← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

ဟန်ရှင်းယန်သည် ရှန်ချူးချူး၏ စကားကို ကြားသောအခါတွင် သူ့မျက်နှာသည် တခဏတာအက်ကွဲသွားသည်။ သူသည် ရှန်းချူးချူးကို ဖြည်းညှင်းစွာ ကြည့်လိုက်ရာ သူ၏ နက်မှောင်သော မျက်လုံးများထဲရှိ ခံစားချက်များသည် လူအများနားမလည် နိုင်အောင် ဖြစ်စေသည်။

ရှန်းချူးချူးသည် သူ(မ)၏ မသိစိတ်မှ ရုတ်တရက်တုန်တက်သွားကာ ၎င်းဖြေလာမည်ကို ရုတ်တရက်ကြောက်လန့်နေခဲ့သည်။

"အရမ်းနောက်ကျနေပြီ မစ်ရှန်း၊ ကောင်းကောင်းအနားယူပါ"

သူ့စကားကြောင့် ရှန်းချူးချူးသည် ရုတ်တရက်သက်ပြင်းလေးချကာ ရှက်ရွံ့စွာပြုံးလျက် ဟန်ရှင်းယန်ကိုနှုတ်ဆက်ပြီး တံခါးကို တွန်းလိုက်သည်။ ရှန်းချူးချူး ဓာတ်လှေကားထဲဝင်ပြီးနောက်မှ သူ(မ) ဟန်ရှင်းယန်အား ထိုလိပ်စာကိုတစ်ခါမှ မပေးဖူးကြောင့် သတိထားမိသွားသည်။ ဟန်ရှင်းယန် ဘယ်လိုသိနေတာလဲ?

သူ လက်ကိုမြှောက်ပြီး အချိန်ကိုကြည့် လိုက်သောအခါ ရှစ်နာရီပင်ထိုးလို့နေသည်။ အရမ်းနောက်ကျနေပြီပဲ...

ရှန်းချူးချူးသည် ညဘက်အိပ်ရာမဝင်ခင်မှာ ဟန်ရှင်းယန်မှာ သူ(မ)အား တစ်ခုခု ဖုံးကွယ်ဖို့ ကြိုးစားနေသည်ဟု ခံစားမိခဲ့သည်။ တကယ်ကြီး သူ(မ)အဲ့ညတုန်းက အခွင့်ကောင်းယူမိခဲ့တာလား ? သူ(မ) ဟန်ရှင်းယန်ကိုများ...

ရှန်းချူချူသည် မျက်လုံးများကို မှိတ်ထားရင်း အဆက်မပြတ်တွေးတောနေသည်။ ယနေ့ညနေ သူ(မ)မြင်လိုက်ရသည့် ဟန်ရှင်း ယန်၏ မျက်နှာကိုတွေးရင်း သူ(မ)မျက်နှာနီရဲလာရသည်။ သူ(မ)သည် ရင်ဘတ်အထိသာ ဆွဲခြုံထားသော စောင်ကို ခေါင်းပေါ်သို့ ဖုံးအုပ်လိုက်သည်။ သူ(မ) ဘယ်လိုလုပ် မျက်နှာပြရတော့မှာလဲ ?

ဟန်ရှင်းယန် တိုက်ခန်းကို ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်မိသည့်အရာမှာ သူ့ဘောင်းဘီချွတ်ကာ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ခြင်ပင်။

သူသည် ချူးချူကို ပြန်ပို့ရသောကြောင့်သာ မဟုတ်ပါက အစောကြီးအိမ်ပြန်ကာ ဘောင်းဘီကိုလွှင့်ပစ်တာသည် ပထမဆုံးဦး စားပေးဖြစ်လိမ့်မည်။

ဟန်ရှင်းယန် ရေချိုးပြီးနောက် ဖုန်းထဲရှိ ခေါ်ထားသော ဖုန်းကို ကြည့်လိုက်ချိန် မျက်မှောင်ကြုတ်လျက် ပြန်ခေါ်လိုက်သည်။

"သား... မိန်းကလေးကျန့်နဲ့ ဒီနေ့ ဘယ်လိုလဲ"

ဖုန်း၀င်သွားပြီးနောက် မားမားဟန်၏အသံသည် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။

