အခန်း (၄၂)
Vol. 5 Ch. 42
ရှန်းချူးချူးသည် ပိုက်ဆံကိစ္စကိုကြားသည်နှင့် အလျင်စလိုရှင်းပြလာသည်။“အဲဒါက ရှင့်ရဲ့ကျေးဇူးကြွေးကြောင့်လေ"
ဟန်ရှင်းယုသည် ရှန်းချူးချူး ကိုကြည့်ကာ "ဒါဆို မင်းငါ့ကို ဘာမှအကြွေးမတင်တော့ဘူးလေ"
ရှန်းချူးချူးသည် ၎င်း မျက်နှာပေါ်ရှိ အပြုံးကိုမြင်တော့ သူ(မ)မျက်နှာသည်လည်း အနည်းငယ် နီရဲသွားသည်။
"ကျွန်မမှာ ရှင့်ကို ပြန်ပေးစရာ ပိုက်ဆံတစ်သန်းထပ်မရှိတော့လို့ ဒီအတိုင်းသာဆိုရင် အားနာစရာကြီး"
၎င်းသည် 20% လျှော့စျေးပေးခဲ့လျှင် ငွေ တစ်သန်းကျော်နီးပါးပင် ချွေတာနိုင်လိမ့်မည်။ ကြည့်ရတာတော့ သူ(မ) သူ့ကို ပိုပိုပြီး အကြွေးတင်လာပုံပဲ…
ဟန်ရှင်းယုသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "မစ်ရှန်းတောင် ကျွန်တော့်ကို တစ်သန်းပေးလိုက်ရင် အမှုဆောင်ဒါရိုက်တာ လင်းလည်း ခေါင်းကိုက်စရာမလိုတော့ဘူးပေါ့၊ သူက အိမ်ရောင်းရတာ ပိုက်ဆံတွေအများကြီးမရပေမဲ့ ကြားလူဖြစ်တဲ့ ကျွန်တော်က တော့ သန်းနဲ့ချီပြီး မြတ်တယ်လေ"
ဟန်ရှင်းယုသည် ရှန်းချူးချူး အံသြသွားသည်ကိုမြင်ချိန် "မစ်ရှန်းက ကျွန်တော့်ကို မကောင်းတဲ့သူဖြစ်အောင်လုပ်နေတာလား"
ရှန်းချူးချူးသည် “မဟုတ်ပါဘူး CEO ဟန်"
ဟန်ရှင်းယုသည် ရှန်းချူးချူး ၏ စိုးရိမ်နေသောဟန်ပန်ကိုမြင်သဖြင့် "ကျွန်တော် သိပါတယ်"
ဟန်ရှင်းယု စကားဆုံးသည်နှင့် သူ့အိတ်ကပ်အတွင်းမှ ဖုန်း၏တုန်ခါမှုကို ခံစားပြီး လက်ကောက်၀တ်ရှိနာရီကိုကြည့်လိုက်သည်။
“မစ်ရှန်း.. ကျွန်တော် အခုသွားရတော့မယ်၊ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့် အတွင်းရေးမှူးဝမ် လာပြောပြပါလိမ့်မယ်"
ရှန်းချူးချူးသည် ထပ်မံအထွန့်တက်ချင်သော်လည်း ဟန်ရှင်းယု အလုပ်ရှုပ်နေသည်ကိုမြင်သဖြင့် " ကောင်းပါပြီ၊ CEO ဟန် ကျေးဇူးတင်ပါတယ်"
ဟန်ရှင်းယုသည် ခေါင်းညိတ်ပြီး ထွက်သွားတယ်။
ကုမ္ပဏီတွင် အတွင်းရေးမှူးဝမ်သည် ဟန်ရှင်းယန်ဆီ အမြန်လာကာ အလုပ်နှင့်ပတ်သက်သည့် အစီရင်ခံစာများကို ထုတ်ပြခဲ့သည်။ ထို့နောက် အတွင်းရေးမှူးဝမ်သည် သူ၏ အထက်လူကြီးမှာ ယနေ့တွင် မတူကွဲပြားနေသလိုခံစားလိုက်ရသည်။ ဟန်ရှင်းယု၏ အမူအရာသည် ယခင်ကနှင့် တူညီနေသော်လည်း တစ်စုံတစ်ခု ကွဲပြားသည်ဟု သူခံစားမိသည်။ သူ့သူဌေး စိတ်ကောင်း၀င်နေတာ များလား?
