← Chapters

အခန်း (၄၄)

Vol. 5 Ch. 44

အခန်း (၄၄)

Vol. 5 Ch. 44

ရှန်းချူးချူးသည် ညစာစားနေစဉ်တွင် ဟန်ရှင်းယုကို လှမ်းအကဲခတ်ကြည့်လိုက်ရာ ၎င်း၏ စားသောက်နေသောဟန်ပန်မှာ အပြစ်အနာအဆာတစ်ခုပင်မတွေ့ရကြောင်းသတိပြုမိလိုက်သည်။ ၎င်း၏ လက်ချောင်းများသည် သွယ်လှပြီး ဓားနှင့် ခက်ရင်းသာ ကိုင်ထားသော်လည်း အနုပညာမြောက်လှသည်။

သူ(မ)သည် တစ်နေ့တာအလုပ်အပြီး နေ့လည်တွင် ခေါက်ဆွဲခြောက်တစ်ပန်းကန်ကိုသာစားခဲ့ရသဖြင့် ဗိုက်ဆာလွန်းသောကြောင့် ကျောနှင့်ရင်ပင် ကပ်နေလေသည်။ ထို့ကြောင့် သူ(မ)သည် ဟန်ရှင်းယန်အား မိနစ်နှစ်ဆယ်ကြာ တိတ်တဆိတ်ကြည့်ရှုပြီးနောက် ၎င်းကို ကြည့်မိလေဘေ ပို၍ဆာလောင်လာလေလေဖြစ်သည်။ သို့ဖြစ်ရာ အဆုံးတွင် သူ(မ) မည်သို့မှ မထိန်းနိုင်တော့ဘဲ အားပါး တရစားတော့သည်။

ကောင်းကင်ကြီးသည် ကြီးမားသော်လည်း သူ(မ)စားချင်စိတ်သည် ထိုထက်ပင်ပိုကြီးမားနေသေးသည်။

ဟန်ရှင်းယု စားပြီးနောက် ရှန်းချူးချူးကို ကြည့်မိလိုက်သည်။ သူ(မ)လေးသည် ဇွန်းကလေးကိုင်ထားသည့် ဟမ်စတားလေး တစ်ကောင်နှင့်ပင် တူလို့နေသည်။ ချစ်ဖို့ကောင်းလိုက်တာ...

သူ(မ)ကို သူကြာကြာကြည့်လေလေ ဗိုက်ပိုဆာလေလေဖြစ်သည်။

ထို့ကြောင့် သူသည် စားပွဲထိုးကို လှမ်းခေါ်ကာ နောက်ထပ် ဟင်းနှစ်ပွဲနှင့် အချိုပွဲများကို မှာကြားလိုက်သည်။

ရှန်းချူးချူးသည် ထိုသည်ကိုမြင်သောအခါ သူ(မ)၏ ပလုပ်ပလောင်း ဝါးနေသော ပါးစပ်သည်ပင် နှေးကွေးသွားကာ သူ(မ)သည် စားပွဲထိုးထွက်သွားသည်နှင့် ဟန်ရှင်းယုအားနီမြန်းသောမျက်နှာဖြင့် မေးလိုက်သည်။

"ကျွန်မ အရမ်းစားလိုက်မိတယ်နဲ့တူတယ်"

ဟန်ရှင်းယုသည် ခေါင်းခါလိုက်ပြီး "ဟင့်အင်း... ကျွန်တော် ထပ်စားချင်သေးလို့ပါ" သူသည် ရှန်းချူချူ၏ အပြစ်မကင်းသော မျက်လုံးများကိုကြည့်ကာ အနည်းငယ် ငြင်းဆန်လိုက်သည်။

ရှန်းချူးချူးသည်လည်း တောင်းပန်ပါတယ် CEO ဟန်၊ ကျွန်မ ကြောင့်နဲ့"

“မဟုတ်တာ ကျွန်တော် နေ့လည်စာမစားရသေးလို့ပါ"