ဟန်ရှင်းယန်သည် ထိုအကြောင်းကို တွေးမိကာ သူ့ခြေထောက်များကို အဆိပ်ရှိသော အကောင်တစ်ကောင် ကိုက်သွားသလိုပင် ခံစားရကာ နောက်တစ်ကြိမ် ရေထပ်ချိုးချင်လာသည်။

"မား ကျွန်တော်တို့ အဆင်ပြေမှာမဟုတ်ဘူး"

မားမားဟန်သည် စိတ်ပျက်လက်ပျက်နှင့် "ဘယ်လိုလုပ် အဆင်မပြေရမှာလဲ၊ မိန်းကလေးကျန့်က မိသားစုကောင်းကနေ ပေါက်ဖွားလာတာ၊ မင်းတို့ခံစားချက်တွေ တဖြေးဖြေးနဲ့ အဆင်ပြေသွားကြမှာပါ"

ဟန်ရှင်းယန်သည် သူ့ခံစားချက်များပြေလည်သွားမည်လား မသိသော်လည်း ထိုအမျိုးသမီးကျန့်၏အပြုအမူကို သူမည်မျှ မုန်းတီးကြောင်းသိသည်။ ထိုသည်ကိုတွေးပြီး သူသည် ကူကယ်ရာမဲ့လျက်..

“မား.. ကျွန်တော် ညဘက်လုပ်စရာရှိသေးတယ်၊ မား သားအိမ်ထောင်ရေးကိစ္စကို စိတ်မပူပါနဲ့"

ဟန်ရှင်းယန်သည် သူ့မားမှာ k-drama ထဲရှိ မိခင်များကဲ့သို့ မည်မျှပင် နားပူနာဆာလုပ်နေပါစေ ဖုန်းကိုချကာ နောက်တစ်ခေါက် ရေချိုးရန် သွားခဲ့သည်။

**

နောက်တစ်နေ့မနက်ခင်းတွင် ရှန်းချူးချူး၏ မျက်လုံးများအောက်သည် ပန်ဒါများကဲ့သို့ မဲနက်နေသည်။

ဝမ်ချမ့် သူ(မ)ထံ ထမင်းလာပို့ပေးသောအခါ ရှန်းချူးချူး၏ နွမ်းလျနေသော ဖြူဖျော့ဖျော့ မျက်နှာကို မြင်ပြီး တုန်လှုပ်ချောက် ချားကာ "ဘော့စ် ရှင် ဘာဖြစ်နေတာလဲ"

ရှန်းချူးချူးသည် ဒေါသတကြီးနှင့် “အန်တီ လာလို့လေ”

[အန်တီ= ဓမ္မတာ]

ထိုသည်ကို ဝမ်ချမ့် ကြားသောအခါ "ဘော့စ် ပုံမှန်ဆို မနာတတ်ဘူးမလား? ရုပ်ရှင်ရိုက်ရတာ အရမ်းပင်ပန်းနေလို့ဖြစ်မယ်၊ ကျွန်မ သကြားညို ဒါမှမဟုတ် ဆေးဝယ်ပေးရမလား"

ရှန်းချူးချူးသည် ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး "ဟင့်အင်း ဒီတစ်ခါမနာပေမယ့် နည်းနည်းလေး အဆင်မပြေဖြစ်နေတာပါ"

ရှန်းချူးချူး တွေးနေသည်မှာ သူ(မ) ခန္ဓာကိုယ် မသက်မသာဖြစ်နေသည်ထက် သူ(မ) ရင်ထဲတွင် အဆင်မပြေခြင်းဖြစ်သည်။ သူမသည် မနေ့ညတွင် အလွန်ရှက်စရာ ကောင်းသော အိပ်မက်တစ်ခုကို မက်ခဲ့သည်။ မူလတွင် အိပ်မက်သည် သိပ်ကိုလှပနေဆဲပင်။ သူ(မ)သည် တက္ကသိုလ်ကျောင်းသားဘဝကို အိပ်မက်မက်ခဲ့ပြီး ချန်ရွှင်းသည် သူ(မ)အား ဘဏ္ဍာရေးဆိုင်ရာ စွန့်စားစီမံခန့်ခွဲမှု စာအုပ်ကိုပေးအပ်လာသည်။ ထိုစဉ်တဖြည်းဖြည်းနှင့် ၎င်းသည် ဟန်ရှင်းယန်ဖြစ်သွားသည်ကိုတွေ့လိုက်ရသည်။

