အခန်း (၃၉)
Vol. 4 Ch. 39
ရှန်းချူးချူးသည် သူ(မ)ရှေ့မှ ထူးဆန်းသောကားကို ကြည့်လိုက်ပြီး သူ(မ)ဘေးကိုတစ်ချက်ကြည့်လိုက်သည်။ ဤနေရာ တွင် သူ(မ)မှလွဲ၍ မည်သူမှမရှိချေ။ ထိုကားသည် သူ(မ)ကိုလာခေါ်ခြင်းလုံး၀မဖြစ်နိုင်သဖြင့် သူ(မ) ဘေးဖယ်မည်အပြု ယာဉ်မောင်းထိုင်ခုံရှိ ပြတင်းပေါက်သည် တဖြည်းဖြည်းနိမ့်ဆင်းလာသည်။
"မစ်ရှန်း... တက်လေ.. ကျွန်တော် မင်းကို ပြန်လိုက်ပို့ပေးမယ်"
ရှန်းချူးချူးသည် ရင်းနှီးသောအသံကိုကြားလိုက်သဖြင့် အတွင်းဘက်သို့တစ်ချက်ကြည့်လိုက်သည်။ သူ(မ)သည် လက်များကိုဝှေ့ယမ်းကာ "ဟင့်အင်း ရပါတယ် ကျွန်မ Taxi နဲ့ ပြန်လို့ရတယ်၊ ကျေးဇူးတင်ပါတယ် CEO ဟန်"
ထိုအချိန်တွင် လမ်းပေါ်တွင် ကားအသွားအလာများသည် အလွန်များပြားနေသည်။ ဟန်ရှင်းယန် ခေတ္တရပ်လိုက်သည့် အခိုက်တွင် သူ့နောက်မှကားမောင်းသူများသည် စတင်အော်ဟစ်လာပြီဖြစ်သည်။ ရှန်းချူးချူး စကားအနည်းငယ် ပြောပြီးချိန်အထိ နှုတ်ဆိတ်နေသောဟန်ရှင်းယန်ကို တစ်ချက်ကြည့်လိုက်သည်။
"ဒီမှာ တက္ကစီ စီးရတာအဆင်မပြေဘူး"
ဟန်ရှင်းယန် အဆုံးတွင်ပါးစပ်ဖွင့်ဟလာသည်။ ရှန်းချူးချူးသည် ဤနေရာတွင် ကားတစ်ခါမှမစီးဖူးသောကြောင့် ထိုသည်ကို သေချာမသိချေ။
"ဟင့်အင်း ရတယ်၊ ကျွန်မ ခဏစောင့်လိုက်မယ်" ရှန်းချူးချူးသည် ဟန်ရှင်းယန်အားငြင်းဆန်ဆဲပင်။ သူ(မ)တို့သည် သိပ်မရင်းနှီးသလို သူ(မ)သည်လည်း သူစိမ်းကားထဲတွင်ထိုင်စရာအကြောင်းမရှိချေ။
နောက်ဘက်ရှိ တန်းစီးနေကြသော ကားသမားများသည် အနည်းငယ် စိတ်မရှည်တော့ကြသဖြင့် ပြတင်းပေါက်ကိုဖွင့် ကာ- "အလှလေး ကားပေါ်မြန်မြန်တက်ပေးလို့ရမလား ? မင်းရည်းစားနဲ့ပြန်မှာကို ဘာလို့ ဒီလိုကြီးစကားရပ်ပြောနေ ရတာလဲ၊ လမ်းတွေ ပိတ်ကပိတ်တာနဲ့"
ရှန်းချူးချူးသည် ထိုစကားကိုကြားပြီးနောက် ပိုအံ့အားသင့်သွားခဲ့သည်။ သူ(မ)သည် ထိုနေရာ၌တောင့်တောင့်ကြီး မတ်တပ်ရပ်ကာ ဟန်ရှင်းယန်ကို ကြည့်ကာ အမြန်ထွက်သွားရန်တိုက်တွန်းလိုက်ချင်သည်။
"CEO ဟန် ရှင်..."
"မောင်းတော့လေ!"
