အခန်း (၃၁)
Vol. 4 Ch. 31
သူ(မ) ၀မ်ကျင်း၏ကံကြမ္မာအား နောက်တစ်ကြိမ်ကြည့်လိုက်သည့်အခါ ဝမ်ကျင်းသည် နောက်ဆယ်နှစ်အကြာတွင် ဒုတိယအကြိမ်လက်ထပ်ရမည်ကိုတွေ့ခဲ့ရသည်ာ ထို့အပြင် ပျော်ရွှင်မှုညွှန်းကိန်းသည် ကြယ်သုံးပွင့်ရှိသည်။
ရှန်းချူးချူး မျက်မှောင်ကြုတ်သွားကာ ထိုသည်မှာ ၎င်း၏ ပထမခင်ပွန်း၏လွှမ်းမိုးမှုကြောင့်ဟု ထင်မြင်မိကာ ထိုအိမ်ထောင်ရေးအား အားမပေးမိချေ။
ဝမ်ကျင်းသည် ရှန်းချူးချူးမှာ စကားမပြောဘဲ အချိန်အတော်ကြာသာ သူ(မ)အားစိတ်မသက်မသာဖြစ်နေသည့်အကြည့်ဖြင့် စိုက်ကြည့်နေသောကြောင့် တိုးညှင်းသောလေသံဖြင့် မေးလိုက်သည်။
"ချူးချူး နင်ဘာဖြစ်နေတာလဲ နေလို့မကောင်းလို့လား"
ရှန်းချူးချူးသည် အသိစိတ်ပြန်ကပ်သွားပြီး ဝမ်ကျင်းကိုကြည့်ကာ "ငါနေကောင်းပါတယ်၊ မကြာသေးခင်က အလုပ်တွေများလွန်းလို့ ကောင်းကောင်း မအိပ်ရသေးလို့ပါ"
ဝမ်ကျင်းသည် ပြုံးလျက် "အေး.. ဘာမှမဖြစ်တာ ကောင်းတယ်"
ဝမ်ကျင်းသည် ထို့နောက် အတန်းရှိ အခြားအတန်းဖော်များနှင့် စကားသွားပြောသည်။ ရှန်းချူးချူးသည် ဝမ်ကျင်းကို မလွဲမသွေစိုက်ကြည့်နေသည်။ ၎င်းကို ကြည့်ရုံဖြင့် ၎င်း၏အချစ်ရေးသည် ခက်ခဲနေမည်ဟုတော့ သူ(မ)မထင်ချေ။သူ(မ)သေချာစဉ်းစားပြီးနောက် ၀မ်ကျင်းကို သတိပေး၍ဆုံးဖြတ်ခဲ့သည်။ ထိုနေရာတွငိသူစိမ်းဆိုလျှင် သူ(မ) မျက်နှာလွဲခဲပစ်လုပ်နိုင်သော်လည်း သူ(မ)၏ အတန်းဖော်ထဲမှ နာကျင်စရာအိမ်ထောင်ရေးတစ်ခု ကြုံရမည်ကိုသိလျက်နှင့် ရပ်မကြည့်နေနိုင်ချေ။
ဝမ်ကျင်းသည် သူ(မ)၏စကားကို ခဏလောက် နားထောင်လိမ့်မည်ဟု မျှော်လင့်မိသည်။ ၎င်းသာ နားမထောင်ပါက သူ(မ) တခြားနည်းလမ်းတွေကို စဉ်းစားရလိမ့်မည်။ မိန်းကလေးများတွင် တစ်ဖက်လူ၏ ရည်းစားဟောင်း၊ အချစ်ဦးတို့သည် သဘာဝရန်သူပင်။ တစ်ချို့ယောက်ျားများသည် အမှန်တကယ်ကြောက်စရာကောင်းသည်။ ၎င်းတို့သည် အချစ်ဦးကိုသာ သဘောကျကြသော်လည်း တခြားသူများကိုလည်း သ၀န်တိုတက်ကြသည်။ အချို့များတော့ အချစ်ဦးကိုသာစွဲမြဲနေပြီး အချစ်ဦးနှင့် လက် ထပ်နိုင်ခဲ့သည်။
အဆုံးတွင် အတန်းတစ်ခုလုံး ပြန်လည်ဆုံဆည်းမှုပြီးနောက် ရှန်းချူးချူး သက်ပြင်းချလိုက်သည်။ သူ(မ) လည်း မတ်တပ်ရပ်နေသည့်လူတိုင်းကို ကြည့်ရင်း ထရပ်လိုက်သည်။ သူ(မ)သည် ဝမ်ကျင်းအနားတွင် တမင်တကာတားလိုက်ပြီး ခပ်တိုးတိုးလေးပြောလိုက်သည်။