သူ(မ)သည် သူ အိပ်ပျော်နေစဉ်အချိန် သူ့ကို နမ်းခဲ့ပြီး ထို့နောက် လူနှစ်ယောက်သည်လုံး၀ခွဲခွာလို့မရချေ။ ထိုအချိန်တွင် သူ(မ)၏ နှလုံးသားသည် အဆက်မပြတ်တုန်ရီကာ ခုန်ပေါက်နေပြီး သူ(မ)ဗိုက်အောက်မှ ပူနွေးနွေးအရာကိုခံစားမိလိုက်ကာ သူ(မ)နိုး လာချိန်မှာတော့ အန်တီလာနေခြင်းဖြစ်သည်။

ရိုးသားစွာပြောရပါက သူ(မ)သည် ငယ်စဉ်ကတည်းက ယခုအချိန်အထိ ထိုသို့သောအိပ်မက်မျိုးမက်ဖူးသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ ယခင်ကဆို သူ(မ)သည် ထိုသို့ အိပ်မက်တွေ မက်ဖူးသော်လည်း ဝတ္ထုတစ်ပုဒ်ဟုသာထင်ခဲ့သည်။ ထို့ကြောင့် သူ(မ)သည် ယနေ့တွင် ၎င်းကို အိပ်မက်မက်ခြင်းမှာ အသက်ကြီးနေခြင်းကြောင်လား ? သူ(မ) ရည်းစားထားသင့်ပြီလား?

သူ(မ) ချစ်သူသည် ဘယ်သူများဖြစ်မလဲ? အနာဂတ်မှာ သူ(မ)ခင်ပွန်းကရော ဘယ်သူများလဲ? ရှန်းချူးချူးသည် ဝမ်ချမ့် ထွက် သွားပြီးနောက် မှန်ဘေးတွင် ရပ်ကာ သူ(မ)ကိုယ်သူ(မ)မ စိုက်ကြည့်နေသည်။ ခါတိုင်းလိုပင် မိနစ်အနည်းငယ်ကြာအောင် သူ(မ)ကိုယ်ကို ငေးကြည့်နေရင်း ခေါင်းထဲမှာ ဘာတစ်ခုမှ မပေါ်လာချေ။

သူ(မ) ယခင်ကဆို ထိုအရာနှင့် ပတ်သက်ပြီး ဘာမှ မခံစားခဲ့ရသော်လည်း ယခုအခါ ဟန်၏ စကားကြောင့်လား? သို့မဟုတ် မနေ့ညက အိပ်မက်များ ကြောင့်လား? အန်တီလာနေလို့များ စိတ်ကူးယဉ်ဆန်နေမိတာလား မသိသော်လည်း ရှန်ချူးချူးသည် အလွန်စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

သူ(မ)သည် လူတိုင်း၏ အိမ်ထောင်ရေးကို မြင်ရသောမလည်း သူ(မ)ကိုယ်သူ(မ)တော့ မမြင်ရသည်။

သူ(မ)သည် စနစ်ရလာသောအခါတွင် ကောလိပ်မှဘွဲ့ရရှိသည်မှာ မကြာသေးသည့်အတွက် ထိုသို့ကိစ္စအတွက် စိတ်ပူစရာမလိုချေ။ သို့သော် သူ(မ) တစ်နှစ်ခွဲခန့် နီးပါး အခြားသူများ၏ အိမ်ထောင်ရေးကို လိုက်လံကြည့်ရှုပြီးနောက် သူ(မ)၏ အိမ်ထောင်ရေးအပေါ် ထားရှိသည့်ခံယူမှုသည်ကွဲပြားသွားခဲ့သည်။

သူ(မ)ရဲ့ အိမ်ထောင်ရေးကဘယ်လိုဖြစ်မလဲ သူ(မ)လည်း မသိဘူး၊ သူ(မ)သည် တစ်ချိန်ချိန်တွင် လက်ထပ်မည်၊ မည်သူနှင့်လဲ မည်သည့်နေရာတွင် တွေ့ဆုံရမည်မှန်း သူ(မ) မသိချေ။

