← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

ရှန်းချူးချူး ကော်ဖီဆိုင်သို့ရောက်လာချိန် ချန်ရွှင်းသည် ကြိုတင်ရောက်နှင့်နေပြီဖြစ်သောကြောင့် သူ(မ) အသက်ကို ပြင်းပြင်းရှူကာ အထဲဝင်လာလိုက်သည်။ ရှန်းချူးချူးသည် ၎င်းတို့စားပွဲသို့ရောက်သောအခါ ၎င်း၏နဘေးတွင် ထိုင်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်

ရှန်းချူးချူး အနည်းငယ် အံ့သြမိသွားသည်။ သူ(မ)သည် မူလတွင် ၎င်းနှင့် နှစ်ယောက်တည်း စကားပြောရန် ဖိတ်ခေါ် သည်ဟုထင်ခဲ့သည်။ သို့သော် ယခုအခါနှစ်ယောက်ဖြစ်နေသည်။ ထိုအမျိုးသမီးသည် နောက်ကျောပေးထိုင်နေသော ကြောင့် သူ(မ)၏မျက်နှာကိုမမြင်ရချေ။ အတန်းခေါင်းဆောင်သည်တော့ အလွန်ပင် သည်းမခံနိုင်သည့်ဟန်ရှိနေသည်။

[စစ်ဆေးမေးမြန်သူ(ချန်ရွှမ်း)ကို အတန်းခေါင်းဆောင်လို့ပြောင်းခေါ်ပါ့မယ်]

ထူးဆန်းလိုက်တာ..

အတန်းခေါင်းဆောင်သည် ဆန်ကျင်ဘက်တွင် ထိုင်နေသောအမျိုးသမီးအား ဒေါသများစူဝေစွာကြည့်နေစဉ် ရှန်းချူးချူး လာနေသည်ကိုမြင်ချိန် ၎င်းအတွက်ကယ်တင်ရှင်ပေါ်လာသည့်အလားပင်။

"ချူးချူး မင်း ရောက်ပြီပေါ့" ချန်ရွှင်းသည် ရှန်းချူးချူးကို ထိုသို့ ပြောပြပြီးနောက် ဆန့်ကျင်ဘက်ရှိ အမျိုးသမီးအား "တောင်းပန်ပါတယ် မစ္စ၊ ကျွန်တော့် အဖော်လာပြီ၊ မင်း အခုထွက်သွားပါတော့..."

အမျိုးသမီးသည် ထိုသည်ကိုမကြားလိုက်ရသည့်ပမာ ချူးချူးအား အပေါ်အောက်အပြန်အလှန်ကြည့်ပြီး

"နင်က သူ့ရည်းစားလား”

ရှန်းချူးချူးသည် ချန်ရွှင်းကိုတစ်ချက်ကြည့်ကာ သူစိမ်းအမျိုးသမီးတစ်ဦးကိုကြည့်လိုက်သည်။ သူ(မ)သည် လက်ရှိ အခြေအနေနှင့် ပတ်သက်၍စိတ်ရှုပ်ထွေးနေမိသည်။ သူ(မ)သည် ငြင်းဆန်လိုက်ချင်သော်လည်း အတန်းခေါင်းဆောင်မှာ ဦးစွာပြောလာခဲ့သည်။

“ဟုတ်တယ်”

သူစိမ်း အမျိုးသမီးသည် ထိုသည်ကိုကြားချိန် မျက်နှာမှာ သိသိသာသာညှိုးနွမ်းသွားခဲ့သည်။ ရှန်းချူးချူးလည်း အနည်းငယ်မျက်မှောင်ကြုတ်ကာ "ဟင့်အင်း ကျွန်မ သူ့ရည်းစားမဟုတ်ဘူး"

သူစိမ်း အမျိုးသမီး၏မျက်နှာသည် ပြန်တောက်ပလာပြီးစိတ်၀င်စားမှုအပြည့်ဖြင့်ရေရွတ်လာသည်။ "အိုး၊ ဟုတ်လား"

ရှန်းချူးချူးသည် "ဟုတ်တယ်.. ဟင့်အင်း.. ကျွန်မပြောချင်တာက ကျွန်မတို့ နှစ်ယောက်က ကောလိပ်ကျောင်းသားက အသိတွေပါ၊ သူနဲ့မတွေ့ရတာကြာလို့ လာတွေ့ရုံပဲ၊ ပြီးတော့ သူ့မှာလည်း ရည်းစားရှိပြီးသား"