အတွင်းရေးမှူးဝမ် ထွက်သွားပြီးနောက် ဟန်ရှင်းယုသည် ဖုန်းဆက်လိုက်သည်။
ဖုန်း၀င်သည်နှင့် ဟန်ရှင်းယုပင် စကားမပြောမီ တစ်ဖက်ဖုန်းလိုင်းထဲရှိလူသည်။ "အိုက်ယိုး ဒီနေ့က တကယ့် နေကောင်းနေ့မြတ်နဲ့ တူတယ်ဝေ့! ကျွန်တော်တို့ရဲ့ အရမ်း အလုပ်များနေတဲ့ CEOဟန်ကြီးက ကျွန်တော့်ကို ဖုန်းခေါ်ဖို့ အချိန်ရှိတယ်ဆိုတော့ ဒီနေ့ နေက အနောက်ဘက်ကနေထွက်လာမှာများလား ?”
"ငါ လီယွင်ကတိုက်ခန်းတစ်ခန်းလိုချင်တယ်၊ နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့"
တစ်ဖက်လူသည် မယုံကြည်နိုင်မှုကြောင့် အော်ဟစ်မိလိုက်သည်ယ “နှစ်ဆယ်ရာခိုင်နှုန်းလား? ငါ မင်းကို တိုက်ခန်းပေးထားသေး တယ် မဟုတ်ဖူးလား ? မင်းမကြိုက်လို့လား?"
“စာချုပ်ထဲမှာ နှစ်ဆယ်ရာခိုင်နှုန်းလျှော့တယ်လို့ ရေးထားပေး၊ ကျန်တဲ့ငွေကို ငါပေးမယ်”
တစ်ဖက်လူသည် မယုံကြည်နိုင်လောက်အောင် အော်ဟစ်လာသည်။ “ဟန်ရှင်းယန်! မင်းရဲ့ ငွေတစ်ပဲခြောက်ပြားကို ငါက ဘယ်မှာဂရုစိုက်နေလို့လဲ? မင်းက ငါ့သင်္ဂြိုလ်စရိတ်လာပေးနေတာလား ?"
"မဟုတ်သေးဘူး၊ အရေးကြီးဆုံးက အိမ်ဝယ်မှာ ဘယ်သူလဲ"
ဟန်ရှင်းယုသည် ၎င်း၏ မေးခွန်းကို မဖြေဘဲ “မင်းသဘောတူရင် ဒီကိစ္စပြီးပြီ”
တစ်ဖက်ရှိလူသည် "ငါ သဘောတူတာတော့ တူပါတယ် ဒါပေမဲ့ ၀ယ်မဲ့သူကို မင်းငါ့ကိုပြောပြရင် ငါမင်းကို အလကားတောင် ပေးလိုက်ဦးမယ်"
ဟန်ရှင်းယုသည် ခဏမျှ နှုတ်ဆိတ်သွားပြီး “သူငယ်ချင်းပါ”
"ဘယ်လိုသူငယ်ချင်းမျိုးလဲ ? ငါသိတဲ့သူလား ?"
ဟန်ရှင်းယုသည် ခဏတုံ့ဆိုင်းသွားပြီး "မင်း အခုမသိပေမယ့် အနာဂတ်ကျရင်တော့ ဖြစ်လာနိုင်တယ်"
တစ်ဖက်သူသည် ဟန်ရှင်းယု၏ တုံ့ပြန်မှုကြောင့် ပို၍ပင် စပ်စုချင်လာပြီး “ငါက ဒီလိုအဖြေမျိုးလိုချင်လို့ မင်းကို အစ်အောက်မေး နေတယ်များထင်နေလား? ပျင်းစရာကြီးကွာ...၊ ငါက မင်း သူငယ်ချင်းဆိုတော့ ဘယ်သူလဲသိချင်လို့လေ၊ မင်း ဒီလောက်ပိုက်ဆံ နည်းနည်းလောက်အတွက်နဲ့ ငါ့ကိုလာပြောစရာမလိုပါဘူး မင်း သူငယ်ချင်းက ငါ့ သူငယ်ချင်းပဲလေ။"
ဟန်ရှင်းယုသည်လည်း ၎င်းတို့ သူငယ်ချင်းဆက်ဆံရေးကြောင့် မူလတွင် ပိုက်ဆံပေးရန် အစီအစဉ်မရှိခဲ့သော်လည်း ၎င်း၏ စကားများကိုကြားသဖြင့် ပိုက်ဆံပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“မလိုဘူး၊ ငါ ရက်ပိုင်းအတွင်း လိုအပ်တာတွေ ပြင်ဆင်လိုက်မယ်၊ ငါ့ အတွင်းရေးမှူးက မင်းကိုဆက်သွယ်လိမ့်မယ်"
တစ်ဖက်လူသည် “ဟန်ရှင်းယန် မင်းကတော့ အမြဲတိုင်းအဲ့အတိုင်းကြီးပဲ!"