ရှန်းချူးချူးသည် နေ့ခင်းဘက်တွင် လိုအပ်သည်များကို သယ်ဆောင်ကာ ကုမ္ပဏီသို့ သွားခဲ့သည်။ သူ(မ) အန်တီ ကိစ္စသည်တော့ ထိုသည်မှာ သွေးများသာ စဉ်ဆက်မပြတ် ထွက်နေခြင်းသာဖြစ်ပြီး အခြားသူများပြောသကဲ့သို့ နာကျင်မှုမျိုး တစ်ခါမှ မခံစားဖူးချေ။ သူ(မ)သည် ပူလွန်း အေးလွန်းသည့် အစားအစာများ မစားသေးသရွေ့ ပြင်းပြင်းထန်ထန် မခံစားရပေ။

ရှန်းချူးချူးသည် ကုမ္ပဏီသို့ရောက်ပြီးနောက် သင်တန်း ဆရာမထံသို့သွားခဲ့သည်။ ၎င်းသည် လူသစ်များကို သင်ပေးနေစဉ် ရှန်းချူးချူးသည်လည်း လာရောက် နားထောင်ခဲ့သည်။ ၎င်း၏ အတန်းသည် သရုပ်ဆောင် လေ့ကျင့်မှုများအပြင် အခြေခံ သီအိုရီဆိုင်ရာအသိပညာများကိုလည်း သင်ကြားပေးသည်။

ဆရာတစ်ယောက်ဖြစ်ရန်အတွက် အတန်းထဲတွင် အခြေခံကျွမ်းကျင်မှုများကို သင်ကြားပေးခြင်းအပြင် သီအိုရီဆိုင်ရာ အသိပညာ များသည်လည်း မရှိမဖြစ်လိုအပ်ပါသည်။ သီအိုရီဆိုင်ရာ အသိပညာ၏ ပံ့ပိုးမှုမပါသည့် ကျွမ်းကျင်မှုများသည် အချည်းနှီးသက် သက်သာ ဖြစ်သည်။ ထို့အပြင် သီအိုရီဆိုင်ရာအသိပညာသည် ဤအသိုင်းအဝိုင်း၏ အဓိကထောက်တိုင်ဖြစ်သည်။

အတန်းရှိဆရာမသည် ရှန်းချူးချူး၏ကြိုးစားအားထုတ်မှုကို အလွန်သဘောတွေ့မိသည်။ ဤအသိုင်းအဝိုင်းထဲတွင် ဦးနှောက် မပါသည့် ကြယ်များစွာရှိသည်။ ထိုလူများသည် အခြားနည်းလမ်းများဖြင့် ကျော်ကြားရန်ရွေးချယ်သွားကြသည်။

ရှန်းချူးချူးသည် အတန်းပြီးသောအခါ ချန်းရှီလီအား ပုံမှန်အတိုင်း သွားရှာခဲ့သည်။ ယနေ့တွင် ချန်းရှီလီအပြင် အခြား အမျိုးသမီး တစ်ယောက်လည်းရှိနေခဲ့သည်။ ထိုလူသည် အသက်လေးဆယ်ခန့်ရှိပြီဖြစ်သည့် ကောင်းရှင်းဟုခေါ်သူဖြစ်သည်။ ၎င်းသည် ကုမ္ပဏီ၏ထိပ်တန်း သုံးယောက်ထဲရှိ အမျိုးသမီး ကြယ်ပွင့်ဖြစ်သည်။ ၎င်းသည် ရုပ်ရှင်အဝန်းအဝိုင်းကို ဖုံးလွှမ်းနိုင်စွမ်းရှိပြီ ဟောလီးဝုဒ်ရုပ်ရှင်များကိုလည်း ရိုက်ဖူးသည်။ ၎င်းသည် နာမည်ကျော် တိုင်းသိပြည်သိ အမျိုးသမီးသရုပ်ဆောင်ဖြစ်ပြီး ခန့်မှန်းချေ 10 မှာ 10 ယောက်လောက် သူ(မ)ကို သိပေမည်။