ရှန်းချူချူသည် အစားအစာများနှင့် အချိုပွဲများစွာကို စားပြီးနောက် သူ(မ) ဗိုက်သည် အလွန်ပင် ပြည့်အင်နေပြီဖြစ်သည်။ သူ(မ) သည် ချန်းရှီလီ သူ(မ)အတွက် ရွေးချယ်ပေးထားသည့် ဒရာမာအသစ်ကိုပြန်တွေးမိလိုက်ချိန် သူ(မ)ကိုယ် သူ(မ) အလွန်လောဘ ကြီးလွန်းသွားသည်ဟု တွေးမိသည်။ ယခုသူ(မ)စားထားသည့် ကယ်လိုရီများကို လျှော့ချဖို့အတွက် အချိန်မည်မျှ ကြာမလဲဆိုတာ မသိနိုင်ချေ။

ရှန်းချူးချူးသည် ငွေရှင်းတော့မည့်အချိန် ပေးချေပြီးဖြစ်ကြောင်း သိလိုက်ရသဖြင့် ဟန်ရှင်းယုကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။ ဟန်ရှင်းယုသည် မတ်တပ်ထရပ်ပြီး “ကျွန်တော်က ဘယ်လိုလုပ် အမျိုးသမီးတစ်ယောက်ကို ငွေရှင်းခိုင်းရက်မှာလဲ"

ရှန်းချူးချူးသည် နေမထိထိုင်မသာဖြစ်လျက် ဟန်ရှင်းယန်နောက်သို့ တိတ်တဆိတ်လိုက်သွားသည်။

ရှန်းချူးချူးသည် ဟန်ရှင်းယု၏ ကားပေါ်သို့ရောက်သည်နှင့် ချက်ချင်းပင် အထွန့်တက်လာသည်။ “CEOဟန် ကျွန်မကိုလည်း ကူညီခဲ့သေးတယ် အခုလည်း ကျွန်မကို ညစာကျွေးခဲ့ပြန်ပြီ ရှင် ကျွန်မကို တမင်ခက်ခဲအောင်လုပ်နေတာပဲ"

ဟန်ရှင်းယုသည် ထိုစကားများကို စောင့်မျှော်နေသည့်အတိုင်း မဆိုင်းမတွပြောလာသည်။

"ကိစ္စမရှိပါဘူး နောက်တစ်ခါဆို မစ်ရှန်းကျွေးပေါ့"

ရှန်းချူးချူး သည် တခဏတာ အံ့အားသင့်သွားပြီး တည်ကြည်စွာ ကားမောင်းနေသော ဟန်ရှင်းယုကိုကြည့်ကာ ခဏအကြာတွင် “ကောင်းပြီ၊ CEO ဟန် ကျွန်မကို တစ်နပ်ကျွေးထားတော့ ကျွန်မ ရှင့်ကို နှစ်နပ်၀ယ်ကျွေးပါ့မယ်"

ဟန်ရှင်းယုသည်လည်း လိုက်လျောညီထွေစွာပြောလာသည်။ "ဒါဆိုလည်း နှစ်နပ်ပေါ့"

ရှန်းချူးချူးသည် တစ်ခုခု မတင်မကျဖြစ်နေမိသော်လည်း ရိုးရှင်းစွာသာ ပြောလိုက်မိသည်။ “ရှင်အားတဲ့အချိန် ကျွန်မတို့ ထပ်ပြီးသွားကြတာပေါ့"

ဟန်ရှင်းယု၏ ပါးစပ်ထောင့်များသည် တိတ်တဆိတ် အပြုံးခပ်ရေးရေး စွန်းထင်းသွားသည်။

ရှန်းချူးချူးသည် ထိုင်ခုံတွင် တိတ်တဆိတ် ထိုင်နေပြီး ဟန်ရှင်းယု၏ ဦးတည်ရာ လမ်းကြောင်းကိုကြည့်ကာ “CEOဟန်၊ ကျွန်မ အဲဒီမှာ မနေတော့ဘူး။ ဒီနေ့ပဲ ကျွန်မ လီယွင်အိမ်ရာကိုပြောင်းလိုက်ပြီ၊ ကျွန်မကို လမ်းဆုံမှာပဲချပေးပါ၊ ကျွန်မ ကိုယ့်ဘာသာ ပြန်ပါ့မယ်"