"ဝမ်ကျင်း ငါ့မှာ နင့်ကိုပြောစရာရှိတယ်၊ ခဏလောက် အချိန်ပေးလို့ရမလား"
ဝမ်ကျင်းသည် ခဏလောက် ထိတ်လန့်သွားပြီး ပြုံးလျက် "ရတာပေါ့"
ရှန်းချူးချူးနှင့် ဝမ်ကျင်းသည် ခန်းမဆီသို့သွားကာ ထိုင်လိုက်သည်။
ဝမ်ကျင်းသည် ရှန်းချူးချူး၏ တုံ့ဆိုင်းမှုကို ကြည့်ပြီးပြုံးလျက်ပြောလာသည်။
"ချူးချူး နင်နဲ့ငါ့ကြားမှာ ဘာတွေရှက်စရာတွေများရှိလို့လဲ နင့်မှာ အခက်အခဲရှိလည်း ငါ့ကိုပြောပြ ရတယ်၊ ငါတို့က ကျောင်းမှာ လေးနှစ်တောင် အတူဖြတ်သန်းခဲ့ရတာလေ၊ ဘာရှက်စရာများရှိလို့လဲ"
ရှန်းချူးချူး ထိုစကားကို နားထောင်ပြီးနောက် စိတ်ကိုလျှော့ချလိုက်ကာ "ဝမ်ကျင်း.. ငါတို့မိသားစုမှာ ဗေဒင်ပညာကို သိတဲ့အဖိုးကြီး တစ်ယောက်ရှိတယ်၊ ငါလည်း တချို့အရာတွေကို သင်ယူထားခဲ့တာမို့ နည်းနည်းတော့ သိတယ်၊ အခု ငါ နင့်မျက်နှာကို ကြည့်လိုက်တဲ့အချိန် တစ်ခုခုတွေ့ခဲ့တော့ ငါပြောသင့်လား မပြောသင့်လားမသိဘူး"
ဝမ်ကျင်းသည် ဘာသာမဲ့တစ်ဦးဖြစ်သော်လည်း ရှန်းချူးချူး စကားကိုကြားသောအခါ စပ်စုချင်လာသည်။
"ကိစ္စမရှိဘူး၊ နင်မြင်တာပြောလို့ရတယ်"
ရှန်းချူးချူးသည် ခဏလောက်စဉ်းစားပြီး စကားတစ်ချို့ကို အထူးရွေးချယ်ပြောခဲ့သည်- "နင့်မျက်နှာကို ငါကြည့်တော့ မကြာခင် ပွင့်လန်းတော့မဲ့မက်မွန်ပွင့်ကာလကိုရောက်တော့မယ်၊ ဒါက ဘာကိုပြောချင်တာလဲဆိုတော့ မင်း တစ်ယောက်ယောက်နဲ့ မေတ္တာမျှနေပြီးကောင်းတဲ့အရာတွေက မင်းဆီကိုတဖြည်း ဖြည်းနီးလာပြီ၊ မင်းရဲ့ အမျိုးသားဖြစ်သူနဲ့ လက်ထပ်ဖို့ရက်အနည်းငယ်ပဲလိုတော့တာလည်း ဖြစ်နိုင်တယ်"
ဝမ်ကျင်းသည် မူလက စပ်စုချင်စိတ်သာရှိသော် လည်း ထိုစာကြောင်းကို ကြားပြီးနောက် သူ(မ)၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားသည်။ သူ(မ)သည် မကြာသေးမီက လက်ထပ်ရန် စိတ်ကူးထားပြီး လာမည့်အပတ်တွင် လက်ထပ်ရန်ရည်မှန်းထားသော်လည်း ထိုကိစ္စအား အခြားသူများကိုတစ် ခါမှပြောဖူးချင်းမရှိပေ။ သို့ဖြစ်ရာ ရှန်းချူးချူးမှာ မည်သို့သိနေသနည်း။ သူ(မ)ရည်းစားကများ တစ် ယောက်ယောက်ကို ပြောလိုက်တာလဲ? ဒါပေမဲ့ ရှန်းချူးချူးက သူ(မ)ရည်းစားကိုတောင် မသိဘူးလေ..
