← Chapters

အခန်း (၄၁)

Vol. 5 Ch. 41

အခန်း (၄၁)

Vol. 5 Ch. 41

ရှန်းချူးချူးသည် ချန်းရှီလီ၏စကားကိုနားထောင်ပြီးနောက် အံ့အားသင့်သွားပြီး "အဲ့တာက ဘာကွာလို့လဲ ?"

ရှန်းချူးချူးသည် ချန်းရှီလီ၏ စကားကို နားမလည်သေးချေ။ သူ(မ)တို့ ကုမ္ပဏီသည် ပြင်ပကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရုံသာမက ပြည်တွင်း၌လည်း ယှဉ်ပြိုင်မှုများရှိသည်။ သူ(မ)သည် ချန်းရှီလီလက်အောက်ရှိ အနုပညာရှင်ဖြစ်သောကြောင့် ဒါရိုက်တာစွင်းသည် ၎င်းထံ ထိုအရာကို တောင်းဆိုလာကာ ချန်းရှီလီလည်း ပုံမှန်ဆို သဘောတူမည်ဖြစ်သည်။ သိူ့သော် ယခုအခါ သူ(မ)မသိသော လျှို့ဝှက်ချက်များရှိနေသည်လား?

ချန်းရှီလီသည် "ဒါက ပြဿနာကို လက်ယက်ခေါ်နေသလိုပဲ၊ ကြော်ငြာနည်းနည်းလောက်ပဲရိုက်ဖူးပြီး ရုပ်ရှင်သိပ်မရိုက်ဖူးတဲ့ အသစ်တစ်ယောက်အတွက် ရသစုံရှိုးတွေဆီ သွားလွန်းတာက လူတွေကို မျက်မှုန်းကျိုးစေလိမ့်မယ်၊ ပြီးတော့ အခု မင်းသရုပ် ဆောင်ထားတဲ့ ဇာတ်ကောင်က တတိယအမျိုးသမီးဇာတ်လိုက်ဆိုတော့ ဒီဇာတ်လမ်းထဲမှာ အဆင့်ခြောက်ခုထဲတောင်မ၀င်ဘူး၊ အဲ့တော့ မင်းသာ ရှိုးတိုင်းမှာပါနေရင် လူတိုင်းက မင်းကို သံသယ၀င်လာကြပြီး မင်းနောက်ခံကလည်း အရှုပ်အရှင်းတွေဖြစ်လာ လိမ့်မယ်"

ချန်းရှီလီပြောသည့်အရာကို ရှန်းချူးချူး နားလည်သည်။ သူ(မ) ဤအသိုင်းအဝိုင်းထဲကို စဝင်ကတည်းက Weibo ကို နေ့စဉ်စောင့် ကြည့်သည့် အလေ့အကျင့်ကိုမွေးယူခဲ့သည်။ ချန်းရှီလီပြောသည့်အရာမျသည် အမှန်တရားများဖြစ်သည်။ မကြာခဏ ရှာဖွေမှုများ ထဲသို့၀င်တက်သော ကျော်ကြားသူများ၏ သတင်းအချို့သည် ဖြတ်သွားဖြတ်လာများအား မျက်မှုန်းကျိုးစေပြီး သူ(မ)တို့လို နောက်ခံလည်းမရှိသည့် လူသစ်လေးများအတွက်တော့ မဟုတ်မမှန်သတင်းများ ထကြွလာမည်ဖြစ်သည်။

"အင်း ဒါဆိုလည်း ကျွန်မ ရှင့်စကားနားထောင်ပါ့မယ်"

ထိုအဖြေသည် ချန်းရှီလီ မျှော်လင့်ချက်ထားသလိုပင်။ သူ(မ)သည် ခေါင်းညိတ်ပြီး "အင်း ငါ Z-stage variety show ဆီကို မင်းကို သွားခိုင်းဖို့ရည်ရွယ်ထားတယ်၊ အဲ့နေရာက တော်တော်လေးကောင်းတယ် ဘာကြောင့်ဆို သူတို့ရဲ့ ဆက်ဆံပုံတွေအရ မင်း S Station ထက်တော့ သာလိမ့်မယ်၊ ဒီလောက်နဲ့တင် မင်းကို လူထုနဲ့ ထိတွေ့ပေးဖို့ လုံလောက်တယ်“

