အခန်း (၃၂)
Vol. 4 Ch. 32
ရှန်းချူးချူးသည် ထိုကဒ်ကို အမှန်တကယ် ရင်းနှီးပေသည်။ အဘယ့်ကြောင့်ဆို သူ(မ)၏ဟာဖြစ်နေသောကြောင့်ပင်။
ဟန်ရှင်းယန်သည် သူ(မ)အား မိန်ကျား Entertainmentနှင့် စာချုပ်ဖြတ်သိမ်းနိုင်အောင် ကူညီပေးသောကြောင့် ရှန်းချူးချူးသည် ၎င်းအား အလွန်ကျေးဇူးတင်မိသည်။ သို့ဖြစ်ရာ ၎င်းအတွက် ယွမ်၁သန်းပါသည့် ဘဏ်ကတ်တစ်ခုကို ပေးခဲ့ခြင်းဖြစ်သည်။
ဟန်ရှင်းယန်သည် ထိုကတ်အကြောင်းကိုတွေးမိလိုက်တိုင်း သူ့နှလုံးသားထဲတွင် ထူးခြားသော ဆန္ဒများခုန်တက်လာသည်။ အတွင်းရေးမှူးဝမ်မှ သူ့ထံပေလာသည့် စာအိတ်ထဲမှ ကတ်ကို ထုတ်ယူလိုက်သောအခါ သူ့ခံစားချက်များသည် အလွန်ရှုပ်ထွေး သွားသည်။ ထိုသည်မှာ သူ့ဘဝတစ်လျှောက်တွင် အမျိုးသမီးတစ်ဦးဆီမှ ပထမဆုံးအကြိမ် ငွေလက်ခံရရှိခြင်းဖြစ်သည်။ စာအိတ်တွင်ရေးထားသော စကားလုံးများကို သူပိုကြည့်လေလေ ထိုအတွေ့အကြုံမှာ အလွန်ဆန်းသစ်လွန်းသည်ဟု ခံစားရသဖြင့် သူသွားလေရာတိုင်းကို ယူသွားခဲ့သည်။
"ဒါက ကျွန်တော် မစ်ရှန်းကို မေးရမှာပါ၊ ဒါက ဘာအတွက်လဲ မစ်ရှန်း"
ရှန်းချူးချူးသည် တွေဝေစွာ - "ဟန် စာအိတ်ထဲက စာကိုမတွေ့မိဘူးလား၊ ဒါက ကျွန်မ ဟန်ကိုကျေးဇူးတင်လို့ပေးတာလေ၊ ဒီထဲမှာ ပိုက်ဆံတွေအများကြီးမရှိပေမဲ့ ကျွန်မ တက်နိုင်သလောက်လေးပါပဲ၊ ဒါကြောင့် ဟန် မငြင်းပါနဲ့"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ လေးနက်သောအမူအရာကိုမြင်လိုက်သဖြင့် သူ(မ)အမှန်အတိုင်းပြောနေသည်ကို သိလိုက်ရ သည်။ သို့သော် တစ်ခါတစ်ရံတွင် အမှန်တရားအားပြောလေလေ လက်ခံရန်ပိုခက်ခဲလေလေပင်။
"ဟင့်အင်း ကျွန်တော် အများကြီးမှ အားစိုက်မထုတ်ခဲ့ရတာ မစ်ရှန်း က ဒီလို ယဉ်ကျေးနေစရာ မလိုပါဘူး"
ရှန်းချူးချူးသည် ဟန်ရှင်းယန်မှာ ကတ်ကို လုံးဝမယူလိုဘူးဆိုတာကို သိသဖြင့် မျက်မှောင်ကြုတ်မိသွာကာ ကတ်အား သူ့ရှေ့သို့ ပြန်တွန်းပို့လိုက်ပြီး..