ရှန်းချူချူ၏စကားကိုကြားသောအခါ အတန်းခေါင်းဆောင်မျက်နှာသည်လည်း ဟန်ပျက်သွားသည်။

သူစိမ်းအမျိုးသမီးသည် ချန်ရွှင်းနှင့် ရှန်းချူးချူးကိုတစ်လှည့်စီစိုက်ကြည့်ကာ စိတ်ဝင်တစားဖြင့် အနည်းငယ် ရယ်မော ပြီးနောက် “ကောင်းပြီ၊ မင်းတို့ ပျော်ပျော်စားသောက်နိုင်ပါစေလို့ ဆုတောင်းတယ်၊ အိုး...ပြီးတော့ ဒီလူကြီးမင်း.. ကျွန်မ ဖုန်းနံပါတ်က ရှင့်ဆီမှာရှိတယ်နော်၊ သတိရရင် ဖုန်းသာဆက်လိုက်"

ထို့နောက် သူ(မ)သည် သူ(မ)၏တင်ပါးကိုလှုပ်ရှားကာထွက်သွားပြီး သိပ်မဝေးသောစားပွဲတွင်ထိုင်လိုက်သည်။ သူ(မ)သည် ရှန်းချူးချူး၏ အကြည့်ကိုမြင်သဖြင့် လက်ဝှေ့ယမ်းကာပြုံးပြလိုက်သေးသည်။

ရှန်းချူးချူးသည် အနည်းငယ်ပြုံးပြလိုက်ပြီး ယင်ကောင်တစ်ကောင်ကို မြိုချထားသည့်အလား ဆိုးရွားနေသည့် အတန်းခေါင်းဆောင်၏ မျက်နှာဆီသို့ပြန်လှည့်လိုက်သည်။

ရှန်းချူးချူးသည် စားပွဲအောက်ခြေတွင် ခြေဖျားများဖြင့်လျှောက်ကစားနေသော အမျိုးသမီးဖြစ်သူ၏ဆွဲဆောင်မှုရှိသော ခြေထောက်များကိုကြည့်ကာ

"ရှင့်နဲ့ အသိလား ?"

ချန်ရွှင်းသည် စိတ်ပျက်သည့်ဟန် အကြည့်ဖြင့်ပြောလာသည်"အဲ့လိုမိန်းမမျိုးနဲ့ ငါက ဘယ်လိုလုပ်သိရမှာလဲ၊ သူ blind date လုပ်မယ့် သူနဲ့ လူလာမှားနေတာ!"

ရှန်းချူးချူးသည် ထိုအမျိုးသမီးမှာ မှားယွင်းနေခြင်းမဟုတ်ပဲ တမင်ကြံရွယ်နေနိုင်ကြောင်းခံစားမိသည်။

သို့သော် ၎င်းသည် ရည်ရွယ်ချက်ရှိရှိချည်းကပ်ခြင်းဖြစ်ရာ ရှန်းချူးချူးသည် အခြားသူများ၏ကိစ္စကို စူးစမ်းချင်လို စိတ်မရှိချေ။ အတန်းပြန်ဆုံပွဲမစမီတွင် သူ(မ)သည် အတန်းခေါင်းဆောင်နှင့်ပတ်သက်ပြီး အထင်မှားမှုတစ်ချို့ရှိခဲ့ သော်လည်း ယခုအခါထိုအရာမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ချန်ရွှမ်းတွင် ချစ်သူရှိနေပြီဖြစ်ပြီး နှစ်အနည်းငယ် ကြာတွင် ၎င်းတို့သည် လက်ထပ်တော့မည်ဖြစ်သည်။

သူ(မ)ဖြစ်နိုင်ပါက မလာချင်ပေ။

၎င်းသည် သူ(မ) ဟမ်တျန့်တွင် ရုပ်ရှင်ရိုက်ကူးနေစဉ်တုန်းက အကြိမ်ပေါင်းများစွာဖုန်းဆက်ချိန်းခဲ့ပြီး သူ(မ)သည်လည်း အမြဲတမ်းငြင်းဆိုခဲ့သည်။ သို့သော် အဆုံးတွင်တော့ ၎င်းတို့သည် ကောလိပ်လေးနှစ်တာတွင် သိကျွမ်းခဲ့သူများဖြစ်သဖြင့် မကောင်းတက်လို့သာ သဘောတူခဲ့ခြင်းဖြစ်သည်။

ရှန်းချူးချူးသည် ထိုသည်ကိုတွေးပြီး ခေါင်းကိုလှည့်ကာ "ဒါနဲ့ ကျွန်မကို ဘာလို့ချိန်းတာလဲ?"