"ချူးချူး နင် ဘာမြင်သေးလဲ ?"
၀မ်ကျင်းသည် ရှန်းချူးချူး၏ မျက်နှာကို ကြည့်လိုက်သည်နှင့် အမျိုးသမီးတစ်ယောက်၏ ဗီဇကြောင့် ထိုစကားများမှာ ဤမျှ မရိုးရှင်းကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ရှန်းချူးချူးသည် လက်သီးကိုခပ်တင်းတင် ဆုတ်လိုက်ပြီး "ဒါက မကောင်းတဲ့ အိမ်ထောင်ရေးတော့မဟုတ်ဘူး၊ လူတွေကိုကယ်တင်ခြင်းပဲ၊ ဒါပေမဲ့ ငါအကြံပေးချင်တာက နင် ဒီအိမ်ထောင်ရေးကိုထပ်စဉ်းစားသင့်တယ်"
ဝမ်ကျင်း၏မျက်နှာသည် ပြောင်းလဲသွားပြီး သူ(မ) ၏ နှလုံးသားမှာ အနည်းငယ်တုန်လှုပ်သွားသည်။
"ဘာလို့လဲ၊ တစ်ခုခုဖြစ်လို့လား"
ရှန်းချူးချူးသည် "ငါ နင့် မျက်နှာကိုမြင်ပြီးတာနဲ့ နင့်ရဲ့အိမ်ထောင်ရေးက သိပ်ကောင်းမှာမဟုတ်ဘူးဆိုတာ ငါတွေ့လိုက်ရတယ်၊ အဲဒီကြားလူကို မဖြေရှင်းနိုင်ရင် နင်တို့အိမ်ထောင်ရေးကခက်ခဲလိမ့်မယ်၊ အဲ့ကြားလူက နင့်အနားကတော့မဟုတ်ဘူး"
ဝမ်ကျင်းသည် ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး တစ်ဖက်အမျိုးသား၏တုန့်ပြန်မှုသည်လည်း အလွန်ကောင်းသည်။ အဆုံးတွင် သူ(မ)ကြိုက်သည့်သူကို ရှာတွေ့ခဲ့သဖြင့် တစ်ဖက်အမျိုးသားမှာလည်း သူ(မ)နှင့် ခံစားချက်ချင်းထပ်တူကျခဲ့သည်။ သို့ဖြစ်ရာ သူ(မ)တို့ သည် တစ်ယောက်ကို တစ်ယောက် သိကျွမ်းသည်မှာ သုံးလသာရှိသေးသော်လည်း လက်ထပ်ကြရန်ဆုံး ဖြတ်ခဲ့သည်။
ယခုအခါ ၀မ်ကျင်းသည် ရှန်းချူးချူး၏ စကားများကိုနားထောင်ပြီးနောက် သူ(မ)၏ အိမ်ထောင်ပြုလိုသောဆုံးဖြတ်ချက်သည် မဆင်မခြင်ဖြစ်ခဲ့သည်ကို သဘောပေါက်သွားသည်။
"ကြားလူဆိုတာ ဘာကိုပြောချင်တာလဲ ?"