"အလှလေး.. မြန်မြန်တက်ပါတော့၊ ငါ့မိန်းမက အိမ်ပြန်ထမင်းလာစားဖို့ အကြိမ်ကြိမ်ခေါ်နေပြီ မြန်မြန်လေး!"
ရှန်းချူးချူးသည် ဒါရိုက်ဘာများ၏စကားကိုနားထောင်ပြီး ကားမောင်းသူဘေးရှိထိုင်ခုံပေါ်သို့ ၀င်ထိုင်လိုက်သည်။
ဟန်ရှင်းယန်သည် ကားမမောင်းခင် ရှန်းချူးချူးကိုကြည့်ကာသတိပေးလာသည်။
"ခါးပတ်"
ရှန်းချူးချူးသည် ယာဉ်မောင်းသူဘေးရှိ ခုံပေါ်တွင်ထိုင်ခဲသည်။ သူ(မ) အိမ်တွင်လည်း အဖေဖြစ်သူမှာ ကားမောင်းနေ စဉ် သူ(မ)အမေသည် ယာဉ်မောင်းဘေးရှိထိုင်ခုံပေါ်တွင် ထိုင်တက်သည်။ ယခုအခါ သူ(မ)သည် အလွန်စိတ်လှုပ်ရှားနေသောကြောင့် ထိုင်ခုံခါးပတ်ပတ်ရန်မေ့လျော့သွားခဲ့သည်။
သူ(မ)သည် ကားဘေးရှိ ထိုင်ခုံခါးပတ်ကို အမြန်ဆွဲယူလိုက်ပြီး နီမြန်းသောမျက်နှာဖြင့် ပြောလိုက်သည်။ "တောင်းပန်ပါတယ်"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏အသွင်အပြင်ကို ကြည့်ကာ ရုတ်တရက် သူ့စိတ်အခြေအနေသည် ယခင်လိုမဆိုးဝါး တော့ချေ။ ရှန်းချူးချူး မမြင်နိုင်သောတစ်ဖက်ခြမ်းတွင် သူ့ နှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး
"ရပါတယ်"
ထို့နောက် နှစ်ယောက်သားသည် ဘာမှထပ်မပြောဖြစ်ကြတော့ချေ။
ကားမှန်များသည်ပိတ်ထားသောကြောင့် လေထုတစ်ခုလုံးသည် တင်းကြပ်နေသည်။ ရှန်းချူးချူးသည် ထိုကဲ့သို့သော လေထုကို သည်းမခံနိုင်သောကြောင့် ကော်ဖီဆိုင်လေးထဲရှိ အကြောင်းကိုတွေးကာ တုံ့ဆိုင်းစွာမေးလိုက်သည်။
"CEO ဟန် လက်ထပ်တော့မလို့လား ?"
ဟန်ရှင်းယန်၏ခံစားချက်သည် အနည်းငယ်ဆိုးရွားသွားကာ သူ့မျက်နှာသည်မှုန်တေသွားသည်။ ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ အမူအရာပြောင်းလဲသွားသည်ကို မတွေ့လိုက်သော်လည်း ဟန်ရှင်းယန် အလွန်မပျော်ရွှင်ကြောင်း သူ(မ)ခံစားနိုင်သေးသည်။
blind date က အဆင်မပြေလို့များလား ? ကြည့်ရတာတော့ သူတို့တွေ အချိန်အကြာကြီးတောင် မတွေ့လိုက်ရဘူး မဟုတ်လား ? ရှန်းချူးချူးသည် ထိုသည်တွေးတောမိဖြင့် သူ(မ) အစပြုလိုက်သောစကားမှာ အလွန်ဆိုးရွားသည့်ပုံပင်။
ရှန်းချူးချူးသည် ဟန်ရှင်းယန်မှာ ထိုသို့သောမေးခွန်းမျိုးကို ဖြေမှာမဟုတ်ဟုတွေးမိလိုက်ချိန် ဟန်ရှင်းယန်က "ဟုတ်တယ်"
ရှန်းချူချူးသည် ဟန်ရှင်းယန်၏အဖြေကိုကြားချိန် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ယခုအချိန်သည် လေထုသည် သိပ်မကောင်းသော်လည်း သူ(မ)အတွက် စကားစဖို့လမ်းကြောင်းရသွားပြီဖြစ်သည်။
