← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

ထိုနေရာသို့ ပြေးလာကြသည့်ဝန်ထမ်းများသည်လည်း ထိုမြင်ကွင်းကို မြင်သောအချိန် ၎င်းတို့နှလုံးသားထဲတွင် ခံစားချက်တစ်ချို့ဖြတ်ပြေးသွားရသည်။ ထိုကဲ့သို့ လေးလံသောကျောက်တုံးကြီးသာ ဒါရိုက်တာ၏ဇနီးပေါ်သို့ အမှန်တကယ်ရောက်ရှိသွားပါက အကျိုးဆက်မှာတွေးဆ၍မရချေ။ ကံကောင်းထောက်မစွာ ထိုအရာကို ရှောင်ရှားနိုင်ခဲ့ သည်။

ကရိန်းမောင်းသည့်အလုပ်သမားသည်လည်း အဝေးကနေပြေးလာပြီးတောင်းပန်လာသည်။

ထိုအချိန်တွင် အဓိကတရားခံမှာရောက်ရှိလာသောကြောင့် ဒေါသများသည် ၎င်းထံသို့စုပုံသွားသည်။

"မင်း ဘယ်လိုတောင် ကရိန်းကိုမောင်းလို့ ဒီလောက်လေးတဲ့ကျောက်တုံးကြီးကပြုတ်ကျသွားရတာလဲ? အဲ့တာက မင်းရဲ့ မကျွမ်းကျင်မှုကြောင့်လား? ကရိန်းကပဲစုတ်နေလို့လား? ငါတို့ ရုပ်ရှင်အဖွဲ့သားတွေ ဒီလောက်များတာ မင်းတို့ နည်းနည်းပါးပါးသတိမထားကြဘူးလား? ဒီနေ့ ငါ စိတ်ကောင်း၀င်နေလို့ ကံကောင်းသွားတယ်မှတ် မဟုတ်ရင် မင်း အခုလိုနေနိုင်မယ်ထင်လား"

ကရိန်းမောင်းသူသည် သူ့ဘက်မှအမှားဖြစ်သောကြောင့် မည်သည့်စကားမှ ပြန်အထွန့်မတက်ပဲ တောင်းပန်စကားသာ ဆိုသည်။ သူသည် ထိုဖြစ်စဉ်တွင် အရှင်းဆုံးမြင်သူဖြစ်သည်။ ကရိန်းသည် ကျောက်တုံး၏အလေးချိန်ကို မနိုင်သဖြင့် ကျိုးကျသွားသည်ကို သူမြင်သည်နှင့် ချက်ချင်းပင် လမ်းကြောင်းကိုထိန်းချုပ်ပြီး လူများအားမထိခိုက်စေအောင် ပြုလုပ်ခဲ့သည်။ သို့သော် သူသည်စိတ်လှုပ်ရှားနေသောကြောင့် အမှားလုပ်မိခဲ့သည်။ ထိုအမှားမှာလည်း အလွန်ကြီးမား လှကာကျောက်တုံးပြုတ်ကျမည့်နေရာတွင် လူတစ်ယောက်ရှိနေခြင်းဖြစ်သည်။

ကျောက်တုံးမှာကျဆင်းသွားသောကြောင့် သူသည်လည်း တားချိန်မရလိုက်ချေ။

ရှန်းချူးချူးသည် ထိုမြင်ကွင်းကို ကြည့်နေလျက် သူ(မ)၏ နှလုံးသားသည် လွန်စွာစိတ်မသက်မသာဖြစ်နေသည်။ စွင်းပိ ယွင်၏ကံကြမ္မာအား သူ(မ)သာကြိုမမြင်နိုင်ခဲ့ပါက ၎င်းသည် ယနေ့တွင်သေဆုံးလိမ့်ပေမည်။ ရှန်းချူချူသည် ထိုဖြစ် နိုင်ချေကိုတွေးမိလိုက်ရာ ထရိန်းမောင်းသူအားစကားလုံးများဖြင့် တိုက်ခိုက်နေသော ဒါရိုက်တာကိုကြည့်ကာ သူ(မ)၏ နှလုံးသားသည်လည်းတင်းကြပ်သွားသည်။ သူ(မ)သည် အားလုံးသတိမပြုမိလိုက်ချိန် သန့်စင်ခန်းသို့၀င်လိုက်သည်။ လက်ထောက်ဒါရိုက်တာသည် မကြာခင်ပင် ယနေ့တွင်ရိုက်ရမည့် ဇာတ်ကွက်အားလုံးကိုရပ်ပစ်လိုက်ပြီး မနက်ဖြန်စတင် မည်ဖြစ်ကြောင်းအသိပေးလာခဲ့သည်။

