← Chapters

အခန်း (၄၃)

Vol. 5 Ch. 43

အခန်း (၄၃)

Vol. 5 Ch. 43

ကောင်းရှင်း၏အိမ်

"ရှင်းရှင်း ဒီအခွင့်အရေးမျိုးက အရမ်းရှားတယ် မင်းအခုလိုမျိုး မငြင်းသင့်ဘူး" စွင်းဟွေ့သည် ကောင်းရှင်းအား စိတ်မကောင်းစွာကြည့်ကာ ပြောလိုက်သည်။

ကောင်းရှင်းသည် ပြုံးလျက် “ဟင့်အင်း.. အခုကိစ္စက ကျွန်မရဲ့ အလုပ်ထက်ပိုပြီး အရေးကြီးတယ်၊ ကျွန်မတို့ရဲ့ အတိတ်ကကိစ္စ‌တွေကြောင့် ပစ္စုပန်ကို မထိခိုက်စေချင်ဘူး"

စွင်းဟွေ့သည် သက်ပြင်းချလိုက်ပြီး ကောင်းရှင်းကိုကြည့်ကာ "ရှင်းရှင်း ငါတို့တွေ ဘာလို့ အတူတူမရင်ဆိုင်ကြရမှာလဲ? မင်းကို အခုလိုမြင်ရတာ ကိုယ်စိတ်မချမ်း သာဘူး၊ ဒါ ကိုယ့်အမှားလည်းပါတယ်၊ ကိုယ်..."

ကောင်းရှင်းသည် ခေါင်းခါလိုက်ပြီး "ဟွေ့... တော်ပြီ ဒီကိစ္စကို ကျွန်မဆုံးဖြတ်ပြီးပြီ၊ သူ(မ)က အဲ့လောက်တောင် ဒါကိုအသည်းအသန်လိုချင်နေမှတော့ ပေးလိုက်ကြတာပေါ့၊ ဒါပေမဲ့ ဒါရိုက်တာက သူ့(မ)ကို ရွေးပါ့မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ ?"

ကုမ္ပဏီသည် စာချုပ်လက်မှတ်ထိုးသည့်နေ့အထိ ကောင်းရှင်းကို မစည်းရုံးနိုင်သောကြောင့် မည်သို့မှ မတက်နိုင်ချေ။ အဆုံးတွင် ရိုက်ကူးရေးအဖွဲ့သည် အခြားကုမ္ပဏီများရှိ မင်းသမီးများဆီသို့ အာရုံပြောင်းသွားသောကြောင့် ထျန်းတိ Media သည် ပါးစပ်ထဲရောက်ခံနီးမှလွတ်ကျသွားသော်လည်း မည်သို့မှလုပ်နိုင်စွမ်းမရှိချေ။

ထိုရက်များပြီးနောက်တွင် ကုမ္ပဏီသည် သာမာန်အတိုင်း ဆက်လက်သွားနေခဲ့သည်။

ရှန်းချူးချူးသည် S stationရှိုးသို့ ဒါရိုက်တာချန်နှင့်အတူ သွားခဲ့သည်။ ၎င်းတို့သည် တရား၀င် မွေးစားမိဘများဖြစ်သောကြောင့် ရှန်းချူးချူးသည် ၎င်းအား “ပါး” ဟုသာခေါ်သည်။

"အင်း စိတ်ကိုလျှော့ထား၊ ပရိသတ်တွေဆိုတာ မရှိဘူးလို့ ဟန်ဆောင်ထားလိုက်"

"ဟုတ်ကဲ့ သမီး တက်နိုင်သလောက် ကြိုးစားပါ့မယ်"

ရှန်းချူးချူးသည် ထိုသည်မှာ သူ(မ)နှင့် ပရိသတ်များကြားရှိ ပထမဆုံးတရားဝင်တွေ့ဆုံမှုဖြစ်သောကြောင့် သူ(မ)အတွက်တော့ အလွန်အရေးကြီးပေသည်။ သူ(မ) ကောင်းမွန်သည့် ပွဲဦးထွက်ဖြစ်မည်လားဆိုသည်မှာ ယခုအခြေအနေပေါ် မူတည်နေသည်။ ကုမ္ပဏီသည် ထိုသို့သောထင်မြင်ချက်များကို ပြန်လည်ပြုပြင်ပေးနိုင်သော်လည်း သူ(မ)သည် အကောင်းဆုံးလုပ်ပြီး သူ(မ) အပေါ် အထင်အမြင်ကောင်းများ ချန်ထားခဲ့စေချင်သည်။