ထိုစဉ်တွင် ဝမ်ကျင်း၏ မျက်နှာသည် အေးစက်အေးစက်နေပြီဖြစ်သည်။
ရှန်းချူးချူး ခဏတာ တိတ်ဆိတ်သွားပြီး - "ဒါက နင့်ယောက်ျားရဲ့ မိဘတွေလည်း ဖြစ်နိုင်သလို၊ သူ့သူငယ်ချင်းလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ်... သူ့ အချစ်ဦးတို့၊ ရည်းစားဟောင်းတို့လည်းဖြစ်နိုင်တယ်"
သူ့မိဘတွေ၊ သူငယ်ချင်းတွေနဲ့ အချစ်ဦး၊ရည်းစားဟောင်းလား ? ဝမ်ကျင်းသည် ၎င်း၏ သူငယ်ချင်းများနှင့် ယခင်ရည်းစားဟောင်းများကို မတွေ့ဖူးသဖြင့် တိတ်တဆိတ်တွေးလိုက်မိသည်။ သူ(မ)သည် ၎င်း၏ ယခင် အချစ်အကြောင်းကို စစ်လားမေးလားမလုပ်ခဲ့ချေ။ သူ(မ)တို့နှစ်ဦးလုံးသည် အရွယ်ရောက်သူများဖြစ်သောကြောင့် အချို့အရာများကို ဘေးဖယ်ထားကာ တစ်ယောက်နှင့် တစ်ယောက်လည်း မမေးမိကြပေ။
ရှန်းချူးချူးသည် ဝမ်ကျင်း၏လက်ကို ဆုပ်ကိုင်ထားလိုက်ပြီး "ဝမ်ကျင်း... နင်အဲ့လူကို သိနိုင်မယ်လို့ ငါမျှော်လင့်တယ်၊ ငါပြောတာကို မယုံရင်တောင် နင့်ရဲ့ အနာဂတ်အတွက် ငါ အကြံပေးတယ်လို့ သဘော ထားပေါ့ဟာ၊ လက်ထပ်တယ်ဆိုတာ တစ်ဘ၀လုံးဖြတ်သန်းရမှာ၊ တကယ်လို့ နင်ဘာမှရှာမတွေ့ရင် လက်ထပ်ဖို့အတွက် ဆက်လုပ်ပါ၊ ငါက နင်နာကျင်ရမှာကိုဆိုးလို့ပါ ဒီလောက်ပဲ"
ဝမ်ကျင်းသည် ရှန်းချူးချူး၏ စကားကို နားထောင်ပြီး ရှန်းချူးချူး၏ လေးနက်သော အမူအရာကို ကြည့်ပြီး ခဏတာ တုံ့ဆိုင်းသွားကာပြုံးလျက်
"ကောင်းပြီ ကျေးဇူးတင်ပါတယ် ချူးချူး၊ ငါ စုံစမ်းကြည့်လိုက်မယ်"
ရှန်းချူးချူးသည် သူ(မ)အားလိမ်ညာရန် အကြောင်းမရှိပေ။ ထို့အပြင် သူ(မ)မကြာခင် လက်ထပ်တော့မည့် အကြောင်းကို ပတ်ဝန်းကျင်မှ လူများကိုလည်းမပြောဖြစ်ပင်။ လူတိုင်းသည် ထိုလက်ထပ်ပွဲကို သဘောမတူပဲ ကန့်ကွက်မှာကို သူ(မ) ကြောက် သည်။ သို့သော် ဤအိမ်ထောင်ရေးသည် အမှန်တကယ် အန္တရာယ်ရှိနိုင်သည်ဆိုပါက သူ(မ)လည်း သေသေချာချာ စဉ်းစားရန်လိုအပ်သည်။
သူ(မ)သည် လက်ထပ်သည်ဆိုသည်မှာအလွန်ရိုးရှင်းစွာပဲတွေးခဲ့ပုံရသည်။
ဝမ်ကျင်းထွက်သွားပြီးနောက် ရှန်းချူးချူးသည် ဆိုဖာပေါ်တွင် ခဏတာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူ(မ) မတ်တပ်ထရပ်ကာ ထွက်သွားမည်အပြု စကားသံတစ်ခုကိုကြားလိုက်ရသည်။
"ရှန်းချူချူး.. ငါ နင့်ကို ပြောစရာရှိတယ်"