သူ(မ)သည် စွင်းပိယွင်အား လူများဝိုင်းနေကြသည်ကိုမြင်လိုက်ရချိန် ဝမ်ချမ်နှင့်အတူ ဟိုတယ်သို့ပြန်လာခဲ့သည်။ ယနေ့ ဖြစ်ရပ်ပြီးနောက် ဒါရိုက်တာသည်လည်း ၎င်း၏ဇနီးနားတွင်နီးကပ်စွာနေနေမည်ဟု သူ(မ)ယုံကြည်ပြီး ယနေ့တွင် နောက်ထပ်အန္တရာယ်မကျရောက်နိုင်တော့ချေ။

ရှန်းချူးချူးသည် နေ့လယ်စာစားပြီးနောက် ထိတ်လန့်သဲဖိုဖွယ်ရာရုပ်ရှင်နှစ်ကားကို ကြည့်ရှုခဲ့သည်။ သူ(မ) ဇာတ်လမ်း ပြီးနောက် ၆နာရီထိုးပြီဖြစ်သ၍ ထိုအချိန်ထဲမှပင်အနားယူခဲ့သည်။ သူ(မ)သည် ဝမ်ချမ့်အား ပြောထားပြီးသည်ဖြစ်သော ကြောင့် သူ(မ)အား နှောင့်ယှက်မည့်သူတစ်ဦးမှမရှိတော့ချေ။ ဤရက်ပိုင်းတွင် သူ(မ)သည် ဖိအားအလွန်များနေခဲ့သော ကြောင့် ကောင်းကောင်းအနားယူဖို့လိုနေပြီဖြစ်သည်။

နောက်တစ်နေ့မနက်တွင် ရှန်းချူချူသည် တက်ကြွမှုများနှင့်ပြည့်နှက်နေခဲ့သည်။

သူ(မ)သည် စတူဒီယိုကိုရောက်ပြီးနောက် ဒါရိုက်တာ စကားမပြောရသေးခင် “ဒါရိုက်တာ.. ကျွန်မ မနေ့ကရိုက်ခဲ့တြဲ ဇာတ်၀င်ခန်းကို ထပ်ရိုက်ကြည့်ချင်တယ်၊ မနေ့ကတုန်းက ကျွန်မကိုယ် ကျွန်မအားမရဘူး၊ ဒါရိုက်တာလည်း ဒီလောက်နဲ့တင် မကျေနပ်လောက်ဘူးလို့ ကျွန်မထင်တယ်"

ဒါရိုက်တာသည် မနေ့ရှိ အဖြစ်အပျက်များပြီးနောက် ရှန်းချူးချူးအပေါ် အမြင်ပိုကြည်သာလာသည်။ "ကောင်းပြီ"

စွင်းပိယွင်သည် ရှန်းချူးချူး၏လက်ကိုဆုပ်ကိုင်လိုက်ရာ သူ(မ)မျက်လုံးများတွင် မျက်ရည်များပြည့်နှက်လျက် "ချူးချူး မနေ့က အစ်မရဲ့အသက်ကိုကယ်ပေးခဲ့တာ တကယ်ကျေးဇူးအများကြီးတင်ပါတယ်၊ အစ်မ မနေ့ထဲက မင်းဆီကိုလာချင် ပေမဲ့ မင်းလက်ထောက်က မင်းအိပ်ပျော်သွားပြီပြောလို့ အစ်မတို့လာမနှောင့်ယှက်တော့တာ"