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာချန်း"

ချန်းရှီလီသည် ပြုံးလျက် "ငါ့ကို ချန်းကျဲလို့ ခေါ်ပါလို့ပြောထားတယ်မဟုတ်လား? ငါမင်းအတွက် ရှိုးပွဲမသွားခင် ဆရာတစ်ယောက် ငှားပေးမယ်၊ အဲ့တာမှ မင်းလည်း ရှိုးပွဲနဲ့ သက်ဆိုင်တဲ့ အရာလေးတွေကို တီးမိခေါက်မိရှိသွားမှာ၊ ဒါက မင်းရဲ့ပထမဆုံးအကြိမ် လူထုရှေ့ကို ထွက်ပြတာဆိုတော့ မင်း တစ်နိုင်ငံလုံးရှေ့မှာ ကင်းမြှီးကောက်ထောင် လျှောက်နေသလို အရှက်တကွဲအကျိုးနည်း မဖြစ်စေချင်ဘူး၊ ဒါကြောင့် မင်းပြန်ရောက်တာနဲ့ လေ့ကျင့်ခန်းလုပ်ရမယ်၊ လေ့ကျင့်ခန်းလုပ်သွားတဲ့ အချက်က ရှိုးလျှောက်ရင် အရမ်းအရေးပါလိမ့်မယ်၊ မဟုတ်ရင် ရှိုးပွဲမှာ အရမ်းအားပျော့နေပြီး ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူး"

"…… ဟုတ်ကဲ့"

ရှန်းချူးချူးအတွက် လေ့ကျင့်ခန်းဆိုသည်မှာ နာကျင်စရာအရာတစ်ခုဖြစ်သည်။ ကံကောင်းချင်တော့ ယခုရက်ပိုင်းတွင် သူ(မ)၏ ခန္ဓာကိုယ်ကို အန်တီမှ ကာကွယ်သွားသဖြင့် ရက်ပိုင်းလောက် အနားယူနိုင်သေးသည်။ ထို့နောက် ရှန်းချူးချူးသည် ရှိုးအတွက် တက်ဆိုင်သည့် သင်တန်းများကို သင်ယူရင်း လေ့ကျင့်ခန်းလည်း စလုပ်ခဲ့သည်။ သူသည် အားလပ်ရက်တွင် ဝမ်ချမ့်အား တိုက်ခန်းအရောင်းပြခန်းသို့ ခေါ်သွားလိုက်သည်။

ရှန်းချူးချူးသည် သူ(မ)၏ ပထမဆုံးလစာ 100,000 ကို ရရှိပြီးနောက် အိမ်တစ်လုံးဝယ်ရန် စီစဉ်ခဲ့ပြီး အွန်လိုင်းပေါ်တွင် ရှာဖွေမှု များစွာကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း သူ(မ)သည် အလုပ်လွန်စွာများနေခဲ့သဖြင့် ထိုအရာကို နောက်ဆုတ်ထားခဲ့ရသည်။ ယနေ့အချိန်တွင် သူ(မ)သည် 'ရှောင်းရီ' ဒရမ်မာကို ရိုက်ကူးခဲ့သောကြောင့်သာမက Taobao မှ ပိုက်ဆံများနှင့် ပေါင်းလျှင် သူ(မ) များပြားစွာစုဆောင်းမိထားသည်။ ထို့အပြင် သူ(မ)သည် များသောအားဖြင့် ငွေများများစားစား မသုံးတတ်သောကြောင့်လည်း ပါသည်။

သူ(မ)သည် ဦးစွာ အိမ်ဈေးများကိုစုံစမ်းရန်လိုအပ်သည်၊ သို့မဟုတ်ပါက သူ(မ) ငွေပေးချေမှုပင် ပေးချေနိုင်မည်မဟုတ်ချေ။