ဟန်ရှင်းယန်၏ နှလုံးခုန်သံသည်လှုပ်ရှားသွားပြီး “အိုး တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်လည်း ဒီနေ့ အဲ့မှာနေတာလေ၊ ကျွန်တော်တို့ အတူတူသွားလို့ရပြီ“

"အာ ?" ရှန်းချူးချူးသည် တိတ်တဆိတ်တွေးမိလိုက်သည်။ ထိုနေရာသည် Han Group နှင့် အနည်းငယ်ဝေးပုံရသည်။ ဟန်ရှင်း ယုသည် ယခင်ကလည်း သူ(မ)နေထိုင်သည့် တိုက်ခန်းအနီးတွင် နေထိုင်ကြောင်း ပြောခဲ့သည်ကိုလည်းသတိရသွားသည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ သံသယဖြစ်နေသည့် မျက်လုံးများနှင့် ရင်ဆိုင်ရသော်လည်း ဘာမှရှင်းပြလာခြင်းမရှိပေ။ သူသည် ရှန်းချူးချူးမှာ သူ(မ)၏ ဗိုက်ကိုပွတ်နေသည်အား မြင်သဖြင့် "မစ်ရှန်း.. ကျွန်တော် ဆေး၀ယ်ဖို့ ကားရပ်ပေးရမလား ?"

ရှန်းချူးချူးသည် သူ(မ)၏ ဗိုက်ကိုပွတ်သပ်နေသည်အား ခဏတာရပ်လိုက်ပြီး “ဟင့်အင်း မလိုပါဘူး CEO ဟန် ကျွန်မ နောက်မှ လမ်းလျှောက်လိုက်ပါ့မယ်" သူ(မ)အလွန်အကျူးစားသော်ခဲ့သည်ကို CEO ဟန်လည်းသိပေသည်။

“ကောင်းပြီ” ဟန်ရှင်းယန်သည် မရေရာသော အမူအရာဖြင့် ပြောလိုက်သည်။

ရှန်းချူးချူးသည် ဟန်ရှင်းယု၏အမူအရာကိုကြောင့် တွင်းထဲပင် တိုး၀င်ပုန်းနေချင်မိသည်။ CEOဟန်သည် တစ်ချက်ကြည့်လိုက်ရုံ ဖြင့် သူ(မ)သည် ဗိုက်အား အဘယ့်ကြောင့်ပွတ်နေသည်ကို မှန်းဆနိုင်လိမ့်မည်။

နာရီဝက်မျှအကြာ ၎င်းတို့နှစ်ယောက်သည် လီယွင် အိမ်ရာသို့ ရောက်ရှိလာကြသည်။ ဟန်ရှင်းယုသည် မြေအောက် ကားပါကင် တွင် ကားကိုရပ်ခါနီးတွင် ရှန်းချူးချူးသည် ၎င်းအား ပြောလိုက်သည်။

"CEO ဟန်၊ ကျွန်မ ဒီမှာပဲ ဆင်းပြီး လမ်းလျှောက်သွားမယ်"

ဟန်ရှင်းယုသည် သူ့ကားကို လမ်းဘေးနားတွင် ရပ်လိုက်ပြီး "မစ်ရှန်း အလုပ်ရှုပ်နေလို့လား ?"

ရှန်းချူးချူးသည် ဟန်ရှင်းယုမှာ သူ(မ) အလွန်အကျွံစားမိမှန်း သိမည်ကို နားလည်သောကြောင့် မည်သည့်အရာမှ မဖုံးကွယ်ပဲ “ဒီနေ့ ကျွန်မစားတာ အရမ်းများသွားလို့ လမ်းလျှောက်ချင်လို့”

ထိုသည်ကို ဟန်ရှင်းယု ကြားသောအခါ “တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်ရောပဲ"

ထို့နောက်သူသည် မြေအောက်ကားပါကင်တွင် ကားကို ရပ်လိုက်သည်။ ဟန်ရှင်းယု သည် ကားပါကင်နေရာတွင် ကားကိုရပ် လိုက်ပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ကာ အနည်းငယ်မှိန်းနေပုံရသော ရှန်းချူးချူး အားကြည့်ကာ