ချန်ရွှင်းသည် ရှန်းချူးချူးမှာ လိုရင်းတိုရှင်းသာပြောချင်သည်ကိုမြင်သဖြင့် သူသည် စက္ကန့်အနည်းငယ်လောက် ခေတ္တရပ်တန့်ကာ "ဒီတစ်ခါ ငါ မင်းကို တောင်းပန်ချင်လို့ပါ၊ ပြီးခဲ့တဲ့အခေါက်က ငါ လွန်သွားတယ်"

ရှန်းချူးချူးသည် အတန်းခေါင်းဆောင် တောင်းပန်လာမည်ကိုမမျှော်လင့်သောကြောင့် အနည်းငယ် အံ့အားသင့်သွား သည်။ ရှန်းချူးချူးသည် ထိုနေ့ရှိ ကိစ္စများကိုစိတ်ထဲမရှိတော့တာကြာပြီဖြစ်သဖြင့် "တောင်းပန်စရာ မလိုပါဘူး"

အဘယ့်ကြောင့်ဆို လူတစ်ယောက်နှင့် တစ်ယောက်နှင့် မတူသောကြောင့်ပင်။ သို့ဖြစ်ရာ သူ(မ)သည် ထိုသို့အရာမျိုး အတွက် တောင်းပန်စရာမလိုဟုထင်သည်။ ဘွဲ့ရပြီးနောက် လူအချို့၏ အလုပ်များသည် မိမိတွေးထင် မှန်းဆသည်နှင့် မတူညီတက်ကြချေ။ သူ(မ)သည် အခြားသူများ၏ စိတ်အား ပြုပြင်ရန်မလိုအပ်သလို သူ(မ)နှင့် ရင်းနှီးသူများဖြစ်လျှင် ပင် ပြုပြင်ပေးရန်စိတ်ကူးမရှိပေ။

ချန်ရွှင်းသည် ရှန်းချူးချူးပြောသည်ကို မည်သို့တုန့်ပြန်ရမှန်းမသိတော့ပဲ တိတ်ဆိတ်စွာသာ ဆက်တွေးနေလိုက်သည်။ သူ့လက်များတွင် ချွေးများပင်အနည်းငယ်စို့နေပြီး နှလုံးသားတစ်ခုလုံးတင်းကြပ်နေသည်။

၎င်းတို့ လူနှစ်ယောက်ကြားတွင် မိနစ်အနည်းငယ် ငြိမ်သက်ပြီးနောက် ချန်ရွှင်းသည် သတ္တိများပင် စုစည်းလိုက်ပြီး.. "ငါမင်းကို ဒီကို ခေါ်လိုက်တာက အဲဒီနှစ်တုန်းက မင်းရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုစာအုပ်ထဲမှာ ငါ မှတ်စုတစ်ခုရေးခဲ့တယ်၊ မင်း... အဲ့စာက ဘာလဲဆိုတာ သိလား ?"

ရှန်းချူးချူးသည် ချန်ရွှင်း၏လေးနက်သော အမူအရာကိုသတိပြုမိလိုက်သောအခါ သူ(မ)နှလုံးသားသည် သိသိသာသာ တုန်လှုပ်သွားသည် ။ သူ(မ) စိတ်ထဲ တစ်ခုခုလွဲချော်နေပုံရသည်ကို အမြဲခံစားမိသည်...

"အထဲမှာ ဘာရေးထားလို့လဲ?"

ချန်ရွှင်းသည် စိတ်ကိုတည်ငြိမ်အောင်လျော့ချထားလိုက်ပြီး - "အဲ့ဒါက..."