ရှန်းချူးချူးသည် လက်ထဲတွင် ဝင်ငွေ အနည်းငယ်သာရှိသော်လည်း စတုရန်းမီတာ 80 ကျော်ရှိသော အဆင့်မြင့်တိုက်ခန်းကို စိတ်ဝင်စားနေဆဲဖြစ်သည်။ အိမ်ပိုင်ရှင် နိုင်ငံခြားသားသည် ထိုအိမ်ကို အလျင်စလို ရောင်းထွက်လိုသည်ကြောင့်သာ ရောင်းသူရှိ ခြင်းဖြစ်သည်။ ရှန်းချူးချူးသည် အိမ်အလှဆင်ခြင်းကို သိပ်ဂရုမစိုက်ပေ။ တစ်ချို့လူများသည် အိမ်ကို အလှဆင်ရန် စဉ်းစားကြ သော်လည်း သူ(မ)သည်တော့ ချွေတာဖို့သာနှလုံးသွင်းထားသည်။

သို့သော် ဤတိုက်ခိုက်သည် မြေညီထပ်အိမ်များနှင့် မဆောက်ရသေးသည့် အိမ်များထက် ပိုစျေးကြီးသည်။ သူ(မ)လက်ထဲရှိသည့် ပိုက်ဆံသည် လုံလောက်မည်မဟုတ်ချေ။ ထိုသည်မှာ ကဗျာများထဲတွင် ပါသလို 'ဘေဂျင်းမြို့တော်က တကယ်မလွယ်ပေါင်' ကဲ့သို့ပင်။

"မစ္စ.. မင်း ဒီတိုက်ခန်းကို ရွေးချယ်သင့်တယ်၊ ကျွန်တော်တို့တိုက်ခန်းက လှေကားတစ်ခုရှိပြီး အိမ်ထောင်စုနှစ်စုလောက် နေထိုင် လို့ရတယ်၊ ပြီးတော့ ဒီပတ်ဝန်းကျင်က အရမ်းကောင်းသလို လုံခြုံးရေးစနစ်ကလည်း အရမ်းကောင်းတယ်၊ ဒါကြောင့် ဒီနေရာမှာ ကြယ်ပွင့်တွေနဲ့ စီးပွားရေးသမားတွေ တော်တော်များများက နေထိုင်ကြတယ်။ ဒီနေ့ခေတ် လူနေမှုဘ၀ရဲ့ ဈေးနှုန်းမှန်သမျှက 80% အထိ ထိုးတက်သွားတာဆိုတော့ ပိုင်ရှင် ပြန်မလာတာကြောင့်သာမဟုတ်ရင် မင်း ဒီနှစ်ဆယ့်ခြောက်ထပ်ကို ဒီဈေးနဲ့ရမှာမဟုတ် လား"

ရှန်းချူးချူးလည်း ဤတိုက်ခန်းကောင်းမှန်းလည်း သိသလို ၀ယ်လည်းဝယ်ချင်သည် ။

"မစ္စ လိုက်ပတ်ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချချင်လား"

ရှန်းချူးချူးသည် "အင်း.."

ထို့နောက် ၎င်းတို့သည် တိုက်ခန်းကို လှည့်ပတ်ကြည့်နေသည်။ အရောင်းဝန်ထမ်းလေးသည် 26 လွှာ၏ တံခါးကိုဖွင့်ပြီးနောက်

"မစ်ရှန်း ဒီတံခါးဆို အသစ်စက်စက်ပဲ ရှိသေးတာ၊ အရင်နေထိုင်သူ ပြန်မလာတာတော်တော်ကြာပြီ၊ သူက အခုဆို အမေရိကကို အပြီးပြောင်းသွားတာမို့လို့ ဒီကပစ္စည်းတွေဆို သုံးပြီးသားတွေပေမဲ့ အဟောင်းတော့မဟုတ်ဘူး"

ရှန်းချူးချူးသည် တံခါး၏ အဆင့်မြင့် အလှဆင်ပုံကိုကြည့်ပြီး ယခင်ကထက် သဘောကျမိသွားပြန်သည်။ ထို့အပြင် လသာဆောင် တွင်ရပ်ကာ အောက်ရှိ ရေကန်ကိုရှုမြင်လျက် လပ်ဆတ်သည့် လေကို ရှုရှိုက်ကာ စိတ်လည်းအပန်းဖြေနိုင်သည်။ သူ(မ)သည် ဤတိုက်ခန်းလေးကို အမှန်တကယ် ကြိုက်သောကြောင့် လက်မလွှတ်ချင်ပေ။ သူ(မ)သည် မိဘမျာနှင့် အတန်းဖော်များဆီမှ ပိုက်ဆံနည်းနည်းချေးဖို့ပင် စဉ်းစားမိသည်။ သူ(မ)တွင် ယခုအခါ တည်ငြိမ်သော ငွေရင်းမြစ်တစ်ခုရှိပြီဖြစ်သဖြင့် ငွေများကိုချေး လျှင်ပင် ပြန်ဆပ်နိုင်သည်။