“မစ်ရှန်း လမ်းလျှောက်မလို့ဆို... မသွားတော့ဘူးလား"

ရှန်းချူးချူးသည် ခေါင်းကို လှည့်လိုက်ပြီး ရောထွေးနေသောခံစားချက်များဖြင့် “သွားမှာပါ"

ထို့နောက် လူနှစ်ဦးသည်အနီးပတ်ဝန်းကျင်သို့ လှည့်ပတ်လျှောက်သည်။ ရှန်းချူးချူးသည် တစ်ချိန်လုံး ခေါင်းငုံ့နေသဖြင့် သူဘာတွေတွေးနေလဲဆိုတာ မသိနိုင်ချေ။ ထိုစဉ် တစ်ယောက်ယောက်သည် သူ(မ)အား ရုတ်တရတ် လှမ်းဆွဲလိုက်ပြီး

“လမ်းကိုကြည့်လျှောက်ပါ မစ်ရှန်း"

ယခုအခါ ရှန်းချူးချူးသည် ဟန်ရှင်းယု နှင့် အလွန်နီးကပ်စွာ ထိတွေ့နေသဖြင့် ၎င်း၏ လတ်ဆတ်လှသော ကိုယ်သင်းရနံ့မှာ သူ(မ)၏နှာခေါင်းဖျားအထိပင် ကျီစယ်လှသည်။ ဒီအနံ့ကို နည်းနည်း ရင်းနှီးနေသလိုပဲ...

ရှန်းချူချူသည် ထိုအနံ့ရင်းမြစ်ကို မဖော်နိုင်ခင် ဟန်ရှင်းယန်သည် ရှန်ချူချူ၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး “သတိထား... ရှေ့မှာ ကျောက်တုံးကြီးတစ်တုံးရှိနေတယ်”

ရှန်းချူးချူးသည် ဟန်ရှင်းယု ကြည့်နေသည့် အကြည့်နောက်ကို လိုက်ကြည့်ရာ မြေပြင်ပေါ်တွင်ရှိသော ကျောက်တုံးကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရပြီး သူ(မ)သည် မည်သည့်အချိန်က မြက်ခင်းပေါ်သို့ရောက်နေရသနည်း။ “ကျေးဇူးတင်ပါတယ်”

ဟန်ရှင်းယန်က တစ်ခုခုပြောတော့မည်အချိန် ချိုမြိန်သော အမျိုးသမီးအသံတစ်သံသည် ကြား၀င်စွက်ဖက်လာသည်။

"CEO ဟန်လား ? ရှင့်ကို ဒီမှာတွေ့ရတာ တကယ်တိုက်ဆိုင်တာပဲနော်"

ဟန်ရှင်းယုသည် သူတို့ဘက်သို့ လျှောက်လာသော လူတစ်ဦးကို တွေ့လိုက်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက်သာ ခေါင်းညိတ်ပြကာ “အင်း”

ရှန်းချူချူလည်း တစ်ဖက်လူမှာ မည်သူမည်ဝါဖြစ်သည်ကိုချက်ခြင်းမှတ်မိလိုက်သည်။ ထိုလူမှာ ယခုလက်ရှိ ခေတ်စားနေသည့် ချင်ရင်ရန်မဟုတ်ပေလား ? သူ(မ)လည်း ဤအိမ်ရာတွင် နေထိုင်ပုံရသည်။ သူ(မ)တို့နှစ်ယောက်လုံးသည် ကုမ္ပဏီချင်းတူညီ ကြသော်လည်း တစ်ခါမှအလုပ်မတွဲလုပ်ဖူးသလို တွေ့ဖူးခြင်းလည်းမရှိသောကြောင့် တစ်ဖက်လူသည် သူ(မ)ကိုမသိသည်မှာ ပုံမှန်သာဖြစ်သည်။

သို့ဖြစ်ရာ ယခုအချိန်အနေတွင် သူ(မ) နှုတ်ဆက်သင့်သည်သလား မသိတော့ချေ။

"ဆက်လမ်းလျှောက်ရအောင်" ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ တုံပြန်မှုကိုပင်မစောင့်ပဲ ချက်ချင်း ဆုံးဖြတ်ချက်ချကာ ထွက်သွားသည်။