အတန်းခေါင်းဆောင် စကားဆိုမီ ရှန်းချူချူသည် သူ(မ)ကို တစ်စုံတစ်ယောက်ကြည့်နေသည်ဟုခံစားမိသောကြောင့် ခေါင်းလှည့်ကာ တစ်ဖက်သို့ကြည့်လိုက်သည်။ တစ်ခဏချင်း သူ(မ)မျက်လုံးများအနည်းငယ်ကျယ်သွားရပြီး သူ(မ) မျက်နှာပေါ်အပြုံးတစ်ခုတိုးထွက်လာကာ "CEOဟန်ပါလား... ဘယ်လိုလုပ် အဲ့လောက်ထိတိုက်ဆိုင်နေရတာလဲ ?"

ဟန်ရှင်းယန်သည် ခေါင်းညိတ်ပြီး "Hello မစ်ရှန်း"

ချန်ရွှင်းသည် ထိုကြား၀င်ဖြတ်လာသော အနှောင့်အယှက်လူကို မကျေနပ်စွာကြည့်လိုက်သည်။ သူသည် ပထမဆုံး အကြည့်ဖြင့်ပင် ထိုလူ့ကိုမျက်မှုန်းကျိုးမိသည်။ ထိုလူသည် သူနှင့် ချူးချူးတို့စကားပြောနေသည်ကို နှောင့်ယှက်လာ သည်မှာ ဒုတိယအကြိမ်ဖြစ်သည်။ သူသည် ဟန်ရှင်းယန်ကို စက္ကန့်အနည်းငယ်လောက်စိုက်ကြည့်ပြီး မဖော်ရွေသော အပြုံးတစ်ခုဖြစ်တည်လာသည်။

ရုတ်တရက်ပင် လေထုသည် အနည်းငယ်ကမောက်ကမဖြစ်သွားရသည်။

ဟန်ရှင်းယန်သည်လည်း ထိုလူ့ကိုမှတ်မိသော်ငြား သူ့မျက်နှာပေါ်ရှိအမူအရာသည် တစ်ချက်ကလေးမှမပြောင်းလဲသွား သော်လည်း သူ့မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားသည်။ ထို့နောက် ဟန်ရှင်းယန်သည် ရှန်းချူးချူးကို နှုတ်ဆက်ကာထွက်သွားသည် ။

ရှန်းချူးချူးသည် ဟန်ရှင်းယန်ထွက်သွားသည်ကိုမြင်လိုက်ရသဖြင့် သူ(မ)အပြုံးဩ်လည်း ပျောက်ကွယ်သွားကာ ၎င်းကို ကြည့်လိုက်ပြီး "ခုနက ရှင် ဘာပြောလိုက်တာလဲ"

ချန်ရွှင်းသည် ရှန်းချူးချူး၏မေးခွန်းကိုမဖြေဘဲ "Han Groupရဲ့ ဥက္ကဌနဲ့ မင်းနဲ့က ဘယ်လိုဆက်ဆံရေးလဲ ?"

ရှန်းချူချူသည် အတန်းခေါင်းဆောင်၏လေသံကိုနားထောင်ပြီးနောက် သူ(မ)မျက်နှာသည် အနည်းငယ်အေးစက်သွား သည်.. "ဘာမှမရှိဘူး၊ ဒီအတိုင်းဆုံလို့ နုတ်ဆက်တာလောက်ပဲ"

"ဟုတ်လို့လား ? ဆုံးတာလောက်လေးနဲ့တင် သူ့ဘက်က မင်းကိုလာနှုတ်ဆက်ပါ့မလား"

ရှန်းချူးချူးသည် အေးစက်စွာပြောလိုက်သည်။ "အတန်းခေါင်းဆောင်က ဘာကိုပြောချင်တာလဲ၊ CEOဟန်က ကျွန်မကို ဘာလို့လာနှုတ်ဆက်တယ်ဆိုတာထက် ရှင် အရင်တစ်ခေါက်တုန်းက ကိုယ့်လုပ်ရပ်ကိုယ် ကိုယ့်ဘာသာ ပြန်တွေးကြည့် ပေါ့၊ အဲ့တုန်းက ရှင် ကျွန်မအပေါ် ဆက်ဆံတဲ့ပုံစံကို CEOဟန်မြင်သွားလို့ ဒီတစ်ခေါက်လည်း ကျွန်မ ဒုက္ခရောက်နေမှာ ဆိုးလို့လေ"

ချူးချူး၏စကားကြောင့် ချန်ရွှင်း အံ့ဩသင့်သွားပြီး မည်သည့်စကားမှပြန်မပြောနိုင်လိုက်ချေ။ လူနှစ်ယောက်ကြားရှိ လေထုသည် ထပ်မံငြိမ်သွားပြန်သည်။ ရှန်းချူးချူးသည် ခွက်ထဲရှိကော်ဖီကို မွှေကာမော့သောက်လိုက်သည်။

