← Chapters

အခန်း (၃၄)

Vol. 4 Ch. 34

အခန်း (၃၄)

Vol. 4 Ch. 34

ဟန်ရှင်းယန်သည် ထိုဘဏ်ကဒ်ကို ရှန်းချူးချူးထံမှရရှိခဲ့သည်နှင့်ပတ်သက်၍ အတွေးနစ်နေဆဲဖြစ်ပြီး ယခုအခါ သူမှ သူ(မ)ကို ထောက်ပံ့နေသည်ဟုပြောလာကြသော်လည်း အမှန်မှာမူ ချူးချူးကသာ..

"ကျွန်တော် ဘယ်သူ့ကိုမှမထောက်ပံ့ပါဘူး ပြီးတော့ သူက ကျွန်တော့်ရည်းစားမဟုတ်ဘူး"

"ဟမ်း ရည်းစားမဟုတ်ဘူးလား ?" သူ့မားသည် စိတ်ပျက်လက်ပျက်နှင့် ပြောလာသည်။

သူ့ပါးသည် မိန်းမဖြစ်သူကို မကျေမနပ်ကြည့်ပြီး သားဖြစ်သူအား အေးစက်စွာကြည့်ကာ “တကယ်လား ? ဒါမှမဟုတ် မင်း ငါတို့ကိုလိမ်နေတာလား? ဒီကိစ္စကို ငါစုံစမ်းလို့ မရဘူးလို့မထင်နဲ့"

ဟန်ရှင်းယန်သည် သူ့မိဘများ၏ မယုံကြည်မှုဖြင့် ရင်ဆိုင်ရသဖြင့် ထိုနေ့ရှိ ကော်ဖီဆိုင်မှ အဖြစ်အပျက်များကို ပြန်တွေးကာ

“အဲဒီနေ့က ကော်ဖီဆိုင်မှာ ကျွန်တော် မင်းသမီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ ကျွန်တော်က သူ့ကို ထောက်ပံ့တာမဟုတ်ပဲ သူ့(မ)ကဒ်ကိုပြန်သွားပေးတာ၊ အရင်က ကျွန်တော် သူ့ကိုကူညီပေးခဲ့လို့ သူက အဲ့ကဒ်ကို ကျွန်တော့်ကိုပေးခဲ့တာ၊ ကျွန်တော် သူ့ကိုပြန်ပေးချင်ပေမဲ့ သူက ငြင်းလိုက်တယ်‌လေ”

သူ့မားမှ အရမ်းစိတ်ဝင်စားသွားပြီး “အဲ့ဒီမင်းသမီးက ဘယ်သူလဲ ? သူမနာမည်ဘယ်လိုခေါ်လဲ ? သူ့အကြောင်း ငါ အရင်ကကြားဖူးလား ?"

ဟန်ရှင်းယန်သည် အနည်းငယ်ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရပြီး သူ့နှုတ်ခမ်းသူ ထိကိုက်လိုက်သည်။ သူတစ်ခုခု ထပ်ပြောပါပ သူ့အမေသည် ထိုကိစ္စကို သေချာ ပေါက်စုံစမ်းမည်မှာသေချာသည်။

“ဟင့်အင်း သူက နာမည်မကြီးတဲ့ မင်းသမီးတစ်ယောက်ပါ”

ဖခင်ဖြစ်သူသည် ထိုကိစ္စမှာ ထူးဆန်းသည်ဟုထင်မိသော်လည်း သားဖြစ်သူကို ယုံဖို့သာရွေးချယ်လိုက်သည်။ အမှန်တကယ်တွင် သူ့သားသည် ဤနှစ်များအတွင်း ထိုသို့အရာမျိုး တစ်ခါမှမကြုံဖူးသဖြင့် နားလည်မှုလွဲတာဖြစ်နိုင်သည်။

“ကောင်းပြီ၊ ဒီလိုမျိုး အကျင့်ပျက်ယွင်းတဲ့ဟာကို မင်းမလုပ်သရွေ့ ငါတို့ မိသားစုက မင်း မင်းသမီးတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင်တောင် ငါတို့ဆန့်ကျင်မှာမဟုတ်ပေမဲ့ အဲ့လိုမျိုးအပေးအယူလုပ်ထားတဲ့ ဆက်ဆံရေးကိုတော့ ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး”