"ဟန် ရှင် ဒါကိုလက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ မဟုတ်ရင် ကျွန်မ စိတ်မကောင်းဖြစ်ရလိမ့်မယ်၊ ရှင် ကျွန်မကို အများကြီးကူညီခဲ့ပေမယ့် ကျွန်မကတော့ ဘာမှပြန်မလုပ်ပေးနိုင်ခဲ့ဘူး၊ ဒါက ကျွန်မရဲ့ အတွေးလေးတစ်ခုပဲ၊ ရှင် ဒီလိုတွေထပ်ပြောနေရင် ကျွန်မ နောက်ဆို ပိုက်ဆံတွေရလာရင် ရှင့်ကို ပြန်ဆပ်ဖို့ ပေးနေဦးမှာပဲ"
ဟန်ရှင်းယန်သည် စားပွဲပေါ်ရှိ ကတ်ပြားကို ကြည့်ပြီး ထိုကတ်ကို ကိုင်ထားသည့် လက်ကိုပါ တစ်ပါတည်းတွဲမြင်လိုက်သည်။ ထိုလက်လေး၏ လက်သည်းများသည် အလွန်သန့်ရှင်းနေကာ လက်သည်းဆိုးဆေးကိုလည်း လုံးဝမစိုးထားပေ။ သူ ထိုညအကြောင်းကို မတွေးပဲမနေနိုင်ချေ။
သူသည် စက္ကန့်အနည်းငယ်ကြာအောင် အတွေးထဲလွင့်မျောနေပြီးမှ သတိပြန်၀င်လာကယ ခေါင်းကို တစ်ဖက်သို့ စောင်းလှဲ့လိုက်ပြီး ချောင်းဆိုးလိုက်သည်။
ရှန်းချူးချူးသည် ဟန်ရှင်းယန်ကို စိုက်ကြည့်နေသည်။ သူ(မ)ကတ်ကို ချလိုက်ပြီးနောက် သူ့လက်ကို ပြန်ရုတ်လိုက်သည်။
"ကုမ္ပဏီအသစ်မှာ အခက်အခဲရှိတွေလား" ဟန်ရှင်းယန်သည် စိတ်မသက်မသာဖြစ်စွာ စကားလမ်းကြောင်းလွှဲလိုက်သည်။
ရှန်းချူးချူးသည် လိုင်းပေါ်ရှိ အကြောင်းအရာများကို တွေးမိသွားသဖြင့် ရယ်မောလိုက်ကာ "မရှိပါဘူး ကုမ္ပဏီကလည်း အရမ်းကောင်းတယ်၊ ဒါရိုက်တာချန်းလည်း တာဝန်အရမ်းကျေပါတယ်"
ဟန်ရှင်းယန်သည် ခေါင်းညိတ်ပြီး "အင်း အဲ့ဒါဆို ကောင်းတယ်"
ထို့နောက် ဟန်ရှင်းယန် သည် အချိန်ကိုကြည့်လိုက်သောအခါ နာရီဝက်နီးပါး ကုန်ဆုံးသွားခဲ့သည်ကို သတိပြုမိလိုက်သည်။ သူမပြန်လို့မရတော့ချေ။
ရှန်ချူချူသည် ဟန်ရှင်းယန်၏ အမူအရာကို သတိပြုမိလိုက်သောကြောင့် "ဟန် ကိစ္စတစ်ခုခုရှိရင် အရင်သွားပါ"
ဟန်ရှင်းယန်သည် ခေါင်းညိတ်ပြီး "ကောင်းပြီ မစ်ရှန်း.. နှုတ်ဆက်ပါတယ်"
"နှုတ်ဆက်ပါတယ်"
ဟန်ရှင်းယန်သည် မတ်တပ်ထရပ်ပြီး လှည့်ထွက်ပြီးနောက်မှ တစ်ခုခုကျန်ခဲ့ဟန် ပြန်လှည့်လာပြီး စားပွဲပေါ်ရှိ ကတ်ကို လှမ်းယူကာ ရှန်းချူးချူး ကို ပြုံးပြလိုက်သည်။
သူသည် ပြုံးလျက် သူ(မ)၏ လက်ကောက်ဝတ်ကို ငုံ့ကြည့်ကာ "မစ်ရှန်း ဆေးလိမ်းဖို့ သတိရနေပါ"
ဟန်ရှင်းယန်၏ သတိပေးမှုကြောင့် ရှန်းချူချူလည်း သူ(မ)၏ နီရဲနေသော လက်ကောက်ဝတ်ကို ငုံ့ကြည့်ကာ..