ရှန်းချူးချူးသည် စိတ်လှုပ်ရှားစွာဖြင့် စင်မြင့်ပေါ်သို့ လျှောက်တက်သွားသည်။

အစီအစဥ်တင်ဆက်သူသည် ဒါရိုက်တာချန်ကြောင့် သူ(မ)အား မျက်နှာသာပေးမည်မှန်းသိသော်လည်း ထိုမျှအထိ မမျှော်လင့်ထားခဲ့ပေ။ ထိုအရာမှာ သူ(မ)အား အလွန်စိတ်အေးလက်အေးဖြစ်စေသည်။

"ချူးချူးရေ... ဘာလို့ မင်းနာမည်က ချူးချူးဖြစ်နေတာလဲ၊ ဘာလဲ မင်းက အခုအချိန်ထိ ချစ်စရာကောင်းနေမယ်လို့များ ကြိုသတိပေးနေတာလား?"

*TL-မှတ်ချက်- 楚楚可人 (Chu Chu Ke Ren)သည် ချစ်စရာကောင်းသူဟု အဓိပ္ပာယ်ရသည်။

ရှန်းချူးချူးသည် ပြုံးလျက် “ဒါက ကျွန်မ မိသားစုကြောင့်လေ၊ ကျွန်မ ပါးပါးက ပြောတယ် မားမားက ကျွန်မကိုခက်ခက်ခဲခဲမွေးပေးခဲ့ရလို့ မားမားရဲ့ နာမည်က ကျွန်မ နောက်ဆုံးစကားလုံးဖြစ်သင့်တယ်ဆိုပြီး၊ အဲ့မှာ မားမားက ကျွန်မနာမည်တစ်လုံးလောက်တည်းနဲ့ သူ နာကျင်ခဲ့ရတာကမတန်လို့ နာမည်ကိုနှစ်ခါထည့်ခေါ်လိုက်တာလေ"

(မားမားချူးက ချစ်စရာကြီးနော် 🥰)

ရှန်းချူးချူး၏ စကားဆုံးသောအခါ အားလုံးရယ်မောလိုက်ကြသည်။

ရှန်းချူးချူးသည် ၎င်းတို့၏တုန့်ပြန်မှုများမှာ အကောင်းဘက်သို့ ရောက်နေသဖြင့် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ရှန်းချူးချူးသည် ဒါရိုက်တာချန်နှင့် အစီအစဉ်မှူးတို့၏ စောင့်ရှောက်မှုအောက်တွင် ရှိုး၏ နောက်အပိုင်းသို့ လျင်မြန်စွာ ချောချောမွေ့မွေ့ ရောက်ရှိသွားသည်။ နောက်ဆုံး ရိုက်ကွက်ကို ရိုက်ကူးပြီးချိန် ရှန်းချူးချူး၏နောက်ကျောသည် ချွေးများဖြင့် ရွှဲစိုနေပြီဖြစ်သည်။

အစီအစဉ်တင်ဆက်သူသည် ရှန်းချူးချူး၏ စိတ် သက်သာရာရသွားသော အမူအရာကြောင့် အားတက် သရော ပြုံးကာ "ချူး မင်းဒီနေ့ ကောင်းကောင်းလုပ်ခဲ့တာပဲ၊ ဒီဇာတ်လမ်းတင်ပြီးတာနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်မှာ သေချာပေါက်ပဲ၊ အစ်မ မင်းကို အားပေးနေမယ်နော်"

ရှန်းချူးချူးသည် သူ(မ)နှုတ်ခမ်းကို ဖိလိုက်ကာ

"ကျေးဇူးတင်ပါတယ် လီကျဲ"

နောက်တစ်နေ့တွင် ရှန်းချူးချူးသည် သူ(မ)၏အိမ်အတွက် နောက်ဆုံးသော လုပ်ငန်းစဉ်ကို အပြီးသတ်ရန် တော်၀င်မြို့သို့ ပြန်လာခဲ့သည်။ ထို့နောက် ဤအိမ်သည် ရှန်းချူးချူး၏ ပိုင်ဆိုင်မှုဖြစ်လာခဲ့သည်။ ရှန်းချူးချူးသည် အတွင်းရေးမှူးဝမ် ထွက်လာသောအခါ ဟန်ရှင်းယု၏ အချိန်ဇယားကိုတစ်ချက်စုံစမ်းလိုက်သည်။ ဟန်ရှင်းယုသည် ယနေ့ ညနေဘက်တွင် မိသားစုနှင့် ညစာစားမည်သောကြောင့် ၎င်းအား မနက်ဖြန်မှသာ ညစာစားရန်ဖိတ်ခေါ်မည်ဟု စီစဉ်ထားသည်။