ရှန်းချူးချူးသည် ချင်ရင်ရန်၏ အဆင်မပြေသည့်အမူအရာကိုမြင်သဖြင့် ခေါင်းသာတစ်ချက်ညိမ့်ကာ ဟန်ရှင်းယု နောက်သို့ အမြန်လိုက်သွားခဲ့သည်။ သူ(မ)သည် ချင်ရင်ရန်အား နှုတ်ဆက်ချင်သော်လည်း ယခုအခါ ၎င်းသည် အလွန်အမင်း အရှက်နေ ရမည်ဖြစ်သောကြောင့် သူ(မ)လည်း မမြင်ချင်ယောင်သာဆောင်လိုက်သည်။

ချင်ရင်ရန်သည် ယခုအခါ သူ(မ)ကို မသိသေးသော်လည်း အနာဂတ်တွင် မသိဟုမဆိုလိုပေ။ တစ်နေ့နေ့တွင် ၎င်းသည် သူ(မ) ကိုမှတ်မိသွားပါက မလိုလားအပ်သော ပြဿနာများပင်ဖြစ်လာနိုင်သည်။

ရှန်းချူးချူးသည် အဝေးသို့ လျှောက်သွားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူ(မ)သည် မှိန်ပြပြ လမ်းမီးတိုင် အောက်တွင် လမ်းလျှောက်နေသော သူ(မ)ဘေးနားရှိ အမျိုးသားကို ကြည့်ကာ သူ(မ) ခေါင်းတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူ(မ)သည် လှပသောရှုခင်းအလှကြောင့် မျက်စိကွယ်နေမိသလိုပင်ခံစားမိသည်။ ယခုလိုမျိူး ၎င်းနှင့်အတူ လမ်းတွဲလျှောက်ခြင်းသည် ဒုက္ခကိုလက်ယက်ခေါ်သလိုပင်မဟုတ်ပါလား ?

အနာဂတ်တွင် သူ(မ) ဖျော်ဖြေရေးနယ်ပယ်တွင် ဆက်ရှိနေမည်ဖြစ်သဖြင့် ဟန်ရှင်းယုနှင့်အတူ လမ်းလျှောက်နေသည့် ဓာတ်ပုံ ကိုသာ တစ်ယောက်ယောက် ရိုက်ကူးမိပါက အရှုပ်အထွေးကြီးဖြစ်လာနိုင်သည် မဟုတ်လား။ သူ(မ)သည် ထိုသို့သော နည်းလမ်း မျိုးဖြင့် လူကြိုက်များအောင်လုပ်ဖို့ မရည်ရွယ်ထားသောကြောင့် နောင်တွင် ဂရုတစိုက်ရှောင်ရှားသင့်သည်။

ယနေ့ ချင်ရင်ရန်၏ ဟန်ပန်သည် သူ(မ)အတွက် အမှတ်ရစရာတစ်ခုအဖြစ် မှတ်ယူနိုင်သည်။

မင်းနာမည်မကြီးခင် ကြိုက်တာလုပ်လို့ရပေမဲ့ မင်းသာနာမည်ကြီးလာရင် ဒါတွေကဆူးညှောင့်ခလုတ်တွေဖြစ်လာလိမ့်မယ်။

ထိုသည်ကိုတွေးမိပြီးနောက် ရှန်းချူးချူးသည် "CEO ဟန်... အခုပြန်ကြရအောင်၊ ကျွန်မ ဗိုက်က အခုပိုကောင်းလာပါပြီ”

ဟန်ရှင်းယုသည် ရှန်းချူးချူးကို စောင်းငှဲ့ကြည့်ကာ ငြင်းဆန်ချင်သော်လည်း ခေါင်းညိတ်မိဆဲပင်။ “ကောင်းပြီ”

၎င်းတို့သည် နှစ်ဆယ့်ခြောက်ထပ်သို့ ရောက်သောအခါ နှစ်ယောက်သားသည် နှုတ်ဆက်လိုက်ပြီး ကိုယ့်အိမ်အသီးသီးသို့ ပြန်သွားကြသည်။

