← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

ရှန်းချူးချူး တခဏတာ အတွေးလွန်နေချိန်တွင် တစ်စုံတစ်ယောက်သည် သူ(မ)၏လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ကလေးမလေး.. မင်းက လူသစ်လား ? အစ်မ မင်းကို ဒီမှာတစ်ခါမှ မတွေ့ဖူးဘူး" စွင်းပိယွင်သည် ပြုံးလျက် ပြောလာသည်။

ရှန်းချူးချူးသည် သူ(မ)ရှေ့မှလူကို ကြည့်ကာ တုံ့ပြန်ရန် စက္ကန့်အနည်းငယ်ကြာသွညးသည်။ သူ(မ)သည် စိတ်ကို တည်ငြိမ်အောင် ထိန်းထားပြီးနောက် ပြုံးရုံသာ ညှစ်ထုတ်ပြုတ်လိုက်ပြီး "ဟုတ်တယ် ကျွန်မ ဒီမနက်ကမှ အဖွဲ့ထဲကိုရောက်တာပါ"

စွင်းပိယွင်သည် ယခုအချိန်တွင် ဘာမှလုပ်စရာမရှိသဖြင့် ရှန်းချူးချူးနံဘေးတွင် ထိုင်ပြီး ပြုံးပြလျက် စကားစ မြည်ပြောလာသည် "အရမ်းမလန့်ပါနဲ့ ကလေးမလေးရယ် ငါက ဒါရိုက်တာရဲ့ ဇနီးဆိုပေမဲ့ သူ့‌ထက်တော့ သဘောကောင်းပါတယ်"

ဒါရိုက်တာသည် သူ၏ နာမည်ကိုကြားချိန် လှမ်းကြည့်လာသည်။ ရှန်းချူးချူးသည် ခေါင်းကို အမြန်ငုံ့လိုက်ပြီး "ဟင့်အင်း ကျွန်မ မလန့်ပါဘူး"

"မလန့်ရင် မင်း ဘာဖြစ်နေတာလဲကွယ်" စွင်းပိယွင်သည် ပြုံးလျက် မေးလာသည်။

"အမ်? ကျွန်မ..." ရှန်းချူးချူးသည် ဒါရိုက်တာဘက်သို့ မသိစိတ်အရ ကြည့်လိုက်သည်။ ဒါရိုက်တာသည် သူတို့ဘက်ကို မကြည့်တော့မှန်း သိလိုက်သဖြင့် သူ(မ) သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ထို့နောက် သူ(မ)သည် စနစ်အကြောင်းကို သတိရသွားသဖြင့ စွင်းပိယွင်အား ပြုံးပြသလိုဖြင့် လှည့်ကြည့်လိုက်ကာ စနစ်ကို မြန်မြန်ဆန်ဆန် ဖွင့်ကာ တိတ်တဆိတ် စစ်ဆေးလိုက်သည်။ ၎င်းသည် အခြားသူများနှင့်တူညီစွာပင်ဖြစ်ပြီး ကွဲကွာရမည့်ကံကြမ္မာမျိုးမရှိချေ။

သို့ဖြစ်ရာ သူ(မ)သေချာစွာ တွေးတောပြီးနောက် ဒါရိုက်တာစွင်း၏ အိမ်ထောင်ရေးစနစ်တွင်ပါ၀င်နေသော ကွဲကွာချိန်နှင့် ဆက်လျင်းကြည့်ပါလျှင် ကွဲကွာမည့်အချိန်မှာ စွင်းပိယွင် သေဆုံးမည့် အချိန်ဖြစ်နိုင်သည်။ ရှန်းချူးချူးသည် ထိုအရာကို တွေးမိလိုက်သဖြင့် သူ(မ)၏ နှလုံးခုန်နှုန်းများ မြန်လာရသည်။

စွင်းပိယွင်သည် ရှန်းချူးချူး၏ မျက်နှာမှာ သိပ်မကောင်းသည်ကို တွေ့လိုက်ရသဖြင့် သူ(မ) ကောက်ယူပေးထားသည့် ဖုန်းကိုကမ်းပေးပါ "မင်း ဘာဖြစ်နေတာလဲ၊ နေရတာ အဆင်မပြေဘူးလား"