"ကောင်းပါပြီ၊ ကျွန်မကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဟန်"
ဟန်ရှင်းယန် ထွက်သွားပြီးနောက် ရှန်းချူးချူးသည် သူ(မ)လက်ကောက်ဝတ်ကို အကြိမ်အနည်းငယ်လောက် ဟိုလှုပ်ဒီလှုပ် လှုပ်ကြည့်လိုက်သည်။ သူ(မ)အား ချန်ရွှင်းသည် မည်မျှတောင် အားထည့်ကိုင်လိုက်လည်း မသိတော့ချေ။ ရှန်းချူးချူးသည် ခဏထိုင်ပြီးနောက်လည်း ကော်ဖီဆိုင်မှ ထွက်လာခဲ့သည်။
သို့သော် သူ(မ)၏ဘဏ်ကတ်သည် မိသားစုတစ်ခုလုံးကို စစ်ပွဲဖြစ်လုနီးပါးဖြစ်စေသည်ကိုတော့ မသိခဲ့ချေ။
**
ရှန်းချူးချူးသည် နောက်တစ်နေ့ညတွင် ၀မ်ကျင်းထံမှ စာတိုတစ်စောင်ကို လက်ခံရရှိခဲ့သည်။
၀မ်ကျင်း: ချူးချူး ကျေးဇူးတင်ပါတယ်၊ မနက်ဖြန်အချိန်ရှိရင် အပြင်ထွက်ပြီး စကားပြောကြမလား ?
ရှန်းချူးချူးသည် ဝမ်ကျင်း၏ မက်ဆေ့ခ်ျကို မြင်သည်နှင့် အကြောင်းအရင်းကိုသိလိုက်သည်။ သူ(မ)လက်ထဲတွင် ၀မ်ကျင်း၏ ဓာတ်ပုံမရှိသောကြောင့်သာမဟုတ်ပါက ၎င်း၏ အိမ်ထောင်ရေးအခြေအနေကိုပင် မြင်နိုင်လိမ့်မည်။
သူ(မ)နေ့စဥ်အလုပ်သည် ကုမ္ပဏီတွင် အကလေ့ကျင့်ခြင်းဖြစ်သော်လည်း အပြင်ခဏထွက်ဖို့တော့ အချိန်ရသေးသည်။ ထို့အပြင် သူ(မ)၏ အကလေ့ကျင့်ခြင်းသည် ပြီးဆုံးလုနီးပါးဖြစ်နေကာ နောက်တစ်ဆင့်မှာ ရိုက်ကူးဖို့သာကျန်တော့သည်။
နောက်တစ်နေ့ နေ့လည်တွင် ရှန်းချူချူသည် ဝမ်ကျင်းပြောသော ကော်ဖီဆိုင်သို့ သွားခဲ့သည်။ သူ(မ)ရောက်သောအခါ ဝမ်ကျင်းသည် ရောက်နှင့်နေပြီဖြစ်သည်။ ၎င်းသည် နောက်ဆုံးတွေ့ခဲ့သည့် အချိန်နှင့် အနည်းငယ် ကွဲပြားနေသည်။ ထိုသည်မှာ ၎င်း မျက်နှာပေါ်ရတွင် အပြုံးများ ပျောက်သွားတာဖြစ်သည်။
ရှန်းချူးချူးထိုင်ပြီးနောက် ဝမ်ကျင်းလည်း စကားစလာသည်။ "ငါတို့တွေ အစက ဒီနေ့ လက်ထပ်ဖို့ စီစဉ်ထားပေမဲ့ အခုတော့ ပြောင်းသွားပြီ၊ ငါလက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးဘူး၊ မနေ့ကပဲ ငါသူနဲ့ လမ်းခွဲလိုက်တာ"