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏မျက်နှာကို ရှင်းလင်းစွာမမြင်ရသော်လည်း ထိုသူမှာ အစောပိုင်းအတန်းခေါင်းဆောင်ကို မြူဆွယ်ရန်ကြံရွယ်နေသော အမျိုးသမီးဘေး ၀င်ထိုင်လိုက်သည်ကိုမြင်လိုက်ရသည်။

ချန်ရွှင်းသည် ရှန်းချူးချူးကြည့်နေသည့်အရာကိုမြင်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ သူသည် သူ(မ)ကြည့်နေသည့် အရာကိုမြင်ချိန် သူ့နှလုံးသားသည်အေးစက်သွားပြီး သူ(မ)ကို သတိပေးစကားဆိုမိသည်။

"ရှန်းချူးချူး CEO ဟန်လိုလူမျိုးက ငါတို့နဲ့နေထိုင်တဲ့ကမ္ဘာနဲ့အရမ်းကွာခြားတယ်"

ရှန်းချူးချူးခေါင်းကိုလှည့်ကာ ချန်ရွှင်းကိုလေးနက်စွာကြည့်လိုက်ပြီး " အတန်းခေါင်းဆောင်က ဘာလို့ အဆုံးထိကို တွေးလိုက်တာလဲ ? တကယ်က ကမ္ဘာခြားရလောက်အောင် မသက်ဆိုင်ဆုံးနဲ့ ညှိနှိုင်းလို့မရတဲ့သူက ကျွန်မတို့နှစ် ယောက်ဖြစ်လိမ့်မယ်ထင်တယ်"

ချန်ရွှင်းသည် ထိုစကားကိုနားထောင်ပြီးနောက် သူ့မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားပြီး သူ့လေသံသည်လည်း တုံးတိတိဖြစ်လာသည်။

"ငါတို့က ဘာလို့ကမ္ဘာခြားတဲ့သူတွေဖြစ်ရမှာလဲ ? ငါတို့က အတူတူတက္ကသိုလ်တက်ခဲ့ကြသလို တူညီတဲ့ အသက်မွေးဝမ်း ကြောင်းပညာကိုသင်ယူခဲ့ကြတယ်၊ ငါ မင်းကိုသတိပေးချင်တာက အာဏာရှိတဲ့သူကို လက်ထပ်ဖို့ချောင်းနေတဲ့ အမျိုး သမီးကြယ်ပွင့်တွေလိုမဖြစ်စေနဲ့၊ အဲ့လိုမိသားစုကြီးထဲ လူနည်းစုလောက်ပဲဝင်နိုင်တာ"

ရှန်းချူးချူးသည် တစ်ဖက်လူကိုကြည့်လိုက်ရာ ထိုသူမှာ ယခင်ကလိုချောမောကာဆွဲဆောင်မှုရှိနေဆဲဖြစ်သော်လည်း မတူညီတော့ချေ။ ချန်ရွှင်းသည်လည်း သူ(မ)ပြောင်းလဲသွားသည်ဟုခံစားမိလိုက်ရသလို သူသည်လည်းပြောင်းလဲသွားခဲ့ သည်။ သူ(မ)သည် ဤအသိုင်းအဝိုင်းမှာမသန့်ရှင်းကြောင်း အစောထဲကသိပြီးဖြစ်သော်လည်း အချို့အနုပညာရှင်များ သည် ၎င်းတို့၏အိပ်မက်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်လျက် အားသွန်ခွန်စိုက်ရှေ့ဆက်ကြသူများလည်းရှိသည်။

ရှန်းချူးချူးသည် ထိုကဲ့သို့သောလူမျိုးဖြစ်ချင်သည်။

သူ(မ)သည် အင်တာနက်ပေါ်တွင် ပို့စ်များစွာကို မြင်တွေ့ဖူးသည်။ လူတော်တော်များများသည် သူ(မ)ကို ဆိုးဆိုးရွားရွား သဘောထားနေပြီး မဖွယ်မရာများပင်တွေးနေကြသဖြင့် သူ(မ)သည် ညဘက်မအိပ်နိုင်လောက်သည်အထိ စိတ်မ ကောင်းဖြစ်မိသည်။ သို့သော် ထိုလူများမှာ သူစိမ်းများသာဖြစ်သောကြောင့် သူ(မ) လျှစ်လျူရှုရန်ရွေးချယ်ကာ ထိုအရာ များကိုဥပေက္ခာပြုထားလိုက်တော့သည်။