ဟန်ရှင်းယန်သည် လေးနက်စွာ ခေါင်းညိတ်ပြပြီး "ဟုတ်ကဲ့ပါ ပါး ကျွန်တော်မှတ်ထားပါ့မယ်"

သူ့အမေသည် စပ်စပ်စုစု ထပ်မေးလာပြန်သည်။ “သူ(မ) မင်းကိုပေးခဲ့တာ ဘယ်လောက်လဲ”

ယခုအချိန် သူ(မ)သားသည် အိမ်တွင် စီးပွားရေးကိစ္စများကိုတာဝန်ယူထားသဖြင့် သူ့လက်ထဲတွင် ပိုက်ဆံ အများကြီးရှိမည်ဖြစ်သော်လည်း ယခုအခါ တစ်စုံတစ် ယောက်သည် သူ့အားတကယ်ပြန်ပေးခဲ့သည်။ အထူး သဖြင့် ထိုသည်မှာ အမျိုးသမီးတစ်ဦးမှပေးခဲ့သဖြင့် ထိုကဲ့သို့ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဟန်ရှင်းယန်သည် သူ့အမေထံမှထိုစကားကိုကြားသော အခါတွင် သူ့မျက်နှာသည် ခပ်ရဲရဲဖြစ်သွားရပြီး အသေ အချာနားစိုက်နေသော အမေနှင့် အဖေတို့ကို မကြည့်တော့ပဲ မတ်တပ်ရပ်ကာ “အဖေ၊ အမေ၊ တခြားဘာကိစ္စမှမရှိတော့ရင် ကျွန်တော်အပေါ်ထပ်တက်ပြီး အနားယူတော့မယ်”

သူ့အမေသည် စိတ်ပျက်လက်ပျက်ပြောလာသည်။ “အင်းပါ သွားသွား"

ထိုညတွင် ဟန်အဖေသည် ထိုကိစ္စကို အိပ်ယာထဲရောက်ချိန်တွက်တောင် တွေးမိသဖြင့် "ငါ့အင် ရှင်းယန်အတွက် date စီစဉ်ပေးသင့်တယ်ထင်တယ်၊ သူက သိပ်မငယ်တော့ဘူး၊ သူက တစ်ခါမှလည်း မချိန်းတွေ့ဖူးသလို ရည်းစားလည်းမထားပဲ နေ့တိုင်းကုမ္ပဏီကိစ္စတွေကိုပဲလုပ်နေရတော့ အရင်ကလိုတောင် တက်ကြွတဲ့ပုံမပေါ်တော့ဘူး”

ယန်အမေသည် ပြောစရာစကားပျောက်ရှနေကာ “ကျွန်မကရော မစီစဉ်ပေးချင်ဘူးထင်လို့လား ? သူက ကျွန်မစကားကို နားထောင်ဖို့လိုသေးတယ်၊ အဲ့ဒါကို ကျွန်မပြောတိုင်း သူကတစ်နည်းမဟုတ်တစ်နည်း လျစ်လျူရှုသွားတယ်၊ ရှင်ပဲပြော ကျွန်မကတော့မပြောချင်ဘူး"

"မင်း..."

ယန်ဖေဖေသည် ဇနီးဖြစ်သူ ဂရုမစိုက်သည်‌ကို‌မြင်သဖြင့် သက်ပြင်းလေးသာချလိုက်သည်။

***

ထိုနေ့ပြီးနောက် ဒါရိုက်တာချန်း၏လမ်းညွှန်မှုအောက်တွင် ရှန်းချူးချူးသည် အိမ်သို့ပြန်သွားပြီး သူ(မ)၏ သရုပ်ဆောင်မှုမကြောင်း နှစ်ရက်ကြာစဉ်းစားကာ အနည်းငယ်နားလည်သွားခဲ့သည်။

သူ(မ)သည် အိမ်ရှိမှန်ရှေ့တွင် ရက်အနည်းငယ်ကြာအောင် လေ့ကျင့်ခဲ့ပြီးနောက် ဒါရိုက်တာချန်း၏ဆိုလို ရင်းကို နားလည်သွားခဲ့သည်။ သူ(မ)၏ အမူအရာများသည် အမှန်တကယ်ကိုချဲ့ကားလွန်းသည်။ ထိုသည်မှာ တမင်တကာလုပ်ယူနေသလိုပင်။ သရုပ်ဆောင်ခြင်းတွင် ထိုသို့သော အမူအရာများသည် အလွန်ပြင်း ထန်လွန်းသည်။ သူ(မ) ရှာတွေ့ခဲ့သည်မှာ တစ်ခါတရံတွင် မင်းရဲ့နှလုံးသားက ပြုံးနေရုံဖြင့် မင်းမျက်နှာပေါ်ရှိ အမူအရာသည်လည်း ရွှင်လန်းနေမည်ဆိုသည်ကို သူ(မ)တွေ့ရှိခဲ့သည်။