သူ(မ)သည် အခြားကြယ်ပွင့်များနှင့်လည်း မတူချေ။ ကြယ်ပွင့်များစွာသည် အောင်မြင်ပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးသော အခါတွင် ၎င်းတို့ဘာသာ ခွဲထွက်သွားကြပြီး ကိုယ်ပိုင် စတူဒီယိုတည်ထောင်ကြသည်။ သို့သော်လည်း ၎င်းသည် ကုမ္ပဏီတွင် အနှစ် 20 ကျော်အလုပ်လုပ်ပြီး ကုမ္ပဏီတွင် အမြဲရှိနေကာ စာချုပ်ကိုဖျက်သိမ်းရန် ရည်ရွယ်ချက်မရှိချေ။ ကုမ္ပဏီရှိလူများသည် တစ် ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကြသော်လည်း လူအများသည် ၎င်းထက်ပင် ဒေါသထွက်ပေးနေကြသည် သို့သော် အဆင့်အ တန်းအရဆိုလျှင် ၎င်းနှင့် မယှဉ်နိုင်ချေ။

ကုမ္ပဏီအား စတိုးဆိုင်အဖြစ် ဥပမာယူပါက ၎င်းသည် စတိုင်းဆိုင်ထဲရှိ အဖိုးထိုက်တန်သည့်ရတနာလေးဖြစ်သည်။

"ကောင်းကျဲ တွေ့ရတာ၀မ်းသာပါတယ်!"

ရှန်းချူးချူးသည် လေးလေးစားစား နှုတ်ဆက်လိုက်သည်။ ရှန်းချူးချူးသည် ကောင်းရှင်းကို မွေးကတည်းက သိခဲ့သည်ဟု ဆိုခြင်းသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ချေ။ ၎င်းသည် ဒဏ္ဍာရီလာ ဂျာမန်အနုပညာကဲ့သို့ ကောင်းမွန်ခြင်း ရှိ မရှိ သူ(မ) မသိသော် လည်း ၎င်းသည် ဆုများနှင့် ကောင်းမွန်သည် ဇာတ်ကားများကို ချန်ရစ်ထားသူဖြစ်သည်။

ကောင်းရှင်းသည် ခေါင်းကို လှည့်ပြီး ရှန်းချူးချူးကို အလေးအနက်ထား ကြည့်လိုက်သည်။ သူ(မ)သည် ခေါင်းညိတ်ကာ ပြုံးလျက် "တွေ့ရတာ ၀မ်းသာပါတယ်၊ မင်းက တကယ်လှတာပဲ"

"ကောင်းကျဲရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်"

ထို့နောက် ကောင်းရှင်းသည် ချန်းရှီလီနှင့် စကားအနည်းငယ်ပြောခဲ့သည်။ ၎င်းတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ သူငယ်ချင်း များကဲ့သို့ပင် တွဲဖက်ညီစွာ စကားဖောင်ဖွဲ့နေကြသည်။ ရှန်းချူးချူးသည် ဘေးတွင် တိတ်တဆိတ်သာ ထိုင်နေရသဖြင့် တဖြည်း ဖြည်းပျင်းရိလာကာ ကောင်းရှင်း၏အိမ်ထောင်ရေး စနစ်ကိုကြည့်ရန်အစပျိူးလိုက်သည်။

ရှန်းချူးချူးသည် ကြည့်လိုက်ရုံနှင့် အံ့သြသွားသည်။

ကောင်းရှင်းသည် အိမ်ထောင်ရေးနှစ်ဆက်ဖြစ်သည်။ သို့သော်လည်း သူ(မ)သည် ကောင်းရှင်းနှင့် ရုပ်ရှင်သရုပ်ဆောင် စွင်းဟွေ့တို့၏ သတင်းများကိုကြားဖူးကာ ၎င်းတို့သည် ငယ်စဉ်ကတည်းကအတူကြီးပျင်းလာကြသော သူငယ်ချင်းများဖြစ်သည်။ ၎င်းတို့ အချစ်သည် အလွန်သိသာထင်ရှားသောကြောင့် လူတိုင်းသည် နှစ်အနည်းငယ်အကြာတွင် ၎င်းတို့ လက်ထပ်ကြမည်ဟု မှန်းဆ မိသည်။ ယခုလို အချစ်ဇာတ်လမ်းမျိုးသည် လူတော်တော်များများကို မနာလိုဖြစ်စေသည်။

သို့သော် ဤအသိုင်းအဝိုင်းတွင် ဖြူစင်သည့် ခံစားချက်များဆိုတာ တကယ် ရှိပါမည်လား? ချိုမြိန်သော ဇာတ်လမ်းများနောက် ကွယ်တွင် ရင်နင့်စရာ ဇာတ်ကြောင်းများရှိစမြဲမဟုတ်ပါလား?