ရှန်းချူးချူးသည် ထိုအရာကိုတွေးလျက် တွန့်ဆုတ်စွာ ထွက်လာသည်။

ထို့နောက် သူ(မ) အပြင်ထွက်ပြီးနောက် တစ်ဖက်မှ ထွက်လာသော ရင်းနှီးသူတစ်ဦးကို တွေ့လိုက်ရသည်။

"CEO ဟန် ?"

ဟန်ရှင်းယန်သည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်တွင် ဤနေရာတွင် တစ်ညသာ နေထိုင်ခဲ့သော်လည်း စာရွက်စာတမ်းများကို မေ့လျော့ကာ အလျင်စလိုထွက်သွားမိသဖြင့် ယနေ့ နေ့လယ်တွင်ပြန် လာရှာခြင်းဖြစ်သည်။ သူသည်လည်း ရှန်းချူးချူးနှင့်တွေ့ဖို့ မမျှော်လင့်ထားချေ။

"မစ်ရှန်း"

အရောင်းဝန်ထမ်းသည် ရှန်းချူးချူးနှင့် အိမ်ပိုင်ရှင်မှာ အသိများဖြစ်သည်ကိုမြင်ချိန် ပိုမိုရောင်းရနိုင်သည့် အလားအလာကိုမြင်သဖြင့်

"မစ်ရှန်း.. မင်းသူငယ်ချင်းက ဒီမှာနေတာဆိုတော့ သူ့ကို မေးကြည့်လို့ရတယ်၊ ဒီတိုက်ခန်းက ဈေးကြီးပေမဲ့ တကယ် ပေးရတဲ့ဈေးနဲ့ တန်ပါတယ်၊ ပြီးတော့ ရင်းနှီးတဲ့သူနဲ့ နေရတာဆိုတော့ ပိုအဆင်ပြေတယ်မဟုတ်လား”

ရှန်းချူးချူးသည် အနည်းငယ်ရှက်ရွံ့သွားမိသွားသည်။ သူ(မ)နှင့် CEO ဟန် သည် မည်သို့ သူငယ်ချင်းဖြစ်နိုင်မည်နည်း။ CEO ဟန် သည် အမြဲတစေ သူ(မ)၏ကျေးဇူးရှင်ဖြစ်ပြီး သူ(မ)တို့နှစ်ဦးသည် တူညီသော ကမ္ဘာပေါ်ရှိလူများမဟုတ်ကြပေ။ သူ(မ)သည် အနည်းငယ်ပြုံးလိုက်ပြီး ဘာမှမပြောချေ။

ဟန်ရှင်းယန်သည် ထိုစကားကို ကြားသည်နှင့် ရှန်းချူးချူးကို ကြည့်ကာ "မစ်ရှန်း ဒီမှာ အိမ်ဝယ်ချင်လို့လား"

ရှန်းချူးချူးသည် ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ အဲ့လိုစီစဉ်ထားတာ"

ဟန်ရှင်းယန်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီးဘာမှပြန်မပြောချေ။

ထို့နောက် ၎င်းတို့သည် ဓာတ်လှေကားထဒ ဝင်သွားကြပြီး တိတ်ဆိတ်သွားကြသည်။ ရှန်းချူးချူးသည် အနည်းငယ်ရှက်ရွံနေမိ သည်။ ယခုအချိန် တိုက်ခန်းအကြောင်းကို အာပေါက်မတက်ပြောနေသော ၀န်ထမ်းသည်ပင် တိတ်ဆိတ်နေလျက်ရှိသည်။

အရောင်းဝန်ထမ်းသည် ဓာတ်လှေကားဖွင့်သည်နှင့် အရောင်းဌာနကို အမြန်ပြန်ပြေးချင်နေသဖြင့် ဟန်ရှင်းယန်သည်- "မစ်ရှန်း ကျွန်တော့်ကို အချိန်လောက်ပေးလို့ရမလား ?"