ရှန်းချူးချူးသည်ပြုံးပြီးလျက် "အစ်မစွင်းနဲ့ ဒါရိုက်တာတို့က အရမ်းယဉ်ကျေးလွန်းနေတာပဲ၊ ဒီလိုအဖြစ်အပျက်မျိုး ဆိုတာ ကျွန်မမဟုတ်လည်း တစ်ခြားတစ်ယောက်ဆိုရင် ၀င်ကူညီပေးကြမှာပဲ"

ချန်းတုသည် သူ့မိန်းမကိုကြည့်ပြီး ရှန်းချူးချူးကိုကြည့်လိုက်ကာ "ဘာပဲဖြစ်ဖြစ် ငါတို့ မင်းကို ကျေးဇူးတင်နေတုန်းပဲ ချူးချူး၊ မင်းက ငါတို့လင်မယားနှစ်ယောက်ရဲ့ကယ်တင်ရှင်ပဲ၊ မင်း လိုအပ်တာတစ်ခုခုရှိရင် ငါ့ကိုပြောပါ"

အနုပညာအသိုင်းအဝိုင်းတွင် ထိုသို့သောကတိပေးခြင်းမျိုးသည် အလွန်လေးလံလှသည်။ အသစ်ရောက်သူများအတွက်မူ ထိုသို့သောကတိမျိုးသည် ကောင်းကင်ဘုံမှဆုလာဒ်ပင်။

ရှန်းချူးချူးသည် ၎င်းပြောချင်သည်ကိုနားလည်သော်လည်း "ပုံမှန်ဆို ကျွန်မ လူတွေကိုကယ်တင်ဖို့အခွင့်အရေးရရင် ဘယ်တော့မှပြန်မစဉ်းစားတက်ပဲကူညီတက်တဲ့သူဆိုတော့ ဒီကိစ္စကိုမပြောပါနဲ့တော့၊ တကယ်တော့ ကျွန်မက အားလုံး ကိုနှစ်ရက်လောက်ကြန့်ကြာအောင် လုပ်ခဲ့မိတာလေ၊ ကျွန်မ ရုပ်ရှင်ကို မြန်မြန်ပြီးအောင်အကောင်းဆုံးရိုက်ပါ့မယ်"

စွင်းပိယွင် ကိုယ်တိုင်ပင် မသိစိတ်အရ မနေ့ရှိ အဖြစ်အပျက်များသည် မတော်တဆမဟုတ်ဆိုသည်အားခံစားမိသည်။ မသိလျှင် ချူးချူးသည် ထိုအကြောင်းအရာများကိုယေဘုယအားဖြင့် မှန်းဆမိနေသလိုပင်။ အဘယ့်ကြောင့်ဆို ရှန်းချူး ချူးသည် အခြားမင်းသမီးများကဲ့သို့ အမြင့်ရောက်ဖို့တစ်စုံတစ်ယောက်အားဖက်တွယ်နေမည့်သူမဟုတ်မှန်း သူ(မ)သိ သောကြောင့်ပင်။ သို့သော် ၎င်းသည် သူ(မ)အနားကော်လိုကပ်တွယ်နေသဖြင့် အနည်းငယ်မမှန်းဆနိုင်ခဲ့ချေ။

သို့သော် သူ(မ)သည် ထိုအကြောင်းအတွက် မေးခွန်းများကိုမေးမည်မဟုတ်ချေ။ ထိုသည်မှာ လူများသည် တစ်နေ့တွင် အနီဖြစ်လျှင် တစ်နေ့တွင်အနက်ရောင်ဖြစ်သွားတက်ပြီး ကံကြမ္မာကိုမှန်းဆရန်မှာ နတ်ဘုရားသာလုပ်နိုင်ပေမည်။ ရှန်းချူးချူးတွင် ထိုသို့ စွမ်းရည်မျိုးအမှန်တကယ်ရှိပါက သူ(မ)အား အနည်းငယ်မထိခိုက်စေရုံသာမကကောင်းသော ကိစ္စပင်ဖြစ်သေးသည်။