ရှန်းချူးချူးသည် ပျော်ရွှင်သောမျက်နှာနှင့် စကားပြောနေသော ကောင်းရှင်းကို ကြည့်လိုက်သည်။ ၎င်းကိုကြည့်ရသည်မှာ မည်သည့်အရာမှာမဖြစ်သည့်အလား ထင်ရသော်လည်း စိတ်အတွင်းထဲတွင် အလွန်ပင်ချိနဲ့နေလောက်သည်။ ပျော်ရွှင်ဖွယ်ရာ ချစ်ခြင်းမေတ္တာများ အားလုံးသည် ကြည့်၍ကောင်းသော်ငြား ထိုနောက်ကွယ်တွင် ပြော၍မရသည့် အရှက်တရားကိုယ်စီ ရှိကြသည်။

ရှန်းချူးချူးသည် ကောင်းရှင်းထံမှ အကြည့်လွှဲလိုက်ပြီး ၎င်း၏ အိမ်ထောင်ရေးစနစ်ကို ဆက်ကြည့်နေသည်။ ကောင်းရှင်း၏ ပထမအိမ်ထောင်သည် နှစ်နှစ်သာ ပေါင်းသင်းခဲ့ပြီး ရှစ်နှစ်အကြာတွင် စွင်းဟွေ့နှင့် ဒုတိယအိမ်ထောင်ကို စတင်ခဲ့သည်။

ဒုတိယအိမ်ထောင်သည် ကြယ်ငါးပွင့်အဆင့်ရှိသဖြင့် ရှန်းချူးချူး အလွန်အံ့သြသွားခဲ့သည်။ ကောင်းရှင်းသည် သူ့ကိုယ်ပိုင် ပျော်ရွှင်မှုတစ်ခုနှင့် ဆုံတွေ့ခဲ့သည်မှာသေချာသည်။ ကွဲကွာမည့်အချိန်သည် ရှိနေဆဲဖြစ်သောလည်း ထိုသည် အနှစ်ငါးဆယ်၊ ခြောက်ဆယ်ခန့်ကြာပြီးမှဖြစ်ကာ သေဆုံးခြင်းသည်လည်း သဘာ၀အတိုင်းသာဖြစ်သည်။

ရှန်းချူးချူးသည် ထိုသည်ကိုမြင်တော့ ၎င်းသည် တစ်ခါ အိမ်ထောင်ကျဖူးသော်လည်း ပျော်ရွှင်မှုကိုခံစားရဦးမည်ဖြစ်သည့်အတွက် အလွန်ကံကောင်းသည်ဟုခံစားလိုက်ရသည်။ ကောင်းရှင်းသည် အလွန်ကံကောင်းသူဖြစ်သည်မှာ သေချာသည်။ သူ(မ)သည် လူအများ၏အိမ်ထောင်ရေးကို မြင်ဖူးပြီး လူအနည်းငယ်သာ ကြယ်ငါးပွင့်အဆင့်ထိရောက်နိုင်သည်။ ကြယ်လေးပွင့်သည်ပင် အလွန် ပျော်ရွှင်ရသည်ဖြစ်သဖြင့် ကြယ်ငါးပွင့်မှာတော့အလွန်ရှားပါးသည်။ လူအများစုသည် ၎င်းတို့၏အိမ်ထောင်ရေးတွင် ကြယ်သုံးပွင့် သာရှိသည်။

ကောင်းရှင်းသည် မထွက်သွားခင် ရှန်းချူးချူးကို တစ်ခေါက်ပြန်ကြည့်ကာ နူးညံ့သည့် အပြုံးလေးနှင့် စကားဆိုလာ သည်။

"ကောင်မလေး ကြိုးစားထား!"