ရှန်းချူးချူးသည် အလုပ်များသောနေ့တစ်‌နေ့ ဖြတ်သန်းပြီးနောက် သူ(မ)၏အိမ်အသစ်သို့ ပြောင်းရွှေ့ရန် စိတ် ကူးမိသဖြင့် တခဏပင် အနားမယူပဲ ဝမ်ချမ့်နှင့်အတူ ပစ္စည်းများကိုပျော်ရွှင်စွာထုပ်ပိုးနေတော့သည်။

ရှန်းချူးချူးသည် ညနေပိုင်းတွင် အသေအချာစဉ်းစားပြီး ဟန်ရှင်းယုထံ စာတစ်စောင်ပေးပို့ရန်ဆုံးဖြတ်ခဲ့သည်။

ရှန်းချူးချူး: မင်္ဂလာပါ CEO ဟန်၊ ကျွန်မ ရှန်းချူးချူးပါ၊ မနက်ဖြန်ညကျရင် ရှင်များ အားမလားလို့သိချင်လို့ပါ၊ ရှင့် အကူအညီအတွက် ကျေးဇူးတင်လို့ ညစာဖိတ်ကျွေးချင်လို့ပါ။

ဟန်ရှင်းယုသည် သူစောင့်ဆိုင်းနေသည့် မက်ဆေ့ခ်ျကိုကြည့်လျက် ခံစားချက်များရောထွေးနေခဲ့သည်။

ကျန်းထန့်သည် ဆိုဖာပေါ်သို့လှဲချလိုက်ပြီး ဖုန်းကို ကြောင်ကြောင်ကြီးကြည့်နေသော သူ့ဝမ်းကွဲကိုကြည့်ကာ “ပြောင်ကော မင်း ဘာလို့ ဖုန်းကို အဲ့လိုကြီးစိုက်ကြည့်နေရတာလဲ ? မသိတဲ့သူတွေဆိုရင် မင်း အလုပ်ကြီးအကိုင်ကြီး တစ်ခုခုကိုစဉ်းစားနေတယ်လို့ ထင်ကြလိမ့်မယ်"

ဟန်ရှင်းယုသည် ကျန်းထန့်ကို မျက်လုံးဆွေကြည့်လိုက်ပြီး "မင်း မနေ့က နေ့လည်တုန်းက ကုမ္ပဏီကိုမလာဘူးဆို၊ ဘယ်တွေသွားနေတာလဲ"

ကျန်းထန့်သည် ထိုသည်ကိုကြားသည်နှင့် ချက်ချင်း ကောက်ခါငင်ခါ ထထိုင်လိုက်ပြီး "သူတို့တကယ်ကြီး အစ်ကိုဆီကို အဲ့အကြောင်းတောင် အစီရင်ခံတယ်ပေါ့? ကျွန်တော်ကတော့ ကုမ္ပဏီမှာ အကောင်းဆုံးကြိုးစားပေးလိုက်ရတာ... သူတို့ကတော့ ဒီလောက်လေးနဲ့တင် အစ်ကိုဆီ လာတိုင်ကြတယ်ပေါ့? ဘယ်လောက်တောင် တရားကျဖို့ကောင်းလဲ! ကျွန်တော် အရောင်းဝန်ထမ်း သွားလုပ်ခဲ့ရင်တောင် အခုထက် ပိုမျက်နှာသာပေးခံရဦမယ်"

ဟန်ရှင်းယုသည် "မင်း အရောင်း၀န်ထမ်းပဲ‌ဆို ကိစ္စမရှိဘူး၊ ဒါပေမဲ့ အခုက စည်းမျဉ်းတွေရှိတယ်"

ကျန်းထန့်သည် သူ့ဝမ်းကွဲမှာ ထပ်မံ တရားချတော့မည်ကို မြင်သဖြင့် အလျင်အမြန် ဖြတ်ပြောလိုက်သည်။