လူတစ်ဦး၏အတွင်းစိတ်သည် လှည့်စားခြင်းမရှိသော ကြောင့် မျက်နှာပေါ်ရှိအမူအရာသည် နှလုံးသား၏ အသံကို ရှင်းရှင်းလင်းလင်းပြသနိုင်သည်။

သို့သော် ရှန်းချူချူသည် ဤနည်းကိုလေ့ကျင့်ပြီးနောက် မျက်လုံးများ ရောင်ရမ်းလာပြီး သူ(မ)၏ အပြုံးသည် အနည်းငယ် တောင့်တင်းနေသော်လည်း အကျိုးသက် ရောက်မှုများစွာရှိသည်။ ဆယ်ရက်အကြာတွင် သူ(မ)၏ သရုပ်ဆောင်မှုပိုင်းသည် သိသိသာသာ တိုးတက်လာခဲ့သည်။ စနစ်‌ပေါ်ရှိ သူ(မ) သရုပ်ဆောင်မှုတန်ဖိုးသည်လည်း ထိုနေ့တွင် အမှတ်နှစ်မှတ်လောက်တိုးလာခဲ့သည်။ ရှန်းချူးချူး သည် စနစ်အား သေချာစွာကြည့်ရင်း ကျေနပ်စွာပြုံးလိုက်သည်။

ယနေ့ခေတ်တွင် အဆင့်မြှင့်တင်မှုတစ်ခုစီတိုင်းသည် အတွေ့အကြုံများ ပိုမိုလိုအပ်ပြီး အဆင့်မြှင့်တင်ရန် အချိန်ကြာမြင့်သည်။ ပြောစရာမလိုအောင် တကယ့်သရုပ်ဆောင်စွမ်းရည်နှင့် သရုပ်ဆောင်တန်ဖိုးကြားရှိ ကွာဟမှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့သည်လည်း အချိန်အတော်ကြာမည်ဖြစ်သည်။ သူ(မ)သည် အဆင့်မြှင့်တင်မည့်အစား ယခုအခါ လေ့လာမှုများနှင့် လေ့ကျင့်ခန်းများကို အားကိုးအားထားပြုလာသည်။

ထို့ကြောင့် ဒါရိုက်တာချန်း၏ ရုပ်ရှင်မရိုက်ခင် သူ(မ) ၏သရုပ်ဆောင်မှုတန်ဖိုးသည် ငါးဆယ်အထိရှိခဲ့သည်။ ရမှတ်မှာ ထိုသည်ထက်မကျော်လွန်ခဲ့သော်လည်း ယခင်ကထက် အများကြီး ပိုကောင်းလာခဲ့သည်။ ရလဒ်အနေညနှင့် ဒါရိုက်တာချန်း၏ လမ်းညွှန်မှုကို နားထောင်ဖို့ အဖွဲ့သားများနှင့် အတူရိုက်ကူးနိုင်ဖို့ မျှော်လင့်သည်။

သူ(မ) ဟမ်တျန့်ရောက်ရှိလာချိန်တွင် ရှန်းချူးချူးသည် သူမ၏ မကြာသေးမီက အလေ့အကျင့်များ၏ရလဒ်များကို စမ်းသပ်ရန် အဖွဲ့သားများနှင့် ပူးပေါင်းရန် မစောင့်နိုင်တော့ပေ။

ရှန်းချူးချူးသည် တစ်နေ့တာ စိတ်လှုပ်ရှားပြီးနောက် သရုပ်ဆောင်ရန် အချိန် ရောက်ရှိလာမည့်ဖြစ်သည်။ ရှန်းချူးချူး သည် ပင်ကိုယ်အားဖြင့် အလွန်လှပသော် လည်း မက်မွန်ပွင့်စတိုင်မိတ်ကပ်နှင့် ပိုးသားပိတ်စကို ၀တ်ဆင်ပြီးနောက် ပို၍ပင် ရင်သပ်ရှုမောဖွယ်ဖြစ်နေခဲ့သည်။ မိတ်ကပ်ပညာရှင်တောင်မှ "ချူချူး မိတ်ကပ်လိမ်းပြီးတော့ နဂိုရုပ်နဲ့တော်တော့်ကို မတူတော့တာ"