ရှန်းချူးချူးသည် မတ်တပ်ထရပ်ပြီး "ဟုတ်ကဲ့ ကျဲရဲ့အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ သေချာပေါက်ကြိုးစားပါ့မယ်"

ကောင်းရှင်းထွက်သွားပြီးနောက် ချန်းရှီလီ သည် ရှန်းချူးချူးကို ရှားရှားပါးပါး အကြည့်ဖြင့်ကြည့်ကာ "မင်း သူ့လိုတစ်နေ့ဖြစ် လာရင် အောင်မြင်မှာပါ"

ရှန်းချူးချူးသည် ၎င်းတို့ ပြောခဲ့သည့်အရာများကို ခန့်မှန်းရင်း "ကောင်းကျဲက အလုပ်ကြီးကြီးတစ်ခုခုလက်ခံလိုက်တာလား ?"

ချန်းရှီလီ၏ အပြုံးသည် အနည်းငယ် လေးနက်သွားပြီး "ဟုတ်တယ်၊ အရင်တုန်းက ရှောင်ကျင်းက လူတွေအားလုံးကို အနိုင်ယူနိုင်ခဲ့ တဲ့ ဒါရိုက်တာက သူ(မ)ကို အမျိုးသမီးဇာတ်လိုက်နေရာ ထည့်သွင်းရိုက်ကူးချင်တယ်ဆိုတော့ ဆွေးနွေးနေကြတာ၊ ဒီရက်ပိုင်း စာချုပ်တော့ချုပ်ဖြစ်မှာပါ"

ရှောင်ကျင်းရန်က ဒါရိုက်တာလား ?! ဤသည်မှာ အနုပညာအသိုင်းအဝိုင်းတွင် လူတိုင်းသိသည့် ဒါရိုက်တာဖြစ်သည်။ ၎င်း နောက် ဆုံးရိုက်ခဲ့သော ရုပ်ရှင်၏ box office သည် နိုင်ငံတကာအထိပင် ကျော်ကြားသွားကာ ၎င်းကို ဆုချခဲ့သော ဆုသည်ပင် ရွှေအလွှာ အတိဖြင့်ဖြစ်သည်။ ထိုမျှလောင်နှင့် ၎င်း၏ ဖန်တီးမှုများနှင့်ယှဉ်လျှင် မထိုက်တန်သော်လည်း ၎င်း၏ အဆင့်အတန်းသည်တော့ ပိုမြင့်လာခဲ့သည်။

ကောင်းရှင်းသည် ပြည်တွင်း အနုပညာလောကရှိ အထွတ်အထိပ်သို့ ရောက်ခံနီးဖြစ်ပြီး ထို ရုပ်ရှင်ကိုပါ ရိုက်ကူးလိုက်ပါက ရုပ်ရှင် ဧကရီတစ်ပါးပင်ဖြစ်လာလိမ့်မည်။

ရှန်းချူးချူးသည် ထိုသည်ကိုတွေးရင် "ကောင်းကျဲက တကယ်အစွမ်းထက်တာပဲ"

စကားအနည်းငယ်ပြောပြီးနောက် ချန်းရှီလီသည် ပြုံးလျက် "အဲ့တာထားလိုက်တော့ နောက်လကျရင် 'ရှောင်းရီ' ဇာတ်ကားကို ပရိုမိုးရှင်းလုပ်တော့မှာ၊ အဲ့အတွက် ရှိုးရိုက်ဖို့ လူလေးယောက်က S Stationကိုသွားရမယ်၊ အဲ့ထဲမှာ မင်းပါတယ်."

ရှန်းချူးချူးသည် သူ(မ)သည်လည်း ရှိုးကို သွားရမည်ဖြစ်ကြောင်း ကြားသိရပြီး သွားရမည့်နေရာမှာလည်း S Station ဖြစ်နေသေး သည်။ သို့ဖြစ်ရာ သူ(မ)အလွန်အမင်းအံဩသင့်သွားရသည်။

"ကုမ္ပဏီက ဒီDrama မှာ စုစုပေါင်း ရှိုးကို လေးခုကနေ ငါးခုအထိလုပ်ကြမှာ၊ ငါက မင်းကို အဲ့ထဲက တစ်ခုလောက်မှာ ပါ၀င်စေ ချင်ပေမယ့် ဒါရိုက်တာက မင်းကိုရှိုးတိုင်းမှာပါစေချင်နေတယ်၊ ဒါပေမဲ့ အဲ့တာက မင်းဆန္ဒရှိ၊မရှိအပေါ်မူတည်တယ်"

All Chapters