
"ဟုတ်တယ်၊ ဒါရိုက်တာချန်းအတွက်ရော တွက်ပေးရမလား"
ချန်းရှီလီသည် ထိုသည်ကို နားထောင်ပြီး ပြုံးလိုင်သော်လည်း သိပ်စိတ်မဝင်စားချေ။
"မင်းငါ့အတွက် တွက်ပေးစရာ မလိုဘူး၊ မင်း ပြဿ နာဖြစ်တဲ့အချိန်မှ တွက်တာကောင်းတယ်၊ ဒါကအရေးကြီးတယ်၊ မင်း မနေ့ကထွက်သွားပြီးတော့ ငါ hot Search မှာရှာကြည့်သေးတယ် ကုမ္ပဏီကတော့ ဒီအခွင့်အရေးကို လက်မလွှတ်စေချင်ဘူး၊ မင်းသာတကယ်ပဲ ဗေဒင်မတွက်တက်ဘူးတောင်ပြောလိုက်ရင် အရှက်ရလိမ့်မယ်"
မနေ့ညက ရှန်းချူးချူးသည် "ဗေဒင်ဆရာမ ရှန်းချူးချူး" ဟူသော ခေါင်းစီးကိုတွေးမိသောအခါ ပြုံးမိလိုက်သည်။သူ(မ) အမှန်တကယ် တွက်ချက်တက်သော်လည်း မည်သူ့ကိုမှတော့ပြောလို့မရချေ။ ဒါရိုက်တာချန်ပြောတာမှန်သည်။ သူ(မ)သာ ထိုသည်မှာ ကံကောင်းခြင်းကြောင့်သာဟုပြောလိုက်ပါက လူစု၏ ဒေါသသည် သူ(မ)အပေါ် စုပြုံကျလာမည်ဖြစ်ကာ သူ(မ)လည်း ဘယ်တော့မှ သရုပ်ထပ်ဆောင်နိုင်မည်မဟုတ်ချေ။
သူ(မ) သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ပြီး ၎င်းတို့ ၏အလုပ်ကိုပြောနိုင်သော သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ချင်သည်။
"ဟုတ်ပြီ...၊ ငါ မင်းအဖွဲ့သားတွေနဲ့ လေ့ကျင့်နေတယ်လို့ကြားတယ် အဆင်ပြေရဲ့လား၊ မင်း အကသင် တန်းကို နှစ်လလောက်လေ့လာပြီးရင် ရုပ်ရှင်၀င်ရိုက်လို့ရပြီ၊ ဒီတစ်ခါက မင်း အကသမားဇာတ်ကောင်ရတယ်၊ အခုတစ်ခေါက်ရဲ့ ဒရမ်မာက အရင်တစ်ခုကထက်အချိန်ပိုများလိမ့်မယ်"
ရှန်းချူးချူးသည် ဇာတ်လမ်းအတွင် အကြောလျော့ခြင်းနှင့် ကခြင်းများဖြင့် အလုပ်ရှုပ်နေသောကြောင့် ရူးမတက်ဖြစ်နေချိန် သူ(မ)၏ အတန်းဖော်များမှ ဘွဲ့နှင်းသဘင်သည် ပထမနှစ်ပတ်လည်နေ့ကို ကျင်းပမည်ဟု ပြောလာခဲ့သည်။