ရှန်းချူးချူးသည် မှန်ထဲတွင် မြင်နေရသောပုံရိပ်မှာ သူစိမ်းတစ်ယောက်အလားဖြစ်နေရသဖြင့် အကောင်းလား၊ ဆိုးလားပင် သူ(မ)မသိတော့ပဲ တုန်လှုပ်စွာဖြင့် “ဘာတွေ ကွာခြားသွားလဲ ?”

မိတ်ကပ်ပညာရှင်သည် သေသေချာချာ စစ်ဆေးပြီး “မင်းရဲ့ စိတ်နေစိတ်ထားလေ၊ အထူးသဖြင့် မင်းပြုံးတဲ့အခါ မတူဘူး။ မင်းရဲ့ စွမ်းအင်စီးဆင်းမှုတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားရတယ်”

ရှန်းချူးချူးသည် သူ(မ)နှုတ်ခမ်းသူ ကိုက်လိုက်ပြီး ပြုံးလိုက်ကာ "အားလုံးက ကျောက်ကျဲရဲ့ အရည်အချင်းကြောင့်ပါ"

"မဟုတ်တာ"

ရှန်းချူချူသည် တစ်နာရီကြာ စောင့်ပြီးနောက်အတွက် သူ(မ)အလှည့်ရောက်ရှိလာသည်။

ဤသည်မှာ ရှန်းချူးချူး ဇာတ်ကောင်၏ ပထမဆုံး ပေါ်လာရမည့် ဇာတ်၀င်ခန်း ဖြစ်သည်။ အဓိကဇာတ် ကောင်သည် တော်၀င်မျိုးနွယ်၏အရေးပါသည့် စစ်သူကြီး ရှောင်းရီဖြစ်ပြီး သူ့အိမ်တွင် ညီမလေးတစ်ယောက်လည်းရှိသည်။ သို့သော် သူငယ်စဉ်ကတည်းက ညီမလေးမှာ ဆုံးပါးသွားခဲ့သည်။ သို့သော် ပွဲတစ်ခုတွင် အကသမားတစ်ယောက်သည် သူ့မိခင်နှင့် ဆင်တူနေ သည်ကို သတိထားမိသဖြင့် လုံးဝအံ့ဩသွားသည်။

ရှန်းချူးချူးသည် အကကိုလေ့ကျင့်ခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် အစမ်းကပြရန်လုံး၀မလိုအပ်ပဲ တိုက်ရိုက် ကခုန်ခဲ့သည်။ သူ(မ)သည် ယခင်က ကုမ္ပဏီတွင်ရှိစဉ်၌ သင်တန်းသားတော်တော်များများ၏ ရှေ့တွင်လေ့ကျင့်ထားပြီးသားဖြစ်သဖြင့် ကြောက်ရွံမှုမရှိချေ။

ထို့ကြောင့် သူ(မ)သည် စိတ်လှုပ်ရှားနေသော်လည်း ပုံမှန်ဖြစ်အောင်ထိန်းလိုက်သည်။ သို့သော် သူ(မ) ကခုန်ပြီးနောက် ဒါရိုက်တာချန်းသည် မျက်မှောင်ကြုတ်ကာ

“ကျိုးဖုန် မင်းမျက်လုံးတွေက နေရာမကျဘူး၊ နောက်ကျရင် သတိထားပါ၊"

ထို့နောက် ဒါရိုက်တာချန်သည် ဇာတ်ပို့သရုပ်ဆောင်တချို့၏ နာမည်များကိုခေါ်လိုက်ပြီး

“မင်းတို့တွေလည်း သတိထားဖို့ မမေ့နဲ့၊ ကလေးမလေးအတွက် ကခုန်ဖို့ဆိုတာ မလွယ်ဘူး၊ ဒါကြောင့် သူ့ကို မပင်ပန်းစေဘဲ တတိယအကြိမ်ထပ်မလုပ်ခိုင်းနဲ့”