၎င်းတို့ ဖုန်းခေါ်ဆိုပြီးနောက် ဟန်ရှင်းယုသည် အတွင်းရေးမှူးဝမ်ကိုဖုန်းဆက်ပြီး ထိုကိစ္စကို ဆက်လက်လုပ်ဆောင်ရန် ပြောကြားခဲ့ည်။
ရှန်းချူးချူးသည် အိမ်ပြန်ရောက်သည်နှင့် သူ(မ) ပထမဆုံးလုပ်သည့်အရာမှာ သူ(မ)တွင်ရှိသော ပိုက်ဆံအားလုံးရေတွက်ခြင်းပင်။ ထိုအခါမှ သူ(မ)သည် အတွင်းရေးမှူးဝမ် ဆက်သွယ်လာမည်ကို စိတ်ရှည်စွာစောင့်မျှော်နိုင်မည်ဖြစ်သည်။
မမျှော်လင့်စွာ နောက်တစ်နေ့တွင် ကုမ္ပဏီတွင်တစ်ခုခုဖြစ်ခဲ့သည်။
ရှန်းချူးချူးသည် သန့်စင်ခန်းတွင်ရှိစဉ် ကောင်းရှင်း၏ နိုင်ငံတကာရုပ်ရှင်မှာ ပျက်စီးတော့မည်ဟု ပြောသံကိုကြားလိုက်သဖြင့် အံ့အားသင့်သွားကာ နေ့ခင်းဘက် ချန်းရှီလီ ထိုအကြောင်း မေးလိုက်သည်။ ချန်းရှီလီ၏ အမူအရာသည် အနည်းငယ်လေးနက် သွားတာ "အင်း ပြဿနာတစ်ချို့ဖြစ်သွားတာ"
"တစ်ခြားသူတွေက တမင်တကာ လာနှောင့်ယှက်လို့လား"
ချန်းရှီလီသည် ခေါင်းယမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ “ဟင့်အင်း၊ တရုတ်ပြည်မှာ ငါတို့ကို ထိတွေ့ဝံ့တဲ့ ကုမ္ပဏီဆိုတာက နည်းနည်းပဲရှိတယ်၊ သူတို့က ငါတို့နဲ့ မပြိုင်ဝံ့ကြဘူး။ ဒီဇာတ်ကားကို မရိုက်ချင်တော့တာက ကောင်းရှင်းကိုယ်တိုင်ပဲ”
ချန်းရှီလီလည်း စိတ်ဆိုးလျက်ရှိသည်။ ကောင်းရှင်းအတွက် ထိုသို့ ကောင်းမွန်သော အခွင့်အလမ်းမှာ ရှားပါးလွန်းသဖြင့် ကုမ္ပဏီ သည်လည်း ၎င်းအတွက် အလွန်ပျော်မိသည်။ ကောင်းရှန်းသည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်တွင် ထိုရုပ်ရှင်နှင့်ပတ်သက်ပြီး အလွန်စိတ်အားထက်သန်နေပုံရသော်လည်း မနေ့ညတွင် ထိုရုပ်ရှင်ကို မရိုက်ချင်တော့ကြောင်း ရုတ်တရက်ပြောလာခဲ့သည်။ ထိုသည်မှာ လူတိုင်းမထင်မှတ်ထားသောကိစ္စဖြစ်သည်။ ၎င်းသည် ရက်အနည်းငယ်အတွင်း စာချုပ်ကို လက်မှတ်ရေးထိုးတော့ မည်ဖြစ်သည်။
ဒါရိုက်တာဖြစ်သူသည်လည်း ကောင်းရှင်းကိုအလိုသဘောကျနေသောကြောင့် ၎င်းနှင့်တူသည့် နောက်ထပ်လူ ဘယ်မှာသွားရှာရပါ့ မလဲ? ကုမ္ပဏီသည် ဤကဲ့သို့သော ကောင်းမွန်သော အခွင့်အလမ်းကို အခြားကုမ္ပဏီတစ်ခုထံ လွှဲပြောင်းပေးရန် အမှန်တကယ်ပင် ဆန္ဒမရှိချေ။ ယခုအချိန်တွင် ကုမ္ပဏီအမှုဆောင်များ အားလုံးသည် ကောင်းရှင်းအား ပြန်လည်စဉ်းစားရန်ပြောကာ အမျိုးမျိုးလည်း ဆွဲဆောင်ခဲ့ကြသည်။