"အဲဒီနေ့က ကျွန်တော် တကယ် ရည်ရွယ်ခဲ့တာ၊ အဲ့နေ့ ကျွန်တော် နေ့လယ်စာ ထွက်စားတုန်းက အက်စီးဒန့်တစ်ခုကို မတော်မဆတွေ့မိလိုက်တယ်လေ၊ လျှပ်စစ်စကူတာတိုက်ခံလိုက်ရတဲ့ မိန်းကလေးက ကျွန်တာ် ကုန်တိုက်မှာ gym ပစ္စည်းတွေရောင်းတုန်းကတွေ့ခဲ့တဲ့ ဖောက်သည်တစ်ယောက်ဖြစ်နေတာ၊ ပြီးတော့ သူ သွေးတွေနဲ့ ဖုံးနေတာမြင်တော့ ကျွန်တော်လည်း ဘယ်လိုမှမနေနိုင်တော့ပဲ သူနဲ့အတူတူလူနာတင်ကားနဲ့ ဆေးရုံလိုက်သွားခဲ့တာ"

ဟန်ရှင်းယန်သည် ခေါင်းညိတ်ပြီး "မင်း ဒီကိစ္စကို ကောင်းကောင်းလုပ်ခဲ့ပေမယ့် နောက်တစ်ကြိမ်ဆိုရင် မင်းရဲ့အထက်လူကြီးကို အသိပေးဖို့မမေ့နဲ့"

ကျန်းထန့်သညခ ခေါင်းညိတ်ပြီး “ဟုတ်ကဲ့ပါ၊ ကျွန်တော် သိပါပြီ၊ ကျွန်တော်လည်း ဒီလောက်လေးနဲ့ အစ်ကို့ဆီ အစီရင်ခံစာ အတင်ခံရမယ်လို့ မမျှော်လင့်ထားဘူးလေ၊ နောက်ဆိုရင် ကျွန်တော့် အထက်လူကြီးကိုကြိုပြောထားမယ်"

“မင်းနားလည်တာ ကောင်းတယ်၊ ကုမ္ပဏီမှာ လူတွေက မင်းရဲ့အားသာချက်တွေကို ပဲကြည့်ပြီး အားသာချက်မရှိတဲ့ သူတွေက အပယ်ခံရလိမ့်မယ်၊ မင်းရဲ့ အထက်လူ ကြီးက မင်းကို အဲ့လောက်တောင် စောင့်ကြည့်နေမှတော့ မင်းကိုယ်မင်း ပိုအာရုံစိုက်သင့်တယ်"

ကျန်းထန့်သည် လေးလေးစားစားပြန်ဖြေသည်။ “ဟုတ်ကဲ့ပါ ပြောင်ကောရဲ့ ကျွန်တော် မှတ်ထားပါ့မယ်"

ဟန်ရှင်းယုသည် ခေါင်းညိတ်လိုက်ပြီး ကျန်းထန့်ဆီမှ အကြည့်လွှဲကာ သူ့ဖုန်းညLock ကိုဖွင့်ပြီး ရှန်းချူးချူး ပို့ထားသော စာသားကိုထပ်ကြည့်နေသည်။ သူမည်သို့ စာပြန်ရမည်ကို တွေးနေဆဲဖြစ်သည်။

ကျန်းထန့်သည် သူ့ဝမ်းကွဲဝမ်းကွဲ၏ ရုန်းကန်နေသောအမူအရာကိုကြည့်ကာ တစ်ခုခုကို ခံစားလိုက်ရသဖြင့် “ပြောင်ကော သဘောကျရတဲ့ မိန်းကလေးရှိနေပြီလား”

ဟန်ရှင်းယန်သည် သူ့ကို တစ်ချက်သာ စိုက်ကြည့်လိုက်သည်။

ကျန်းထန့်သည် ၎င်း၏ အကြည့်ကြောင့် သူ့ခန့်မှန်းချက် မှန်သည်ဟု ပိုယုံကြည်လာပြီး

"ကျွန်တော် ခန့်မှန်းတာ မှန်သွားပြီမလား? မားမားဆို အစ်ကို့ကို နေ့တိုင်းကောင်မလေးတွေနဲ့ မိတ်ဆက်ပေးဖို့ တွေးနေတာ၊ အစ်ကို့ကောင်မလေးကို သေချာဖွက်ထားသင့်တယ်နော် နောက်မှ ကျွန်တော် သတိမပေးဘူးလို့ လာအပြစ်မတင်နဲ့နော်"

ဟန်ရှင်းယုသည် ဖုန်းကိုသိမ်းလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ အေးစက်စွာပြောလိုက်သည်။

"မင်းကိုယ်မင်းပဲ အရင်ဂရုစိုက်စမ်းပါ"