ထို့နောက် ဒါရိုက်တာချန်သည် ခေတ္တရပ်တန့်လိုက်ပြီး "ကောင်းပြီ၊ အားလုံး သတိထားဖို့သတိရပါ၊ နောက်တစ်‌ခေါက်ထပ်လုပ်မယ်"

အကသမားများသည် နောက်တစ်ကြိမ်ထွက်လာသော အခါ ရှောင်းရီ သည် အပြုံးမပျက် ထိုင်နေလေသည်။ သူသည် အကသမား တစ်ယောက်ကို လှမ်းကြည့်လိုက်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။

အနီးနားရှိ အရာရှိများသည် ရှောင်းရီ၏ အမူအရာကို မြင်သဖြင့် "ဗိုလ်ချုပ်ရှောင်း အကသမားကို မျက်စိကျနေတာလား…”

ရှောင်းရီသည် သူ့အား တစ်ချက်ကြည့်လိုက်ပြီး "မလိုပါဘူး သခင်ဝမ်... ကျွန်တော် ဒီကောင်မလေးကို ရင်းနှီးနေသလိုခံစားရလိုပါ"

မစ်စတာဝမ်သည် ထိုစကားကိုကြားသောအခါ ချွေးအေးများပင် စိမ့်ထွက်မိသလိုခံစားရပြီး "ဒီမိန်းကလေးတွေအကုန်လုံးက ဝမ်ချွမ်ပွဲကြည့်စင်က လာတာဆိုတော့ ဗိုလ်ချုပ်ရှောင်း စိတ်ဝင်စားရင်သွားကြည့်လို့ရတယ်"

ရှောင်းရီသည် ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ် သခင်ဝမ်"

***

ဤတစ်ကြိမ်တွင်တော့ ဒါရိုက်တာဝမ်သည် ကင်မရာရှေ့တွင် လူတိုင်း၏ အမူအရာတွေကို ကျေနပ်သဖြင့် ခေါင်း ညိတ်လိုက်သည်။ ရှန်းချူးချူး ပထမဦးဆုံးအကြိမ် ထွက်လာသောအခါတွင် သရုပ်ဆောင်များစွာသည် သူ(မ)ကို မသိစိတ်အရ ကြည့်ရှုခဲ့ကြသည်။ ဤအပိုင်းသည် မခက်ခဲလှချေ။ ဤအပိုင်း၏ အဓိကအရာသည် ညီမဖြစ်သူအားတွေ့ရသည့် ရှောင်ရီ၏အံ့အားသင့်မှုကို အဓိကထား မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည်။

ရှန်းချူးချူးသည် ထိုရိုက်ချက်နှင့် နောက်ထပ် ထောင့်အနည်းငယ်မှရိုက်ချက်ပြီးသည့်အခါ အဆုံးတွင် အနားယူနိုင်ပြီဖြစ်သည်။

ရှန်းချူးချူးသည် နေ့ခင်းဘက်တွင် ဒါရိုက်တာချန်အနားတွင် ထိုင်နေသည့် ထူးဆန်းသော သက်လတ်ပိုင်းအမျိုး သမီးတစ်ဦးကို တွေ့လိုက်ရသည်။ ဒါရိုက်တာချန်း၏ သဘောထားသည် အလွန်နူးညံ့သိမ်မွေ့နေသည်။ သူ့မျက်နှာသည် အပြုံးပန်းတွေသယ်ဆောင်လာပြီး ၎င်းတို့ဆက်ဆံရေးမှာ အလွန်ရင်းနှီးပုံရသည်။

အနားရှိတစ်ယောက်သည် ရှန်းချူးချူး၏ စပ်စုနေသည့်အကြည့်ကိုမြင်သဖြင့် ရှင်းပြလာသည်။

“အဲ့တာက ဒါရိုက်တာချန်းရဲ့ ဇနီး"

ရှန်းချူးချူးသည် စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ သူမသည် အမှန်တကယ်ကို အဆင့်အတန်းရှိလှသည်။ ဒါရိုက်တာချန်သည် ငယ်စဥ်တုန်းက အလှအပရွေးချယ်ရာတွင် မျက်လုံးကောင်းသူပင်။

"ကျေးဇူးတင်ပါတယ် ဖုန်ကော"