"ဒါဆိုရင် CEOဟန်... အနာဂတ်အိမ်ထောင်ဖက်ကိုရှာတဲ့အခါ သတိထားသင့်တယ်လို့ ကျွန်မထင်တယ်၊ ဒီနေ့ CEO ဟန် တွေ့တဲ့အမျိုးသမီးနဲ့ဆိုရင်တော့ ကျွန်မ အထင် သိပ်မလိုက်ဘူးလားလို့"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏စကားကိုကြားသောအခါ သူ၏မျက်ခုံးများသည် အနည်းငယ် ပင့်တက်သွားပြီး
"အိုး... မိန်းကလေးရှန်းက လူတွေရဲ့အိမ်ထောင်ရေးကိုမြင်တယ်ဆိုတာ တကယ်နဲ့တူတယ်"
ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ အိမ်ထောင်ရေးအားကြည့်ချိန်တွင် အကြိမ်တိုင်းလိုလို မအောင်မြင်သောကြောင့် ရှန်းချူးချူးပင်အံ့အားသင့်သွားသည်။ သူ(မ)သည် ဆံပင်များကိုနားရွက်နောက်ဘက်သို့ သပ်တင်ကာ
"ဟင့်အင်း.. အဲ့တာက သတင်းအမှားပါ... ဘာပဲဖြစ်ဖြစ် CEO ဟန်၊ သတိထားတာ ပိုကောင်းတာပေါ့"
ဟန်ရှင်းယန်သည် မီးနီကြောင့်ကားကိုရပ်ပြီး ရှန်းချူးချူးကိုကြည့်ကာ "မစ်ရှန်းက ဘာလို့ သူနဲ့ကျွန်တော်က မသင့်တော်ဘူးလို့ ထင်တာလဲ?"
"ဘာလို့လဲဆိုတော့..."
ရှန်းချူးချူး သူ့နှုတ်ခမ်းကို ကိုက်လိုက်ရုံနဲ့ သူမ မြင်လိုက်ရတာကိုမပြောနိုင်ပေ ရှက်စရာကောင်းလွန်းလှသည်။ အဲဒါကို တွေးပြီးတဲ့အခါမှာတော့ သူက "ဘာကြောင့်မှ မဟုတ်ပါဘူး၊ နည်းနည်းတော့ မသင့်တော်ဘူးလို့ခံစားရတယ်။ ဒါပေမယ့် ဒီအမျိုးသမီးက ဒီနေ့လုပ်နိုင်မယ်လို့ထင်ရင်၊ မင်းနဲ့လည်း ပေါင်းလို့ရတယ်၊ ပါးစပ်ဟပြီး တောင်းပန်ရမယ်”
မီးစိမ်းပြပြီး ဟန်ရှင်းယန် သည် ကားကိုစတင်ပြီး ယာဉ်ကြောထဲသို့ ပေါင်းထည့်လိုက်သည်။ အချိန်အတော်ကြာအောင် သူက "ဒါဟာ တိုက်ဆိုင်မှုတစ်ခုပဲ၊ ငါ့မှာ မစ်ရှန်းနဲ့တူတဲ့ အမြင်ရှိတယ်၊ ဒီအမျိုးသမီးကမသင့်တော်ဘူးလို့ ကျွန်တော်လည်း ထင်တယ်"
ရှန်းချူးချူးနားထောင်ပြီးနောက် ဟန်ရှင်းယန်ကိုတစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် ဟန်ရှင်းယန်သည် သူ ပထမဆုံး တွေ့ဖူးသည့်အတိုင်း သူ့မျက်နှာထက် မည်သည့်အရိပ်အယောင်မှမရှိပေ။ ပြတ်သားသောစာကြောင်းများနှင့် အေးစက်သောအမူအရာများသည် မကြာခဏမရယ်တတ်သူများဖြစ်သည်။ သို့သော် ရှန်းချူးချူးသည် ဘာကြောင့်မှန်း မသိဘဲ ဟန်ရှင်းယန်၏မျက်နှာသည်အေးစက်နေသည်ဟုအမြဲလိုလိုခံစားမိသော်လည်း သူကြည့်ရသည်မှာ မရည် ရွယ်ဘဲဖြစ်နေသလိုပင်။ အေးစက်သောအမူအရာအောက်တွင် ပုန်းအောင်းနေသည့်စိတ်အားထက်သန်မှုကို သူမ အမြဲခံစားလို့ရသည်။
ရှန်းချူးချူးနှင့်ယနေ့ဆုံခဲ့သည်ကတွေးမိပြီးနောက် ဟန်ရှင်းယန် အနည်းငယ်စိတ်မသက်မသာဖြစ်ခဲ့ရသည်။ သူ ရှန်းချူးချူးကိုကြည့်ပြီး "မစ်ရှန်း ဒီနေ့ကော်ဖီဆိုင်မှာတွေ့ခဲ့တဲ့သူက မင်းရဲ့ရည်းစားလား ?"