ရှန်းချူးချူးသည် ဝမ်ချမ့် နှင့်အတူ ထွက်ခွာမည်အပြု ထိုစကားကို ကြားသည်နှင့် ဟန်ရှင်းယန်အား သံသယဖြစ်စွာလှည့်ကြည့် လိုက်သည်။

အရောင်းဝန်ထမ်းသည် ၎င်းတို့အား အပြန်အလှန်ကြည့်ကာ စိတ်ဝင်တစားနေဟန်ဖြင့် "ဒါဆို ကျွန်တော် အရင်ထွက်သွားလိုက် ပါ့မယ်၊ မစ်ရှန်း တိုက်ခန်း၀ယ်ဖို့ စိတ်ဝင်စားရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ၊ ဒါပေမယ့် မစ္စ တတ်နိုင်သမျှတော့ မြန်မြန် စဉ်းစားသင့်တယ်၊ မဟုတ်ရင် ဒီတိုက်ခန်းက ရောင်းထွက်သွားလိမ့်မယ်"

ရှန်းချူးချူး ခေါင်းညိတ်ပြီး "ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်"

ဟန်ရှင်းယန်သည် အရောင်းရုံးမှ ဝန်ထမ်း ထွက်ခွာသွားပြီးနောက် စကားစလာသည်။ "မစ်ရှန်း၊ ဒီပတ်ဝန်းကျင်က နေရတာ အဆင်ပြေတယ်၊ မင်း ဒီမှာ အိမ်ဝယ်ချင်တယ်ဆိုရင် ကျွန်တော် လင်းနဲ့အသိတွေဆိုတော့ လျှော့ဈေးပေးနိုင်တယ်"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ စကားကို မမျှော်လင့်ထားသဖြင့် အံ့အားသင့်စွာ"ရှင် နည်းနည်းလောက် လျော့အောင်လုပ်ပေး နိုင်တာလား?"

ဟန်ရှင်းယန်သည် ရှန်းချူးချူး ၏ လေးနက်သော အမူအရာကို ကြည့်ပြီး ရုတ်တရက် ပြာသွားသည်။သူသည် အကြောင်းအရင်းကို မသိသော်လည်း ရှန်းချူးချူး၏ လိုချင်တောင့်တနေသောအမူအရာကိုကြည့်ရုံဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"20% လောက်ပေါ့"

ရှန်းချူးချူးသည် ထိုအရာကြောင့် ထပ်မံအံဩသွားပြန်သည်။ 20% လျှောအောင်လုပ့်ပေးမယ်တဲ့လား? သူ နောက်နေတာတော့ မဟုတ်ပါဘူး နော် ? ၎င်း ကိုယ်တိုင်သာ ပိုင်ရှင်ဖြစ်ပါက ၅% ကနေ 10%အထိ လျှော့ဈေးပေးနိုင်သည်။ သို့သော် ယခုအခါ ၎င်း၏ သူငယ်ချင်းသာဖြစ်သော်လည်း 20% တောင် လျှော့ဈေးပေးမတဲ့လား ?

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏အံ့အားမင်တက်မှုကို မြင်လိုက်ရသဖြင့် သူမှားသွားပြိဆိုတာကို သိလိုက်သည်။ သူသည် တစ်ခါမှ အိမ်မ၀ယ်ဖူးပေ။ ယခု သူနေသည့် တိုက်ခန်းကိုလည်း သူ့သူငယ်ချင်း ပေးထားသဖြင့် ထိုအကြောင်းကို သိပ်မသိသလို 20% လျှော့ ဈေးသည် နည်းလားများလား သူမသိချေ။

ရှန်းချူးချူးသည် သူ(မ)ကိုယ်သူ(မ) ပြန်ထိန်းလိုက်ပြီး"CEO ဟန်နဲ့ မစ္စတာလင်းတို့ ကြားက ဆက်ဆံရေးက အရမ်းကောင်းတယ် နဲ့တူတယ်"