ကျန်းထန့်သည် ငယ်ရွယ်စဉ်ထဲက ယခု အသက်ကြီးလာသည်အထိ အလွန် ငြီးငွေ့စရာကောင်းလှသော ၀မ်းကွဲဖြစ်သူကိုကြည့်ကာ သူ့နှလုံးသားပင် ကွဲအက်သွားသလိုခံစားလိုက်ရသည်။ သူ ငယ်စဉ်တုန်းကဆိုလျှင် ၀မ်းကွဲထက် ပိုတော်အောင် ကြိုးစားတက်ပြီး ယခုအသက်ကြီးလာသည့်အချိန်တွင်ပင် ၎င်းအား လိုက်မှီရန်ကြိုးစားနေရဆဲပင်။ သူသည် မိခင်ဖြစ်သူ၏တွန်းအားပေးမှုကြောင့်သာ မဟုတ်ပါက လွတ်လွတ်လပ်လပ်လေလွှင့်မိနေလိမ့်မည်။

သူ၏တည်ငြိမ်ရင့်ကျက်လှသော အစ်ကို၀မ်းကွဲ၏ချစ်ခြင်းမေတ္တာအပေါ် ထားရှိသောအမြင်သည် အလွန်ပင် အေးစက်လွန်းလှသည်။ သူ့ဝမ်းကွဲသည် အမြဲတစေ သူတော်စင်တစ်ပါးလိုပင်။ ၎င်းသည် ကျောင်းတက်နေစဉ်တွင် မိန်းကလေး အများအပြားကို ငြင်းပယ်ခဲ့သည်ကို သူကိုယ်တိုင်မြင်ဖူးသည်။ သူသည် ထိုမိန်းကလေးများကို ငြင်းရုံသာမကဘဲ ၎င်းကို ထိလာပါက ထို့နေ့၏ အဝတ်အစားများကို ဘယ်တော့မှ ထပ်ဝတ်တော့မည်မဟုတ်ချေ။

ထို့ကြောင့် သူသည် နှစ်များကြာလာသည်နှင့်အမျှ ဝမ်းကွဲမ၀တ်တော့သော အ၀တ်အစားများ ဘယ်နှစ်ထည်ရှိသနည်းနှင့် ရည်းစားစာ ဘယ်နှစ်စောင်‌ရှိသနည်းကို အလွန်အမင်း သိချင်စိတ်ပြင်းပြမိသည်။

ဟန်ရှင်းယုသည် သူ့၀မ်းကွဲ၏ အတွေးများကို မသိချေ။ သူသည် ကျောင်းပြီးနောက် ကုမ္ပဏီကိစ္စများကို စတင်လုပ်ကိုင်ခဲ့သည်။ သူ အလုပ်များပြီးနောက် လက် ကောက်၀တ်ကိုမြှောက်လျက် နာရီကိုကြည့်မိလိုက်ချိန် ဆယ့်နှစ်နာရီထိုးနေပြီကို သိလိုက်သည်။ သူ့မျက်ခုံးများကို ဖိကပ်နှိပ်နယ်ကာ သူ၏အလုပ်လုပ်နိုင်စွမ်းဆောင်ရည်များသည် ယခင်ကထက်ပိုမိုကျဆင်းသွားသည်ဟု ခံစားလိုက်ရသည်။

သူသည် မီးပိတ်ပြီး အိပ်ခန်းထဲသို့ဝင်သွားသည်။ ဟန်ရှင်းယုသည် ရေချိုးနေစဉ် ရေကျသံကို နားထောင်လျက် ရုတ်တရက် တစ်ခုခုကိုတွေးလိုက်မိသည်။

သို့ဖြစ်ရာ ရေချိုးပြီးနောက် သူ၏ဆံပင်ကိုခြောက်အောင်သုတ်ပြီး ရှန်းချူးချူး၏ စာတိုကိုပြန်လိုက်သည်- အားတယ်

ရှန်းချူးချူးသည် စာပေးပို့ပြီးနောက် ဟန်ရှင်းယု၏ အဖြေကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းခဲ့သည်။ ထိုသို့ စောင့်ဆိုင်းနေရင်းဖြင့် သူ(မ)လက်ထဲရှိ ဖုန်းကိုကိုင်ကာ အိပ်ပျော်သွားကာ နောက်နေ့မနက်မှ ၎င်း၏ အဖြေကိုတွေ့လိုက်ရသည်။ သူ(မ)သည် ခဏစဉ်းစားပြီး

“ခုနစ်နာရီဆို အားလား ? အဆင်ပြေရင် ကျွန်မ စား သောက်ဆိုင်လိပ်စာကို ပို့ပေးလိုက်မယ်"