ဖုန်ကောသည် ပြုံးပြီး "စိတ်မပူပါနဲ့ စွင်းကျဲက ဒီမှာ မကြာခဏလာနေကျမို့ ငါတို့အားလုံးနံ့ တစ်ယောက်ကို တစ်ယောက် ရင်းနှီးပြီးသား၊ ဒါရိုက်တာချန်ရဲ့စိတ်နေစိတ်ထားက သူ(မ)ဒီမှာရှိနေချိန်ဆိုပိုတောင်ကောင်းသေးတယ် သူ့(မ)ကို ဒီမှာပဲနေစေချင်ကြတာ"

ဖုန်ကောသည် ယနေ့နံနက်ကိစ္စကိုပြန်တွေးကြည့်မိသော အခါတွင် သူ့မျက်နှာသည်ပင် ဇီးစေ့လောက်သာရှိတော့သည်။

ရှန်းချူးချူးသည် ရယ်မောလိုက်ပြီး “ဟုတ်လား ဒါဆိုကောင်းတာပေါ့၊ ဒါရိုက်တာချန်က ဒီနေ့ခင်းဘက်မှာပိုစိတ်ပျော်နေဖို့ ကျွန်မလည်း မျှော်လင့်တယ်”

ထို့နောက် ကျိုးဖုန်သည် ထွက်ခွာသွားခဲ့သည်။

နေ့ခင်းဘက်တွင် ရှန်းချူးချူးသည် ရုပ်ရှင်ရိုက်ရန် အပိုင်းမရှိသော်လည်း ကုမ္ပဏီက သူ(မ)အတွက် ကားမငှားရသေးသဖြင့် သူ(မ)ကိုယ်တိုင် ကားမငှားချင်ပေ။ သူမသည် ဘေးခုံပေါ်တွင် ထိုင်ကာ အခြားသရုပ်ဆောင်များ၏ သရုက်ဆောင်မှုကို ကြည့်ရှုကာ ညနေခင်းရောက်သည်အထိ စောင့်မျှော်နေခဲ့သည်။ ရှန်းချူးချူးသည် ထိုသည်ကိုကြည့်ရင်း ညနေဘက်တွင် အချိန်မရှိနိုင်ဟု ထင်သောကြောင့် Taobao ကိုလည်း တစ်ပါတည်း တွဲလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ရှန်းချူးချူးသည် စနစ်နှင့်ပေါင်းစပ်ပြီးကတည်းက သူ(မ)၏ကိုယ်ပိုင်အိမ်ထောင်ရေးစနစ်ကို ဖွင့်ကြည့်ချင်သော်လည်း ဖွင့်မရခဲ့ပေ။ စနစ်သည် မက်ဆေ့ချ်တစ်ခု ပြသခဲ့သည် ထိုသည်မှာ စနစ် အဆင့်မြှင့်တင်ခြင်း...

သူ(မ)၏ အိမ်ထောင်ရေးစနစ်ကို အဆင့်မြှင့်တင်နိုင်သလား ? ရှန်းချူးချူးသည် ထိုသည်ကို တစ်ခါမှ မတွေးဖူးချေ။ သူ(မ)သည် မကြာသေးမီက ဇာတ်ကားအသစ်နှင့် အလုပ်ရှုပ်နေသောကြောင့် စနစ်ကို အဆင့်မြှင့်ပြီးနောက် ကြည့်ရှုရန်အချိန်မရှိပေ။ သို့သော် အတွေ့အကြုံဘားသည် ကုန်ဆုံးတော့မည်ကို သူ(မ)မြင်သောကြောင့် ပြီးလုနီးပါးဖြစ်သင့်သည်။

သူ(မ)သည် ဘာမှလုပ်စရာမရှိသောကြောင့် Weibo ကို ထပ်မံစစ်ဆေးခဲ့သည်။ သူ(မ)သည် Weibo ကိုကြည့်ရှုပြီးနောက်တွင် သူ(မ)၏ကိုယ်ပိုင်စနစ်ကို ထပ်မံဖွင့်လှစ်ပြီး အဆင့်မြှင့်တင်မှုပြီးမြောက်ကြောင်းတွေ့ရှိခဲ့သည်။

ရှန်းချူးချူးသည် ၎င်းကိုကြည့်ရန် အမြန်ဖွင့်လိုက်ပြီး အဆင့်မြှင့်ပြီးနောက် အသစ်ဖြစ်လာမည်များကို သိချင်သည်။ သို့သော် အကြိမ်များစွာကြာပြီးနောက်တွင် သူ(မ)သည် ကွဲပြားမှုများကို မတွေ့ရသေးပေ။ အတွေ့ အကြုံတန်ဖိုးသည် ကျဆင်းခြင်းမရှိသလို အဆင့်မတိုးသေးခင်ရှိ အခွင့်အလမ်းတန်ဖိုးနှင့် အတူတူပင်ဖြစ် သည်။ အရမ်းစိတ်ပျက်စရာကောင်းတာပဲ..