ရှန်းချူးချူးသည် ဝမ်ကျင်းမှာ သူ(မ)ကို မက်ဆေ့ခ်ျပို့ပြီးကတည်းက အခြေအနေကို မျှော်လင့်ထားပြီးဖြစ်သော်လည်း ဝမ်ကျင်းကိုယ်တိုင် ပြောလာသည်ကို ကြားလိုက်ရသောအခါ သူ(မ) အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ(မ)သည် ဝမ်ကျင်းအတွက် စိတ်မကောင်းဖြစ်နေပြီး လူတစ်ယောက်ကို ကိုယ့်ဘ၀မှ ထုတ်ပယ်ခြင်းသည် အမှန်ပင် မလွယ်ကူကြောင်း သူ(မ)သိသည်။
"ဘာမှစိတ်မကောင်းဖြစ်စရာမလိုဘူး အဟောင်းတွေထွက်သွားရင် အသစ်တွေက ရောက်လာလိမ့်မယ်၊ သူ မရှိတော့ရင် သူ့ထက်ပိုကောင်းတဲ့သူဆိုတာ သေချာပေါက်ရောက်လာမှာပဲ"
ဝမ်ကျင်းသည် ထိုစကားကို နားထောင်ပြီး ပြုံးမိသွားကာ "တကယ်လား? ငါက အချစ်အတွက်ဆိုရင် မျှော်လင့်ချက်တာမရှိတော့ဘူး"
ရှန်းချူးချူး သည် ဝမ်ကျင်း၏ အိမ်ထောင်ရေးစနစ်ကို ကြည့်ရှုလိုက်ပြီး နောက်လာမည့်သူသည် ကြယ်လေးပွင့်အချစ်ပွဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သို့ဖြစ်ရာ သူ(မ)သည် ပြုံးလျက် "အဲ့လိုမပြောပါနဲ့၊ ငါ ဗေဒင်ကြည့်တက်တာကို နင်မေ့နေတာလား? နောက်တစ်ခါဆိုရင် ဒီထက်တောင် ပိုကောင်းမယ်လို့ ပြောမှတော့ သေချာပေါက် ပိုကောင်းမှာပဲ"
ဝမ်ကျင်း၏ စိတ်ဓာတ်ကျသော ခံစားချက်များသည် ရှန်းချူးချူး၏ စကားကို ကြားပြီးနောက် မှေးမှိန်သွားသည်။ သို့သော် ယခုလက်ရှိကိစ္စကိုတွေးရင်း သူ(မ)၏ နှလုံးသားတစ်ခုလုံးသည် အုပ်မှိုင်းသွားရသည်။
"နင်သိလား အဲဒီညက ငါပြန်သွားပြီးတော့ သူ့ကို မေးခဲ့တယ်၊ သူ့မိဘတွေနဲ့က ကိစ္စမရှိပေမဲ့ ငါသူ့ရည်းစားဟောင်းကို ပြောလိုက်တဲ့အခါ အရမ်းတိတ်ဆိတ်သွားတယ်" ၀မ်ကျင်းသည် ပြုံးလိုက်သည်။သို့သော် ထိုအပြုံးသည် ခါးသီးလှသည်။ "သူက သူ့ရဲ့ အချစ်ဦးရည်းစားကို တကယ်ချစ်တဲ့သူ... ငါ သူ့ကို အချစ်ဦးဆီကို ဆက်သွယ်ဖို့တောင် အကြံပေးခဲ့သေးတယ်"
ရှန်းချူးချူးသည် ဝမ်ကျင်း၏ ဝမ်းနည်းနေသည့်အမူအရာကိုကြည့်ပြီး သည်းမခံနိုင်တော့ဘဲ “နင် လုပ်လိုက်တာမှန်တယ် ၀မ်ကျင်း၊ တကယ်လို့များ တစ်နေ့ကျရင် သူ့ရဲ့ အချစ်ဦးကောင်မလေးက ရုတ်တရက်ပေါ်လာနိုင်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူးလေ၊ တစ်ချို့ နာကျင်မှုတွေက တစ်သက်လုံးပြုံးနိုင်ဖို့ ခဏနာကျင်ပေးရတာပဲ၊ အဆင်ပြေသွားမှာပါ ၀မ်ကျင်းရာ"