ထို့ကြောင့် သူ(မ)သည် ရှန်းချူချူကိုကြည့်လေဘေ ပိုသဘောကျလာသဖြင့် ၎င်း၏လက်ကိုဆုပ်ကိုက်ကာ

"ချူးချူး.. အစ်မနေ့က လူကြီးတွေနဲ့ ဆွေးနွေးပြီးပြီ၊ မင်း အစ်မတို့ သမီးလုပ်ပါလား? အစ်မပြောချင်တာကို ချူးချူး နားလည်မှာပါ"

ရိုးသားစွာပြောရပါက ရှန်းချူးချူးသည် ချန်းတုနှင့် စွင်းပိယွင်တို့အား ကယ်တင်ခြင်းအတွက် အကျိုးအမြတ်ရလိမ့်မည် ဟုမမျှော်လင့်ထားချေ။ စနစ်သည် ထိုအရာကို ကြိုတင်မဖော်ပြခဲ့လျှင်တောင် သူ(မ)သည် စွင်းပိယွင်ကို ကယ်တင်ရန် အစွမ်းကုန်ကြိုးစားပေမည်။ သူ(မ)၏အမြင်အရ စွင်းပိယွင်ကိုကယ်တင်ပြီးနောက် သူ(မ)၏တာဝန်သည်လည်းပြီး မြောက်သွားလိမ့်မည်။

သူ(မ)သည် မနက်မိုးလင်းပြီးနောက် အိပ်ရာထပြီးသည်နှင့် သူ(မ)၏အခွင့်အရေးတန်ဖိုးသည် 3 ဖြစ်နေသည်ကိုတွေ့ လိုက်ရသဖြင့် စွင်းပိယွင်ကိုကယ်တင်လိုက်ရသဖြင့် စိတ်လှုပ်ရှားမှုများပျောက်ကွယ်သွားခဲ့သည်။ လူ့ဘ၀သည် အလွန် တိုတောင်းပေသည်။

ယခုအခါ စွင်းပိယွင်သည် သူ့အား သမီးတစ်ယောက်အဖြစ်မွေးစားချင်သည်ကိုကြားသောအခါ ရှန်းချူးချူး ဒါရိုက်တာ ကိုကြည့်လိုက်မိသည်။ ဒါရိုက်တာသည် သူ(မ)အား အားရကျေနပ်လျက် လေးနက်သည့်အကြည့်များနှင့် ကြည့်နေခဲ့ သည်။

ရိုးသားစွာ၀န်ခံရပါက အနုပညာနယ်ပယ်တွင် မိဘတစ်ဦးရှိခြင်းမှာအလွန်အကျိုးထူးပေသည်။ လူများသည် မကြာခဏ ဆိုသလို သူ(မ)နှင့်မိတ်ဖွဲ့ချင်လာကြလိမ့်မည်။ သူ(မ)သည် ထိုသို့သောအသိုင်းအဝိုင်းမှ ဆင်းသက်လာခြင်းမဟုတ်သော် လည်း ကြားဖူးနားဝါရှိသည်။ အမှန်တရားတစ်ချို့သည် လက်ခံသင့်သည်။ ဤလောကသည် ဖြူဖြူစင်စင်၊ အေးအေး ချမ်းချမ်းနှင့် ဖြတ်သန်းချင်လျှင် နောက်ခံတစ်ခုရှိဖို့လိုအပ်သည်။

သူ(မ)သည် ဈေးပေါသလိုဖြစ်မည်အား သဘောမကျသော်လည်း အချို့အရာများသည်ထိုက်တန်ပေသည်။

သူ(မ)သည် ထိုသို့ကိစ္စမျိုးကို ဆုံးဖြတ်ရန်အတွက် မိရင်းဖရင်းများနှင့် စကားပြောဆိုရန်လိုသေးသည်။