ဟန်ရှင်းယန်သည် ထိုသည်ကိုပြောပြီးနောက် အနည်းငယ်စည်းကျော်သလိုဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် စကားကျွံသည်မှာ ပြန်နှုတ်၍မရချေ။
ရှန်းချူးချူးသည် ဟန်ရှင်းယန်၏စကားကိုကြားပြီးနောက် စိတ်နှင့်လူနှင့်ပြန်ကပ်သွားပြီး "ဟင့်အင်း အဲဒီလူက ကျွန်မ ရည်းစားမဟုတ်ဘူး၊ သူက ကျွန်မနဲ့ ကောလိပ်အတန်းဖော်လေ၊ ပြီးတော့ သူ့မှာ ရည်းစားရှိတယ်"
"အော်"
ထို့နောက် လူနှစ်ယောက်ကြားရှိ လေထုသည် ထပ်မံတိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ ရှန်းချူးချူးသည် သူ့အိတ်ထဲမှ ဖုန်းဆီမှ အချက်ပေးခံချက်အသံများစွာကြားမိသဖြင့် WeChat ထံမှထင်ကာ ဖွင့်ကြည့်လိုက်သည်။ သို့သော် ယခုလို အချိန်အနေမျိုးတွင် သူ(မ)သည် ယခင်ကလိုရှက်ရွံ့ခြင်းမရှိတော့ပေ။ သို့သော် ထိုစဉ် သူ(မ) ဘေးနားရှိလူမှ စကားပြောလာခဲ့သည်။
"မစ်ရှန်း အဲဒီညက အဖြစ်အပျက်ကို တကယ်ဘဲ ဘာမှမမှတ်မိဘူးလား?"
ရှန်းချူးချူးတွေဝေသွားသည် ဘယ်ညကို ပြောတာတုန်း ? သူ(မ)သည် ကားကို ဂရုတစိုက်မောင်းနှင်နေသော ဟန်ရှင်းယန်ကိုလှည့်ကြည့်လိုက်သည်။ ဟန်ရှင်းယန်လည်း သူ(မ)ကို ပြန်စောင်းငဲ့ကြည့်လာသည်။ ထိုအချိန်တွင် ချူးချူးသည် ဟန်ရှင်းယန် ရည်ညွှန်းသည့်အရာကို ချက်ချင်းနားလည်သွားသည်။
ထိုအဖြစ်အပျက်များသည်အလွန်ကြာပြီသလို သူ(မ)လည်း ရေရောရာမမှတ်သောကြောင့် ၎င်း ပြောလာစဉ်တွင် ရှုပ်ထွေးသွားခြင်းဖြစ်သည်။
ရိုးသားစွာပြောရပါက ရှန်းချူးချူးသည် ထိုညရှိ ဖြစ်ရပ်များကိုအမှန်ပင် မမှတ်မိချေ။ သူ(မ)သည် ထိုအရာများကို ကြိုးစားကာစဉ်းစားသော်လည်း မှတ်ဉာဏ်များမှာဝေဝါးလျက်ရှိသည်။ ထို့ကြောင့် သူ(မ)သည် မည်သည့်မှတ်ဉာဏ်မှာ အစစ်အမှန်ဖြစ်ပြီး မည်သည်ကအတုအယောင်ဆိုသည်ကို မခွဲခြားနိုင်ချေ။
ရှန်းချူးချူးသည် ထိုအရာကို တွေးကာခေါင်းကိုဖြည်းညှင်းစွာလှည့်လိုက်ပြီး ဟန်ရှင်းယန်ကို ဂရုတစိုက်ကြည့်လိုက် သည်။ ဟန်ရှင်းယန်သည် ယခင်ကကဲ့သို့ တည်ငြိမ်သောမျက်နှာထားဖြင့် သူ(မ)ဘက်သို့ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လာသည်။ ထို့နောက် သူ့မျက်လုံးများသည် ရှေ့ကိုအကြည့်လွှဲလိုက်ပြီး သူ(မ)လည်း ပြတင်းပေါက်ဆီသို့ မျက်နှာမူလိုက်သည်။ သူ(မ)သည် ပြတင်းပေါက်ထဲမှ သူ(မ)ကိုယ်သူ(မ)ကြည့်ကာ ဆံပင်များလိမ်ယှက်လျက်ချောင်း ခြောက်အနည်းငယ်ဆိုးကာ ဟန်ရှင်းယန်ကို ပြန်ကြည့်ရန်သတ္တိရှိသွားသည်။