ရှန်းချူးချူးလည်း ချန်းရှီလီ၏ရှင်းပြချက်ကိုကြားပြီးနောက် အနည်းငယ်အံ့သြသွားသည်။ သူ(မ) ကောင်းရှင်းနှင့် နောက်ဆုံးတစ် ခေါက် ဆုံးတုန်းက ၎င်းသည် ထိုရုပ်ရှင်အတွက် မျှော်လင့်တကြီး စောင့်မျှော်နေသည်ကို မှတ်မိသေးသည်။ အခုကျမှ တစ်ခုခု ဖြစ်သွားလို့လား?.
သူ(မ)သည် ချန်းရှီလီ၏ ရုံးခန်းမှထွက်ကာ ဓာတ်လှေကားမှ ဆင်းရန် ပြင်ဆင်လိုက်သည်။ ထိုစဉ် ဓာတ်လှေကား ပွင့်လာသည်နှင့် အထဲတွင်ရှိသောလူသည် သူ(မ)စဉ်ဆက်မပြတ် စဉ်းစားနေမိသောသူဖြစ်သည်။
ရှန်းချူးချူးသည် တုံ့ဆိုင်းသွားပြီး "ရှင်းကျဲ"
ကောင်းရှင်းသည် ပြုံးပြီး "မြန်မြန်ဝင်လေ"
“ဟုတ်ကဲ့”
ရှန်းချူးချူးဝင်လာပြီးနောက် ဓာတ်လှေကားတံခါးသည် ဖြည်းညှင်းစွာပိတ်သွားသည်။ ကောင်းရှင်းသည် သူ(မ) စိတ်ကူးထား သလောက် ဝမ်းနည်းမနေသဖြင့် တိတ်တဆိတ်သာ ကြည့်နေမိသည်။
ကောင်းရှင်းသည် ရှန်းချူးချူး၏ စဉ်းစားရကြပ်နေသော အကြည့်ကိုမြင်သဖြင့် ပြုံးကာ "ဒါရိုက်တာချန်က အခွင့်အရေးတစ်ခု ဆုံးရှုံးသွားရတာကို မင်းသိလား? အစက အဲ့နှစ်ရဲ့ အော်စကာဆုကို ဒါရိုက်တာချန်ရမှာပေမဲ့ ရိုက်ကူးနေတဲ့နောက်ပိုင်းမှာ စွင်းကျဲ ဖျားခဲ့တယ်လေ၊ ဒါရိုက်တာချန်က သူ့ရဲ့ ပြီးပြတ်လုနီးဖြစ်နေတဲ့ အလုပ်ကို ဂရုမစိုက်ဘဲ အိမ်ကိုပဲ တန်းတန်းမတ်မတ် ပြန်သွားခဲ့တယ်၊ သူက စွင်းကျဲဆေးရုံတက်နေတဲ့ တစ်ချိန်လုံး အနားမှာနေပေးပြီး စွင်းကျဲဆေးရုံက ဆင်းရမဲ့အချိန်ကျတော့ ရိုက်ကူးရေးကပြီးသွားပြီ၊ ဒါကြောင့် ရုပ်ရှင်ဒါရိုက်တာရဲ့နာမည်ကို အခြားသူရဲ့ အမည်ကိုပြောင်းလဲခဲ့တာ၊ အဲဒီနှစ်မှာ အဲ့လူက ဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့သည်။”
ရှန်းချူးချူးသည် ထိုအကြောင်းကို ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ(မ)သည် ကောင်းရှင်းကိုသာ ဆက်လက်ကြည့်ရှု နေပြီး သူ(မ)ပြောချင်သည့်အရာကို အဖြေထုတ်နေမိသည်။