ထိုသည်ကို စဉ်းစားမိသဖြင့် ရှန်းချူးချူးပြုံးကာ "ကျွန်မအတွက် ဒါရိုက်တာချန်းတုရဲ့မွေးစားသမီးလုပ်ဖို့ဆိုတာ တကယ့်ကိုမျက်နှာသာပေးတဲ့အရာပါပဲ ဒါပေမဲ့ အဲ့ကိစ္စအတွက် ကျွန်မ မိဘတွေနဲ့တိုင်ပင်ရဦးမယ်"

ဒါရိုက်တာသည် ခေါင်းတညိတ်ညိတ်နှင့်စကားဆိုလာသည်။

"အင်း.. ငါတို့က အရမ်းအလျင်လိုသွားတာပဲ၊ ဒီလိုကိစ္စမျိုးဆိုတာ မင်း မိဘတွေနဲ့ တိုင်ပင်သင့်တာပေါ့"

ထို့နောက် ရှန်းချူးချူးသည် မိတ်ကင် ပြင်ဆင်ရန် သွားလိုက်သည်။

ယနေ့တွင် သူ(မ)၏ရိုက်ကူးရေးသည် အလွန်ချောမွေ့စွာပြီးသွားသည်။ ထိုအရာ၏ ပထမအချက်မှာ သူ(မ) စိတ်ထဲရှိ ဝန်ထုပ်ဝန်ပိုးများပေါ့ကျသွားခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ လူတိုင်း၏သဘောထားများသည် သူ(မ)အပေါ် အလွန်ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။

ရှန်းချူးချူးသည် သရုပ်ဆောင်ပြီးနောက် ချန်းရှီလီထံမှ ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့သည်။

"မင်းဒါရိုက်တာရဲ့ ဇနီးကိုကယ်ခဲ့တယ်လို့ကြားတယ်"

"အင်း ဟုတ်တယ်"

မနေ့က ဖြစ်ပျက်ခဲ့သည်များမှာ သတင်းခေါင်းစဉ်းတွင်ပါလာသောကြောင့် ချန်းရှီလီသိနေသည်မှာ အံ့သြစရာမဟုတ် တော့ချေ။

"ကောင်းတယ်၊ မင်း အရမ်းကောင်းတဲ့ အလုပ်တစ်ခုကိုလုပ်ခဲ့တာပဲ၊ ဒါပေမယ့် မင်းကော ပွန်းပဲ့ဒဏ်ရာတွေ ဘာတွေ ရသွားသေးလား၊ တင်းထားတဲ့ဗီဒီယိုက Upload လုပ်ထားတာဆိုတော့ သိပ်မရှင်းဘူး"

ရှန်းချူးချူးသည် သူ(မ)၏နှလုံးသားမှနွေးထွေးမှုကိုခံစားမိကာ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာချန်း၊ စိတ်မပူပါနဲ့ ကျွန်မ အဆင်ပြေပါတယ်"

"ကောင်းတယ်၊ မင်း စတူဒီယိုမှာ ဘေးကင်းနဲ့ပြီးဖို့ ငါဆုတောင်းမိတယ်"

သူ(မ) ဖုန်းချပြီးနောက် အခြားဖုန်းတစ်လုံးသည် တစ်ပြိုင်နက်တည်း၀င်လာခဲ့သည်။

"ချူးချူး! ဘုရားရေ! နင် ဘာဖြစ်သွားသေးလဲ ? ငါအခုမှ သတင်းမြင်တာ၊ မင်း ဒဏ်ရာရသွားသေးလား ?"

ဖုန်း၏အခြားတစ်ဖက်မှ ချူးကွေ့ကျီ၏ စူးရှသော အသံသည်ထွက်လာခဲ့သည်။

ရှန်းချူးချူးသည် သူ(မ)၏မိခင်ထံမှ ထိုသို့ တုန်လှုပ်နေသော လေသံကို ပထမဆုံးအကြိမ် ကြားဖူးသဖြင့် သူ(မ) မျက်ခွံ များပင်နီရဲလာပြီး နှာခေါင်းများသည်ကျည်တက်လာရသည်။ သူ(မ)သည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ

"မား သမီးအဆင်ပြေပါတယ်၊ မနက်တုန်းက သမီး ရုပ်ရှင်ရိုက်နေရလို့ပါ"