"အဲဒီနေ့က ကျွန်မ ရှင့်အပေါ်တော့ မအန်ချလိုက်မိဘူးမလား၊ တကယ်လို့များ ကျွန်မ တစ်ခုခုလုပ်ခဲ့မိရင် တောင်းပန်ပါ တယ်၊ အဲဒီနေ့က ကျွန်မသောက်ခဲ့မိတော့ ကျွန်မကိုယ် ကျွန်မ မထိန်းနိုင်လို့ပါ"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏အဖြေကိုကြားသောအခါ စတီယာတိုင်ပေါ်ရှိ သူ၏ လက်များသည် အနည်းငယ် တင်းကြပ်သွားပြီး သူ(မ)အား သာမာန်အတိုင်းသာကြည့်ကာ “မင်း အဲ့ဒါကို ထပ်စဉ်းစားကြည့်လို့ရမလား”
သူသည် သူ(မ)၏ အမူအရာကိုကြည့်လိုက်သည်နှင့် ခပ်ရေးရေး မှတ်မိနေပြီကိုသိလိုက်သော်လည်း မည်သည့်အခြေ အနေထိမှန်းမသိတော့ချေ။
ရှန်းချူးချူးသည် ထိုညက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များအပြင် သူ(မ)ဘာသာ စကားများကိုအထအနကောက်ရင်း မျက်နှာတစ်ခုလုံးနီရဲသွားကာ "အဲဒီနေ့က ကျွန်မ တကယ် ရှင့်အပေါ်အန်မိတာလား ? တောင်းပန်ပါတယ် ကျွန်မ တကယ်တောင်းပန်ပါတယ် CEO ဟန်"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏စကားကိုကြားသည်နှင့် ကူကယ်ရာမဲ့စွာဖြင့် “ဟင့်အင်း မစ္စရှန်း မအန်ခဲ့ပါဘူး၊ မစ္စရှန်း ဝိုင်ကိုပဲသောက်ခဲ့တာလေ"
ရှန်းချူးချူးသည် ထိုစကားများကိုနားထောင်လိုက်ရာ သူ(မ)စိတ်ထဲ အပြစ်ရှိစိတ်များနည်းနည်းလျော့သွားရသည်။ သူ(မ)အဲ့လို ရှက်စရာအပြုအမူတွေမလုပ်ခဲ့လို့ တော်ပါသေးရဲ့၊ ဒါပေမဲ့ သူ(မ)က သူ့အပေါ်ကိုလည်း မအန်မိဘူးဆိုရင် ဘာလုပ်မိတာပါလိမ့်။ သို့သော် သူ(မ)သည် ယခင်ကအရက်အလွန်အကျွံသောက်ပြီးသည့်အချိန်တိုင်း အေးအေးဆေး ဆေးနေတတ်ကာ အခြားသူများလိုမူးရစ်ယမ်းကားတာမျိုးလည်းမရှိချေ။
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏အတွေးများကို မြင်နေရသဖြင့် "မစ်ရှန်းက လူ ကယ်ခဲ့တယ်လို့ ကျွန်တော်ကြားခဲ့တယ်၊ မင်းခန္ဓာကိုယ် ထိခိုက်မိတာတွေများရှိလား ?"