“ဒါက ဘယ်သူ့ခွက်လဲ ? ဘာကြောင့် ကင်မရာရှေ့မှာ ရှိနေတာလဲ၊ မြန်မြန်ဖယ်စမ်း!”

ဒါရိုက်တာချန်၏ဟောက်သံသည် ရှန်းချူးချူးကိုထိတ် လန့်စေခဲ့ပြီး ဖုန်းကိုမြေပြင်ပေါ်သို့ ပစ်ချလုနီးပါးဖြစ်ခဲ့သည်။ သို့သော် ရှန်းချူးချူးသည် ဒါရိုက်တာချန်၏ ခေါင်းထိပ်တွင် အနီရောင်နှလုံးသားကြီးကို မြင်လိုက်ရသောအခါ ရုတ်တရက်အတွေးတစ်ခုဝင်လာခဲ့သည်။ အဆင့်မြှင့်တင်မှုသည် အခြားသူများ၏ အိမ်ထောင်ရေးစနစ်များနှင့် ချိတ်ဆက်ထားနိုင်ပါသလား? ဤအတွေးဖြင့် ရှန်းချူးချူးသည် ဒါရိုက်တာချန်းနှင့် အနည်းငယ် နီးကပ်လာကာ သုံးမီတာအကွာတွင် နေရာတစ်ခုကိုတွေ့ပြီးနောက်ဝင်ထိုင်လိုက်သည်။

စွင်းပိယွင်သည် ရုပ်ရှင်ဒါရိုက်တာလုပ်နေစဉ်တွင် ခင်ပွန်းဖြစ်သူ၏ စိတ်တိုဒေါသထွက်နေသောအမူအရာကို မြင်လိုက်ရသောအခါတွင် အနည်းငယ်ရယ်မောမိသွားခဲ့သည်။ သူ(မ)သည်ကြောက်ရွံ့နေသော မင်းသား၊ မင်းသမီးငယ်လေးများနှင့် နီးကပ်စွာထိုင်ကာစိုက်ကြည့်နေလိုက်သည်။

ရှန်းချူးချူးသည် မစ္စစွင်း၏အကြည့်ကိုမသိပေ။ သူ(မ) သည် ဒါရိုက်တာချန်းကိုကြည့်ပြီးနောက် "ဖွင့်"ဟု တိုး တိုးတိတ်တိတ်လေးပြောကာ လှည့်ထွက်သွားသည်။

အဆင့်အတန်း- အိမ်ထောင်သည်

အိမ်ထောင်ဖက်- စွင်းပိယွင် [ဓာတ်ပုံ]

လက်ထပ်သည့်နေ့- 14 Feb 1988

အိမ်ထောင်ရေးအဆင့်သတ်မှတ်ချက်- ကြယ်ငါးပွင့် (အိမ်ထောင်ရေးသုခပြည့်စုံခြင်း)

ကံကြမ္မာကြိုးနီ- [ဖွင့်]

သူ(မ)သည် ယခင်လို ဘာမှသတိမထားမိခဲ့ဘဲ အိမ် ထောင်ရေးကံကြမ္မာကိုဖွင့်လိုက်ချိန် ဒါရိုက်တာချန်၏ အော်သံကြောင့်မဟုတ်ဘဲ အတွင်းရှိအကြောင်းအရာများကြောင့် သူ(မ)ဖုန်းသည်မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့ပြန်သည်။

အဘယ်ကြောင့်ဆိုသော် သူ(မ)သည် နောက်ထပ်အသေး စိတ်အချက်အလက်များကို ရှာဖွေတွေ့ရှိသွားသော ကြောင့်ဖြစ်သည်။ ထိုသည်မှာ [ကွဲကာခြင်းအချိန်]ပင်။

All Chapters