ရှန်းချူးချူးသည် တံခါးကိုပိတ်ပြီးနောက်မှ အလုံးစုံစိတ်သက်သာရာရမိသည်။ သူ(မ) အသက်ရှူရန်ပင် မဝံရဲလောက်သည့် လူတစ်ယောက်နှင့်အတူနေရခြင်းသည် အမှန်တကယ် နှိပ်စက်ညှဉ်းပန်းမှုကြီးပင်။

ရှန်းချူးချူးသည် ရေချိုးနေစဉ်တွင် ဆက်လက်တွေးနေခဲ့သည်။ သူ(မ)သည် ဟန်ရှင်းယန်မှာ မကြာသေးမီလောက်က တစ်ခုခု ပြောင်းလဲသွားသည်ဟု ခံစားမိသည်။ အထူးသဖြင့် ယနေ့တွင်ပင်။ ၎င်း၏ အချို့သော အပြုအမူများသည် အဓိပ္ပာယ်မရှိပေ။ ၎င်းအား သူ(မ)အား မေးစရာတစ်ခုရှိနေသည်ဟု သူ(မ) အမြဲခံစားရသည်။ ကုမ္ပဏီကြီးတစ်ခုရဲ့ သူဌေးတစ်ယောက်က သူမဆီက ဘာသိချင်မှာလဲ ? တကယ် စိတ်ရှုပ်စရာပဲ...

ရှန်းချူးချူးသည် အဖက်ဖက်မှ တွေးနေသော်လည်း နားမလည်နိုင်သောကြောင့် ရပ်တန့်လိုက်သည်။ ၎င်းတို့သည် ယခုဆို ပိုရင်းနှီးလာကြပြီး CEO ဟန်သည် သူ(မ)ကို အများကြီး ကူညီပေးခဲ့သဖြင့် သူသာလိုအပ်လာလျှင် သူ(မ)လည်း တက်နိုင်သမျှ ပြန်ကူညီမှာပင်။

ရှန်းချူးချူး ရေချိုးပြီး ရေချိုးခန်းထဲမှ ထွက်လာသည်နှင့် ကျယ်ဝန်းပြီး တောက်ပနေသည့် အိမ်ကြီးကို သဘောကျစွာကြည့်လိုက် မိသည်။ ဤအိမ်သည် သူ(မ) ပိုင်ကြောင်းပြန်တွေးမိသောအခါ ပို၍ပင် ကြည်နူးမိသည်။ ထို့နောက် သူ(မ)၏ မိဘများကို မပြော ရသေးမှန်း သတိရသွားသဖြင့် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဖုန်းကိုထုတ်ယူကာ ချူးမားမားကိုဖုန်းဆက်သည်။

သမီးဖြစ်သူသည် တော်၀င်မြို့တော်တွင် အိမ်တစ်လုံးဝယ်ကြောင်း ချူးကွေ့ကျီကြားသောအခါ သူ(မ)၏ ထိန်းချုပ်နိုင်စွမ်းများပင် ပျောက်ရှမတက် အံဩသွားသည်။

"မင်းဘာပြောတယ်၊! တော်၀င်မြို့တော်မှာ အိမ်တစ်လုံးဝယ်ပြီးပြီဟုတ်လား? အဲဒီငွေတွေအားလုံးကို မင်းဘယ်ကရခဲ့တာလဲ၊ အဲ့က အိမ်တွေက အရမ်းဈေးကြီးတယ်လို့ မား ကြားတယ်”

ရှန်းချူးချူးသည် စကားများစီပြီးသောကြောင့်း "သမီး ကြော်ငြာတွေ ရိုက်တယ်ဆိုတာ မား မေ့သွားပြီလား၊ ဇာတ်လမ်းရိုက် တုန်းကလည်း ပိုက်ဆံနည်းနည်းရတယ်လေ"

ချူးကွေ့ကျီသည် "ဒါပေမယ့် မင်းအရင်က ကြော်ငြာရိုက်တုန်းကဆို ပိုက်ဆံအများကြီးမရှာဘူးဆိုတာ မား မှတ်မိပါသေးတယ်"