ဝမ်ကျင်းသည် သူ(မ)ရည်းစားနှင့် အချစ်ဦးကြားရှိ ပတ်သက်မှုကို ကြားသည့်အခါဖြစ်စေ ၎င်းနှင့် လမ်းခွဲလိုက်သည့်အခါတွင်ဖြစ်စေ မျက်ရည်မကျခဲ့သော်လည်း ရှန်းချူချူ၏ စကားများကို ကြားလိုက်သောအခါ သူ(မ) မျက်ရည်ကျခဲ့သည်။
ရှန်းချူးချူးသည် တစ်သျှူးကို ဝမ်ကျင်းအား ကမ်းပေးလိုက်သည်။ တခါတရံ အချို့စိတ်ခံစားချက်များအား စွန့်ထုတ်ရမည်ဆိုတာကို သူ(မ)သိသောကြောင့် ၀မ်ကျင်းအား မငိုရန်မတားခဲ့ချေ။ ဂရုမစိုက်သည့်ဟန်နေလေလေ စိတ်အတွင်းထဲတွင် ပို၍၀မ်းနည်းလေလေပင်။ နှလုံးသားထဲတွင် မြိုသိပ်ထားသောခံစားချက်များကို ဖွင့်ထုတ်၍ ငိုချလိုက်ပြီးမှ ထိုခံစားချက်မျာထံမှ လွတ်မြောက်ကာ ပိုမိုကောင်းမွန်စွာ နေထိုင်လာနိုင်မည်ဖြစ်သည်။
ဝမ်ကျင်းသည် ၀အောင်ငိုပြီးနောက် ပြုံးကာ "ဒါက တကယ့်ကို ဟာသပဲ"
ရှန်းချူးချူးသည် ခေါင်းယမ်းလိုက်ပြီး "ငါကတော့ နင်အရမးသတ္တိရှိမယ်တယ်လို့ထင်တယ်၊ နင့်နေရာမှာ ငါသာဆိုရင် မေးရဲဖို့ သတ္တိရှိမှာမဟုတ်ဘူး၊ မင်းလုပ်ခဲ့တာမှန်တယ်"
ဝမ်ကျင်းသည် ရှန်းချူးချူး၏လက်ကို ဆုတ်ကိုင်လိုက်ပြီး "ကျေးဇူးတင်ပါတယ် ချူးချူး"
ရှန်းချူးချူးသည် ၎င်း၏လက်ကို ပြန်ပုတ်ကာ "ရပါတယ်"
ဝမ်ကျင်းသည် သူ(မ)၏ ခံစားချက်များကို တည်ငြိမ်အောင် ထိန်းပြီးနောက် တိတ်ဆိတ်စွာထိုင်နေသော ရှန်းချူးချုးအားကြည့်ကာ "ချူးချူး.. နင် ငါ့ကို ဒီလို ကူညီပေးမယ်လို့ ငါတကယ်မမျှော်လင့်ထားဘူး၊ ငါ ကောလိပ်မတက်ခင်က နင့်အကြောင်းကို အတင်းပြောမိခဲ့တယ်၊ မိန်းကလေးတွေ အားလုံးက ပိုပိုပြီး လှချင်တဲ့သူတွေပဲလေ အဲ့တာကို နင်က အရမ်းတွေလှနေတာ၊ အဲ့တာအပြင် နင်က အရမ်းနူးညံသိမ်မွေ့တော့ ငါနင်နဲ့သူငယ်ချင်းဖြစ်ချင်မိတယ်၊ ဒါပေမဲ့ နင်က အရမ်းတွေအလုပ်များနေပြီး စာကိုပဲလုပ်တယ်၊ အမြဲတမ်းသင်ယူလေ့လာနေပြီး ချစ်သူရည်းစားအကြောင်းတွေကိုလည်း ဂရုမစိုက်သလို အပြင်ထွက်ဖို့လည်း အာရုံမရှိတဲ့ ထူးခြားတဲ့အလှလေးလေ"