ရှန်းချူးချူးသည်လည်း ထိုအခါမှ အသိပြန်ကပ်သွားပြီး စွင်းပိယွင်ကမ်းပေးလာသော ဖုန်းကိုယူကာ ခပ်တိုးတ်ုးပြောလိုက်သည်။ “မဟုတ်ပါဘူး ကျွန်မ မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရလို့ပါ"

စွင်းပိယွင်သည် ဖျော်ဖြေရေးနယ်ပယ်ရှိ လူတစ်ဦးမဟုတ်သော်လည်း ခင်ပွန်းဖြစ်သူကြောင့် ဖျော်ဖြေရေးနယ်ပယ်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ သို့ဖြစ်ရာ သူသည် သရုပ်ဆောင်တစ်ယောက်၏ စိတ်ကို နားလည်သောကြောင့် " သရုပ်ဆောင်ရတယ်ဆိုတာ အရမ်း ဖိအားများတာ၊ မင်းကိုယ်မင်း မျှချေညီအောင် ချိန်ညှိဖို့လိုတယ်၊ ကိုယ့်ကိုယ်ကို အရမ်း တွင်းအား မပေးနဲ့"

ရှန်းချူးချူးသည် စွင်းပိယွင်၏ နူးညံ့သော အသံကို နားထောင်ပြီး သူ(မ)၏ နှလုံးသားထဲတွင်လည်း နွေးထွေးသွားရသည်။ "ကောင်းပါပြီ ကျွန်မ နောက်ဆိုရင် ဂရုပိုစိုက်ပါ့မယ်"

"ဒါရိုက်တာစွင်းဆိုတဲ့ သူကြီးက တကယ်တော့ သူ့လူတွေကို ပိုတော်‌စေချင်၊ တက်စေချင်တဲ့သူကြီးလေ၊ သူက မင်းတို့အားလုံးကို ဂရုစိုက်ပေမဲ့ သူက စကားပြောသိပ်မကောင်းတော့ လူတော်တော်များများက သူ့ကို ကြောက်ကြတယ်" စွင်းပိယွင်သည် ဒါရိုက်တာစွင်းကို ကြည့်လျက်ပြောလာသည်။

ရှန်းချူးချူးသည် ချက်ချင်း ခေါင်းယမ်းလိုက်ပြီး "ဟင့်အင်း... ကျွန်မကတော့ ဒါရိုက်တာက အသစ်ဝင်လာသူတွေကို အရမ်းဂရုစိုက်တယ်လို့ ထင်တယ်၊ ဒီလို လမ်းညွှန်ပြပေးတဲ့ ဒါရိုက်တာတစ်ယောက်ရှိတာကိုပဲ ကျွန်မ ဝမ်းသာမိတယ်၊ နောက်ဆုံးအကြိမ်တုန်းက ကုမ္ပဏီက ကျွန်မကို ညွှန်းကြားပေးခဲ့လို့ ကျွန်မ အရမ်းစိတ်တက်ကြွနေတာ"

စွင်းပိယွင်သည် ရှန်းချူချူ၏ စကားကို နားထောင်ပြီးနောက် စပ်စုသော အမူအရာဖြင့် ကြည့်လာပြီး "မင်းက ဘယ် ကုမ္ပဏီကလဲ"

ရှန်းချူးချူးသည် ခေါင်းညိတ်ပြီး "ကျွန်မက ချန်းသို့ကပါ။"

စွင်းပိယွင်သည် ထိုစကားကို နားထောင်ပြီး သူ(မ)မျက်နှာပေါ်ရှိ အပြုံးသည် နက်ရှိုင်းလာသည်။ "ဒါက တကယ့်ကိုကောင်းတဲ့ ကုမ္ပဏီတစ်ခုပဲ မင်းက အခုမှ အသစ်တစ်ယောက်ဆိုတော့ ငါမင်းကို ပထမဆုံးစမြင်တာနဲ့ မင်းက အရမ်းလှနေလို့ ငါ သဘောကျသွားတာ“

ဒါရိုက်တာစွင်း၏ ဇနီးဖြစ်သူမှာ သူ(မ)၏ အလှကို ချီးကျူးလာသည်ကိုကြားချိန် ထိုသည်မှာ ယဉ်ကျေးမှုအရပြောခြင်းဆိုသည်ကို သူ(မ)သိသော်လည်း စိတ်ထဲတွင်တော့ တိတ်တခိုးပျော်နေမိကာ ရှက်ရဲရဲမျက်နှာလေးဖြင့် ပြန်ဖြေလိုက်သည်။ ”ကျွန်မ လွန်ခဲ့တဲ့ လ အနည်းငယ်လောက်ကမှ စာချုပ်ချုပ်ပြီးတာပါ"