ရှန်းချူးချူးသည် “မား.. သမီး ကုမ္ပဏီပြောင်းလိုက်တာလေ၊ ဒါရိုက်တာချန်နဲ့အတူတူပဲ၊ သမီး မကြာသေးခင်က ရှိုးပွဲတွေကိုလည်း လက်ခံထားတော့ သမီး လစာက အရမ်းများနေတယ်၊ ပြီးတော့ သမီးက ပိုက်ဆံလည်း ချွေတာတော့ အိမ်၀ယ်ဖို့ ပိုက်ဆံရှိတာပေါ့ မားရဲ့"

ချူးကွေ့ကျီသည် ထိုစကားကိုကြားသောအခါ အနည်းငယ် စိတ်သက်သာရာရသွားမိသည် “ကောင်းပြီ... ကောင်းပြီ..၊ မင်းမှာ ပိုက်ဆံအများကြီးမကျန်တော့လို့ မားကို ဖုန်းဆက်တာလား"

ရှန်းချူးချူးသည် မားမားဖြစ်သူမှာ သူ(မ)အိမ်၀ယ်သည်ထက် အခြားအရာများကို ဂရုစိုက်နေသည်ကို မြင်ချိန် "မလိုပါဘူး မားရဲ့၊ သမီး ပိုက်ဆံမလိုပါဘူး၊ ကုမ္ပဏီက သမီးအတွက် အလုပ်တချို့ရှာပေးထားလို့ မကြာခင် ရုပ်ရှင်ပြန်ရိုက်ရတော့မှာ”

ရှန်းမင်ဖုသည် အနားသို့ရောက်လာပြီး "ချူးချူး၊ အရမ်းကြီး အလုပ်မလုပ်နဲ့၊ ပင်ပန်းရင် အိမ်ကိုပြန်လာပြီး အနားယူပါ"

ရှန်းချူးချူးသည် ထိုစကားကိုကြားသောအခါ သူ(မ)တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ “ဟုတ်ကဲ့ပါ ပါးရဲ့၊ သမီး မပင်ပန်းဘူး၊ သမီးတို့လို သရုပ်ဆောင်တွေက မြန်မြန်ဆန်ဆန် ငွေရှာလို့ရတယ်လေ၊ ပါးနဲ့ မားတို့သာ အလုပ်တွေအရမ်းကြိုးစား နေတော့ အစားများများစားပြီး အနားယူသင့်တာ...၊ ပါးတို့တောင် ဆန္ဒရှိရင် တော်၀င်မြို့တော်ကိုလာပြီး နေလို့ရတယ်၊ ဒီမင်းသမီး က ပါးတို့ကို ထောက်ပံ့ပေးမယ်"

ချူးကွေ့ကျီသည် “တော်ပါ၊ အဲ့တာက အဆင်ပြေမှာ မဟုတ်ဘူး၊ အဲ့မှာ ငါနဲ့ စကားစမြည်ပြောဖို့ လူတောင်မရှိပဲနဲ့၊ မင်းကိုယ်မင်းပဲ ဂရုစိုက်ပြီး အချိန်အားရင် အိမ်ပြန်လာဖို့ မမေ့နဲ့“

ရှန်းချူးချူးသည် ဖုန်းချပြီးနောက် ဆိုဖာပေါ်တွင် လှဲလျောင်းကာ သူ(မ)၏ စိတ်ခံစားချက်ကို ငြိမ်သက်စေရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထို့နောက် Weibo ကိုဖွင့်၍ ကြည့်ရှုလိုက်သည်။

သူ(မ)သည် weibo ဖွင့်လိုက်သည်နှင့် အံ့သြသွားသည်။ ရှန်းချူးချူးသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်ချက်တစ်ခုကို အားလုံးသိကြသွားကြသဖြင့် “အရှုပ်တော်ပုံ” တစ်ခု ဖြစ်လာခဲ့သည်။ ထိုသည်မှာ

'ကောင်းရှင်း၏ အိမ်ထောင်ရေး'

All Chapters