သို့သော်လည်း ယခုအခါ ထိုသို့စကားမျိုးမှာ သူ(မ)နှင့် ရင်းနှီးသူထံမှ ထွက်လာသဖြင့် လျှစ်လျူရှုမထားနိုင်ချေ။ အထူးသဖြင့် သူ(မ)၏ စိတ်ထဲတွင် အတန်းခေါင်းဆောင်မှာ ယခင်ကလို သူ(မ)ခင်မင်သူဖြစ်နေပြန်သည်။

"ကျွန်မ ချမ်းသာတဲ့မိသားစုနဲ့လက်ထပ်ချင်တယ်လို့ ရှင့်ကို ဘယ်သူပြောလဲ ? ဒီမှာ ချန်ရွှင်း ရှင့်မှာလည်း ရည်းစား ရှိနေတာကို ဘာလို့ ရှင့်ရဲ့အတန်းဖော်သူငယ်ချင်းကို လာဂရုစိုက်နေရတာလဲ ?"

ချန်ရွှင်းသည် ရှန်းချူးချူး၏စကားကိုနားထောင်ပြီး သူ(မ)မျက်နှာကိုကြည့်လိုက်မိသည့်အချိန် သူ့နှလုံးသားသည်လည်း တစ်ဖန်ပြန်နိုးထလာသည်။ သူသည် ယနေ့တွင် သူ(မ)နှင့် အဆင်ပြေပြေနေချင်သဖြင့် လာရောက်တောင်းပန်ခြင်းဖြစ် သော်လည်း ယခုအခါ ယခင်ကလိုတင်းမာသွားရပြန်သည်။

"အထင်မလွဲနဲ့ ငါ့ ချစ်သူက..."

"ထားလိုက်ပါ၊ ကျွန်မ မစပ်စုတတ်ဘူး၊ ရှင့်ကောင်မလေးကိုပဲ ဂရုစိုက်သင့်တယ်၊ ဒီနေ့ ရှင် ဒီကိုတောင်းပန်ဖို့လာတာမ လား? ကျွန်မ ခွင့်လွှတ်တယ် နှုတ်ဆက်ပါတယ်"

"ရှန်းချူချူး ငါ..." ချန်ရွှမ်းသည်လည်း မတ်တပ်ရပ်လိုက်သော်လည်း ဘာပြောရမှန်းမသိတော့ချေ။

ရှန်းချူးချူးသည် စိတ်ပျက်လက်ပျက်ဖြင့် ကော်ဖီဆိုင်မှထွက်ခွာရန်အသင့်ဖြစ်နေပြီဖြစ်သည်။ သူ(မ)သည် မရည် ရွယ်ဘဲ ဟန်ရှင်းယန်၏စားပွဲဆီသို့ အကြည့်ရောက်မိသွားသည်။ သူ(မ)သည် စားပွဲအောက်ခြေရှိမြင်ကွင်းကို မြင်လိုက် ရသဖြင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် ဤအချိန်တွင် သူ(မ)သည် စကားများများမပြောဘဲ အမြန်ထွက်သွားလိုက်သည်။

သို့ဖြစ်ရာ ဒေါက်မြင့်ဖိနပ်နှင့် ခြေထောက်တစ်စုံသည် တစ်ဖက်အမျိုးသား၏ဘောင်းဘီကို ထိမိတော့မည့်အချိန် ထိုအမျိုးသားသည် ရုတ်တရက်ထရပ်လိုက်သည်ကို သူ(မ) မမြင်လိုက်ချေ။

ရှန်းချူးချူးသည် ကော်ဖီဆိုင်အပြင်ဘက်တွင် လမ်းဘေးနားမှတက္ကစီစောင့်နေစဉ် သူ(မ)စိတ်မှာလည်း အတော်လေး ငြိမ်သက်သွားရသည်။

ထိုအချိန်တွင် ရှန်းချူးချူးရှေ့ အနက်ရောင်ကားတစ်စီးရပ်တန့်သွားသည်။

All Chapters