ထို့နောက် နှစ်ယောက်သားသည် ကုမ္ပဏီအကြောင်းနှင့် ရိုက်ကူးရေးအကြောင်း ပြောကြသည်။ စွင်းပိယွင်သည် ခင်ပွန်းဖြစ်သူ အလုပ်ပြီးချိန်အထိ စကားစမြည်ထိုင်ပြောနေသည်။ ဒါရိုက်တာသည်လည်း အနားပင်မယူပဲ သတ်မှတ်ထားသည့် အချိန်ကိုကျော်သည်အထိ အတော်ကြာ အလုပ်လုပ်ခဲ့သည်။

ရှန်းချူးချူးသည် အဆုံးတွင် စိတ်သက်သာရာရသွားသည်။ ရိုးသားစွာပြောရပါက သူ(မ)သည် စွင်းပိယွင်နှင့် စကားစမြည်ပြောနေစဉ် အနည်းငယ် စိတ်ပျံနေမိသည်။ စွင်းပိယွင်သည် သူ(မ)ရှေ့တွင် ထိုင်နေသောကြောင့် သူ(မ)သည်လည်း စနစ်အား ကြည့်ရှုရန် အချိန်မရချေ။ ရှန်းချူးချူးသည် ဤနေရာတွင် မည်သူမျှမရှိသည်ကို မြင်သောအခ့ ပုံမှန်အိမ်ထောင်ရေးစနစ်ကိုထပ်မံဖွင့်လှစ်လိုက်သည်။

သူ(မ) အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူ(မ)သည် ခွဲခွာခြင်းအချိန်ကို မြင်လိုက်ရသောကြောင့် တုန်လှုပ်သွားသည်။ ထို့နောက်သူ(မ)သည် စွင်းပိယွင်နှင့် စကားပြောခဲ့ပြီး ထိုအရာကို သေချာကြည့်ရန် အချိန်မရှိခဲ့ပေ။

နောက်ကျောတွင် အနီရောင်မျဉ်းနေရာတွင် နောက်ထပ်နှစ်ခုထပ်ရှိသည်။ သူ(မ)သည် စိတ်လှုပ်ရှားလွန်းနေသည်။ ထိုစဉ်တွင် သူ(မ)သည် (သေခြင်း၏ကြင်ဖော်) ဟူသော စကားလုံးကိုမြင်လိုက်ရသည်။

[ကွဲကွာအချိန်]- စက်တင်ဘာ ၁၅၊ ၂၀၁၈

[သေခြင်း၏ကြင်ဖော်]- ကောင်းကင်သို့ တက်ရောက်ခြင်း...

ရှန်းချူချူသည် ဤအရာနှစ်ခုကို မြင်လိုက်သောအခါ သူ(မ)နှင့် နူးနူးညံ့ညံ့စကားပြောဖူးသော စွင်းပိယွင်ကို ပြန်တွေးမိလိုက်သည်။ နူးညံ့သိမ်မွေ့စွာ ရယ်မောသော အမျိုးသမီးတစ်ဦးသည် ဤလောကကို စောစီးစွာ ထွက်ခွာသွားတော့မည်လား? အံ့သြဖွယ်ကောင်းလှသည်။ ထိုဖြစ်နိုင်ခြေမှာ နည်းပါးလွန်းသဖြင့် သာမန်လူများ ကြုံတွေ့ရမှာ မဟုတ်ပေ။

ရှန်းချူးချူးသည် ပြက္ခဒိန်ကို ငုံ့ကြည့်လိုက်သောအခါ ယနေ့သည် သြဂုတ် ၃၁ ရက်၊ စွင်းပိယွင် ကွယ်လွန်ရန် တစ်လခွဲသာလိုတော့ကြောင်းသိလိုက်သည်။ သူ(မ)သည် ကြင်နာတတ်သော စွင်းပိယွင် ကို ကြည့်ကာ သူမကို ကယ်တင်မည်ဟု တိတ်တဆိတ် ကတိပြုခဲ့သည်။