ချူးကွေ့ကျီသည် သက်ပြင်းချကာ စိုးထိတ်စွာဖြင့် "မား ဒီအကြောင်းပြောတာကြာလှပြီ၊ အနုပညာအသိုင်းအဝိုင်း ဆိုတာ ကြာကြာနေလို့မကောင်းဘူး၊ အခုထဲက ဒီသတင်းတွေကိုကြားနေရပြီဆိုတော့ မားက နင့်ကို ဘယ်လို စိတ်ချနိုင်မလဲ၊ အဲ့အသိုင်းအဝိုင်းက အရမ်းအန္တရာယ်များလွန်းတယ်၊ သမီး နင် အိမ်ပဲပြန်လာခဲ့တော့"

ရှန်းချူးချူး၏ဝမ်းနည်းမှုများသည် မိခင်ဖြစ်သူ၏စကားကြောင့် နောက်တစ်မိနစ်ပင် မကြာလိုက်သောအချိန်တွင် ပျံ့လွင့်သွားသည်။

"မား ဘယ်လိုလုပ် ဒါကအန္တရာယ်ရှိနိုင်မှာလဲ၊ အခုဟာက မတော်တဆမှုတစ်ခုပဲ၊ မားပဲ သမီးကိုငယ်ငယ်ကတည်း ကလူတွေကို ကူညီဖို့သင်ပေးထားတာလေ၊ အခု တစ်ခြားသူအန္တရာယ်ကြုံနေတာကို သမီးက ဘယ်လိုလုပ်လျစ်လျူရှုနိုင် မှာလဲ"

"ဒါ..လူတွေကို ကူညီတယ်ဆိုတာ အချိန်အခါနဲ့ရှိသေးတယ်ဟဲ့၊ ကိုယ့်ဘ၀ကိုပါလာထိခိုက်လာရင် ဒါက..."

ရှန်းချူးချူး ဖုန်းကိုအဝေးသို့အနည်းငယ်ခွာပြီးပြောလိုက်သည်။

"မား သတင်းကိုသိပြီးပြီမဟုတ်လား? သမီး ကယ်လိုက်တဲ့သူက ဒါရိုက်တာရဲ့ဇနီးလေ၊ သမီး မှတ်မိတာမှန်မယ်ဆိုရင် သူက မား idol မဟုတ်လား ? မစ္စချန်က သမီးကို သူ့ သမီးအဖြစ်မွေးစားချင်နေတယ် မား အမြင်ကရော?"

"ဘာ?! ဒါရိုက်တာတို့ကလား? မား သဘောတူတယ်!"

ရှန်းချူးချူးသည် ထိုအဖြေကိုမှန်းဆပြီးသဖြင့် "ပါးနဲ့တောင် မတိုင်ပင်တော့ဘူးလား မားရယ်"

ရှန်းမင်ဖုသည်လည်း ဘေးတွင်ထိုင်ပြီး နားထောင်နေသဖြင့် သူက "ဒါက နည်းနည်းစဉ်းစားဖို့လိုတယ်၊ သတိထား..."

"ဘာကို သတိထားရမှာလဲ! အဲ့လူတွေက နာမည်ကြီးဒါရိုက်တာကြီးတွေရှင့်" ချူးကွေ့ကျီသည် ရှန်းမင်ဖု၏စကားကို ကြားဖြတ်ပြောလိုက်သည်။

ရှန်းမင်ဖုသည် "သူတို့က နာမည်ကြီးဒါရိုက်တာဖြစ်နေရင်တောင်မှ မင်းဒါကို စဉ်းစားရမယ်၊ အဲဒီလူက ဘယ်လိုလူလဲ ဆိုတာ ဘယ်သူသိနိုင်မှာလဲ၊ မင်းက သူတို့ရဲ့မျက်နှာဖြူဖြူလေးကိုကြိုက်တာမဟုတ်လား? မင်း ငယ်ငယ်တုန်းက ငါ သူ့ပိုစတာတွေကို မင်း အခန်းနေရာတိုင်းမှာကပ်ထားတာ သိတယ်"