ထိုစကားကို ကြားသောအခါ ရှန်းချူချူသည် အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။
ချန်းရွင်းက "ရှန်းချူချူး.. နင် အခု ကျောင်းရောပြီးခဲ့ရဲ့လား"
ရှန်းချူးချူးသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူ(မ)တွင် ထို ပရိုဂရမ်မာကြီးအတွက် ကောင်းမွန်သည့် ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။ တစ်ချို့စကားလုံးများသည် သူ(မ)ပြောချင်နေသည်မှာ ကြာပြီဖြစ်သည်။
သူ(မ)သည် ရင်းနှီးနေသည့် စာသင်ခန်းကြောင့် ကောလိပ်ကျောင်း၏ အမှောင်မိုက်ဆုံး အချိန်ကို ပြန်ရောက်သွားသည့်ပမာ စိတ်ထဲတွင် တိုးတိတ်စွာ သက်ပြင်းချမိသွားသည်။ သူ(မ)သည် ထိုကျောင်း သားလောက် သင်ယူမှုပိုင်းမှာမထူးချွန်ချေ။ သို့သော်ထိုအရာမှာ သူ(မ)တုံးအနေသည်ဟုမဆိုလိုချေ။ သို့ဖြစ်ရာ အခြားသူများသည် သူ(မ)အား ငုံကြည့်ကာ ကဲ့ရဲ့လာမည်ကိုခွင့်မပြုချေ။
"နင် ငါ့ကို ဘာပြောလိုက်တာလဲ"
ချန်ရွင်းသည် ရှန်းချူးချူးမှာ ထိုသို့တုန့်ပြန်လာမည်ဟု မျှော်လင့်ထားချေ။ ရှန်းချူးချူးဆိုသည်မှာ အမြဲတစေ နူးညံ့သိမ်မွေ့ပြီး စကားအပြောအဆိုလည်း အလွန်သိမ်မွေ့သူဖြစ်သည်။ သူသည် နှုတ်ခမ်းများကိုသပ်လိုက်ပြီး
"မင်းက ထိပ်တန်း တက္ကသိုလ်တစ်ခုကအထက်တန်း ကျောင်းသူဖြစ်ပြီးတော့ တကယ်တမ်းကျ သရုပ် ဆောင်လုပ်နေတယ်တဲ့လေ၊ အဲ့တာ မင်း စာမေးပွဲမအောင်တာကလွဲရင် ဘာဖြစ်နိုင်မှာလဲ"
ရှန်းချူးချူးသည် လေသံကိုအနည်းမြှင့်လိုက်ပြီး
"ငါ စားမေးပွဲကျတယ်လို့ နင်ဘယ်မျက်လုံးနဲ့များ ကြည့်လိုက်တာလဲ? လူတိုင်းက နင့်လိုမျိုးငွေရေး ကြေးရေးကိုပဲစိတ်၀င်စားပြီး စတော့ဈေးကွက်တွေနဲ့ ငွေချေးဈေးတွေကို နေ့တိုင်းလေ့လာနေရမှာလား၊ နင်တကယ်ကြီး လူတစ်ယောက်ရဲ့ဘဝဟာ အခြားလူတစ်ယောက်ရဲ့ဘဝနဲ့တူမယ်များထင်နေတာလား၊ အဲ့ထဲမှာ အထက်တန်းစားလူတွေကိုပဲ စံနမူနာထားပြီးတော့ကြည့်..၊ ဆောရီးပဲ.. နင်ကြိုက်တဲ့အရာကို ငါမကြိုက်တာ ဘာဖြစ်လဲ ? အခြားသူတွေက ငါနဲ့မတူဘူး၊ ငါ လုပ်ချင်တာကိုပဲ ဖြစ်အောင်လုပ်မှာ"
ချန်ရွင်းသည် ရှန်းချူးချူး၏ စကားအရှည်ကြီးကို နားထောင်ပြီးနောက် ခဏတာတိတ်ဆိတ်သွားပြီး
"နင် စီးပွားရေးကို မကြိုက်ဘူးလား?"