ထို့နောက် ရှန်းချူးချူးသည် စတူဒီယိုသို့ နေ့တိုင်းသွားခဲ့သည်။ သူ(မ)သည် ရုပ်ရှင်လည်းရိုက်သလို၊ တခြားလူများ သရုပ်ဆောင်သည်ကို ထိုင်ကြည့်တက်သည့်အပြင်၊ စွင်းပိယွင်နှင့်လည်း စကားပြောတက်သည်။

စွင်းပိယွင်လည်း အလွန်ထူးဆန်းနေသလို ခံစားရသည်။ ထိုနေ့တွင် သူ(မ)နှင့် စကားပြောသောအခါ စိတ်ပျက်နေပုံရသော ကလေးမလေးသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်မှစ၍ သူ(မ)အား စကားခဏခဏလာပြောသည်။ အမှန်တကယ်တွင် အနုပညာအသိုင်းအဝိုင်းတွင် ထိုသို့သောလူများရှိကြပြီး ၎င်းတို့သည် ထောက်ပံမှုများနှင့် မိတ်ဆွေများကိုရှာခြင်းဖြစ်သည်။

သူ(မ)သည် ထိုသို့သောလူများစွာကို ကြုံတွေ့ခဲ့ဖူးသည်။သို့သော် ရှန်းချူးချူး သည် ထိုသို့သောလူမဟုတ်ကြောင်း သူ(မ) ပင်ကိုယ်သိစိတ်မှသိသည်။ အဘယ့်ကြောင့်ဆိုတာ သူ(မ)မပြောနိုင်သော်လည်း သူ(မ)ခံစားမိခြင်းဖြစ်သည်။

ရှန်းချူးချူးသည် ယနေ့ သရုပ်ဆောင်ရမည့်အခန်းပြီးနောက် စွင်းပိယွင်ဆီသို့ သွားခဲ့သည်။ လူတော်တော်များများသည် သူ(မ)မှာ ဒါရိုက်တာ၏ မိန်းမကို မျက်နှာလုပ်နေသည်ဟု ပြောသံကိုကြားသော်လည်း သူ(မ)ဂရုမစိုက်ချေ။ ရှန်းချူးချူးမှာ ချန်းသို့မှဖြစ်ပြီး ဤဒရာမာကိုလည်း သူတို့၏ကုမ္ပဏီမှ ဖန်တီးထားခြင်းဖြစ်ပါသည်။ ၎င်းတို့ မတုံးအသဖြင့် အတင်းအဖျင်းသာပြောနိုင်သည်။ ဘယ်အရူးကများ ပေါ်တင်လာပြောမှာလဲ?

"အစ်မစွင်း ဒီနေ့ရော ဘယ်လိုနေလဲ? မနေ့က ကောင်းကောင်း အနားယူရဲ့လား"

စွင်းပိယွင်သည် ရှန်းချူးချူး၏ ဂရုစိုက်မှုကို ခံစားမိသဖြင့် "အင်း၊ အသ်မဒီရက်ပိုင်း ကောင်းကောင်းအိပ်ပျော်ပါတယ်၊ ဒါပေမဲ့ ဒီမှာ ခြင်တွေ အရမ်းများနေတာပဲ၊ အစ်မခန္ဓာကိုယ်မှာ အလက်ကျစ်တောင်ဖြစ်နေပြီ " စွင်းပိယွင်သည် သူ့လက်များကို မြှောက်ကာပြလိုက်သဖြင့် ရှန်းချူချူသည်လည်း ကြည့်လိုက်သည်။

နဘေးရှိ ဒါရိုက်တာစွင်းသည် "ပွဲက တစ်လလောက်ဆိုပြီးတော့မှာကို မင်း တော်၀င်မြို့တော်ဆီ အရင်ပြန်လိုက်တော့၊ မင်း‌နွေရာသီတိုင်း အလက်ကျစ်တွေဖြစ်နေကျမို့လို့ ကိုယ်မင်းကို လာဖို့ခွင့်မပြုတာတောင် မင်းကတော့လာဖြစ်အောင်လာတယ်"

စွင်းပိယွင်သည် သူ့ခင်ပွန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ "ကျွန်မ စစ်ဆေးဖို့အတွက် လာကိုလာရမှာလေ၊ အလက်ကျစ်အတွက်ကတော့ ကိစ္စမရှိဘူး ကျွန်မ ဆေးလိမ်းလို့ရတာပဲလေ၊ ဘာပဲဖြစ်ဖြစ် တစ်လပဲကျန်တော့တာကို အဲ့ကျမှ အတူတူပြန်ကြတာပေါ့"