"ရှန်းမင်ဖု! ရှင် ဘာပြောနေတာလဲ"

ချူးကွေ့ကျီမတ်တပ်ထရပ်ပြီး ရှန်းမင်ဖု၏ခေါင်းကို လက်ညှိုးထိုးလျက် "ရှင် အဲ့ဒါကိုမတွေးကြည့်ဘူးလား? ကျွန်မတို့ သမီးက သူ့မိန်းမကိုကယ်လိုက်တယ်ဆိုတာ ဘယ်လောက်တောင် အရေးကြီးတယ်ထင်လဲ? ဒါက ကျွန်မတို့မိသားစု အတွက် အရမ်းကောင်းတဲ့ကိစ္စပဲ၊ သမီးလေးက သူတို့မိသားစုရဲ့ကယ်တင်ရှင်ဆိုတော့ သူတို့ မွေးစားသမီးဖြစ်သွား ရင် ချူးချူးကို ဘယ်သူကမှထိခိုက်အောင်လုပ်ရဲမှာမဟုတ်တော့သလို ငါတို့မိသားစုကိုလည်းဒုက္ခမပေးတော့ဘူး၊ ပြီးတော့ အဲ့လူတွေက ဒါရိုက်တာကြီးတွေဆိုတော့ ကျွန်မ သူတို့ကိုကောင်းကောင်းသိတယ်၊ သူတို့တွေ ချူးချူးကိုအနာဂတ်မှာ အနိုင်ကျင့်မှာစိုးရိမ်စရာမလိုဘူး"

"ဒါပေမယ့်……"

"ဘာကို ဒါပေမယ့်လဲ?!"

ချူးကွေ့ကျီသည် ဖုန်းတစ်ဖက်ရှိ ရှန်းချူးချူးဆီသို့ တူညီသောအဖြေကိုထပ်ပေးလာသည်။

"မား သဘောတူတယ်၊ ဒါပေမယ့် မင်း လုံခြုံရေးကိုဂရုစိုက်ရမယ်၊ နောင်ကျရင် မင်း ဒီလိုမျိုး လုပ်လို့မရဘူး"

ရှန်းချူးချူးသည် သူ(မ)တို့ မိသားစု၏ စွမ်းအားမှာ မိခင်လက်ထဲတွင် အမြဲရှိနေသည်ကို သိသဖြင့် မား သဘောတူ လိုက်သည်နှင့် နောက်ပိုင်းအရာအားလုံးသည် ပြေလည်သွားလိမ့်မည်။

တစ်လအကြာတွင် ရှန်းချူးချူးသည် ဇာတ်၀င်ခန်းအားလုံးကိုပြီးဆုံးသွားခဲ့သည်။ ရုပ်ရှင်ရိုက်ကူးပြီးနောက် လူတိုင်းကို နှုတ်ဆက်ပြီးနောက် ရှန်းချူးချူးသည် လူတိုင်းကို နှုတ်ဆက်ပြီးနောက် တောင်၀င်မြို့တော်သို့ပြန်လာခဲ့သည်။

ရှန်းချူးချူးလေယာဉ်ပေါ်မှဆင်းသည်နှင့် ဖုန်းထဲရှိ ရင်းနှီးသည့် နာမည်၏ခေါ်ဆိုမှုကိုတွေ့သောကြောင့် ကိုင်လိုက်ပြီး..

"အခုမှ လေယာဉ်ပေါ်ကဆင်းတာ... အမ်၊ ဟင့်အင်း..ဒါဆို ဒီညတွေ့တာပေါ့"

ရှန်းချူးချူးသည် ဖုန်းချပြီးနောက် ဝမ်ချမ့်အားပြောလိုက်သည်။

"ကျွန်မ လုပ်စရာရှိသေးလို့ အိမ်အရင် မပြန်သေးဘူး၊ ကျွန်မ ပစ္စည်းတွေကိုပဲ ပြန်ပို့ပေးထားနော်"

All Chapters