ရှန်းချူးချူးသည် "ဒါက တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာလေ"
"မင်း ဘာလို့ အဲ့တာကိုမုန်းနေတာလဲ ? စီးပွားရေးဆိုတာက ကိုယ့်ဘ၀ကိုယ်ကိုပိုမကောင်းစေဘူးလား"
ရှန်းချူးချူးသည် သူ့စကားကြောင့် ရယ်မိတော့မည်- "ဘာကောင်းတာလဲ ? ငါ့အတွက်ကတော့ ငွေကြေးအကြောင်းတွေ လုံး၀မကောင်းဘူး၊ နင် ငါ့ကို ဘယ်လိုပဲသင်ခန်းစာတွေ လာသင်ပေးနေနေ ငါကြိုက်လည်းမကြိုက်ဘူး စိတ်လည်းမ၀င်စားဘူး"
ချန်ရွင်းသည် ရှန်းချူးချူး၏စကားများကိုနား ထောင်ခဲ့ပြီးနောက် ပြောစရာစကားပျောက်ရှသွားသည်။ လူနှစ်ယောက်ကြားရှိ လေထုသည် ပိုဆိုးရွားလာပြီး ရှန်းချူးချူးသည် ထိုနေရာမှ ထွက်ခွာချင်လာသည်။
"နင့်မှာ ဘဏ္ဍာရေးအန္တရာယ် စီမံခန့်ခွဲမှုစာအုပ်ရှိသေးလား ?"
ရှန်းချူးချူးသည် ၎င်း ရုတ်တရက် ထိုစာအုပ်ကို မေးလာသည့်အကြောင်းကို နားမလည်ချေ။ သူ(မ) သည် မျက်မှောင်ကြုတ်လျက်
"နင် ဘယ်လို့ သင်တန်းသွား မဖွင့်တာလဲ? ငါက ဘာလို့ အဲ့စာအုပ်ကိုမှတ်မိနေရမှာလဲ"
ချန်ရွင်း၏မျက်နှာသည် ပိုဆိုးလာပြီး "နင် မမှတ်မိဘူး ဟုတ်လား ? နင် အရင်တုန်းက အဲ့အခန်းသင်တဲ့အချိန်လွတ်သွားတယ်ဆိုရင် ငါ နင့်ကို ပြန်သင်ပေးနိုင်တယ်"
သူသည် ရှန်းချူချူ၏ စကားကိုကြားသည်နှင့် စိတ်ထဲတွင် သင်ကြားပေးရမည့် အချက်အလက်များကို စိတ်ထဲတွင်ရှာဖွေလိုက်သည်။ အချို့လူများသည် သင်ခန်းစားများကို သင်ကြားပြီးနောက် အနာဂတ်အတွက် ထက်မံအသုံးမချလိုတော့သဖြင့် စာအုပ်ကို အဝေးသို့လွှတ်ပစ်တက်ကြသည်။ ဆိုရိုးစကားအတိုင်း ၎င်းတို့၏မျက်လုံးကို ပိုက်ကွန်များဖြင့်ပိတ်နေသောကြောင့် မမြင်နိုင်ကြချေ။
"ပျောက်သွားပြီ"
ရှန်းချူးချူး၏ စကားကြောင်က ချန်ရွင်း၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားပြီး..
"မင်း ပျောက်သွားတာလား! ဘာလို့ ပျောက်သွားတာလား! ဘယ်အချိန်က ပျောက်သွားတာလဲ"
၎င်းသည် သူ(မ)၏ လက်ကောက်၀တ်ကို တင်းကြပ်စွာဆုတ်ကိုင်ထားသောကြောင့် သူ(မ)လည်း အကြိမ်အနည်းငယ်ရုန်းကန်လိုက်သော်လည်း လွတ်မြောက်ခြင်းမရှိသဖြင့် ဒေါသတကြီးပြောလိုက်သည်။ - "ငါဘာလို့ အဲ့စာအုပ်ကိုမပျောက်ရမှာလဲ၊ ငါ အဲ့အချိန်တည်းက ပျောက်သွားရင်တောင် ငါ စာမေးပွဲတော့ အေးဆေးအောင်တယ်"
ရှန်းချူးချူးသည် ထိုစာအုပ် ပျောက်လား မပျောက်လားကို မမှတ်တော့သော်လည်း ပျောက်သွားခဲ့သည်ဟု ခံစားရသည်။ သူ(မ) စာအုပ်မျိုးကို ဘယ်တော့မှ သိမ်းထားမှာမဟုတ်ဘူး၊ အဲ့စာအုပ်မျိုးက သူ(မ)ကို အရှက်ရစေတယ်..