ရှန်းချူချူသည် အခြားသူများထံမှ သူ(မ)တက္ကသိုလ်တုန်းက ပုံစံအား ပြောသည်ကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းဖြစ်သည်။ ထိုအရာများမှာ အတိတ်သာဖြစ်၍ ရှန်းချူချူတွင် ပြောစရာစကားမရှိတော့ချေ။
"ငါအဲ့လောက်ထိ အားကြိုးမာန်တက်ကြိုးစားနေတာ အံဩစရာတော့မဟုတ်ဘူး၊ ငါမထင်မှတ်ပဲ Imperial University ကို ဝင်ခွင့်ရခဲ့တယ်၊ အဲ့ဒါက ငါ့ အိပ်မက်ဆိုးရဲ့အစလို့ ငါမထင်ထားခဲ့ဘူး။ ငါတို့ရဲ့ အထက်တန်းကျောင်းက Imperialကို ဝင်ခွင့်မရတာ နှစ်ပေါင်းများစွာ ကြာပြီ၊ ရလဒ်အနေနဲ့ ငါ Imperialကို ရောက်တဲ့အခါမှာ တခြားသူတွေက ကောလိပ်ဘ၀ကြီးကိုဖြတ်ကျော်ရင်း စားသောက်၊ ပျော်ပါးနေကြတဲ့အချိန်မှာ ငါကတော့ ရှုရှန်းလိုမျိုး ပင်လယ်ထဲမှာပဲ ၀တ်သွားနေရတယ်” ရှန်းချူးချူးသည် ထိုသည်ကိုတွေးမိရင်း အလွန်ခက်ခဲခဲ့သည်ဟု ခံစားမိသော်လည်း ကံကောင်းစွာနှင့် သူ(မ) ဘွဲ့ရခဲ့သည်။ "ငါ့ကိုတောင် နောက်ထပ်အခွင့်အရေးပေးရင် Imperialဆီကို ဘယ်တော့မှ သွားမှာမဟုတ်ဘူး"
ရှန်းချူးချူးသည် ဝမ်ကျင်းကိုကြည့်ကာ သူ(မ)ကိုယ်သူ(မ) လှောင်ပြောင်ချင်သည့်ဟန်ဖြင့် ဝမ်းနည်းစွာ "ငါ နင့်ကို မနာလိုမိတယ်၊ နင်တို့အားလုံးက သင်ယူခြင်းနတ်ဘုရားတွေပဲ၊ ငါတစ်ယောက်တည်း ကျောင်းရဲ့အမှိုက်ဖြစ်နေတာ"
ဝမ်ကျင်းdaoသည် : "သင်ယူခြင်းနတ်ဘုရားဖြစ်ဖြစ် ကျောင်းရဲ့အမှိုက်ဖြစ်ဖြစ် သူတို့သဘောကျတာတွေကို လေ့လာရတာက ပျော်စရာကောင်းတာပဲမဟုတ်လား၊ လူတွေက သူတို့ရဲ့ဘဝတွေကို သူတို့ပျော်သလို ဖြတ်သန်းကြရမှာ"
ရှန်းချူးချူးသည် ထိုသည်ကိုကြားတော့ ခေါင်းညိတ် သဘောတူလိုက်ကာ "ဟုတ်တယ်"
၀မ်ကျင်းသည် ရှန်းချူးချူး၏ လက်ရှိ အလုပ်အကြောင်းကို စဉ်းစားမိ သောအခါ ပြုံးလျက် မေးလိုက်သည်။" ငါတို့ရဲ ကြယ်လေးရော အခုပျော်ရဲ့လား"