ဟန်ရှင်းယန်သည် စက္ကန့်ပိုင်းအတွင်း ပြန်ဖြေသည်- ကောင်းပြီ။

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏စာကိုမြင်သောအခါ အလွန်ပင် စိတ်အားတက်ကြွသွားသည်။ သူ(မ)သည် ယနေ့တွင် ရွှေ့ပြောင်းစရာများစွာ ကျန်ရှိနေသေးသည်။ ဒီ ရှန်းချူးချူး ပြင်ဆင်နေချိန်တွင် ဝမ်ချမ့်လည်း ရောက်လာသည်။ နှစ်ယောက်သားသည် သပ်သပ်ရပ်ရပ် ထုတ်ပိုးပြီး ပစ္စည်းများကိုရွှေ့ဖို့ ဗန်ကားကိုခေါ်လိုက်သည်။

အိမ်သစ်တွင် ပရိဘောဂနှင့် အသုံးအဆောင်များအားလုံး ရှိနေသည်သည်။ ထိုအရာများကို အသစ်များနှင့် အစား ထိုးနိုင်သော်လည်း ထိုပစ္စည်းများသည် အိမ်ဈေးနှင့်အတူတွဲလျက်ပါသောကြောင့် သူ(မ) အသုံးမပြုခဲ့လျှင်ပင် ငွေပြန်အမ်းမည်မဟုတ်ချေ။ ရှန်းချူးချူးသည် အလွန် မချမ်းသာသလို ထိုအရာများနှင့် ပတ်သက်ဿ ဇီဇာမကြောင်သောကြောင့် ကိစ္စထွေထူးစွာမရှိပေ။ ထို့အပြင် သူ(မ) ယခင်က အသုံးပြုခဲ့သော ပစ္စည်းများထက်ပင် ကောင်းသည်ဟုထင်သည်။

သူ(မ)သည် ထိုအရာများကို သိပ်အလေးမထားသော ကြောင့် အလွန်ကျေနပ်မိသည်။ အိပ်ယာခင်းများ၊ စောင်များ၊ အိုးများနှင့် ဒယ်အိုးများကဲ့သို့သော နေ့စဥ်သုံးပစ္စည်းများမှလွဲ၍ အခြားမည်သည့်အရာမှ ထပ်ဝယ်ရန်မလိုအပ်ချေ။

အားလုံးနေရာချပြီးနောက် ငါးနာရီထိုးနေပြီဖြစ်သည်။ သူ(မ)တွင် ပစ္စည်းများစွာ မရှိသော်လည်း နေရာချဖို့ အချိန်တော်တော်လိုခဲ့သည်။

ရှန်းချူးချူး အမြန်ရေချိုးပြီး အ၀တ်လဲလိုက်သည်။ ထို့နောက် ကြိုတင်ဘွတ်ကင်လုပ်ထားသော စားသောက် ဆိုင်သို့ တက္ကစီဖြင့်သွားခဲ့သည်။

ရှန်းချူချူသည် သူ(မ)ရောက်လာသောအခါ ဟန်ရှင်းယန်မှာ ထိုနေရာတွင် ထိုင်လျက် စောင့်နေသည်ကို မြင်လိုက်ရသည်။ သူမ အနည်းငယ်အံသြသွားပြီး နာရီကို အမြန်ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာ သူ(မ) နောက်မကျခဲ့ပေ။ တစ်ယောက်ယောက်ကို ညစာစားဖို့ ဖိတ်သည့်အခါ နောက်ကျသည်မှာ အလွန်ရိုင်းလွန်းသည်မဟုတ်ပါလား ?

သူ(မ) အမြန်ပင် ဟန်ရှင်းယု ဆီသို့ လျှောက်သွားသည်။ သူ(မ)သည် ပြုံးလျက် "CEO ဟန် တောင်းပန်ပါတယ် ကျွန်မ နောက်ကျသွားတယ်" သူ(မ)နောက်မကျသော် လည်း ဧည့်သည်ထက် နောက်ကျမှရောက်လာသော ကြောင့် ရှန်းချူးချူး တောင်းပန်မိဆဲဖြစ်သည်။

ဟန်ရှင်းယုသည် ပန်းတစ်ပွင့်လို လှပစွာပြုံးနေသော ရှန်းချူးချူးအားကြည့်ကာ

"ဟင့်အင်း ကျွန်တော်ကသာ စောပြီးရောက်နေတာပါ"

All Chapters