ချန်ရွင်းသည် နှုတ်ခမ်းများကိုသပ်လိုက်ပြီး သူ့မျက် လုံးများသည် လှိုင်းများထလာကာ ရှန်းချူးချူး၏ လက်ကောက်ဝတ်သည် ပိုပိုနာကျင်လာရသည်။
ထိုအချိန်တွင် ရင်းနှီးသောအသံသည် သူ(မ)ကို ကယ်တင်ခဲ့သည်။
"မစ်ရှန်း"
ပရိုဂရမ်မာကြီးသည် ထိုအသံကိုကြားပြီးနောက် သူ့လက်ကို တဖြည်းဖြည်းဖြေလျှော့လိုက်သည်။ ရှန်းချူးချူးသည် သူ(မ)လက်ကောက်ဝတ်ရှိခွန်အားများ ပြေလျော့သွားသည်ကို ခံစားလိုက်ရသဖြင့် သူ(မ) လက်ကို အမြန်ပြန်ဆွဲထုတ်လိုက်သည်။ ဒီလူက ဘယ်လိုအရူးမျိုးလဲ..
ထို့နောက် သူ(မ)သည် ဟန်ရှင်းယန်ကို လှည့်ကြည့်လိုက်သည်။ သူ(မ)သည် ကယ်တင်ရှင်အား မျက်နှာ သာပေးရပေမည်။
"ဟန်.. ရှင်ပါလား ထပ်တွေ့ကြပြန်ပြီ"
ချန်ရွင်း၏ အကြည့်သို့သည် ဟန်ရှင်းယန်ပေါ်သို့ ရောက်သွားသည်။ သူသည် ဟန်ရှင်းယန်ကိုကြည့်ပြီး ရှန်းချူးချူးကိုပြန်ကြည့်သည်။ သူစကားပြောတော့မည်အချိန်တွင် ဖုန်းမြည်သံတစ်ခုသည် ၀င်ရောက်နှောင့်ယှက်လာသည်။ ချန်ရွင်းသည် ဖုန်းခေါ်ဆိုသူနာမည်ကိုကြည့်လိုက်ချိန် မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းကိုချခိုင်းလိုက်သည်။ သို့သော် သုံးစက္ကန့်ပင်မကြာသေး ဖုန်းမှာပြန်မြည်လာသည်။ ချန်ရွင်း နှစ်ကြိမ်တိုင်တိုင်ဖုန်းချပြီးနောက် ရှန်းချူးချူး ကိုကြည့်ကာ
"ငါအရင်သွားတော့မယ် နောက်မှ ငါ နင့်ကိုထပ်ရှာမယ်"
ရှန်းချူးချူးသည်လည်း ၎င်း၏ဖုန်းထဲရှိနာမည်ကိုမတော်တဆမြင်လိုက်ရသဖြင့် ထိုသည်မှာ ၎င်း၏ ဇနီးဖြစ်သူ နာမည်မှန်းသတိပြုမိလိုက်သည်။ ထိုစဉ် ၎င်း၏ဖုန်းသည် တတိယအကြိမ်မြည်လာပြန်သည်။
"နောက်မှတွေ့ကြမယ်"
ထိုစစ်လား၊ ဆေးလားလုပ်တက်သည့်လူထွက်သွားပြီးနောက် ရှန်းချူချူသည် ဟန်ရှင်းယန်ကို ကြည့်ကာ အနည်းငယ်ရှက်ရွံ့စွာဖြင့်
"ကျေးဇူးတင်ပါတယ် မစ္စတာဟန်"
ဟန်ရှင်းယန်သည် အပြင်ထွက်ခွာမည့်လမ်းကြောင်းကိုတစ်ချက်ကြည့်လိုက်ကာ "မစ်ရှန်း အချိန်ရှိရင် စကားပြောကြရအောင်"
ရှန်းချူးချူး ခေါင်းညိတ်လိုက်သည်။
၎င်းတို့သည် ကော်ဖီဆိုင်သို့ရောက်ပြီးနောက် ဟန်ရှင်းယန်သည် ငွေရောင်များသန်းနေသည့် ကဒ်တစ်ခုကို ပေးလာခဲ့သည်။
ရှန်းချူးချူးသည် သူ့ရှေ့ရှိ ကတ်ပြားကို ကြည့်ပြီး မေးလိုက်သည်။
"မစ္စတာဟန်.. ဒါ ဘာကိုဆိုလိုတာလဲ"