သူသည်လည်း သူ(မ)ကိုနားမချနိုင်သောကြောင့် သက်ပြင်းချကာ ကူကယ်ရာမဲ့စွာ "ကောင်းပြီ ဒါဆိုလည်း အလုပ်ကို ကြိုးစားလုပ်၊ ကိုယ်ဒီအခန်းကို ရိုက်ပြီးရင် လက်ထောက်ကို အလက်ကျစ်အတွက် ဆေး၀ယ်ဖို့ ခိုင်းလိုက်မယ်"

"ကျွန်မက အလုပ်ကြိုးစားရမှာမဟုတ်ဘုး ရှင်ကပဲ ‌ကြိုးစားပြီး ရုပ်ရှင်ကိုရိုက်ရမှာ"

ရှန်းချူးချူးသည် သူ့ရှေ့ရှိ နွေးထွေးသော စုံတွဲကို ကြည့်နေလျက် အနည်းငယ် စိုးရိမ်မိသည်။ မနက်ဖြန်သည် စွင်းပိယွင် ကွယ်လွန်ချိန်ဖြစ်သော်လည်း စွင်းပိယွင် သည် မည်သည့်နေရာတွင် သေဆုံးမည်ကို သူ(မ) မသိသေးချေ။ ၎င်းသည် ဟမ်တျန့်သို့မဟုတ် တော်ဝင်မြို့တော်မှာများလား? သူ(မ)သာကြိုသိခဲ့လျှင် စွင်းပိယွင်ကို တားနိုင်သည်။ တော်၀င်မြို့တော်တွင်‌ဆိုပါက စွင်းပိယွင် ပြန်သွားမည်မှာ ဆိုးရွားသည့်ကိစ္စဖြစ်ကာ ဟမ်တျန့်တွင်ဆိုပါက မြန်မြန်ထွက်သွားဖို့ အကြံပေးမိမည်။

သူ(မ)၏ အပြင်းအထန် စိုးရိမ်မှုကို သူ(မ)လက်ထောက် ဝမ်ချမ့်ပင် ရှာမတွေ့ခဲ့သော်လည်း ရုပ်ရှင်စရိုက်သည်နှင့် တဖြည်းဖြည်း မြင်သာလာခဲ့သည်။

ဤဇာတ်ကွက်သည် ရှန်းချူးချူး သရုပ်ဆောင်သည့် ဇာတ်ကွက်များထဲတွင် အရေးကြီးဆုံးအပိုင်းဖြစ်သည်။ သူ(မ) ဇာတ်ကောင် ရှောင်းရုန်သည် အစ်ကိုဖြစ်သူ ရှောင်းရီကို အသိအမှတ်ပြုမည့် အခန်းဖြစ်သည်။

ဒါရိုက်တာသည် စတင်ဖို့ပြောလိုက်သည်နှင့် ရှန်းချူးချူးသည်လည်း သူ့စိတ်သူ တည်ငြိမ်အောင်သာ တွန်းအားပေးခဲ့ရသည်။ အစ်မစွင်းကိစ္စက မနက်ဖြန်ဆိုတော့ မနက်ဖြန်ကျရင် သူ(မ)ရိုက်ရမဲ့ ဇာတ်ကွက်တွေလည်း ပြီးသွားတော့ သူ(မ) အစ်မစွင်းနောက်ကို တစ်‌နေကုန် လိုက်လို့ရပြီ။ ရှန်းချူးချူးသည် သူ(မ)ကိုယ်သူ(မ) အကြိမ်ကြိမ် နှစ်သိမ်း‌ပေးနေသော်လည်း ထိုသို့ကြီးမားသည့် ကိစ္စကြီးမှာ မကြာခင် ကြုံတွေ့ရမည်ဖြစ်သောကြောင့် မည်သို့မှ စိတ်မတည်ငြိမ်နိုင်ချေ။

ချန်းသို့သည် "စ" ဟူ၍ အော်လိုက်သည်နှင့် ရှန်းချူးချူးသည် အလွန်ဆိုးရွားသော အမှားတစ်ခုကို ကျုးလွန်မိခဲ့သည်။

"ချူး.. အလင်းရောင်ကိုကြည့်၊ မင်း ကင်မရာဘက်ကိုလှည့်တာနဲ့ မှန်ဘီလူးကို ရှာဖို့ မမေ့နဲ့"