“နောက်တော့ အားလုံးက ဒါရိုက်တာချန်အပေါ် မတရားဘူးလို့ ခံစားရလို့ သူ နောင်တရလား မရလားဆိုပြီး သီးသန့်မေးခဲ့တယ်၊ အဲ့မှာ ဒါရိုက်တာချန်ရဲ့မျက်နှာက နောင်တဖြစ်တဲ့အရိပ်လေးတောင်မရှိပဲ 'ကျွန်တော် အချိန်မီလုပ်နိုင်ခဲ့လို့ ဝမ်းသာတယ်၊ မဟုတ်ရင် ကျွန်တော့်အတွက် အရေးကြီးဆုံးအရာကိုဆုံးရှုံးရလိမ့်မယ်' လို့ ပြန်ပြောခဲ့တယ်"
ဓာတ်လှေကားသည် ပထမထပ်ကို ရောက်သည့်အခါ ကောင်းရှင်းသည် နေကာမျက်မှန်ကို ၀တ်လိုက်ပြီး "တစ်ခါတလေ မင်းရဲ့ ဆုံးဖြတ်ချက်က မိုက်မဲလိုက်တာလို့ လူတိုင်းက ထင်ကြလိမ့်မယ်၊ ဒါပေမယ့် မင်းနှလုံးသားရဲ့ ဆုံးဖြတ်ချက်ကပဲ အရေးကြီးဆုံး ဆိုတာကို သိလိမ့်မယ်"
ရှန်ချူးချူးသည် ကောင်းရှင်း၏ဖြောင့်တန်းစွာထွက်သွားသော နောက်ကျောပြင်ကိုကြည့်ကာ အတွေးများလျက်ကျန်နေခဲ့သည်။
ရက်အနည်းငယ်အကြာတွင် အတွင်းရေးမှူးဝမ်သည် အိမ်ခြံမြေလုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရန် ရှန်းချူးချူးကို ခေါ်ခဲ့သည်။ ရှန်းချူးချူးသည် ကုမ္ပဏီမှ ခွင့်ယူခဲ့ပြီး သူ(မ)၏စာရွက်စာတမ်းများနှင့် ပစ္စည်းများအားလုံးနှင့်အတူ အရောင်းရုံးသို့ စိတ်လှုပ်ရှားစွာ သွားခဲ့သည်။
ကံကောင်းစွာပင် ရှန်းချူးချူးသည် ယွမ်နှစ်သောင်းပါသည့် သူ(မ)၏ကိုယ်ပိုင်ဘဏ်ကတ်ကိုလည်း ယူဆောင်လာခဲ့သည်။ စည်းမျဥ်းစည်းကမ်းများ အားလုံးပြီးမြောက်ပြီး နာမည်များကို ရေးထိုးပြီးနောက် ရှန်းချူးချူးသည် သူ(မ)၏မျက်နှာ ပေါ်ရှိ အပြုံးကို မတားနိုင်တော့ချေ။ သူ(မ)သည် ယွမ်တစ်ထောင်လောက်သာ ကျန်သည်အထိ ဆင်းရဲမွဲသေသွားသော်လည်း သူ(မ)လက်ထဲတွင် အိမ်လေးတစ်လုံးရှိနေပြီဖြစ်သည်။ ငွေဆိုတာ အချိန်မရွေး ပြန်ရှာလို့ရတယ်၊ သူ(မ)သည် နှစ်၂၀အတွေ့အကြုံများကိုဆုပ်ကိုင်ထား ဆဲဖြစ်သည်။
သူ(မ)သည် တစ်လတွင် ယွမ်သောင်းချီပြန်၀င်သဖြင့် စိတ်ဖိစီးမှုလည်းမရှိချေ။
ရှန်းချူးချူးသည် အခန်းထဲမှထွက်လာပြီးနောက် ပြင်ပရှိ ပန်းများနှင့် မြက်ခင်းများသည်လည်း ပိုမိုလှပလာသည့်အလား မြို့တော် ၏မီးခိုးရောင်ကောင်းကင်ကြီးသည်ပင် လှပနေသည်ဟုခံစားမိသည်။ သူ(မ)သည် အတွင်းရေးမှုးဝမ်ဘက်သို့ လှည့်ကာပြုံးပြီး