ရှန်းချူးချူးသည် ပြုံးလျက် "ကျွန်မ အဆင်ပြေပါတယ်၊ အဲဒီနေ့က ကျွန်မ အရမ်းကံကောင်းတာနဲ့ ကျွန်မတို့နဲ့ တစ်မီတာလောက် ဝေးတဲ့နေရာမှာ ကျောက်တုံးကြီးပြုတ်ကျသွားတာလေ"
ဟန်ရှင်းယန်သည် ခေါင်းညိတ်ပြီး "အင်း၊ ဘာမှမဖြစ်တာကောင်းတယ်၊ လူတွေကို ကယ်တင်တာက ကောင်းတဲ့ လုပ်ရပ်ပေမယ့် မစ်ရှန်း ကိုယ့်လုံခြုံရေးကိုလည်း ဂရုစိုက်ရမယ်လေ၊ ဒီတစ်ခါက မစ်ရှန်းကိုအန္တရာယ်ရှိသွားပုံပဲ"
ရှန်ချူးချူးသည် ဟန်ရှင်းယန်နှင့် ပထမဆုံးအကြိမ်တွေ့ချိန်ကိုတောင် သတိရမိသွားသည်။ သူ(မ)သည် ၎င်းမှာ ၎င်းဘာသာဆေးသောက်နေသည်ဟု တွေးကာ အံ့အားသင့်သွားကာ စုံစမ်းမေးမြန်းသကဲ့သို့ ယခုကိစ္စသည် ဒါရိုက်တာ၏ ဇနီးသည် အန္တရာယ်အစွန်းပိုင်းတွင်ရပ်နေသောကြောင့် သူ(မ)ကူညီခဲ့ခြင်းသာဖြစ်သည်။ သူ(မ)ပတ်ဝန်းကျင်တွင် မလုံခြုံသည့်အချက်များ အလွန်များပြားစွာရှိသည်။
ရှန်းချူးချူးသည် ထိုသည်ကို စဉ်းစားရင်းပြုံးလိုက်ကာ "အင်း.. CEO ဟန်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ နောက်ဆိုရင် သတိထားပါ့မယ်"
ဟန်ရှင်းယန်သည် ကားကိုရပ်လိုက်ပြီး "ကောင်းပါပြီ"
ရှန်းချူးချူးသည် အပြင်ကိုတစ်ချက်ကြည့်လိုက်ကာ သူ(မ)နေထိုင်ရမည့် တိုက်ခန်းကိုရောက်ပြီဖြစ်ကြောင်းသိသဖြင့် ဟန်ရှင်းယန်ကိုပြုံးပြကာ ထပ်မံကျေးဇူးတင်လိုက်သည်။
"ဒီနေ့အတွက် CEO ဟန်ကို ကျေးဇူးတင်ပါတယ်"
ဟန်ရှင်းယန်သည် ရှန်းချူးချူးကို ကြည့်လျက် "ရပါတယ်"
ရှန်းချူးချူးသည် ဟန်ရှင်းယန်ကိုကြည့်လိုက်ရာ ပြုံးနေသည်ကိုတွေ့လိုက်ရပြီး သူ့မျက်နှာပေါ်ရှိ အမူအရာသည်လည်း ပျော့ပျောင်းကာနူးညံနေခဲ့သည်။ သူ(မ) စက္ကန့်အနည်းငယ်အံ့အားသင့်သွားပြီးနောက်
"မဟုတ်မှလွဲရော အဲ့ဒီညက ကျွန်မ ရှင့်ကို အခွင့်ကောင်း ယူခဲ့မိတာလား ?"