ရှန်းချူးချူးသည်လည်း မျက်နှာများပင် နီမြန်းသွားပြီး တစ်ဖက်ရှိ ကျိုးဖုန်ကို ခပ်တိုးတိုးပြောလိုက်သည်။ "တောင်းပန်ပါတယ်"

ကျိုးဖုန်သည် ရှန်းချူးချူးကို အပြစ်မတင်ဘဲ ပြုံးလျက် "ကိစ္စမရှိပါဘူး၊ ကျွန်တော် သရုပ်ဆောင် စလုပ်တုန်းကလည်း အဲ့လိုပဲဖြစ်နေကျလေ၊ နောက်ထပ် နည်းနည်းရိုက်လိုက်တာနဲ့ အဆင်ပြေသွားမှာပါ"

အမှန်တကယ်တွင် ဒါရိုက်တာ၏ ရှန်းချူးချူးအပေါ် သဘောထားသည် အခြားသရုပ်ဆောင်များထက် ပို၍ကောင်းသည်။ အခြားသော သရုပ်ဆောင်များသည် ရှန်းချူးချူးကဲ့သို့ နောက်ခံရှိသူမဟုတ်ကြချေ။ အနုပညာလောကတွင် နောက်ခံရှိသောလူတစ်ယောက်ကို စော်ကား၍မရပေ။ သို့မဟုတ်ပါက သင်သည် မည်သည့်အချိန်တွင် သေမည်ကို မသိနိုင်သလို ဂရုမစိုက်မိပါက လူ‌ရွေးပွဲများတောင် မပါနိုင်သည့် အခြေအနေသို့ဆိုက်ရောက်ပေမည်ဖြစ်ပြီး အမေ့လျော့ခံလူတစ်ယောက်ဖြစ်လာပေမည်။

ရှန်းချူးချူး ခေါင်းညိတ်လိုက်သည်။

ငါးမိနစ်လောက် အနားယူပြီးနောက် ထိုဇာတ်၀င်ခန်းကို ထပ်မံ ရိုက်ကူးခဲ့သည်။ ရလဒ်မှာ ရှန်းချူးချူးသည် စာသားများကိုမေ့လျော့လိုက်၊ မျက်လုံးများနေရာမကျလိုက်နှင့် ငိုရမည့်အခန်းမှာ မျက်ရည်များမကျခြင်းကဲ့သို့ အမျိုးမျိုးသော အလွဲလွဲအချော်ချော်ဖြစ်နေခဲ့သည်။

ရှန်းချူးချူးသည် အလွန်ဖိအားများနေသောကြောင့် ဆိုးရွားသော အမှားများစွာကိုလုပ်မိခဲ့သည်။ ထိုအမှားများမှာလည်း အခြေခံအကျဆုံး အမှားဖြစ်ကာ သူ(မ)ငိုဖို့ပင် မလုပ်နိုင်ချေ။ သူ(မ)လည်း မည်သို့မှ စိတ်ငြိမ်ငြိမ်မထားနိုင်ချေ။ ထိုသည်မှာ အိပ်မက်ဆိုးမက်သကဲ့သို့ ငိုယိုအကူအညီတောင်းချင်သော်လည်း ထိုသည်မှာ အိပ်မက်ထဲတွင်ဖြစ်နေသဖြင့် မလုပ်နိုင်သကဲ့သို့ပင်။ သို့သော် သင်သာ ထိုအိပ်မက်မှ နှိုးထလိုက်သည်နှင့် အဆင်ပြေသွားမည်ဖြစ်သည်။

တစ်နာရီအတွင်း ရှန်းချူးချူးသည် အပိုင်းများစွာကို ဖြုန်းတီးမိခဲ့သည်။

ဒါရိုက်တာ၏ မျက်နှာမှာလည်း ‌ဆိုးရွားလာကာ ပေါက်ကွဲတော့မည့် မီးတောင်းတစ်ခုပမာပင်။ ဘေးပတ်၀န်းကျင်ရှိ ၀န်ထ်းများသည်လည်း ၎င်း၏ ညိုပုတ်‌နေသော မျက်နှာကြီးကိုမြင်သဖြင့် စကားတစ်ခွန်းမှမပြောဝံပဲ တိတ်ဆိတ်နေသည်။

All Chapters