ဟန်ရှင်းယန်သည် ခေါင်းညိတ်ပြီး " အင်း ကျွန်တော်တို့က အတူတူ ကြီးပြင်းလာတဲ့ သူငယ်ချင်းမို့လို့လေ"

ရှန်းချူးချူး ရိုးသားစွာ၀န်ခံရပါက ဟန်ရှင်းယန် လျှော့စျေးပေးမည်ဟု ပြောလာချိန်တွင် သူ(မ) အလွန်စိတ်လှုပ်ရှားသွားသည်။ သို့သော် လျှော့စျေး ပမာဏသည် အနည်းငယ် များနေပုံရသဖြင့် သူ(မ)ဘက်မှ လက်မခံဝံ့ချေ။ အဆုံးတွင် သူ(မ)တို့သည် သူငယ် ချင်းများပင် မဟုတ်ကြသဖြင့် ယခုလို ကိစ္စအတွက် သူ(မ)အားနာမိသည်။

သို့ဖြစ်ရာ ရှန်းချူးချူးသည် ပြုံးကာ ငြင်းလိုက်သည်"CEOဟန်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ တစ်ခြားအိမ်တွေပဲ လိုက်ကြည့် လိုက်တော့မယ်"

ဟန်ရှင်းယန် သည် ရှန်းချူးချူး၏ အမူအရာကိုမြင်သည်နှင့် သူပြောခဲ့သည်ြ လျှော့စျေးသည် အလွန်များနေပုံရသည်ကို သိလိုက် သည်။ သူသညခ ခဏလောက်စဉ်းစားပြီး "မစ်ရှန်း မင်းဒီလိုလုပ်စရာမလိုပါဘူး၊ ဒီမှာဈေးတွေအကုန်လုံးက မှန်းဆထားတာကြီးပဲ၊ သူမင်းကို 20% လျှော့ပေးလိုက်ရင်တောင်မှ သူ့မှာ ဝင်ငွေရှိတယ်၊ တကယ်တော့ ဒီထက်တောင် လျှော့ရောင်းလို့ရတယ်၊ အဲ့ကောင် ကပိုက်ဆံတွေ အများကြီးမြတ်ပြီးနေပြီ၊ မစ္စရှန်း အဲ့လိုလူမျိုးအတွက် ပိုက်ဆံချွေတာပေးနေစရာမလိုဘူး"

ရှန်းချူးချူး သည် ဟန်ရှင်းယန်မှာ အလွန်စကားပြောကောင်းလွန်းသည်ဟု ခံစားလိုက်ရပြီး သူ့စကားလုံးများသည် သူ(မ)နှလုံးသား ထဲသို့ စိမ့်ဝင်သွားခဲ့သည်။ သူ(မ)လည်းဝယ်ချင်သည်။ ထိုစကားကို နားထောင်ပြီးနောက် သူ(မ) ယိမ်းယိုင်လာသည်။ ဒါဆို….

"ဒါပေမယ့် ဒီကိစ္စမှာ ရှင်တို့ စီးပွားရေးသမားအချင်းချင်း အကြွေးမတင်သွားဘူးလား ?"

ဟန်ရှင်းယန်သည် သူ(မ)စကားကြောင့် သူ့ အပြုံးတစ်ခု ထင်ဟပ်သွားပြီး "ဟင့်အင်း၊ သူက အစကထဲက ကျွန်တော့်အပေါ် ကျေးဇူးဆပ်စရာရှိတယ်"

ရှန်းချူးချူးသည် နှုတ်ခမ်းကို ဖိလလိုက်ပြီး ရှက်ရွံမှုများကို ထိန်းချုပ်ကာ ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို ကျေးဇူးကြွေးထပ်မတင် ချင်တော့ဘူး၊ ကြည့်ရတာ ကျွန်မ ရှင့်အပေါ်အမြဲတမ်းအကြွေးတင်နေတဲ့ပုံပဲ"

ဟန်ရှင်းယန်သည် ပြုံးလျက် "ဘာကိုလဲ မစ္စရှန်းရဲ့? မစ္စရှန်း ကျွန်တော့်ကို တစ်သန်းတောင်ပေးထားတာလေ မဟုတ်ဘူးလား?"

All Chapters