ရှန်းချူးချူးသည် ခပ်တိုးတိုးပြန်ပြောလာသည်။ "လောလောဆယ်တော့ ငါလည်း ကြယ်ပွင့်တစ်ယောက်ရဲ့ ပျော်ရွှင်မှုကို မသိသေးပေမဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ ပျော်ရွှင်မှုကိုတော့ သိတယ်၊ ရုပ်ရှင်ရိုက်ရတာက အရမ်းပျော်ဖို့ကောင်းတယ်"
ဝမ်ကျင်းသည် ခေါင်းညိတ်ပြီး "ကောင်းတယ်၊ နင့်ဘ၀မှာနင် နေထိုင်ပြီး သဘောကျတဲ့ အရာကိုလုပ်ပါ" "
၎င်းတို့နှစ်ယောက်သည် အတန်းဖော်များဆိုသော်ငြား တက္ကသိုလ်တက်စဉ်တွင် ဆက်ဆံရေး သိပ်မရှိကြချေ။ ယခုအချိန်မှ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် တိတ်တဆိတ် သဘောကျနေမိသည်ကို တွေ့ရှိခဲ့ကြသည်။ သို့ဖြစ်ရာ ၎င်းတို့ စကားပြောသည်မှယ နေ့ခင်းဘက်သို့ပင် ရောက်သွားခဲ့သည်။
ရှန်းချူးချူး အိမ်ပြန်ရောက်ပြီးနောက် သူ(မ)၏ အိမ်ထောင်ရေးစနစ်ကို ကြည့်ရှုခဲ့သည်။ ဤတစ်ကြိမ်တွင် စနစ်သည် 40% ပေးထားသည်။ ရှန်းချူးချူးသည် ထိုအရာကိုကြည့်ရင်း စိတ်အခြေအနေလည်း ပိုကောင်းလာသည်။ သူ(မ)သည် တခြားသူများကို ကူညီပေးနိုင်သည့်အခါ အလွန်ပျော်ရွှင်မိသည်။
ရှန်းချူးချူး အောက်ကို ရွှေ့ငုံ့ကြည့်လိုက်သောအခါ ယခင်ကထက် ရှင်းရှင်းလင်းလင်းမြင်နေရသည်။ နောက်ဆုံးအကြိမ်တွင် သူ(မ)သည် အောက်ဖော်ပြပါအခွင့်အရေး၏တန်ဖိုးကို မမြင်နိုင်သောကြောင့် ဝမ်ဟောင်၏လမ်းကိုသာ လျှောက်လှမ်းခဲ့သည်။ ဒီတစ်ကြိမ်တော့ သူ(မ) ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။
ရှန်းချူးချူး ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် အခွင့်အလမ်းတန်ဖိုးသည် 2ဖြစ်လာသည်ကို တွေ့လိုက်ရသည်။ တစ်နည်းအားဖြင့် ကံကောင်းခြင်းများသည် မကြာခင် ရောက်လာတော့မည့်ဟန်ပင်။ ရှန်းချူးချူးသည် ယနေ့မှာ အလွန် အံသြသင့်စကားကောင်းသည်ဟု ထင်မိပြီး နောက်လာမည့် အံဩစရာမည် မည်သည့်အရာဖြစ်နိုင်မှန်း မသိချေ။
နောက်တစ်နေ့နံနက်စောစောတွင် ရှန်းချူချူထံသို့ ချန်းရှီလီဆီမှ ဖုန်းဝင်လာသည်။