"အတွင်းရေးမှူးဝမ်...ဒီနေ့အတွက် ကျွန်မ ကျေးဇူးတင်လို့ ထမင်းဖိတ်ကျွေးပါရစေ"
အတွင်းရေးမှူးဝမ်သည် ထိုသည်ကိုကြားသည်နှင့် ချက်ချင်းပြန်ဖြေသည် “ကျေးဇူးတင်ပါတယ် မစ္စရှန်း၊ ဒါပေမယ့် ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး၊ ဒါတွေအားလုံးက ကျွန်တော့်ရဲ့သူဌေးက စီစဉ်ပေးတာဖြစ်လို့ တကယ်က မင်း သူ့ကိုကျေးဇူးတင်ရမှာပါ"
လာနောက်နေတာလား ? သူ့သူဌေးရဲ့ ကောင်မလေးဖြစ်နိုင်တဲ့ လူနဲ့ ညစာအတူတူစားရဲလောက်အောင် သူ့အသက်က အဲ့လောက် ရှည်နေတာလည်း မဟုတ်ဘူးလေ။
ရှန်းချူးချူးသညခ ခဏလောက်စဉ်းစားပြီး “ဟုတ်တယ်၊ ကျွန်မ CEO ဟန်ကို ကျေးဇူးတင်သင့်တယ်၊ CEO ဟန် ဘာကြိုက်တက် လဲဆိုတာ ရှင်သိလား"
အတွင်းရေးမှူးဝမ်သည် ပြုံးပြီး “ကျွန်တော့် သူဌေးက အစားအသောက်တွေ သိပ်မကြိုက်ဘူး၊ သူက တိတ်ဆိတ်ပြီး သန့်ရှင်းသပ် ရပ်တဲ့ နေရာတွေကိုနှစ်သက်တယ်”
ရှန်းချူးချူးသည် အံ့သြသွားပြီး "ဒီလောက်ပဲလား ? သူသွားတက်တဲ့နေရာတွေရော မရှိဘူးလား ?"
အတွင်းရေးမှူးဝမ်သည် ခေါင်းခါပြပြီး "ဟင့်အင်း... ကျွန်တော့် သူဌေးက အလုပ်ကိစ္စနဲ့ အစည်းအဝေးတွေ လုပ်တဲ့အချိန်ကလွဲရင် အပြင်မှာမစားတက်ဘူး၊ သူက အိမ်မှာစားရတာကြိုက်တယ်"
ရှန်းချူးချူး ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးဝမ်"
အတွင်းရေးမှူးဝမ်သည် “ရပါတယ်၊ နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်းတွေ ဆက်လုပ်ဖို့လိုရင် ကျွန်တော် ဆက်သွယ်လိုက်ပါ့မယ်"
“ကောင်းပါပြီ။”
ထိုကိစ္စပြီးသွားသည်နှင့် အတွင်းရေးမှုးဝမ်သည် ကုမ္ပဏီသို့ပြန်လာပြီး ဟန်ရှင်းယုထံ အရာအားလုံးကို ပြန်တင်ပြခဲ့သည်။ အတွင်း ရေးမှူးဝမ်သည် အစီရင်ခံမှုအပြီးတွင် "ရှန်းချူးချူက ဘော့စ်ကို ညစာစားဖို့ ဖိတ်ချင်နေပုံရပေမဲ့ အခု သူ့မှာတောင် ပိုက်ဆံအများ ကြီးမရှိတော့တဲ့ပုံပဲ"
ဟန်ရှင်းယန်၏ဖောင်တိန်သည် တစ်စက္ကန့်မျှ ခေတ္တရပ်တန့်သွားပြီး “ကောင်းပြီ၊ မင်း အခုထွက်သွားလို့ရပြီ"
"ဟုတ်ကဲ့ ဘော့စ်”